Chapter 121
Vol. 10 Ch. 121
လူအရေအတွက်များတာကြောင့် ကျောက်လီက စားပွဲနှစ်ဝိုင်းပြင်ထားလိုက်၏။ ခြေတံရှည် စားပွဲဝိုင်းတစ်ဝိုင်းက လူကြီးများအတွက်ဖြစ်ပြီး အနည်းငယ် နိမ့်သည့်လေးထောင့်စားပွဲက ကလေးတွေအတွက်ဖြစ်၏။ ထို့ကြောင့် ဟင်းများကိုလည်း နှစ်ပုံခွဲလိုက်ရသည်။
တစ်ဦးလျင် ပန်းကန်နှစ်ချပ်စီ ဝေထားရာ လူကြီးများအတွက် စားပွဲဝိုင်းက ကြီးလို့အဆင်ပြေသော်လည်း ကလေးများအတွက် ဝိုင်းက အဆင်မပြေ၍ တူပန်းကန်လုံးများကို ကိုင်စားစေလိုက်၏။ ကလေးတွေကတော့ စားနေရသ၍ ကိစ္စမရှိပါ။
ထမင်းစားတူများ စတင်မလှုပ်ရှားကြစဥ် လျိုတန်းက ကျောက်လီတို့ အိမ်ပြောင်းနိုင်သည့်အတွက် ဝမ်းသာကြောင်း၊ သူတို့ကို စားသောက်ပွဲဖိတ်သည့်အတွက်လည်း ကျေးဇူးတင်ကြောင်း ပြိုင်ပွဲအတွက် ဆုတွေကို သေချာပြင်ဆင်ပေးထားသည််အတွက်လည်း ကျေးဇူးတင်ကြောင်း ဝိုင်ခွက်ကိုမြောက်ကာ ပြောလိုက်၏။
အားလုံးကလည်း ရီမောပြီး ဝိုင်ခွက်မြောက်ကာ ဂုဏ်ပြုကျေးဇူးတင်စကားပြောပြီး သောက်လိုက်ကြ၏။
ဆုလက်ခံရသည့် အကြောင်းကိုပြန်ပြော၍ လူကြီးများက ရှက်ရွံနေကြသော်လည်း ကလေးများကတော့ ပျော်ရွှင်နေကြ၏။
ပထမပိုင်း ခွက်မြောက်ကာ ဂုဏ်ပြုစကားပြောလိုက်ပြီးနောက် နောက်ပိုင်းလည်း ခဏခဏ ထပ်သောက်နေသည့် လောင်ကျန်းနှင့် ရှင်းတုန်းကို ကျုံးရှောက်၊ ကျိုးကျန်းဟိုင်နှင့် ချီထောင်တို့ကတောင် ဆွဲထားရ၏။
အမျိုးသားများက သောက်နေကြပြီး အမျိုးသမီးများက ချက်လာသည့်ဟင်းပွဲများကို အချင်းချင်းမြည်းနေကြ၏။
ကျောက်လီကတော့ စားသောက်ဆိုင်ကန်တင်းမှာ အမြဲစားသူဖြစ်ပြီး ကျန်သည့်သူများက နေ့တိုင်း သေချာချက်ပြုတ်စားကြသူများဖြစ်၏။ ဟင်းချက်လက်ရာ အကောင်းဆုံးမှာ လျိုတန်းဟု ပြောနိုင်၏။
လျိုတန်းက ကြက်သားမာလာဟင်းနှင့် မာပိုတို့ဖူးဟင်းချက်လာ၏။ ဟင်းနှစ်မျိုးစလုံးမှာ အစပ်ပြင်းသည့်ဟင်းများဖြစ်၍ တန်းရှန့်ယွင်နှင့် ချန်ပါးမေ့တို့က အရမ်းမစားနိုင်ကြပေ။ သို့သော် စားပွဲဝိုင်းရှိ လူအားလုံးက ထိုဟင်းများကို အထူးသဖြင့် မာပိုတို့ဖူးဟင်းကို အလွန်ကောင်းသည်ဟု မှတ်ချက်ပေးကြ၏။
