← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အပိုင်း (၁၆၀)- သူ့ကိုယ်ထဲမှာ ပုန်းအောင်းနေသော သိုင်းပညာရတနာ

ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း ကိုပိုမိုပြီး ကျွမ်းကျင်လာပြီး သူ၏

အမှားများလျော့နည်းလာသည်။တစ်ချိန်တည်းမှာ သူကရှောင်ပြေးဖို့ မလွယ်ကူတော့ပေ။ သို့သော် သူက

ထွက်ပြေးတိမ်းရှောင်နိုင်ဆဲဖြစ်သည်။

ထို့ပြင် သူ၏ လှုပ်ရှားဟန်များသည် ပိုမိုပြီး ကြည့်ကောင်းလာသည်။ ခြေတစ်လှမ်းလှမ်းရုံဖြင့် သူသည်

မဟူရာမြေခွေးများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည်။

“ဟာ…သူက လှည့်ဖျားတာလား သို့ ဆေးတစ်မျိုးမျိုးသောက်လိုက်တာလား” ဟု

ထိုမြင်ကွင်းကိုမြင်သောအခါ ဂေါင်ဟုန်ချီက ထအော်သည်။

“ဒါက လှုပ်ရှားမှုနည်းလမ်းပဲ” ဆိုတာ တန်စီယုက ချက်ချင်းသဘောပေါက်လိုက်သည်။ ချူးယွင်ဖန်းက

လှုပ်ရှားမှုနည်းလမ်းတစ်မျိုးကိုအသုံးပြုခြင်းဖြစ်သည်။ ထို့ပြင် ထိုနည်းလမ်းအဆင့်အတန်းသည်

မြင့်မားသည်။ သေးငယ်သောလှုပ်ရှားမှုတစ်ခုဖြင့် သေစေနိုင်သောအန္တရာယ်များကို ရှောင်လွှဲနိုင်သည်။

“သူက ဒီနည်းလမ်းကို ဘယ်ကရလာတာလဲ။ ငါ့အတွက် လှုပ်ရှားမှု နည်းလမ်းတွေကို ဝယ်ပေးမယ်လို့

ငါ့အဖေကပြောဖူးတယ်။ သူ့မှာဘာလို့ လျှို့ဝှက်ချက်တွေများရတာလဲ..ငါ တဖြည်းဖြည်းနဲ့ ပိုပိုပြီး

နားမလည်နိုင်အောင်ဖြစ်ရတယ်” ဟု ဂေါင်ဟုန်ချီက နားမလည်နိုင်သောအကြည့်ဖြင့် ကြည့်သည်။ သူ၏

သူငယ်ချင်းသည် တဖြည်းဖြည်းလျှို့ဝှက်နက်နဲလာသည်ကို ခံစားလာမိသည်။ သူ့ကိုတွေ့သည့်

အချိန်တိုင်း အချိန်အကြာကြီး မတွေ့ခဲ့ရသလိုပင် ချူးယွင်ဖန်း၏ အနေအထားသည်

များစွာတိုးတက်ပြောင်းလဲလာသည်။

“သူက ဒီမှာနေဖို့ ဆုံးဖြတ်တာ မထူးဆန်းပါဘူး။ ဒီလိုအဖွဲ့လိုက်တိုက်ခိုက်မှုမျိုးဆို လူတစ်ဦးရဲ့

လှုပ်ရှားမှုနည်းလမ်းက တကယ့်ကိုအကောင်းဆုံးပဲ” ဟုတန်စီယုက ဆိုသည်။ သူမက

ချူးယွင်ဖန်းကိုကြည့်ခြင်းအား ချက်ချင်းဆိုသလိုရပ်ပစ်သည်။ သူက ထိုနည်းလမ်းကို လေ့ကျင့်နေတာမို့

အန္တရာယ်မရှိတော့ပေ။ ချူးယွင်ဖန်းက သူ သေချာမကျွမ်းကျင်သော

ကိစ္စရပ်များကို ပြုလုပ်မည့်သူမဟုတ်ဘူးဆိုတာ သူနှင့်စတင်သိကျွမ်းကတည်းက သူမ

သတိထားမိသည်။ ပြီးတော့ သူမ၏ရှေ့မှာရှိနေသော မဟူရာမြေခွေးသည် ရင်ဆိုင်နိုင်ဖို့

အလွန်ခဲယဉ်းလှသည်။

တစ်နာရီကြာပြီးနောက် ချူးယွင်ဖန်း၏ လှုပ်ရှားဟန်များက နောက်ဆုံးမှာ အဆင်ပြေချောမွေ့လာပြီး

လှုပ်ရှားမှုများအားလုံးကို အတူတကွချိတ်ဆက်နိုင်သည်။

“ငါက နောက်ဆုံးတော့ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို ကျွမ်းကျင်လာပြီ”

ချူးယွင်ဖန်းက စိတ်ကျေနပ်သည့်ပုံစံပြသသည်။ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း ၏

ပြောင်းလဲမှုတစ်ခုချင်းစီသည် ရှေ့တစ်လှမ်းတိုးမည့်အနေအထားဖြစ်သည်။ သူသည်

ချီပင်လယ်အဆင့်မှာရှိနေသူမို့ ပထမသုံးကွက်ကိုသာ အသုံးပြုနိုင်သည်။

အကြောင်းရင်းမှာ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း သည် လူတစ်ဦးအတွက်

နည်းလမ်းများစွာလိုအပ်ပြီး ရှောင်လွှဲထွက်သော အဆင့်များစွာလိုအပ်သည်။ ကိုယ်ခန္ဓာက

ကြံ့ခိုင်သန်စွမ်းမှုမရှိပါက သူတို့၏ ကြွက်သားများ အဆွဲခံရပြီး အရိုးများကျိုးကြေနိုင်သည်။

ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် ကျင့်ကြံမှုများအားလုံး၏ စတင်ခြင်းနှင့် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။

သူက ပထမအပိုင်းကိုသာကျွမ်းကျင်သေးသော်လည်း သူ၏လှုပ်ရှားဟန်များသည်

အဆင်ပြေချောမွေ့လာနေသည်။ သူက မဟူရာမြေခွေးများစွာကြားမှာ ရွေ့လျားနေသော်လည်း သူ၏

အဝတ်အစားအစွန်းလေးကိုတောင်မှ မထိရဲကြပေ။

သူသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းကို သူ၏ဓားသိုင်းနှင့် စတင်ပေါင်းစည်းလိုက်သည်။

ချက်ချင်းဆိုသလို သူ၏စွမ်းအားများသည် လွန်စွာမှတိုးတက်လာသည်။ ထိုမဟူရာမြေခွေးများက

သူ့အတွက် ဘာမှ မဟုတ်ပေ။ သူသည် ပြိုက်ဘက်ကင်းအနေအထားဖြင့် စိတ်ရှိသလိုတိုက်ခိုက်နိုင်သည်။

တခဏအတွင်းမှာ မဟူရာမြေခွေးများစွာသည် သူ၏လက်ထဲမှာ သေသွားကြရသည်။ သူက

ဆက်ပြီးတိုက်ခိုက်လေလေ မဟူရာမြေခွေးများနည်းလေလေဖြစ်သည်။ ချူးယွင်ဖန်း၏

တိုက်ခိုက်မှုများက ပိုမိုပြီးသွက်လက်လာတော့သည်။ တစ်ချိန်တည်းမှာပင် တန်စီယုတို့သည်

သူတို့ဖျားယောင်းခဲ့သော မြေခွေးကို သတ်လိုက်သည်။

သူ၏ကိုယ်ထဲမှာရှိသော စစ်မှန်စွမ်းအင်အချို့ကို ပြန်လည်ဖြည့်တင်းသည်။ စစ်နတ်ဘုရားသိုင်း၏

