← Chapters

Chapter 120

Vol. 10 Ch. 120

Chapter 120

Vol. 10 Ch. 120

လင်းဝေ့ တပ်ထဲ မဝင်ခင်က ချည်ထည်ပိတ်ထည်များကိုရနိုင်သည့်နေရာက နှစ်နေရာသာရှိပါ၏။ စက်ရုံကနှစ်တိုင်းပေးသည့် ပိတ်ထည်လက်မှတ်နှင့် ကျုံးရှောက် သမဝါယမစျေးက ဝယ်ထည့်ပေးလိုက်သည့် ပိတ်စထည်များဖြစ်၏။

အိမ်အတွက် လိုအပ်သည်များကို စက်ရုံထုတ်ကူပွန်များဖြင့် ဝယ်နိုင်သော်လည်း လင်းဝေ့သည် ကျုံးရှောက်ကိုသာ ကျွန်းပေါ်မှာ ဝယ်ပို့စေပြီး ကွဲရှလွယ်သည့် ပစ္စည်းများကိုသာ သူမဆီမှာ ရှိသည့်လက်မှတ်ဖြင့်ဝယ်လေ၏။

လတိုင်းပို့ပေးသည့် ပစ္စည်းများအပြင် လင်းဝေ့၏ လက်မှတ်များ သုံးသည့်တိုင်အောင် သူမတို့သားအမိသုံးယောက်အတွက် မလောက်ငပေ။

ထို့ကြောင့် လင်းဝေ့တို့ မိသားစုပေါင်းနေရန်ပြင်ဆင်လိုက်ကြကာ ကျုံးရှောက်ကို သူ့တွင် အရေးပေါ်လိုလျင်သုံးရန် စုထားသမျှနှင့် အိမ်အတွက် လိုအပ်သည်များကိုဝယ်ယူစေလိုက်သည်။

လင်းဝေ့ စစ်တပ်ထဲ မပြောင်းလာခင်က သူမလက်ထဲတွင် ရှီးချန်နယ်သုံး လက်မှတ်များ အများအပြားရှိသေး၏။ လက်မှတ်များသည် ယားကျိုကျွန်းတွင်လည်း သုံးမရချေ။ တစ်ခြားလူတွေကိုလည်း စျေးချပြီး ရောင်းပေးဖို့က နှမြောဖို့ကောင်းလှ၏။

ထို့သို့တွေးလိုက်ပြီး အလုပ်မထွက်ခင် လင်းဝေ့သည် လက်မှတ်ဖြင့် စက်ရုံထုတ်ပိတ်စအချို့ဝယ်ခဲ့လိုက်သည်။ သူ့ကလေးတွေကြီးလာလျင် ထိုပိတ်စများဖြင့် အဝတ်အစားအသစ်များ ချုပ်ပေးရန် အသုံးလိုနိုင်သည်ဟုတွေးကာ ဝယ်ခဲ့ခြင်းဖြစ်၏။

လင်းဝေ့၏ တွက်ချက်မှုများက မှန်ကန်သည်ဟု ဆိုနိုင်၏။

ကျွန်းပေါ်ရောက်တော့ ရာသီဥတုပူလာ၍ လျှပ်စစ်ပန်ကာ လိုအပ်လာသောကြောင့် သူများဆီက လက်မှတ်ချေးကာ ဝယ်ယူလိုက်ရရာ ကျုံးရှောက်လတိုင်းရသည့် စက်ရုံထုတ် ပစ္စည်း ကူပွန်လက်မှတ်များမှာ သူများကိုပြန်ဆပ်နေရ၏။ ထို့ကြောင့် လက်ထဲတွင် စက်ရုံထုတ်ကူပွန်လက်မှတ်မရှိပါ။

အဝတ်အထည် လက်မှတ်ကလည်း နှစ်အစပိုင်းတွင်သာပေးလေ့ရှိရာ လင်းဝေ့က ရသည်နှင့် အဝတ်အထည်များဝယ်ပြီးသားဖြစ်နေ၏။ ကျုံးရှောက်အား စစ်တပ်က ထုတ်ပေးသည့် အဝတ်အထည် လက်မှတ်ကလည်း ကျုံးရှောက် အဝတ်အထည်အတွက်သာဖြစ်၍ သုံး၍မရပေ။

