← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အပိုင်း (၁၅၄)- သူတို့မျက်နှာပျက်နေကြသည်..

လူတစ်ဦးသည် စာမေးပွဲခန်းမဆီမှ စိတ်ဓာတ်ကျနေသောအမူအရာဖြင့် ခေါင်းငိုက်စိုက်ထွက်လာသည်။ သူတို့ကိုကြည့်ရတာ စိတ်ပျက်အားငယ်နေပုံရသည်။

သို့သော် စောင့်ဆိုင်းနေသော လူတန်းရှည်ကြီးမှာ သူ့အား သနားသည့်ပုံမရှိချေ။ သူ့ကိုလှောင်ပြောင်ကာ” ဒီလူက တော်တော်တုံးတဲ့လူဖြစ်ရမယ်။ အမဲလိုက်မုဆိုးလိုင်စင်အတွက် စာမေးပွဲဖြေဆိုမယ်ဆို သူ့မှာ အနည်းဆုံး ချီအဆင့်ရဲ့ ငါးဆင့်မြောက်ရှိကိုရှိရမယ်”

“အဆင့်က ဒီလောက်တောင်မြင့်သွားတာလား။ ဒါပေမဲ့ အင်တာနက်ပေါ်မှာတော့ သုံးဆင့်ဆိုရပြီလို့ ပြောထားတာ တွေ့လိုက်ရတယ်” တစ်စုံတစ်ဦးက ဝေဝါးစွာပြောသည်။

“ဟုတ်တယ်..ခုလေးတင်ပဲ အဆင့်ကိုမြှင့်လိုက်တာ။ ဒါက အမဲလိုက်မုဆိုးအဖွဲ့သတ်မှတ်ထားတဲ့ အဆင့်အတန်းသတ်မှတ်ချက်အသစ်တစ်ခုလေ။ ခုတစ်လော သားရဲကောင်များက ပိုပိုပြီးကြောက်စရာကောင်းလာတာမို့ အင်အားမကြီးဘူးဆို ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ မတူနေဘူးလား” ဟု တစ်စုံတစ်ဦးက မေးသည်။ သူက ထိုသတင်းကို အကြာကြီးတည်းက ရရှိထားသည်မှာ သိသာလှသည်။

လွန်ခဲ့သောနှစ်များဆီက လူသားများသည် တိုးတက်လာခဲ့သည်။ သို့သော် သားရဲကောင်ကြီးများလည်း တိုးတက်နေဆဲဖြစ်သည်။ စိတ်ဝိဥာဉ်စွမ်းအင်များပိုမိုထူထပ်လာလေလေ သားရဲကောင်ကြီးများလည်း ပိုမိုအားကောင်းစွာပြောင်းလဲလာလေလေဖြစ်သည်။ လူသားများသည် ရှေးဟောင်းလူသားများခေတ်၏အကြွင်းအကျန်များကို တူးဖော်ခြင်းကြောင့်သာမဟုတ်ခဲ့လျှင် သူတို့၏တိုးတက်ပြောင်းလဲမှုများသည် သားရဲကောင်ကြီးများကိုလိုက်မမှီပေ။ သားရဲကောင်ကြီးများ၏ သဘာဝဆင့်ကဲပြောင်းလဲတိုးတက်မှုသည် လွန်စွာမြန်ဆန်လှသည်။

လွန်ခဲ့သောနှစ်ရာစုနှစ်များဆီက အခြေတည်အဆင့်မှာရှိကြသောလူများသည် သားရဲကောင်မုဆိုးများဖြစ်နိုင်ကြသည်။ ယခုအခါမှာတော့ ချီပင်လယ်အဆင့်၏ အဆင့်ငါးမှာရှိမှသာ မုဆိုးဖြစ်နိုင်သဖြင့် စံသတ်မှတ်ချက်သည် မြင့်မားလာခဲ့သည်။

“အာ..ဘာလို့ ကျောင်းသားတွေများလာရတာလဲ”

အထက်တန်းကျောင်းသားသုံးဦးကိုမြင်တွေ့လိုက်ရသောသူအဖို့ ကမ္ဘာပေါ်တွင် တိုက်ကြီးအသစ်တစ်ခုကိုရှာဖွေတွေ့ရှိသည့်အလား အထူးအဆန်းဖြစ်နေရသည်။ ထိုလူအများစုသည် တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး ကျောင်းဆင်းပြီးလူများတောင်မှ ပါဝင်ကြသည်။ သူတို့သည် လူသစ်များဖြစ်ကြပြီး အများစုသည် လစ်ဘရယ်အနုပညာကျောင်းဆင်းများဖြစ်ကြသည်။ ထိုအရာသည် ဝင်ခွင့်စာမေးပွဲမအောင်မြင်ခြင်း၏ ခါးသီးသောရလဒ်များဖြစ်ကြသည်။ သူတို့အဖို့ အထက်တန်းကျောင်းသားများကို အဖွဲ့ထဲမှာမြင်ရသောအခါ ထူးဆန်းအံ့အားသင့်နေကြသည်။

“မင်းတို့ကောင်တွေ အိမ်ပြန်သင့်တယ်။ မင်းတို့က အမေနို့နံ့တောင်စင်ကြသေးရဲ့လား”

“မြန်မြန်ပြန်ကြစမ်းပါ။ သားရဲကောင်ဖမ်းတာက ကလေးကစားစရာမဟုတ်ဘူး”

“တကယ်ပြောနေတာ..မင်းတို့အထက်တန်းကျောင်းသားလေးတွေက မိုးမြေရဲ့ကြီးမားပုံကို မသိကြပါဘူးကွာ”

“ဒီကျောင်းသားတွေက ဘာဖြစ်နေကြတာလဲ။ ငါတို့စာမေးပွဲအောင်လျှင် မင်းတို့တွေ ငါတို့ကိုဒူးထောက်ပြီး အရိုသေပေးကြမှာလား” ဟု ဂေါင်ဟုန်ချီက ဆိုသည်။ သူက လှံတံကိုမြေကြီးမှာ ခပ်ပြင်းပြင်းစိုက်ချပြီးနောက် ထိုလူများကို အထင်သေးသောအကြည့်ဖြင့်ကြည့်သည်။

“ကောင်းပြီ..ငါလက်ခံတယ်။ ကောင်းကင်ရဲ့အလိုတော်ကို မင်းတို့ အထက်တန်းကျောင်းသားတွေလွန်ဆန်နိုင်မယ်လို့ ငါမထင်ပါဘူး” အခြားသူများကလည်း သူ့နောက်မှ သံယောင်လိုက်ကြသည်။

