← Chapters

Chapter 122

Vol. 10 Ch. 122

Chapter 122

Vol. 10 Ch. 122

စားသောက်ပွဲပြီးကြတော့ ကျောက်လီနှင့် ကျန်သည့်အမျိုးသမီးများက ပင်လယ်စာ အိတ်ကပ်ပါ အင်္ကျီများချုပ်လုပ်နည်းသိရန် တန်းရှန့်ယွင်၏ အိမ်ကို လိုက်သွားကြ၏။

လင်းဝေ့တို့တွေ ပျော်ပွဲစားလုပ်ကာ အလုပ်ရှုပ်နေကြတုန်း မိသားစုအ်ိမ်ရာကို အရာရှိဇနီးသည်တစ်ယောက်ပြောင်းလာမည်ဟု သတင်းရလိုက်၏။

လင်းဝေ့ကတော့ သူမတို့အိမ်ဘေးကို ပြောင်းလာလိမ့်မည်ဟု ထင်လိုက်၏။ အဘယ့်ကြောင့်ဆိုသော် လင်းဝေ့တို့ဘေးရှိ ကျောက်မိသားစု နေခဲ့သည့်အိမ်က ကျယ်ဝန်းပြီး အိမ်ရာအဟောင်းများထဲတွင် အပျက်အစီးအနည်းဆုံးအိမ်ဖြစ်ကာ ပြုပြင်ထိန်းသိမ်းရန်လည်း သိပ်မလိုပေ။

သို့သော် တစ်ဖက်သူက လက်ထပ်မှတ်ပုံတင်ပြီး နေအိမ်ကိုလည်း အောက်တိုဘာလကုန်တွင် သတ်မှတ်ပြီးဖြစ်၍ ကျောက်မိသားစု ပြောင်းပြီးချိန်တွင် သူတို့က အိမ်ရပြီးဖြစ်နေ၏။ ထို့ကြောင့် အိမ်ရာအဟောင်းကိုတော့ မပြောင်းလာနိုင်တော့ပါ။

ထို့ကြောင့် လင်းဝေ့တို့ အိမ်ဘေးရှ်ိအိမ်က လတ်တလောတော့ လူနေဦးမည်မဟုတ်ပါ။

လူမရှိသေးတာလဲ ကောင်းပါ၏။ တစ်ဘက်လူက ဘယ်လိုစိတ်နေ သဘောထားရှိလဲမှ မသိတာ။

ဤသို့ဖြင့် နိုဝင်ဘာလထဲ ဝင်လာတော့ ကျောက်လီနှင့် တစ်ခြားမိတ်ဆွေများ အလုပ်ရှုပ်သကဲ့သို့ သူမသားများ ရွေ့ရွေ့နှင့် မင်မင်ကလည်း အလုပ်ရှုပ်နေကြလေ၏။ မနက်ဖြန်ကျောင်းကို လိုက်ရမည့်အကြောင်းပြောတော့ ကလေးနှစ်ယောက်လုံးက မနက်ဖြန် ရှောင်ရှီးရှီးနှင့်အရေးတကြီး ဆွေးနွေးစရာရှိသည်ဟုဆိုကာ အမြဲ ငြင်းကြလေ၏။

တစ်ကြိမ်နှစ်ကြိမ် မလိုက်တာက လက်ခံ၍ ရသော်လည်း ခဏခဏ ကျောင်းကို လိုက်မလာတော့ လင်းဝေ့ သံသယရှိလာ၏။ ဒီကောင်လေးတွေ နေ့တိုင်းဘာတွေများ ဆွေးနွေးနေကြပါလိမ့်။ သူတို့ကိုလည်း တစ်နေ့သုံးနာရီလောက် အတူဆော့ခိုင်းနေကြကို အရေးကြီး ကိစ္စဆွေးနွေးဖို့ အချိန်မလောက်လို့လားး။

ရှောင်ရှီးရှီးအိမ်မှာ ဆော့ဖို့ပဲ သွားတာ မဟုတ်လား။

အမှန်အတိုင်းပြောရင် လင်းဝေ့က မသွားခိုင်းမည်ကိုစိုး၍ လား။ သူတို့ဖုံးကွယ်ထားလျင်လည်း လင်းဝေ့ကတော့ ခွင့်မပြုနိုင်ပါ။

