Chapter 115
Vol. 9 Ch. 115
"ကောင်းရှို့လျန် ငါအခု လုပ်မယ့်ဟာကို မင်းကို အသိပေးနေတာ။ မင်းနဲ့ တိုင်ပင်နေတာ မဟုတ်ဘူး။ မင်းအိမ်မပြောင်းချင်ဘူးဆိုရင်လည်း ရတယ်။ မင်းကို ရွေးစရာ နှစ်ခုပေးမယ်။ တစ်ခုက ငါအလုပ်ပြောင်းမယ်ဇာတိမြို့မှာ အလုပ်လျှောက်လိုက်မယ်။ နောက်တစ်ခုကတော့ မင်းတစ်ယောက်တည်း ဇာတိမြို့ကိုပြန်မလားး"
"ရှင်က ကျွန်မကို ဇာတိမြို့ပြန်စေချင်နေတာလား" ကောင်းရှို့လျန် မယုံကြည်နိုင်အောင် ဖြစ်သွား၏။
"မင်းလည်း ဇာတိမြို့ကို အလုပ်တစ်ခါတည်း ပြောင်းပြီး အတူတူပြန်လို့ရတာပဲ"ဟု ကျောက်ဖုန်းက ပထမအချက်ကို ပြန်ပြောပြလိုက်၏။
ကျောက်ဖုန်း၏ ခိုင်မာသည့်သဘောထားကို တွေ့တော့ ကောက်းရှို့လျန်၏ ရန်စောင်သည့် အရှိန်လည်း သေသွားပြီး ကျောက်ဖုန်း အလုပ်ပြောင်းမည့်အကြောင်းကို တွေးလိုက်၏။
လွန်ခဲ့သည့်နှစ်ဝက်ကတည်းက ကျောက်ဖုန်းသည် အလုပ်ပြောင်းကာ ဇာတိမြေပြန်ချင်ကြောင်းပြောနေခဲ့တာဖြစ်သည်။ သို့သော်ကောင်းရှို့လျန်က သဘောမတူခဲ့ပါ။ တစ်ခြားအရာရှိဇနီးသည်များအပေါ် အာဏာပြအနိုင်ကျင့်၍ မဝသေးသဖြင့် ဇာတိမြို့ကို မပြောင်းချင်ခဲ့ပါ။
သို့သော် လတ်တလောတွင် သူမ ကံဆိုးနေခဲ့သည်။ အလုပ်မှာလည်း ပန်းကန်ဆေးသည့်နေရာကို အပြောင်းခံလိုက်ရ၏။
သူမ ယောကျာ်းက ဒုတပ်မှုးအဆင့်ကနေ အလုပ်ပြောင်းလိုက်လျင် ခရိုင်စက်ရုံမှာ ခေါင်းဆောင်ရာထူးပင်ရလောက်မည်ဖြစ်သည်။
သူမယောကျာ်းသည် ထိပ်ပိုင်းခေါင်းဆောင်ပင်ဖြသ်လာနိုင်သည်ကိုတွေးလိုက်ပြီး သူမလည်း ခေါင်းဆောင်၏ အမျိုးသမီးဖြစ်၍ ရုံးပိုင်းတွင် အတွင်းရေးမှုး သို့မဟုတ် ခေါင်းဆောင်ငယ် အနေဖြင့်အလုပ်ပင် ဝင်လုပ်၍ ရနိုင်၏။
ရုံးဝန်ထမ်းအလုပ်နှင့် ပန်းကန်ဆေးအလုပ် ဘယ်ဟာကိုရွေးရင် ပ်ို ကောင်းတယ် ဆိုတာ အရူးပင်သိသည်။
" ဒါဆိုရင်လည်း ရှင်အလုပ်ပြောင်းလိုက်လေ" ဟုကောင်းရှို့လျန်က ပြောလိုက်လေ၏။ သူမလည်း ဒီအိမ်အိုအိမ်ဟောင်းမှာ မနေချင်တော့ပေ။
"ဟုတ်ပြီ ဒါဆိုလည်း ငါတို့နေခဲ့တဲ့အိမ်ကို သန့်ရှင်းရေးလုပ်ပေးဖို့ မနက်ဖြန်ကျရင် ငါ အမေ့ကို ဖုန်းဆက်လိုက်မယ်။ ကလေးတွေအနေနဲ့ကတော့ အရင်ဆုံး ညှပ်သိပ်ပြီးအိပ်ကြမယ် နောက်မှအတည်တကျဖြစ်ပြီ ဆိုမှ သူတို့အတွက် အခန်းနှစ်ခန်း ပြန်ဖွဲ့ပေးရအောင်"
