အခန်း (၁၅၇-၁၅၉)
Vol. 11 Ch. 157-159
အပိုင်း (၁၅၇)- သန့်စင်ခြင်းအဆင့်မှာရှိနေသော ရန်သူကို
အပြတ်ရှင်းခြင်း..
“ဟုတ်တယ်..ငါအတည်ပြောနေတာ..ချူးကျိကောက မင်းကိုလွှတ်ပြီး ငါ့ကိုသတ်ခိုင်းတယ်။
ငါကဘယ်လိုလုပ်ပြီး သူနဲ့ သင့်မြတ်တော့မလဲ။ ငါက သူ့အကြံအစည်ကို တားမိသလိုဖြစ်လို့ သူက
သတ်ချင်နေတာ။ ငါက စိတ်ပြောင်းပြီး အနေအထားအသစ်တစ်ခုကို
လိုက်လျောညီထွေဖြစ်အောင်နေရတော့မှာပေါ့”
ချူးယွင်ဖန်းက ထိုစကားများကို အေးဆေးတည်ငြိမ်စွာပြောသော်ငြား သူဒေါသထွက်နေသည်ဆိုတာ
အားလုံးသိသည်။ ချူးယွင်ဖန်းအတွက် သတ်ဖြတ်ခြင်းသည် ကိစ္စရပ်ကြီးတစ်ခုဖြစ်သည်။
သူကျင်လည်ရာအသိုင်းအဝိုင်းနှင့် ပညာအရည်အချင်းအရ လူတစ်ယောက်သေဆုံးခြင်းသည်
ကိစ္စရပ်ကြီးတစ်ခုဖြစ်သည်။
ယနေ့တော့ သူ၏ အမြင်များပြောင်းလဲသွားတော့သည်။ လူတစ်ချို့အတွက်တော့သတ်ဖြတ်ခြင်းသည်
အလွန့်အလွန်သေးငယ်သော ကိစ္စတစ်ခုဆိုတာ သူနားလည်လာသည်။ တရားဥပဒေစိုးမိုးသော နေရာတွင်လူသတ်ခြင်းသည် ပြစ်မှုကြီးတစ်ခုဖြစ်သည်။ သို့သော်ငြား တရားဥပဒေမစိုးမိုးသော နေရာတွင်တော့ လူသတ်ခြင်းသည် အသေးအဖွဲကိစ္စရပ်တစ်ခုဖြစ်သည်။
လူတစ်ဦးသည် တောနက်ကြီးထဲမသွားဖူးလျှင် မြို့ပေါ်တွင်နေထိုင်ရသော အေးချမ်းတည်ငြိမ်သည့်
ဘဝ၏တန်ဖိုးကြီးမားပုံကို နားလည်မည်မဟုတ်ဘူးဟု တစ်စုံတစ်ဦးပြောပြဖူးသည်ကို မှတ်မိနေသည်။
ချူးယွင်ဖန်းက သူ၏ ဓားကို ချက်ချင်းဆွဲထုတ်သည်။ လူသုံးဦးရှိသည့်အနက် သူကသာ ထိုလူအပေါ်
အကြီးမားဆုံးသောဖိအားပေးနိုင်သည်ဆိုတာ ပေါ်လွင်နေသည်။ ထို့ကြောင့်ပင် ထိုလူက သူ့အား
အဆက်မပြတ်တိုက်ခိုက်သည်။ သူသည် ပြင်းထန်သောဖိအားအောက်မှာရုန်းကန်နေရသည်။
“မင်းက ငါ့ကိုသတ်ချင်တာလား..ငါမင်းကို အရင်ဆုံးသတ်ပြမယ်” ဟု ချူးယွင်ဖန်းက ကြုံးဝါးသည်။
“ဟုတ်တယ်..မင်းကိုပဲသတ်ချင်တာဘယ်ကမလဲ..မင်းဘေးက မိန်းမလှလေးကိုလည်း ငါနဲ့အတူတူ
အချိန်ကုန်ဆုံးစေချင်သေးတာ”ထိုလူကြီးက အားပါးတရရယ်မောရင်းပြောသည်။ သူ၏ စကားများက
သူတို့သုံးဦးကို ဒေါသပုန်ထစေသည်။
“သွားသေလိုက်စမ်း..ငါ ဒီနေ့မင်းကိုမသတ်နိုင်လျှင် ငါ့ရဲ့မျိုးရိုးနာမည်ကို ပြောင်းပစ်မယ်” ဟု
ဂေါင်ဟုန်ချီကပြောသည်။
တန်စီယု၏ မျက်ဝန်းအစုံက အေးစက်မာကြောနေပြီး သူမ၏ လက်ထဲမှာရှိနေသော ဓားသိုင်းက
ပိုပြီးကြောက်စရာကောင်းလာသည်။ ချူးယွင်ဖန်းက ချက်ချင်းပြန်ထိန်းသည်။ သူတို့၏
အားနည်းချက်များပေါ်လာစေရန် ထိုလူက သူတို့အား လှောင်ပြောင်ခြင်းဖြစ်သည်။
သွေးတိတ်သွားသော ဒဏ်ရာက တစ်ဖန်ပြန်ပြီး သွေးကျလာသည်။ ထိုလူက သူ၏ ကြွက်သားများကို
သုံးပြီး သွေးမထွက်ရန် ဟန့်တားသော်ငြား ဆက်လက်ပြီး တိုက်ခိုက်ကြသဖြင့်
ထိုအရာကိုထိန်းချုပ်နိုင်သော စွမ်းအင်အလုံအလောက်မရှိတော့ပေ။ သူက သွေးပိုထွက်လာလေလေ
ပိုပြီးရှုံးလေလေဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် တိကျသောသွေးပမာဏတစ်ခုရှိသည်။ သူက
သွေးအလွန်အကျွံထွက်ပါက သူသေလိမ့်မည်။ သူက လွတ်လမ်းရှာရတော့သည်။
ထိုအချိန်တွင် ချူးယွင်ဖန်း၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာတော့သည်။ ထိုလူသည်
သန့်စင်ခြင်းအဆင့်တွင် ရှိနေသည်။ သူတို့က ထိပ်တိုက်ရင်ဆိုင်ပြီး
အနိုင်ရခဲ့လျှင်တောင်မှ စစ်မှန်သောအနိုင်ရခြင်းမျိုးမဟုတ်ဘဲ သူတို့လည်း
တန်ရာတန်ကြေးပေးဆပ်ရမည်။
ချူးယွင်ဖန်း၏စိတ်ထဲတွင် အကြံတစ်ခုချက်ချင်းပေါ်လာသည်။
သူတို့ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။ ယခင်က အမြန်နှုန်းကို အာရုံစိုက်ထားသော
တိုက်ပွဲဗျူဟာကိုပြောင်းလဲပစ်သည်။ ထိုအစား သူသည် အင်အားခပ်ပြင်းပြင်းဖြင့် ခုတ်ပိုင်းပစ်သည်။
ဓားချက်များက ပြင်းထန်ပြီး ထိုလူ၏ သွေးထွက်နှုန်းကို ပိုမိုများစေလိုသည်။ သူတို့တိုက်ခိုက်တိုင်း
သူ၏ဒဏ်ရာက ပိုမိုဆုတ်ပြဲလာသည်။ ဒဏ်ရာကို ကုသဖို့နည်းလမ်းလည်း မတတ်နိုင်သလို သွေးထွက်နှုန်းကိုထိန်းဖို့လည်း မစွမ်းသာတော့ပေ။ အင်အားကြီးပြိုင်ဘက်နှင့်ရင်ဆိုင်ရချိန်တွင် ချူးယွင်ဖန်းမှာ ဤနည်းလမ်းမှတစ်ပါး အခြားမရှိတော့ပေ။
ထိုလူကို နေရာသုံးဘက်မှ ဝိုင်းထားကြသည်။ သူ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားသာချက်ကို
အပြည့်အဝမထုတ်ပြနိုင်ပေ။ လူသားများသည် သားရဲကောင်များမဟုတ်ပေ။ သူတို့၏ခန္ဓာကိုယ်များသာ
ခုတ်ပိုင်းခံရပါက သေနိုင်သည်။
ချွမ်း!
