← Chapters

Chapter 119

Vol. 10 Ch. 119

Chapter 119

Vol. 10 Ch. 119

စားသောက်ပွဲမှာ ဟင်းပွဲများ ယူလာဖို့ ဆုံးဖြတ်ကြတော့ လူတိုင်းက သူတို့ဇာတိမြို့က အမှတ်သညာအထိမ်းအမှတ် ဟင်းလျာများ ချက်ပြုတ်လာကြဖို့ ဆွေးနွေးကြ၏။

လင်းဝေ့၏ ဟင်းချက်လက်ရာက မညံ့သော်လည်း သူမဇာတိမြို့ဟင်းလျာက်ိုချက်ပြုတ်ရာတွင်တော့ မစွံဟုထင်ရ၏။ ယားကျိုကျွန်းပေါ်တွင် ဟင်းထဲထည့်ရမည့် ဟင်းခတ်အမွှေးအကြိုင်များ အကုန်မရှိ၍ ဇာတိမြို့က ဟင်းလျာကို အရသာ တစ်ပုံစံတည်းရအောင်ချက်ပြုတ်ရန်ခက်ခဲလှ၏။

ထိုကဲ့သို့ဘစဥ်းစားလိုက်ပြီးနောက် လင်းဝေ့သည် အိမ်မှာ ရှိသည့် သူ့အမေ ပို့ပေးလိုက်သည့်မှိုခြောက်များကိုသတိရလိုက်သည်။ မှိုခြောက်နှင့် ကြက်သားရောချက်လိုက်ရင် ဇာတိမြေက အရသာကိုတော့ ရကောင်းပါရဲ့ဟု တွေးလိုက်၏။ ထို့ကြောင့် လင်းဝေ့လည်း မှိုကြက်သားဟင်းပွဲချက်ရန် ပြင်လိုက်၏။

စျေးထဲကဝယ်လာသည့် ကြက်သားက သတ်ပြီး အမွှေးချွတ်ပြီးသားဟု ဆိုသော်လည်း ကြက်သားကိုင်သူများသည့ တစ်နေ့လျင် ကြက်အများကြီး သတ်ရသည်ဖြစ်၍ တော်သင့်ရုံသာ ကြက်ကို အမွှေးနှုတ်သန့်စင်ကြ၏။ ထို့ကြောင့် ကြက်ကိုဝယ်လာပြီးလျင် ရေဆေးပြီးနောက်ကျန်နေသည့် အမွှေးများကို ထပ်နှုတ်ရ၏။

ထို့အပြင်ကြက်သားကိုလည်း နူးသွားအောင်ကြာကြာလေး ချက်ပြုတ်ရမည်ဖြစ်၍ လင်းဝေ့သည် စျေးကပြန်လာပြီးကတည်းက အလုပ်ရှုပ်နေခဲ့၏။

ကြက်ကို အမွှေးနှုတ် သန့်ရှင်းဆေးကြောပြီးနောက်အပိုင်းပိုင်းခုတ်ကာ ရေနွေးဖြောလိုက်၏။ ထို့နောက်အိုးထဲထည့်ကာ မှိုခြောက်များနှင့်အတူ ရောနှပ်ထားလိုက်၏။ လင်းဝေ့က ချက်ပြီးလျင် ကျောက်လီအိမ်မှာ စုပေါင်း စားကြမည်ဖြစ်၍ ထိုအိုးကို သယ်သွားရုံပင်ဖြစ်၏။

ကျောက်လီ၏ ခြံဝင်းအသစ်က အရင်ခြံဝင်းအဟောင်းထက် ပိုသေးပါ၏။ သို့သော် အိမ်အဟောင်းက အခန်းနည်းပြီး အိမ်အသစ်က ပိုကျယ်ကာ အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းနှင့် မီးဖိုချောင် ရေချိုးခန်းပါ ပါ၏။

