← Chapters

Chapter 123

Vol. 10 Ch. 123

Chapter 123

Vol. 10 Ch. 123

"အစ်ကိုကြီးက ၈ လုံးသင်တာ။ ခြောက်လုံးလောက်မှားနေတော့ မသိတော့တာနဲ့ သားနဲ့ ရှောင်ရှီးရှီးကို ပြန်သင်ခိုင်းလိုက်တာ" ဟု ရှောင်ရှီးရှီးက ဝင်ပြောလိုက်ရာ မင်မင်သာ် အနည်းငယ်ရှက်သွားပြီး ရင်ကို ကော့ကော ပြန်ပြောလိုက်၏။

"ဒါပေမယ့် သားသင်ရင် ဒေါ်လေးပါးမေ့က အမြန်တတ်တယ်နော်။ ဒေါ်လေးပါးမေ့က သားစာသင်တာကို အကြိုက်ဆုံးပါနော်"

ရွေ့ရွေ့က တော့ ပါးစပ်လေးစိပြီး တိတ်တိတ်သာနေလေတော့၏။

"ဟုတ်ပါပြီ သားကတော်တဲ့ ဆရာတစ်ယောက်ပါ။"ဟု လင်းဝေ့က မင်မင်ကို အရင်ချီးကျူးလိုက်ကာ နောက်မှ အပြစ်ပြောလိုက်သည်။

" ဒါပေမယ့် မေမေက သားတို့ သုံးယောက်စလုံးကို ဘယ်သူ့ကိုမှ ပိုမသင်ထားသလိုလျော့ပြီးလည်း မသင်ထားဘူး။ သားတို့အားလုံး ကို အက္ခရာနဲ့ အသံထွက်တွေ အကုန် အတူတူသင်ထားတာကို သားက ၈ လုံးပြန်သင်တာကို ၆ လုံးမှားတယ်တဲ့လား"

"သား လည်း အကုန်မှန်မိပါတယ် ဒါပေမယ့် စာသင်တဲ့အခါကျတော့ မှတ်မိဖို့ အကြာကြီး ပြန်စဥ်းစားနေရလို့ပါ။ မေမေ မယုံရင် သားအလွတ်ဆိုပြမယ်" ဟု ပြောကာ မင်မင်သည် မတ်မတ်ရပ်ကာ လင်းဝေ့သင်ပေးထားသည့် ဗျည်းအက္ခရာများကို အစအဆုံးဆိုပြလိုက်၏။

မင်မင်ဆိုပြသည်က လျှောလျှောရှုရှုဖြစ်ပြီး အသံထွက်တွေကလည်း အရင်ကထက် ပိုအဆင်ပြေလာပြီဖြစ်သည်။

မင်မင် အလွတ်ဆိုပြပြီး လင်းဝေ့က မေးလိုက်၏။

"သားက ဗျည်းအက္ခရာတွေကို အသံပီပီသသဆိုနိူင်ပြီပေါ့"

" ဒါပေါ့ သားက ဆရာမင်မင် ပဲလေ"

ချန်ပါးမေ့က မင်မင်တို့ထက်ကြီး၍ သင်ယူမှုတွင် မြန်မြန်ဆန်ဆန် သင်ယူနိုင်ကာ အသံထွက်ကလည်း ဆရာများထက်ပိုကောင်းလေ၏။ မင်မင်ကတော့ သူတပည့်ပိုလက်စောင်းထက်နေသည်ကို ရှက်ရွံ့နေခြင်းမရှိပဲ ဗျည်းအက္ခရာများကိုသာ တိတ်တိတ်လေး အလွတ်ရွတ်နေ၏။

ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးတို့နှင့် ယှဥ်လျင်တော့ ပြသနာမရှိပေမယ့် သူစာသင်ပေးသည့် တပည့်နှင့် အယှဥ်ခံရလျင်တော့ အဆင်မပြေနိုင်ပေ။