ကျန်သည့်ဟင်းပွဲများထဲတွင် တန်းရှန့်ယွင်၏ လက်လုပ်အချဥ်က လူကြိုက်များလေ၏။
လက်လုပ်အချဥ်ဟင်းပွဲကို လင်းဝေ့အကြံးပေးသည့်အတိုင်းလုပ်ခဲ့ခြင်းဖြစ်၏။ လင်းဝေ့လည်း တန်းရှန့်ယွင်၏ လက်လုပ်အချဥ်လုပ်နည်းကို ကြိုက်ကာ လိုက်လုပ်ကြည့်ဖူး၏။ တန်းရှန့်ယွင် လက်လုပ်အချဥ်ဟင်းပွဲကို လုပ်ပြီး လင်းဝေ့ကမြည်းကြည့်ရာ အလွန်ကောင်းသည်ဟု ပြော၍ စားသောက်ပွဲအတွက် ပြင်လာခဲ့ခြင်းဖြစ်၏။
ပထမတော့ လူတိုင်းကြိုက်ပါ့မလား ဆိုပြီး တန်းရှန့်ယွင်စိုးရ်ိမ်နေခဲ့၏။ လျိုတန်းနှင့် ကျောက်လီ ကတော့ ဟင်းပွဲအထူးအဆန်း မြည်းရမည်ကို စိတ်လှုပ်ရှားနေ၏။ ယန်းယီကတော့ မြည်းကြည့်ရမည်ကို မရဲဖြစ်ကာ တစ်ခြားဟင်းများကိုသာ စားနေ၏။
တန်းရှန့်ယွင်၏ လက်လုပ်အချဥ်မှာ လင်းဝေ့ လုပ်သည်ထက်ပင် ပိုကောင်းလေ၏။ လင်းဝေ့လည်း တန်းရှန့်ယွင် ပြောသည့်အတိုင်း လုပ်ခဲ့ဖူးသော်လည်း ထည့်ရသည့်အဆာပလာ အချိန်အဆများတွင် ပုံမှန်လုပ်နေကြမဟုတ်၍ အရသာပါကွဲသွားခြင်းဖြစ်မည်။
ယန်းယီတစ်ဦးတည်းသာ သိပ်မစား၍ ကျန်သည့်သူများက ဟင်းများ အသေဆွဲနေကြ၏။ ကလေးများဝိုင်းကိုတော့ ဝိုင်ချမပေးပဲ ကြက်သွန်ဖြူ ပုစွန်ပေါင်းဟင်းကိုသာ ချပေးထားရာ ထိုဟင်းကလည်း အကုန်စားပြီးသွားပြီဖြစ်၏။
လင်းဝေ့၏ ဟင်းကလည်း အလွန်စားကောင်းပါ၏။လောင်ကျန်းနှင့် ရှင်းတုန်းက လွဲပြီး ကျန်သည့်လူတိုင်းက နှစ်ပန်းကန်ထက်ပိုသောက် လိုက်ကြ၏။
လောင်ကျန်းနှင့် ရှင်းတုန်းက ကြက်သားစွပ်ပြုတ်ကိုသိပ်မကြိုက်၍ အများကြီး မသောက်ကြခြင်းဖြစ်သည်။ထို့ကြောင့် ဝိုင်ကိုသာ ကျန်သည့်လူတွေထက်ပ်ိုသောက်လိုက်ကာ ဗိုက်ပြည့်နေကြပြီဖြစ်သည်။
လောင်ကျန်းနှင့် ရှင်းတုန်း၏ သောက်နှုန်းက ကျန်သည့်သူများပင် လိုက်မမှိီတော့ချေ။ သို့သော် ရှင်းတုန်းက သိပ်မသောက်နိုင်ချေ။ အပေါင်းအပါများနှင့် သောက်ရသည်ကိုသာ ကြိုက်ခြင်းဖြစ်သည်။ ထို့အပြင် လောင်ကျန်းနှင့်လည်း အတူထိုင်မိရာ အဆက်မပြတ် သောက်မိသွားပြီး ဟင်းများ စားမကုန်ခင်မှာပင် သူတို့နှစ်ယောက် မှောက်သွားတော့၏။ တစ်ယောက်ကိုတော့ သူ့အိပ်ခန်းထဲ ခေါ်သွားပြီးနောက်တစ်ယောက်ကိုတော့ ကျောက်လီ၏ သားအိပ်ခန်းထဲ ခဏလှဲခိုင်းထားလိုက်ရ၏။