"ရှင် ဘာပြောတာလဲ။ ခရိုင်မြို့ကို ပြောင်းမှာမဟုတ်ဘူးလား။ ဇာတိမြို့ကို ပြန်မလို့လား"ဟု ကောင်းရှို့လျန်က မေးလိုက်၏။
" လူတိုင်းကို ပြဿနာ ရှာတတ်တဲ့မင်းကိုခေါ်ပြီး ငါက ခရိုင်မြို့ကို ပြောင်းရမှာလား" ဟု ပြန်မေးလိုက်ကာ " မင်းကြောင့် ငါတို့မိသားစု ပျက်စီးသွားရမှာထက်စာရင် ရွာပြန်ပြီး လယ်စိုက်စားတာက ပိုကောင်းလိမ့်မယ်"
"ကျွန်မက ဘယ်မှာ ပြဿနာရှာလို့လဲ" ဟု ကောင်းရှို့လျန်က လွတ်ကနဲ မေးလိုက်မိ၏။
" မေးရဲ သေးတယ်နော်။ မင်းရှာတဲ့ ပြဿနာတွေကို ငါက ရေတွက်ပြရဦးမှာလားး" ဟု ကျောက်ဖုန်းက နှာခေါင်းရှုံ့ရင်းပြောလိုက်၏။
ကောင်းရှို့လျန်က ပြန်ခံငြင်းရန်ပြင်နေစဥ် ကျောက်ဖုန်းလည်း သူမ၏ နောင်တမရသည့်အသွင်ပြင်တွေကိုစိတ်ကုန်နေပြီဖြစ်၍ ထကာ ပြောလိုက်၏။"မင်း ဆုံးဖြတ်လိုက်တဲ့ အတိုင်း လုပ်လိုက်မယ် မနက်ဖြန်ကျရင်ငါ အမေ့ကို ဖုန်းဆက်…"
ကျောက်ဖုန်း၏ စိတ်ပိုင်းဖြတ်ထားသည့်ပုံကိုမြင်၍ ကောင်းရှို့လျန်လည်း ပြိုင်မငြင်းရဲတော့ပဲ အမြန်ပြောလိုက်၏။"မဆက်နဲ့!!!"
ကျောက်ဖုန်းလည်း ကောင်းရှို့လျန်ကို ရပ်ကာ ကြည့်လိုက်၏။"မင်း ဘာလုပ်ချင်တာလဲ။ ငါ အလုပ်ပြောင်းပြီး ဇာတိပြန်ရမှာလားးး မင်းတစ်ယောက်ပဲ ဇာတိပြန်မှာလားး"
" အိမ်ပဲပြောင်းလိုက်မယ်"
ကောင်းရှို့လျန် ထိုသို့ပြောပြီးသော်လည်း ကျောက်ဖုန်းက သူမကို မလှုပ်မယှက်ကြည့်နေသေး၍ ရင်ပူလာပြီးသူမကို ဇာတိမြို့ဆီ အတင်းမပို့ရအောင် အံကိုကြိတ်ကာ ပြောလိုက်၏။
"ကျွန်မ နောက်ဆို လင်းဝေ့ကို ဘယ်တော့မှ ရန်မစတော့ပါဘူး။ ပြီးတော့ ရှင့်က်ိုပြဿနာလည်း မရှာတော့ပါဘူး"
"လင်းဝေ့တင် မဟုတ်ဘူး။ မင်းနဲ့အတူ အလုပ်လုပ်နေတဲ့ စားသောက်ဆိုင်က လုပ်ဖော်ကိုင်ဖက်တွေကော အသစ်ထပ်တွေ့ရမယ့် အိမ်နီးချင်းတွေကိုရော ဘယ်သူနဲ့မှ ပြသနာမဖြစ်ရဘူး။ နောက်တစ်ကြိမ်ဆို ငါမင်းကို သတိပေးနေမှာမဟုတ်ဘူးး တစ်ခါတည်း မင်းကို ဇာတိမြို့ပို့လိုက်မှာ"
ထိုသို့သတိပေးစကားပြောလိုက်ပြီး အေးစက်စက်ဖြင့် ဆက်ပြောလိုက်၏။"အပြင်က လူတွေနဲ့တင်မဟုတ်ဘူး။ အိမ်ထဲမှာကောပဲ။ နောက်တစ်ခါ ကလေတွေကို ထမင်းမကျွေးတာတွေ ရိုက်တာ ဆူဆဲတာမျိုးတွေ ထပ်မမြင်ချင်ဘူး"
