အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အပိုင်း (၁၆၃)- မွန်းစတားအုပ်စုနှင့် လွတ်မြောက်ခြင်း
ကျိုးဝမ်ဘင်း ကဲ့သို့ ရရှိခြင်းအဆင့်မှာရှိနေသော ကျွမ်းကျင်သူက တိုက်ခိုက်ေသောအခါ သူက
မည်မျှအင်အားကြီးမားသည်ဆိုတာ ပြောဖို့ မလိုပေ။ သူသည် လူသားပုံစံ သတ္တဝါဆိုးကြီးတစ်ကောင်နှင့် အလားသဏ္ဍာန်တူနေသည်။ တစ်ချိန်တည်းမှာပဲ သူဖန်ဆင်းသော ကြောက်စရာကောင်းသည့် လေထုသည် လူများ၏ မျက်နှာကို အနီရောင်ပြောင်းလဲစေသည်။
“စိတ်လျှော့..ငါ စိတ်လျှော့မှရမယ်”
ချူးယွင်ဖန်း၏စိတ်ထဲမှာ ကြည်လင်ပြတ်သားသောအတွေးတစ်ခုပေါ်လာပြီး ချက်ချင်းဆိုသလို သူ
စိုးရိမ်ပူပန်နေသည်များ ရပ်တန့်သွားရသည်။ သူ လုံးဝစိတ်တည်ငြိမ်သွားသည်။ သူ၏ ဦးခေါင်းသည်
ချက်ချင်းဆိုသလို တွက်ချက်နိုင်သောစူပါကွန်ပျူတာတစ်လုံးအသွင် ကူးပြောင်းသွားရသည်။
ကျိုးဝမ်ဘင်း သည် တဟုန်ထိုးပြေးထွက်လာပြီး သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ သူက
ချူးယွင်ဖန်းကို သေချာပေါက်ရိုက်ချနိုင်မည်ဟု ထင်ခဲ့သော်ငြား ချူးယွင်ဖန်းက သူ၏တိုက်ခိုက်မှုကို
သဘာဝကျကျ ရှောင်ရှားနိုင်သည်။ သူ၏ လှုပ်ရှားမှုများသည် စီးဆင်းနေသောရေကဲ့သို့
ကြည်လင်လှသည်။ ကျိုးဝမ်ဘင်း က အဆက်မပြတ်တိုက်ခိုက်သည်။ သူက
ချူးယွင်ဖန်းကိုတိုက်ခိုက်နိုင်မည်ဟု အချိန်တိုင်းထင်ခဲ့သော်ငြား ချူးယွင်ဖန်းက
အမြဲလိုလိုရှောင်ရှားနိုင်သည်။
သူတိုက်ခိုက်သောအခါ လေထုကပြင်းထန်သည်ဆိုတာ ကျိုးဝမ်ဘင်း မသိပေ။
ကြောက်မက်ဖွယ်ကောင်းသော လေထုက ချူးယွင်ဖန်းရှောင်ရှားရန်အတွက်
အထောက်အပံ့ကောင်းတစ်ခုဖြစ်စေခဲ့သည်။ သို့သော်ငြား ကျိုးဝမ်ဘင်း တိုက်ခိုက်ခဲ့သော
လေစီးကြောင်းသည် ချူးယွင်ဖန်း၏ အတွင်းကလီစာများကို တုန်လှုပ်စေသည်။
ချူးယွင်ဖန်းက တိုက်ခိုက်မှုကို အဆက်မပြတ်ခုခံရင်း ပြန်လည်ဆုတ်ခွါသည်။ ဂေါင်ဟုန်ချီနှင့်
တန်စီယုက ခပ်ဝေးဝေးကိုထွက်ပြေးသွားသည်ဆိုတာ သေချာတော့မှ သူက နောက်ဆုံးမှာလှည့်ထွက်ရင်း တဟုန်ထိုးပြေးတော့သည်။
“ခုတော့ ထွက်ပြေးဖို့ ကြိုးပမ်းပြီလား” ကျိုးဝမ်ဘင်း က ကြုံးဝါးပြီးနောက်
ချူးယွင်ဖန်းနောက်ကိုပြေးလိုက်သည်။ သူတို့နှစ်ဦးက တစ်ယောက်ကလိုက်ရင်းနှင့် တစ်ယောက်က
ပြေးရင်းဖြင့် ရင်ပြင်မှ လျင်မြန်စွာ ပြေးထွက်သွားသည်။ တခြားသောအဖွဲ့သားများက သူတို့၏
အလျင်ကိုမှီအောင်မလိုက်နိုင်ပေ။ရရှိခြင်းအဆင့်၏ ကျွမ်းကျင်သူတစ်ဦးအနေဖြင့်
ကျိုးဝမ်ဘင်း ၏ခန္ဓာကိုယ်ထဲမှာ စစ်မှန်စွမ်းအင်များအဆုံးမဲ့ရရှိနေသည်။ သူက
ခြေတစ်လှမ်းလှမ်းလျှင် အလွန်ကြီးမားလှသည်။ သို့သော် ချူးယွင်ဖန်းကလည်း
ခေသူတော့မဟုတ်ခဲ့ပေ။
သူ၏ လှုပ်ရှားမှုသိုင်းနှင့် ကျင့်ကြံခြင်းကိုပြီးပြည့်စုံစွာပြသနေသည်။ ထို့ပြင် သူသည်
ကျိုးဝမ်ဘင်း ၏ တိုက်ခိုက်မှုများကို တကယ့်အရေးကြီးသောအချိန်များမှာ ရှောင်ရှားနိုင်ခဲ့သည်။
ကျိုးဝမ်ဘင်း က သူ့အားဘာမှ မလုပ်နိုင်ပေ။ ကျိုးဝမ်ဘင်း ၏ အစွမ်းသည်
သူ့ထက်သာလွန်သည်။ သို့သော် သူ့ကိုထိအောင်မရိုက်နိုင်တာမို့ ဘာမှ အဓိပ္ပါယ်မရှိနေပေ။
“မင်းတော့ သေပြီသာမှတ်…ငါ့လက်ထဲကနေ မင်းဘယ်တော့မှ ပြေးမလွတ်စေရဘူး”
ကျိုးဝမ်ဘင်း သည် တန်စီယုတို့၏ နောက်ကိုလိုက်ရန် စိတ်မဝင်စားပေ။ သူတို့နှင့် ယှဉ်လျှင်
ချူးယွင်ဖန်းက တကယ့်အန္တရာယ်ကောင်ဖြစ်သည်။ ချူးယွင်ဖန်း၏နောက်ကိုလိုက်လေလေ
သူ၏လှုပ်ရှားမှုသိုင်းများကို ပိုပိုပြီး အံ့အားသင့်လေလေဖြစ်သည်။ သူ့နှလုံးသားထဲက အမုန်းတရားများ ပိုမိုကြီးထွားလာသည်။
ချူးယွင်ဖန်းက တည်တည်ငြိမ်ငြိမ်ပဲရှိနေသည်။ သူ့ကိုယ်ထဲရှိ စစ်မှန်စွမ်းအင်သည်
အမြင့်ဆုံးအနေအထားကိုရောက်ရှိနေသည်။ ချီပင်လယ်အဆင့်၏ ခြောက်ဆင့်မြောက်၏
အတားအဆီးများက လျော့နည်းလာသည်ကို ခံစားလာမိပြီး အောင်မြင်စွာဖြတ်ကျော်နိုင်တော့မည့်
အလားအလာများမြင်နေရသည်။ သူတို့နှစ်ဦးက လိုက်ရင်းပြေးရင်းနှင့် မြို့ထဲအတွင်းသို့
ချဉ်းနင်းဝင်ရောက်လာကြသည်။
ဝှီး!!