လက်နက်အချင်းချင်း ထပ်မံတိုက်ခိုက်ပြန်သည်။ ထိုလူ၏ ဓားချက်ကို ချူးယွင်ဖန်းက တွန်းလှန်သည်။
သူက ချက်ချင်းပျော်ရွှင်သွားပြီး ပြစ်ချက်တစ်ခုလှစ်ဟပြသည်။ ထိုအရာကြောင့်ပင်
သူ၏နောက်ကျောဘက်ကို တန်စီယုက တိုက်ခိုက်ပြီး သွေးများထွက်လာသည်။ သို့သော် ထိုအချိန်မှာ
သူဂရုမပြုဘဲ မနေနိုင်ပေ။ သူက လွတ်အောင်ရုန်းနိုင်ပြီး
ကောင်းကင်ပေါ်ကိုတက်နိုင်လျှင်အရာအားလုံးအဆင်ပြေသွားမည်။
သူက လက်တစ်ဖက် ဆုံးရှုံးလည်း ကိစ္စမရှိပေ။ အကြောင်းရင်းမှာ နည်းပညာက ခေတ်မီလာသဖြင့်
လက်တစ်ဖက်ကို ပြန်လည်ဖန်တီးပြီး အစားထိုးရန် မခက်ခဲပေ။ သူက
လွတ်အောင်ရုန်းနိုင်ဖို့ပဲလိုတော့သည်။ သူခုန်ပျံဖို့ဟန်ပြင်ချိန်တွင် သူထံသို့ ယခုလေးတင်ထွက်လာခဲ့သော ဓားသည် ပိုမိုလျင်မြန်သောအရှိန်ဖြင့်
သူ့ထံဦးတည်လာနေသည်ကို တွေ့ရသည်။
ရွှက်!
ထိုဓားသည် သူ့ထံသို့ တည့်တည့်လာပြီး သူ၏လည်ချောင်းကိုဖြတ်ပစ်သည်။ ထိုဓားချက်သည်
စူးရှထက်မြက်သည်။ သူ၏ ဦးခေါင်းပြတ်သွားချိန်တွင် သွေးစိမ်းများ ပန်းထွက်လာသည်။
ရှေ့တိုးနေသော သူ၏ ခန္ဓာကိုယ်ကြီးသည် နံရံနှင့် တိုက်မိပြီး လဲကျလာသည်။
“ငါ့ခန္ဓာကိုယ်ကြီး…” သူ၏ခန္ဓာကိုယ်ကြီးကို သူဘာကြောင့်ပြန်မြင်ရသလဲဆိုတာသည် သူ၏
နောက်ဆုံးအတွေးတစ်ခုဖြစ်သည်။ သူသည် နောက်တစ်ဖန် ထောက်ချောက်ထပ်မိသည်ဆိုတာ
နားလည်လိုက်ပြန်သည်။ ချူးယွင်ဖန်း၏ ဓားချက်မှ သူရှောင်ပြေးသောအကွက်သည်
ထောင်ချောက်တစ်ခုဖြစ်နေသည်။
“မင်း ငါ့ကို လှည့်စားလိုက်တာပဲ”
သူ၏ ဦးခေါင်းက မြေပြင်ပေါ်တွင် လူးလိမ့်နေသည်။ သူမသေခင် ထိုစကားလုံးများကိုသာ
ပြောနိုင်ခဲ့သည်။
“ဟူး” ချူးယွင်ဖန်းက သက်ပြင်းတစ်ချက်ချပြီး “ဟုတ်တယ်..မင်းကိုလှည့်ဖျားဖို့ ကြိုးစားခဲ့တယ်” ဟု
ဆိုသည်။သူသာ ထိုနည်းလမ်းကို မသုံးလျှင် ထိုလူကို အနိုင်ရဖို့ အချိန်မည်မျှကြာမည်ဆိုတာ မသိနိုင်ပေ။ ထိုလူက ရင်ဆိုင်ဖို့ ခဲယဉ်းသောလူဖြစ်သည်။
ချူးယွင်ဖန်းက သူ၏ ဧကရာဇ်သိုင်းကိုထုတ်ပြီး လက်များမှ တစ်ဆင့် သူ၏ စစ်မှန်စွမ်းအင်များကို
အသက်သွင်းလိုက်သောအခါ သူ၏လက် ထုံကျင်နေမှုသည် ပျောက်ကွယ်သွားတော့သည်။ ထိုလူသည်
စွမ်းအင်ဖြည့်တင်းခြင်းအဆင့်မှာရှိနေပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အလွန်မြင့်မားလှသည်။
ထို့ကြောင့် သူက တိုက်ခိုက်မှုကို ခုခံသောအခါ သူ၏လက်များ ထုံကျင်နေသည်။
သူ၏ကိုယ်ထဲမှာရှိနေသော စွမ်းအင်များက ချက်ချင်းစုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။
ထိုလူနှင့်တိုက်ခိုက်ချိန်တွင် သူ၏ စွမ်းအင်အများစုကို ထိန်းထားရန်ကြိုးပမ်းခဲ့သော်ငြား