ထို့ကြောင့် ယနေ့မနက်ခင်းလေးမှာလဲ မင်မင်နှင့်ရွေ့ရွေ့က ရှောင်ရှီးရှီးနှင့် အရေးကြီးကိစ္စ ဆွေးနွေးစရာရှိသည်ဟုဆိုကာ ကျောင်းကိုလိုက်ဖို့ငြင်းပြန်၏။ ဒီတစ်ခါတော့ လင်းဝေ့က သူတို့ကို ရွေးချယ်စရာ နှစ်ခုပေးလိုက်သည်။ သူတို့လေးတွေ ဘာကိစ္စဆွေးနွေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြမလား။ ဒါမှမဟုတ် ကျောင်းကိုလိုက်ခဲ့မလား ဟူ၍ဖြစ်၏။

လင်းဝေ့လည်း ရွေးချယ်ရမည့် နှစ်ချက်ကို ပြောလိုက်တော့ ကလေးနှစ်ယောက်က တိတ်သွား၏။

လင်းဝေ့ကလည်း ပြုံးလိုက်သည်။"ကဲ သားတို့က မေ့မေ့ကို မပြောပြချင်ဘူးဆိုတော့လည်း မေမေနဲ့အတူ ကျောင်းလိုက်ခဲ့ရမယ် ဟုတ်ပြီလား"

"မလိုက်ဘူး" မင်မင်က ရုတ်တရက် ထအော်လိုက်၏။

လင်းဝေ့လည်း သူ့သားကိုကြည့်လိုက်ပြီးပြောလိုက်သည်။"ဒါဆိုလည်း သားတို့ဘာတွေဆွေးနွေးတယ်ဆိုတာ အမြန်ပြောပြ။ အခု ၆နာရီ ၄၅မိနစ်ရှိနေပြီ ထမင်းစားပြီးရင် အမေက ကျောင်းသွားရတော့မှာ အချိန်မရှိတော့ဘူး"

"သားတို့က …" မင်မင်က ပြောရမပြောရ စဥ်းစားနေ၏။

"အင်းး သားတို့က ဘာတွေဆွေးနွေးကြတာလဲ"

"သားတို့က ရှောင်ရှီးရှီးအိမ်ကို စာသင်ဖို့သွားကြတာ" ဟုရွေ့ရွေ့က စ ပြောလိုက်လေ၏။

လင်းဝေ့ကြောင်အသွား၏။"သားတို့က စာသင်ဖို့သွားတယ်။ ဘယ်သူ့ကိုစာသင်ဖို့လဲ"

သူတို့အမေ စိတ်မဆိုးတာကိုတွေ့တော့ မင်မင်က ပြောရဲသွား၏။"ဟုတ်တယ် သားတို့က စာသင်တဲ့ဆရာတွေလေ။ သားက ဆရာမင်မင်၊ သားညီလေးရွေ့ရွေ့က ဆရာရွေ့ရွေ့၊ ရှောင်ရှီးရှီးက ဆရာရှောင်ရှီးရှီးလေ"

လင်းဝေ့တစ်ယောက် သူမ ရေသောက် မနေတာကို ကျေးဇူးတင်မိ၏။ မဟုတ်လျင် ပြောပြနေသည့်သူမသားများအပေါ် ရေများဖူးကနဲ မှုတ်ထုတ်လိုက်နိုင်၏။သို့သော် မရီလိုက်ပဲ ထိန်းလိုက်ပြီး အပြုံးလေးနှင့် မေးလိုက်၏။

"ဟုတ်ပြီ သားတို့က ဆရာတွေဆိုတော့ ဘယ်သူက ကျောင်းသားလဲ"

" ဒေါ်လေး ပါးမေ့ လေ"

" ပါးမေ့ ??? " လင်းဝေ့အံ့သွား၏။

"သားတို့က ဒေါ်လေးကို ဘာတွေသင်ပေးတာလဲ"

"စာရေး စာဖတ်သင်ပေးတာလေ။ အခုဆို ဒေါ်လေးပါးမေ့က ဗျည်းအက္ခရာတွေကိုတောင် သင်ပြီးနေပြီ"

မင်မင်က သူ့ရင်ဘတ်ကို ပုတ်ပြီးပြောလိုက်၏။

"သား သင်ပေးထားတာလေ"

