← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အပိုင်း (၁၅၁)- အမဲလိုက်မုဆိုးအဖွဲ့အစည်း..

ယခုလက်ရှိမှာ ချူးယွင်ဖန်းသည် ဆေးလုံးများကိုအသုံးပြုပြီး ဖြတ်ကျော်နိုင်သော်လည်း သူသည် ဆေးများကို လုံးဝကြေညက်စေရန်ပြုလုပ်ပြီး သူ၏အင်အားကိုထိန်းချုပ်နိုင်သည်။ ထိုအခြေအနေမှာ ဆေးလုံးများသည် သူ၏လေ့ကျင့်မှုကိုသာ အထောက်အကူပြုနိုင်သည်။ သူက အခြေအနေမှန်ကို လျစ်လျူရှုပြီး အဆင့်ကိုးမူလဝိညာဉ်ဆေးလုံး) ကို ပုံမှန်သောက်သုံးပါက သူ၏ကျင့်ကြံမှုများသည် အဆပေါင်းများစွာတိုးတက်လာတော့မည်။ သို့သော်သူကပြင်ဆင်ထားခြင်း မရှိပေ။ ထိုအင်အားအဆင့်ကို ထိန်းချုပ်ရန် သူ့မှာ စိတ်ဓာတ်ကြံ့ခိုင်မှုလည်းမရှိပေ။ ထိုအရာကြောင့်ပင် သူ၏လမ်းကြောင်းမှာ ဆူးညှောင့်ခလုတ်ဖြစ်လာတော့မည်။

သူက အဆင့်ကိုးမူလဝိညာဉ်ဆေးကို မွမ်းမံရန်ဘာကြောင့်ရွေးချယ်ခြင်းမပြုလဲဆိုသော အကြောင်းပြချက် တစ်ခုလည်းဖြစ်သည်။ထိုအစား သူသည် ဆေးစွမ်းထက်သော ဆေးလုံးများကိုသာ အဆက်မပြတ် သောက်သုံးသောကြောင့် သူ၏ ကျင့်ကြံခြင်းများသည် တစ်ဟုန်ထိုးမြင့်မားလာနေတော့သည်။ သို့သော် ဆေးဘုရင်သည် ထိုနည်းလမ်း၏ ရလဒ်ကိုရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်သည်။ ဧကရာဇ်များကြားမှာ သူသည် အားအနည်းဆုံးသူတစ်ဦးဖြစ်သည်။ သူ့မှာ တုနှိုင်းမဲ့ဆေးပညာစွမ်းရည်များရှိသော်လည်း ထိုကဲ့သို့မရှုမလှသေဆုံးခဲ့ရသည်။ ထိုအရာမျိုးကို ရှောင်ရှားရန် ချူးယွင်ဖန်းကြိုးစားရမည်။

အဆင့်ကိုးမူလဝိညာဉ်

ရွှယ်ပိုင်လုံ

ချူးယွင်ဖန်းက စစ်ဆေးကြည့်သောအခါ အဆင့်ကိုးမူလဝိညာဉ်ဆေးသုံးလုံးကို စစ်တပ်အတွက် အထူး ထောက်ပံ့ ထားသည်ကို တွေ့ရသည်။ မှောင်ခိုစျေးကွက်မှာ တစ်လုံးရရန် ယွမ်ခြောက်သန်း ကျော်လိုအပ်သည်။ ထိုအကြောင်းကိုတွေးမိပြီးနောက် သူသည် ရွှယ်ပိုင်လကို အဆင့်ကိုးမူလဝိညာဉ်

ဆေးတစ်လုံးကို ယွမ်သုံးသန်း နှင့် အလဲအထပ်ပြုသောအခါ သူ့မှာ အကျိုးအမြတ်များစွာရရှိလာသည်။

အလုပ်သမားစရိတ်ကိုပါ ထည့်တွက်ပါက ဆေးတစ်လုံးဖော်စပ်ရန် ယွမ် နှစ်သန်းခွဲခန့်သာ လိုအပ်သည်။ ထိုနည်းလမ်းဖြင့် ချူးယွင်ဖန်းသည် အဆင့်ကိုးမူလဝိညာဉ်ဆေးသုံးလုံးစာ ပြင်ဆင်နိုင်မည်။ သူဝယ်ထားသော အခြားစွမ်းအားဖြည့်ဆေးများအပြင် သူ၏ ပိုက်ဆံအားလုံးကိုအသုံးပြုပြီးဖြစ်သည်။ သူ့အတွက် ကျောင်းမှပေးထားသော ပညာသင်ထောက်ပံ့ကြေးကိုလည်း သုံးစွဲပြီးဖြစ်သည်။

သူက လူချမ်းသာတစ်ဦးဖြစ်လာဖို့အရေး ချူးယွင်ဖန်းတွေးနေမိသည်။ သူက ယခုလောက် အချိန်တို အတောအတွင်းမှာ သူဆင်းရဲတစ်ဦးပြန်ဖြစ်သွားမည်ဟု မတွေးထားပေ။ ပြီးတော့ ထိုပမာဏသည် သာမန်ဝန်ထမ်းတစ်ဦးက တစ်ဘဝလုံးရှာဖွေလျှင်တောင်မှ ရနိုင်မည့်ကြွယ်ဝမှုမျိုးမဟုတ်ပေ။ သူသည် သာမန်လူနှင့် ကျွမ်းကျင်သူများ၊ ဆေးပညာရှင်များ၊ လူချမ်းသာများနှင့် နိုင်ငံရေးသမားများကြားရှိ ကွဲပြားချက်ကြီးသည် တွင်းနက်ကြီးတမျှကြီးမားသည်ဆိုတာ တွေ့ရသည်။

သူတို့အားလုံးသည် တစ်မြို့ထဲမှာနေသော်လည်း မတူညီသောကမ္ဘာနှစ်ခုမှာတည်ရှိနေကြသည်။ ထိုအရာသည် ရက်စက်ကြမ်းကြုတ်သော်လည်း အမှန်တရားဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုကဲ့သို့ မမျှတသောကမ္ဘာကို ဆေးဧကရာဇ်ဆီမှ အမွေဆက်ခံရရှိပြီးနောက် မမျှော်လင့်ဘဲဝင်ရောက်လာခဲ့သည်။ သူသည် ပိုက်ဆံကိုရေလိုသုံးနိုင်ခဲ့သည်။