ထို့ကြောင့် ပိတ်ထည်စများသာမရှိလျင် ရာသီအကူးအပြောင်းတွင် လင်းဝေ့သည် အဝတ်အထည်အတွက် စိုးရိမ်ရနိုင်၏။

သို့သော် ယခုတော့ ထိုကိစ္စအတွက် ပူစရာမလိုတော့ပါ။ ကလေးနှစ်ယောက်အတွက် အဝတ်အစား အသစ်များရှိနေပြီဖြစ်သည်။

လင်းဝေ့သည် စက်တင်ဘာလလယ် လောက်ကတည်းက ကလေးနှစ်ယောက်အတွက်ဘအဝတ်အစားများ ချုပ်လုပ်နေခဲ့သည်။ လင်းဝေ့၏ လက်ချုပ်နှုန်းဖြင့်သာ ချုပ်လျင် တစ်လလောက်ပင်ကြာနိုင်၏။ အပေါ်ဝတ်များပါ ချုပ်ရမည်ဆိုလျင် နိုဝင်ဘာလလောက်မှာသာ ပြီးမည်ဖြစ်သည်။

သို့သော် ကံကောင်းသည်က လင်းဝေ့နှင့် အလုပ်မှာ ခင်ခဲ့သည့် ဟွမ်အိုက်ယွင်က သူ့အိမ်မှာရှိသည့် အပ်ချုပ်စက်ကို လင်းဝေ့ကို ပေးသုံးစေ၏။ ထို့ကြောင့် အဝတ်အစားများကို အောက်တိုဘာလ လယ်လောက်မှာပင် အပြီးချုပ်ပြီးလေသည်။

ရာသီဥတုကလည်း အရမ်းကြီး မအေးသေး၍ ကလေးများသည် နွေရာသီ အဝတ်အစားများကိုသာ ဝတ်နေကြသေး၏။ ကျောက်လီက စားသောက်ပွဲတွင် အဝတ်အစားအကောင်းများ ဝတ်လာရန်ပြောမှ လင်းဝေ့လည်း ကလေးများကို အဝတ်အစားအသစ်များဆင်ပေးလိုက်၏။

အဝတ်အစား အသစ်များက တန်းရှန့်ယွင်၏ပန်းထိုး ဒီဇိုင်းအတိုင်း ချုပ်ထားခြင်းဖြစ်သည်။ ချုပ်ပုံကတော့ရိုးရိုး လည်ဝိုင်း လက်ရှည်ပုံစံသာဖြစ်ပြီး ထူးခြားသည့်အပိုင်းက ပင်လယ်စာပုံစံအိတ်ကပ်များဖြစ်၏။

မင်မင်၏ အင်္ကျီရှေ့မှာ ဂဏန်းပုံစံလေးဖြစ်ပြီး လက်ထည့်ရန် အိပ်ကပ်ပေါက်နေရာမှာ ဂဏန်းလက်မကလေးဖြစ်၏။ ဂဏန်းကိုယ်ထည်က အိပ်ကပ်နေရာဖြစ်၏။ ရွေ့ရွေ့၏ အင်္ကျီရှေ့မှာတော့ ကျောက်ပုစွန်ပုံလေးနှစ်ကောင်ပုံ အိတ်ကပ် ဖြစ်၏။ ကျောက်ပုစွန်လေးနှစ်ကောင်က ကွေးကွေးလေးဖြစ်နေ၏။

ကလေးနှစ်ယောက်ကို အဝတ်အစားလဲပေးပြီးသည်နှင့် ကလေးနှစ်ယောက်သည် သူတို့၏ အင်္ကျီအိပ်ကပ်ကိုအရမ်းကြိုက်ကြပြီး အိပ်ကပ်ထဲ ကနေကို လက်မထုတ်ကြတော့ချေ။

မင်မင်သည် ပျော်လွန်း၍ ရှောင်ရှီးရှီး အိမ်ကိုသွားကာ သူ့အင်္ကျီအသစ်ကို ကြွားလိုက်သေး၏။

မင်မင်ရဲ့ ဂဏန်းအရုပ် အင်္ကျီအသစ်ကို မြင်တော့ ရှောင်ရှီးရှီးလည်း အားကျသွားပြီး မေးလိုက်၏။" ဒါမင်းတို့ရဲ့ အင်္ကျီအသစ်လား"