သူ၏စွမ်းအင်များ စုပ်ယူခံလိုက်ရသလို ခံစားနေရသည်။ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့လည်း ရေထဲမှ ထွက်လာသော ငါးများကဲ့သို့ ချွေးများရွှဲနစ်နေသည်။ သူတို့က မောဟိုက်နေသည်။ ဂေါင်ဟုန်ချီသည် အင်အားပြင်းပြင်းနှင့် တိုက်ခိုက်သဖြင့် သူ၏လက်ဖဝါးသည် စုတ်ပြတ်သပ်နေသည်။
သို့သော် သူတို့၏ ချီပင်လယ်အဆင့်ဖြင့် ထိုကဲ့သို့ အင်အားကြီးရန်သူကို တိုက်ခိုက်ရာတွင်
ဤမျှလောက်သာ ဒဏ်ရာရခြင်းက ကံကောင်းသည်ဟုဆိုနိုင်သည်။ သူတို့သုံးဦးသည်
အင်အားအမြန်ဖြည့်ရန် အားဆေးကို သောက်ကြသည်။ မကြာခင်မှာ အင်အားပြန်ပြည့်ပြီး ချွေးများပင်
ခြောက်သွားတော့သည်။
“ငါတို့တွေ ဒီပြိုင်ပွဲမှာနည်းနည်းတော့
သတိလက်လွတ်ဖြစ်ခဲ့ကြတယ် သန့်စင်ခြင်းအဆင့်မှာရှိတဲ့ ကျွမ်းကျင်သူတွေက
ငါတို့တွေးထားတာထက် ရင်ဆိုင်ဖို့ခဲယဉ်းတယ်” ဟု ချူးယွင်ဖန်းက ကောက်ချက်ချသည်။
“ဟုတ်တယ်..ငါလည်း အမှားလုပ်မိခဲ့တယ်” ဟု တန်စီယုပြောသည်။ ဂေါင်ဟုန်ချီလည်း
ထောက်ခံသည်။ သူတို့နှစ်ဦးသာ မကူညီပါက ရလဒ်ကို မတွေးဝံ့ပေ။ချူးယွင်ဖန်းက ပြစ်ချက်ကို
တမင်တကာလှစ်ဟပြပြီး တစ်ဖက်လူကို အနိုင်ယူခဲ့သည်။ ချူးယွင်ဖန်းမှာ ဝှက်ဖဲရှိမည်ဟု တစ်ဖက်လူကမတွေးထားပေ။
“ချူးကျိကောက တကယ့်ကိုယုတ်မာတဲ့လူပဲ..” ပြိုင်ဘက်၏လက်ထဲတွင်
သေတော့မည့်အရေးကိုတွေးမိကာ ဂေါင်ဟုန်ချီသည် အလွန်တရာမုန်းတီးနေမိသည်။
“အလောတကြီးလုပ်ဖို့မလိုပါဘူး..ဟိုစကားပုံလိုပေါ့ ကိုယ်ကပြင်ဆင်ထားလျှင် မျှော်လင့်ချက်ဆိုတာ
အမြဲရှိပါတယ်။ ငါတို့လျှောက်လှမ်းရမယ့်ခရီးက အရှည်ကြီးပါ”
သူ၏စိတ်ထဲမှာ ချူးကျိကောနှင့် ကျိုးဝမ်ဘင်းကို မည်သို့ရင်ဆိုင်ရမည်ဆိုတာ တွေးနေမိသည်။
သူ၏လက်ရှိအနေအထားနှင့်ဆို သူတို့နှစ်ဦးသည် သူနှင့် ထိပ်တိုက်ရင်ဆိုင်မည်မဟုတ်သော်လည်း
ဖြစ်နိုင်ချေမရှိတာတော့ မဟုတ်ပေ။
“မေ့လိုက်ပါတော့..သွားကြစို့လေ..ဒီလူက ခုလေးတင်ပဲ ဒီမှာသေသွားတာ..သွေးနံ့က
အရမ်းပြင်းတယ် လတ်ဆတ်တဲ့သွေးနံ့ရလျှင်သားရဲကောင်ကြီးတွေက ဒီနေရာကိုရောက်လာတော့မယ်”
ဟု ချူးယွင်ဖန်းက ဆိုသည်။
“ဟုတ်တယ် သွားကြစို့”
အပိုင်း (၁၅၈)- ထိုလိုလူမျိုးသာ အသက်ရှင်နေလျှင် ဒုက္ခအကြီးအကျယ်ရောက်ရမယ်…
တစ်နာရီကြာပြီးနောက် ချူးကျိကောနှင့် ကျိုးဝမ်ဘင်းရောက်လာသောအခါ မြေပြင်ပေါ်မှာ
တစ်ပိုင်းတစ်စစီပျံ့ကြဲနေသော ဝတ်ရုံများကိုတွေ့ရသည်။ ထိုလူ၏အလောင်းကို
သွေးနံ့ကြောင့်ရောက်လာသော သားရဲကောင်ကြီးများက စားသုံးပြီးဖြစ်ပြီး အရိုးများပင်မကျန်တော့ပေ။
ယခင်တုန်းက သားရဲကောင်ကြီးများသည် အရိုးများကိုကိုက်ပြီး မျိုချဖို့ခဲယဉ်းခဲ့သည်။ သို့သော်
သားရဲကောင်ကြီးများအတွက်တော့ လုံးဝပြသနာတစ်ခုမဟုတ်ပေ။ သူတို့၏ တစ်ချက်ကိုက်ခြင်းသည်
လူ၏ အရိုးများကို ကျိုးကြေစေသည်။
ချူးကျိကောနှင့် ကျိုးဝမ်ဘင်းသည် သူတို့၏အဖွဲ့သားများနှင့် အပြေးအလွှားရောက်လာသောအခါ