ဤဘဝသည် သူတစ်ခါမှ အိမ်မက်မမက်ခဲ့ဖူးသော ဘဝမျိုးဖြစ်သည်။ ထိုမတော်တဆဖြစ်ရပ် ကြောင့်သာမဟုတ်ပါက သူသည် မတူညီသောကမ္ဘာဘက်ခြမ်းမှာ ထာဝရတည်ရှိနေရလိမ့်မည်။ လတိုင်းနီးပါးတွင် လစာသောင်းဂဏန်းခန့်ရနိုင်ရန် ကြိုးစားပမ်းစားအလုပ်လုပ်ရတော့မည်။

ထိုအကြောင်းကိုတွေးမိပြီး သူ၏မိခင်နှင့်ဖခင်ကိုဖုန်းခေါ်ပြီး စကားစမြည်ပြောဆိုသည်။ ဤဆောင်းတွင်းအားလပ်ရက်တွင် သူသည် နွေဦးရာသီကို ကျင်ဟွာမြို့တွင် မိသားစုနှင့်အတူ မကုန်ဆုံးနိုင်ပေ။ ထိုအစားသူသည် တောထဲမှာရှိသောမွန်းစတားထံသွားရန် စီစဉ်ထားခဲ့သည်။ သူ့မိဘများက သဘောမတူသော်လည်း ဘာမှမပြောပေ။ သူတို့၏ သားလေးအရွယ်ရောက်လာပြီဆိုတာ နားလည်ကြသည်။ ယခုအချိန်သည် သူမြင့်မြင့်ပျံသန်းနိုင်မည့်အချိန်အခါဖြစ်သည်။ သို့သော် ချူးယွင်ဖန်းကို ဂရုစိုက်ရန်နှင့် အလွန်အကျွံမကြိုးစားရန်စသည့် အချက်များကို သတိပေးကြသည်။

ဖုန်းချပြီးနောက်မှာ ချူးယွင်ဖန်းသည် တိတ်ဆိတ်စွာထိုင်နေသည်။ ထိုတိုက်ခိုက်မှုကိုကာကွယ်ရန် သူအင်အားကြီးရမည်ဆိုတာ နားလည်သည်။နတ်ဆိုး ဂိုဏ်းက မည်သည့်အချိန်တွင် ပြန်လာမည်ဆိုတာ မသိပေ။ ထို့ပြင် ထိုဂိုဏ်း၏ ပစ်မှတ်သည် သူ့ညီမလေးဖြစ်နေသည်။ သူ့မိသားစုကိုကာကွယ်နိုင်ရန် သူ့မှာအစွမ်းအစရှိနေဖို့လည်း လိုအပ်နေသည်။

ညအချိန်သည် ခဏလေးနှင့် ကုန်ဆုံးသွားပြန်သည်။ နောက်တစ်နေ့မနက်အစောပိုင်းတွင် ယခင်နေ့ကမှာယူထားသော လရိပ်သံချပ်ကာနှင့် အဆင့်ကိုးမူလဝိညာဉ်ဆေးသုံးလုံးသည် သူ့အိမ်၏ ဝင်ပေါက်နားမှာ စာတိုက်မှလာပို့ထားသည်ကိုတွေ့ရသည်။

ချူးယွင်ဖန်းသည် ဆေးကိုစတင်ပြင်ဆင်ပြီး အိမ်မှမထွက်သေးချေ။ သူ၏ ကျင့်ကြံခြင်းဖြစ်စဉ်သည် အလွန်ပြင်းထန်သဖြင့် သူ၏အိမ်နီးချင်းဖြစ်သူ လုယုရှု၏ ညစာစားရန်ဖိတ်ကြားမှုကိုတောင်မှ ငြင်းဆိုခဲ့သည်။ သူ့မှာအချိန်မရှိနေပေ။ သူ့အတွက် မိနစ်တိုင်း စက္ကန့်တိုင်းသည်အလွန်အဖိုးတန်သည်။

တတိယနေ့မနက်တွင် သူသည် လေ့ကျင့်သည့်ခန်းမထဲမှ ထွက်လာခဲ့သည်။ သူက တစ်ညလုံးကျင့်ကြံထားသော်ငြား တက်ကြွလန်းဆန်းနေသည်။ ညဘက်အိပ်စက်ခြင်းထက် ပိုမိုပြီးသက်တောင့်သက်သာရှိသလို ခံစားရသည်။

မနက်စာစားပြီးနောက် လရိပ်သံချပ်ကာကိုဝတ်ဆင်ပြီး အဆင့်ကိုးမူလဝိညာဉ်ဆေး အခြားအားဖြည့်ဆေးများကို ထုပ်ပိုးပြင်ဆင်ပြီးနောက် ချူးယွင်ဖန်းသည်ထွက်ခွါလာသည်။ သူသည် အမဲလိုက်မုဆိုးအဖွဲ့အစည်းသို့ရောက်ရှိသောအခါ လူများခြေချင်းလိမ်နေကြပြီဖြစ်သည်။ ဆေးပညာရှင်အစည်းအရုံးနှင့် ယှဉ်ပါက ဤအဖွဲ့သည်ပိုပြီးကြီးမားသည်။ကြေးစားစစ်သည်များအဖွဲ့ နှင့် ဦးဆောင်လမ်းပြသူများအဖွဲ့သည် အမဲလိုက်မုဆိုးအဖွဲ့အစည်းပေါ်အခြေခံပြီး ပေါ်ထွက်လာသည်ဟု ဆိုကြသည်။ ကြေးစားစစ်သည်များအဖွဲ့ဝင်များ၏ ၉၀%နီးပါးနှင့် ဦးဆောင်လမ်းပြသူများအဖွဲ့သည် ထိုအဖွဲ့များကို မဝင်ခင်မှာ အမဲလိုက်မုဆိုးများဖြစ်ကြသည်။

အစောကြီးဆိုသော်ငြား တန်စီယုက ရောက်နှင့်နေပြီဖြစ်သည်။ သူမက ပုံမှန်နေ့များနှင့် မတူညီပေ။ သူမသည် အလွန်တောက်ပသောအနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ ထိုဝတ်စုံသည် ချူးယွင်ဖန်း၏ လရိပ်သံချပ်ကာနှင့် ဆင်တူသော်လည်း အနည်းငယ်ကွဲပြားသည်။ ထိုဝတ်စုံသည် သူမ၏ အရပ်မြင့်မြင့် ခပ်သွယ်သွယ်ပုံစံကို ပေါ်လွင်စေသည်။ သူမ၏ပုံမှန်မြင်တွေ့နေကျ ပုံစံနှင့်ကွဲပြားနေသည်။ ထိုအချိန်မှာ တန်စီယုသည် ဂန္တဝင်စစ်သည်တော်တစ်ပါးနှင့်တူနေသည်။ ထိုတောအတွင်းသို့ ခရီးကြမ်းမထွက်ခင် သူမကကြိုတင်ပြင်ဆင်ထားသည်မှာသိသာထင်ရှားနေသည်။