"ကျွန်မက ဘယ်လိုလုပ်…"ကောင်းရှို့လျန်သည် ကလေးများကို ဆူဆဲရိုက်နှက်တာမျိုးတွေ ဘယ်တုန်းကမှ မလုပ်ဟု ပြန်ပြောချင်ခဲ့သည်။
"မင်းမလုပ်ဘူးလို့ ငြင်းဦးမလို့လား။ မင်းမနက်က ရိုက်ခဲ့တဲ့ကလေးရဲ့တင်ပါးမှာ လက်ဝါးရာတွေ ထင်နေသေးတယ်နော်။" ကျောက်ဖုန်းက မျက်မှောင်ကြုံ့ကာ ဒေါသဖြင့် ပြောလိုက်၏။
"ကောင်းရှို့လျန် မင်းကို ပြောလိုက်မယ်။ နောက်ပိုင်းကျရင် ကလေးတွေကို မင်းလုံးဝရိုက်လို့ မရတော့ဘူး။ ငါအိမ်မှာ မရှိတဲ့အချိန် လုပ်ချင်တိုင်းလုပ်မယ်လို့လည်း စိတ်မကူးနဲ့။ အိမ်ပြောင်းပြီးတဲ့အခါကျရင်အိမ်နီးနားချင်းတွေကို မင်းကလေးတွေကို သေချာကြည့်မကြည့် စောင််ကြည့်ခိုင်းမယ်။ သေချာ မကြည့်ဘူး ရိုက်နှက်နေတယ်လို့ ကြားလို့ကတော့ မင်းနဲ့ငါကွာရှင်းမယ်"
အစပ်ိုင်းက ကောင်းရှို့လျန်က အပြစ်ရှိသလို ခံစားနေရပေမယ့် ကျောက်ဖုန်း၏ နောက်ဆုံးပြောလိုက်သောစကားကြောင့် ကောင်းရှို့လျန် ပေါက်ကွဲသွားရ၏။
" ကျောက်ဖုန်းး ကျွန်မက ရှင့်မိန်းမပါ။ ရာဇဝတ်သားမဟုတ်ဘူးရှင့်။ ဘာလို့ကျွန်မကို သူများတွေကို စောင့်ကြည့်ခိုင်းရတာလဲ"
" ငါလည်း မင်းကိုရာဇဝတ်သားလိုမျိုး မဆက်ဆံချင်ပါဘူး။ ငါမိန်းမလိုမျိုးပဲ ဆက်ဆံချင်တာပါ။ ဒါပေမယ့် မင်းလုပ်ရပ်ကိုကြည့်ပါဦး ဘယ်သူက သည်းခံနိုင်မှာလဲ" ဟုပြောပြီး ကျောက်ဖုန်းသည် သက်ပြင်းရှည်ကြီးကိုချလိုက်၏။
"ကောင်းရှို့လျန် လူတွေမှာ သည်းခံနိုင်စွမ်းဆိုတာရှိတယ်။ အခုငါ့မှာ မင်းအတွက် သည်းခံနိုင်စွမ်းနည်းနည်းပဲရှိတော့တယ်။ ဒီတော့ မင်း ငါနဲ့ ဆက်နေချင်သေးရင် ငါ့အပေါ်မှာ ရိုးသားပါ။ မင်းမလုပ်နိုင်ဘူးဆိုရင်တော့ ငါမင်းကို ဆက်သည်းခံတော့မှာမဟုတ်ဘူး"
……………………………
သုံးရက်ကြာပြီးနောက် လင်းဝေ့သည် ကျောက်လီဆီကနေ ကျောက်မိသားစု အိမ်ပြောင်းတော့မည့်အကြောင်းကြားလိုက်ရ၏။
အိမ်နှစ်အိမ်က နီး၍ ကျောက်လီသည် ထိုသတင်းကိုပြောပြစဥ် ဘေးဘီက်ိုကြည့်ကာ အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။"အထဲသွားပြီး ပြောရအောင်"
လျို့လျို့ဝှက်ဝှက်ပြောရမည့်ကိစ္စဆိုတော့…
သို့နှင့် အိမ်ထဲ ဝင်ကြပြီး လင်းဝေ့သည် ကျောက်လီကို ဆေးလက်ဖက်ရည်ငှဲ့ပေးလိုက်၏။
"အိမ်အလည်လာတိုင်း လက်ဖက်ရည်ငှဲ့ပေးတာဆိုရင် ရှင်ပဲရှိတယ်" ဟုကျောက်လီသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ရိီမောရင်းပြောလိုက်၏။