အရင်နေထိုင်ခဲ့သည့် ဒု တပ်ရင်းမှုးကောင်းသည် မိသားစုဝင်များ၍ သူတို့ပြောင်းလာသည်နှင့် ဧည့်ခန်းကို ကန့်လိုက်ကာ အိပ်ခန်းပြောင်းလိုက်၍ အိပ်ခန်းလေးခန်းရှိလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဧည့်ခန်းနှင့် ထမင်းစားခန်းမှာ တစ်ဆက်တည်း ဖြစ်သွား၏။ သစ်သားဆက်တီထိုင်ခုံမှာ ဧည့်ခန်းကို ကန့်ထားသည့်နံရံမှာ ကပ်ထားလိုက်ပြီး ဆက်တီခုံရှေ့မှာတော့ ကော်ဖီစားပွဲရှိပြီးဘေးမှာအံဆွဲဘီဒိုစားပွဲ လေးထားထား၏။

အံဆွဲဘီဒိုစားပွဲလေးက ထမင်းစား စားပွဲလေးဖြစ်ပြီးထိုထမင်းစားစားပွဲ နှစ်လှမ်းအကွာတွင် ပြတင်းပေါက်နှင့် တံခါးပေါက်ရှိ၏။ တံခါးပေါက်ဘေးတွင်တော့ ဘာပစ္စည်းမှ မရှိပေ။ ထို့ကြောင့် ထိုနေရာကို ကျောက်လီ ယူလာသည့် ဘီဒိုအတွက် နေရာပေးလိုက်လေသည်။

ဧည့်ခန်းနှင့် ထမင်းစားခန်းက ကျဥ်းသွားကာ ဝင်ပေါက်က ဖင်မလှည့်သာသည့် နေရာလိုဖြစ်သွားသော်လည်း ကျေးလက်က လာသည့် အရာရှိအမျိုးသမီးများအဖို့တော့ ဤသည်က ပြဿနာမဟုတ်ပါ။

ကျောက်လီ၏ မိသားစုက သာမန်မိသားစုငယ်လေးသာဖြစ်၏။ သူမ မိဘနှစ်ပါးစလုံးက ပြည်နယ် စက်ရုံအလုပ်သမားများဖြစ်ကြပြီး ၁၉၅၀ ခုနှစ်လောက်တွင် သူတို့ အိမ်ကို အခန်း နှစ်ကန့်ခွဲခဲ့ကြသည်။ တစ်ကန့်လျင် ၂၀ ၃၀ စတုရန်းမီတာစီကျယ်၏။

နောက်မိသားစုဝင် များလာတော့ အခန်းကို လေးခန်းပြန်ကန့်လိုက်၏။ ကလေး ငါးယောက်ရှိရာ သမီးမိန်းကလေးများက သက်သက်တစ်ခန်းနေပြီး သားယောကျာ်းလေးများကို သက်သက်တစ်ခန်းပေးနေလိုက်သည်။

ကျောက်လီကတော့ အစ်မအကြီးဆုံးဖြစ်၏။ အခန်းက ကျဥ်းပေမယ့် သူမအတွက် အဆင်ပြေပါ၏။ သူ့ညီမတွေ လက်ထပ်သွားပြီး ယောကျာ်းနောက် ယောင်နောက်ဆံထုံးပါကြတော့ သူမအတွက် နေထိုင်ရ ပိုအဆင်ပြေသွား၏။

သို့သော် ထိုနေထိုင်ရ အဆင်ပြေသည့် နေ့ရက်များက ကြာရှည်မခံလိုက်ပါ။ သူမ အစ်ကို နှစ်ယောက်က ကြီးလာပြီး အိမ်အခန်းအရေအတွက်က အဆင်မပြေဖြစ်လာ၏။