“ကောင်းပြီ…ဒါဆိုလည်း အရင်ဆုံးစာမေးပွဲဖြေကြတာပေါ့။ စာမေးပွဲပြီးရင် အဖြေထွက်လာမှာပဲ” ဟု ဂေါင်ဟုန်ချီက ပြောသည်။

“ကောင်းပြီလေ..မင်းတို့အရင်ဖြေကြပါ” ဟု လူတစ်ယောက်က ထပြောသည့်စကားကို အခြားလူများကလည်း တစ်ယောက်ပြီးတစ်ယောက် သဘောတူကြသည်။ ဤသုံးယောက်က ပရမ်းပတာဖြစ်ပျက်နေသည်ကို မြင်ချင်ကြသည်။

“ကောင်းပြီလေ..ဒါဆိုလည်း ငါ မညှာတော့ပါဘူး” ထိုသို့ပြောပြီးနောက် ဂေါင်ဟုန်ချီသည် လူအုပ်ကြီး၏ အရှေ့မှရင်ကော့ပြီး လျှောက်လာသည်။ ချူးယွင်ဖန်းကလည်း သူ၏နောက်မှလိုက်ပြီး လက်မထောင်ပြသည်။ ထိုလူများက သူတို့ကိုလှောင်ပြောင်လို၍ အရင်ဦးဆုံးဖြေဆိုခိုင်းခြင်းဖြစ်သည်။ ယနေ့ခေတ် အထက်တန်းကျောင်းသားများက အင်အားကြီးမားလာသည်ကို သူတို့အနေဖြင့် လက်မခံလိုကြခြင်းဖြစ်သည်။ ပြီးတော့ ထိုအမြင်သည် သမားရိုးကျအားဖြင့် မှန်ကန်သည်။ လူသားကမ္ဘာ၏ ကလေးများသည် မျိုးဆက်အလိုက် တဖြည်းဖြည်း အင်အားကြီးမားလာကြသည်။ သူတို့အမြင်တွင် အမဲလိုက်မုဆိုးအဖွဲ့အစည်း၏ လက်ရှိစံသတ်မှတ်ချက်များသည် တက္ကသိုလ်ကျောင်းသားများကိုသာ ဖြေဆိုအောင်မြင်နိုင်ရန် ပြင်ဆင်ထားသည်။

မကြာခင်မှာပင် သူတို့စာမေးပွဲဖြေဆိုရန်အလှည့်ကျလာသည်။ စာမေးပွဲဖြေဆိုသော နောက်ထပ်လူတစ်ဦးသည် စိတ်ပျက်လက်ပျက်ထွက်လာပြန်သည်။ ဂေါင်ဟုန်ချီက တစ်ဦးတည်း လျှောက်လှမ်းလာပြီး အခြားသူများက စောင့်ဆိုင်းနေကြသည်။ ချူးယွင်ဖန်းနှင့် တန်စီယုက အဖြေကိုစောင့်ဆိုင်နေစဉ်တွင် အခြားသူများက လှောင်ပြောင်သရော်ရန် စောင့်နေကြသည်။

သိပ်မကြာလိုက်ခင်မှာပင် အခန်းအပေါ်ဘက်ရှိ မီးအစိမ်းရောင်သည် လင်းလက်လာခြင်းသည် ဂေါင်ဟုန်ချီ၏ ဖြေဆိုမှု အောင်မြင်ခြင်းကိုပြသနေသည်။ သူသာ စာမေးပွဲမအောင်ပါက မီးအနီလင်းလာမည်။ ထို့နောက် ဂေါင်ဟုန်ချီက လှံတံကိုကိုင်ထားရင်း မာန်ပါပါဖြင့် ထွက်လာသည်။

သူက ထိုလူများကို လက်ညှိုးထိုးပြီး “ ဘယ်လိုတုန်း။ ခုနလေးတင်ပဲ ဒူးထောက်ပြီး အရိုသေပေးမယ်လို့ ဘယ်ကောင်ပြောလိုက်တာလဲ..ခု ငါစာမေးပွဲအောင်ပြီလေ…မြန်မြန်ဒူးထောက်ပြီး အရိုသေပေးကြလေ” ဟုပြောသည်။

လူအများစုက ရုတ်တရက်ဆိုသလို မျက်နှာလွှဲကြသည်။

နောက်နေတာလား..

သူတို့က ဒူးထောက်ပြီး အရိုသေပေးကြမှာလား။

အရမ်းကိုရှက်ဖို့ကောင်းမှာပဲ..

တက္ကသိုလ်ကျောင်းသားများအဖို့ အထက်တန်းကျောင်းသားက သူတို့ကိုသာလွန်ပြီး နှိမ်ချဆက်ဆံခံရခြင်းက အလွန်ဆိုးဝါးလှသည်။

နောက်ဆုံးမှာ တစ်စုံတစ်ဦးသည် ဂေါင်ဟုန်ချီ၏ အထင်သေးသောအကြည့်ကို ဆက်လက်မခံနိုင်တော့ပေ။ ထို့ကြောင့် သူက “ မင်းက အောင်တယ်ဆိုဦးတော့..သူတို့နှစ်ဦးကတော့ သေချာပေါက် အောင်မှာမဟုတ်ဘူး” ဟု ထပြောသည်။

“ဘာလို့လဲ..မင်းလောင်းရဲလား”ဟု ဂေါင်ဟုန်ချီက လူအုပ်ကြီးကိုတစ်ချက်ဝေ့ကြည့်ကာ မေးပြန်သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ မည်သူမှ မလောင်းရဲတော့ပေ။ ခုနလေးတင်ပဲ သူတို့သုံးဦးကို လှောင်ပြောင်ပြောဆိုခဲ့ကြသည်။ ယခုတော့ ပါးချခံရသည့်အလား သူတို့၏ မျက်နှာတွင် စပ်ဖျဉ်းဖျဉ်းနာကျင်မှုကို ခံစားနေရပြန်သည်။

သူတို့နှစ်ဦးလုံး စာမေးပွဲအောင်မြင်လျှင်ရော ပိုပြီး မဆိုဝါးပေဘူးလား!!