ပြောက်မြောက်လှသော ဖြည့်ဆည်းနိုင်စွမ်းကိုမြင်ရသည်။ သူကတစ်နာရီကြာတိုက်ခိုက်သော်ငြား

အင်အားပြန်လည်ဖြည့်တင်းထားနိုင်သည်။

“ယွင်ဖန်း..ဒီနည်းလမ်းတွေကို မင်းအခုမှ ကျင့်လိုက်တာလား”ဟု ဂေါင်ဟုန်ချီက မေးသည်။

“ဟုတ်တယ်..မှန်တယ်..ငါ လှုပ်ရှားမှုနည်းလမ်းကို ကျင့်ကြံနေတာ” ဟု ချူးယွင်ဖန်းကဆိုသည်။

“ငါတို့လည်း လှုပ်ရှားမှုနည်လမ်းကို ဝယ်သင့်တယ်လို့ အဖေ့ကိုပူဆာရမယ်။ မင်း

ဒီလောက်မြန်မြန်ဆန်ကြီး ကျင့်ကြံနိုင်မယ်ဆိုတာ မတွေးမိခဲ့ဘူး” ဟု ဂေါင်ဟုန်ချီက ပြောသည်။

“ငါတို့အရင်တုန်းက တခြားသူတွေနဲ့တိုက်ခိုက်တဲ့အခါမှာငါတို့မှာ လှုပ်ရှားမှုနည်းလမ်း ရှိမရှိဆိုတာ

အရေးမပါဘူး။ ယခုတော့ ငါတို့က မြေပြင်တိုက်ပွဲမှာ သားရဲကောင်တွေကို ဖမ်းရတာမို့ သူတို့တွေရဲ့

ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို အချိန်မရွေးခံရနိုင်တယ်။ အဲ့အချိန်မှာဆို လှုပ်ရှားမှုနည်းလမ်းကိုသင်ယူဖို့က

အရမ်းအရေးပါတယ်”ဟု ချူးယွင်ဖန်းက သူတို့ကိုပြောသည်။

ဂေါင်ဟုန်ချီတို့လည်း ခဏတာတွေးလိုက်ပြီးနောက် သူပြောတာကိုသဘောတူထောက်ခံကြသည်။ ထို့ပြင်တချို့သားရဲကောင်များသည် တစ်ဦးတည်းသွားလာလှုပ်ရှားသော်ငြား အများစုကတော့ အုပ်စုဖွဲ့ပြီး သွားလာကြသည်။

“ဒါပေမဲ့ စျေးကွက်ထဲမှာ လှုပ်ရှားမှုနည်းလမ်းကိုရှာတွေ့ဖို့ ခဲယဉ်းတာမို့ အဲ့နည်းလမ်းတွေက

ပိုက်ဆံအကုန်အကျအရမ်းများတယ်။ ပြီးတော့ နာမည်သိပ်မကြီးတဲ့ လှုပ်ရှားမှုသိုင်းတစ်ခုတောင်မှ

သန်းနဲ့ချီတယ်။ ပြီးတော့ အဲ့လိုသိုင်းမျိုးက ရှားပါးတယ်။ ပုံမှန်ဆို သူတို့ကို လေလံပွဲတွေမှာပဲ

တွေ့ရတယ်”ဟု ဂေါင်ဟုန်ချီက ဆိုသည်။

တခြားသိုင်းများနှင့် ယှဉ်ပါက လှုပ်ရှားမှုသိုင်းနှင့် ပတ်သက်ပြီး တူးဖော်ရရှိမှုကနည်းပါးလှသည်။

ယခုလက်ရှိမှာ စျေးကွက်ထဲတွင် ခေတ်စားနေသော လှုပ်ရှားမှုသိုင်းကွက်များသည်

သာမန်အနေအထားပဲဖြစ်ပြီး အများစုသည် အဆင့်သိပ်မမြင့်သောသိုင်းများဖြစ်ကြသည်။

ထိုသိုင်းအချို့ကို ရှေးဟောင်းတူးဖော်မှုများက ရရှိခဲ့ပြီးနောက် ခေတ်သစ်သိုင်းပညာရှင်များက

ပြန်လည်မွမ်းမံထွင်ထားခြင်းဖြစ်သည်။ပြောရမည်ဆို ထိုသိုင်းမျိုးကိုရရှိရန် မလွယ်ကူပေ။

ချူးယွင်ဖန်းကခေါင်းညိမ့်ပြသည်။ သာမန်သိုင်းပညာစွမ်းရည်ကို သာမန်အဆင့်၊ မိုးမြေ၊ ကောင်းကင်

အစရှိသဖြင့် အဆင့်အနည်းငယ်အဖြစ် ပြန်လည်ခွဲခြားသတ်မှတ်ထားသည်။ ပြီးတော့

တစ်ဆင့်ချင်းစီကိုလည်း အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်နှင့် ထိပ်ဆုံးအဆင့်

ဟူ၍ အမျိုးအစားလေးခုအဖြစ် တစ်ဖန်ပြန်ခွဲသည်။ သို့သော် ဆေးဧကရာဇ်၏ မှတ်ဥာဏ်များမှ ရရှိသောသိုင်းများသည် ကောင်းကင်အဆင့်နှင့်အထက်မှာရှိပြီး တော်ဝင်နတ်ဘုရားအဆင့်ဟု

သတ်မှတ်ကြသည်ဆိုတာ ချူးယွင်ဖန်းနားလည်သည်။

သို့သော်လည်း ပြည်ထောင်စုအစိုးရ၏ သတင်းထုတ်ပြန်ချက်အရ တော်ဝင်နတ်ဘုရားအဆင့်

သိုင်းပညာကိုရရှိသူဟူ၍ မရှိသေးပုံရသည်။ ထို့ကြောင့်ပင် သာမန်လူများအဖို့

မိုးကောင်းကင်အဆင့်သည် အဆင့်မြင့်ဆုံးသိုင်းပညာဖြစ်နေရခြင်းဖြစ်သည်။

ထိုအရာသည် သာမန်လူများအဖို့မှန်ကန်နိုင်သည်။ သူကျင့်ကြံနေသော စစ်နတ်ဘုရားသိုင်းသည်

တော်ဝင်အဆင့်၏ အမြင့်ဆုံးအနေအထားမှာရှိသည်ဆိုတာ မှန်းဆမိသည်။ ထိုအရာသည် ယခင်တုန်းက

ပြိုင်ဘက်ကင်းဘုရင်တစ်ပါးက ဖန်တီးခဲ့သော သိုင်းပညာတစ်ခုဖြစ်ပုံရသည်။

သိုင်းပညာကိုကျင့်ကြံလေလေ ပိုပြီးအံ့အားသင့်ဖွယ်ကောင်းလေလေဖြစ်သည်။

ဆေးဘုရင်ခေတ်မှာတောင်မှ နတ်ဘုရားအဆင့်သိုင်းပညာများသည်

ဂန္တဝင်အဆင့်သိုင်းပညာများဖြစ်သည်။ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းသည်