လောင်ကျန်းနှင့် ရှင်းတုန်းမှောက်သွားသော်လည်း ကျန်သည့်သူများကတော့ မမှောက်ကြသေးပဲ ဆက်လက်စားသောက်နေကြ၏။
စားသောက်ပြီးကြတော့ အမျိုးသမီးများက စားပွဲဝိုင်းကို ချက်ချင်းမသိမ်းကြပဲ စကားထိုင်ပြောနေကြရာ အမျိုးသားများက ထရပ်လိုက်ကြပြီး ဆေးလိပ်သောက်ရန်ထွက်သွားကြ၏။ ချီထောင်နှင့် ကျိုးကျန်းဟိုင်ကသာ ဆေးလိပ်သောက်ကြပြီး ကျုံးရှောက်က မသောက်ပါ။
ကျုံးရှောက်က်ို ဘယ်သူမှ ဆေးလိပ်မကမ်းကြခြင်းမဟုတ်ပါ။ အမှန်တော့ ချီထောင် ဆေးလိပ်ဘူး စဖွင့်ကတည်းက နှစ်လိပ်ကိုဆွဲကာ ကျုံးရှောက်နှင့် ကျိုးကျန်းဟိုင်ကို ကမ်းပေးခဲ့တာဖြစ်သည်။ သို့သော် ကျုံးရှောက်က လက်ပြလိုက်ကာ "ကျွန်တော်ဆေးလိပ်ဖြတ်နေတာ။ ခင်ဗျားတို့ပဲ သောက်ကြပါ" ဟု ငြင်းလိုက်လေ၏။
ချီထောင်က ဆေးလိပ်ကမ်းပေးသည့်လက်ကို မရုတ်ပဲ သွေးဆောင်လိုက်၏။"တစ်လိပ်လောက်သောက်ရုံနဲ့ ဆေးလိပ်ဖြတ်တာ မပျက်သွား ပါဘူးကွာ"
ကျိုးကျန်းဟိုင်ကတော့ ကျုံးရှောက် ဆေးလိပ်မသောက်ရသည့် အကြောင်းအရင်းကို ရိပ်မိလိုက်ကာ ပြုံးလိုက်သည်။
"နားလည်ပြီ။ လောင်ကျုံးကို သွေးဆောင်မနေနဲ့တော့ သူ့မိန်းမကိုပဲ မေးကြည့်ရမယ် ထင်တယ်"
ခြံဝန်းက ကျယ်သော်လည်း ကျိူးကျန်းဟိုင်၏ ပြောစကားကို လူတိုင်း ဖမ်းမိလိုက်၏။ ထို့ကြောင့် အမျိုးသမီးများက လင်းဝေ့ကို စနောက်သည့်ဟန်ဖြင့်လှမ်းကြည့်လိုက်ကြ၏။
အားလုံးက ရင်းနှီးကြသူများဖြစ်၍ လင်းဝေ့လည်း သူတို့ရဲ့အကြည့်ကို စိတ်ထဲမထားပဲ အားလုံးကြားနိုင်ရန် ခေါင်းကိုမော့ရင်း ပြုံးကာပြောလိုက်၏။"ကျွန်မတို့ မိသားစုက ကိုယ့်သဘောနဲ့ကိုယ် လုပ်ခွင့်ပြုပါတယ်နော်။ လျှောက်မပြောကြနဲ့"
"ဒါဆိုလောင်ကျုံး ဆေးလိပ်သောက်ရင်လည်း ဘာမှ မပြောဘူးပေါ့" ဟု ကျိုးကျန်းဟိုင်က ပြန်မေးလိုက်လေ၏။
လင်းဝေ့ကလည်း ကျုံးရှောက်ကို ပြုံးကာကြည့်လိုက်သည်။"ဆေးလိပ် သောက်မယ် မသောက်ဘူးဆိုတာ သူ့ရဲ့လွတ်လပ်ခွင့်ပဲ။ ကျွန်မက ဘာလုပ်ရမှာလဲ"
ကျိုးကျန်းဟိုင်က လင်းဝေ့စကားကို ကြား၍ အံ့သြသွားပြီး ကျုံးရှောက် လက်မောင်းကို တိုက်လိုက်၏။ "မင်းမိန်းမ ပြောတာ ကြားတယ်နော်။ မင်းသောက်မလား"