အဝေးတစ်နေရာဆီမှ ဗုံးပေါက်ကွဲသံနှင့်တူသော မိုးကြိုးပစ်ချလိုက်သည့် အသံတစ်သံထွက်ပေါ်လာသည်။ သိပ်မကြာခင်မှာပဲ အနက်ရောက်အရိပ်များက
သူတို့ကိုချဉ်းကပ်လာသည်။
“မွန်းစတားအုပ်စုကြီး”
သူတို့နှစ်ဦးလုံးသည် သတိမထားမလိုက်ပဲ သံပြိုင်ထွက်လာသည်။ ထိုအရိပ်မဲကြီးများသည်
မွန်းစတားများဖြစ်ကြပြီး ကြောက်မက်ဖွယ်မွန်းစတားအုပ်စုတစ်ခုဖြစ်သည်။
တောထဲမှာဖြစ်ပျက်နေသော တိုက်ပွဲတွင် ကြောက်စရာအကောင်းဆုံးအရာက
မည်သည့်အရာဖြစ်မည်နည်း။ ထိုအရာသည် အစွမ်းထက်လှသော မွေးရာပါထူးချွန်အဆင့်
မွန်းစတားဖြစ်ရုံသာမက မွန်းစတားအုပ်စုလည်းပါသည်။ အားအနည်းဆုံး
သားရဲကောင်ကြီးများဖြစ်သော မဟူရာမြေခွေးများတောင်မှ ထိုမွန်းစတားအုပ်စုတွင် ပါလိုက်လျှင်
မည်သည့်ကျွမ်းကျင်သူကိုမဆို တိုက်ခိုက်နိုင်သည်။ ထို့ပြင် ထိုမွန်းစတားအုပ်စုများသည် တောထဲတွင်
အချိန်မရွေးပေါ်လာနိုင်သည်။ ပေါ်လာရသည့် အကြောင်းရင်းကိုမည်သူမှ မသိပေ။ ထို့ပြင်
သူတို့ပေါ်မလာခင်မှာလည်း မည်သည့်လက္ခဏာမှမပြပေ။
“မင်းဘယ်ကိုပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့” ဟု ကျိုးဝမ်ဘင်း က ခနဲ့တဲ့တဲ့ပြောပြီး
ရပ်လိုက်သည်။ ချူးယွင်ဖန်း၏ ရှေ့မှာ မွန်းစတားအုပ်စုကြီးရှိနေပြီး သူ၏အနောက်ဘက်တွင် ကျိုးဝမ်ဘင်း ရှိသည်။ ချူးယွင်ဖန်းက မည်သည့်ဘက်ကိုရွေးရွေး သေလမ်းကဲ့သို့ဖြစ်နေသည်။ သို့သော် အဝေးမှ ရောက်ချလာသော မွန်းစတားအုပ်စုကြီးက သူ့ကိုထိတ်လန့်စေသည်။ သူတို့မရောက်ခင်မှာ ထွက်ပြေးရန်လည်း အချိန်မမှီပေ။
ချူးယွင်ဖန်းက အခုချိန်မှာ ဒုက္ခလှလှကြုံတွေ့နေရသည်။ သို့သော်ငြား သူက ဘာမှ ဂရုမစိုက်နိုင်ဘဲ
မွန်းစတားအုပ်စုရှိရာဘက်ကိုပြေးဝင်သွားသည်။ သူ၏ နောက်မှာရှိနေသော ကျိုးဝမ်ဘင်း နှင့်
ရင်ဆိုင်တာထက် သူတို့နှင့်ရင်ဆိုင်ခြင်းက ပိုကောင်းသည်။ တစ်ခဏလေးမှာပင် ချူးယွင်ဖန်းကို မွန်းစတားအုပ်စုကြီးက လုံးဝဝါးမျိုတော့သည်။
“မင်းက ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ မွန်းစတားတွေရဲ့ ပါးစပ်ထဲရောက်တော့မှာ သနားစရာပါလား။
မဟုတ်လည်း မင်းကိုပေးမယ်လို့စီစဉ်ထားတဲ့အပြစ်တွေကို ခံစားခိုင်းဦးမှာ”
ကျိုးဝမ်ဘင်း က လှည့်ထွက်လာခဲ့တော့သည်။ ချူးယွင်ဖန်းက သေဆုံးသွားသည်ဆိုတာကို
အတည်ပြုပြီးနောက် တွေဝေတုံ့ဆိုင်းမနေဘဲ လွတ်မြောက်ရန်အရှိနိမြှင့်တင်လိုက်သည်။
ထိုအချိန်မှာ သေပြီဟု ယူဆထားသော ချူးယွင်ဖန်းသည် မွန်းစတားအုပ်စုအလယ်မှာရှိနေပြီး
များပြားလှစွာသော မွန်းစတားများက သူ့ကိုတိုက်ခိုက်နေသည်။ သူသိထားသော
ထိပ်တန်းအဆင့်လှုပ်ရှားမှု သိုင်းသုံးမျိုးကို ထုတ်သုံးပြီးနောက် ထိုအုပ်စုကြီးထဲမှ
ကမူးရှုးထိုးပြေးထွက်ခဲ့သည်။
ကံကောင်းစွာဖြင့် ထိုမွန်းစတားများကို တစ်စုံတစ်ရာက မောင်းထုတ်သယောင်ထင်ရပြီး သူတို့သည်
အဝေးတစ်နေရာဆီကို ပြေးလာကြသည်။ သူ့ကိုအသေသတ်ရန်ကျရှုံးပြီးနောက်မှာလည်း သူတို့က
ရပ်တန့်မနေဘဲ ရှေ့ဆက်တိုးလာသည်။
သို့သော်လည်း ချူးယွင်ဖန်းက အကြိမ်ပေါင်းများစွာတိုက်ခိုက်ခံရပြီး လက်သည်းချွန်ချွန်ကြီးများဖြင့်
သူ၏လက်မောင်းကို အကြိမ်ပေါင်းများစွာကုတ်ခြစ်ထားကြသည်။ သူ၏ လက်ရှိလှုပ်ရှားမှုသိုင်းနှင့်ဆို
သာမန်မွန်းစတားများက သူ့ကိုဘာမှမလုပ်နိုင်ပေ။ သို့သော် သူတို့က နေရာအနှံ့ရှိနေခြင်းက
ပြသနာဖြစ်နေပြီး သူထွက်ပြေးဖို့ အခွင့်မသာပေ။ သူ့မှာ ပြိုင်ဘက်ကင်းလှုပ်ရှားမှုသိုင်းရှိသော်ငြား
သူမသုံးနိုင်ပေ။သူက ဒဏ်ရာပြင်းထန်စွာရနေသည်။