"အစ်မ မကြိုက်ရင် မထည့်ပေးပါဘူးနော်"
"မလုပ်ပါနဲ့ ကြိုက်ပါတယ်။ ညီမကိုချိီးကျူးတာပါ။"ဟု ပြောလိုက်ပြီး ကော်ဖီစားပွဲပေါ်မှ ပန်းအိုးကိုမြင်လိုက်ပြီး မေးလိုက်သည်။
"ဒီပန်းတွေက ဘယ်ကလဲ။ အရင်တစ်ခေါက်လာတော့မတွေ့မိပါလားး"
"ပန်းအိုးက အရင်တစ်ခေါက်က ခရိုင်မြို့သွားတုန်းက ဝယ်လာတာ။ လွန်ခဲ့တဲ့ရက်က အစ်မကောင်းက သူ့ဆီမှာ သစ်ခွတွေပွင့်နေတယ် လိုချင်ရင်ယူပြောလို့ ကျွန်မလည်း နှစ်ခိုင်တောင်းထားလိုက်တာ"
အစ်မ ကောင်းသည် ပန်းပင်များစိုက်ရတာကို ကြိုက်သည့် မိသားစုအိမ်ရာမှ အရာရှိဇနီးတစ်ဥိီးဖြစ်၏။ လင်းဝေ့အိမ်မှာ စိုက်ထားသည့် ပန်းပင်အားလုံးမှာ အစ်မကောင်းဆီမှ ဖြစ်၏။
"ရှင်တို့နှစ်ယောက် အရမ်းရင်းနှီးကြတာပဲ" ဟု ကျောက်လီက ဝမ်းသာသည့်ဟန်ဖြင့်ပြောလိုက်သည်။
" မိသားစု အိမ်ရာက လူတစ်ချို့ပဲ ပန်းပင်စိုက်ကြတော့တာ"
ပန်းစိုက်ကြသူ အနည်းငယ်ပဲ ရှိရုံသာမက လူများက ပန်းပင် မစိုက်ချင်ကြတော့သည်က များ၏။ ပန်းပင်စိုက်သည်က စား၍ရသည်လည်း မဟုတ်ပဲ ရေလောင်းပေါင်းသင်မြေသြဇာထည့်ရသည်က ရှိသေး၏။
"သိပြီးပြီလား ကျောက်ဖုန်းတို့မိသားစု အိမ်ပြောင်းတော့မှာကိုလေ။" ဟု ကျောက်လီသည် လာရင်းကိစ္စကိုပြောလိုက်၏။
လင်းဝေ့လည်း အမှန်ပင်မသိ၍ ခေါင်းခါလိုက်၏။"ဘယ်ကကြားလာတာလဲ"
"လောင်ကျန်းရဲ့ အိမ်ပြောင်းခွင့် တင်ထားတာရပြီ ဆိုတဲ့အကြောင်းပြောဖူးတယ်မလား။ အာ့တာ ဒုတပ်ရင်းမှုူကျောက်က အိမ်ကိုလာပြီး လောင်ကျန်းကို အာ့ကိစ္စနဲ့ပတ်သက်ပြီး လာမေးတယ်လေ။ ပြောင်းမပြောင်းတော့မသေချာသေးဘူးတဲ့။ ဒါပေမဲ့ မနေ့က လောင်ကျန်းရုံးကကြားလာတာ ကျွန်မတို့အိမ်ကို ပြောင်းလာမယ့်သူ မိသားစုရှိနေပြီတဲ့"
"အာ့လူက ဒုတပ်ရင်းမှုးကျောက်လား"ဟု လင်းဝေ့က မေးလိုက်၏။
" သူတို့မိသားစုပဲပေါ့။" ကျောက်လီက ခေါင်းငြိမ့်ကာပြောလိုက်၏။
"ကျွန်မ အိမ်ဘေးက အိမ်နီးချင်းတွေဆို အာ့သတင်းကြားပြီး စိတ်ညစ်နေကြတာ။ သူတို့က ကောင်းရှို့လျန်နဲ့ အိမ်နီးချင်း မဖြစ်ချင်ကြဘူးလေ။ ဒါနဲ့ သူတို့ကလည်း ကျွန်မကို ခင်မင်လာတာကြာပြီမို့လို့ မပြောင်းပါနဲ့လား ဆိုပြီး လာနားချကြတာပေါ့"
