← Chapters

Chapter 116

Vol. 9 Ch. 116

Chapter 116

Vol. 9 Ch. 116

ကောင်းရှို့လျန်အိမ်ပြောင်းသွား၍ ပျော်ရွှင်ပွဲကျင်းပချင်သည်က လင်းဝေ့ ဘဲ မဟုတ်ပါ။ ကျောက်လီလည်း သူ့၏ ယောက္ခမနှင့်မတ် ပြန်သွား၍ ပျော်ပွဲရွှင်ပွဲ လုပ်ချင်နေသူဖြစ်၏။ ကျောက်လီကလည်း အိမ်အသစ်ကိုပြောင်းရ၍ ပျော်ပွဲရွှင်ပွဲ လုပ်ချင်နေ၏။

သူတို့သုံးဦးလုံးက ကိုယ့်ပုံစံနှင့်ကိုယ် ပျော်ပွဲကျင်းပနေကြ၏။ လင်းဝေ့ကလည်း သူ့မိသားစုနှင့် ငြိမ်းငြိမ်းချမ်းချမ်းနေရုံသာမက ယန်းယီကလည်း တိတ်တိတ်လေးပျော်နေရကာ၏။

ချီထောင်ရှေ့မှာတော့ မပျော်ရဲပဲ အလွန်ဆုံးမှ သူ့အရင်းနှိီးဆုံး မိတ်ဆွေများကိုသာ ပြောပြရင်းပျော်နေရှာ၏။ ကျောက်လီကတော့ သူ့မိတ်ဆွေများကို ဖိတ်ကြားရင်း စားသောက်ပွဲလုပ်ကာ ပေါ်တင်ပျော်ပွဲလုပ်ရန်ပြင်နေလေ၏။

လူတိုင်းက ပျော်နေကြ၍ လျိုတန်းသည် အကြံတစ်ခုပေးလိုက်၏။"အားလုံးကလည်း ပျော်နေကြတဲ့အချိန်ဆိုတော့ ကျွန်မတို့အားလုံးတူတူ ပျော်စရာအချိန်လေး တစ်ခုယူရအောင်လေ"

"ဘယ်လိုပျော်ကြမလဲ" ဟု ယန်းယီက မေးလိုက်၏။

"ဘယ်လိုပျော်ကြမလဲ ဆိုတော့။ စားသောက်ပွဲတစ်ခုလုပ်ကြမလား မိသားစုဝင်တွေကော အတူတူလေ" ဟု လျိုတန်းက ပြောလိုက်ပြီး သူ့အကြံအလွန်ကောင်းသည်ဟုတွေးလိုက်၏။

"ကျွန်မတို့ အချင်းချင်းခင်မင်ရင်းနှီးကြပြီဆိုပေမယ့် မိသားစုဝင်အချင်းချင်းတော့ မရင်းနှီးကြသေးဘူးလေ"

လူတိုင်းကလည်း မှန်သည်ဟု တွေးလိုက်ကြ၏။ ကျိုးကျန်းဟိုင်နှင့် ကျုံးရှောက် တပ်ရင်းတစ်ခုတည်းမှဖြစ်ကြ၍ အချင်းချင်းသိကြသည်မှာ ကြာပြီဖြစ်၏။ ရှင်းတုန်းနှင့် ချီထောင်မှာလည်း အိမ်နီးချင်းဖြစ်ကြသည်မှာ ကြာပြီဖြစ်၍ ရင်းနှီးကြ၏။

ကျောက်လီ၏ အမျိုးသား လောင်ကျန်းကတော့ မည်သူနှင့်မျှ မရင်းနှီးပါ။ အမျိုးသမီးအချင်းချင်းက ရင်းနှီးကြသော်လည်း အိမ်နီးနားချင်း မဟုတ်ကြ၍ မိသားစုဝင်အချင်းချင်းမရင်းနှီးကြပဲ လမ်းပေါ်တွေ့နှုတ်ဆက်ကြရုံသာ ရှိကြ၏။