“ငါထွက်ပြေးဖို့ လမ်းရှာမှရတော့မယ်။ မဟုတ်လျှင် ငါသေလိမ့်မယ်”
ချူးယွင်ဖန်းက အခြေအနေကို တည်ငြိမ်စွာအကဲခတ်နေသည်။
သူ့ကိုထိုကဲ့သို့အဆက်မပြတ်တိုက်ခိုက်နေပါက သူသေချာပေါက်သေလိမ့်မည်။ မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များတောင်မှ ထိုကဲ့သို့တိုက်ခိုက်ခံရပါက သေလိ့မ်မည်။ သူထွက်ပြေးသောအခါ ထိရိုက်ခြင်းအင်အားကိုသုံးပြီး အနီးအနားမှာရှိနေသောအဆောက်အဦဆီသို့ ထွက်ပြေးသည်။ ပိုပြီးကြောက်စရာကောင်းသော မွန်းစတားများက ထိုမွန်းစတားများ အနောက်မှာရှိနေသည်ကို ခံစားမိသည်။
တစ်ခဏကြာပြီးနောက် ချူးယွင်ဖန်းသည် အဆောက်အဦးအတွင်းသို့ ချဉ်းနင်းဝင်ရောက်လာပြီး
သူ့နောက်မှာလိုက်လာသောမွန်းစတားအချို့ကို သတ်ပစ်သည်။ ထို့နောက် ဆယ့်ငါးလွှာထိရောက်အောင် လှေကားထစ်များကိုပြေးတက်ပြီးနောက် ရပ်တန့်လိုက်သည်။
“ဟူးဟူးဟူး” ချူးယွင်ဖန်းသည် မောပန်းနွမ်းလျနေသည်။ လရိပ်ဝတ်ရုံက အဆင်ပြေသော်လည်း မွန်းစတားများကြောင့် သူ့တစ်ကိုယ်လုံး ဒဏ်ရာဗလပွ ဖြစ်နေပြီး တစ်ကိုယ်လုံးသွေးထွက်နေသည်။ သူ့ကိုမွန်းစတားများ၏ ချွန်ထက်လှသောလက်သည်းများက ဝတ်ရုံ၏အပေါက်နေရာများမှ တစ်ဆင့်ကုတ်ခြစ်ထားခံရသည်။
“ဟားဟား..ငါလွတ်မြောက်ပြီကွ..ကျိုးဝမ်ဘင်း ..ချူးကျိကောငါက သေဘေးကမလွတ်နိုင်ဘူးလို့
မင်းတို့ထင်နေတာမလား။ ခုတော့ ငါအသက်ရှင်ပြီမို့ မင်းတို့ကိုသတ်ပစ်ဖို့
နည်းလမ်းစဉ်းစားရမယ်
”ချူးယွင်ဖန်းက သေဘေးနှင့်ကြုံရသော်ငြား လွတ်အောင်ရုန်းနိုင်ခဲ့သည်။
သူ့တစ်ကိုယ်လုံးနေရာအနှံ့ ဆေးဖြန်းလိုက်သည်။ အဆောက်အဦအပြင်ဘက်တွင် များပြားလှစွာသော
မွန်းစတားများက ပြေးလွှားနေပြီး ပေါ်လာသောမွန်းစတားများက ပိုပိုပြီး
ကြောက်စရာကောင်းလာတော့သည်။ အစပိုင်းမှာ သူတို့သည် အခြေတည်အဆင့်မှာပဲရှိနေကြသည်။ ထို့နောက် ချီပင်လယ်အဆင့်၊ သန့်စင်ခြင်းအဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေသော မွန်းစတားများတောင်ပေါ်လာတော့သည်။
တစ်ယောက်ချင်းစီကအခြေတည်အဆင့်မှာရှိနေသောမွန်းစတားများထက် ပိုမိုပြီး
ကြောက်ဖို့ကောင်းလာသည်။ ပြတင်းပေါက်ဆီကိုပျံသန်းလာနေသော မွန်းစတားများကိုတောင်မှ
တွေ့ကြသည်။
ရုတ်တရက်ဆိုသလို ကြီးမားသော မွန်းစတားတစ်ကောင်ပျံသန်းလာသည်ကိုတွေ့ရသည်။ ထိုအရာသည်
ကြောက်မက်ဖွယ်ကောင်းသော သံမဏိလင်းယုန်ဖြစ်သည်။
ထိုလင်းယုန်ငှက်၏ နောက်မှာ လူတစ်ဦးရှိနေခြင်းက သူ့ကိုပိုပြီးအံ့အားသင့်စေသည်။
အပိုင်း (၁၆၄)- ချီပင်လယ်၏ ခြောက်ဆင့်မြောက်အနေအထား…
များပြားလှသော ပျံသန်းနိုင်သည့် မွန်းစတားများထဲတွင် သံမဏိလင်းယုန်ငှက်သည် သူ၏
ရက်စက်ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးသည်။ ယခုတော့ သူ့ကိုတစ်စုံတစ်ဦးက
ထိန်းကျောင်းထားသယောင်ထင်ရသည်။ သူ၏နောက်ကျောဘက်တွင် လေကိုဆန်ပြီး လူတစ်ဦးက
မတ်တပ်ရပ်နေသည်။
ချက်ချင်းဆိုသလို ထိုသတ္တဝါကြီးက ရောက်ချလာသည်။ သူမမှားဘူးဆိုတာ ချူးယွင်ဖန်းသေချာသည်။
ထိုမွန်းစတားအုပ်စုကြီးက မတော်တဆရောက်ချလာတာမျိုးမဟုတ်ဘဲနှင့်
ကြိုတင်ကြံစည်ထားတာမျိုးဖြစ်နေမလား!ဟု ချူးယွင်ဖန်းက တွေးနေမိသည်။
ထိုမွန်းစတားအုပ်စုကြီးကို လူက ဖန်တီးထားတာလား…
ထိုအရာက သူ၏ အတွေးအမြင်များနှင့် ဖတ်စာအုပ်များမှာရေးသားထားသော
အတွေးအမြင်များကိုပြောင်းလဲပစ်သည်။သို့သော် သူက အများကြီးတွေးတောနေဖို့ အချိန်မရှိပေ။ သူက
စိတ်လှုပ်ရှားသော်ငြား သူက ထိုမွန်းစတားအုပ်စုကြီးကိုမတားဆီးနိုင်ဘူးဆိုတာ သေချာသိနေသည်။