မိုးကောင်းကင်အဆင့်၏ ထိပ်ဆုံးမှာရှိသော သိုင်းပညာတစ်ခုဖြစ်ရမည်။ ထိုအရာကို

ပြီးပြည့်စုံစွာလေ့ကျင့်ပြီးပါက ခြေလှမ်းသိုင်းကွက်များကို အဆုံးမဲ့ပြောင်းလဲနိုင်သဖြင့်

အလွန်တရာအံ့အားသင့်ဖွယ်ကောင်းလှသည်။

ထိုအရာသည် ဆေးဘုရင်က ထိုသိုင်းကို ဘာကြောင့်စုဆောင်းသလဲဟူသော

အကြောင်းပြချက်တစ်ခုဖြစ်လို့လာတော့သည်။ တော်ဝင်အဆင့်မဟုတ်သော်ငြား သူတပည့်များ

ကျင့်ကြံမှုအတွက် များစွာအထောက်အကူရနိုင်သည်။ ဤအကြောင်းများသာ ပျံ့သွားခဲ့လျှင်

တန်ဖိုးတစ်ခုတည်းနှင့်ပင် မှန်းဆမရနိုင်ပေ။ မိုးကောင်းကင်အဆင့်သိုင်းပညာတစ်ခုကိုသာ

လေလံတင်ပါက လူသားမျိုးနွယ်စုတစ်ခုလုံးကို အံ့ဩတုန်လှုပ်သွားစေလိမ့်မည်။

ချူးယွင်ဖန်းက တစ်ခဏကြာတွေးပြီးနောက် “ဒီလိုဆိုရင်ရော..ငါမင်းကို

လှုပ်ရှားမှုသိုင်းနှစ်ကွက်သင်ပေးမယ်။ မင်းက ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့

ကတိပေးရမယ်။ ဘယ်သူမှ သိလို့မရဘူး” ဟု ပြောသည်။ သူတို့နှစ်ဦးသာ ထိုသိုင်းကိုသိလျှင် ပိုပြီး

အန္တရာယ်ကင်းလာပေမည်။

ဆေးဘုရင်၏မှတ်ဥာဏ်ထဲတွင် လှုပ်ရှားမှုသိုင်းများစွာရှိနေသည်။ ထိုသိုင်းကွက်များသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းနှင့် မယှဉ်နိုင်သော်ငြား ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်သည်။

သူ၏အာရုံထဲတွင် ရှိနေသော ဆေးဧကရာဇ်၏ မှတ်ဥာဏ်များသည်

အဆုံးမဲ့သိုင်းပညာရတနာအရင်းမြစ်တစ်ခုသဖွယ်ဖြစ်သည်။

“ယွင်ဖန်း..အဲ့နည်းလမ်းက မကောင်းပါဘူးကွာ” ဂေါင်ဟုန်ချီက ထိုအရာသည် မသင့်တော်ဘူးဟု

ခံးစားမိသည်။ သူက ချူးယွင်ဖန်းအပေါ် အခွင့်ကောင်းယူနေသလိုခံစားလာမိသည်။

“ဘာလို့ အရမ်းတွေ ရိုသေပြနေတာလဲ။ အရင်တုန်းက ငါ မင်းဆီကနေ

အလကားရနေတဲ့အရာတွေအတွက်ရော မင်းတစ်ခုခုပြောဖူးလား” ဟု ချူးယွင်ဖန်းက

ပြုံးပြီးပြန်မေးသည်။

“ဒါဆိုလည်း….ဟုတ်ပြီလေ” ဂေါင်ဟုန်ချီက လက်ခံသည်။

တန်စီယုက လွယ်လွယ်ကူကူနှင့် လိုက်လျောမည်ဟု ချူးယွင်ဖန်း မထင်မိပေ။

အပိုင်း (၁၆၁)- အသွင်ပြောင်းခြင်းငါးရက်မြောက်နေ့.. လှုပ်ရှားမှုသိုင်းက ပေါင်းစပ်လာပြီ..

ချူးယွင်ဖန်းက ပြင်ပက လူတွေကို မည်သည့်အတွက်ကြောင့် မသင်ခိုင်းလဲဆိုတာ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့ ချက်ချင်းပင်နားလည်သဘောပေါက်ကြသည်။

သူတို့ကို ချူးယွင်ဖန်းသင်ပေးသော နှစ်ကွက်သည် မိုးမြေအဆင့်သိုင်းပညာစွမ်းရည်၏ အမြင့်ဆုံးအနေအထားမှာရှိနေသည်။ ထိုသိုင်းကွက်များသည် ကောင်းကင်အဆင့်မဟုတ်သော်လည်း ကောင်းကင်အဆင့်သိုင်းပညာများကို သင်ယူနိုင်သူများသည် လူ့အသိုင်းအဝိုင်းတွင် အင်အားအကြီးဆုံးလူများဖြစ်ကြသည်။

ထိုလူတွေက သူတို့၏ ကိုယ်ရေးအကျဉ်းကိုယူလာသောအခါ သူတို့သည် အံ့ဩဖွယ်ကောင်းပြီး အစွမ်းထက်ကြသည့်ပုံပေါ်သည်။ သူတို့သည် ငြိမ်းချမ်းရေးကာကွယ်စောင့်ရှောက်သူများဖြစ်ကြသည်။ မိုးမြေအဆင့်သိုင်းတစ်ခုကို လေလံပွဲတွင် ရောင်းချလျှင် ပညာရှင်များက သေချာပေါက် ဝယ်ယူကြလိမ့်မည်။

ချူးယွင်ဖန်းက သူတို့ကိုသင်ပေးသော လှုပ်ရှားမှုသိုင်းသည် အဆင့်အတန်းတစ်ခုအဖြစ်မသတ်မှတ်ထားသော်လည်း သူတို့အတွက် အရေးမကြီးပေ။ ချူးယွင်ဖန်းကို ကျေးဇူးများပင် တင်နေမိသည်။

သူတို့အတူတကွပေါင်းစုပြီး အသေအကြေတိုက်ခိုက်ရခြင်းသည် ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ သူတို့က သူ့ကို အထူးကျေးဇူးတင်ရှိနေခြင်းသည် အနည်းငယ်ပိုသယောင်ထင်ရသော်လည်း သူ့အား အထူးကျေးဇူးတင်ဖို့လိုအပ်ပေသည်။ ချူးယွင်ဖန်းမှာ ထိုကဲ့သို့အရည်အချင်းမျိုးရှိသည်ဆိုတာ လူအများစုက သိလိုက်သည်နှင့် သူရင်ဆိုင်ကြုံတွေ့ရမည့် အန္တရာယ်ကိုလည်း မှန်းဆသင့်သည်။ ဤအရာသည် သူတို့အပေါ်ချူးယွင်ဖန်း၏ ယုံကြည်မှုကို ပြသနေသည်။

ဂေါင်ဟုန်ချီနှင့် ချူးယွင်ဖန်းကြားက ဆက်ဆံရေးသည် အမြဲလိုလိုကောင်းမွန်ခဲ့သည်။ ချူးယွင်ဖန်းက ဒုက္ခရောက်နေချိန်တွင် ဂေါင်ဟုန်ချီသည် တစ်ကြိမ်မက ကူညီခဲ့ဖူးသည်။ သို့သော်လည်း တန်စီယုက တွေဝေတုံ့ဆိုင်းနေဆဲဖြစ်သည်။

ငါက သူ့ယုံကြည်မှုနဲ့ထိုက်တန်ရဲ့လား?ဟု သူမကိုယ်သူမတွေးနေမိသည်။ တန်စီယုက ချူးယွင်ဖန်းကိုကြည့်လိုက်သည်။ အဆုံးသတ်မှာတော့ သူမက ဘာတစ်ခွန်းမှ မပြောခဲ့ပေ။