လင်းဝေ့လည်း မင်မင်တွေးနေသည့်အရာကို ခန့်မှန်းမိကာ တိတ်တိတ်လေး ရီလိုက်၏။ လင်းဝေ့လည်း ချန်ပါးမေ့ကို စာသင်ပေးရန် ကလေးသုံးယောက်အား ဆက်ယုံလိုက်ရန်တွေးလိုက်၏။

အမှားတွေချည်း သင်တတ်သည့် မင်မင်ကိုတော့မစိုးရိမ်ပါ။ ရှောင်ရှီးရှီးကိုတော့ မင်မင်ထက်ပိုယုံ၍ရသော်လည်း ရွေ့ရွေ့ကို အယုံကြည်ဆုံးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ရွေ့ရွေ့သည် ဒုတိယတန်း ဖတ်စာကိုပင် လိုက်သင်ယူနိုင်ပြီဖြစ်ရာ မင်မင်နှင့် ရွေ့ရွေ့ တစ်လွဲသင်နေသည်ကို လိုက်ထိန်း၍ ရ၏။

နောက်ပိုင်း ချန်ပါးမေ့လည်း ညနေပိုင်းကလေးသုံးယောက်က်ို သင်ပေးသည့်အတန်းတွင် လိုက်တတ်၍ ရသည်ဟု လင်းဝေ့ တွေးလိုက်သည်။

အမှန်တော့ ချန်ပါးမေ့သည် လင်းဝေ့၏ ကလေးသုံးယောက်ကို သင်ပေးသည့် ညနေပိုင်းအတန်းချိန် လိုက်နားထောင်၍ ရသော်လည်း ချန်ပါးမေ့က အတန်းကိုလိုက်နားမထောင်ပဲ အပြင်ထွက်နေလေ့ရှိသည်။

ထို့ကြောင့် လင်းဝေ့လည်း ချန်ပါးမေ့က ရှက်တာလား အတန်းမတက်ချင်တာလား ဟူ၍ တွေးလိုက်ကာ ဆက်မပြောတော့ချေ။ အမှန်တော့ ပညာသင်ကြားရေးကလည်း လက်ခံသင်ယူမည့်သူ၏ စိတ်နေသဘောထားက အလွန်အရေးပါပါ၏။

စိတ်နေသဘောထားကလည်း ဆင်ခြင်နိုင်မှု ရင့်ကျက်မှုနှင့် အလွန်အချိုးကျလေ၏။ ကလေးတွေကတော့ငယ်ရွယ်သေး၍ စာသင်ကြားနိုင်ရန်မိဘဆရာများ၏ တွန်းအားပေးမှု ကို လိုအပ်နေသေး၏။

အရင်ကတော့ ချန်ပါးမေ့၏ သဘောထားကို သေသေချာချာ မသိသေး၍ လင်းဝေ့လည်း စာသင်ရန် မစည်းရုံးသေးသော်လည်း အခုတော့ သူမတွင် သင်ယူလိုစိတ်ရှိမှန်း သိလိုက်ရ၍ လင်းဝေ့လည်း အခွင့်အရေးပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ညနေပိုင်း သူမ ကလေးများကိုစာသင်ချိန်တွင် ချန်ပါးမေ့ကို လိုက်သင်ရန်ပြောလိုက်၏။

ချန်ပါးမေ့ပျော်သွားသော လည်း အနည်းငယ်စိုးရိမ်နေ၏။"အစ်မကို ဝန်ပိုစေမိနိုင်တယ်မလား"

"အဆင်ပြေပါတယ် သုံးယောက်ကနေ လေးယောက်ဖြစ်သွားတာ ဘာဝန်ပိုစရာမှ မရှိပါဘူး" ဟုပြောကာ ကလေးသုံးယောက်ကိုကြည့်ရင်း သူတို့ကို ချန်ပါးမေ့က ကျော်တက်သွားတော့မည်ကို တွေးလိုက်၏။