သူက ဒဏ်ရာများကိုမကုသခင်မှာ ဂေါင်ဟုန်ချီနှင့် တန်စီယုထံကို သတိပေးစာတိုတစ်စောင်ပို့လိုက်သည်။
သူ၏ ဒဏ်ရာများက အလွန်ပြင်းထန်ပြီး တစ်ကိုယ်လုံးနေရာအနှံ့ဖြစ်နေသည်။ သူက
မွန်းစတားအုပ်စုကြီးနှင့် တွေ့ဆုံပြီးနောက် သူသည် ငရဲတံခါးဝဆီမှ လွတ်လာသလိုခံစားမိသည်။ အဆုံးမဲ့ မွန်းစတားအုပ်စုကြီးက ကောင်းကင်နှင့် မြေကြီးအနှံ့ဖုံးအုပ်ထားတော့သည်။ စစ်တပ်ကိုလွှတ်ရုံမှတစ်ပါး လူသားများက ဘာမှမတတ်နိုင်ပေ။ ထိုအရာသည် သဘာဝေဘေးအန္တရာယ်တစ်မျိုးဖြစ်နေသည်။
ထိုမွန်းစတားအုပ်စုကြီးသည် နာရီဝက်ကြာပြီးနောက် ပျောက်ချင်းမလှပျောက်သွားပြန်သည်။
ထိုအချိန်မှာ ချူးယွင်ဖန်းက သူ၏ဒဏ်ရာများကိုကုသရန် စစ်နတ်ဘုရားသိုင်းကို အဆက်မပြတ်ထုတ်ပြီး
ဒဏ်ကြေလိမ်းဆေးကိုဖျန်းသည်။ နာရီဝက်ကြာပြီးနောက် သူက အကောင်းပကတိနီးပါးဖြစ်လာသည်။
ကံကောင်းစွာဖြင့် ဒဏ်ရာက များသော်ငြား သေစေလောက်သည်အထိတော့ မပြင်းထန်ပေ။
ထိုသို့မဟုတ်ပါကဆေးပညာအကူအညီမပါဘဲနှင့် ဒီလိုနေရာမျိုးမှာ ပြန်လည်သက်သာဖို့ မလွယ်ကူပေ။
ထိုအချိန်မှာ ဤကဲ့သို့ မွန်းစတားအုပ်စုကြီးနှင့်ရင်ဆိုင်ကြုံတွေ့နေရသော တည်ငြိမ်သမုဒ္ဓရာမြို့၏
ခံစစ်လိုင်းအကြောင်း စဉ်းစားရန် အချိန်မရှိပေ။ ထိုမွန်းစတားအုပ်စုကြီးက
ကြောက်စရာကောင်းသော်လည်း လူသားခံစစ်လိုင်းကို လှုပ်ခါနိုင်ဖို့ငှါ မလုံလောက်သေးပေ။
ထို့နောက် ချူးယွင်ဖန်းက ဖြတ်ကျော်နိုင်ဖို့ ပြင်ဆင်သည်။ သူ့ကို ကျိုးဝမ်ဘင်း က လိုက်နေချိန်တွင်
သူ့ကိုယ်ထဲမှာရှိနေသော ချီပင်လယ်၏ ခြောက်ဆင့်မြောက် အနေအထားရောက်ရန် အတားအဆီးက
လှုပ်ရှားရန်အသင့်ဖြစ်နေသည်ကို ခံစားမိသည်။ သူက ကိုးပါးဂူစိတ်ဝိဥာဉ်ဆေးသုံးလုံးပါသည့်
ဆေးဗူးကိုထုတ်ပြီး တစ်လုံးချင်းစီသောက်သည်။
ချက်ချင်းဆိုသလို ထိုဆေးများက ပါးစပ်ထဲပျော်ဝင်လာပြီး သူ၏ခြေလက်များနှင့်
အရိုးများတစ်လျှောက် စွမ်းအင်များစီးဆင်းသွားသည်ကို ခံစားမိသည်။ သူသ သမံသလင်းပေါ်တွင်
တင်ပျဉ်ခွေထိုင်ပြီး စစ်နတ်ဘုရားသိုင်းကိုထုတ်ရန် ပြင်ဆင်သည်။ သူက ဆေးအစွမ်းအာနိသင်များကို
စတင်စုပ်ယူပြီးနောက် အဆင့်မြင့်စစ်မှန်စွမ်းအင်များအသွင် ကူးပြောင်းသည်။ သူက
အတားအဆီးများကို ဖြိုခွင်းရန် ကြိုးပမ်းတော့သည်။
တစ်ခေါက်ပြီးတစ်ခေါက် သူသည်စစ်မှန်စွမ်းအင်ကို ထုတ်နေပြီး တိုက်ခိုက်သည်။ သူက
မောဟန်းနွမ်းနယ်ခြင်းမရှိသည့်အလား လုံးဝမရပ်တန့်ပေ။ သူက မောပန်းလာသည်ဟု ခံစားမိသည်နှင့်
သူ၏ စိတ်ထဲမှာ ရှင်းလင်းသော စီးဆင်းမှုတစ်ခုပေါ်လာသည်။ ထိုအရာသည် သူ၏မောပန်းမှုများကို
ဖြေဖျောက်ပစ်ပြီး သူ့ကို အဆက်မပြတ် ဖြတ်ကျော်နိုင်ရန် ထောက်ပံ့ပေးသည်။
အချိန်က တဖြည်းဖြည်းကုန်လာသည်။ နေက အနောက်ရပ်ကဝင်ပြီး လထွက်လာသည်။ မကြာခင်မှာပဲ
ညအမှောင်ရောက်လာပြန်သည်။ ညဘက်သည် မွန်းစတားများလှည့်လည်သွားလာရန်
အကောင်းဆုံးအချိန်ဖြစ်သည်။ မွန်းစတားများ၏ အဝေးတစ်နေရာမှဟိန်းဟောက်သံများကို
ကြားနေရသည်။ တချို့မှာ အနားကပင် ပဲ့တင်ထပ်လာသလို ထင်ရသည်။ သူတို့က အဆောက်အဦး၏
အောက်ဘက်မှာရောက်နေသလိုထင်ရသည်။
မွန်းစတားများသည် အဆောက်အဦထဲဝင်လာပြီး ချူးယွင်ဖန်းက ယခုလေးတင်သတ်ပစ်ခဲ့သော
မွန်းစတားများကို စားသုံးပြီးနောက် ပြန်ထွက်သွားကြသည်။ တချို့အကောင်များက
အထပ်ပေါင်းများစွာကို တက်လာကြသေးသည်။ အစားအစာမရှိဘူးဆိုတာ သေချာမှ
စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားကြသည်။ ထိုနေရာမှာ တစ်ဦးတည်းရှိနေခြင်းက