“ဒီလို အန္တရာယ်များတဲ့နေရာမှာ ငါတို့ကိုယ်ငါတို့ကာကွယ်ဖို့အရေး ငါတို့အစွမ်းတွေကိုမြှင့်တင်ဖို့ အကောင်းဆုံးကြိုးစားသင့်တယ်။ဒါက မင်းတို့အတွက် အရမ်းတန်ဖိုးကြီးတယ်ဆိုပေမဲ့ ငါ့အတွက် ဘာမှ မဟုတ်ဘူး” ဟု ချူးယွင်ဖန်းက ပြန်ဖြေသည်။

ချူးယွင်ဖန်းက ဟန်ဆောင်ပြောဆိုတာမျိုးမဟုတ်ဘဲ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပြောပြနေခြင်းဖြစ်သည်။ သူ့အတွက် မိုးမြေအဆင့်သိုင်းပညာနှစ်ကွက်သည် ဆေးဘုရင်စုဆောင်းထားရှိခဲ့သော အဆင့်မြင့်သိုင်းပညာများမှ တစ်ခုမျှသာဖြစ်သည်။

အဆုံးမှာတော့ နှစ်ဦးစလုံး လက်ခံရန်သဘောတူကြသည်။

ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို ပုံရိပ်ကိုးသွယ်ကိုယ်ပွားဟု ခေါ်သော လှုပ်ရှားမှုသိုင်းကွက်ကို သင်ပေးခြင်းဖြစ်သည်။ အဆုံးစွန်လေ့ကျင့်သောအခါ လူတစ်ဦးသည် ပုံရိပ်ကိုးကောင်အဖြစ်ပြောင်းလဲကာ မည်သည့်တိုက်ခိုက်မှုကိုမဆို ရှောင်ရှားနိုင်သဖြင့် အံ့ဩဖွယ်ကောင်းလှသည်။

တန်စီယုကို ချူးယွင်ဖန်းသင်ကြားပေးသော သိုင်းပညာသည် လေပြေတိုက်ခတ်ခြင်း ဟုခေါ်သော သိုင်းပညာဖြစ်သည်။ ထိုသိုင်းကွက်သည် အံ့ဩဖွယ်ကောင်းရခြင်းအကြောင်းမှာ မည်သည့်တိုက်ခိုက်မှုကိုမဆို လေစီးကြောင်းများကိုထုတ်လုပ်နိုင်ပြီး ထိုလေစီးကြောင်းနောက်မှ လိုက်ပြီး တိုက်ခိုက်မှုကိုရှောင်ရှားနိုင်သည်။ စစ်သည် တစ်သန်းရှိသော တပ်ဖွဲ့နှင့် ရင်ဆိုင်ရပါကလည်း တုန်လှုပ်တော့မည်မဟုတ်ပေ။

သာမန်အရဆို ချီပင်လယ်အဆင့်မှာရှိနေသော သိုင်းပညာရှင်အနည်းငယ်သည် အဆင့်မြင့်သိုင်းပညာကို ကျင့်ကြံရန် ရွေးချယ်ရမည်။ စွမ်းရည်အဆင့်မြင့်လေလေ ကျင့်ကြံရန်ခက်ခဲလေလေဖြစ်သည်ဆိုသော အကြောင်းရင်းကြောင့်ဖြစ်သည်။ ပေတစ်သောင်းမြင့်သော အဆောက်အဦမှာ တောင့်တင်းခိုင်မာသောအခြေခံအုတ်မြစ်ရှိရမည်။

ထိုနည်းလမ်းအတိုင်းဆို သူတို့၏အနာဂတ်ရရှိမှုများသည် ပိုမိုမြင့်မားလာမည်။ သူတို့အနေအထားနှင့်ဆို ထိုသိုင်းကွက်နှစ်ခုကို အင်တိုက်အားတိုက်လေ့ကျင့်ရန် အလွန်ခဲယဉ်းလှသည်။ ကံကောင်းစွာဖြင့် ချူးယွင်ဖန်းက ဘေးနားမှာရှိသောအခါ သူတို့လေ့ကျင့်နေချိန်တွင် မည်သည့်အချိန်နေရာတွင်မဆို သူတို့ကို လမ်းကြောင်းပြသနိုင်သည်။

ချူးယွင်ဖန်းသည် ထိုသိုင်းကွက်နှစ်ခုကျင့်ကြံရန် သူ၏အာရုံကိုပိုင်းခြားထားရသည်။ သာမန်လူအဖို့ တစ်ချိန်တည်းမှာ ထိုလှုပ်ရှားမှုသိုင်းကွက်သုံးမျိုးလုံးကို ကျင့်ကြံရန် မဖြစ်နိုင်ပေ။

သို့သော် ချူးယွင်ဖန်းသည် ကွဲပြားခြားနားသောလူတစ်ဦးဖြစ်သည်။ သူက စတင်သဘောပေါက်နားလည်သည်နှင့် သူ၏ စိတ်ထဲမှာရှိနေသော နတ်ဘုရားစိတ်ဝိညာဉ်သည် အရောင်တလက်လက်ထွန်းလင်းတောက်ပကာ သူအလျင်မြန်ဆုံးနားလည်နိုင်ဖို့အတွက် အထောက်အကူပြုပေးသည်။

မျက်တောင်တစ်ခတ်အတွင်းမှာ အချိန်ငါးရက်ကုန်သွားခဲ့သည်။ ထိုမြို့ပျက်ကြီး၏ ရင်ပြင်တစ်ခုလုံးကို ရာပေါင်းများစွာသောမဟူရာမြေခွေးများက ဝိုင်းရံထားသည်။ သူတို့က ထိုနေရာကို အသိုက်တစ်ခုအဖြစ် ဖန်တီးထားသည်။ ထိုမြေခွေးများသည် တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်သံများထုတ်နေကြသည်။ သူတို့သည် ရင်ပြင်နေရာကြီးကို အမြဲလိုလို ကျူးကျော်ရန် ကြိုးပမ်းနေကြသည်။

ထိုအချိန်တွင် လူတစ်ဦးက ထိုကျူးကျော်ဝင်ရောက်ရန်ကြိုးပမ်းနေသော မြေခွေးများကို ဆက်တိုက်ဆိုသလို တွန်းလှန်နေသည်။ ထိုလူနောက်ကို မြေခွေးဘယ်လောက်များများ လိုက်နေပါစေ ထိုလူက အသာလေးတိမ်းရှောင်နိုင်သည်။

ထိုအချိန်တွင် ရင်ပြင်ဘေးရှိ အဆောက်အဦးကြီးပေါ်ရှိ လှေကားပေါ်တွင် လူနှစ်ဦးက တင်ပျဉ်ခွေထိုင်နေကြသည်။ ထိုသူများသည် ဂေါင်ဟုန်ချီနှင့်တန်စီယုတို့ဖြစ်သည်။ ထိုမြေခွေးများကို တွန်းလှန်နေသူသည် ချူးယွင်ဖန်းမှလွဲပြီး မည်သူမှမဖြစ်နိုင်ချေ။

ချူးယွင်ဖန်း၏ ဟန်ချက်ညီလျှောက်လှမ်းနေသော ခြေလှမ်းများနှင့် တောင့်တင်းသောခန္ဓာကိုယ်ကိုကြည့်ပြီး ဂေါင်ဟုန်ချီ၏ မျက်ဝန်းအစုံတွင် လေးစားအားကျလိုစိတ်များကို အတိုင်းသားမြင်တွေ့နေရသည်။