ကျုံးရှောက်ကလည်း ကျိုးကျန်းဟိုင် ပုခုံးကို ပြန်တိုက်လိုက်ပြီး ချီထောင်ကို ငြင်းလိုက်၏။"ကျွန်တော် တစ်ကယ် ဆေးလိပ်ဖြတ်လိုက်ပါပြီ"
ကျုံးရှောက်ကတော့ ဆေးလိပ်သောက်မည့်အစား ညကျရင် သူ့မိန်းမပေးမည့်အနမ်းကိုသာ ရွေးချယ်မည်ဖြစ်၏။
ကျုံးရှောက်ကို သွေးဆောင်သော်လည်း အငြင်းခံလိုက်ရ၍ ချီထောင်လည်း ထပ်မပြောတော့ပဲ ကျိုးကျန်းဟိုင်နှင့် သူပဲ ဆေးလိပ်သောက်တော့၏။
အမျိုးသားများက စနောက်တာတွေ မရှိတော့ပေမယ့် အမျိုးသမီးများကတော့ စပ်စုလိုကြ၍ လင်းဝေ့ဘေးနားတိုးသွားကာ အသံတိုးတိုးလေးဖြင့် မေးလိုက်ကြ၏။
"အမှန်အတိုင်း ပြောစမ်းပါ။ ရဲဘော်ကျုံးကို ဝေ့ဝေ့က ဆေးလိပ်ဖြတ်ခိုင်းလိုက်တာလား"
လင်းဝေ့ကလည်း မဖြေပါ။"ဘာလို့ အာ့လိုမေးရတာလဲ"
"နည်းလမ်းလေး သိချင်လို့ပါရှင်။ ကျွန်မရဲ့လောင်ကျန်းကလည်း ဆေးလိပ်စွဲနေတာ။ ဆေးလိပ်တစ်ဘူးကို နှစ်ရက်သုံးရက်တည်းနဲ့ အကုန်သောက်လိုက်တာ။ သူ့ခန္ဓာကိုယ်ကနေ ဆေးလိပ်အနံ့တွေတောင်ရတယ်"
ကျောက်လီက ကျုံးရှောက်တို့အမျိုးသားများစကားပြောနေသည့်နေရာကို လှမ်းကြည့်လိုက်ကာပြောလိုက်၏။
"ကျွန်မလည်း သူဆေးလိပ်ဖြတ်အောင် နည်းအမျိုးမျိုးကြိုးစားခဲ့ပါတယ်။ ဘာဖြစ်လာလဲ သိလား"
ဘာဖြစ်လာမှန်း မပြောလဲ သိနေတာကို ဘာတွေ လာမှန်းခိုင်းနေတာလဲ။
"မဖြတ်ဘူးမလား" လင်းဝေ့ကဖြေလိုက်သည်။
"ဟုတ်တယ်။ ကျွန်မ သူ့ကိုဆေးလိပ်မသောက်ခိုင်းတော့ ခိုးသောက်တယ်လေ။ ကျွန်မ သူ့ကို ဆေးလိပ်ဝယ်ဖို့ငွေမထုတ်ပေးတော့ ဆေးလိပ်သောက်တဲ့ သူဆီသွားပြီး တောင်းသောက်တယ်လေ။ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်မလား" ဟု ကျောက်လီက ပြောလိုက်၏။
အမျိုးသားများ ဆေးလိပ်သောက်သည့်ကိစ္စနှင့်ပတ်သက်၍ တစ်ခြား အမျိုးသမီးများကလည်း ကျောက်လီကဲ့သို့ပင် ခံစားနေရ၏။ "ကျွန်မ ယောကျ်ားလည်း အတူတူပဲ"
ထိုကဲ့သို့ အချင်းချင်းပြောကြပြီး လင်းဝေ့ကို တစ်ယောက်ပြီး တစ်ယောက် လှမ်းကြည့်လိုက်ကြ၏။
လင်းဝေ့ - "……ကျွန်မ အထင်တော့ ဆေးလိပ်ဖြတ်တယ်ဆိုတာ ကိုယ်ကိုယ်တိုင်က ဖြတ်ချင်စိတ်ရှိရမယ် လို့ ထင်တာပဲ"