အမျိုးသားများက ထိုသို့ဖြစ်ကြရာ ကလေးများကလည်း အတူတူဖြစ်ကြ၏။ အသက်အရွယ်အတန်းမတူကြရုံမက အတူတူလည်း မကစားဖြစ်ကြပေ။

မိသားစုဝင်ချင်း မရင်းနှီးလည်း သူတို့အမျိုးသမီးများ၏ ရင်းနှီးမှုက ပျက်သွားမည်တော့ မဟုတ်ပါ။ သို့သော် မိသားစုဝင်များပါရင်းနှီးပါက ပိုပျော်စရာကောင်းမည်ဟု ထင်မြင်မိ၏။

တစ်ခြားဘယ်သူမှဝင်မပြောကြ၍ လင်းဝေ့ကမေးလိုက်၏။"ဘယ်အချိန် စားသောက်ပွဲလုပ်ကြမလဲ"

"အားလုံးအားမယ့်အချိန်လုပ်ကြတာပေါ့။တနင်္ဂနွေနေ့တော့အားကြတယ်မလား" ဟုလျိုတန်းက တန်းရှန့်ယွင်နှင့် ကျောက်လီကိုမေးလိုက်၏။ ဆေးပေးခန်းအလုပ်နှင့် သမဝါယမရုံးအလုပ်က နားရက်ဟူ၍ သက်သက်မရှိပဲ အချိန်ပိုင်းနှင့် သွားလေ၏။

တန်းရှန့်ယွင်က ခေါင်းငြိမ့်လိုက်သော်လည်း ကျောက်လီက ခေါင်းခါလိုက်၏။"ကျွန်မက အိမ်ပြောင်းပါတီအတွက် အလုပ်များဦးမှာ ဆိုတော့ နားရက်ကိုနောက်မှ ယူဖို့ခေါင်းဆောင်ကို ပြောထားမိလို့"

ကုန်ပစ္စည်းထောက်ပံ့ရေးနှင့် သမဝါယမဌာန သည် တစ်ခြားဌာနများထက်စာလျင် ရုံးပိတ်ရက်ပုံမှန်ရပါ၏။ တစ်ပတ်လျင် တစ်ရက် ကြိုက်သည့်ရက်ကို နားရက်ယူခြင်း( သို့မဟုတ်) ယူမည့်နားရက်များ အားလုံးပေါင်းကာ အားလပ်ရက်ရှည်ယူခြင်းပြုလုပ်၍ ရ၏။

ပုံမှန်ဆိုလျင် ကျောက်လီသည် တစ်ပတ်လျင်တစ်ရက် ပုံမှန်နားရက်ယူလေ့ရှိ၏။ သို့သော် သူမသည် အိမ်ပြောင်းပါတီပွဲလုပ်ရန်ရှိ၍ ဌာနခေါင်းဆောင်ကို နောက်အပတ်မှ နားရက်ဆက်တိုက်ယူရန် ခွင့်တောင်းထားလိုက်မိ၏။

"ဒါဆိုလည်း အစ်မအားမယ့်အချိန်ပြောလိုက်လေ။ ကျွန်မလည်း အစ်မပြောတဲ့အချိန်ကို အားအောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့အချိန်ညှိလိုက်ပါ့မယ်"

"အစ်မကျောက်က အိမ်ပြောင်းတဲ့ အထိမ်းအမှတ်အနေနဲ့ စားသောက်ပွဲ လုပ်မှာဆို အာ့အချိန်ပဲအတူ လုပ်လိုက်ရင်ကော" ဟု ယန်းယီက မေးလိုက်၏။

"ကျွန်မတို့က မိသားစုဝင်တွေကော ခေါ်လာမှာ ဆိုတော့ အမျိုးသားတွေက အာ့အချိန်အားပါ့မလား" ဟု လင်းဝေ့က မေးလိုက်၏။