“ဒီကောင်က ပုံမှန်မဟုတ်ဘူး..သူ့မှာသေချာပေါက် ဖုံးကွယ်ထားတာရှိကိုရှိရမယ်” ဟု ဂေါင်ဟုန်ချီက ပြောသည်။

သူ့မျက်စိရှေ့မှောက်တွင် ချူးယွင်ဖန်းက အဆက်မပြတ်ပြေးလွှားနေသည်။ တစ်ခါတစ်ရံ သူသည်ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း ကဲ့သို့ ထူးခြားဆန်းပြားသော ခြေလှမ်းသိုင်းကွက်များကိုထုတ်ပြသည်။

တစ်ခါတစ်ရံတွင် သူသည် မှေးမှိန်သွားကာ ပုံရိပ်ကိုးသွယ်ကိုယ်ပွား နည်းစနစ်ဖြစ်သောပံုရိပ်သုံးခုအသွင်ကူးပြောင်းပြသည်။ တစ်ခါတစ်ရံတွင် သူသည် မဟူရာမြေခွေးများမှ ထုတ်လွှတ်သော လေစီးကြောင်းကိုအသုံးပြုပြီး ထွက်ပြေးတိမ်းရှောင်သည်။ ထိုအရာသည် လေပြေတိုက်ခတ်ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုမတူကွဲပြားသောသိုင်းသုံးမျိုးကို တစ်ဆက်တည်းဆိုသလိုအသုံးပြုနိုင်သည်။ သူက မည်သည့်သိုင်းကို အသုံးပြုနေပါစေ အလွန်တရာကျွမ်းကျင်ပိုင်နိုင်သည်။ ယခင်တုန်းက ချူးယွင်ဖန်း၏ ကျင့်ကြံခြင်းသည် မြန်ဆန်သည်ဟု ဂေါင်ဟုန်ချီသိခဲ့သည်။ သူက ချူးယွင်ဖန်းနှင့် သေချာဆက်ဆံကြည့်မှသာ သူ၏ စွမ်းအင်များ မည်သို့မည်ပုံလျင်မြန်စွာတိုးတက်လာသည်ဆိုတာကို သိရတော့သည်။ ငါးရက်လေးအတွင်းမှာ လျင်မြန်စွာတိုးတက်ပြောင်းလဲခြင်း၏ သဘောတရားနှင့် တစ်ရက်ပြီးတစ်ရက်ပြောင်းလဲခြင်းဟူသော သဘောဘဘာဝတို့ကို ဂေါင်ဟုန်ချီတစ်ယောက် သိမြင်သဘောပေါက်လာတော့သည်။

ငါးရက်လေးအတွင်းမှာ သူသည် ပုံရိပ်ကိုးသွယ်ကိုယ်ပွား သိုင်းကို သင်ယူနိုင်ခဲ့ပြီး ထင်ယောင်ထင်မှားဖြစ်မှုများလျော့နည်းလာသည်။ သူ့ကို မဟူရာမြေခွေးများက တစ်ပြိုင်တည်းတိုက်ခိုက်လျှင် သူစိတ်ရှိသလို သွားလာလှုပ်ရှားနိုင်သည်။ လွန်ခဲ့သောငါးရက်ကထက် သူသည်ပိုမိုပြီး သန်မာလာသည်။

တန်စီယု၏ တိုးတက်ပြောင်းလဲမှုက ပိုမိုမြန်ဆန်နေသည်။ သူမသည် လေပြေတိုက်ခတ်ခြင်းကို အတိုင်းအတာတစ်ခုထိ အသုံးပြုနိုင်သည်။ မဟူရာမြေခွေးအများစုက သူမ၏ အနားကိုမကပ်နိုင်ကြပေ။ ထိုအရာသည် လွန်ခဲ့သောငါးရက်ခန့်က ချူးယွင်ဖန်း၏ အဆင့်နှင့် ညီမျှသည်။

သို့သော်လည်း ယခုလက်ရှိ ချူးယွင်ဖန်းက မဟူရာမြေခွေးရာပေါင်းများစွာကြားမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပြီး ဘာပြသနာမှမရှိပေ။ သူစိတ်ရှိသလို သိုင်းသုံးမျိုးကို လိုသလိုပြောင်းလဲနိုင်သည်။ သူ၏ သိုင်းများသည် အားစိုက်ထုတ်စရာသိပ်မလိုပေ။

ချူးယွင်ဖန်းသည် ပုံရိပ်ကိုးသွယ်ကိုယ်ပွား ကိုသုံးကာ တစ္ဆေသုံးကောင်ကိုဖန်ဆင်းနိုင်သည်။ ထိုအနေအထားသည် ကျွမ်းကျင်သူဆရာအဆင့်မှာရှိနေသော်လည်း သူက ယခုလေးတင်မှ စတင်ကျင့်ကြံခြင်းဖြစ်သည်။

လှုပ်ရှားမှုသိုင်းများသည် အခြားသောသိုင်းပညာများနှင့် မတူဘဲ အခြေခံကိုရရှိရန် ပိုမို ခက်ခဲသည်။ဂေါင်ဟုန်ချီသည် ငါးရက်အတွင်း အခြေခံအကွက်များကို သင်ယူနိုင်ခြင်းသည် ချူးယွင်ဖန်း၏ ကိုယ်ကျိုးစွန့် နည်းပေးလမ်းပြမှုကြောင့်ဖြစ်သည်။ သူကိုယ်တိုင်လေ့ကျင့်ပါက မည်မျှ ကြာလောက်မည်ဆိုတာ မှန်းမဆနိုင်ပေ။

ပြီးတော့ တန်စီယု၏ လေပြေတိုက်ခတ်ခြင်း သည် ချူးယွင်ဖန်းထက်နိမ့်ကျသည်။ ချူးယွင်ဖန်းသည် ပုံရိပ်ကိုးသွယ်ကိုယ်ပွား နှင့် လေပြေတိုက်ခတ်ခြင်း ကို တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးဘူးဆိုတာကို ဂေါင်ဟုန်ချီ သေချာနားလည်သည်။ အကြောင်းရင်းမှာ လွန်ခဲ့သောရက်အနည်းငယ်အတွင်းက ချူးယွင်ဖန်း၏ အဆင့်သည် တဟုန်ထိုးမြင့်တက်လာသည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်သည်။

ထိုအရာသည် အတုအပယောင်ဆောင်ထားခြင်းတော့မဖြစ်နိုင်ပေ။ ချူးယွင်ဖန်း၏ တိုးတက်မှုနှုန်းက မြန်ဆန်သော်လည်း သူက ထိုသိုင်းများကို အရင်က တစ်ခါမှ မကျင့်ခဲ့ဖူးပေ။ ထို့ကြောင့်ပင် ချူးယွင်ဖန်းက တစ်စုံတစ်ရာကို လိမ်ညာထားသည်ဟု ဂေါင်ဟုန်ချီက ပြောနေခြင်းဖြစ်သည်။

တစ်ဖက်မှာတော့ တန်စီယုသည် စကားတစ်ခွန်းမှ မပြောပေ။ သူမ၏ အင်အားပြန်လည်ဖြည့်တင်းရန် လုံးပမ်းနေရသည်။ လွန်ခဲ့သောငါးရက်အတွင်း သူတို့သည် တူညီသောအရာကိုသာ ပြုလုပ်နေခဲ့ကြသည်။ တစ်ယောက်က ခံတပ်သဖွယ်ကာဆီးချိန်တွင် အခြားတစ်ဦးက အင်အားပြန်လည်ဖြည့်တင်းပြီး အခြားတစ်ဦးက သူတို့၏ သိုင်းကို ကျင့်ကြံနေသည်။