အန္တရာယ်များလှသည်။
သူက ကျင့်ကြံခြင်းနှင့် ဖြတ်ကျော်ခြင်းအဆင့်မှာရှိနေသော်ငြား ချူးယွင်ဖန်းက
သူကိုယ်တိုင်သေချာအာရုံမစိုက်နိုင်ဘဲ နိုးနိုးကြားကြားရှိနေရသည်။ သူ့ကို သူမှန်းမသိဘဲ
မွန်းစတားများက လာထိပါက အကျိုးရလဒ်ကမှန်းဆမရနိုင်ပေ။
သို့သော် သူက ပိုမြင့်သောအထပ်များဆီ မကူးရဲပေ။ ဤနေရာသည်
အသင့်တော်ဆုံးနေရာတစ်ခုဖြစ်သည်။ သူရှိနေသော တည်နေရာအနေအထားက နိမ့်ကျပါက
မြေပြင်မှာသွားလာနေသော မွန်းစတားများက သူ့ကို အသာလေးရှာတွေ့နိုင်မည်။
သူ့တည်နေရာအနေအထားက မြင့်လျှင် ပျံသန်းသွားလာနိုင်သော မွန်းစတားများ၏
အမဲလိုက်စက်ကွင်းမလွတ်နိုင်ပေ။ ထို့ကြောင့် သူသည် အလယ်အလတ်နေရာမှာပဲ နေနိုင်တော့သည်။
ကြောက်မက်ဖွယ်မွန်းစတားများ၏အော်သံများက တစ်ညလုံးထွက်ပေါ်နေသည်။ လူတစ်ဦးက
သတ္တိမရှိပါက စိတ်ဒဏ်ရာအသာလေးရနိုင်သည်။ သို့သော်လည်း
ချူးယွင်ဖန်းအတွက်ကအသားကျနေပြီဖြစ်သည်။ သူက ထိုကဲ့သို့အနေအထားကို
ရက်ပေါင်းအနည်းငယ်ကြာဖြတ်သန်းခဲ့ဖူးပြီး ထိုအော်သံများကို တားဆီးပိတ်ပင်ခြင်းနှင့်
အသားကျနေပြီးဖြစ်သည်။
နေအလင်းတန်းထွက်ပေါ်လာသည်နှင့် ချူးယွင်ဖန်း၏ မျက်လုံးပွင့်လာသည်။ သူက ခန္ဓာကိုယ်ကို
အနည်းငယ်လှုပ်ရှားသောအခါ တကျွတ်ကျွတ်မြည်သံများထွက်လာပုံက အရိုးများပွတ်တိုက်သံနှင့်
တူနေသည်။
“နောက်ဆုံးတော့ ချီပင်လယ်ရဲ့ ခြောက်ဆင့်မြောက်ကို ငါတက်လှမ်းနိုင်ပြီ”
သူက စစ်မှန်စွမ်းအင်ကိုထုတ်သုံရင်းနှင့် သူ၏ချီနှင့် သွေးကြောများ၏ အတားအဆီးကို
ဖယ်ရှားလိုက်သည်။ အခြားအဆင့်တစ်ခုကို တက်လှမ်းပြီးနောက် သူ၏စွမ်းအင်များစွာတိုးလာသည်ကို
ခံစားမိသည်။ ယခုလက်ရှိအနေအထားမှာရှိနေသော သူသည် တောထဲကို ဝင်ခါစ သူနှင့် ယှဉ်ကြည့်ပါက
အများကြီးတိုးတက်လာသည်။
သူက လွန်ခဲ့သောညက တန်စီယုတို့ ပို့ထားသော စာများကိုကြည့်လိုက်သည်။ သူတို့နှစ်ဦးလုံးက
အန္တရာယ်ကင်းစွာနှင့် ထွက်ပြေးလွတ်မြောက်နိုင်သည်ဆိုတော့မှ သူစိတ်သက်သာရာရတော့သည်။
သူလည်းပဲ လုံခြုံသောအနေအထားမှာရှိနေသည်ဆိုသော သတင်းစကားကိုပို့လိုက်ပြီး သူတို့ကို
စိတ်မပူပန်စေရန်ပြောသည်။ ထိုအချိန်မှာ ချူးယွင်ဖန်းက လုပ်စရာရှိသည်များကိုဆက်လုပ်နေသည်။
သူ့ကို ချူးကျိဂွမ်နှင့် သူ့လူများက နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံနေရသည်။ ဒိကိစ္စကို ဒီအတိုင်း
မဖြေရှင်းပဲထားပါက သူတို့မည်မျှပင် ဂရုစိုက်နေပါစေ ချူးကျိဂွမ်၏ ချုံခိုတိုက်ခိုက်ခြင်းကို
ခံရနိုင်သည်။ အင်အားအရဆို သူသည် ကျိုးဝမ်ဘင်း နှင့် မယှဉ်နိုင်ပေ။ သို့သော်လည်း
အခြားလမ်းမရှိဘူးဟုလည်း မဆိုသာပေ။
“ဆေးပညာရှင်တစ်ဦးကို ဆန့်ကျင်တယ်ဆိုတာ ကြောက်စရာကောင်းတဲ့အရာတစ်ခုဆိုတာ
မင်းတို့သိစေရမယ်” ဟု ချူးယွင်ဖန်းက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
စိတ်ပိုင်းဖြတ်လိုက်သည်။သူ၏ အတွေးထဲမှာရုတ်တရက်ဆိုသလို အတွေးတစ်ခုပေါ်လာသည်။
သူက အဆိပ်ကိုအသုံးပြုရလိမ့်မည်။
ဆေးပညာရှင်တစ်ဦးအနေနှင့် ဆေးစွမ်းပေါင်းများစွာ၏ ဂုဏ်သတ္တိကို ကျွမ်းကျွမ်းကျင်ကျင်သိနေသည်။
သူသည် အဆိပ်များစွာ၏ ဖော်မြူလာကို အလွတ်ရနေသည်။ ကောင်းမွန်သော
ဆေးပညာရှင်တစ်ဦးသည် အဆိပ်ဖော်သူတစ်ဦးဖြစ်လာနိုင်သည်။ သို့သော်လည်း
အဆိပ်ဖော်စပ်သူတစ်ဦးသည် ဆေးပညာရှင်ကောင်းတစ်ဦးမဖြစ်လာနိုင်ပေ။
မည်သူမှ ဆေးပညာရှင်တစ်ဦးကိုမလှောင်ပြောင်ဝံ့ပေ။ ဆေးပညာရှင်တစ်ဦးက