စကားပုံရှိသလိုပဲ ကောင်းသည့်အရာများသည် လျင်မြန်စွာမဖြစ်လာကြပေ။ တန်စီယု ဝင်သွားပြီးနောက် သိပ်တောင်မကြာလိုက်ဘဲ သူမလည်း အောင်မြင်သွားပြန်သည်။ သူမ၏ ဖြေဆိုချိန်ထက် ဂေါင်ဟုန်ချီ၏ ဖြေဆိုချိန်ထက် ပိုပြီး တိုတောင်းသည်။ လူအများစုလည်း အသံတိတ်ကုန်ကြသည်။ သူတို့၏ မျက်နှာများ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြန်သည်။

နောက်ဆုံးတော့ ချူးယွင်ဖန်း သွားရန် အလှည့်ကျလာသည်။ လူအများကြီးက မျှော်လင့်တစားစောင့်နေကြသည်။ ကျေးဇူးပြုပြီး မအောင်မြင်ပါစေနဲ့ဟု ဆုတောင်းနေကြသည်။ အနည်းဆုံး တစ်ယောက်လောက်ကျရှုံးသင့်သည်။ မဟုတ်ပါက သူတို့အရှက်ကွဲကြလိမ့်မည်။

ချူးယွင်ဖန်း အခန်းထဲကို ဝင်သွားသောအခါ အခန်းထောင့်တွင် ဝန်ထမ်းတစ်ဦးက စာမေးပွဲခန်းကြီးကြပ်သူအဖြစ် မတ်တပ်ရပ်နေသည်ကိုမြင်ရသည်။ အခန်းအလယ်တွင် လူတစ်ယောက်နီးပါးမြင့်သော စက်ရုပ်တစ်ရုပ်ကိုတွေ့သည်။

ထိုဝန်ထမ်းကို ခေါင်းမော့ကြည့်သောအခါ ချူးယွင်ဖန်းကိုတွေ့သည်။

“နောက်ထပ် ကျောင်းသားတစ်ဦးရောက်လာပြန်ပြီ။ ဒီခေတ်ကျောင်းသားတွေက တကယ့်ကို အင်အားပြင်းတာပဲလား” ဟု တီးတိုးရေရွတ်နေသည်။ အထက်တန်းကျောင်းသားနှစ်ဦးက တစ်ဆက်တည်းဝင်လာပြီး နှစ်ဦးလုံးက သန်မာကြသည်။ ယခုအခါ နောက်ထပ်ကျောင်းသားတစ်ဦးရောက်လာပြန်ပြီ!

ချူးယွင်ဖန်းက ထိုစကားကိုကြားပြီး ရယ်ချင်မိသည်။ “စိတ်မပူပါနဲ့..ကျွန်တော်က နောက်ဆုံးပါပဲ”

ချက်ချင်းဆိုသလို ဝန်ထမ်း၏ မျက်နှာနီရဲလာသည်။

ထို့နောက် သူက “မင်းရှေ့က စက်ရုပ်ကို အင်အားကုန်သုံးပြီး တိုက်ခိုက်ပြပါ။ မင်းနဲ့ စက်ရုပ်ကြားက အနေအထားကို ကြည့်ပြီး စာမေးပွဲအောင်မအောင်ဆိုတာ ငါ ဆုံးဖြတ်ပေးမယ်။ မင်း အောင်မြင်တာနဲ့ စက်ရုပ်က ရပ်သွားလိမ့်မယ်”

“နားလည်ပါပြီ”

ချူးယွင်ဖန်းက သူ၏ နောက်ကျောဘက်ရှိ အရိပ်မဲ့ဓားကိုထုတ်ပြီး စတင်လှုပ်ရှားတော့သည်။ သူက ရှေ့ကိုတစ်လှမ်းလှမ်းလာပြီး ပိုင်းချလိုက်သည်။

ရွှက်! ရွှက် ! ရွှက်!

ထိုဓားချက်သည် မြန်ဆန်လှသည်။ ထိုလူက ချူးယွင်ဖန်းကို တစ်ချက်ကြည့်ပြီး ရုတ်တရက် အံ့အားသင့်ရသည်။ ရှေ့ကဝင်သွားသော ကျောင်းသားနှစ်ဦးထက် ပိုမိုအင်အားကြီးသော ကျောင်းသားတစ်ယောက် ရှိပါသေးလားဟု အံ့အားသင့်မိသည်။

ချူးယွင်ဖန်း၏ ဓားချက်ကျသည်နှင့် စက်ရုပ်က ချက်ချင်းဆိုသလို စတင်လှုပ်ရှားသည်။ အစစ်အမှန်သိုင်းပညာရှင်တစ်ဦးနိုးထလာသည့်အလား သူ၏ကိုယ်ထဲမှ ကြောက်မက်ဖွယ်ပုံစံတစ်ခုထွက်လာပြီး သူ၏လက်ကိုမြှောက်ကာချူးယွင်ဖန်း၏ ဓားချက်ကိုပိတ်ဆို့သည်။

ချွမ်း!

သတ္ထုနှစ်ခုထိရိုက်မိသည့် အသံကြောင့် မီးပွါးများသည် နေရာအနှံ့လွင့်စင်လာသည်။ ထို့နောက် စက်ရုပ်၏ အခြားလက်တစ်ဖက်က ချူးယွင်ဖန်းကိုတိုက်ခိုက်နေပုံက သာမန်သိုင်းပညာရှင်တစ်ဦးနှင့် ဆင်တူလှသည်။ချူးယွင်ဖန်းက ခြေထောက်ကိုခပ်ပြင်းပြင်းဆောင့်နင်းပြီး နောက်တစ်လှမ်းဆုတ်ကာ လက်သီးထိုးချက်ကိုရှောင်သည်။ ထို့နောက် သူ၏ ဓားကိုမြှောက်ပြီး ရှေ့ကိုတိုးဝင်လာသည်။

ချွမ်း! ချွမ်း!

ချွမ်း!

နောက်ထပ် ဆယ်ချက်လောက် တိုက်ခိုက်ပြီးနောက် စက်ရုပ်က ရပ်သွားခဲ့သည်။ သူ၏ ပါးစပ်မှ “အောင်မြင်သည်” ဟုဆိုသော အသံတစ်သံထွက်လာပြန်သည်။

အပိုင်း (၁၅၅)- သူတို့နောက်ကိုလိုက်နေသောသူကိုရှာတွေ့ခဲ့ပြီ…

ချူးယွင်ဖန်းသည် အခန်းထဲမှ ထွက်လာသောအခါ ပြင်ပမှာ ရလဒ်ကိုစောင့်နေသောသူများသည် မျက်စိမျက်နှာပျက်ကုန်ကြသည်။ နောက်ဆုံးမှ စမ်းသပ်ခန်းကိုဝင်ရောက်သွားသော ချူးယွင်ဖန်းတစ်ယောက် ရှုံးနိမ့်စေရန် သူတို့မျှော်လင့်ခဲ့ကြသည်။ ထိုအတိုင်းသာဆို သူတို့အနည်းဆုံးတော့ မျက်နှာမပျက်နိုင်ပေ။ သို့သော် အမှန်တရားက သူတို့ကိုမာကျောခက်ထန်စွာရိုက်ခတ်လိုက်သည်။