အိမ်မှာကျင့်ကြံခြင်းနှင့် ယှဉ်လျှင် ဤငါးရက်မှာ အတော်လေးတိုးတက်လာသည်ဟု ဆိုနိုင်သည်။ ထိုအချိန်မှာ သားရဲကောင်ကြီးများ၏ ချုံခိုတိုက်ခိုက်ခြင်းကိုခံနေရသည်။ သူတို့သည် ကျဉ်းထဲကြပ်ထဲရောက်နေပြီး သူတို့၏ စစ်မှန်စွမ်းအင်ထုတ်လွှတ်ခြင်းကို တစ်ခဏလေးတောင်မှ မရပ်တံ့ရဲပေ။

ငါးရက်အတွင်း ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီသည် ချီပင်လယ်အဆင့်၏ ငါးဆင့်မြောက်ရှိ အမြင့်ဆုံးအနေအထားကိုအောင်မြင်စွာတက်လှမ်းနိုင်ကြပြီး တန်စီယုသည် ချီပင်လယ်အဆင့်၏ အဆင့်ခြောက်ရှိ အမြင့်ဆုံးအဆင့်ကိုတက်လှမ်းခဲ့ပြီးဖြစ်သည်။

သူတို့သုံးဦးထဲတွင် တန်စီယု၏ ကျင့်ကြံခြင်းသည် အမြင့်ဆုံးဖြစ်သော်ငြား ချူးယွင်ဖန်း၏ တိုက်ခိုက်စွမ်းရည်က အမြင့်ဆုံးဆိုတာ အားလုံးက အသိအမှတ်ပြုကြသည်။

ချူးယွင်ဖန်းက လေ့ကျင့်တာကို အဆုံးသတ်ပြီးနောက် သူတို့က ဖြတ်ကျော်နိုင်ရန် အဆင်သင့်စောင့်နေကြသည်။ ချူးယွင်ဖန်း ကြိုတင်ပြင်ဆင်ခဲ့သော စိတ်ဝိဥာဉ်ဆေးသုံးလုံးနှင့်ဆို ထိုဖြတ်ကျော်နိုင်မှုသည် သေချာသလောက်ရှိသည်။

“အောင်ပြီ”

ချူးယွင်ဖန်းက ထအော်လိုက်သည်။ ထို့နောက် သူ၏အရိပ်က ပိုမြန်ဆန်လာပြီး သူ၏ခြေလှမ်းများက ပြိုင်ဘက်ကင်း ချောမွေ့လာသည်။

“ကောင်းတယ်…ယွင်ဖန်းက ကောင်းကင်နတ်ဘုရားရွေ့လျားခြင်းရဲ့ တတိယမြောက် အသွင်ပြောင်းမှုကို နောက်ဆုံးတော့ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ခဲ့ပြီ”

ထိုစကားများကိုကြားရသောအခါ ဂေါင်ဟုန်ချီသည် အပျော်ကြီးပျော်ခဲ့ရသည်။

အပိုင်း (၁၆၂)- အန္တရာယ်ကျရောက်ခြင်း

မဟူရာမြေခွေးများအလယ်တွင်ရပ်နေသော ချူးယွင်ဖန်းသည် ယခုအခါပိုမိုမြန်ဆန်လာသည်။

ဂေါင်ဟုန်ချီတွေးတားသလိုပင် ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း

၏သုံးခုမြောက်ပြောင်းလဲခြင်းအနေအထားကို ကျွမ်းကျင်လာခဲ့သည်။ တစ်ဆက်တည်းမှာပဲ ထိုအရာသည် သူတောင့်ခံနိုင်သော သတ်မှတ်ချက်တစ်ခုလည်းဖြစ်သည်။ သူက ဒီ့ထက်မြင့်မြင့်မားမားကို တက်လှမ်းလျှင် အသုံးချနိုင်တော့မည်မဟုတ်ပေ။

ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း၏ လျှို့ဝှက်ဆန်းကြယ်သောအနေအထားကို သူက တစ်ဆင့်ချင်းစီ

ဖြေလျှော့နေသည်။ သူသည် စတုတ္ထမြောက်ပြောင်းလဲခြင်းကိုသုံးနိုင်သော်ငြား

တန်ရာတန်ကြေးမြင့်မားသည်။ ပြီးတော့ ယခုအနေအထားဆိုလုံလောက်ပြီဖြစ်သည်။

ထိုသိုင်းကွက်သုံးခုနှင့်ပင် သူ၏ တိုက်ခိုက်နိုင်သော စွမ်းရည်သည်

နဂိုရှိရင်းစွဲအနေအထားထက်များစွာတိုးတက်ပြောင်းလဲလာသည်။

လွန်ခဲ့သောငါးရက်အတွင်းက သူ၏ ကျင့်ကြံခြင်းသည် ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း၏

ငါးဆင့်မြောက်ပြောင်းလဲတိုးတက်ခြင်း၏ အမြင့်ဆုံးအနေအထားကို ရောက်ခဲ့ပြီးဖြစ်သည်။

သူသည်လှုပ်ရှားမှုသိုင်းပုံစံအချို့ကိုသင်ယူနိုင်ခဲ့ပြီး သူ၏ တိုက်ခိုက်စွမ်းရည်များလည်း

တိုးတက်မြင့်မားလာခဲ့သည်။ ယခုတော့ တစ်ချိန်တည်းမှာ သူ၏ ပြိုင်ဘက်များစွာကို ခုခံနိုင်တော့မည်။

ယခုလက်ရှိ ထိုသုံးဦး၏ စုပေါင်းတိုက်ခိုက်မှုနှင့်ဆို သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော ထိုလူနှင့်

ပြန်ဆုံပါက အချိန်ခဏလေးနှင့် အနိုင်ရပြီး အနိုင်အရှုံးသည် သိသာထင်ရှားစွာကွဲလွဲလာတော့မည်။

ထိုအရာသည် အိမ်မှာလေ့ကျင့်နေရုံနှင့် မရနိုင်သောအရာဖြစ်သည်။

ချူးယွင်ဖန်းသည် လှုပ်ရှားမှုသိုင်း၏ အခြေခံအကွက်များကို သင်ယူနိုင်ခဲ့ပြီးနောက် ဒီ့ထက်ပိုပြီး

ထောက်ထားညှာတာတော့မည်မဟုတ်ချေ။ သူ့လက်ထဲမှာရှိနေသော အရိပ်မဲ့ဓားသည်

တားဆီးပိတ်ပင်နေသော မဟူရာမြေခွေးများကို ခါးမှနေပြီး နှစ်ပိုင်းပိုင်းလိုက်သည်။ သူ၏

တိုက်ခိုက်မှုများသည် လျင်မြန်တိကျပြီး ရက်စက်ကြမ်းကြုတ်သည်။

လွန်ခဲ့သောငါးရက်ခန့်က သူ့မှာတိုက်ခိုက်စွမ်းရည် လုံလောက်စွာမရှိဘဲ သူက မဟူရာမြေခွေးများ၏