"အစ်မလင်း ကျွန်မ ……" ချန်ပါးမေ့က တုံ့ဆိုင်းနေ၏။

"ဘာမှ မစိုးရိမ်နဲ့။ အစ်မက ပါးမေ့ကို စာဆက်သင်နိုင်ဖို့ အားပေးတယ်။ အခုတောင် ကလေးတွေ ဆီကနေ အခြေခံတွေ ရထားပြီပဲ။ နောက်ဆို အတန်းထဲမှာလဲ စာလိုက်နိုင်မှာပါ။"ဟုပြောကာ ချန်ပါးမေ့၏ စိုးရိမ်စိတ်များကို ဖြေဖျောက်ပေးလိုက်၏။

"အမှန်တော့ အစ်မလည်း ဆရာမဖြစ်လာမှ ပိုလေ့လာဖြစ်လာတယ်"

"မင်မင်က အတည်ပေါက် ကြီးးး……." ဟု ပြောလုဆဲဆဲမှာ စကားလုံးအမြန်ပြောင်းလိုက်၏။

"မင်မင်က ညီမကို စာသင်ပေးတဲ့အခါ တစ်ကယ့်ဆရာကြီးလို အတည်ကြီးကို သင်ပေးခဲ့တာ"

လင်းဝေ့လည်း ချန်ပါးမေ့ပြောတာကြားတော့ မင်မင်က ချန်ပါးမေ့ကို ဆရာလို့ခေါ်ခိုင်းလိမ့်မည်မှန်း သိလ်ိုက်၏။ ချန်ပါးမေ့က ရိုးသားသည့်သူဖြစ်၍ မင်မင်က ဆရာခေါ်ခိုင်းတော့လည်း အမှန်ပင် ဆရာ ခေါ်ခဲ့၏။

လင်းဝေ့လည်း ရယ်စရာကောင်းသည်ဟုတွေးလိုက်သော်လည်း ချန်ပါးမေ့ကိုတော့ မင်မင်ကို ဆရာခေါ်တာ မတားခဲ့ပါ။ သူတို့အကြားက ကိစ္စဖြစ်၍ လင်းဝေ့ ဝင်မရှုပ်ခဲ့ပါ။

ထိုကိစ္စကိုပြောရင်း လင်းဝေ့သည် ချန်ပါးမေ့ကို ကျိုးကျန်းဟိုင်နှင့် တန်းရှန့်ယွင်တို့ ဤကိစ္စကို သိလားဟု မေးလိုက်၏။

ချန်ပါးမေ့က ခေါင်းခါလိုက်သည်။"ညီမ သူတို့ကို မပြောရဲလို့"

ချန်ပါးမေ့ ကျောင်းနေအရွယ်တုန်းက သူမနှင့်ရွယ်တူကလေးများ လွယ်အိတ်လွယ်၍ ကျောင်းသွားသည်ကိုတွေ့တော့ မနာလိုဖြစ်မိ၏။ ကျောင်းသွားချင်သည့်အကြောင်း သူ့အဖေကိုပြောတော့ အဖေကလည်း ဘာမှ ပြန်မပြေပေ။ အမေကတော့ မိန်းကလေးကဘာစာမှဖတ်စရာမလိုဘူး ပြောကာ အလုပ်လုပ်ခိုင်းလေ၏။

သူမဆယ်နှစ်သမီး အရွယ်ရောက်တော့လဲ သူ့အစ်က်ိုရဲ့စာအုပ်က်ို ခိုးဖတ်ကြည့်ရာ မိသွားပြီး သူမအစ်ကိုကလည်း စာမဖတ်တတ်ပဲနဲ့ ဘာလို့ သူ့စာအုပ်ကိုခိုးဖတ်တာလဲ စာအုပ်ထဲက စကားလုံးတွေကို ရောသိရဲ့လား ဟု အပြောခံရ၏။ သူ့အမေသိသွားတော့လည်း ငတုံးမက ဘာစာဖတ်တတ်မှာလဲ ဟု အပြောခံခဲ့ရ၏။

ထို့ကြောင့် နောက်ပိုင်း သိမ်ငယ်စိတ်ဝင်သွားပြီး သူမလို ငတုံးက စာမသင်ကြားနိုင်ဟု အတွေးဝင်ခဲ့ရ၏။