“ခုရော…တစ်ခုခုပြောချင်တဲ့သူရှိကြသေးလား” ဟု ဂေါင်ဟုန်ချီက လှံတံကို မာန်ပါပါ ဝှေ့ရမ်းရင်းပြောသည်။ ဘယ်အချိန်မှာ အခြေအနေပေးပြီး ဘယ်အချိန်မှာရပ်သင့်လဲဆိုတာ ဂေါင်ဟုန်ချီသိနေသည်။ သူတို့ကို လှောင်ပြောင်ပြောဆိုခြင်းကိုအလူးအလိမ့်ခံရသောအခါ အားလုံးက ဒေါသပုန်ထလာပြီး တစ်ခုခုပြောရန်ကြံနေချိန်တွင် ဂေါင်ဟုန်ချီက

“ ကောင်းပြီ..ငါ့မှာလုပ်စရာတစ်ခုရှိတယ်။ မင်းတို့နဲ့ဆက်ပြီး အငြင်းမပွါးနေတော့ဘူး။ ဒီဟာက ငါတို့ အထက်တန်းကျောင်းသားတွေကို လျှော့မတွက်သင့်ဘူးဆိုတာကို သင်ခန်းစာပေးတာ။ မင်းတို့က တက္ကသိုလ်ကျောင်းသားတွေဆိုပြီး အထင်မသေးကြပါနဲ့”

ထို့နောက် သူသည် တံခါးနားက ထွက်ဖို့ပြင်နေသော ချူးယွင်ဖန်းနှင့် တန်စီယု၏ နောက်မှ ကပ်လိုက်လာသည်။ မျှော်လင့်ထားသလိုပင် သူတို့၏ နောက်မှာ တက္ကသိုလ်ကျောင်းသားများက ဒေါသပုန်ထွက်ရင်းကျန်နေခဲ့သည်။

“မင်းကို အသေရိုက်သတ်ပစ်မှာ မကြောက်ဘူးလား။” ချူးယွင်ဖန်းက ထိုပြသနာကိုဘေးနားမှ ကြည့်နေရင်းရယ်ချင်နေမိသည်။

“သူတို့ကို မိုက်ရိုင်းလို့ရတယ်လို့ဘယ်သူများပြောလိုက်ပါလိမ့်..သူတို့အမဲလိုက်မုဆိုးအဖွဲ့အစည်းမှာ မဟုတ်တာဘာမှ မလုပ်ရဲဘူးဆိုတာငါသိတယ်လေ။ သူတို့အတွက်အသက်ရှင်သန်နေရတာကိုက ခက်ခဲလောက်မယ်” ဂေါင်ဟုန်ချီက ရယ်မောရင်းပြောသည်။

“တောထဲက သားရဲကောင်တွေ..သခင်လေးဂေါင်ကြွချီလာပြီ..မင်းတို့အဆင်သင့်ပဲလား”

ချူးယွင်ဖန်းနှင့် တန်စီယုသည် တစ်ဦးကိုတစ်ဦးကြည့်ပြီးပြုံးမိသည်။

သိပ်မကြာခင်မှာပင် သူတို့သုံးဦးသည် လိုင်စင်ကတ်ပြားတစ်ခုရလာခဲ့သည်။ ထိုကတ်တွင်သူတို့၏ သတင်းအချက်အလက်များကိုမှတ်တမ်းတင်ထားပြီး သယ်ဆောင်ရလွယ်ကူလှသည်။ သူတို့က ထိုကတ်ကိုကျပျောက်ခဲ့လျှင်တောင်မှ သူတို့ဘယ်သူလဲဆိုတာ တန်းသိနိုင်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် လူတိုင်းနှင့် သက်ဆိုင်သောသတင်းအချက်အလက်သည် မှတ်ပုံတင်ကတ်ပြားတစ်ခုအသွင်ဖြင့် မှတ်တမ်းတင်ထားသည်။ သူတို့မှာ မှတ်ပုံတင်ကတ်ရှိနေသရွေ့ မည်သည့်အချက်အလက်ကိုမဆိုရှာဖွေနိုင်သည်။ သူတို့သုံးဦးသည် အမဲလိုက်မုဆိုးအစည်းအရုံးထံမှ ထွက်ခွါလာကြသည်။

[ငါတို့နောက်ကို တစ်ယောက်ယောက် နောက်ယောင်ခံလိုက်နေတယ်] ဟူသော စာတိုကို တန်စီယုက သူတို့ထံပို့လိုက်သည်။ သူတို့က တောနက်ကြီးထဲကိုသွားမည်ဆိုကတည်းက သုံးဦးပါဝင်သော အဖွဲ့တစ်ခုကိုဖွဲ့ပြီး သတင်းအချက်အလက်မျှဝေကြသည်။ သူတို့သည် သားရဲကောင်ကြီးများကိုအထူးသတိထားရမည်။ သူတို့တစ်ဦးကိုတစ်ဦးပုံမှန်အတိုင်း စကားပြောဖို့မလွယ်ကူတာမို့ အုပ်စုဖွဲ့ပြီးပြောဆိုကြသည်။

[ငါမြင်တယ်။ ငါတို့နောက်ကိုလူကောင်ခပ်ကြီးကြီးတစ်ယောက်လိုက်နေတယ်။ ငါတို့က သူ့ကိုသတိမထားမိဘူးလို့ ထင်နေတာဖြစ်ရမယ်] ဂေါင်ဟုန်ချီက စာပြန်ပို့သည်။

[ခုတော့ သူ့ကိုလွှတ်ထားလိုက်ပါဦး။ ငါတို့မရိပ်မိဘူးလို့ပဲ ဟန်ဆောင်ကြမယ်။ ဒီကထွက်ပြီးတာနဲ့ ငါတို့ဆွေးနွေးကြတာပေါ့] ချူးယွင်ဖန်းက အဖွဲ့ထဲကို စာပြန်ပို့သည်။

လူတစ်ဦးမှာ ဒုက္ခပေးမည့်အရိပ်အယောင်များမြင်ရသောအခါ သူက အထူးသတိထားသည်။ သူက ထိုအရာကို အာရုံခံစားမိသည်။ ထို့အပြင် ချူးကျိကော်နှင့် ယခုလေးတင်ပဲ ဆုံခဲ့ရတာမို့ အထူးဂရုစိုက်နေရသည်။ ထိုလူပေါ်လာကတည်းက ချူးယွင်ဖန်းသတိထားမိသည်။