ဦးခေါင်းကို ပိုင်းဖြတ်ခဲ့သည်။ ထိုမြေခွေးများမှာ ကြေးနီကဲ့သို့မာကျောသောဦးခေါင်း၊

သံကဲ့သို့မာကျောသောအရိုးများနှင့် ပျော့ပျောင်းသောခါးရှိသည်ဆိုတာ မသိခဲ့ပေ။ ယခုအခါ

သူတို့၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုကောင်းမွန်စွာသိခဲ့တာမို့ သူတို့၏ ခါးပိုင်းကိုသာ တိုက်ခိုက်ခဲ့သည်။

ဓားချက်တစ်ချက်သည် ထိုသတ္တဝါများကို နှစ်ပိုင်းပြတ်စေသည်။

မဟူရာမြေခွေးများ၏ ခါးပိုင်းသည် အားအနည်းဆုံးနေရာဖြစ်သည်။ ထို့ကြောင့် ထိုနေရာသည်

မဟူရာမြေခွေးများကို ဦးတည်ထားပြီးတိုက်ခိုက်ရမည့်နေရာဖြစ်သည်။ သာမန်လူများအဖို့

ထိုအားနည်းချက်ကို မြင်နိုင်ရန် မလွယ်ကူသော်ငြား သူ့မှာတမူထူးခြားသော လှုပ်ရှားမှုသိုင်းရှိသည်။

ခြေလှမ်းတစ်လှမ်းဖြင့် သူသည် သတိလက်လွတ်ဖြစ်နေသောထိုမြေခွေးများကို ဖမ်းမိနိုင်သည်။

ထိုမြေခွေးများသည် သူ့အတွက် ပြိုက်ဘက်မဟုတ်ပေ။ ဓားတစ်ချက်ကို တစ်ခါဖြတ်ရုံဖြင့် မကြာခင်မှာ သူတို့၏ အလောင်းများသည် မြေပေါ်မှာပြန့်ကျဲနေသည်။

“ဟူး..ဟူး”

ချူးယွင်ဖန်းသည် အလွန်မောပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းချမိသည်။

တစ်ခဏလေးအတွင်းမှာ သူသည် အားအင်ပြန်ပြည့်လာသည်။

သူအသုံးပြုခဲ့သောစစ်မှန်စွမ်းအင်အများစုကို ပြန်လည်ဖြည့်တင်းပြီးဖြစ်သည်။

အားဖြည့်ဆေးတစ်ပုလင်းသောက်ရုံဖြင့် သူသည် အင်အားအပြည့်ပြန်ဖြစ်လာသည်။

နောက်တစ်ဆင့်သည် လုံခြုံသောနေရာကိုရှာပြီး ဖြတ်ကျော်နိုင်ဖို့ပြင်ဆင်ရမည်။ သူတို့သုံးဦးသည်

သူတို့ကိုယ်ပိုင်အဆင့်များ၏ အမြင့်ဆုံးအနေအထားကိုရောက်ရှိပြီးဖြစ်သည်။

သူတို့ဖြတ်ကျော်ပြီးသည်နှင့် သူတို့၏ တိုကိခိုက်စွမ်းရည်သည် တဟုန်ထိုးမြင့်တက်လာသည်။

သူသည် ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ချန်ပီယံဆုရချင်သည်ဆိုပြီး သူပြောခဲ့သည်မှာ

သာမန်ပြောခဲ့ခြင်းမဟုတ်ပါ။ သို့သော် ယွမ်နင်း( Yunning) မြို့ရှိကျောင်းအသီးသီးမှာရှိသော

ကျွမ်းကျင်သူများကြား ကြီးမားသောကွာခြားမှုတစ်ခုရှိနေသည်ဆိုတာလည်း သူသိနေသည်။

သို့သော်လည်း စိတ်ပျက်အားငယ်လောက်သည်အထိ ကွာခြားမှုက မကြီးမားပေ။ ကံကောင်းစွာဖြင့်

သူသည် အူရန်နှင့် ဆုံတွေ့နိုင်သည်။ သူတို့ကို အမှီလိုက်နိုင်သေးသည်။

ထိုအချိန်မှာ ခြေသံများစွာကိုကြားလိုက်ရသည်။ ရင်ပြင်အခြားတစ်ဖက်တွင်

လူအုပ်စုကြီးတစ်ခုပေါ်လာသည်ကိုတွေ့ရသည်။

“မင်းတို့သုံးယောက်ကိုရှာရတာခက်လိုက်တာ။ မင်းတို့ဒီမှာပုန်းနေလိမ့်မယ်လို့ မထင်မိဘူး”

ထိုအရာသည် ချူးကျိဂွမ်နှင့် ကျိုးဝမ်ဘင်း တို့ဦးဆောင်သောအဖွဲ့ဖြစ်သည်။

ဂေါင်ဟုန်ချီနှင့် တန်စီယုသည် ရုတ်တရက်ကြုံတွေ့လာရသော အပြောင်းအလဲကို

ချက်ချင်းနားလည်လိုက်သည်။ သူတို့သည် ချူးယွင်ဖန်းနားမှာစုဝေးလိုက်ကြသည်။

ကျိုးဝမ်ဘင်း ၏ မျက်လုံးအစုံသည် မြေပြင်ပေါ်မှာလဲကျနေသော

အလောင်းများထံသို့ရောက်လာသည်။ ထိုမြေခွေးများက အသတ်ခံရခြင်းကိုမထူးဆန်းပေ။

အဓိကအချက်မှာ သူတို့ကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုသည်

မြန်ဆန်တိကျပြီးရက်စက်သည်ဆိုတာ သိသာထင်ရှားသည်။ သူတို့တွေ့ရသလောက်အနေအထားအရဆို ထိုသတ္တဝါများကို ချူးယွင်ဖန်းက သတ်ခဲ့ခြင်းဖြစ်သည်။

အင်အားနှင့် ယှဉ်ပါက တိုက်ခိုက်စွမ်းရည်သည် တောရိုင်းထဲမှာပိုမိုအရေးကြီးသည်။ လူသစ်တန်းများမှာ ထိုကဲ့သို့ စွမ်းရည် ကင်းမဲ့သည်။ ချူးယွင်ဖန်း၏ မြန်ဆန်သောတိုးတက်မှုသည် သူ့အား သတိထားမိစေသည်။ ထိုအချိန်တွင် ချူးကျိဂွမ်၏ မျက်နှာမှာ

ပျော်ရွှင်သောအရိပ်အယောင်ပေါ်လာသည်။ သူက ချူးယွင်ဖန်းကိုရှာတွေ့ပြီး အပြတ်ရှင်းနိုင်တော့မည်။ လွန်ခဲ့သောရက်များဆီက သူ၏ ကြိုးပမ်းမှုများသည် အချည်းနှီးမဖြစ်တော့ပေ။ တကယ်တော့ သူတို့သုံးယောက်ကို ရှာဖွေနေရင်းနှင့် စိတ်ပျက်အားငယ်ခဲ့ရသည်။ သို့သော်ယခုတော့ ထိုသုံးဦးကို ရှာတွေ့ခဲ့ပြီဖြစ်သည်။

သူတို့ကိုဝိုင်းရံထားသောလူအုပ်စုကြီးကိုကြည့်ပြီး ချူးယွင်ဖန်းက ချက်ချင်းဆိုသလို

ဆုံးဖြတ်ချက်ချလိုက်သည်။

“မင်းတို့နှစ်ယောက်အရင်သွားကြ…ငါ ခုခံထားမယ်”