ထို့ကြောင့် သူမအစ်ကိုဝမ်းကွဲကျိုးကျန်းဟိုင် အိမ်ရောက်တော့လည်း စာရေးတတ်ဖတ်တတ်ဖို့သင်ယူရန်မလုပ်ခဲ့ပါ။ လင်းဝေ့၏ ကလေးများကို သင်ကြားပေးသောအတန်းမှာလဲ အပြင်မှာပဲနေပြီး စာသင်ကြားဖို့အကြောင်းကို တွေးပင်မတွေးခဲ့ပါ။

လင်းဝေ့က ယာယီဆရာမလုပ်ဖို့ ကလေးများနှင့် ချန်ပါးမေ့ကို ယာယီ သင်ခန်းစာ နားထောင်ခိုင်းခဲ့ကတည်းက လင်းဝေ့ ပြောသည်များကို နားလည်ခဲ့၍ သူမကလည်း ငတုံးမဟုတ်နိုင်ဟု တွေးမိလာ၏။

ဤသို့ဖြင့် သူမစိတ်ထဲက စာသင်ယူလိုသည့် စိတ်ဆန္ဒကပြန်လည်နိုးကြားလာခဲ့သည်။

ထိုအတွေးများကို ချိုးနှိမ်လိုခဲ့သော်လည်း မချိုးနှိမ်နိုင်ခဲ့ပေ။ ထို့ကြောင့် ရှောင်ရှီးရှီး အိမ်စာရေးနေချိန်တွင် ဘာတွေရေးနေတာလဲ ဘယ်လိုဖတ်ရတာလဲ ဟု မေးလိုက်မိလေ၏။

ထိုကဲ့သို့ တစ်လုံးပြီး တစ်လုံး သင်ယူရင်းးး ဟော အခုဆို သူမမှာ ဆရာသုံးယောက်တောင် ရှိနေပြီဖြစ်သည်။သို့သော် သူမ စာသင်ကြားလိုသည့် အကြောင်းကိုတော့ ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ပါ။

"သင်ယူလိုစိတ်ရှိတာ ကောင်းတယ်။ ညီမရဲ့ ဝမ်းကွဲအစ်က်ိုနဲ့ ယောင်းမကလည်း ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူတွေပါ။ ညီမ စာသင်ချင်တဲ့အကြောင်းသိရင် သူတို့က အားပေးကြမှာပါ"

ချန်ပါးမေ့က အသက်လည်း ငယ်သေး၍ တစ်ချို့အကြောင်းအရာများကို ဖြည်းဖြည်းချင်း လက်ခံလာအောင် လုပ်၍ရပါသည်။

လင်းဝေ့နှင့်ပြောပြီး ချန်ပါးမေ့သည် တန်းရှန့်ယွင်ကို သူမ စာသင်ချင်သည့်အကြောင်း ပြောပြလိုက်သည်။

တန်းရှန့်ယွင်ကို မပြောခင်မှာ ချန်ပါးမေ့သည် စိတ်လှုပ်ရှားနေ၏။ သို့သော် ပြောလိုက်ပြီးသည်နောက် စိတ်နည်ငြိမ်သွားပြီး တန်းရှန့်ယွင်ကိုမော့ကြည့်လိုက်ရာ တန်းရှန့်ယွင် မျက်နှာတွင် လက်ခံသည့် အမူအရာကို တွေ့လိုက်ရသည်။

ထို့ကြောင့် ချန်ပါးမေ့လည်း လင်းဝေ့ပြောသည်က မှန်သည်ဟု တွေးလိုက်သည်။

သူမ စာသင်ယူလိုစိတ် ပေါ်လာသော်လည်း အတိတ်က စိတ်ဒဏ်ရာများက ကျန်နေသေး၏။

အမှန်တော့ သူမ ဇာတိမြို့ကလေးကနေ ထွက်လာကတည်းက သူမအတွက် အခွင့်အလမ်းကောင်းများ ပေါ်လာခဲ့၏။ စာသင်ယူခြင်းကလည်း ရှက်စရာမဟုတ်တော့ကာ သူမဘေးရှိလူများကလည်း အားပေးကြရာ သူမအတွက် တစ်ဆင့်တက်နိုင်ခဲ့၏။