ထိုလူသည် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသောလူကြီးတစ်ဦးဖြစ်သည်။ သူ၏အရပ်သည် နှစ်မီတာကျော်လောက်ရှိပြီး သူ့ပုံစံက ခက်ထန်မာကြောသည်။ သူက ကမူးရှူးထိုးမလုပ်ဘဲ နောက်မှကပ်လိုက်သည်။ တစ်စုံတစ်ဦးက သူတို့အားစောင့်ကြည့်ခိုင်းသောအမိန့်ကို သူရရှိတာမို့ အလျင်စလိုမလုပ်တာဖြစ်ရမည်။

သူတို့သည် ချူးကျိကောနှင့် ကတောက်ကဆဖြစ်ခဲ့ရပြီးနောက် ယခုတော့သူတို့၏နောက်ကို တစ်စုံတစ်ဦးက လိုက်လာနေသည်။ ချူးကျိကော်မှ လွဲပြီး မည်သူမှမဖြစ်နိုင်ပေ။ သို့သော် မြို့ထဲမှာရှိနေချိန်တွင် တိုက်ခိုက်ဖို့ကြံစည်ခြင်းက အကြံကောင်းတစ်ခုမဟုတ်ပေ။ တစ်ဖက်လူက တွန့်ဆုတ်နေချိန်မှာ သူတို့သုံးဦးလည်း လှုပ်ရှားမည်မဟုတ်သလို တစ်ဖက်လူကလည်း ရန်မူလာပါက သူတို့အဆိုးမဟုတ်တော့ပေ။

ချူးယွင်ဖန်းသည် ချူးကျိကောကို သူ၏စိတ်ထဲမှာ အမည်ပျက်စာရင်းသွင်းထားနှင့်ပြီးဖြစ်သည်။ ထိုအရာကိုတွေးမိပြီး သူ၏မျက်ဝန်းအစုံသည် တလက်လက်တောက်ပနေသည်။ သူတို့သည် ကားပျံတက္ကစီကိုတားဆီးပြီး တည်ငြိမ်သမုဒ္ဓရာမြို့၏ အနောက်ဘက်ဂိတ်တံခါးဆီကို ထွက်လာကြသည်။ သို့သော် တက္ကစီသည် မြို့ကိုဝန်းရံထားသော မြို့ရိုးနားကိုမကပ်နိုင်ပေ။ မြို့ရိုးမှ မီတာသုံးထောင်အကွာတွင် တက္ကစီရပ်ရပြီး ကျန်သောအကွာအဝေးကို ကိုယ့်ဘာသာကိုယ် လျှောက်လှမ်းရသည်။

သို့သော်လည်း ထိုအကွာအဝေးသည် သူတို့အတွက်မဝေးလှပေ။ သူတို့သည် မြို့ရိုးအောက်ရှိဂိတ်တံခါးကိုရောက်လာကြသည်။ သူတို့အနေနှင့် ထိုအရာကို ဒုတိယအကြိမ်မြင်ဖူးသည်ဆိုသော်ငြား ယခုတစ်ဖန်ထပ်တွေ့ရသောအခါ အလွန်အံ့အားသင့်ကြရသည်။ လူသား အလုပ်သမားအစုအဖွဲ့ကြီးသည် ထိုဂိတ်တံခါးကို ကြီးကျယ်ခမ်းနားပြီး သေသပ်စွာဆောက်လုပ်ထားကြသည်။ ထိုဂိတ်တံခါးသည် ကြီးမားပြီး ထုထည်ခိုင်မာပုံက အံ့အားသင့်ဖွယ်အတိဖြစ်သည်။

ဂူအောင်းကျင့်ကြံခြင်းမှထွက်လာသော စစ်သည်များသည် သူတို့၏သရုပ်မှန်ကို အတည်ပြုကာ အမဲလိုက်မုဆိုးလိုင်စင်ကို ဒီနေရာမှာ ထုတ်ယူကြသည်။ သူတို့အောင်မြင်မှသာ ထွက်လာနိုင်သည်။ ဤအရာသည် တည်ငြိမ်သမုဒ္ဓရာမြို့ကိုကာကွယ်ထားသော နောက်ဆုံးခံစစ်မျဉ်းဖြစ်သည်။ ဤနေရာကို သိမ်းပိုက်အောင်မြင်လျှင် တည်ငြိမ်သမုဒ္ဓရာမြို့လည်း ကျသွားနိုင်သည်။

သူတို့သုံးဦးသည် လျှပ်စစ်စစ်ဆေးခြင်းတံခါးမှ လွယ်ကူချောမွေ့စွာထွက်လာကြသည်။ ဂိတ်တံခါးပိတ်ခြင်းကို အလိုအလျောက်စနစ်ဖြင့်သာလုပ်ဆောင်သည်။ တစ်ဖက်မှာတော့ ထိုနည်းလမ်းသည် လူအင်အားကိုချွေတာသည်။ တစ်ဖက်မှာလည်း လူအများက လိမ်ညာလှည့်ဖျားပြီးဝင်ရောက်ခြင်းမှလည်း ကာကွယ်ပြီးသားဖြစ်တော့သည်။

လျှပ်စစ်တံခါးကြီးများအနားမှာရှိသော နေရာကိုကြည့်ပါက အမဲလိုက်မုဆိုးအဖွဲ့သည် ကုန်သည်များသဖွယ် အသေကောင်များကို ကုန်ကားပေါ်ကို ပစ်တင်နေကြသည်။ ကားပေါ်မှာ သားရဲကောင်ကြီးများ၏ အလောင်းများကို ငွေရလက်မှတ်တစ်ခုသဖွယ် ယူဆောင်လာကြသည်။ ထိုမြင်ကွင်းကို ပထမဆုံးအကြိမ်မြင်ပြီး ချူးယွင်ဖန်းအံ့အားသင့်မိသည်။ လူသားနှင့် သားရဲကောင်ကြီးများကြားရှိတိုက်ပွဲကိုမြင်ရသည်။ ထိုသူများသည် သားရဲကောင်မုဆိုးများဖြစ်ကြပြီး ပိုက်ဆံရရန် သားရဲကောင်ကြီးများကိုသတ်ရသည်။ ချူးယွင်ဖန်းတို့အဖို့တော့ လေ့ကျင်ရန်သာ ဤနေရာကိုလာရခြင်းဖြစ်သည်။