ကျောက်လီလည်း အကုန်အားမည့်အချိန်ရှိပါ့မလားဟု တွေးပူမိ၏။"ဒါမှမဟုတ် လကုန်လောက်ကျမှပဲ မိသားစုဝင်တွေအကုန်လုံးနဲ့အတူတူ သက်သက် စားသောက်ပွဲပြန်လုပ်ကြမလား။ အကုန်အားမယ့်အချိန်နဲ့ ပြန်ချိန်ပြီးတော့လေ"

"ကျွန်မအမျိုးသား လောင်ရှင်းကတော့ အဆင်ပြေပါတယ်။ အစ်မ အိမ်တက် ပွဲမှာ လူအများကြီး ဖိတ်ထားသေးလား"

"ရှင်တို့အားလုံးလာဖို့အဆင်ပြေရင်တော့ ရှင်တို့မိသားစုတွေရယ် လောင်ကျန်းရဲ့ မိတ်ဆွေရဲဘော်တွေရယ် အိမ်နီးချင်းတွေရယ်ပါပဲ"

ကျောက်လီ၏ အလုပ်ဌာနမှ မိတ်ဆွေများကတော့ ဂျူတီချိန် မအားကြ၍ စားသောက်ပွဲမလာနိုင်ကြပါ။ထို့ကြောင့် ကျောက်လီသည် ချိုချဥ်ထုပ်များဝယ်ကာ လိုက်ဝေပေးလိုက်မည်ဟု တွေးထားလေ၏။

သို့သော်လည်း ကျောက်လီသည် ရုတ်တရက် အကြံတစ်ခုရလိုက်လေ၏။"ကျွန်မတို့ သက်သက်ပဲ ပွဲလုပ်ရင်ကော။ အစက ရှင်တို့ကို ညနေပိုင်းမှာ ဖိတ်ဖို့စီစဥ်ထားတာ။ ဒီလိုဆိုရင် နေ့ခင်းပိုင်း ကျွန်မတို့အရင်ပွဲလုပ်ကြပြီးမှ ညနေပိုင်းကို လောင်ရှင်းရဲ့ မိတ်ဆွေတွေနဲ့အိမ်နီးချင်းတွေကို ဖိတ်လိုက်မယ်လေ"

"အစီအစဥ်က ကောင်းပေမယ့် တစ်နေ့တည်းပွဲနှစ်ခါစီစဥ်ရတော့ အလုပ်ရှုပ်မှာပေါ့" ဟု လျိုတန်းက မေးလိုက်၏။

"ကျွန်မ ဟင်းပွဲတစ်ချို့ပြင်ကူမယ်လေ" ဟု လင်းဝေ့က ဝင်ပြောလိုက်၏။

"ကျွန်မလည်း ဟင်းပွဲတစ်ချို့ယူလာလို့ရတယ်လေ" ဟု တန်းရှန့်ယွင်ကလည်း ထပ်ပြောလိုက်၏။

ယန်းယီကလည်း သူလည်း ဝင်ကူပေးမည်ဟု ပြောလိုက်ရာ လျိုတန်းကလည်းး "ဒါဆိုရင်လည်း ကျွန်မတို့တွေ ဟင်းပွဲတွေ ခွဲပြီး ချက်လာကြတာပေါ့။ စားသောက်ပြီးရင်လည်း ရှင်အလုပ်မများရအောင်လို့ ကျွန်မတို့တွေကူသိမ်းပေးမယ်လေ"ဟုပြောလေသည်။

ကျောက်လီလည်း ဟင်းပွဲများယူလာမည်ပြောသည့် သူ့မိတ်ဆွေများကို အားမနာတော့ပဲ စိတ်အေးသွား၏။

"အာ့အချိန်မှာကော မိသားစုဝင်တွေက အားရဲ့လား"