“မရဘူး..ဒါက အန္တရာယ်များတယ်” ဟု ဂေါင်ဟုန်ချီက ချက်ချင်းပြန်ဖြေသည်။

“ငါလည်း သဘောမတူဘူး” ဟု တန်စီယုက ဆိုသည်။

“ခုချိန်မှာ ထုတ်ပြသင့်တယ်မလား။ ငါတို့ကိုဝိုင်းရံထားမယ်ဆို ငါတို့သုံးယောက်လုံးလွတ်ဖို့မလွယ်ဘူး။

ပြီးတော့ အရင်နေ့တွေတုန်းက ငါတို့လေ့ကျင့်ခဲ့တာကိုမမေ့ကြပါနဲ့။ ပြီးတော့ ငါ့ကိုလည်း

လျှော့မတွက်ကြပါနဲ့ဦး”

“ငါတို့သုံးယောက်လုံး တူတူရှိမယ်ဆို ဘယ်သူမှ မလွတ်ဘူး။ မင်းတို့ကိုလိုက်ပြီး ငါဂရုစိုက်နေရမယ်။

ငါ့ကိုယ်ငါတော့ လွတ်အောင်ရုန်းနိုင်ပါတယ်”

သူတို့နှစ်ဦးလည်း တွေးတောပြီးနောက် သဘောတူလိုက်ကြသည်။ မကြာသေးခင်က

ချူးယွင်ဖန်း၏တိုးတက်မှုများကို သူမြင်ခဲ့ရသည်။ သူတို့သာ ဆက်နေပါက ချူးယွင်ဖန်းအပေါ်

ဝန်ထုပ်ဝန်ပိုးဖြစ်နေလိမ့်မည်။ ထိုအတိုင်းသာဆို မည်သူမှ မလွတ်နိုင်တော့ပေ။

“မင်းတို့ဘယ်သူမှ မလွတ်ဘူး..တိုက်ခိုက်ကြ”ဟု ချူးကျိဂွမ်က အော်ဟစ်သည်။

ချက်ချင်းဆိုသလို ထိုအုပ်စုကြီးသည် ရှေ့ကိုတက်လာကြသောအခါ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည်

လှည့်ထွက်သွားကြသည်။ သူတို့အနေနှင့် ထိုအရာပဲတတ်နိုင်တော့သည်။ ချူးယွင်ဖန်းက ဓားကိုထုတ်ပြီး ရှေ့မှာ ဦးဆောင်လာသော လူနှစ်ဦးကိုတားဆီးလိုက်သည်။

ချွမ်း! ချွမ်း!

ဓားအချင်းချင်းဆုံမိသောအခါ ချူးယွင်ဖန်းနောက်ဆုတ်သွားသည်။ ထိုလူနှစ်ဦးက

သူ့ထံသို့ပြေးဝင်လာသည်။ သို့သော် သူတို့နှစ်ဦးက ချူးယွင်ဖန်းကိုပိတ်ဆို့ထားတာမို့

လွတ်လမ်းမမြင်မိပေ။ သို့သော်အချိန်ကျလာသောအခါ ချူးယွင်ဖန်းသည် မှန်းဆမရနိုင်သော

ခြေလှမ်းသိုင်းကွက်ကိုသုံးကာ သူတို့၏ လက်ထဲမှတိမ်းရှောင်နိုင်ရန် ကြိုးပမ်းသည်။ သူတို့က

ချူးယွင်ဖန်းကို တိုက်ခိုက်တိုင်း လွဲချော်ခဲ့သည်။ ချက်ချင်းဆိုသလို ထိုလူနှစ်ဦးသည် တန်စီယုနှင့်

ဂေါင်ဟုန်ချီနောက်ကို အမှီလိုက်ရန် ကြိုးပမ်းတော့သည်။ သို့သော် သူတို့ကို ချူးယွင်ဖန်းက

တားဆီးခဲ့သည်။

ချူးယွင်ဖန်းက ထိုကဲ့သို့လူအုပ်စုကြီး၏ ဝိုင်းရံထားမှုကိုရှောင်ရှားရန် ကြိုးပမ်းနေချိန်တွင်

ပြန်လည်ဆုတ်ခွါခဲ့သည်။ ထိုသူများသည် ရက်စက်ကြမ်းတမ်းသည်။ ထိုလူများသည် တိုက်ပွဲများစွာမှာ

အသက်ရှင်ကျန်ရစ်နိုင်ခဲ့သော ဝါရင့်ပုဂ္ဂိုလ်များဖြစ်သည်။ ထို့ပြင် သူတို့အဖွဲ့သားတစ်ဦး၏

အသတ်ခံရမှုအပေါ် အခဲမကြေနေပေ။ သို့သော် သူတို့မည်မျှတိုက်ခိုက်နေပါစေ ချူးယွင်ဖန်းကို ဘာမှ

မလုပ်နိုင်ပေ။

“ဒါက…” ချူးကျိကော သည် ချူးယွင်ဖန်း၏ ပြောင်မြောက်လှသော

ထွက်ပြေးသည့်စွမ်းရည်များကိုကြည့်ပြီး ထိတ်လန့်နေမိသည်။

“ဒါက လှုပ်ရှားမှုသိုင်းပါလား။

ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း

ပြောင်မြောက်ချက်။ ငါတို့ သူ့ကိုအသက်ဆက်ရှင်ခွင့်မပေးတော့ဘူး” ကျိုးဝမ်ဘင်း သည်

ချူးယွင်ဖန်းအသုံးပြုခဲ့သော လှုပ်ရှားမှုစွမ်းရည်ကို မှတ်မိနေသည်။ သူက ထိုသိုင်း၏ အဆင့်အတန်းကို မခွဲနိုင်သော်ငြား ထူးကဲလှသည်ဆိုတာတော့ သူသိသည်။ သူ့မျက်လုံးထဲရှိ လူသတ်ချင်စိတ်များသည် ပိုပြီးအားကောင်းလာသည်။

“ မင်းတို့အားလုံး အသုံးမကျဘူး” ဟု ကျိုးဝမ်ဘင်း က အော်သည်။

သူက ခြေကိုခပ်ပြင်းပြင်းဆောင့်ကာ သူ၏ခန္ဓာကိုယ်ကြီးသည် ပျံသန်းသွားတော့သည်။ ထို့နောက်

သူ၏ခန္ဓာကိုယ်ကြီးသည် ကောင်းကင်မှ ပြုတ်ကျလာပြီး ချူးယွင်ဖန်းကို ခပ်ပြင်းပြင်းရိုက်ချသည်။

ချူးယွင်ဖန်း၏ စိတ်ထဲမှာ အန္တရာယ်ရှိသောအရိပ်အယောင်ကိုခံစားမိပြီးနောက် ချက်ချင်းဆိုသလို

သူသည် မီတာအနည်းငယ်ကိုရွှေ့လျားလိုက်သည်။

ဘွန်း!

ကျိုးဝမ်ဘင်း သည် မြေပေါ်သို့ ခပ်ပြင်းပြင်းကျလာသောအခါ မြေပြင်တစ်ခုလုံးသည်

ပြင်းထန်စွာတုန်ဟီးတော့သည်။

သူသည် လူသားပုံစံ ဧရာမသတ္တဝါကြီးနှင့်တူသည်။ သူက ဟန်ချက်ညီအောင်ထိန်းပြီးသည်နှင့်

ချူးယွင်ဖန်းဆီကိုပြေးသွားသည်။

ချူးယွင်ဖန်းတော့ တကယ်ဒုက္ခရောက်ပြီ!!

All Chapters