ဤသို့ဖြင့် ချန်ပါးမေ့လည်း လင်းဝေ့၏ ညနေပိုင်းအတန်းကို ဝင်သင်ယူလာခဲ့၏။ ချန်ပါးမေ့သည် အရင်ကထက် ပိုကြိုးစားကာ အားလပ်ချိန်တိုင်း စာကိုကြိုးစားရေးလေသည်။

ချန်ပါးမေ့ကိုကြည့်ကာ မင်မင်နှင့် ရှောင်ရှီးရှီးကလည်း အတန်းထဲမှာ ပို၍ စာကို ဂရုတစိုက်နားထောင်ကာ လိုက်လုပ်လာ၏။

ရွေ့ရွေ့အတွက်ကတော့ သင်ခန်းစာများက လွယ်ကူလွန်းနေသေး၏။

ရွေ့ရွေ့လည်း ကျောင်းကို လင်းဝေ့နှင့်အတူ မလိုက်ရတာကြာပြီဖြစ်၍ သူ့အတွက် အချိန်မပုတ်ရလေအောင် လင်းဝေ့သည် မိတ်ဆွေတစ်ဦးထံမှ ဝယ်ထားသည့် ကလေးဖတ်စာအုပ်များကို ဖတ်ခိုင်းကာ ရွေ့ရွေ့၏ စာဖတ်သည့် အရည်အချင်းကို တိုးတက်လာစေရန် လေ့ကျင့်ခိုင်းထားသည်။

ချန်ပါးမေ့နှင့် ကလေးသုံးယောက်၏ စာသင်ယူသည့်နှုန်းက ပုံမှန်သွားနေစဥ်တွင် စစ်တပ်မူလတန်းကျောင်းကလည်း နှစ်ဝက်စာမေးပွဲဖြေတော့မည်ဖြစ်၏။

စာမေးပွဲကို နိုဝင်ဘာလလည် သောကြာနေ့တွင် ဖြေရန်အချိန်ဇယားထုတ်ထားလိုက်၏။ ဖြေမည့်ဘာသာကလည်း နှစ်ဘာသာပဲရှိ၍ စာမေးပွဲဖြေမည့်အချိန်ဇယားကလည်း မကြပ်ပေ။ မနက်ပိုင်းတရုတ်စာ စာမေးပွဲဖြေပြီး နေ့လည်ပိုင်းတွင် သင်္ချာဖြေကာ ကျောင်းသားများသည် စနေ၊ တနင်္ဂနွေ ကျောင်းပိတ်သွားလေတော့သည်။

ကျောင်းသားများအတွက် ကျောင်းပိတ်ရက်ဖြစ်သော်လည်း ဆရာမများအတွက်တော့ မဟုတ်ပေ။ စနေနေ့တွင် စာမေးပွဲ အဖြေစာရွက်စစ်ရန် ကျောင်းသွားရလေ၏။

စာစစ်ရာတွင်လည်း တရားမျှတမှု ရှိစေရန် အဖြေစာလွှာများကို လှဲစစ်ကြလေ၏။ ပထမတန်းဆရာမများက ဒုတိယတန်း အဖြေလွှာများကို စစ်ကြပြီး ဒုတိယတန်းဆရာမများက ပထမတန်း အဖြေလွှာများကို စစ်ကြလေ၏။

ကျောင်းက ထိုကဲ့သို့စစ်ရန် သတ်မှတ်ထားသော်လည်း လင်းဝေ့ကတော့ တတိယတန်း အဖြေလွှာများကို စာစစ်ရလေ၏။ တတိယတန်းအတွက် တစ်ဘာသာလျင် ဆရာမတစ်ဦးတည်းကသာ အဖြေလွှာ ၁၀၀ခန့်ကို စစ်ရသည်။