“တောင်းပန်ပါတယ်..အကြာကြီးစောင့်လိုက်ရလား” ဟု ချူးယွင်ဖန်းကမေးသည်။

“မဟုတ်ဘူး..ငါလည်းခုလေးတင်ပဲရောက်တာ..” ဟု တန်စီယုက ပြန်ဖြေသည်။

ချူးယွင်ဖန်းက သူမ၏ဝတ်ရုံကိုတစ်ချက်ကြည့်ကာပြောသည်။

“ဒီဝတ်ရုံက လှပတာပဲ။ မင်းပုံစံနဲ့လိုက်ဖက်တယ်” ဟု ချူးယွင်ဖန်းက ဆိုသောအခါ တန်စီယုတစ်ယောက်အနည်းငယ်ရှက်သွေးဖြာနေမိသည်။

ထိုအချိန်တွင် ခပ်သွက်သွက်တက်လာသောခြေသံများနှင့် မောဟိုက်သံများကိုကြားနေရသည်။ သူတို့နှစ်ဦးလှည့်ကြည့်သောအခါ ဂေါင်ဟုန်ချီက သူတို့ဆီသို့ပြေးလာသည်ကိုတွေ့ရသည်။ သူဝတ်နေကျ သိုင်းဝတ်စုံကိုမဝတ်ဆင်ထားပေ။ ထိုအစား သူသည် အပြာရောင်ဝတ်ရုံအပါးလေးကို ဝတ်ဆင်ထားသည်။ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ထိုဝတ်ရုံလေးနှင့် မတော်ချင်လှပေ။

“တောင်းပန်ပါတယ်..ငါနောက်ကျသွားတယ်..ညတုန်းက ငါစိတ်တွေအရမ်းလှုပ်ရှားပြီး အိပ်မပျော်ဘူး”ဂေါင်ဟုန်ချီက သူတို့နှစ်ဦးထံသို့အမောတကောပြေးလာသည်။

“ရပါတယ်..သွားကြစို့လေ” ဟု ချူးယွင်ဖန်းကဆိုသည်။

သူတို့သုံးဦးသည် အမဲလိုက်မုဆိုးအဖွဲ့အစည်းထဲသို့ဝင်လာကြသည်။ ထိုအချိန်မှာ အဖွဲ့အစည်းမှာလူပြည့်နေသည်။ အဖွဲ့အစည်း၏ခန်းမအတွင်းရှိ ဖန်သားပြင်ပေါ်တွင် မစ်ရှင်များသည် တစ်ခုပြီးတစ်ခုထွက်ပေါ်နေသည်။ ထိုမစ်ရှင်များသည် မွန်းစတားနှင့် ပတ်သက်နေသည်။

သူတို့သတ်ပြီး အလောင်းပြန်သယ်နိုင်မှုအပေါ်မူတည်ပြီး အမဲလိုက်မုဆိုးများသည် မတူညီသောဆုလာဘ်များကိုရရှိမည်။ မွန်းစတားသတ္တဝါဆိုးကြီးက အင်အားကြီးလေလေ သတ်ရန်ခဲယဉ်းလေလေဖြစ်သည်။ သို့သော်လည်း ဆုကြေးကမြင့်မားသည်။ အဖွဲ့အစည်းကြီးများက ထိုမစ်ရှင်ကိုထုတ်ပြန်သည်။ မုဆိုးများက သူတို့လိုချင်သော သားရဲကောင်ကိုသတ်နိုင်ပါက မုဆိုးများကဆုကြေးများများရရှိလိမ့်မည်။

ထို့ကြောင့်ပင် အမဲလိုက်မုဆိုးအဖွဲ့အစည်းသည် စစ်သည်များအဖို့ထောက်ပံ့ငွေရရှိရန် အမြန်ဆုံးနည်းလမ်းဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် ထိုအဖွဲ့အစည်းထဲကိုဝင်လာသူများနှင့် ထွက်ခွါသွားကြသူများသည် အလွန်ရဲစွမ်းသတ္တိပြည့်ဝသူများဖြစ်ကြသည်။ သူတို့သုံးဦးသည်ထိုလူများကြားတွင် ပျောက်ကွယ်နေသည်။

“မင်းတို့လည်းရောက်လာကြပြီကိုး”

သူတို့သုံးဦးသည် ခန်းမအတွင်းသို့ဝင်ပြီး မွန်းစတားများဖမ်းဆီးသည့်မုဆိုးဖြစ်ရန် လျှောက်လွှာတင်ရမည့်အဆောက်အဦးထံသို့ ထွက်ခွါလာချိန်တွင် အံ့အားတသင့်နှင့် ဒေါသတကြီးဖြစ်နေသော အသံတစ်ခုသည် မလှမ်းမကမ်းနေရာဆီမှထွက်လာသည်။

အပိုင်း (၁၅၂)- တန်ဒါအုပ်စုက သာမန်ပါပဲ…

သူတို့သုံးဦးသည် နောက်လှည့်ကြည့်သောအခါရွှေရောင်အစင်းများဖောက်ထားသည့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော လူထွားကြီးတစ်ဦးကိုတွေ့ခဲ့ရသည်။

“ချူးကျိကော” ချူးယွင်ဖန်းက ထိုလူကိုမှတ်မိသဖြင့် အာမေဍိတ်ပြုမိသည်။ ထိုလူသည် လုချင်းရွှမ်အား အနိုင်ကျင့်သော ချူးကျိကောမှလွဲပြီးမဖြစ်နိုင်ပေ။ ချူးကျိကော၏ မျက်လုံးအစုံမှာ သံသယဖြစ်သည့်ပုံရိပ်များပေါ်လာတော့သည်။ သူက ထိုလူများကို ဤနေရာတွင်ဆုံရမည်ဟု တွေးမထားချေ။

“ချူးယွင်ဖန်း..မင်းနာမည်က ချူးယွင်ဖန်းမလား..လုချင်းရွှမ်ရဲ့ကုမ္ပဏီက အားဖြည့်ဆေးအကောင်းစားတွေက မင်းနဲ့ဆက်စပ်နေတယ်မလား” ချူးကျိကောက သူ့ကိုအေးတိအေးစက်ကြည့်ကာဆိုသည်။ သူ၏မျက်ဝန်းအစုံက ချူးယွင်ဖန်းကို တစစီစွဲဖြဲချင်သည့်ပုံစံများပေါ်နေသည်။