"သား က သင်ပေးတယ်"လင်းဝေ့ ပိုအံ့သြသွား၏။ မင်မင်ကို မယုံ၍တော့မဟုတ်ပေ။ မင်မင်က ကလေးသုံးယောက်ထဲတွင် အနောက်က စာသင်လျင် အရှေ့ပိုင်းက စာကို မေ့တတ်သူဖြစ်သည်။ အခုတော့ စကားလုံးများကိုမှတ်မိနေပြီ ဖြစ်သော်လည်း အသံကတော့ လျှာလိပ်နေတတ်ပြီး နှာသံထွက်နေကာ မပီသေးပေ။

အခုတော့ ပါးမေ့ကိုတော့ စာသင်ပေးနေပြီဆို၍ အံ့သြနေမိ၏။ တစ်ဦးကလည်း သင်ပေးရဲပြီး တစ်ဦးကလည်း သင်ယူရဲ၍ ပိုအံ့သြမိ၏။

"သားမသိတာတွေ ဆို ရှောင်ရှီးရှီးက သင်ပေးတယ်။ ရှောင်ရှီးရှီး မသိတာတွေ ဆိုရင်တော့ ရွေ့ရွေ့က သင်ပေးလိုက်တယ်။ ဒါ့ကြောင့် သားတို့က အခု ဆရာ တွေဖြစ်နေကြပြီ" ဟု မင်မင်က ဂုဏ်ယူစွာပြောလိုက်လေ၏။

သူတို့ဆရာဖြစ်နေပြီဆိုသည့်အကြောင်းပြောပြကာ မင်မင်က မေးလိုက်၏။"မေမေ သားတို့ အကုန်ပြောပြပြီးပြီဆိုတော့ မေမေနဲ့ ကျောင်းမလိုက်လို့ရပြီလား"

ညီအစ်က်ိုနှစ်ယောက် လင်းဝေ့နောက် နှစ်လလောက် ကျောင်းလိုက်လာပြီးနောက် ရွေ့ရွေ့ကတော့ ပိုသိပိုတတ်လာပြီး မင်မင်ကတော့ စာနားမလည်၍ ပိုပိုဦးနှောက်ခြောက်လာလေ၏။

မင်မင်က ဉာဏ်မကောင်း၍တော့ မဟုတ်ပါ။ သင်ခန်းစာများကို သေချာ လိုက်နားမထောင်၍ ဖြစ်သည်။ သင်ခန်းစာက လွယ်ကူရိုးရှင်းသော်လည်း မင်မင်က သေချာနားမထောင်ပေ။ သေချာနားမထောင်တော့ နားမလည်ချေ။ နားမလည်တော့ ပိုခက်လာ စသည်ဖြင့် သံသရာလည်နေလေရှာ၏။

မင်မင်က သူ့အမေနှင့် အတူ စာသင်ခန်းထဲမှာ လိုက်မထိုင်ချင်ပါ။ သူ့အမေက တစ်ခါတစ်လေ အပြင် ထွက်ဆော့ခိုင်းသော်လည်း မင်မင်စိတ်ထဲမှာတော့ အပြင်ထွက်ဆော့တာထက် စာသင်သည့် ဆရာလုပ်ရတာက ပိုပျော်စရာကောင်းသည်ဟု ထင်မိ၏။ သူ မသိတာတွေရှိသေးပေမယ့် စိုးရိမ်စရာမလိုပါ။ သူ့ညီလေး ရှိတယ်လေ။

လင်းဝေ့က ချန်ပါးမေ့ကို စာသင်ယူသည့်အခြေအနေဘယ်လိုလဲမေးချင်ပေမယ့် ကျောင်းသွားရဦးမည်ဖြစ်၍ အချိန်ကမရတော့ပါ။ ထို့ကြောင့် ကလေးနှစ်ယောက်ကို ခွင့်ပြုလိုက်၏။

"ဟုတ်ပြီ သားတို့ကို ရှောင်ရှီးရှီး အိမ်ပြန်ပို့ပေးမယ်"

မင်မင် ပျော်ရွှင်စွာအော်လိုက်ပြီး သူ့ညီလေးကို ဖက်လိုက်ကာ ပြည်နယ်စားသောက်ဆိုင်ကန်တင်းမှ ခုန်ပေါက်ထွက်သွား၏။