အဆက်သွယ်ကောင်းများရှိသည့်အပြင် နည်းလမ်းပေါင်းများစွာရှိနေကြသည်။ သူတို့ကိုဆန့်ကျင်ဖို့
မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းက သူတို့ကိုထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်ပေ။ သူတို့ကိုသာ အဆိပ်ခတ်ပါက
အရမ်းမခက်ပေ။ သူက မည်သူ့ကိုမှ မထိခိုက်စေလိုပေ။ သို့သော် တစ်ဖက်လူက သူ့ကိုသေစေလိုသဖြင့်
သူက ဆက်ပြီးသည်းမခံနိုင်တော့ပေ။
သို့သော် သူ့မှာ ဆေးဖော်စပ်ဖို့ သင့်တော်သော ဆေးဝါးနှင့် ဆေးဖော်စပ်ရန် မီးဖိုမရှိနေပေ။ ထို့ကြောင့်
ထိုအရာများကိုရရန် ကြိုးပမ်းရတော့မည်။ သူက ထိုပြတင်းပေါက်ကို လျှောက်လှမ်းသွားပြီး
အဝေးတစ်နေရာကလှမ်းလာနေသော ပျံသန်းနေသည့် မွန်းစတားများက တွေ့ရသည်။
ရုတ်တရက်ဆိုသလို အဆောက်အဦအောက်မှ အမြန်အဆန် ချဉ်းကပ်လာသော လူတစ်စုကို တွေ့ရသည်။
“ ဒါက ကျိုးဝမ်ဘင်း နဲ့ ချူးကျိကောတို့မလား” ချူးယွင်ဖန်းက ချူးကျိဂွမ်နှင့်
ကျိုးဝမ်ဘင်း တို့ဦးဆောင်လာသော လူအုပ်စုကို ရုတ်တရက်သတိပြုမိသည်။
သူတို့ဘာလုပ်မည်ဆိုတာ မသိသော်ငြား ချူးယွင်ဖန်းက အောက်ကိုဆင်းပြီး ကြည့်ရန်ဆုံးဖြတ်ခဲ့သည်။
ချူးယွင်ဖန်းက အဆောက်အဦအောက်ကိုမြန်မြန်ဆင်းလာပြီး
ကျိုးဝမ်ဘင်း တို့နောက်ကိုလိုက်ခဲ့သည်။
အပိုင်း (၁၆၅)- အမြီးသုံးချောင်းပါသော ငွေရောင်မြေခွေး
ကျိုးဝမ်ဘင်း ကစွမ်းအားပိုမိုကြီးသည်ဆိုတာ ချူးယွင်ဖန်းက သေချာသိသဖြင့်
အရမ်းနီးနီးကပ်ကပ်မလိုက်လာဘဲ အဝေးတစ်နေရမှ ခပ်လှမ်းလှမ်းလိုက်လာသည်။ သူက
အရမ်းအနီးကပ်လိုက်လာပါက သူ့ကိုတွေ့သွားလိမ့်မည်။ ထိုလူက ပိုမိုပြီး အားကောင်းလေလေ သူတို့၏
အာရုံခံနိုင်စွမ်းပိုမိုမြင့်မားလာမည်။ထိုလူအုပ်စုကြီးက မြို့ပျက်ကြီးကိုဖြတ်ပြီး ခပ်သွက်သွက်ချီတက်လာကြသည်။
“သူတို့အသိုက်ကိုရှာတွေ့ဖို့ဆိုတာမလွယ်ဘူး။ ဒီတစ်ကြိမ်မှာတော့ ငါတို့သူ့ကိုဖမ်းရမယ်” ဟု
ဦးဆောင်သူ ချူးကျိဂွမ်ကပြောသည်။
“ဟုတ်တယ်..ငါ ရက်ပေါင်းများစွာ စောင့်ကြည့်ခဲ့ရတယ်။ ဒီနေ့တော့ သူတို့
ဥဥတဲ့အချိန်မှာအားအနည်းဆုံးဖြစ်ရမယ်။ ဒီနေ့က သူတို့ကိုတိုက်ခိုက်ဖို့ အခွင့်ကောင်းပဲဖြစ်တယ်။
ဒီနေ့ပြီးတာနဲ့ အဲ့သတ္တဝါကြီးက ပြန်ပြီးကောင်းမွန်လာတော့မယ်” ဟု ကျိုးဝမ်ဘင်း က ဆိုသည်။
“ဟား…မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်အဆင့် မွန်းစတားတစ်ကောင်ကို တစ်နေ့မှာဖမ်းနိုင်လိမ့်မယ်လို့ မထင်မိဘူး” ဟု ချူးကျိကောက အားရဝမ်းသာပြောသည်။
ငါတို့က ကြိုတင်ပြင်ဆင်ထားတယ်ဆိုသော်လည်း မင်းသတိထားရမယ်…သခင်လေး
ငါကအရမ်းကြီးတော့ ယုံကြည်ချက်မရှိဘူး။ ဒီကောင်က ဒီနေ့သာ ကလေးမမွေးခဲ့ဘူးဆိုလျှင် သူ့နားကို
မကပ်ရဲဘူး။ အရင်တုန်းက မွန်းစတားအုပ်စုမှာ မြင်ဖူးတယ်။ ပြီးတော့ ဒီသတ္တဝါကြီးကြောင့်
လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်” ဟု ကျိုးဝမ်ဘင်း က ရှေ့သို့ပျံသန်းနေရင်းပြောသည်။
ခဏကြာပြီးနောက် ကျိုးဝမ်ဘင်း က “ နောက်ပိုင်းတိုက်ပွဲမှာ မင်းက
ထွက်ပေါက်ကိုစောင့်ကြည့်ထားရမယ်။ သူ့ကိုမလွတ်စေနဲ့။ မဟုတ်လျှင် ဒီ လေးမြှားကိုသုံးပြီး သူ့ကိုပစ်ဖို့
မင်းအနေနဲ့တာဝန်ရှိတယ်။ သူ့ကို အရမ်းမကပ်နဲ့။ မဟုတ်လို့ရှိလျှင် မင်းသေတော့မှ ငါက
သတိမပေးဘူးလို့ မပြောပါနဲ့”ဟုဆိုသည်။
တန်ဒါအုပ်စုသည် ဆေးပညာအဖွဲ့ဖြစ်သည်။ သူတို့ငှါးရမ်းထားသောအဖွဲ့သည် ကြေးစားအုပ်စုဖြစ်တာမို့
သေနတ်ကိုင်ခွင့်လိုင်စင်မရှိပေ။ သူတို့ကိုသေနတ်အသုံးပြုခွင့်မပေးထားပေ။ သို့သော်