"ဟုတ်တယ် ငါ့အင်္ကျီက ဂဏန်းလေး ရွေ့ရွေ့အင်္ကျီက ကျောက်ပုစွန်ပုံလေးး။ ဒါပေမယ့် သူ့အိတ်ကပ်က ငါ့လောက်မကြီးဘူး"ဟု ပြောကာ မင်မင်သည် သူ့ဂဏန်းအိတ်ကပ်က ပိုမိုက်သည်ဟု တွေးနေလိုက်၏။

ရှောင်ရှိီးရှီးကတော့ မင်မင်၏ ဂဏန်းပုံအိတ်ကပ်က မိုက်သည်ဟု တွေးမိသော်လည်း ကျောက်ပုစွန်ပုံအိတ်ကပ်ကလည်း မဆိုးဟုတွေးလိုက်၏။ ခက်တာက သူ့အင်္ကျီမှာ အာ့လိုအရုပ်ပုံမျိုးမရှိတာဖြစ်သည်။

ထို့ကြောင့်တန်းရှန့်ယွင် မီးဖိုချောင်က ထွက်လာတော့ သူ့သား စိတ်ပျက်လက်ပျက်ထိုင်နေသည်က်ိုတွေ့လိုက်ရ၍ အကြောင်းအရင်းကို မေးကြည့်ရာ ပြုံးကာပြောလိုက်၏။

"အိမ်မှာတော့ ဂဏန်းအင်္ကျီတို့ ကျောက်ပုစွန်အင်္ကျီတို့တော့မရှိဘူး။ ဒါပေမယ့် အမေက သားအတွက် ကမာယောက်သွားအင်္ကျီလေး လုပ်ထားတယ်။ သားလိုချင်လား"

ရှောင်ရှိီးရှီးက ပင်လယ်စာ အစုံစားဖူးရာ ကမာယောက်သွားများကလည်း ပင်လယ်စာထဲ ပါမှန်းသိသည်။ ထို့ကြောင့် အမြန်ခေါင်းငြိမ့်ကာ ပြောလိုက်၏။

"လိုချင်တယ် လိုချင်တယ်"

လင်းဝေ့တို့မိသားစု ကျိုးအိမ်ကို ရောက်လာတော့ ရှောင်ရှီးရှီီးက ကမာယောက်သွားအိတ်ကပ်ပါသည့် အင်္ကျီလေးကို ဝတ်ဆင်ထား၏။

မင်မင်က ရှောင်ရှီးရှီးကိုတွေ့တော့ တအံ့တသြမေးလိုက်၏။"မင်းလဲ အင်္ကျီအသစ်ဝတ်ထားတာလား"

"ဟုတ်တယ်လေ ငါ့အမေက ငါ့အတွက် ချုပ်ပေးထားတာလေ" ဟု ရှောင်ရှီးရှီးက ပြုံးပျော်ကာ ပြောလိုက်လေ၏။

မင်မင်က ရွေ့ရွေ့ကို လက်ယက်ခေါ်လိုက်ပြီး ရှောင်ရှီးရှီးဘေးမှာရပ်လိုက်ကာ သုံးယောက်သားဗိုက်တွေကို ဆူထုတ်လိုက်ကြပြီး လက်ဖြင့်ဗိုက်ကို ပုတ်လိုက်၏။

"ငါတို့သုံးယောက် တူတူဆိုရင် ငါတို့က ပင်လယ်စာ ညီအစ်က်ိုသုံးဖော်ပါ။ ငါကတော့ ဂဏန်းကြီးးး"

"ဒါဆိုငါက ကမာကောင်လေးးး" ဟု ရှောင်ရှီးရှီးကလည်း တက်တက်ကြွကြွ ဝင်ပြောလိုက်၏။

ရွေ့ရွေ့ကတော့ ကလည်း မသေချာမရေရာဖြင့် ပြောလိုက်၏။"ဒါဆို ငါက ပုစွန်တုတ်ကြီးပေါ့"