သူတို့စာမေးပွဲအောင်ပြီးနောက် သူတို့သုံးဦးသည် နံရံကိုအောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။ သူတို့ကို အဆုံးမဲ့ မျက်စိတဆုံးကြည့်ရသော တောနက်ကြီးက ဆီးကြိုလိုက်သည်။ ထိုနေရာသည် လူလုပ်စက်ရုံများနှင့် ပြည့်နှက်နေသော မြို့ကြီးပြကြီးနှင့် မတူပေ။ အချိန်အကြာကြီးစွန့်ပစ်ထားသော နေရာမှ တောနက်ကြီးတစ်ခုဖြစ်လာသည်။ မျက်စိတဆုံးလှမ်းကြည့်သော်ငြား အဆုံးကိုမြင်နိုင်ခြင်းမရှိပေ။ ခံတပ်ကြီးတစ်ခုသည် ကောင်းကင်မှ သက်ဆင်းလာသည့်အတိုင်း ကမ္ဘာအဆုံးနားမှာ ရပ်တည်နေသည်။ ထိုအရာများသည် တည်ငြိမ်သမုဒ္ဓရာမြို့နှင့် သုန်ဟွာမြို့ကိုကာကွယ်ရန် ပထမဆုံးခံစစ်မျဉ်းဖြစ်သည်။

“ငါတို့နောက်က လူက တောက်လျှောက် ငါတို့နောက်ကိုလိုက်လာနေတယ်။ သူ့ကိုအရင်ဆုံးရှင်းကြဖို့ နေရာရှာတာပေါ့” ဟု ချူးယွင်ဖန်းကဆိုသည်။

“အနောက်မြောက်ဘက်ကိုအရင်ဆုံးသွားကြစို့။ ခံတပ်ရဲ့ပထမဆုံးခံစစ်မျဉ်းကိုကျော်တာနဲ့ မြို့ပျက်ကြီးတစ်ခုတွေ့လိမ့်မယ်။ လူတွေက အရင်တုန်းက အဲ့နေရာမှာနေပေမဲ့ ခုတော့ သားရဲကောင်တွေက ကျူးကျော်လိုက်ပြီ။ သူ့ကို အဲ့နေရာမှာရှင်းပစ်နိုင်တယ်”

ယခင်တုန်းက မြို့ပျက်များစွာရှိသည်။ ယခင်တုန်းက ကမ္ဘာတစ်ခုလုံးကိုလူသားများက ကြီးစိုးကြသည်။ သို့သော် ဘေးဥပဒ်ကြုံပြီးနောက် မြို့အများစုက စွန့်ပစ်ခံရသည်။ လူသားများက မြို့ကြီးဆယ်မြို့ထံဆုတ်ခွါကြသည်။ ထို စွန့်ပစ်နယ်မြေများသည် သားရဲကောင်များအတွက် အသိုက်အမြုံတစ်ခုဖြစ်လာသည်။ ထိုနေရာမှာ မြင့်မားသောအဆောက်အဦများက ဖုံးလွှမ်းနေပြီး ရမ်းကားသောင်းကျန်းနေသောသားရဲကောင်ကြီးများလည်းရှိသည်။ လူများကို အနောက်မှာထားရန် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်သည်။

သူတို့သုံးဦက စတင်လှုပ်ရှားတော့သည်။ သူတို့သည် အနောက်မြောက်ဘက်ကို တစ်ဆက်တည်း ပျံသန်းကြသောအခါ သူတို့၏နောက်မှာလူတစ်ဦး ကပ်ပါလာသည်။ သူ၏မျက်နှာပေါ်တွင် အမာရွတ်ကြီးတစ်ခုရှိသည်။ သူ့မျက်နှာက ပုံမှန်မဟုတ်သောပုံစံကိုကြည့်ပြီး သူ့ကို သားရဲကောင်ကြီးများက ကုတ်ခြစ်ထားသည်ဆိုတာ သေချာသည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ်သားရဲကောင်ကြီးတစ်ကောင်သဖွယ် စူးရှသောအလင်းများ တလက်လက်ထွက်နေသည်။

သူတို့သုံးဦးက အနောက်မြောက်ဘက်ကို ထွက်ခွါသည်ကိုတွေ့သောအခါ သူကြည့်ရုံမျှသာရပ်ကြည့်နေသည်။ ထိုသုံးဦးက ပျောက်ကွယ်ခါနီးအချိန်မှသာ သူက လှုပ်ရှားပြီး သူတို့နောက်မှ ကပ်လိုက်လာသည်။

အပိုင်း (၁၅၆)- ရန်သူကို လှည့်ဖျားပြီး ထောင်ချောက်ဆင်ခြင်း

ထိုလူသည် အတွေ့အကြုံအတော်လေးကြွယ်ဝသည်။ သူသည် မနီးလွန်း မဝေးလွန်းသော

မလှမ်းမကမ်းနေရာမှ ကပ်လိုက်လာသည်။ သူ့ကိုလည်း ရှာမတွေ့နိုင်သလို သူတို့ကိုလည်း

မျက်ခြေမပျက်နိုင်သော အကွာအဝေးမှ လိုက်လာသည်။

သူသည် အတွေ့အကြုံရင့်သန်သော ဝံပုလွေတစ်ကောင်ကဲ့သို့ဖြစ်နေသည်။ သူ၏ မျက်ဝန်းအစုံသည်

တလက်လက်တောက်ပနေသည်။ သူ၏ အကြီးအကဲများထံမှ ညွှန်ကြားချက်များကို လက်ခံနေသည်။ ဒီ

သွယ်လျလျလူက အသက်ရှင်နေသရွေ့ကျန်တဲ့နှစ်ယောက်က ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ

အရေးမကြီးလှပေ။ အခွင့်အရေးရသည်နှင့် သူလှုပ်ရှားရမည်။ အခွင့်မသာသေးလျှင်လည်း

စောင့်ဆိုင်းနေးရမည်။ အခွင့်အရေးက မျက်ိစမှောက်ရောက်သည်နှင့် သူလှုပ်ရှားရမည်။

သူ၏မျက်နှာပေါ်တွင် ခက်ထန်သောအပြုံးတစ်ခုပေါ်လာသည်။ ထိုဝတုတ်ကောင်ကိုလည်း သတ်ရမည်။

ထို မိန်းမလှလေးကိုတော့ မသတ်သေးခင် သူ့အတွက်အသုံးချရမည်။ သူမက နတ်ဘုရားတစ်ပါးအမျှ

လှပလွန်းသည်။ သူ့ဘဝမှာ မိန်းမလှများစွာတွေ့ဖူးသော်ငြား သူမကိုမယှဉ်နိုင်ကြပေ။

ထိုအရာကိုတွေးနေချိန်တွင် မြို့ပျက်တစ်ခုက သူ့ရှေ့မှောက်ပေါ်လာသည်။

သူက သေချာလှည့်ပတ်ကြည့်ရှုသည်။ သားရဲကောင်များ မရှိဘူးဆိုတာ သေချာမှသာ

သူသက်ပြင်းချနိုင်သည်။ သူက တောထဲမှာ အတွေ့အကြုံများစွာရှိသည့်အတွက် မည်မျှ

အန္တရာယ်များသည်ဆိုတာ သိသည်။ သို့သော် သူက ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေစဉ်တွင်