ပြည်နယ်စားသောက်ဆိုင်ကန်တင်းမှ ထွက်လာပြီး လင်းဝေ့သည် ကလေးနှစ်ယောက်ကို ကျိုးအိမ်ဆီ ပြန်လိုက်ပို့လိုက်၏။ မနက်ခင်း စာကျက်တန်းစရန်အချိန်အနည်းငယ်လိုသေး၍ လင်းဝေ့သည် ချန်ပါးမေ့ကို စာသင်ယူမှုအဆင်ပြေမပြေ သူ့ကလေးများကို ယုံ၍ရမရ အနည်းငယ်မေးမြန်းပြီး ကျောင်းကို အမြန်သုတ်ခြေတင်လေတော့၏။

ယနေ့ မနက်ခင်းစာကျက်တန်းကလည်း ပုံမှန်အတိုင်းသာဖြစ်ပြီး အတန်းပြီးတော့ လင်းဝေ့သည် ထမင်းဘူးယူကာ နေ့လည်စာ စားရန်ပြည်နယ်စားသောက်ဆိုင်ကန်တင်းကိုသွားလိုက်၏။

ပြည်နယ်စားသောက်ဆိုင်က ဟင်းအမျိုးအမည်စုံလင်လှကာ တစပတ်နှင့် တစ်ပတ်လည်း ဟင်းကမထပ်ပေ။ ယားကျိုကျွန်းသည် အပူပိုင်းဒေသကျွန်းဖြစ်ကာ အစားအသောက် ပေါများသောကြောင့် ဖြစ်၏။

ယားကျိုကျွန်းသည် ပူပြင်း၍ ဆောင်းရာသီကလည်း မရှိသလောက်ဖြစ်၏။ ထို့ကြောင့် အသီးအနှံကလည်း ရာသီအလိုက်ရှိ၏။ အသီးအနှံ အမျိုးအစား တစ်ဒါဇင်ခန့်ရှိရုံဖြင့် ဟင်းအမျိုးအမျိုးကို တွဲဖက်၍ ချက်ပြုတ်နိုင်၏။

ကြက်၊ ဝက်၊ဘဲ စသည့်အသားဟင်းများ မဆိုထားနှင့် ပင်လယ်စာဟင်းလျာများလည်း အစုံအလင်ရှိသေး၏။အသားဟင်းများကလည်း တစ်ပတ်နှင့်တစ်ပတ် ထပ်ခြင်းမရှိပါ။

ပြည်နယ်စားသောက်ဆိုင် ကန်တင်းထဲ လင်းဝေ့ဝင်လာတော့ အစားအသောက်ဝေပေးသည့် ကောင်တာဘက်ကို လူများမများ အရင်ကြည့်လိုက်သည်။

ပြည်နယ်စားသောက်ဆိုင်ရှိ အစား အသောက်ဝေပေးသည့်ကောင်တာပေါက် နှစ်ပေါက်ရှိရာ ကောင်တာ တစ်ခုချင်းစီတွင် လူ လေး ငါးယောက်သာရှိ၏။ တန်းစီနေသည့် သူများကလည်း ကျောင်းသူ ကျောင်းသားနှင့် ဆရာမများသာ ဖြစ်ကြ၏။

ဆရာမများကလည်း လင်းဝေ့ကဲ့သို့ မနက်ခင်းစာကျက်တန်းဝင်ရမည်ဖြစ်၍ ဟင်းမချက်နိုင်ကြသည့် ဆရာမများဖြစ်၏။ ကျောင်းသားအများစုကတော့ မိဘများ အလုပ်ရှုပ်၍ ထမင်းဟင်း မချက်ပေးနိုင်သောကြောင့် စားသောင်ဆိုင်မှာ လာဝယ်စားရခြင်းဖြစ်၏။ မိဘများ အလုပ်ဆင်းချိန်နှင့် ကြုံလျင်တော့ စားသောက်ဆိုင်ဝယ် လူပြည့်နေမည်ဖြစ်သည်။

လင်းဝေ့ကိုမြင်တော့ ဆရာမများနှင့် ကျောင်းသားများက နှုတ်ဆက်ကြ၏။ လင်းဝေ့လည်း ပြုံးကာပြန်နှုတ်ဆက်လိုက်ပြီး ကောင်းတာတစ်ခုရှေ့တွင် တန်းစီလိုက်သည်။