အစ်ကိုနှစ်ယောက်လုံး လက်ထပ်သွားသောအခါ ချွေးမများလည်း ပါလာ၍ ပိုကျဥ်းကြပ်သွားတော့၏။ ကျောက်လီက ကျောင်းသူလည်း ဖြစ်သေး၍ ကျောက်လီကို သူမမိဘများက အဆောင်ပို့လိုက်တော့၏။

အဆောင်မှာ သုံးနှစ်ခန့်နေခဲ့ရပြီး လောင်ကျန်းနှင့် လက်မထပ်ခင်အထိ နေခဲ့ရလေ၏။

လက်ထပ်ပြီးသည့် နောက်ပိုင်းလည်း သူမ၏ နေထိုင်မှု ဘဝပုံစံက ထူးပြီး ကောင်းလာသည် မရှိခဲ့ပါ။ လောင်ကျန်း၏ မိသားစုကလည်း သာမန်မိသားစုသာဖြစ်ခဲ့ စုပေါင်းကာနေခဲ့ရ၏။ တပ်ထဲပြောင်းမလာခင်ကလည်း သူမ ကလေးသုံးယောက်နှင့် အိမ်ခန်းကျဥ်းလေးထဲ ကြပ်သိပ်နေခဲ့ရ၏။

ထို့ကြောင့်တပ်ထဲ စ ပြောင်းလာတော့ ကျောက်လီသည် သူမတို့၏ အိပ်ခန်းနှစ်ခန်းပါ အိမ်ရာကို ကြီးသည်ဟု ထင်မိ၏။ မီးဖိုချောင် ရေချိုးခန်းပါလေရာ ကျောက်လီသည် များများစားစားမတွေးပဲ တိုက်ခန်းအိမ်ကာကိုရွေးချယ်ကာ နေထိုင်ခဲ့သည်။

သို့သော် လူများ၏ လိုအပ်ချက်များက အတောမသတ်နိုင်လေရာ ကလေးများကြီးလာတော့ အိပ်ခန်းနှစ်ခန်းက ကျောက်လီ မျက်လုံးထဲမှာ ကြပ်လာသည်ဟု ထင်လာသည်။

သူမ၏ ကံတရားက ကောင်းမွန်နေ၍ တော်သေး၏။ ဒုတပ်ရင်းမှုးကောင်းက ဇာတိပြန်သွားဖို့အကြောင်းပေါ်လာပြီး ကျောက်လီလည်း အိပ်ခန်းနှစ်ခန်း အိမ်ရာက နေ အိပ်ခန်းလေးခန်းပါသည့် အိမ်ယာကို ပြောင်းဖို့အခွင့်အရေးရလာခဲ့၏။

အခုတော့ ကျောက်လီတစ်ယောက် ပြောင်းလာသည့်အိမ်အသစ်ကို ကြည့်ရင်း အကျေနပ်ကြီး ကျေနပ်နေမိ၏။ ဧည့်ခန်းနှင့်ထမင်းစားခန်းက ကျဥ်းတယ် ဆိုပေမယ့် သူမမျက်စိထဲ ပြဿနာဟု မထင်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် သူမကလည်း တစ်နေကုန်အလုပ်မှာပဲရှိနေရာ ထမင်းစားခန်းကလည်း ထမင်းစားတဲ့အချိန်မှာပဲ သုံးပြီး ဧည့်ခန်းကလည်း အလုပ်ပိတ်ရက်မှာသာ သုံးဖြစ်တာဖြစ်သည်။ ထို့ကြောင့် သူမအတွက် ပြဿနာမဖြစ်ပါ။

ဒီနေ့အတွက်တော့ စားသောက်ပွဲလုပ်မည်ဖြစ်ကာ ဧည့်သည်များလာကြမည်ဖြစ်၍ ခြံဝန်းထဲမှာပဲ နေရာထိုင်ခင်းကို ပြင်ဆင်လိုက်သည်။ ခြံဝင်းကအကျယ်ကြီး မဟုတ်သော်လည်း စားပွဲ နှစ်ဝိုင်း သုံးဝိုင်းစားတော့ ထားလို့ရပါ၏။