ဤကောင်ဆိုးလေးကြောင့်သာမဟုတ်ခဲ့လျှင် လုချင်းရွှမ်က သူ၏လက်အောက်ကိုကျရောက်မည်မှာ သေချာသည်။ ယခုတော့ လုချင်းရွှမ်က သူ့ကို အညံ့မခံသည့်အပြင် သူ၏ပိတ်ဆို့မှုကိုထိုးဖောက်နိုင်ခဲ့သည်။ ထိုကုန်သည်များက သူ့ကိုလုံးဝဂရုမစိုက်တော့ပေ။ သူ့ကိုလှောင်ပြောင်သရော်နေသလိုခံစားလာမိသည်။ မကြာသေးမီက ထိုကိစ္စကိုအကြောင်းပြုပြီး သူ့ကိုလှောင်ပြောင်သောလူများတောင်ရှိလာသည်။ ယခုတော့ တန်ဒါအုပ်စု၏ သခင်လေးသည် ဤနယ်ပယ်တွင်သူအရင်းနှီးဆုံးဖြစ်ခဲ့သောလူ၏ စော်ကားခြင်းကိုခံနေရသည်။ ဤခံစားချက်သည် ဆိုးရွားလွန်းပြီး ရှက်စရာလည်းကောင်းလှသည်။

မိသားစုကြီးများထဲတွင် သုံးစားမရသော လူတစ်ချို့ရှိတတ်သည်။ ပိုပြီးရှက်စရာကောင်းလှသည်မှာ သူတို့သည် အသုံးမဝင်သည့်အပြင် သူတို့၏အာဏာကိုသုံးပြီး တခြားသူများကို မဖိနှိပ်နိုင်တော့ပေ။ ဒီဖြစ်ရပ်ကိုအချိန်တစ်ခုယူပြီး စုံစမ်းကြည့်သောအခါ ပြသနာက ထိုကောင်လေးနှင့် သက်ဆိုင်တာဖြစ်နိုင်သည်ဆိုသော အချက်ကိုတွေ့ခဲ့ရသည်။ လုချင်းရွှမ်အတွက် ယခုလတ်တလော အလုပ်လုပ်ပေးနေသော ဆေးပညာရှင်များကို စုံစမ်းကြည့်ခဲ့သည်။ သူတို့အားလုံးကို တန်ဒါအုပ်စု၏ အင်အားနှင့်ဆို ရှာဖွေရန် အရမ်းလွယ်ကူလှသည်။ သို့သော် သူတို့အားလုံးသည် အလုပ်သင်အဆင့်ဆေးပညာရှင်များဖြစ်ကြပြီး တန်ခိုးကြီးသောလူများမဟုတ်ပေ။ သူတို့က အသေအကြေကြိုးစားလျှင်တောင်မှ ထိုကဲ့သို့ ပြီးပြည့်စုံလှသောအားဖြည့်ဆေးမျိုးကိုမထုတ်နိုင်ပေ။ တခြားလည်း မည်သူမျှ မရှိတာမို့ ချူးယွင်ဖန်းသာဖြစ်နိုင်တော့သည်။

ချူးကျိကော်သည် လုချင်းရွှမ်၏ ကုမ္ပဏီရှိ ဝန်ထမ်းများဆီမှစကားနှိုက်ခဲ့သည်။ ချူးယွင်ဖန်းဖော်စပ်ပေးခဲ့သော ထိုအားဖြည့်ဆေးထုတ်လုပ်နိုင်မှုကြောင့်သာ လုချင်းရွှမ်သည် အကြပ်အတည်းမှ လွတ်မြောက်နိုင်ခဲ့သည်။ ထိုအရာကြောင့်ပင် ချူးယွင်ဖန်း ဖော်စပ်ပေးခဲ့သောဆေးအရည်အသွေးကိုပိုပြီးသိချင်လာမိသည်။ ထိုအရာကြောင့်ပင် သူ့ကိုအလွန်မုန်းတီးခဲ့မိသည်။

“အဲ့ကိစ္စက ငါနဲ့ဘယ်လိုပတ်သက်တာပါလိမ့်။ ပြီးတော့ မင်းနဲ့ရောဘာဆိုင်လို့လည်း” ဟု ချူးယွင်ဖန်းက မချေမငံပြန်ဖြေသည်။ သူသည် နတ်ဆိုးဂိုဏ်း၏အဖွဲ့ဝင်များကိုသတ်ဖြတ်ခဲ့ပြီးဖြစ်တာမို့ ယခုအချိန်မှာကြုံနေရသော ချူးကျိကော၏ ဟန့်တားမှုသည် သူ့အတွက်မပြောပလောက်ပေ။

“ကောင်းတယ်..ကောင်းတယ်။ ဒါပေမဲ့ မင်းနဲ့ရှင်းစရာတော့ရှိတယ်။ မင်းတော့ အကြီးအကျယ်ဒုက္ခရောက်တော့မယ်။ မင်းက တန်ဒါအုပ်စုကိုဆန့်ကျင်လျှင် မင်းရဲ့အနာဂတ်မှာ နေရာတစ်ခုရဖို့တောင် ခဲယဉ်းလာလိမ့်မယ်” ဟု ချူးကျိကောက စိတ်ဆိုးမာန်ဆိုးပြောသည်။

“မင်းက မစ္စလု ကိုလည်း ဒီလိုခြိမ်းခြောက်ဖူးတာကို ငါ မှတ်မိနေသေးတယ်။ ခုရောဘာထူးလဲ။ ငါထင်တာတော့ တန်ဒါအုပ်စုက သာမန်ပါပဲ” ဟု ချူးယွင်ဖန်းက ခနဲ့တဲ့တဲ့ ပြန်ချေပသည်။

“တန်ဒါအုပ်စုက သာမန်ပဲ..ဟုတ်လား..ရိုင်းလိုက်တဲ့စကား”

လူတစ်ဦး၏ အသံကျယ်ကြီးတစ်သံက မလှမ်းမကမ်းနေရာဆီမှထွက်လာသည်။ သူ၏အသံမှာဒေါသများရောထွေးနေသည်။ ခပ်ထွားထွားလူတစ်ဦးသည် မလှမ်းမကမ်းနေရာဆီမှ လျှောက်လှမ်းလာသည်။ ထိုလူသည် အသက်ငါးဆယ်အရွယ်မှာရှိသောသက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သူ၏အရပ်သည် နှစ်မီတာကျော်သည်။ သူလမ်းလျှောက်လာသောအခါ တောင်တစ်လုံးလှမ်းလာသကဲ့သို့ဖြစ်နေသည်။ သူ့ဆီမှလာသော ဖိအားသည်အလွန်ပြင်းထန်သည်။ သူက အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပြီး ဒေါသမထွက်လျှင်တောင်မှ သူ၏ပုံစံက ကြောက်မက်ဖွယ်အတိဖြစ်သည်။

“မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိတဲ့ ပညာရှင်တစ်ဦးပါလား” ဟု ချူးယွင်ဖန်းတွေးနေမိသည်။ ထိုလူကိုအကဲခတ်ပြီးနောက် သူရင်တုန်လာမိသည်။ ထိုလူကြီးသည် နတ်ဆိုးဂိုဏ်းက အကြီးအကဲများထက်ပိုပြီးကြောက်စရာကောင်းသည်။ သူသည် သန့်စင်ခြင်းအဆင့်၏ အထက်မှာရှိသော မွေးဖွားခြင်းနယ်မြေ အဆင့်မှာရှိနေသော ပညာရှင်တစ်ဦးဆိုတာ သေချာပေါက်ပြောနိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကိုရောက်ရှိသည်နှင့် ရွှယ်ပိုင်လုံကဲ့သို့ပင် စစ်တပ်မှာ ဗိုလ်မှူးကြီးအဆင့်အရာရှိတစ်ဦးဖြစ်လာနိုင်သည်။ သူတို့နှစ်ဦးသည် မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိသော်ငြား ရွှယ်ပိုင်လုံက အနည်းငယ်ပိုပြီးအစွမ်းထက်သည်ကိုတွေ့ရသည်။ ထိုလူကြီးက အနည်းငယ်အားနည်းသည်ဆိုသော်ငြား သူတို့ကို အမှုန့်ကြိတ်ချေနိုင်သည့် အားသာချက်တော့ရှိသည်။

သူက နတ်ဆိုးဂိုဏ်း၏ လူနှင့် တွေ့ခဲ့တုန်းက တစ်ဖက်ရန်သူကို သူလှည့်ဖျားနိုင်ခဲ့သည်။ သို့သော် ယခုပြိုင်ဘက်ဖြစ်လာနိုင်သည့် ထိုလူကြီးကိုလှည့်ကွက်သုံးပြီးရင်ဆိုင်လျှင်တောင်မှ ဘာမှအသုံးမဝင်ပေ။

“ဦးလေး ကျိုး…ဒီကိုဘာလို့ရောက်လာတာလဲ..” ထိုလူကြီးကို မြင်သောအခါ ချူးကျိကောက မမေးပဲမနေနိုင်တော့ပေ။

“ဒီလိုမျိုးလေကျယ်နေပြီး ငါတို့တန်ဒါအုပ်စုကို စော်ကားမော်ကားပြောဆိုနေတာဘယ်သူလဲဆိုတာ ငါလာကြည့်တာ” ဟု ဦးလေးကျိုးဆိုသူက ပြန်ဖြေသည်။

“ရှင်တို့က ငါတို့လမ်းကိုပိတ်ဖို့ ကြိုးစားနေတာလား။ ရှင်တို့မဖယ်ပေးလျှင် ငါတို့ လုံခြုံရေးက ခေါ်ရလိမ့်မယ်” ဟု တန်စီယုက ရှေ့ကိုတစ်လှမ်းလှမ်းလာရင်းဆိုသည်။

ချူးကျိကောနှင့် ဦးလေးကျိုးက သူတို့သုံးဦးကိုစိုက်ကြည့်နေသော်လည်း သူတို့သုံးဦးကိုမပိတ်ဆို့ထားနိုင်တော့ပေ။ အမဲလိုက်မုဆိုးအဖွဲ့အစည်းမှာပြသနာရှာခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းဖြစ်သည်။ သန့်စင်ခြင်းအဆင့်မှာရှိသောလူများမပြောနှင့် မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေသော ပညာရှင်များတောင်မှ အဖွဲ့အစည်းထံမှ ရိုက်ခတ်မှုတစ်ချက်လေးတောင်မခံနိုင်ပေ။

“စောင့်ကြည့်နေ…မင်း ဒုက္ခလှလှတွေ့စေရမယ်” ချူးကျိကောကထိုသို့ပြောပြီး သူတို့သုံးဦးကိုတစ်ချက်ကြည့်ကာလှည့်ထွက်သွားသည်။

“ကျိကော..သူတို့ကဘယ်သူတွေလဲ။စကားကြီးစကားကျယ်တွေပြောပြီး တန်ဒါအုပ်စုကိုလေးစားရကောင်းမှန်းမသိဘူး” ဦးလေးကျိုးက မေးသည်။

ချူးကျိကောနှင့် ဦးလေးကျိုးသည် အလွန်ရင်းနှီးကြသည်။ ဦးလေးကျိုးသည် သူအရွယ်ရောက်ပြီးကြီးပြင်းလာသည်ကို မြင်တွေ့ခဲ့သူမို့ ချူးကျိကောမဖုံးကွယ်လိုတော့ပေ။ သူက ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြရှာသည်။

“မင်းပြောချင်တာက…သူက အားဖြည့်ဆေးအများကြီးကို အချိန်တိုအတွင်းမှာ ဖော်စပ်နိုင်ရုံသာမက သူက အရည်အသွေးမြင့်ဆေးတွေကိုဖော်စပ်နိုင်တယ်..အဲ့လိုလား” ချူးကျိကော် ရှင်းပြသောအချက်များထဲမှ အရေးကြီးသောအချက်များကို ဦးလေးကျိုးက ကောက်ချက်ချလိုက်သည်။ သူသည် တန်ဒါအုပ်စုကဲ့သို့ ဆေးပညာလောကမှာ အချိန်အကြာကြီးလုပ်ကိုင်ခဲ့သူမို့ ထိုအစွမ်းကဘယ်လိုမျိုးလဲဆိုတာ သူသေချာသိသည်။

ပြီးပြည့်စုံလှသော အားဖြည့်ဆေးတစ်လုံးဖော်စပ်ရန်တောင်မှ မလွယ်ကူလှပေ။သို့သော် ထိုအရည်အသွေးမြင့်ဆေးများစွာကိုတစ်ထိုင်တည်းဖော်စပ်နိုင်ခြင်းသည် အံ့အားသင့်စရာကောင်းလှသည်။