မျက်စိမျက်နှာပျက်ကုန်ကြသည်။ ထိုလူ၏ အလောင်းကိုတစ်စစီဆုတ်ဖြဲပြီး သားရဲကောင်များက
ဝါးမျိုပစ်သည်ကို တွေးမိကြသည်။ ဝတ်ရုံကြီးသည် ကိုက်ဝါးပြီး မျိုချလျှင် အစာကြေဖို့မခဲယဉ်းပါက
ထိုဝတ်ရုံကိုပါ ဝါးမျိုကြလိမ့်မည်။
“သူက သေပြီ..အရိုးတောင်မကျန်ခဲ့ဘူး”
ကျိုးဝမ်ဘင်းက တစ်ချက်မဲ့ကာ” မြန်လိုက်တာ”ဟု ဆိုသည်။
“အသုံးမကျလိုက်တာ.. ဒီကလေး သုံးယောက်ကိုတောင် မကြည့်နိုင်ဘူး” ဟု ချူးကျိကောက
အားပါးတရဆဲရေးတိုင်းထွာသည်။
သူ၏နောက်မှာပါလာသော အဖွဲ့ဝင်များသည် မျက်စိမျက်နှာပျက်နေကြသည်။ သေဆုံးသောလူသည်
သူတို့၏ အဖွဲ့သားဖြစ်သည်။ ချူးကျိကောက သူ့အား သုံးစားမရသောလူတစ်ဦးကဲ့သို့
ဆဲရေးတိုင်းထွာနေသဖြင့် သူတို့က ဒေါသပုံထနေသော်ငြား ချူးကျိကော်က အရေးမစိုက်ပေ။ သူတို့သည် တန်ဒါအုပ်စုအပေါ်မှီခိုနေရသဖြင့် သူ့ကို မဆန့်ကျင်ရဲကြပေ။ သူတို့ကို ထောက်ပံ့ပေးနိုင်သော ကုမ္ပဏီကြီးတစ်ခုရှာတွေ့ရန် မလွယ်လှပေ။ တန်ဒါအုပ်စုမရှိလျှင်
စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းအဆင့်မှာရှိနေသော ပညာရှင်များသည် အလုပ်လက်မဲ့ဖြစ်ကုန်ကြရမည်။
သူတို့ထဲတွင် မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေသော ကျိုးဝမ်ဘင်းကို တန်ဒါအုပ်စုက အလေးပေးသည်။
“ဟို ကောင်စုတ်တွေက သူနောက်ယောက်ခံလိုက်နေတာကို ရှာတွေ့သွားလို့နေမှာပေါ့။ သူတို့က
တိကျလျင်မြန်ပြီးတော့ ရက်စက်ကြတယ်” ဟု ကျိုးဝမ်ဘင်းက ဆိုသည်။ သူ့ဘေးနားက
အခြေအနေကိုတစ်ချက်အကဲခတ်သည်။ နံရံနှင့် မြေပြင်ပေါ်က
အမှတ်အသားများကိုကြည့်ပြီးဖြစ်ပျက်ခဲ့သော တိုက်ပွဲအနေအထားကိုပြန်ပြောင်းမှန်းဆကြည့်သည်။
သက်သေအထောက်အထားနည်းသော်ငြား သူအကဲခတ်ဖို့အတွက်တော့ လုံလောက်သည်။ သူက
တိုက်ပွဲအတွေ့အကြုံရင့်သန်သူဖြစ်ပြီး ချီပင်လယ်အဆင့်နှင့်
သန့်စင်ခြင်းအဆင့်ကြားရှိ ကွာဟချက်သည် လူနှစ်ဦးသို့သုံးဦးက
အလွယ်တကူရင်ဆိုင်နိုင်သောအနေအထားမဟုတ်ဘူးဆိုတာ သိနေသည်။
ထို့ပြင် ဝါရင့်အမဲလိုက်မုဆိုးတစ်ဦးအနေဖြင့် ထိုသုံးဦးသည် အထက်တန်းအဆင့်ကို
မအောင်မြင်သေးသော မျက်နှာသစ်မုဆိုးများဆိုတာ မှန်းဆမိသည်။
တိုက်ပွဲအတွေ့အကြုံကွာဟချက်တစ်ခုတည်းနှင့်ပင် သန့်စင်ခြင်းအဆင့်သည်
ချီပင်လယ်အဆင့်ကိုအသာလေး အနိုင်ယူနိုင်သည်။ အခြေအနေများကို ဆက်စပ်တွေးခေါ်ကြည့်လျှင်
ထိုလူသည် တိုက်ပွဲမစခင် ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဆိုတာ မှန်းဆနိုင်သည်။ တစ်နည်းပြောရလျှင်
သူသည် ချုံခိုတိုက်ခိုက်ခံရခြင်းဖြစ်နိုင်သည်။
ဒီကောင်သုံးကောင်က သူတို့နောက်ကို တစ်ယောက်ယောက်က နောက်ယောင်ခံလိုက်တယ်ဆိုတာ သိပေမဲ့ မသိချင်ယောင်ဆောင်ခဲ့ကြတယ်။ ပြီးတော့ သူတို့က သူ့ကိုမျှားခေါ်ပြီး
တစ်ချက်တည်းသတ်ပစ်ခဲ့ကြတာဖြစ်မယ်!