တန်းရှန့်ယွင် နှင့် ယန်းယီတို့မိသားစု ကတော့အဆင်ပြေကြ၏။ လင်းဝေ့ကတော့ ကျုံးရှောက် အချိန်ရမရမသိပါ။ လကုန်ပိုင်း ပင်လယ်ထဲ တာဝန်ကျလျင်တော့ မအားနိုင်လောက်ပါ။

ထို့ကြောင့် ကလေးနှစ်ယောက်ကို ရေချိုးပေးပြီး ထွက်လာသည့် ကျုံးရှောက်ကိုတွေ့တော့ တိုက်ရိုက်မေးလိုက်၏။" ရှင် လကုန်ပိုင်းကျရင် စနေနဲ့ တနင်္ဂနွေ ဘယ်နေ့အားလဲ"

ကျုံးရှောက်လည်း ထမင်းစားစားပွဲနားလျှောက်လာပြီး ရေတစ်ခွက် သောက်လိုက်သည်။"ဘာဖြစ်လို့လဲ"

ကျောက်လီကတော့ လင်းဝေ့အိမ် လာနေကျဖြစ်ပြီး ကျုံးရှောက်နှင့် အတော်လေး ရင်းနှီးနေပြီဖြစ်၍ ကြားဖြတ်ဝင်ပြောလိုက်၏။"ကျွန်မတို့က လကုန်ရင် မိသားစုဝင်တွေနဲ့ အတူတူ စားသောက်ပွဲ လုပ်ဖို့စီစဥ်နေကြတာ။ရဲဘော်ကျုံးအားလား"

ကျုံးရှောက်လည်း တုံ့ဆိုင်းမနေပဲ ပြောလိုက်၏။

"အားတယ်လေ"

…………………………

ဒုတပ်ရင်းမှုးကောင်းမိသားစုက ၁၈ရက်နေ့မှာပဲ ကျွန်းပေါ်ကနေပြောင်းသွားခဲ့ပြီး နောက်တစ်နေ့က စနေနေ့ဖြစ်သည်။ ကျောက်လီတို့ လင်မယားနှစ်ယောက်လုံး အလုပ်နားကြ၏။ လောင်ကျန်းက အိမ်ပြောင်းရာတွင် ကူညီပေးရန်လူတစ်ချို့ကိုလည်း အကူအညီတောင်းထား၏။

အိမ်ပြောင်းရွေ့ရာတွင်လည်း ခက်ခဲခြင်းမရှိပါ။ ကျောက်လီတို့ တပ်ထဲbစရောက်လာခါစကတည်းက ပရိဘောဂပစ္စည်းများက တပ်က ပေးပြီးသားဖြစ်၍ အသစ်မဝယ်ရခဲ့ပါ။ ထို့ကြောင့် ထိုပစ္စည်းများကိုလည်း အိမ်ပြောင်းရာတွင်ထားခဲ့လိုက်ရ၏။

သို့သော်လည်း တစ်ခြားဒေသကို ပြောင်းရွေ့သွားမည့် ဒုတပ်ရင်းမှုးကောင်းလည်း ခရီးလမ်းအဆင်မပြေသောကြောင့် ပစ္စည်းများ အကုန်မသယ်သွားကြပါ။ ထို့ကြောင့် သူနှင့်ရင်းနှီးသည့် လောင်ကျန်းတို့မိသားစုအတွက် ပရိဘောဂပစ္စည်းများ အကုန်ထားခဲ့ပေးလိုက်သည်။

ချန်ထားပေးခဲ့သည့် ပရိဘောဂပစ္စည်းများကလည်း အလွန်ကောင်းသေး၏။ အိပ်ခန်းမကြီးထဲက ကုတင်က ဒုတပ်ရင်းမှုးကိုယ်တိုင် လုပ်ထားသည့် မဟော်ဂနီ ကုတင်ကြီး ဖြစ်ပြီး အိပ်စက်အနားယူရန်အလွန်ကောင်းလှ၏။