ချူးကျိကောက “ဟုတ်ပါတယ်။ သူက အဲ့ဆေးတွေအများကြီးကို အမှန်ပဲဖော်စပ်ခဲ့လားဆိုတာမသိပေမဲ့ သေချာပေါက်သူနဲ့တစ်ခုခုပတ်သက်နေရမယ်” ဟုပြောသည်။

“ဦးလေးကျိုး..ကျွန်တော်အကြံတစ်ခုရပြီ။ သူတို့ဝတ်စားပုံကိုကြည့်ရသလောက်တော့ သူတို့က တောထဲက သားရဲကောင်တွေကိုအမဲလိုက်မယ့်ပုံစံပဲ။ သူတို့ သေသေရှင်ရှင် ဘာမှအရေးမပါဘူး။ သူတို့ကို တိတ်တိတ်လေး လက်စဖျောက်လို့ရတယ်။ သူတို့က ဘာဆေးတွေပဲဖော်စပ်နိုင်ပါစေ သူတို့က သေလူဆိုအလကားပဲ”

လူ့လောကတွင် မြို့ထဲနှင့်မြို့ပြင်သည်မတူညီသောကမ္ဘာနှစ်ခုဖြစ်သည်။ မြို့ထဲမှာ အမိန့်တွေနှင့် တင်းကြပ်သဖြင့် ဒုစရိုက်မှုနည်းပါးသည်။ သို့သော် သူတို့မြို့ထဲကထွက်သည်နှင့် အမှောင်ကမ္ဘာခြမ်းဖြစ်သည်။ မည်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် တရားဝင်ကန့်သတ်ထားခြင်းမရှိပေ။ နှစ်တိုင်းလိုလို လူပေါင်းများစွာသည် တောထဲမှာပျောက်ကွယ်ပြီး သေကြေကြရသည်ဆိုတာ ချူးကျိကော က ကောင်းမွန်စွာသိနေသည်။

အပိုင်း (၁၅၃)- စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု

ချူးကျိကေါ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့်အရိပ်အယောင်များပေါ်လာသည်။ သူသည် ချူးယွင်ဖန်းတို့ကို သတ်ရန်ကြံစည်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် သူ့ကို လူအများက လှောင်ပြောင်ကြမည်မဟုတ်ချေ။

“သူ့ကိုသတ်မယ်။ အဲ့တာက သူ့ကိုလွယ်လွယ်လေးလွှတ်ပေးရာမကျဘူးလား” ဦးလေးကျိုး၏ မျက်နှာပေါ်တွင် အေးတိအေးစက်အပြုံးတစ်ခုပေါ်လာသည်။

“သူ့မှာ အရည်အသွေးမြင့်အားဖြည့်ဆေးကိုဖော်နိုင်စွမ်းရှိတယ်မလား။ သူ့ကိုဖမ်းလေ။ သူ့ကို ကုမ္ပဏီထဲမှာ အကျဉ်းချထားပြီးတော့ ငါတို့အတွက် ပြီးပြည့်စုံတဲ့အားဖြည့်ဆေးကိုဖော်စပ်ခိုင်းလျှင်ရော..ဘယ်လိုလဲ။ အဲ့တာက သူ့ကိုသတ်တာထက် ပိုမကောင်းပေဘူးလား။ သူ့ကိုသတ်လိုက်လျှင် ကိစ္စတွေက လျင်လျင်မြန်မြန်ပြီးဆုံးသွားမယ်။ငါတို့အမုန်းတွေအတွက် သတ်ပစ်တာကလွဲပြီး ဘာများရပါ့မလဲ”

ချူးကျိကောလည်း ယခုမှ သဘောပေါက်လာတော့သည်။ “ဦးလေးကျိုးက တကယ့်ကိုအမျှော်အမြင်ကြီးတာပါပဲ။ သူ့ကိုသတ်တာက လွယ်လွယ်လေးလက်လွှတ်လိုက်ရတာ.. အဲ့ဆေးတွေဖော်စပ်တာက သူမဟုတ်ဘူးဆို ဘယ်လိုလုပ်ကြမလဲ”

“ဒါဆိုလည်း သူ့ကိုသတ်ပြီးခွေးစာကျွေးရုံပဲရှိတာပေါ့။ ဘာမှ တန်ဖိုးမရှိတဲ့သူကိုဘာလို့ထိန်းသိမ်းထားမှာလဲ” ဟု ဦးလေးကျိုးက ရက်ရက်စက်စက်ပြန်ဖြေသည်။

“သူ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေမှာပဲ စိုးရိမ်တယ်။ သူက လူငယ်လေးပဲရှိသေးတာဆိုတော့ ဒီလောက်ကောင်းတဲ့ ဆေးမျိုးကိုဖော်စပ်နိုင်ပါ့မလား..သူက ကျောထောက်နောက်ခံလည်းရှိတဲ့ပုံမပေါ်ပါဘူး”

“စိတ်မပူနဲ့ အန်ကယ်ကျိုး..သူ့မိသားစုအကြောင်းကိုကျွန်တော် သေချာစစ်ပြီးပြီ။ သူ့မှာ ဘာအသိုင်းအဝိုင်းမှမရှိပါဘူး။ သူ့မိသားစုဝင်တွေက သာမန်လူတွေပါ။ ပြီးတော့ သူ့နောက်ကွယ်မှာတစ်ဦးဦး ရှိနေတယ်ဆိုလျှင်တောင်မှ ကျွန်တော်တို့တစ်ခုခုလုပ်လျှင် သူတို့ဘာမှ နောက်ယောင်ခံပြီးမလိုက်နိုင်ပါဘူး။ နှစ်တိုင်းလိုလို တောထဲမှာ လူရှစ်သောင်းလောက်သေကြတာပဲလေ။ သူတို့အားလုံးကိုဘယ်လိုလုပ်ပြီးရှာတွေ့နိုင်ပါ့မလဲ”ဟု ချူးကျိကောက ခပ်ယဲ့ယဲ့ပြုံးကာပြောသည်။

“ကောင်းပြီ..ဒါဆိုလည်း လုပ်ငန်းစကြတာပေါ့။ ပြီးတော့ သူတို့ဘာလုပ်နေလဲဆိုတာသိရဖို့ တစ်ယောက်ယောက်ကိုနောက်ယောင်ခံလိုက်ခိုင်းပါ။ သူတို့ ဘယ်မှာရှိနေလဲဆိုတာ အချိန်တိုင်းသတင်းပို့ခိုင်းလိုက်။ ငါတို့မြို့ပြင်ရောက်တဲ့ထိ ခဏစောင့်ပြီး စကြတာပေါ့” ဟု ဦးလေးကျိုးက ဆိုသည်။

“ဟုတ်ကဲ့..”