လျင်မြန်တိကျပြီး ရက်စက်ကြတယ်! သူတို့တွေဝေတုံ့ဆိုင်းနေလို့မဖြစ်တော့ပေ။ ထိုသုံးယောက်သည် အထက်တန်းကျောင်းသားအဆင့် မျက်နှာသစ်ပညာရှင်များနှင့် လုံးဝမတူပေ။ ထိုကဲ့သို့ရန်သူများသည် ဆန့်ကျင်ပါက တစ်ခါတည်းအသေသတ်ပြီး လက်စဖျောက်ခြင်းသည် အသင့်တော်ဆုံးနည်းလမ်းနှင့် အမြန်ဆုံး၊ အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်သည်။
ထိုအရာကိုတွေးမိပြီး ကျိုးဝမ်ဘင်း၏မျက်လုံးသည် လူသတ်ချင်စိတ်များ
တဖြတ်ဖြတ်ပေါ်လာသည်။ လူတစ်ဦးကို သတ်ဖြတ်ခြင်းသည် သူ့အတွက် လွယ်ကူလှပြီး
ပထမဆုံးအကြိမ်လည်းမဟုတ်ပေ။ သူသာ တန်ဒါအုပ်စုအတွက် အလုပ်လုပ်လိုပါက ထိုအုပ်စုကို
အန္တရာယ်ပေးနိုင်သော အရာမှန်သမျှ ဖြေရှင်းရမည်။ ထိုလူများသာ အသက်ရှင်ကျန်ရစ်ပါက
သူတို့အုပ်စုအတွက် အန္တရာယ်ဖြစ်လာတော့မည်။
“ရှာကြစမ်း…ငါတို့သူတို့ကိုရှာရမယ်။ ဒါပေမဲ့ အရမ်းမသိသာစေနဲ့။ သူတို့မသိအောင်
တိတ်တိတ်လေးရှာကြမယ်။ မင်းတို့သူ့ကိုရှာတွေ့လျှင် ငါ့ဆီချက်ချင်းသတင်းပို့ရမယ်။
သူတို့ထွက်ပြေးဖို့ကြိုးစားလျှင် တစ်ခါထဲသတ်ပစ်။ သူတို့ သေသေရှင်ရှင် အရေးမကြီးဘူး”
ကျိုးဝမ်ဘင်းက ချက်ချင်းဆုံးဖြတ်လိုက်သည်။
ချူးကျိကောလည်း မငြင်းဆိုပေ။ သူက တန်ဒါအုပ်စု၏ သခင်လေးဆိုသော်ငြား
ကျိုးဝမ်ဘင်းပြောတာကို နာခံရမည်။သူက မောက်မာသော်လည်း ဥာဏ်ပညာမကင်းမဲ့ချေ။
သူ့ဘဝနှင့်လောင်းကြေးထပ်ကာ မနောက်ပြောင်သင့်ပေ။ ဒီနေရာမှာတော့ အတွေ့အကြုံအားကောင်းပြီး ထက်မြက်သော ကျိုးဝမ်ဘင်းက ခေါင်းဆောင်ဖြစ်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ထိုလူအုပ်ကြီးသည် ချူးယွင်ဖန်းတို့အဖွဲ့ကိုရှာဖွေရန် ဖြန့်ထွက်သွားကြသည်။ သို့သော် ဤအရာသည်
ထင်သလောက်မလွယ်ကူပေ။ ဤအရာသည် မြို့ပျက်ကြီးတစ်ခုဟုဆိုသော်ငြား
လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက လူတစ်သန်းကျော်နေထိုင်ခဲ့သော မြို့ကြီးတစ်ခုဖြစ်သည်။
ဒီနေရာမှာ လူရှာဖွေခြင်းသည် ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာနေသလိုဖြစ်နေသည်။ သို့သော်
ကျောက်ဝမ်ဘင်းက ထိုအခွင့်အရေးကိုမစွန့်လွှတ်လိုပေ။
ထိုအချိန်တွင် ချူးယွင်ဖန်းတို့သုံးဦးသည် မြို့ထဲကိုဝင်ရောက်လာကြသည်။ ချူးကျိကောတို့သည်
ထိုကိစ္စကို လွှတ်ထားမည်မဟုတ်ဘူးဆိုတာ သိနေသည်။ ထို့ကြောင့် မြို့ထဲဝင်ခြင်းသည်
အလုံခြုံဆုံးဖြစ်သည်။ ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်က ဖုံးလွှမ်းနေသည်။
“ဒီမှာ..သားရဲကောင်ကြီးများကို ဖမ်းဖို့အသင့်တော်ဆုံးက စနိုက်ပါရိုင်ဖယ်သုံးတာပဲဖြစ်တယ်။ ငါတို့က
အထပ်မြင့်အဆောက်အဦပေါ်ကနေပြီး အောက်ကိုပစ်လို့ရတယ်။ ဒါဆို ဘာပဲနေနေ
ငါတို့အောင်မြင်လိမ့်မယ်” ဟု တန်စီယုက ဘေးနားမှာရှိသော
အထပ်မြင့်အဆောက်အဦကိုညွှန်ပြရင်းပြောသည်။
“ငါတို့မှာ သေနတ်ကိုင်ခွင့်လိုင်စင်မရှိတာက
ဆိုးတာပဲ။ ဒါ့အပြင် ငါတို့က သားရဲကောင်ကိုဖမ်းဖို့ ဒီနေရာကိုလာတာမဟုတ်ဘူး။ ငါတို့မှာ
သွားဖို့လာဖို့လည်းပြင်ဆင်ထားတာမရှိဘူး။ ငါတို့သူတို့ကိုသတ်လျှင်တောင်မှ သူတို့ကို
သယ်သွားလို့အဆင်မပြေဘူး။ ငါတို့ရဲ့အဓိက ရည်ရွယ်ချက်က လေ့ကျင့်ဖို့ပဲလေ” ဟု ဂေါင်ဟုန်ချီက
ပြောသည်။
“အိုး မှန်တယ် တိုက်ပွဲမစခင် ဒီဆေးနှစ်လုံးကိုသောက်ပါ”
ချူးယွင်ဖန်းက ပြောရင်းနှင့်ပင် သူ့အိတ်ထဲရှိ ဆေးဘူးထဲတွင်ရှိသော ဆေးနှစ်လုံးကိုယူပြီး
သူတို့နှစ်ဦးကိုပေးသည်။ တန်စီယုတို့နှစ်ဦးသည် ထိုဆေးကိုမသိပေ။
“ဒါက မူလဝိညာဉ်ဆေးလုံးမလား။ဒီဆေးက မှောင်ခိုစျေးကွက်မှာတောင် သန်းချီတန်တယ်။
မင်းဘယ်ကနေရလာတာလဲ” ဟု ဂေါင်ဟုန်ချီက မေးသည်။