လင်းဝေ့ - "……" ကျောက်ပုစွန် မဟုတ်ဘူးလားးး

………………………

ချစ်စရာ ပင်လယ်စာ အိတ်ကပ်များကြောင့် ကျောက်လီ၊လျိုတန်းနှင့် ယန်းယီတို့မိသားစုက ကလေးသုံးယောက်ကိုတွေ့သည်နှင့် အလွန် သဘောကျသွားကြလေ၏။ကလေးအချင်းချင်းကလည်း အင်္ကျီအသစ်အကြောင်းမေးမြန်းကြရာ အမေတွေ ကိုယ်တိုင်ချုပ်ပေးကြတာမှန်းသိသွားတော့ သူတို့အမေတွေဆီပြေးကာ မင်မင်တို့လို အိတ်ကပ်မျိုးပါသည့်အင်္ကျီများ လိုချင်ကြောင်းပူဆာကြတော့၏။

ကျန်သည့်အမေသုံးယောက်က သူတို့ကလေးတွေရဲ့ပူစာသံကြားတော့ ခေါင်းကိုက်သွားကြ၏။ ဘဲကလေး အရုပ်ဦးထုပ်တုန်းကလည်း သူတို့ကလေးတွေ ပူစာလို့ ချည်ထိုးပန်းထိုးခြင်းကို ကြိုးစားလုပ်ခဲ့ကြရ၏။

"ရှင် ကျွန်မတို့ကို တမင်သက်သက် ဒုက္ခရောက်ရောင်လုပ်နေသလားရှင်" ဟုလျိုတန်းက တန်းရှန့်ယွင်ကိုမေးလိုက်ရာ တန်းရှန့်ယွင်က လင်းဝေ့ကို လက်ညိုးထိုးပြလိုက်ကာ ပြုံးလိုက်သည်။

"ဒီဇိုင်းက ကျွန်မ ဒီဇိုင်းဆိုပေမယ့် ကလေးတွေကို ပထမဆုံးဆင်ပေးတဲ့သူက လင်းဝေ့ပါနော်"

လင်းဝေ့ကလည်း ကျောက်လီကို လက်ညိုးထိုးပြလိုက်ပြီးရယ်မောရင်း ပြောလိုက်၏။"အစ်မကျောက်က အကောင်းဆုံးတွေဝတ်ပြီး လာခဲ့ပါလို့ပြောထားလို့လေ။ပြီးတော့ ပြောသေးတယ် အစ်မကျောက်က သူ့မိသားစုလည်း အဆင့်ချိတ်ချင်လို့တဲ့"

ကျောက်လီ - " ကိုယ့်ဖာသာပြန်ပေးလိုက်ရမလား"

လျိုတန်းနှင့် ယန်းယီ - " ဟိတ် အာ့လိုတော့မလုပ်နဲ့နော်"

ယှဥ်ပြိုင်ရန် စီစဥ်ထားပြီးသားဖြစ်၍ တန်းရှန့်ယွင်၏ ချည်ထိုးအတန်းသားများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်လာကြ၏။

ကျောက်လီလည်း ပွဲ စနိုင်ရန် စကားဖောင်ဖွဲ့နေကြသည့်အမျိုးသားများကို ခေါ်လိုက်ပြီး အမှတ်ပေးစည်းမျဥ်းများကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။

စည်းမျဥ်းစည်းကမ်းများကတော့ ရိုးရှင်းပါ၏။ မိသားစုငါးစု တစ်လှည့်စီ ရှေ့မှာ လျှောက်ပြပြီး အောက်မှာရှိသည့်မိသားစုတွေက အမှတ်ပေးကြမည်ဖြစ်၏။ အမှတ်အများဆုံးရသည့် မိသားစုက အနိုင်ရမည်ဖြစ်၏။

အမှန်အတိုင်းပြောရလျင် အိမ်ထောင်ဦးစီး ယောကျာ်းများက ဒီပြိုင်ပွဲကို မပါဝင်ချင်ကြပါ။ သို့သော် သူတို့အမျိုးသမီးများက ပါဝင်ချင်ပြီး ကလေးများကလည်း တက်ကြွနေကြ၍ မတတ်သာပဲ ဝင်ပြိုင်လိုက်ရတော့၏။

ရိုးရှင်းလွယ်ကူသည့် အမှတ်ပေးစနစ်ဖြင့် အမှတ်ပေးကြပြီးသည့်နောက် ရလဒ်များလည်း ထွက်လာတော့သည်။