လင်းဝေ့ရောက် လာတော့ ကျောက်လီက ခြံဝင်းထဲမှာ အိမ်နီးချင်းတွေနဲ့ စကားပြောနေကြ၏။ သူမမျက်ဝန်းထောင့်မှ လင်းဝေ့ကိုမြင်လိုက်၍ ပြုံးကာနှုတ်ဆက်လိုက်၏။

"ဘာလို့အစောကြီး လာတာလဲ"

" ကြက်သားဟင်းက စောစော နှပ်ထားရမှာမို့လို့ပါ။" ဟု လင်းဝေ့ကပြောကာ သူ့လက်ထဲမှ ကြက်သားအိုးကို မြောက်ပြလိုက်၏။ ထို့နောက် ကျောက်လီဘေးမှ အိမ်နီးချင်း အစ်မယွီကိုပါ နှုတ်ဆက်လိုက်၏။

အစ်မယွီက ဟင်းသီးဟင်းရွက်စျေးမှာ အလုပ်လုပ်သူဖြစ်၏။ သူမကလည်း လင်းဝေ့ကို တွေ့တော့ ပြုံးကာ နှုတ်ဆက်လိုက်၏။

ကျောက်လီလည်း လင်းဝေ့လက်ထဲက အိုးကိုယူလိုက်ကာ မီးဖိုထဲ သွားထားလိုက်၏။"ကြက်သားဟင်းထဲ ဘာထည့်ရဦးမှာလဲ"

"ကျွန်မ အကုန်ထည့်ပြီးပြီ။ ရေထည့်ရုံပဲ ကျန်တော့တယ်"

"ရေနွေး လား ရေအေးလားး"

"ရေနွေးထည့်ရမှာ"

ကျောက်လီလည်း ခေါင်းငြိမ့်လိုက်ပြီး အိုးကို ဂတ်စ် မီးဖိုပေါ်တင်လိုက်ပြီး ရေနွေးလောင်းထည့်ကာ အဖုံးပိတ်ပြီး တည်ထားလိုက်၏။

လင်းဝေ့မျက်လုံးက ပြတင်းပေါက် အောက်မှာရှိသည့် နှုတ်ခမ်းဝိုင်း ဂတ်စ် မီးဖိုပေါ် ရောက်သွား၏။"ဒီမီးဖိုလေးက ဒုတပ်ရင်းမှုးကောင်း ချန်ပေးခဲ့တာလား"

"ဟုတ်တယ်."

ဒီဘက်ခတ်တွေမှာ လူတိုင်းက မီးသွေးမီးဖို ထင်းမီးဖိုသာ အသုံးများကြပြီး ဂတ်စ်မီးဖိုကို သိပ်မသုံးကြပေ။အခြေစိုက်စခန်း မိသားစုအိမ်ရာမှာပင် ဂတ်စ်မီးဖိုသုံးသည့်သူ သိပ်မရှိပေ။

အစကတော့ ဒုတပ်ရင်းမှုးကောင်းက ဒီဂတ်စ်အိုးကို သယ်သွားဖို့ စိတ်ကူးရှိခဲ့၏။ သို့သော် ဂတ်စ်မီးဖိုက သေးသော်လည်း ဂတ်စ်အိုးကတော့ကြီးပြီး လေးသောကြောင့် သယ်သွားရတာ အဆင်မပြေနိုင်ပါ။ ထို့ကြောင့် သယ်မသွားတော့ပဲ ကျောက်လီတို့ကိုသာ လျှော့စျေးဖြင့် ရောင်းပေးခဲ့လိုက်၏။