ချူးယွင်ဖန်းတို့ ခန်းမထဲက ထွက်လာသည်နှင့် ဂေါင်ဟုန်ချီက မေးသည်။

“ယွင်ဖန်း..သူတို့ကဘယ်သူတွေလဲ”

ချူးယွင်ဖန်းသည် ချူးကျိကောနှင့် လုချင်းရွှမ်ကြားက ပတ်သက်မှုကို ရှင်းပြသည်။

“သေစမ်း…ဒီကောင်တော်တော်အကျင့်ယုတ်တာပါလား” ဂေါင်ဟုန်ချီက ဆဲမိတော့သည်။

သူသည် လူချမ်းသာမိသားစု၏ ဒုတိယမျိုးဆက်ဖြစ်သော်လည်း သူငယ်ငယ်လေးတည်းက သူ၏မိသားစုသည် စည်းကမ်းတင်းကြပ်သည်။ သူက ထိုကဲ့သို့သောမကောင်းမှုမျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။ မဟုတ်လျှင် သူနှင့် ချူးယွင်ဖန်းသည် သူငယ်ချင်းကောင်းများဖြစ်မလာနိုင်ပေ။

တန်စီယု၏ မျက်လုံးထဲတွင်လည်း ရွံရှာစက်ဆုပ်မှုများပေါ်လာသည်။ ထိုလူမျိုးသည် မိန်းကလေးများအမုန်းဆုံးပုံစံဖြစ်နေသည်။ အမျိုးသမီးတစ်ဦးကို သာမန်အတိုင်းချဉ်းကပ်နိုင်သော်လည်း ထိုလူသည် ကောက်ကျစ်စဉ်းလဲသောနည်းလမ်းများကိုသုံးပြီး အမျိုးသမီး၏ အချစ်ကိုပိုင်ဆိုင်နိုင်ရန်ကြိုးပမ်းခဲ့သည်။

“အမှိုက်လိုသုံးစားမရတဲ့ကောင်” တန်စီယုက နှုတ်ခမ်းများကိုလှစ်ဟပြီး ထိုစကားလုံးများကိုဆိုသည်။

“လူ့အမှိုက်..ငါအဲ့ကောင်ကိုမြင်တိုင်း အသေရိုက်ပစ်ချင်လိမ့်မယ်” ဟု ဂေါင်ဟုန်ချီက ဆိုသည်။

“မင်းသူ့ကို မရိုက်နိုင်ဘူး” ဂေါင်ဟုန်ချီ၏ မာနကိုချက်ချင်းဆိုသလို ပယ်ဖျက်ပစ်မည့်စကားကို ချူးယွင်ဖန်းက ဆိုသည်။

ထိုအခါမှ ဂေါင်ဟုန်ချီသည် အသိပြန်ဝင်လာသည်။ သူက “ငါက ငယ်သေးလို့မလား..သူနဲ့သက်တူရွယ်တူသာဆိုလို့ကတော့ အသေသတ်ပစ်မှာ”

“ပြီးတော့ သူ့မှာ နင်နဲ့ပတ်သက်ပြီးမကောင်းတဲ့အကြံအစည်တွေရှိမယ်ထင်တယ်။ နင့်ကိုလွယ်လွယ်လေးနဲ့ အလွတ်ပေးမယ်လို့မထင်ဘူး” ဟုတန်စီယုက ပြောသည်။

“ငါလည်းသိတယ်”ဟု ချူးယွင်ဖန်းကပြန်ဖြေသည်။

သူ့အာရုံက တန်စီယုထက် စူးရှထက်မြက်သည်။ သူသည် ချူးကျိကောနှင့် ဦးလေးကျိုးဆီမှသတ်ဖြတ်ချင်စိတ်များကိုခံစားမိသည်။ သူတို့နှစ်ဦး၏ မကောင်းသည့်အကြံများကို သူသိနေသဖြင့် သတိကြီးစွာထားရတော့မည်။

ဤတောရိုင်းလေ့ကျင့်မှုသည် အလွန်လွယ်ကူမည်မဟုတ်ပေ။ သို့သော် သူနောင်တမရပေ။ သူက ပြသနာမရှာလိုသော်လည်း ယောကျာ်းတစ်ဦးသည် လုပ်သင့်လုပ်ထိုက်သည်များကိုပြုလုပ်ရမည်။ သူက အရာရာကိုလက်လျှော့ အရှုံးပေးနေပါက ဘဝက မည်သည့်အဓိပ္ပါယ်ရှိပါတော့မည်နည်း။

“ငါတွေ့ပြီ။ သူ့နာမည်က ကျိုးဝမ်ဘင်းလို့ခေါ်တယ်။ ခုလေးတင်ပဲ လိုင်းပေါ်မှာရှာလိုက်တာ။ ဒီလူက ထိပ်တိုက်ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး။ သူက မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိတဲ့ကျွမ်းကျင်သူပဲ။ ပြီးတော့ တန်ဒါအုပ်စုရဲ့ နံပါတ်တစ် လေးစားဖွယ်ပုဂ္ဂိုလ်ပဲ” ဂေါင်ဟုန်ချီက သူရှာတွေ့သောအချက်အလက်ကိုမျှဝေသည်။

“အင်တာနက်ပေါ်မှာ သူ့အကြောင်းတော့ များများစားစားမရှိပါဘူး။ ဒါပေမဲ့ သူက လူကောင်းတစ်ဦးမဟုတ်တာတော့ သေချာတယ်”

“ဒီ ကျိုးဝမ်ဘင်းက တန်ဒါအုပ်စုအတွက် တစ်နှစ်ပတ်လုံးလုပ်ပေးနေတာ။ ဒါ့ပြင် တန်ဒါအုပ်စုအတွက် စုဆောင်းဖို့ မလွယ်ကူတဲ့ ဆေးဝါးဆေးမြစ်တွေနဲ့ တောရိုင်းထဲက မွန်းစတားတွေကို ဖမ်းဆီးပေးတယ်။ သူက တန်ဒါအုပ်စုအတွက်တော့ ဖိုက်တာတစ်ဦးပဲဖြစ်ရမယ်။ သူက အရမ်းအန္တရာယ်များတယ်” ဟု ဂေါင်ဟုန်ချီက ဆိုသည်။