ယနေ့ ခင်းထားသည့် ဟင်းများမှာ ပင်လယ်စာဟင်းများပါ၏။ ပင်လယ်ငါးနှပ်၊ ကမာကောင်ဟင်း၊ မာပိုတို့ဟူးဟင်းနှင့် ငရုတ်ပွကြက်ဥမွေကြော်တို့ဖြစ်ပြီး ကျန်သည့်ဟင်းက ဂေါ်ဖီထုပ်သုတ်နှင့် ပင်လယ်ရေညှိသုတ်တို့ဖြစ်၏။

လင်းဝေ့လည်း မီနူးကိုဖတ်ပြီး ငွေရှင်းကောင်တာဆီသွားကာ ပိုက်ဆံနှင့် ကူပွန်လက်မှတ် ပေးပြီး ကောင်တာရှိလူရေးပေးလိုက်သည့် ဖြတ်ပိုင်းကို ယူလိုက်ကာ အစားအသောက် ဝေပေးသည့်ကောင်တာမှာ သွားတန်းစီလိုက်၏။

အစားအသောက် ဝေပေးသည့်ကောင်တာ နှစ်ခုမှာရှိသည့်သူများက ကောင်းရှို့လျန်လိုတော့ မဟုတ်ကြပါ။ ကောင်းရှို့လျန်သာ အစားအသောက် ဝေပေးသည့်ကောင်တာတွင် လုပ်နေသေးလျင် ထိုကောင်တာ မှာ ဘယ်သူမှ တန်းစီကြမည်မဟုတ်ပါ။

သူမရှိတာလည်း ကောင်း၏။ မဟုတ်လျင် စားသုံးသူတွေကလည်း စိတ်အနှောက်အယှက် ဖြစ်ရကာ ပြည်နယ်စားသောက်ဆိုင်အတွက်လည်း မကောင်းပေ။

လင်းဝေ့အလှည့်ရောက်တော့ လင်းဝေ့က သူမလိုချင်သည့်ဟင်းများကို လက်ညိုးထိုးပြလိုက်၏။အစားအသောက် ထည့်ပေးသည့် ကောင်တာက အစ်မကြီးကလည်း လင်းဝေ့တွင် ကလေး နှစ်ယောက်ရှိမှန်းသိကာ လင်းဝေ့ပြောသည့်အတိုင်း ထည့်ပေးလိုက်လေ၏။

ဟင်းများထည့်ပေးပြီး ချိန်တွယ်ပြီးနောက် လင်းဝေ့ဆီ ထမင်းဘူးကမ်းပေးလိုက်ကာ မေးလိုက်၏။ "ဟင်းရည်ယူဦးမလား"

"မယူတော့ဘူး " ဟု လင်းဝေ့က ငြင်းလိုက်၏။

"ဟုတ်ကဲ့ပါ" တစ်ဖက်လူကလည်း လင်းဝေ့ငြင်းလိုက်၍ ထမင်းဘူး ကမ်းပေးလိုက်ပြီး လင်းဝေ့နောက်ရှိ တန်းစီနေသည့်လူအတွက် ဟင်းများပြန်ထည့်ပေးလိုက်တော့၏။

………………………

လင်းဝေ့ ထမင်းဘူးကိုင်ကာ အိမ်ပြန်လာတော့ ကျိုးအိမ်ကို သူ့ကလေးများခေါ်ရန် အရင်သွားလိုက်သည်။ ကျိုးကျန်းဟိုင် အိမ်ကိုရောက်တော့ ချန်ပါးမေ့က ကလေးများနှင့် အပြင်ဘက် မှာ ထမင်းစားရန်ပြင်နေသည်ကို တွေ့လိုက်ရ၏။

လင်းဝေ့လည်း ထမင်းစားပွဲမှာထိုင်ပြီး ထမင်းဟင်းများ သူ့ကလေးနှစ်ယောက်ကို ခွဲဝေပေးလိုက်၏။