"ကျွန်မ အိပ်ရာထဲ တစ်နေ့လုံးတောင် လှဲနေနိူင်တယ်" ဟု ကျောက်လီက ပြောလိုက်၏။

"ဒါဆို ဘာလို့လှဲပြီး အနားယူမနေတာလဲ" ဟု လင်းဝေ့ကလည်း ရယ်မောက မေးလိုက်၏။

"လှဲချင်ပေမယ့် လှဲနေလို့မှ မရတာ။ အခုမှ ပြောင်းလာတာဆိုတော့ သန့်ရှင်းရေးတွေ အများကြီး လုပ်ရဦးမယ်လေ"

"အစ်မ ပစ္စည်းတွေက အကုန် ရွေ့ပြီးပြီလား"

"မနေ့ကတည်းက ရွေ့ပြီးသွားပြီ။ ကျွန်မတို့လည်း ပစ္စည်းပစ္စယက သိပ်မရှိဘူး။ အိပ်ခန်းနှစ်ခန်းက ပရိဘောဂတွေကလည်း အရင်ပိုင်ရှင် ထားခဲ့ပေးတာဆိုတော့ ယူမလာလိုက်ဘူး။ ကျွန်မ သမီးအခန်းက ပရိဘောကတွေရယ် အောက်ထပ်က ဘီဒိုနဲ့ စားပွဲထိုင်ခုံတွေရယ် အဝတ်အစား မွေ့ရာတွေနဲ့ အိုးခွက်ပန်းကန်တွေရော ဆိုတော့ လောင်ကျန်းခေါ်လာတဲ့ တပ်သားနှစ်ယောက်နဲ့ သုံးလေးခေါက်လောက်ရွေ့လိုက်တာ ပြီးသွားပြီ"

" ကျောက်မိသားစုကော ပြောင်းပြီလား" ဟု ကျောက်လီက သတ်ိရလိုက်ပြီး မေးလိုက်၏။

လင်းဝေ့လည်းခေါင်းခါလိုက်၏။"လွန်ခဲ့တဲ့ နှစ်ရက်ကတော့ သန့်ရှင်းရေးလုပ်နေတာတွေ့တယ် ဘယ်တော့ပြောင်းမလဲတော့မသိဘူး"

"နေ့ခင်းလောက် ပြောင်းမယ်ထင်တယ်"ကျောက်လီကတော့ အိမ်ပြောင်းမည်ဆိုလျင် ရုံးပိတ်ရက်ပြောင်းနိုင်ချေများပြီး ဒါမှသာ ကူညီမည့်လူများလည်း ခေါ်၍ရမည်ဟုပြောပြလေ၏။

"ဟုတ်မယ်"

ကျောက်လီမှန်းသည့်အတိုင် ကျောက်ဖုန်းတို့အိမ်လည်း နေ့ခင်းလောက်တွင် အိမ်ပြောင်းဖို့ပြင်လေ၏။ ကျောက်ဖုန်းသည် ပြည်နယ်တည်းခိုခန်းမှ သုံးဘီးငှားလာကာခြံထဲရပ်ထားလိုက်ကာ ကောင်းရှို့လျန်နှင့်အတူ ပစ္စည်းများ သယ်ထုတ်နေ၏။

ကျောက်ရွှယ်ပင်းတို့ညီအစ်ကိုနှစ်ယောက်လုံး အိမ်မှာ ရှိသော်လည်း အလုပ်မကူကြပါ။ အကြီးကောင်က သုံးဘီး စက်ဘီးပေါ်တက်ပြီး မမှီမကမ်းနှင့် ခြေနင်းကို နင်းကာ ဆော့နေ၏။အငယ်ကောင်ကတော့ နောက်ကဆိုက်တွဲပေါ် ထိုင်ပြီး ဆော့နေ၏။

တစ်ဖက်အိမ်က မင်မင်ကလည်း အိမ်ရှေ့ခုံမှာထွက်ထိုင်ပြီး သုံးဘီးပေါ်ဆော့နေသည့် ညီအစ်ကိုနှစ်ယောက်ကိုလှမ်းကြည့်နေ၏။