ထိုအင်အားကြီးမားလှသော လေးမြှား၏ အစွမ်းသည် ယနေ့ခေတ်လူ့အသိုင်းအဝိုင်းမှာ
တကယ့်ကိုအံ့အားသင့်ကြရသည်။ သာမန်ခေတ်၏ စနိုင်ပါရိုင်ဖယ်၏ အစွမ်းထက်မလျော့ပေ။ သာမန်
မွန်းစတားများကိုဆန့်ကျင်ပြီး ဒုက္ခပေးနိုင်သည်။ သို့သော် မွေးရာပါထူးချွန်အဆင့် မွန်းစတားများနှင့်
ယှဉ်ပါက အာရုံလွှဲဖို့သာ တတ်နိုင်သည်။
ယခုအခါမှာ ကြီးကြီးမားမားလှုပ်ရှားမည့်လူသည် ကျိုးဝမ်ဘင်း သာဖြစ်သော်ငြား သူကလည်း
ယုံကြည်ချက် များများစားစားမရှိနေပေ။ သို့သော် သူက ကြိုးစားကြည့်ချင်သေးသည်။သူသည်
ထိုသတ္တဝါကြီးကိုသတ်ပြီး သူ၏ နတ်ဆိုးအမြုတေကိုရခဲ့ပါက သူ့အနေနှင့် မွေးဖွားခြင်းအဆင့်ကို
တက်လှမ်းနိုင်မည့်အခွင့်အရေးရတော့မည်။
“ဟုတ်ကဲ့…သတိပေးလို့ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
ကျိုးဝမ်ဘင်း နှင့် ချူးကျိကောက အသံအကျယ်ကြီးမပြောသော်လည်း ချူးယွင်ဖန်းက ကြားနိုင်သည်။
သူက ချက်ချင်းဆိုသလို ထိတ်လန့်မိသွားတော့သည်။ မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတား..
ထိုမွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများသည်အလွန်ကြောက်စရာကောင်းသဖြင့်
လူသားများအတွက်အိပ်မက်ဆိုးသဖွယ်ဖြစ်နေသည်။ မြို့ပျက်ကြီးများမှာ ထိုသတ္တဝါဆိုးကြီးများသည်
ဘုရင်တစ်ပါးသဖွယ်ဖြစ်နေသည်။ မွန်းစတားအုပ်စုကြီးထဲတွင်
ထိုမွေးဖွားခြင်းနယ်မြေအဆင့်သတ္တဝါဆိုးကြီးများ ပါဝင်ပါက လူသားများအသေအပျောက်များရသည်။
ထိုသတ္တဝါဆိုးကြီးများသည်အသက်ကြီးလာပါက သို့ ကလေးမွေးဖွားပါက
တစ်ဆင့်နိမ့်သောအနေအထားကို ကျသွားကြသည်။ ထိုသို့ဆိုသော်ငြား သူတို့သည်
အလွန်အန္တရာယ်ကြီးမားနေဆဲဖြစ်သည်။
“ငါ ဘာမှ မမြင်ရတာပဲကောင်းတယ်။ ငါမင်းတို့ကိုတွေ့လိုက်တယ်ဆိုတည်းက မင်းတို့ကို
အောင်မြင်ခွင့်မပေးနိုင်တော့ဘူး”
ချူးယွင်ဖန်းက တစ်ဖက်အဖွဲ့ကိုအောင်မြင်ခွင့်မပေးနိုင်ဘူးဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။
ခပ်မြန်မြန်နှင့်ပင် အုပ်စုကြီးက မျက်စိရှေ့မှောက်ကိုရောက်ချလာသည်။ ထိုနေရာမှာ
အပျက်အစီးများစုပုံနေသည်။ ပြီးတော့ သူ၏ ပင်မတံခါးကြီးက ပွင့်နေပြီး
အော်သံများကိုပင်ကြားနေရသည်။ တံခါး၏ အတွင်းပိုင်းနေရာမှ ကြောက်မက်ဖွယ်ပုံရိပ်များ
ထွက်လာနေသည်ဟု ခံစားမိသည်။ အဝေးတစ်နေရာမှဆိုသော်လည်း ကြောက်မက်ဖွယ်တန်ခိုးတစ်ခုကို
ခံစားမိနေသည်။
ကြေးစားအုပ်စုလည်း ကြီးမားသောဖိအားကိုခံစားမိကြပြီး ချူးယွင်ဖန်းလည်း
ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ထိုသတ္တဝါကြီး၏ ဆွဲဆောင်မှုကြောင့်သာမဟုတ်ပါက
ဤမျှလောက်အန္တရာယ်ရှိသောနေရာကိုလာခဲ့ကြမည်မဟုတ်ပေ။ကံကောင်းစွာနှင့် သူတို့ဘက်မှာ
မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေသော ကျိုးဝမ်ဘင်း လိုလူရှိနေသည်။ မဟုတ်ပါက ဤမျှလောက်
နီးနီးကပ်ကပ်မလာနိုင်ပေ။
ချူးယွင်ဖန်းက ခပ်လှမ်းလှပ်မှ လိုက်လာပြီး သူတို့အုပ်စုကြီးက
ချောက်ထဲဆင်းသွားတာကိုကြည့်နေသည်။ ခပ်မြန်မြန်နှင့်ပင် စိတ်ဆိုးမာန်ဆိုးအော်သံကြီးများ၊
သတ်ဖြတ်သည့်အသံများနှင့် လက်နက်များထိရိုက်သံများသည် အတွင်းထဲမှ ထွက်လာသည်။ ထို့ပြင်
လေးမြှားသံသည်လည်း လေထုကိုဖြတ်ပြီးထွက်လာကြသည်။ သတ်ဖြတ်သံများနှင့် အော်ဟစ်သံများက
ရောထွေးပြီးထွက်လာကြသည်။
သူက ထိုအဖွဲ့နောက်ကိုလိုက်လာကြသည်။ ချောက်ထဲသို့ဝင်သောအခါ သူ့ရှေ့မှာ
ကြီးမားသောလမ်းကြောင်းတစ်ခုပေါ်လာသည်ကိုမြင်ရသည်။ ထိုအရာသည် မူလအဆောက်အဦ၏