ထမင်းစားကြရင်း တစ်ဝက်လောက်ရောက်တော့ ချန်ပါးမေ့ကို စာဖတ်သည့် အခြေအနေ မေးလိုက်၏။

ချန်ပါးမေ့ကလည်း ဖုံးကွယ်မထားပဲ သူသိထားသမျှ အမှန်အတိုင်း လင်းဝေ့ကို ပြောပြလေ၏။

အမှန်တော့ ကလေး သုံးယောက်က အများကြီး သိကြသေးသည်မဟုတ်ပါ။ ကလေးများကလည်း စာသင်ထားသည်မှာတစ်လလောက်ပဲ ရှိသေး၏။ ချန်ပါးမေ့ကို စာသင်ပေးဖို့ လင်းဝေ့က သူတို့ကိုယုံကြည်ကာ ခွင့်ပြုပေးခဲ့တာဖြစ်သည်။

ထို့အပြင် ရှောင်ရှီးရှီးကလည်း ဘယ်လို သင်ကြားရမလဲဆိုတာ သိပ်မသိပေ။ ချန်ပါးမေ့ကို စာကြည့်ခိုင်းထားကာ မေးစရာရှိ၍ မေးလာလျင်လည်း မသိသည်က များ၍ စာသင်သည့်နှုန်းက ရှေ့မရောက်ဖြစ်နေ၏။

ချန်ပါးမေ့က လင်းဝေ့ကို သူတို့သင်ပေးသည့်သာ ဖတ်ပြတော့ ကလေးသုံးယောက်က သူတို့အမေလိုမျိုးပြန်သင်ပြပေးနိုင်၍ မှန်သည်ဟုထင်နေကြ၏။

ရှောင်ရှီးရှီးက ချန်ပါးမေ့ကို လင်းဝေ့ဆီက သင်ယူလျင် ပို ကောင်းမည်ကို သိသော်လည်း လင်းဝေ့ကို မမေးရဲဖြစ်နေ၏။ ထို့ကြောင့် ချန်ပါးမေ့ကိုသာ စာဖတ်ခိုင်းရင်းသင်ပေးနေရ၏။

မင်မင်က ထိုအကြောင်းကြားတော့ "မင်း မသင်နိုင်ပေမယ့် ငါသင်နိုင်တယ် " ဟု ပြောလိုက်လေ၏။

မင်မင်သည် သူတို့ကလေးသုံးယောက်ထဲတွင် အိမ်စာ မလုပ်ချင်ဆုံးဖြစ်ပြီး စာလည်း မသင်ဖူးသော်လည်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိဖြင့် သူများကိုပြန်သင်ပေးရန်စိတ်ကူးနေ၏။

"အားလုံးက သားသင်တာကောင်းတယ် ဆိုလို့ သားလည်း အံ့သြနေတာ" ဟု မင်မင်က ပြောလေရာ ရွေ့ရွေ့က ဝင်ထောက်လိုက်လေ၏။

"အမှားတွေလည်း လုပ်သေးတယ်လေ"

"ဘယ်တုန်းက ငါအမှားလုပ်လို့လည်း ငါ တစ်လုံး နှစ်လုံး သုံးလုံး လေးလုံး ငါးလုံး နဲ့ ခြောက်လုံးပဲ မှားတာပါ ပထမဆုံး စာသင်ဖူးတာမို့လို့ အာ့လောက်မှားတာလေ။ အများကြီးမှားတာ ဘာဖြစ်လဲ " ဟု မင်မင်က ပြန်ပြောလေ၏။

လင်းဝေ့ လေ သီးသွားလေ၏။ သူမထင်သည်က မင်မင်အမှား လုပ်လျင်လည်း ၇ ခါ ၈ ခါ လောက်သာ ရှိမည်ဟုထင်ထားခဲ့တာလေ။ အခုတော့ ခဏခဏ အမှား အများကြီး လုပ်တယ်ဆိုပါလား။

"သားက ဗျည်းအက္ခရာ ဘယ်နှစ်လုံးသင်ပေးတာလဲ"

မင်မင်ပြန်စဥ်းစားကာပြောလိုက်သည်။"တစ်ဒါဇင်လားးး။ ၇ လုံးလား ၈ လုံးလား။ သားသေချာ မမှတ်မိတော့ဘူး"

"တစ်ဒါဇင်လား ၇ လုံး ၈ လုံးလား " ဟု လင်းဝေ့က ထပ်မေးလိုက်၏။

All Chapters