မင်မင်နှင့် ကျောက်ရွှယ်ပင်းက တစ်ဦးနှင့်တစ်ဦး မခင်ကြပေ။ အမေချင်းမတည့်၍ ကလေးချင်းလည်း မတည့်တာတော့မဟုတ်ပေ။ သို့သော် လွန်ခဲ့သည့်လ ကစ၍ မရင်းနှီးသည့် ကလေးများ၏ ဆက်ဆံရေးက ပြောင်းလဲသွား၏။

လွန်ခဲ့သည့်လ တနင်္လာနေ့ နေ့လည်တစ်ခင်းတွင် ကျောက်ရွှယ်ပင်းသည် သူ့သူငယ်ချင်းများနှင့် ရန်ဖြစ်ပြီး အိမ်ပြန်လာရာ မင်မင် ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးတို့ ကမ်းခြေမှာ ကစားနေကြသည်ကို တွေ့လိုက်ရ၍ အတူဝင်ကစားခဲ့၏။

မင်မင်တို့နဲ့ မကစားချင်ပေမယ့် သူ့မှာလည်း အတူကစားမယ့်သူမရှိ၍ အဖွဲ့ထဲမှာအကြီးဆုံးဆိုတော့ ခေါင်းဆောင်လုပ်လို့ရတယ်ဟုတွေးကာ အတူကစားခဲ့ခြင်းဖြစ်သည်။ မင်မင်ကတော့ စိတ်ရင်းဖြင့်ကျောက်ရွှယ်ပင်းက်ိုအတူကစားခိုင်းခဲ့၏။

ရွေ့ရွေ့က တော့ ဘယ်သူတို့နဲ့ အတူလာကစားစား အဆင်ပြေပါ၏။ ရှောင်ရှီးရှီးကတော့ မင်မင်ကို ဘော့စ်လို့ သတ်မှတ်ထားလို့ မင်မင်လက်ခံရင် သူလည်း အဆင်ပြေပါ၏။ ဤသို့ဖြင့် ကျောက်ရွှယ်ပင်းက အတူကစားခွင့်ရ၏။

ပထမတော့ အတူပျော်ပျော်ရွှင်ရွှင် သံအိမ်ဆောက်တိုင်းကစားနေကြပြီး ကစားနေကြပြီး နောက်ကစားရင်ကစားရင်း သူတို့ဆောက်သည့် သဲအိမ်တွေအချင်းချင်း နီးကပ်လာပြီး တိုက်မိကြကာ ရန်ဖြစ်ကြလေတော့၏။

သူတို့ရန်ဖြစ်ကြစဥ်က လင်းဝေ့ ရှိနေ၍တော်သေး၏။ လင်းဝေ့လည်း ကလေးတွေရန်ဖြစ်သည့်အသံကြားသည်နှင့် သူတို့ရန်ပွဲကိုဖြန်ဖြေပေးလိုက်ရ၏။

လင်းဝေ့လည်း သူတို့ကစားမည့်နေရာကိုမျဥ်းတားကာ အပိုင်းခွဲပြီး ကစားခိုင်းလိုက်သည်။ သို့သော် ကလေးများကြားက ဆက်ဆံရေးကတော့ အေးစက်သွားကြ၏။

သို့သော် သူတို့အချင်းချင်းကလည်း အရင်ကမဆော့ခဲ့ဖူးပဲ ပထမဆုံးအကြိမ်ဆော့ရာမှာ ရန်ဖြစ်ပြီး ဆက်မဆော့ဖြစ်ကြတာမို့လို့ တစ်ခြားဘယ်သူမှလဲ ထိုရန်ပွဲကိစ္စကိုမသိလိုက်ကြပါ။