ဘာလို့ကျောက်မိသားစုက ရုတ်တရက် ပြောင်းရတာလဲ လင်းဝေ့လည်း မသိပါ။"ဒါဆို အစ်မက မပြောင်းတော့ဘူးလား"
"မပြောင်းဘူး ဆိုရင် ရူးနေလို့ဖြစ်မယ်"ဟု ကျောက်လီက ပြန်ပြောလိုက်၏။
"ဘယ်လောက်ပဲ သူတို့က ကျွန်မကို မသွားစေချင်ပါဘူးမပြောင်းစေချင်ပါဘူး ပြောနေပေမယ့် ကျွန်မကသူတို့စကားနားယောင်ပြီး ပြောင်းခွင့်တင်ထားတဲ့ဖောင် ယောကျာ်းကို ပြန်ဖျက်ခိုင်းကြည့်ပါလားး ယုံချင်ယုံမယုံချင်နေ သူတို့ယောကျာ်းတွေကို သူတို့အိမ် ပြောင်းဖို့ အမြန်ဖောင်တင်ခိုင်းကြလိမ့်မယ်"
"အဲ့လိုကြီးလားး." လင်းဝေ့လည်း သက်ပြင်းလေးချလိုက်၏။
"အာ့လိုမျိုးး ဝေ့ဝေ့ ကျွန်မဆီ အလည်လာတိုင်း အိမ်နီးချင်းတွေက အရမ်းကောင်းကြတယ်လို့ ထင်နေတယ်မလားး ကျွန်မပြောမယ် အာ့တာက အပေါ်ယံတွေ။ လူတိုင်း သူတို့စိတ်ထဲမှာ ကြိတ်ကြံနေကြတဲ့သူတွေချည်းပဲ။ အာ့လို့ကောင်းချင်ယောင် ဆောင်နေကြတာက ပုံမှန်ပဲ။"
လူတိုင်းက အပေါ်ယံကောင်းကြသူများဖြစ်သည်။ သူတို့ရန်ဖြစ်ကြပြီး သုံးရက်လောက်အကြာမှာ ပြန်တည့်သွားကြမည်ဖြစ်သည်။ ဘယ်သူမှ ကောင်းရှို့လျန်လိုမျိုး အိမ်နီးချင်းကို ရန်သူဖြစ်အောင် မလုပ်ကြပေ။
ကျောက်လီလည်း သူ့အိမ်နီးချင်းများနှင့် ထိုကဲ့သို့သာဖြစ်၏။ထို့ကြောင့်လည်း သူ့ယောကျာ်းက အိမ်ပြောင်းဖို့ပြောသောအခါ သူမက မကန့်ကွက်ခဲ့ပဲ အမြန် ဖောင်တင်ဖို့ပြောခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အပေါ်ယံ ပေါင်းသင်းသည့် အိမ်နီးချင်းများ ကောင်းရှို့လျန်နှင့် အိမ်နီးချင်းဖြစ်မှာစိုးရိမ်၍ ပိုကောင်းသည့်အိမ်ကြီးသို့ ပြောင်းရွေ့ရမည့်အခွင့်အရေးကိုတော့ လက်လွတ်မခံနိုင်ပါ။ ကျောက်လီ ကတော့ အိမ်ကြီးအိမ်ကောင်းကိုပြောင်းရမည့် အခွင့်အရေးကိုသာ ယူလိုက်မည်ဖြစ်သည်။
"မှန်တယ်"
………………………………
အိပ်ရာမဝင်ခင်မှာ ကျောက်မိသားစုက ကျောက်လိိီတို့ လောလောဆယ်နေသည့်အိမ်ကို ပြောင်းမည့်အကြောင်း လင်းဝေ့က ကျုံးရှောက်ကို ပြောပြလိုက်၏။
အိပ်ရာ ခေါင်းရင်းကိုမှီရင်းထိုင်နေရင်း နိုးစက်နာရိီကို ချိန်နေသည့် ကျုံးရှောက်က လင်းဝေ့စကားကိုကြားတော့ ခေါင်းထောင်ရင်း မေးလိုက်၏။" ကျောက်လီတို့က ဘယ်မှာနေကြမှာလဲ"