စစ်တပ်မှ သူရရှိလာသော လျော်ကြေးသည် ထိုဆေးဖြစ်ပြီး ထိုဆေးအစွမ်းကြောင့်ပင်
သူ၏ကျင့်ကြံခြင်းများ သာလွန်တိုးတက်ခဲ့သည်။ တန်စီယုသည် ချူးယွင်ဖန်းကို
နားမလည်နိုင်သောအကြည့်ဖြင့်လှမ်းကြည့်သည်။ သန်းပေါင်းများစွာတန်သော
ထိုဆေးသုံးလုံး၏တန်ကြေးသည် နည်းပါးသောပမာဏမဟုတ်ပေ။
“ငါ့မှာလည်း ငါ့နည်းငါ့ဟန်ရှိပါတယ်ကွာ..စျေးတန်တန်နဲ့ရခဲ့တာပါ။ စျေးကလည်း
အဲ့လောက်မများပါဘူး။ အရင်ဆုံးသောက်လိုက်ပါ။ မင်းတို့အောင်မြင်ခါနီးဆို ဒီဆေးကိုသောက်ပြီး
အေးဆေးဖြတ်ကျော်လိုက်ပါ” ဟု ချူးယွင်ဖန်းက ဆိုသည်။
“ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာလုပ်မဲ့ပွဲမှာ
အနိုင်မရလျှင် အလကားပဲ”
“ဟုတ်ပြီ..သောက်ပါ့မယ်” ဟု ဂေါင်ဟုန်ချီက ပြောသည်။
သူတို့နှစ်ဦးကြားမှာ ရိုသေဖို့လည်း မလိုပေ။ သူ့မှာလည်း တစ်ခုရှိလျှင် ချူးယွင်ဖန်းအတွက်
သေချာပေါက်ချန်ထားမည်။ တစ်စုံတစ်ရာပြောနေခြင်းက အလွန်အမင်းဟန်ဆောင်နေပုံရသည်။သို့သော်
တန်စီယုက အနည်းငယ်တွေဝေနေသည်။ သူမနှင့် ချူးယွင်ဖန်းကြားမှာ ထိုကဲ့သို့
ကောင်းမွန်သည့်ဆက်ဆံရေးမရှိနေပေ။
ချူးယွင်ဖန်းက သူမ၏လက်ကိုဆွဲယူပြီး ဆေးလုံးကိုတင်လိုက်သည်။ “မမေ့နဲ့..ငါတို့ဘဝတွေက
ဒီနေရာမှာ အန္တရာယ်များနေတယ်။ ဒီဆေးလောက်က ဘာမှမဟုတ်ဘူး”
ထိုဆေးအတွက် နှစ်သန်းကုန်ကျခြင်းသည် သူ့အတွက်မပြောပလောက်ပေ။
အိမ်တစ်လုံးဝယ်ဖို့အတွက်တောင်မှ သူက ဆယ်သန်းသုံးခဲ့သည်။
“အသက်..ကောင်းပြီလေ..ဒါဆိုလည်း”တန်စီယုက ဆေးသောက်ဖို့လက်ခံလိုက်သည်။ သူမက
ချူးယွင်ဖန်းကို နားမလည်သောအကြည့်ဖြင့် ကြည့်နေစဉ်တွင် သူမ၏မျက်ဝန်းများက
တလက်လက်တောက်ပနေသည်။သူမ၏ အမေကလွဲပြီး မည်သူမှ သူမအပေါ်မကောင်းပေးခဲ့ပေ။
“ငါ ပြန်ပေးပါ့မယ်..” သူမ၏ စကားမဆုံးခင်မှာပင် ချူးယွင်ဖန်းက ထွက်သွားသည်။
“လာပါ..သားရဲကောင်တွေကို သတ်ကြစို့”
အပိုင်း (၁၅၉)- ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း
တစ်ချိန်တည်းမှာပင် မြို့ပျက်ကြီး၏ အစွန်တွင် နံရံများသည် နေရာအနှံ့ တစစီကျိုးပဲ့နေသည်။
သာမန်လူတစ်ဦးထက် ဆယ်ဆပိုကြီးမားသော သားရဲကောင်ကြီးများသည် အသံတိုးတိုးလေးဖြင့်
ကြိမ်းဝါးနေသည်။ ထိုသတ္တဝါကြီးများသည် လူတစ်ဦးနီးပါးအရပ်မြင့်ပြီး
အမဲလိုက်ခွေးများနှင့်တူသည်။သို့သော်လည်း သူတို့၏ တစ်ကိုယ်လုံးကို အနီရောင်နှင့်
အနက်ရောင်အမွှေးများဖြင့် ဖုံးအုပ်ထားသည်။ သူ၏မျက်လုံးများက နီမြန်းနေပြီး
အလွန်တရာကြောက်စရာကောင်းသည်။
ထိုကဲ့သို့ ခွေးမျိုးရင်းဝင် သားရဲကောင်ကြီးများကို မဟူရာမြေခွေးဟုခေါ်သည်။
ထိုကဲ့သို့သားရဲကောင်များသည် ဆိုးသွမ်းသောသဘာဝရှိပြီး ရင်ဆိုင်ဖို့ခဲယဉ်းသည်။ ထို့ပြင် သူတို့သည်
အုပ်စုဖွဲ့နေထိုင်ပြီး အမဲလိုက်သည့်အချိန်တိုင်းအတူတကွသွားကြသည်။
“မဟူရာမြေခွေးနဲ့ ချက်ချင်းတွေ့ရမယ်လို့ မထင်ထားဘူး” ဟု ဂေါင်ဟုန်ချီက ဆိုသည်။
“မဟူရာမြေခွေးတစ်ကောင်က အနည်းဆုံးချီပင်လယ်အဆင့်လောက်ရှိတယ်။ ဒီမှာ အနည်းဆုံးတော့
ဆယ်ကောင်လောက်ရှိမယ်။ ငါတို့ သုံးယောက်တည်းနဲ့ သူတို့ကိုဘယ်လိုရင်ဆိုင်ရမလဲ”
“ငါတို့ ဒီကိုမလာခင်မှာ ငါစုံစမ်းခဲ့သေးတယ်။ ဒီနေရာက မဟူရာမြေခွေးနယ်နိမိတ်ပဲ။ သူတို့က
တစ်ဦးချင်းတော့ အင်အားမကြီးပေမဲ့ အရေအတွက်များလာလျှင်တော့ အရမ်းကြောက်ဖို့ကောင်းတယ်။
ဒီကောင်တွေက နေရာအနှံ့မှာလျှောက်သွားနေတာ။ ငါတို့က တခြားသားရဲကောင်တွေနဲ့ဆုံတွေ့ချင်လျှင်
အနည်းဆုံးတော့ မြို့တစ်ဝက်ကိုဖြတ်ရမယ်” ဟု တန်စီယုကဆိုသည်။
“ဒီနေရာမှာပဲ နေကြစို့။ တခြားနေရာမှာ သားရဲကောင်တွေ ဖမ်းနေတဲ့ အခြားမုဆိုးတွေရှိနေမှာလည်း