တစ်ခြားဘယ်သူမှ မသိပေမယ့် ကာယကံရှင်တွေကတော့ သေသေချာချာ မှတ်မိကြ၏။ ထို့ကြောင့် သုံးဘီးကို သွားစီးကြည့်ချင်ပေမယ့် မသွားရဲဖြစ်နေ၏။

တစ်ဖက်က ကျောက်ရွှယ်ပင်းကလည်း မင်မင်ကို တွေ့လိုက်၍ သုံးဘီးပေါ်ကနေ ပြုံးဖြီး လျှာထုတ်ပြကာ ပြောင်လေ၏။" လားးလားးလားး ဒါ ငါ့ရဲ့ သုံးဘီး မင်းကိုပေး မစီး ဘူးး"

ထိုသို့ နောက်ပြောင်ပြောဆိုနေသည်ကို ကျောက်ဖုန်းက ကြားသွားပြီး ထွက်လာကြည့်ရာ သူ့ကလေးတွေက သုံးဘီး နင်းရန်ပင်အရပ်မရှည်ပဲ သုံးဘီးပေါ် တက်ဆော့နေသည်ကို တွေ့လိုက်ရ၍ သုံးဘီးပေါ်က ဆင်းရန် အော်ပြောလိုက်၏။

အခုလေး တင် ကြွားဝါထားသော ကျောက်ရွှယ်ပင်းက သူ့အဖေ၏ အဆူခံလိုက်ရ၍ မင်မင်က ဝမ်းသာ အားရ ရယ်လေတော့သည်။ မင်မင်၏ ရယ်သံကြားတော့ ကျောက်ရွှယ်ပင်းက မင်မင်ဘက်ကို ကြောက်စရာကောင်းသည့်ဟန်ဖြင့်ကြည့်လိုက်လေ၏။

သူ့သား၏ ပုံစံကို မြင်လိုက်သည့် ကျောက်ဖုန်းက လှမ်းအော်လိုက်၏။"ဘာလုပ်နေတာလဲ ကျောက်ရွှယ်ပင်း"

"သူက သားကို ဟားးနေတာ"ကျောက်ရွှယ်ပင်းက မင်မင်က်ိုလက်ညိုးထိုးပြကာ ပြောလိုက်၏။

ကျောက်ရွှယ်ပင်းကို ရယ်သည့် မင်မင်ကလည်း ကျောက်ရွှယ်ပင်း အဖေကိုတော့ ကြောက်၍ တိုင်လိုက်သည့်အသံကိုကြားစဥ် အောက်ကို ချက်ချင်းငုံ့လိုက်၏။ သို့သော် စားပွဲခုံစောင်းနှင့် တိုက်မိသွားကာ သူ့လျှာသူကိုက်မိသွား၏။

အတော်နာသွား၍ ညဥ်းငြူလိုက်သော်လည်း သူ့ပါးစပ်ကိုအမြန်ပိတ်လိုက်ရ၏။

ကျောက်ဖုန်းကလည်း မင်မင်ကို မြင်လိုက်ပါ၏။

"မင်းက သူ့ထက်ကြီးတာကို ဘာလို့ သူ့ကိုဂရုစိုက်နေတာလဲ"ဟု သူ့သားကိုသာ ဆူလိုက်၏။ ထိုသို့ဆူလိုက်ပြီး အားယားနေသည့် သူ့သားနှစ်ယောက်ကို အလုပ်ခိုင်းလိုက်လေ၏။ အားနေကြတယ်ပေါ့။ဟုတ်လားး။ ပစ္စည်းတွေသယ်ကြ။

ကျောက်ရွှယ်ပင်းတို့ ညီအစ်ကို နှစ်ယောက်လည်း မလုပ်ချင်သော်လည်း အိမ်ထဲ လိုက်ဝင်လိုက်ရ၏။ မင်မင်ကတော့နာနေသည့် သူ့ပါးစပ်ကို အုပ်ကိုင်ရင်းငုံ့ထိုင်နေရှာ၏။

All Chapters