ကလေးသုံးယောက်ရဲ့အဝတ်အစားက ချစ်စရာကောင်းလွန်းတာကြောင့် ကျုံးရှောက်တို့ မိသားစုနဲ့ ကျိုးကျန်းဟိုင်တို့မိသားစုက နံပါတ်တစ်နေရာပြေးနေ၏။ ယန်းယိီတို့မိသားစုက နံပါတ်သုံးနေရာ ချိတ်လေ၏။ ချီထောင်တို့မိသားစုကတော့ နံပါတ်မချိတ်ပေ။ ချီထောင်တို့မိသားစုက အဝတ်အစားအသစ်များ ဝတ်လာသည်ဆိုသော်လည်း စျေးမှ ရယ်ဒီမိတ်များ ဝယ်ဝတ်လာခဲ့ခြင်းဖြစ်၏။

လျိုတန်းနှင့် ကျောက်လီတို့ မိသားစုကတော့ လနောက်ကရေတွက်လျင် နံပါတ်တစ် နှစ့် နံပါတ်နှစ်ချိတ်ကြလေ၏။

ပြိုင်ပွဲလေးက အဖြစ်ဆိုပေမယ့် ကျောက်လီက မှတ်စုစာအုပ်နှင့် လက်ရေးမူလက်မှတ်များကို ဆုအဖြစ် သေချာပြင်ဆင်ထားလေ၏။

မှတ်စုစာအုပ်က အဆင်ပြေပေမယ့် ဆုလက်မှတ်က……ပထမ / ဒုတိယ / တတိယ ဆိုတဲ့ စကားလုံးအပြင် "အလှပဆုံးမိသားစု" ဆိုသည့် စာကြောင်းက လူကြီးများကို တွန့်သွားစေ၏။

လျိုတန်းကတော့ ထိုဆုများကို သူယူရမည်မဟုတ်၍ ပြဿနာမရှိပါ။"ဒီလိုတွေတောင် ပြင်ပေးထားတာလား"

"ဟုတ်တယ် ဒီလက်ဆောင်တွေက ကျွန်တော့မိန်းမ သေချာပြင်ဆင်ထားတာ" ဟု လောင်ကျောက်က တက်ကြွစွာပြောပြလေ၏။

နံပါတ် တစ်၊ နှစ်၊ သုံးချိတ်သည့် မိသားစုများက ဆုလက်ဆောင်များ မလိုပါဟုငြင်းကြ၏။ သို့သော် ဆုမချိတ်သည့် မိသားစုဝင်များနှင့် ကလေးများက လက်မခံကြပေ။ မင်မင်သည်လည်း လက်မခံချေ။ ဘာလို့ ဆို ဒီဆုက သူ့ဘဝမှာ ပထမဆုံးရဖူးတဲ့ ဆုလေ။

ရွေ့ရွေ့၊ ရှောင်ရှီးရှီးနှင့် ယန်းယီ၏ ကလေးများက ဆုပေးခြင်းအစီအစဥ်ကို မဖျက်လိုက်ချင်ကြပေ။ သူတို့က အခုမှ ဆုရဖူးကြတာဖြစ်၏။

ဆုရသည့်ကလေးများကို ကျန်သည့်ကလေးများက မနာလိုစွာကြည့်နေကြ၏။ သူတို့လည်း ဆုလိုချင်တယ်လေ။

နောက်ဆုံးမှာတော့ ဆုမရသည့်မိသားစုများနှင့် ကလေးများ၏ တောင်းဆိုမှုကြောင့် ဆုပေးခြင်းအစီအစဥ် စတင်လိုက်တော့သည်။

လင်းဝေ့က မင်မင်ကိုချီ၊ ကျုံးရှောက်က ရွေ့ရွေ့ကိုချီပြီး ကလေးတစ်ယောက်က "အလှပဆုံးသော မိသားစု" ဆိုသည့် လက်မှတ်ကိုကိုင်ကာ တစ်ယောက်က မှတ်စုစာအုပ်က်ို လက်ခံယူလိုက်စဥ် ကျန်သည့်မိသားစုများက ချီးကျူးလက်ခုပ်သြဘာပေးကြ၏။

လင်းဝေ့ စိတ်ထဲတွင်တော့ အတွေးတစ်ခုသာရှိ၏။

အခုခတ်မှာ ကင်မရာမပေါ်သေးလို့ တော်သေးတာပေါ့။

All Chapters