တတိယတန်း သင်္ချာဘာသာက အမှားအမှန်ခြစ်ရုံပဲဖြစ်၍ အဖြေစာရွက်တစ်ရွက်လျင် သုံးမိနစ်ခန့် အမှန်အမှားခြစ်ပြီး အမှတ်တွက်ပေးရုံသာဖြစ်၍ လင်းဝေ့အတွက် အခက်အခဲမရှိပေ။ တရုတ်စာအဖြေလွှာကတော့ ထိုကဲ့သို့မဟုတ်ပေ။

တတိယတန်း တရုတ်စာ စာမေးပွဲကတော့ အရေးအဖတ်အပြင် နားလည်နိုင်စွမ်းကိုလည်း မေးမြန်းထား၏။ အဖြေ ဝါကျတွေက တိုသော်လည်း လင်းဝေ့က သေချာဖတ်ရင်း စစ်နေရ၍ သူမ၏ စာစစ်နှုန်းမှာနှေးနေ၏။

ထို့အပြင် ပထမဆုံး စာစစ်ဖူးသည်ဖြစ်၍ မှားစစ်ဆေးမိမည်စိုးကာ ပိုဂရုစိုက်နေရ၏။ ထို့ကြောင့်လည်း ပိုကြာနေတာဖြစ်သည်။

သောကြာနေ့ညနေပိုင်းမှာ လင်းဝေ့ စာမေးပွဲခန်းစောင့် တာဝန်မကျ၍ ရုံးခန်းထဲထိုင်ကာ အဖြေလွှာစာရွက်များကို ထိုင်စစ်နေလိုက်၏။ သို့သော် မွန်းလွဲ ၂နာရီမှ ညနေနာရီအထိ ထိုင်စစ်တာကို အဖြေလွှာ အစောင်၂၀ပင်မပြီးချေ။

တစ်ဖက်ခုံရှိ ဟွမ်အိုက်ယွင်ကတော့ အဖြေလွှာ၁၆၀ရှိသည့်အထဲက သုံးပုံ တစ်ပုံကိုပင် စစ်ပြီးနေပြီဖြစ်၏။

ဟွမ်အိုက်ယွင်ကလည်း စာစစ်နေရာမှ အကြောအခြင်ခဏဆန့်ရင်း လင်းဝေ့ကို လှမ်းကြည့်လိုက်ကာပြောလိုက်သည်။

"ဆရာမလင်း အဖြေလွှာ နည်းနည်းလေးပဲပြီးသေးတယ်နော်"

"ဟုတ်တယ် ကျွန်မ စာစစ်တာနှေးနေတယ်"

"ဆရာမဝေ့ စာစစ်တာ အရမ်းကြာတာကိုး။ အဖြေလွှာတွေက တစ် ရာကျော်ကျန်သေးတာနော်။ ဘယ်အချိန်လောက်ပြီးမှာလဲ"

လင်းဝေ့လည်း သက်ပြင်းလေးချကာ ပြောလိုက်၏။

"တနင်္လာနေ့ မတိုင်ခင်တော့ ပြီးအောင်လုပ်ရမှာပေါ့"

လင်းဝေ့ အားလျော့နေသည်ကိုမြင်၍ ဟွမ်အိုက်ယွင်ကအားပေးလိုက်သည်။

"စိတ်ပူမနေပါနဲ့ အဆင်ပြေပါတယ် အဖြေလွှာစစ်တာလည်း အလေ့အကျင့် အတွေ့အကြုံနဲ့ အများကြီးဆိုင်တယ်။ ဒီနေ့ ၁၂စောင်စစ်နိုင်ရင် မနက်ဖြန် အဖြေလွှာ အစောင်ရေ နှစ်ဆ စစ်လာနိုင်လိမ့်မယ်။ ဒီလိုနဲ့ ကျောင်းမဖွင့်ခင်အကုန်ပြီးသွားလိမ့်မယ်"

"အစ်မ ပြောတဲ့အတိုင်းဖြစ်ရင် ကောင်းတာပေါ့" ဟု လင်းဝေ့က ယဲ့ယဲ့လေးပြုံးရင်း ပြောလိုက်သည်။

All Chapters