ကျုံးရှောက် တပ်စခန်းက ပြန်လာသည်နှင့် သူ၏ အဝတ်အစားများနှင့် လက်ကို နမ်းကြည့်ကာ ဆေးလိပ်အနံ့မရလျင် လင်းဝေ့က အနမ်း ဆုချလေ့ရှိ၏။ ကျုံးရှောက်က သူမ၏ အနမ်းကို လိုချင်၍ ဆေးလိပ်ဖြတ်လိမ့်မည်ဟုတော့ မထင်မိပါ။
ပထမအချက်အနေဖြင့် ကျုံးရှောက်သည် အရင်ကလည်း ဆေးလိပ် အရမ်းသောက်သူမဟုတ်ပါ။ ဒုတိယအချက်အနေဖြင့်ကျုံးရှောက်က ဆေးလိပ်ကိုလည်း မဖြတ်ချင်ခဲ့ပါ။ သူသောက်ချင်လျင် လင်းဝေ့မသိအောင် သောက်လို့ရမည့် နည်းလမ်းများစွာရှိပါ၏။
မိသားစုတော်တော်များများမှာ အိမ်ထောင်ဦးစီးက ဆေးလိပ်သောက်၍ ရန်ဖြစ်ကြသည့်ကိစ္စများလည်း ရှိကြပါသည်။ ထို့ကြောင့် သူတို့က ကျုံးရှောက် ဘာ့ကြောင့် ဆေးလိပ်ဖြတ်လိုက်သည်ဟူသည်ကို သိလိုကြ၏။
အမှန်တော့ ကျုံးရှောက်လည်း အရင်ကဆေးလိပ်သောက်သူဖြစ်သောကြောင့် လင်းဝေ့က အမှန်အတိုင်းပြောလိုက်၏။
"ကျွန်မ တပ်ထဲ စပြောင်းလာတော့ သူ့ပစ္စည်းတွေ သိမ်းဆည်းရင်း ဆေးလိပ်ကူပွန်လက်မှတ် တွေ အများကြီး တွေ့လိုက်ရလို့ စိတ်ပူတာနဲ့ လွန်ခဲ့တဲ့ နှစ်လကျော်က ဆေးရုံကို ခေါ်သွားပြီး ဆေးစစ်ဆေးချက်သွားလုပ်လိုက်တာလေ။ သူ့အဆုတ်ကျန်းမာရေးကိုဂရုစိုက်ဖို့လည်း ပြောလိုက်ရတယ်"
"ဒါနဲ့သူက ဆေးလိပ်ဖြတ်လိုက်ရောလား" ဟု ကျောက်လီက မယုံကြည်နိူင်စွာမေးလိုက်၏။
လင်းဝေ့ကလည်း ခေါင်းငြိမ့်လိုက်၏။"ကျွန်မလည်း အာ့လိုပြောလိုက်ရော သူက ဆေး လိပ်ဖြတ်နိူင်အောင် ကြိုးစားတော့တာပဲ။ လုံးဝပြတ်သွာတာတော့ မကြာသေးပါဘူး"
"ရဲဘော်ကျုံး ကိုယ်တိုင်ကလည်း ဖြတ်ချင်စိတ်ရှိလို့ပဲ။ကျွန်မ ယောကျာ်းကတော့ ဆယ်ခါပြောရင်တောင်ဖြတ်နိုင်မှာ မဟုတ်ဘူး"ဟု လျိုတန်းက ပြောလိုက်ပြီးတစ်ခဏစဥ်းစားလိုက်ကာ လင်းဝေ့ကို ထပ်မေးလိုက်၏။
"အဆုတ်ဆေးစစ်ချက်လုပ်လိုက်တာ တစ်ကယ်ကို ထိရောက်သွားတာလား"
" သူတို့က သေရမှာ ကြောက်တဲ့သူဆိုရင်၊ ဆရာဝန်စကားတော့ နားထောင်ကြမှာပါ။"သေရမှာ မကြောက်တဲ့ သူတွေကို တော့ ဒီနည်းအတိုင်းမရလောက်ပေ။"
လျိုတန်းကလည်း တစ်ခဏ ပြန်စဥ်းစားလိုက်၏။
"ဒါဆိုရင် ကျွန်မလည်း တစ်ရက်လောက် ဆေးစစ်သွားဖို့ သူ့ကို ခေါ်သွားရမယ်"