"ဂတ်စ်မီးဖိုနဲ့ ချက်ပြုတ်ရတာ အရမ်းအဆင်ပြေတယ်။မီးဖိုကိုသုံးချင်ရင် ဒီ ဂတ်အိုး ဘားခလုတ်လေးကိုလှည့်လိုက်ရုံပဲ ပြီးရင် မီးဖိုကိုမီးခြစ်လေးနဲ့ တို့လိုက်ရင် မီးရပြီ" ဟုပြောကာ ကျောက်လီသည် လင်းဝေ့ကို သရုပ်ပြနေ၏။

ကျောက်လီပြောသည်က ရိုးရှင်းသော်လည်း မီးဖိုမှာ မီးတောက်လာသောအခါ လင်းဝေ့က လန့်သွားပြီး အနောက်ဆုတ်လိုက်၏။

"ဝေ့ဝေ့က ပုံမှန်အချိန်ဆို သတ္တိအရမ်းရှိတာကို အခုကျ ဘာလို့ လန့်နေရတာလဲ" ဟု ရီမောကာ ကျောက်လီက ပြောလိုက်လေ၏။

"ပထမဆုံးမို့လို့ပါရှင် " လင်းဝေ့ကလည်း ရှက်ရွံ့မနေပါ။

"တစ်ကယ်တော့ စသုံးတုန်း ကျွန်မလည်း လန့်မိတယ် နောက်ပိုင်းမှ ကျင့်သားရလာတာ။ ဒီ ဘားခလုတ်လေးကို ဒီဘက်လှည့်လိုက်ရင် မီးတောက်အားလျော့သွားပြီး ဟိုဘက်ကို လှည့်ပေးလိုက်ရင် မီးတောက်အားက ပြင်းလာတယ်။ ဒီမီးဖိုနဲ့ချက်ရင် အရွက်တွေ ကြော်ရတာကော အရမ်းအဆင်ပြေတယ်။ သုံးမိနစ် ဆိုတာနဲ့ ပျက်ရော"

လင်းဝေ့က ဂတ်စ်မီးဖိုကို မမြင်ဖူးသော်လည်း မူရင်းဝတ္ထုစာအုပ်ထဲတွင်တော့ ဖတ်ဖူးလိုက်ပါ၏။ ထို့ကြောင့် ဂတ်စ်မီးဖိုသည် မီးသွေးမီးဖို ထင်းမီးဖိုတို့ထက် အဆင်ပြေမှန်းလည်း သိထားသည်။

၁၉၈၀ ခုနှစ် နှင့် ၁၉၉၀ ခုနှစ်များတွင် မြို့ပေါ်ရှိအိမ်တိုင်းနီးပါးက ဂတ်စ်မီးဖိုသုံးလာကြ၏။ နောက်ပိုင်း ပိုအန္တရာယ်ကင်းသော သာဘာဝဓာတ်ငွေ့ ဂတ်စ်မီးဖိုထွက်လာချိန်တွင် အရမ်းခတ်စားသွားပြီး နယ်ဘက်အထိပင် အသုံးများလာကြသည်။

"ဝေ့ဝေ့လည်း တစ်ခုလိုချင်လာပြီမလား."ဟု ကျောက်လီက ဂတ်စ်မီးဖိုကို မိတ်ဆက်ပေးပြီး မေးလိုက်၏။

"ဘယ်မှာ ဝယ်ရမှာလဲ"

"ခရိုင်မြို့က သမဝါယမစျေးမှာပဲ ဝယ်ရတာလေ။ ခက်တာက ကူပွန်လက်မှတ်ရဖို့ပဲခက်တာ"

"ဟုတ်ပါ့ရှင်။ ကျွန်မမှာလဲ ထင်းမီးဖိုနဲ့ မီးသွေးမီးဖို အိမ်မှာ ရှိတာ ဆိုတော့ အာ့တာပဲ အရင်သုံးလိုက်ပါ့မယ်။ နောက်မှ ဂတ်စ်မီးဖိုကို စဥ်းစားတော့မယ်"