ထိုသုံးဦးအားမျက်ခြေပျက်သွားသဖြင့် သူစိတ်လှုပ်ရှားလာတော့သည်။ ထို့ကြောင့် ခပ်လှမ်းလှမ်းနေရာမှ

နောက်ယောင်ခံလိုက်ဖို့တွေးမနေတော့ဘဲ သူတို့နောက်ကို မြန်မြန်ဆန်ဆန်လိုက်သွားသည်။

သူက လျင်မြန်ပြီး သူ၏ သန့်စင်ခြင်းအဆင့်က သူ့အား ကြံ့ခိုင်သန်စွမ်းသော

ခန္ဓာကိုယ်ကိုပေးသည်။ ခဏလေးအတွင်းမှာပင် သူသည်မြို့ပျက်ကြီး၏ အစွန်နားကိုရောက်လာသည်။

ထိုအချိန်တွင် သားရဲကောင်များ၏ အော်ဟစ်သံကို အဝေးမှပင်ကြားနေရသည်။ ထိုမြို့ပျက်ကြီးသည်

သားရဲကောင်များ၏ သုခဘုံဖြစ်သည်။ အကြောင်းရင်းမှာ မြို့ပျက်ကြီးသည်တည်ငြိမ်သမုဒ္ဓရာမြို့နှင့်

နီးကပ်သောကြောင့်ဖြစ်သည်။

အမြဲလိုလိုပင် အင်အားကြီးသားရဲကောင်များ ထပ်မပွါးလာစေရန် စစ်တပ်က

နှိမ်နင်းရသည်။သို့သော်ငြား ချီပင်လယ်အဆင့်နှင့် သန့်စင်ခြင်းအဆင့်မှာရှိနေသော

သိုင်းပညာရှင်များအတွက်တောင်မှ အန္တရာယ်များလှသည်။

သန့်စင်ခြင်းအဆင့်မှာရှိသော သူ့အဖို့တောထဲမှာ ခပ်ကြာကြာနေနိုင်သော်ငြား

ချီပင်လယ်အဆင့်မှာရှိနေသော သိုင်းပညာရှင်များ၏ သေဆုံးမှုနှုန်းသည် အလွန်တရာမြင့်မားသည်။

သူကိုယ်တိုင်တောင်မှ မည်မျှကြာတိုက်ခိုက်ပြီး သေဘေးမှကပ်လွတ်ခဲ့ရမှန်း မသိတော့ချေ။

“သားရဲကောင်တွေရဲ့လက်ထဲမှာတော့ မသေပါစေနဲ့”

ချူးယွင်ဖန်းသာသေသွားခဲ့လျှင် သူ၏ အကြီးအကဲများကို မဖြေရှင်းပြတတ်တော့ပေ။ သူက

အဆောက်အဦးကိုတစ်ချက်ဝေ့ကြည့်သည်။ သူ၏ ရင့်သန်လှသော အတွေ့အကြုံအရ သူတို့သုံးဦးသည်

အဆောက်အဦထဲတွင်ရှိနေသည်ကို ခြေရာများမှ တစ်ဆင့် ကောက်ချက်ချမိသည်။

“မင်းကျေးဇူးကြောင့် ငါတို့မသေဘူး။ ဒါပေမဲ့ မင်းတော့သေရမယ်”

ချက်ချင်းဆိုသလို လှေကားဆီမှ လူအရိပ်တစ်ခုခုန်ထွက်လာသည်။ သူ၏လက်ထဲမှ လှံတံသည်

ချက်ချင်းထွက်လာပြီး ထိုလူ၏ ဦးခေါင်းကို ထိုးစိုက်ရန်ပြင်သည်။လူထွားကြီးက ချက်ချင်းဆိုသလို

နောက်ကိုဆုတ်လိုက်သည်။ သူက တိုက်ပွဲများစွာကြုံဖူးသဖြင့် ထိုကဲ့သို့

ရုတ်တရက်တိုက်ခိုက်မှုကြုံလာလျှင် မည်သို့တုံ့ပြန်ရမည်ဆိုတာ သေချာသိသည်။

သို့သော် သူ့ကိုတိုက်ခိုက်မှုသည် မရိုးရှင်းပေ။ သူက အနောက်ကိုဆုတ်သောအခါ သူ၏အနောက်ဘက်မှ

ဓား တစ်ချောင်းပေါ်လာပြန်သည်။ထိုချွန်ထက်လှသော ဓားကြောင့် သူ၏ နောက်ကျောဘက်သည်

အေးခနဲဖြစ်သွားသည်။ သူက ရပ်လိုက်ပြီး ဘယ်ဘက်ကိုရွှေ့သည်။ သူ၏ညာဘက်မှာ နံရံပဲရှိတာမို့

ဘယ်ဘက်ကိုရွှေ့ရသည်။ ထိုလူ၏ ကြီးမားကြံ့ခိုင်မှုသည် ချက်ချင်းကွယ်ပျောက်သွားရသည်။

သန့်စင်ခြင်းအဆင့်မှာရှိပါက သာမန်လူများလုပ်ရန်ခဲယဉ်းသော

ကိစ္စရပ်များစွာလုပ်နိုင်သည်။ သို့သော် ထိုလူက ယခုထိမလွတ်သေးပေ။ အခြား

ဓားအလင်းတန်းတစ်ခုသည် သူ့မျက်စိရှေ့ကိုရောက်လာပြီး ပိုင်းချပစ်သည်။

ဝှီး! ဝှီး! ဝှီး

ထိုဓားချက်က အလွန်မြန်ဆန်သည်။ သူ့မှာလွတ်လမ်းမရှိတော့ပေ။ ယခုလေးတင် တိုက်ခိုက်မှုနှစ်ခုကို

ရှောင်တိမ်းခဲ့ရသည်။ သူက အားအင်ကုန်ခမ်းနေပြီး ပြန်လည်မဖြည့်တင်းနိုင်သေးပေ။

သူ့မှာလွတ်အောင်ပြေးရန် မည်သို့တတ်နိုင်မည်နည်း။ သူက လွတ်ချင်လျှင်တောင်မှ လွတ်လမ်းမရှိပေ။

ဓားချက်က မြန်သဖြင့် မနည်းလွတ်အောင်ပြေးရသည်။

ရွှက်!!!