“ဟုတ်တယ်။ ငါတို့ ဂရုစိုက်ရမယ်။ ဒီလူတွေက ဒီကိစ္စကို လွယ်လွယ်လေးပြီးမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ကြောက်လန့်ပြီး လက်လျှော့ဖို့လည်း မသင့်ဘူး။ ဒါက သိုင်းပညာစွမ်းရည်သွေးတာပဲ။ ငါတို့က ကျင့်ကြံခြင်းအဆင့်ရဲ့ အစမှာပဲရှိသေးတယ်။ နည်းမှန်လမ်းမှန်ဆိုတာက ရဲရဲဝင့်ဝင့်ချီတက်ဖို့ပဲလိုတယ်။ ဒါကိုကြောက်နေပြီး ငါတို့မထွက်ရဲဘူးဆို ငါတို့ ဘဝမှာ ကြီးကြီးမားမားရရှိမှုဆိုတာရှိမှာမဟုတ်ဘူး” ဟု ချူးယွင်ဖန်းက ရှင်းပြသည်။

သူ့စကားဆုံးသည်နှင့် တစ်ခုခုပြောင်းလဲသလိုခံစားမိသည်။ သူ၏ စွမ်းအားပြောင်းလဲခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာခြင်းဖြစ်သည်။ ထိုအရာသည် မိုက်ရူးရဲဆန်စွာဖြင့် ထိပ်တိုက်ရင်ဆိုင်လိုခြင်းမဟုတ်ပေ။ ပြင်းထန်သောရန်သူနှင့်ကြုံတွေ့ရတာတောင်မှ ဓားချင်းယှဉ်ဝံ့သော စိတ်ဓာတ်မျိုးဖြစ်သည်။ လူအများစုက ထိုအရာကိုနားလည်သော်ငြား ကိုယ်တိုင်ကိုယ်ကျရင်မဆိုင်ဘူးပါက ထိုအရာ၏ နောက်ကွယ်မှာရှိနေသောအကြောင်းကို နားလည်ရန် ခဲယဉ်းသည်။

“ဟုတ်တယ်။ ရဲရဲဝံ့ဝံ့ရင်ဆိုင်မယ်။ သူတို့မလာလည်း ဘာမှမဖြစ်ဘူး။ အကယ်၍ လာခဲ့လျှင်လည်း သူတို့အတွက် လက်ဆောင်လေးပြင်ထားရတာပေါ့” ဟု ဂေါင်ဟုန်ချီက ဆိုသည်။

တန်စီယု၏ မျက်ဝန်းများက ပိုမိုတောက်ပလာသည်။ သူမ၏ လမ်းကြောင်းကို နားလည်သည်။ သူမ၏ စိတ်ထဲမှာပြောင်းလဲလာသည်။ သူတို့တစ်စုံတစ်ရာကိုနားလည်လိုက်သလိုခံစားမိသည်။

“ငါတို့ရဲ့ အမဲလိုက်မုဆိုးလိုင်စင်ရဖို့ပဲ အရင်ဆုံးလုပ်ကြတာပေါ့”ချူးယွင်ဖန်းကပြောသည်။

သူတို့သုံးဦးသည် အမဲလိုက်မုဆိုး စစ်ဆေးအကဲဖြတ်ခြင်းခန်းမထဲကိုဝင်လာသည်။

သူတို့သုံးဦးလျှောက်လှမ်းလာသည်ကိုမြင်ပြီး စာရင်းသွင်းသောဝန်ထမ်းက အံ့အားသင့်သွားသည်။ သူတို့သုံးဦးက ဝင်ခွင့်လက်မှတ်ကိုယူပြီး စာမေးပွဲဖြေဆိုရန်ပြင်သောအခါ ထိုဝန်ထမ်းက တီတိုးရေရွတ်မိသည်။

“အထက်တန်းကျောင်းသားတွေရောက်လာပြန်ပြီ။ ဘာလို့ကျောင်းသားတွေက စာမေးပွဲလာဖြေနေကြတာလဲ”

“အခုခေတ်ကျောင်းသားတွေက အရင်ခေတ်တွေကထက် တော်လာကြပြီ။ အရင်တုန်းက ငါကချီအဆင့်မှာရှိနေတယ်ဆို တက္ကသိုလ်တက်ဖို့ လုံလောက်ပြီ။ ခုတော့ အဲ့လောက်နဲ့မရတော့ဘူး” အသက်ပိုကြီးသောဝန်ထမ်းက သက်ပြင်းချသည်။

“ဒီကျောင်းသားတွေက ငါတို့သာဆို သုန့်ဟွာမြို့မှာထိပ်တန်းဖြစ်နေပြီ။ ခုတော့ ပိုပိုများလာကြပြီ။ သုန့်ဟွာမြို့ရဲ့ နံပါတ်တစ်ကျောင်းသား သုန့်ဖန်ဟောင်က ကောင်းကင်ထိတိုင်အောင် ထိုးဖောက်နိုင်တယ်။ သူက လွန်ခဲ့တဲ့ခြောက်လကပဲ စွမ်းအင်သန့်စင်ခြင်းအဆင့်ကိုရောက်ခဲ့ပြီ” အခြားဝန်ထမ်းတစ်ဦးကလည်း သက်ပြင်းချသည်။

“ငါတို့ လူသားတွေက တဖြည်းဖြည်းနဲ့ပိုပိုပြီး သန်မာလာကြပြီ။ ဒါက ကောင်းတဲ့အရာတစ်ခုပဲ။လူသားတွေရဲ့ ဖြောင့်မတ်မှန်ကန်တဲ့လမ်းကြောင်းက ပြောင်းလဲမှုတွေနဲ့ပြည့်နှက်နေတယ်”

ဝန်ထမ်းအများစုသည် နောက်ထပ်လူတစ်ဦး စာရင်းမပေးသွင်းမီအထိ မတ်တပ်ရပ်ကာ တီတိုးပြောဆိုရင်း သက်ပြင်းချနေကြသည်။ ချူးယွင်ဖန်းတို့သည် ဖြေဆိုခွင့်ယူပြီးနောက် စာမေးပွဲခန်းမဆီထွက်လာကြသည်။ စာမေးပွဲခန်းမထဲတွင် တန်းစီနေကြသော လူပေါင်းများစွာရှိသည်။

“ဘယ်လိုကြောင့်ပါလိမ့်..အမဲလိုက်မုဆိုးစာမေးပွဲက ဒီနှစ်မှာ နောက်တစ်ကြိမ်နာမည်ပြန်ကြီးလာတာလား”

လူတစ်ဦးက အခန်းထဲမှ စိတ်ပျက်လက်ပျက်ထွက်လာသည်။ ထိုလူသည် သေချာပေါက်ရှုံးနိမ့်ခဲ့ရမည်။

All Chapters