……………………………

ကြက်သားဟင်းအိုးကို ကျောက်လီအိမ်မှာ ချက်ထားခဲ့ပြီး လင်းဝေ့က အိမ်ပြန်လာ၏။ ကျောက်လီကိုလည်း ဟင်းအိုး ကူကြည့်ပေးရန် မှာခဲ့လိုက်၏။ တစ်ချိန်လုံးကြည့်နေရန်မလိုကြောင်းလည်း ပြောခဲ့လိုက်၏။

လင်းဝေ့အိမ်ပြန်ရောက်တော့ ကျုံးရှောက်က အဝတ်အစားများ ဝတ်ရန် ပြင်ဆင်နေပြီဖြစ်၏။ကျောက်လီက ကောင်းကောင်းဝတ်စားခဲ့ရန် ပြောထား၍ ကျုံးရှောက်လည်း အဆင်ပြေမည့်ဝတ်စုံကို ရွေးလိုက်၏။

သို့သော် ကျုံးရှောက်သည် နွေရာသီရေတပ်ယူနီဖောင်းမဟုတ်ပဲ ဆောင်းရာသီ ရေတပ်ယူနီဖောင်းကို ဝတ်ထားလိုက်၏။

ယားကျိုကျွန်းသည် အောက်တိုဘာလရောက်သော်လည်း ပူနေဆဲဖြစ်၍ တပ်သားအများစုက ဆောင်းရာသီ ယူနီဖောင်းချည်းမဝတ်ပဲ နွေရာသီယူနီဖောင်းနှင့် ဆောင်းရာသီ ယူနီဖောင်းကို တစ်လှည့်စီဝတ်ကြ၏။

ထို့ကြောင့် သိပ်မဝတ်ဖြစ်သည့် ဆောင်းရာသီယူနီဖောင်းမှာ အသစ်ထုတ်ထားသည့် နွေရာသီယူနီဖောင်းကဲ့သို့ပင် သစ်လွင်နေသေး၏။

အသစ်ထုတ်လိုက်သည့် ရေတပ်ယူနီဖောင်းတိုင်းက ဒီဇိုင်းများ ပြောင်းသွားလေ့ရှိ၏။ ယခင်က ရေတပ် ယူနီဖောင်းက ကျည်းတပ်နှင့် လေတပ်ယူနီဖောင်းနှင့် ဆင်တူဖြစ်ကာ အရောင်သာကွာသွား၏။ နောက်ပိုင်း အသစ်ထွက်သည့် ယူနီဖောင်းတွင်တော့ ဗွီပုံစံပုဝါလည်စည်းနှင့် ရေတပ်ဦးထုပ်ပုံစံ ပြောင်းသွားခဲ့သည်။

အသစ်ထုတ်လိုက်သည် ရေတပ်ယူနီဖောင်းနှင့် ရေတပ်ယူနီဖောင်းအဟောင်းမှာ အပြောင်းအလဲတော့ သိပ်မရှိပါ။ နွေရာသီယူနိီဖောင်း ဘောင်းဘီကို မီးခိုးပြာကနေ နေဗီပြာကို ပြောင်းလိုက်ပြီး အပေါ်ပိုင်းကိုတော့ မီးခိုးပြာကနေ အဖြူရောင်ကို ပြောင်းလိုက်တာဖြစ်သည်။ဒီဇိုင်းလုံးဝပြောင်းသွားသည်က ဦးထုပ်ဖြစ်၏။ တော်လှန်ရေးဦးထုပ်ဒီဇိုင်းကနေ အနားပြန့်ပါ ဦးထုပ်အဝိုင်းဒီဇိုင်းပြောင်းသွား၏။

လင်းဝေ့အမြင်အရတော့ ရေတပ်ယူနီဖောင်းများတွင် နွေရာသီဝတ်ရေတပ်ယူနိီဖောင်း အဖြူရောင် က ပိုကြည့်ကောင်းသည်ဟု ထင်မိ၏။