လျိုတန်းက ထိုသို့ပြောလာတော့ ကျောက်လီကလည်း မြန်မြန် ဆုံးဖြတ်ကာပြောလိုက်၏။"ကျွန်မလည်း တစ်ရက်ကျ လောင်ကျန်းကို ပြောပြရမယ်"
ထိုနှစ်ယောက်ပြောပြီးနောက် တန်းရှန့်ယွင်နှင့် ယန်းယီကလည်း သူတို့ယောကျာ်းများကို ဆေးရုံခေါ်သွားပြီး ဆေးစစ်ပေးရန် တွေးလိုက်ကြ၏။ သို့သော် သူတို့ယောကျာ်းများက ဆေးစစ်ပြီးတာနဲ့ ဆေးလိပ်ဖြတ်မည် မဖြတ်မည်ကိုတော့ မသေချာပါ။
သူတို့ပြောသည်က်ိုနားထောင်ပြီး လင်းဝေ့က ပြောလိုက်၏။"ကျွန်မကြားဖူးတာတော့ ဆေးလိပ်ကိုယ်တိုင်သောက်တဲ့သူထက် ဆေးလိပ်တစ်ဆင့်ခံသောက်တဲ့ သူတွေက ပိုအန္တရာယ်များတယ်တဲ့။ သူတို့ကဆေးလိပ်မဖြတ်ချင်ဘူးဆိုရင်တောင် ကလေးတွေကိုငဲ့ခိုင်းပြီး အိမ်မှာတော့ မသောက်တာ အကောင်းဆုံးပဲ"
"ဆေးလိပ်တစ်ဆင့်ခံ သောက်တယ် ဆိုတာ ဘာလဲ"
ကျောက်လီက နားမလည်၍မေးလိုက်သည်။
" သူတို့က ဆေးလိပ်ကို ကိုယ်တိုင်သောက်ကြတာလေ။ ကျွန်မတို့က သူတို့ မှုတ်ထုတ်လိုက်တဲ့ အငွေ့ကို ရှုပြီး တစ်ဆင့်ခံ ဆေးလိပ်သောက်မိတဲ့ သူတွေပေါ့။ ကျွန်မ ကြားဖူးတာတော့ အာ့လို တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုမိတဲ့ သူတွေက ကင်ဆာလိုမျိုး ရောဂါဆန်းတွေ ဖြစ်နိုင်ချေပိုများတယ်တဲ့" ဟု လင်းဝေ့က ပြန်ရှင်းပြလိုက်၏။
"အာ့လောက်တောင် ဆိုးလား" ဟု ယန်းယီက ရေရွတ်လိုက်၏။
"ကျွန်မလည်း သေချာတော့မသိဘူး။ ဒါပေမယ့် ဆေးလိပ်ငွေ့ကို မရှုမိတာ ပိုကောင်းမယ်"ဟု လင်းဝေ့ကပြန်ပြောလိုက်သည်။
လင်းဝေ့၏ စကားကိုကြားလိုက်တော့ အမျိုးသမီးတိုင်းက သူတို့၏ အမျိုးသားများကို ဆေးစစ်ဆေးဖို့သေချာပေါက် ခေါ်သွားရမည်ဟု ဆုံးဖြတ်လိုက်ကြ၏။ မဟုတ်လျင် သူမတို့ကိုယ်တိုင်လည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုမိသူများဖြစ်သွားနိုင်၏။
ထို့ကြောင့် အမျိုးသားများဆေးလိပ်မသောက်စေရန် တန်းရှန့်ယွင်နှင့် ယန်းယီက သူတို့ကို ကလေးများအား ရွှေစွန်ညိုကစားနည်း ခေါ်ကစားခိုင်းလိုက်၏။
ကျိုးကျန်းဟိုင်နှင့် ချီထောင်က ကလေးများကို ခေါ်မဆော့ချင်ကြသော်လည်း သူတို့အမေများ၏ အဖေနှင့်ဆော့ဟူသည့် စကားကြောင့် ကလေးများက မျှော်လင့်နေကြသည်ကို မြင်ရ၍ စိတ်ပျော့သွားကာ သဘောတူလိုက်သည်။