ဓားချက်က သူ၏ခန္ဓာကိုယ်ကိုအနည်းငယ်ပိုင်းမိသည်။ သူမျှော်လင့်သလိုပင် သူ၏ဝတ်ရုံကို မထိပေ။

သူ၏ ဝတ်ရုံကြားရှိ ကွက်လပ်ကိုထိရန် စီစဉ်ထားသည်။ ထိုဓားပိုင်ရှင်သည် တိကျမြန်ဆန်ပြီး

အမှားကင်းပုံက ကြိမ်ပေါင်းများစွာလေ့ကျင့်ထားသည့်အတိုင်းဖြစ်သည်။

ဘန်း!

မြေပြင်ပေါ်သို့ လေးလံကြီးမားသော အရာတစ်ခုပြုတ်ကျလာသည်။ ထိုအရာသည် လူတစ်ဦး၏ လက်ကအဖြတ်ခံရပြီး ပြုတ်ကျလာခြင်းဖြစ်သည်။

“ထင်တဲ့အတိုင်းပဲ ငါတို့ဒီကနေပဲစရတော့မယ်”

ကြည်လင်ပြတ်သားသောအသံတစ်သံထွက်ပေါ်လာသည်။

သူ့ရှေ့မှာပေါ်လာသော ထိုလူ၏ မျက်နှာကို သူမှတ်မိသည်။ ထိုလူသည် သူ၏ ပစ်မှတ်ဖြစ်သည်။

“သေစမ်း”

သူအဝိုင်းခံရသည်ဆိုတာ ခုမှပဲသဘောပေါက်တော့သည်။ သူ၏ ပစ်မှတ်သုံးဦးက သူ့ကို နေရာသုံးခုမှ

ဝိုင်းထားသည်။ သူ့ကို အနောက်မှတိုက်ခိုက်လျှင်တောင်မှ သူတို့ကို တခဏလေးအတွင်းမှာ ရှင်းပစ်နိုင်သည်။ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရပါစေဦးတော့ ထိုကလေးသုံးဦးကို

အသာလေးရှင်းနိုင်သည်။

သို့သော် ယခုလက်ရှိအနေအထားသည် သူမှန်းဆထားသည်နှင့် အလွန်ကွာခြားသည်။

သူအဆိုးဆုံးမှန်းဆထားသည့်အတိုင်း သူ့ကို ရှာတွေ့ပြီး အင်အားကုန်တိုက်ခိုက်ကြသည်။

“ငါ့ကို ဘယ်လိုလုပ်ပြီးရှာတွေ့ကြတာလဲ” ထိုလူက အသံတိုးတိုးလေးဖြင့်မေးသည်။

သူ့အခြားလက်တစ်ဖက်က လက်နက်ကိုဆွဲထုတ်သည်။ ထိုအရာသည် ဓားတစ်ချောင်းဖြစ်သည်။

သူ့ပုခုံးထက်မှ သွေးများအဆက်မပြတ်စီးကျနေသည်။ သူ့ဒဏ်ရာနားမှာရှိသော

ကြွက်သားကိုထိန်းချုပ်ထားသည်။ သူ၏ ကျင့်ကြံမှုခရီးအစတွင်

အခြေတည်အဆင့်ကိုကျင့်ကြံခဲ့ဖူးသည်။ ထိုအခြေတည်အဆင့်မှာရှိနေသော လူများတောင်မှ

ထိန်းချုပ်နိုင်သည်။

“ယွင်ဖန်း..သူ ထလာပြီ” ဟု ဂေါင်ဟုန်ချီကပြောသည်။

ချူးယွင်ဖန်းက ရယ်မောရင်း “ ငါသိတယ်..ငါတို့က မင်းကိုဘယ်လိုရှာတွေ့လဲဆိုတာ

သိချင်တယ်ပေါ့..ဘာလို့လဲဆိုတော့ မင်းရဲ့အကြီးအကဲ ချူးကျိကောကြောင့်ပေါ့..သူက မင်းကို

အသေခံခိုင်းတာ..သူက ငါနဲ့ရင်ဆိုင်ဖို့ မင်းကိုလွှတ်လိုက်တယ်…ဒါပေမဲ့ ငါကတော့

မင်းကိုသေစေချင်တာပဲသိတယ်”

ချူးယွင်ဖန်းက ပြောရင်းဆိုရင်း သူ့လက်ထဲက ဓားကိုထုတ်ပြီး ရှေ့မှာရှိသော လူကို ပိုင်းချပစ်သည်။

“မဖြစ်နိုင်တာ..ငါ့ကို မညာစမ်းနဲ့” ဟုပြောရင်း ထိုလူသည် ဓားကိုကိုင်ဆွဲရင်း ချူးယွင်ဖန်းနှင့်

ရင်ဆိုင်ရန် ထွက်လာသည်။ဂေါင်ဟုန်ချီနှင့် တန်စီယုတို့လည်း တစ်ပြိုင်တည်းဆိုသလို

တိုက်ခိုက်ကြသည်။ သူတို့သုံးဦးက တစ်ပြိုင်တည်းတိုက်ခိုက်သော်ငြား ဒဏ်ရာရနေသော ထိုလူကို

အပြတ်မရှင်းနိုင်သေးပေ။ သူ့မှာလက်တစ်ဖက်တည်းရှိသော်လည်း သူ၏ခုခံကာကွယ်ပုံက

အံ့မခန်းဖြစ်သည်။ သူတို့သုံးဦးကို တစ်ဖန်ပြန်ပြီးအသာစီးယူသည်။

ထိုအရာသည် တန်စီယုနှင့် ဂေါင်ဟုန်ချီတို့ကိုအမျက်ထွက်စေသည်။ သူတို့နှင့် ဝါရင့်အမဲလိုက်

မုဆိုးကြားမှာ ကွာခြားမှုရှိသည်ဆိုသော်ငြား ဤကဲ့သို့ သူတို့အသာစီးရနေသောအခြေအနေမှာတောင်မှ

သူ့ကို အနိုင်မရသေးပေ။ ချူးယွင်ဖန်းက တစ်ချက်မဲ့လိုက်သည်။ သူခန့်မှန်းထားသလိုပင်

ချူးကျိကောလက်ချက်ဆိုတာ သေချာသွားသည်။

“ခုတော့ မင်းသိပြီမလား” ထိုလူက ကြိမ်းဝါးသည်။

All Chapters