အဖြုရောင်က ပေလွယ်သော်လည်း ယောကျာ်းလေးတွေအတွက် အပေအတေ က ဘာမှ မဟုတ်ပေ။အဖြူရောင်က ပိုခန့်သည်ဟုထင်ရပြီး အားအင်အပြည့်ဟန် ပုံပေါ်စေ၏။

ကျုံးရှောက်သည် လွန်ခဲ့သည့်လတွေက အဖြူရောင်ရေတပ်ယူနီဖောင်းကိုသာ ဝတ်ဆင်ခဲ့၍ ထိုဝတ်စုံနှင့် လင်းဝေ့ မြင်နေရသည်က အသားကျနေပြီဖြစ်၏။ ထို့ကြောင့် တစ်ရက်တွင် ကျုံးရှောက် ဆောင်းရာသီယူနီဖောင်းကို ပြောင်းဝတ်လိုက်သောအခါ လင်းဝေ့သည် သူ့ရှေ့ဘီဒိုရှေ့မှာရပ်နေသည့် လူကို အခုမှ မြင်ဖူးသည့် လူသဖွယ်ကြည့်လိုက်၏။

ကျုံးရှောက် သူ့ခေါင်းကိုလှည့်လိုက်တော့ အံ့အားသင့်နေသည့် လင်းဝေ့ကို တွေ့လိုက်ရသည်။ လင်းဝေ့၏ အကြည့်က ထူးဆန်းသည့်သူကို ကြည့်နေသည့်အကြည့်ဖြစ်မှန်း ကျုံးရှောက် ခံစားလိုက်ရသည်။

ထို့ကြောင့် ကျုံးရှောက်လည်း အဆင်မပြေဟု ထင်လိုက်ပြီး ယူနီဖောင်းအသစ်ကို ဝတ်မိသည်ကို နောင်တရနေမိ၏။ ကျုံးရှောက်က ဘယ်လောက်ပဲ တည်ငြိမ်သူဖြစ်စေကာမှု လင်းဝေ့၏ ထူးဆန်းသည့်အကြည့်ကို မခံနိုင်၍ နောက်နေ့ရောက်တော့ အရင် နွေရာသီ ယူနီဖောင်းကိုသာ ပြောင်းဝတ်လိုက်၏။

ပြောင်းဝတ်လိုက်တော့ လင်းဝေ့က သူ့ကို အထူးအဆန်းလိုမကြည့်တော့ပါ။ သဘောကျသလိုကြည့်လိုက်သော်လည်း လင်းဝေ့က ရုတ်တရက် မေးလိုက်သည်က "ယူနီဖောင်းအသစ်ကို မဝတ်တော့ဘူးလား"ဟူ၍ပင်။

"တစ်ကယ်ကြီး ဝတ်ရမှာလားး" ဟု ကျုံးရှောက်က မေးလိုက်ရာ လင်းဝေ့ကလည်း ခေါင်းငြိမ့်လိုက်၏။

"အပြောင်းအလဲလေး လုပ်ပြီး ဝတ်ရမှာပေါ့။ ရှင်ခဏခဏဝတ်ရင် ကျွန်မလည်း မြင်သားကျလာမှာပေါ့"

ကျုံးရှောက် - "……"

လင်းဝေ့၏ စကားသံက သိပ်ဟန်မကျသော်လည်း လင်းဝေ့ ပြောလိုက်သည့်စကားကလည်း မမှားချေ။လွန်ခဲ့သည့်သုံးရက်အတွင်း ကျုံးရှောက် နေဗီပြာရောင် ယူနီဖောင်းဝတ်သည်ကို လင်းဝေ့သည်ကိုမြင်ရသည်မှာ ကျင့်သားရနေပြီဖြစ်၏။

နေဗီပြာရောင်ယူနီဖောင်းက အဖြူရောင် ယူနီဖောင်းလောက်ကြည့်မကောင်းသော်လည်း ကြည့်ရဆိုးနေသည်တော့မဟုတ်ပါ။