"ဒုတပ်ရင်းမှုးကောင်းက အလုပ်ပြောင်းတော့မှာဆိုတော့ သူ့အိမ်နေရာက လွတ်သွားပြီလေ။ အစ်မကျောက်တို့က အာ့အိမ်ကို ပြောင်းဖို့ဖောင်တင်ထားတာ ပြောင်းခွင့်ကျလာပြီလေ။ ရှင် အာ့အကြောင်းတွေမသိဘူးလား" ဟု လင်းဝေ့က မေးလိုက်ရာ ကျုံးရှောက်က ပို၍ ကြောင်တောင်တောင်ဖြစ်သွား၏။
"ကိုယ်က ဘာလို့ အာ့အကြောင်းတွေသိရမှာလဲ"
"ကျွန်မ ရှင့်ကို မပြောပြခဲ့ဘူးလား"
"မပြောဖူးပါဘူး" ကျုံးရှောက် ခေါင်းရမ်းလိုက်၏။
လင်းဝေ့လည်း ထိုအကြောင်းအရာများကို ကျုံးရှောက်ကို ပြောဖူးမပြောဖူး စဥ်းစားလိုက်၏။"ဒါဆို ကျွန်မ မေ့သွားတာဖြစ်မယ်။ လတ်တလောကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့တယ်။ ကျောက်မိသားစု ပြောင်းသွားကြတော့ သူတို့နေရာကို နောက်လူတွေ ပြောင်းလာကြမှာလား"
ကျုံးရှောက်လည်း သူကလိနေသည့် နှိုးစက်နာရီကို နားမှာ ကပ်နားထောင်ပြီး စက်ကောင်းပြီဟု ထင်မှ ကုတင်ဘေးကစားပွဲပေါ် တင်လိုက်သည်။
"နောက်ပိုင်းတော့ ပြောင်းလာကြမှာပေါ့။ ချက်ချင်းကြီးတော့ ပြောင်းလာမယ့်လူ ရှိလိမ့်မယ်လို့တော့ ကိုယ်မထင်ဘူး"
ကျောက်မိသားစု နေခဲ့သည့်အိမ်သည် အိမ်ရာအဟောင်းများထဲတွင် အခန်းအများဆုံး အကောင်းဆုံးဖြစ်သည်။ထို့ကြောင့် ကျောက်ဖုန်းတို့ ပြောင်းကြလျင် သူတို့အိမ်ကိုပြောင်းလာချင်ကြသည့်သူများလည်း ရှိမည်ဖြစ်သည်။ ကျုံးရှောက် ပြောသကဲ့သို့ အနှေးနှင့်အမြန်တော့ အိမ်နီးချင်းအသစ်ရောက်လာမည်ဖြစ်သည်။
"နောက် မိသားစုပြောင်းလာမယ်ဆိုရင် ဘယ်လိုမိသားစုမျိုးပြောင်းလာမလဲမသိဘူးနော်"ဟု လင်းဝေ့က တွေးကြည့်ကာပြောလိုက်၏။
ကျုံးရှောက်က လင်းဝေ့ ဘေးနားတိုးလိုက်ပြီး သူ့မိန်းမကို ဖက်လိုက်၏။"ဘာလို့ မရောက်သေးတဲ့ အိမ်နီးချင်းအကြောင်းတွေးပြီး စိတ်ပူနေတာလဲ။ အခုအိမ်နီးချင်းပြောင်းသွားတဲ့အတွက် အောင်ပွဲခံကြမလား"
လင်းဝေ့က ကျုံးရှောက်ကို မော့ကြည့်လိုက်သည်။"အာ့လိုတော့ မကောင်းပါဘူး"
"ဘာဖြစ်လဲ ကောင်းရှို့လျန်လည်း အိမ်နီးချင်းကို ဂရုစိုက်တတ်တဲ့သူမှ မဟုတ်တာ။ ကိုယ်တို့လည်း ဘာဂရုစိုက်စရာလိုလို့လဲ။ဒါ့ထက်……" ကျုံးရှောက်သည် လင်းဝေ့၏ နှုတ်ခမ်းထောင့်နှစ်ဖက်ကို သူလက်ချောင်းများဖြင့် ဆွဲ တင်လိုက်ကာပြောလိုက်၏။
"နည်းနည်းလေးတော့ ပြုံးလိုက်ပါ"
လင်းဝေ့ - "……" ဒီလူကိုတော့ ဆော်ပစ်ချင်ပြီ။