စိုးရိမ်တယ်။ ငါတို့အနေအထားနဲ့ဆို သန့်စင်ခြင်းအဆင့်မှာရှိနေတဲ့
သားရဲကောင်နဲ့ဆုံလျှင် ငါတို့ဒုက္ခရောက်လိမ့်မယ်။ ဒီ မဟူရာမြေခွေးတွေက အရမ်းကြီးမသန်မာဘူး။
ဒါပေမဲ့ ဒီလောက်အနေအထားနဲ့ဆို ငါတို့လေ့ကျင့်လို့ရပြီ” ဟု ချူးယွင်ဖန်းက တစ်ချက်တွေးပြီး
ကောက်ချက်ချသည်။
သူတို့သည် သန့်စင်ခြင်းအဆင့်မှာရှိနေသော သားရဲကောင်များနှင့် ကြုံတွေ့ရပါက
သူတို့လည်း လေ့ကျင့်လို့မရတော့ပေ။ သူတို့သေတွင်းကို သူတို့ကိုယ်တိုင်တူးသလိူဖြစ်နေသည်။
ဤမဟူရာမြေခွေးများက ယခုတော့ ရှေ့မှောက်ရောက်နေပြီဖြစ်သည်။ သာမန်မုဆိုးများက
ထိုမြေခွေးများကိုစိတ်မဝင်စားပေ။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ စျေးကောင်းရသော အပိုင်းမရှိပေ။
ပြီးတော့ သူတို့၏ အဆင့်အတန်းကလည်း မမြင့်မားပေ။ မဟူရာမြေခွေးများသည်
စတင်လေ့ကျင့်သူများအတွက် သင့်တော်သည်ဟု စတင်ခြင်းအဆင့်
သားရဲကောင်မုဆိုးလက်ဆွဲစာအုပ်တွင် ဖော်ပြထားသည်။
“ဒါပေမဲ့ ဒီလောက်အများကြီးကို ငါတို့ဘာလုပ်ရမလဲ။ ငါတို့က သူတို့ကို သွေးဆောင်ရဦးမှာလား” ဟု
ဂေါင်ဟုန်ချီက ပြောသည်။
“ဒီမြေခွေးတွေက အန္တရာယ်ရှိတယ်လို့ သံသယရှိတာနဲ့သူတို့က အုပ်စုဖွဲ့မယ်။ သူတို့ကို ဖျားယောင်းဖို့ကမလွယ်ဘူး” ဟု ချူးယွင်ဖန်းက ဆိုသည်။
“သေစမ်း..ဆယ်ကောင်ကျော်တယ်ကွ..တစ်ကောင်ချင်းစီ ဘယ်လိုဆွဲထုတ်မှာလဲ” ဟု ချူးယွင်ဖန်းက
တံတွေးတောင်သီးလုနီးပါး ပြောသည်။
“ငါ့ရဲ့ လှုပ်ရှားမှုနည်းလမ်းကို ထုတ်သုံးနိုင်တယ်။ စိတ်မပူပါနဲ့ ငါလုပ်နိုင်တယ်” ဟု ချူးယွင်ဖန်းက
ဆိုသည်။
“ဒါဆိုလည်း ငါသွားပြီ” ဟု ချူးယွင်ဖန်းက လှံကိုကိုင်ရင်းပြေးထွက်လာသည်။
သူသည် မဟူရာမြေခွေးများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ တန်စီယုကလည်း
အသက်ခပ်ဝဝရှုပြီးနောက် ပြေးထွက်သွားပြီး မဟူရာမြေခွေးတစ်ကောင်ကို တက်နင်းသည်။
ဂေါင်ဟုန်ချီက မဟူရာမြေခွေးအုပ်ဟုကို ဦးဆောင်ကာ အခြားတစ်ဖက်ကိုပြေးထွက်သွားသည်။
“သေစမ်း..ယွင်ဖန်း မြန်မြန်လုပ်ကွ” ဟု ဂေါင်ဟုန်ချီက အော်ပြောသည်။ရုတ်တရက်ဆိုသလို
လူတစ်ဦးက ပေါ်ထွက်လာပြီး မဟူရာမြေခွေးအုပ်စုအလယ်တွင် ဆင်းပြီး ထိုအုပ်စုကိုရပ်တန့်စေသည်။
ရွှက်!
ထိုတိုက်ခိုက်မှုသည် မဟူရာမြေခွေးအုပ်စုကို နောက်ဆုတ်စေသည်။ သူတို့ထဲမှ တစ်ကောင်ကသာ
ဂေါင်ဟုန်ချီ၏ နောက်ကိုလိုက်လာသည်။
သို့သော် တခဏအတွင်းမှာပင် ထိုမဟူရာမြေခွေးများသည် မဖိတ်ခေါ်ဘဲရောက်လာသော ဧည့်သည်ကို
ဘက်ပေါင်းစုံမှ ဝိုင်းထားသောအခါ ချူးယွင်ဖန်းက အလယ်မှာဖြစ်သွားသည်။ သူက ဓားကိုထုတ်ပြီး
သူ့ထံခုန်ဝင်ရန်ပြင်သော မဟူရာမြေခွေးကို ထိသွားသည်။ ထိုမြေခွေး၏ မျက်နှာတစ်ခုလုံး
သွေးများဖြင့်ဖုံးလွှမ်းသွားသည်။ သားရဲကောင်များ၏ ခန္ဓာကိုယ်တွင် ဦးခေါင်းခွံသည် အမာကျောဆုံးဟု
ဆိုသော်လည်း ထိုကဲ့သို့ တိုက်ရိုက်တိုက်ခိုက်မှုဒဏ်ကို မခံနိုင်ပေ။
တခြားသော မဟူရာမြေခွေးများက သူ့ထံပြေးဝင်လာပြန်သည်။ ချူးယွင်ဖန်းက ဘယ်ဘက်နှင့်
ညာဘက်မှ ပိတ်ဆို့သော်ငြား သူ့ကိုအကြိမ်ပေါင်းများစွာတိုက်ခိုက်ကြသည်။ ကံကောင်းစွာနှင့် သူသည်
တိုက်ပွဲဝင်ဝတ်စုံဝတ်ထားသဖြင့် သူက မထိခိုက်ပေ။
သူက အန္တရာယ်များသောအနေအထားနှင့်ရင်ဆိုင်နေသော်ငြား ချူးယွင်ဖန်းက
တည်တည်ငြိမ်ငြိမ်ပဲရင်ဆိုင်သည်။ ဒီဖြစ်ရပ်မှ သူ၏အားနည်းချက်ဖြစ်သော
လှုပ်ရှားနိုင်သည့်နည်းလမ်းကင်းမဲ့နေတာကို သတိထားမိသည်။
နတ်ဆိုးကျားလက်သီးသိုင်းဖြစ်စေ၊ လေပွေဓားသိုင်းဖြစ်စေ၊ မိုးမြေဖြိုခွင်းခြင်းဓားသိုင်းဖြစ်စေ