ထို့အပြင် ကျုံးရှောက်က ဒေါင်ကောင်းပြီး ပခုံးကျယ်ကျယ်နှင့် ခြေတံရှည်သူဖြစ်လေရာ ဒိတ်အောက်ဖက်ရှင်များဝတ်လျင်ပင် ကြည့်ကောင်းသူဖြစ်လေ၏။

ထို့ထက်ပိုသည်က ကျုံးရှောက်သည် ရုပ်ရည်ကြည့်ကောင်းပြီး မျက်ခုံးမျက်လုံးကောင်းသူဖြစ်၏။ မျက်ရစ်နှစ်ထပ်နှင့် သူ၏အကြည့်များမှာလည်း စူးရှလှ၏။ နှာတံကလည်း ဖြောင့်စင်းကာ နှုတ်ခမ်းကလည်း မထူမပါးလေးဖြစ်၏။

ကျုံးရှောက်၏ အသားအရောင်က ဖြူသော်လည်း နေလေဒဏ်ခံထားရ၍ အဖြူကြီးတော့မဖြူပါ။ သို့သော် အသားမည်းနေသည်လည်း မဟုတ်ပါ။

ထို့ကြောင့် ကျုံးရှောက်က်ို ပထမဆုံးတွေ့ကြသူများက ကျုံးရှောက်၏ အသွင်အပြင်ကို ခန့်ငြားသည်ဟု ပြောကြ၏။ ကျုံးရှောက်၏ မျက်နှာကျက လူကြိုက်များသည့် မျက်နှာကျဟန် မဟုတ်သော်လည်း ကျုံးရှောက်ကို ခန့်ချောဟု သတ်မှတ်ကြ၏။

ထို့ကြောင့် ကျုံးရှောက်က လင်းဝေ့ထက် ပိုကြည့်ကောင်းသည်ဟု ပြောကြ၏။ နောက်ဆယ်စုနှစ်ကြာလျင်တော့ လင်းဝေ့၏ မျက်နှာကျပုံစံမျိုးက ခတ်စားလာမည်ဖြစ်သော်လည်း ယနေ့ခတ်တွင်တော့ လင်းဝေ့၏ ပိန်ပါးသောပုံစံနှင့် မဝိုင်းသည့် မျက်နှာပုံစံက ပြစ်ချက်ဖြစ်နေ၏။

ထို့ကြောင့် ရုပ်ရည်ပိုင်းအတွက် အမှတ်ပေးရာတွင် လင်းဝေ့က အမှတ်နည်း၏။ ကျုံးရှောက်ကတော့ လူကြားထဲ ထင်းသည့် ရုပ်ရည်ဖြစ်နေ၏။

ထို့ကြောင့် လင်းဝေ့ တပ်ထဲ စရောက်စဥ်က လင်းဝေ့ကိုကြည့်ပြီး တပ်ထဲက လူတွေက ကျုံးရှောက်၏ အမြင်ကို အတင်းတုတ်ကြလေ၏။ ထိုစကားများကို လင်းဝေ့သည် ဘယ်ဘက်နားကကြားလျင် ညာဘက်နားက ထုတ်ပစ်ပြီး စိတ်ထဲ မထားခဲ့ပေ။

လင်းဝေ့သည် သူမရှေ့က စစ်တပ်ယူနီဖောင်းနှင့် အမျိုးသားကို ကြည့်လိုက်ပြီး တွေးနေလိုက်၏။ အပြင်ကလူတွေ ဘယ်လောက်ပဲ သူတို့ကို မလိုက်ဖက်ဘူးပြောနေပါစေ ဘာအရေးလဲ။ ပြောပလေ့စေပေါ့။

အခု သူမ ရှေ့မှာ ရှိနေတဲ့ ကျုံးရှောက်က သူမရဲ့ အပိုင်ဖြစ်နေပြီလေ။

All Chapters