လမ်းကြောင်းမဟုတ်ပေ။ ထိုသတ္တဝါကြီးက ထိုလမ်းကြောင်းကိုဖန်တီးထားပုံရသည်။
အကွေ့အဝိုက်များစွာကိုဖြတ်ကျော်ပြီးနောက် သူသည် ကြီးမားလှသော မြေအောက်ခေါင်မိုးတစ်ခု အောက်ကိုရောက်လာသည်။ အဝေးမှ နေပြီး ကြေးစားအဖွဲ့၏လှုပ်ရှားပုံများကို မြင်တွေ့နေရသည်။ တချို့က လေးမြားကိုကိုင်ပြီး သတ္တဝါကြီးကို ဟန့်တားရန် ပြင်နေချိန်တွင် တချို့ကလက်နက်အရှည်ကြီးများဖြင့် သူတို့ရှေ့မှာရှိနေသော
သတ္တဝါကြီးကိုထိန်းချုပ်ရန် ကြံစည်သည်။
သူတို့၏ရှေ့မှာကြီးမားသော သတ္တဝါဆိုးကြီးတစ်ကောင်ရှိနေသည်။
“အမြီးသုံးချောင်းငွေရောင်မြေခွေး”
ချူးယွင်ဖန်းက အသက်တစ်ချက်ပြင်းပြင်းရှုသည်။ သူတို့၏ရှေ့မှာရပ်နေသော ထိုသတ္တဝါကြီးသည်
လေးမီတာ ငါးမီတာ မြင့်မားပြီး မြေခွေးတစ်ကောင်နှင့်တူကာ တစ်ကိုယ်လုံးသည်
ငွေရောင်တလက်လက်ထနေသည်။ သူ၏ အမွေးများက ဓားထိုးဖို့ခဲယဉ်းလှသည်။ ထို့ပြင်
သူ၏နောက်ကျောဘက်တွင် ကြီးမားသောအမြီးသုံးချောင်းရှိနေသည်။ ထိုအမြီးများကို
သာမန်ရမ်းခါရုံဖြင့် လှံတံရှည်ကြီးတစ်ချောင်းကို အားကုန်လွှဲရမ်းသကဲ့သို့ ဖြစ်နေသည်။
သူ၏အမြီးကြောင့် ကြေးစားအဖွဲ့ရှိလူတစ်ချို့ကို မထင်မှတ်ဘဲထိရိုက်မိသည်။ သူ၏
ရင်ဘတ်ကချိုင့်ဝင်သွားပြီး အတွင်းကလီစာများပျက်စီးကုန်ကာ ချက်ချင်းသေသွားရသည်။
သူသည် ထိုမြေခွေးကို တီဗီပေါ်မှာပဲမြင်တွေ့ဖူးသည်။ တည်ငြိမ်သမုဒ္ဓရာမြို့မှာ
မွန်းစတားပေါင်းများစွာသည် နှစ်ပေါင်းများစွာတည်ရှိနေခဲ့သည်။ အမြီးသုံးချောင်းငွေရောင်မြေခွေးက
ပေါ်လာခဲ့ဖူးသော အကြိမ်ပေါင်းများစွာရှိသည်။ မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေသော
မွန်းစတားတစ်ကောင်အနေဖြင့် လူသားများစွာကို သေကြေပျက်စီးစေစည်။ ထိုမြေခွေးကိုဖမ်းရန်
လူပေါင်းများစွာကို စေလွှတ်ခဲ့သော်ငြား တစ်စုံတစ်ရာလွဲမှားနေသည်ကိုခံစားမိပြီး
ထွက်ပြေးတိမ်းရှောင်သွားကြသည်။ ချူးကျိဂွမ်တို့အဖွဲ့က ထိုမြေခွေးကို လာဖမ်းလိမ့်မည်ဟု မထင်ပေ။
ထိုမြေခွေးကိုတီဗီမှာမြင်စဉ်ကတည်းက ကြောက်စရာကောင်းသည့်ပုံပေါ်သော်ငြား လက်တွေ့ဘဝနှင့်
တီဗီထဲမှာ ကွဲပြားလှသည်။ ထိုသတ္တဝါကြီးသည် မီးဖွားသည့်အနေအထားရှိနေသဖြင့် သူ၏အစွမ်းက
ချက်ချင်းဆိုသလိုလျော့ကျသွားရသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များက စိတ်ဝိဥာဉ်စွမ်းအင်ကို လိုသလိုရွှေ့နိုင်ပြီး သူတို့၏ လှုပ်ရှားမှုတစ်ခုစီက အလွန်အမင်းအင်အားပြင်းလှသည်။
မွေးဖွားခြင်းနယ်မြေ အဆင့်မှာရှိနေသော ပညာရှင်များတောင်မှ မယှဉ်နိုင်ပေ။ ကျိုးဝမ်ဘင်း တောင်မှ
သူ့ကိုသတိထားနေရသည်။ သူက သတိမထားပါက ချက်ချင်းသေလိမ့်မည်။
ချွမ်း!!
လူတစ်ဦးသည် လွင့်ထွက်လာပြီး သူ၏အရိုးများကကျိုးကြေပျက်စီးပြီး သေလုမတတ်ဖြစ်နေသည်။
ချူးယွင်ဖန်းက ထိုအရာကိုမြင်သောအခါ သူ၏မျက်လုံးများပင် ပြူးကျယ်လာမိသည်။
သူသေချာကြည့်သောအခါ ထိုသူ၏လက်ထဲမှာ လေးမြှားတစ်ချောင်းကိုင်ထားသည်ကိုတွေ့ရသည်။
ထိုအချိန်မှာ ချူးယွင်ဖန်းသည် မည်သူ့ကို ပစ်ခတ်ရမည်ဆိုတာ စဉ်းစားမိပုံရသည်။ ထိုသို့ပြုလုပ်ပါက
သူတို့ကိုကျရှုံးစေမည်။အကောင်းဆုံးနည်းလမ်းက ကျိုးဝမ်ဘင်း ကို ပစ်ရန်ဖြစ်သည်။ သို့သော်
ကျိုးဝမ်ဘင်း သည် မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိသော ပညာရှင်ဖြစ်တာမို့ တစ်ချက်တည်းနှင့်
အသေသတ်ဖို့မလွယ်ကူပေ။ ထို့ကြောင့်သူက အလျင်လိုစရာမလိုပေ။ နှစ်ဖက်လုံးက အထိနာသည်ကို သူစောင့်ကြည့်ရမည်။