အားလုံးမှာ တိကျသောလှုပ်ရှားမှုရှိသည်။ သို့သော် ထိုနည်းလမ်းများသည် တိုက်ခိုက်မှုကိုလုပ်ဆောင်ဖို့
သုံးပြီး ရှောင်ပြေးရန်မဟုတ်ပေ။
လူတစ်ဦးနှင့် တစ်ဦးချင်းစီတိုက်ခိုက်ပါက မသိသာပေ။ ယှဉ်ပြိုင်ခြင်းအများစုသည်
ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုနှင့် ပြန်လည်တုံ့ပြန်သည့်အရှိန်ပေါ်မူတည်သည်။ သို့သော်
သားရဲကောင်များစွာဝိုင်းထားခံရသည့် အနေအထားသည် အုပ်စုနှင့်တိုက်ခိုက်ခြင်းဖြင့်ဆင်တူပြီး
လှုပ်ရှားမှုအလျင်က အရေးကြီးသည်။
သာမန်အရဆို ထိုအရာကိုအားနည်းချက်ဟု မတွေးပေ။ တခြားသိုင်းပညာရှင်များနှင့်
နှိုင်းယှဉ်ပါကလှုပ်ရှားမှုအနည်းငယ်သာရှိသည်။ သာမန်အားဖြင့် လူများသည်
သမားရိုးကျနည်းလမ်းများကိုသုံးပြီး ထိုအရာများကိုလှုပ်ရှားမှုနည်းလမ်းများဟု မသတ်မှတ်ပေ။
ကောင်းမွန်သောနောက်ခံအသိုင်းအဝိုင်းမရှိပါက မွေးဖွားခြင်းနယ်မြေအဆင့်ရောက်မှသာ
ထိုလှုပ်ရှားမှုနည်းလမ်းများကို ထိတွေ့ရမည်။ ချူးယွင်ဖန်းသာ ထိုနည်းလမ်းကိုသိခဲ့ပါက
သူ့နောက်လိုက်လာသော ထိုလူကိုသူတစ်ဦးတည်းရင်ဆိုင်လိမ့်မည်။ သူ့ကိုယ်သူ
ကာကွယ်နိုင်စွမ်းလည်းမြင့်မားလာမည်။
ထိုအရာကိုသိပြီးနောက် ချူးယွင်ဖန်းက သူ၏ အားနည်းချက်များကို ပြင်ဆင်ရန်
ချက်ချင်းဆုံးဖြတ်လိုက်သည်။ သူ၏စိတ်ထဲမှာရှိနေသော လှုပ်ရှားမှု နည်းလမ်းများကို စတင်ရှာဖွေပြီး
တစ်ခုကိုချက်ချင်းရွေးလိုက်သည်။ ထိုအရာသည် သူနှင့်အသင့်တော်ဆုံးဖြစ်သည်။
ထိုအရာသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း နည်းလမ်းဖြစ်ပီး ထိုအရာသည်
ဆန်းကြယ်သောလှုပ်ရှားမှုဖြစ်သည်။ ထိုနည်းလမ်းကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ပါက သူတို့၏
ခန္ဓာကိုယ်ပုံစံကို ချက်ချင်းဆိုသလို ကိုးဆပြောင်းနိုင်သည်။
ထိုနည်းလမ်းသည် ဆေးဘုရင်က ကမ္ဘာအနှံ့သူ၏ခရီးစဉ်များကရရှိခဲ့ခြင်းဖြစ်သည်။ သူ၏
အဆင့်သည်မမြင့်သော်ငြား ထူးခြားဆန်းကြယ်သည်။ ထိုနည်းလမ်းကသာ အသုံးမဝင်ပါက
ဆေးဘုရင်လိုလူမျိုးသည် မျက်စိကျမည်မဟုတ်ပေ။
သူ့ထံပြေးဝင်လာသော မဟူရာမြေခွေးများကို ရင်ဆိုင်ချိန်တွင် သူ၏စိတ်ထဲမှာရှိနေသော ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို
အသုံးပြုလိုက်သည်။ များပြားလှစွာသော ဂါထာမန္တာန်များနှင့်
လှုပ်ရှားမှုနည်းလမ်းများသည် သူ၏အတွေးထဲမှာပေါ်နေသည်။ တစ်စုံတစ်ဦးက သူ၏ရှေ့မှောက်တွင်
ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို လေ့ကျင့်ပြနေသကဲ့သို့ ဖြစ်နေပြီး ဗဟုသုတများစွာရသည်။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း အတိုင်း လှုပ်ရှားနေသည်။
ဂေါင်ဟုန်ချီတို့သည် တိုက်ခိုက်နေရင်း ချူးယွင်ဖန်းကို လှမ်းကြည့်သည်။ ချူးယွင်ဖန်းက
တစ်ကြိမ်တည်းနှင့် မြေခွေးဆယ်ကောင်ကို ရင်ဆိုင်နေတာမို့
အခက်ခဲဆုံးအနေအထားကိုရင်ဆိုင်နေရသည်။ ထိုအနေအထားသည် အန္တရာယ်များသည်။ သူက
အကြိမ်ပေါင်းများစွာတိုက်ခိုက်ခံရသည်။ သူ့ကို ဝတ်ရုံကသာ အကာကွယ်မပေးပါက
တစ်ချက်တည်းကိုက်ခံရရုံဖြင့် အရိုးတခြား အသားတစ်ခြားဖြစ်လိမ့်မည်။
သို့သော် တစ်စုံတစ်ရာ လွဲချော်နေတာကို သတိထားမိလာကြသည်။ ချူးယွင်ဖန်း၏ လှုပ်ရှားမှုသည်
သူတို့နားမလည်နိုင်သောပုံစံဖြစ်နေသည်။ မည်သူမှ နားမလည်နိုင်သော ခြေလှမ်းကွက်များကို
အသုံးပြုနေသည်။ ထိုအကွက်များဖြင့် မြေခွေးများ၏ အဆက်မပြတ် ရုတ်တရက် တိုက်ခိုက်မှုများကို
ရှောင်လွှဲနိုင်သည်။ သူ၏ အားနည်းချက်များစွာ လျော့နည်းလာသည်။
သူ၏လှုပ်ရှားမှုများသည် အဆင်ပြေချောမွေ့ပြီး ကြည့်ကောင်းလှသည်။