← Chapters

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အခန်း (၁၆၆-၁၆၈)

Vol. 12 Ch. 166-168

အပိုင်း (၁၆၆)- စိတ်ရှည်စွာစောင့်ဆိုင်းနေသူက အကျိုးအမြတ်တွေရမယ်…

အမြီးသုံးချောင်းမြေခွေးသည်လည်း မွေးဖွားခြင်းနယ်မြေအဆင့့်် မွန်းစတားတစ်ကောင်ဖြစ်သည်။ သူ၏

အစွမ်းက မီးဖွားပြီးနောက် အများကြီးလျော့သွားသော်လည်း သာမန် ရရှိခြင်းအဆင့်မှာရှိနေသော

ကျွမ်းကျင်သူက မယှဉ်နိုင်သေးပေ။

သိပ်မကြာလိုက်ခင်မှာပင် ကျိုးဝမ်ဘင်း မှာ ဒဏ်ရာများစွာရရှိလာသည်။ သူ့ကို

အမြီးသုံးချောင်းမြေခွေးက သာမန်တိုက်ခိုက်သော်ငြား ဒဏ်ရာများက အလွန်ပြင်းထန်သည်။

တချို့နေရာများမှာ အရိုးများကိုတောင်မြင်နေရသည်။ ထိုသို့ဆိုသော်ငြား အမြီးသုံးချောင်းမြေခွေးသည်ခံနိုင်သောအတိုင်းအတာအဆုံးစွန်ထိရောက်ရှိနေတာကိုသိနေသည်။ သူတို့အဖွဲ့၏ဝိုင်းထားမှုအောက်မှာ မြေခွေးသည် ဘယ်ဘက်နှင့် ညာဘက်မှ တိုက်ခိုက်ခံနေရပြီး လွတ်လမ်းမရှိနေပေ။

တဖြည်းဖြည်းနှင့် မြေခွေးသည်ဘေးကြပ်နံကြပ်ဖြစ်လာပြီး အနှေးနှင့် အမြန်သေရတော့မည်။

သူ့ကိုဆက်တိုက် ဖိအားပေးနေဖို့ပဲလိုတော့သည်။ အကြောင်းမှာ အမြီးသုံးချောင်းမြေခွေးသည်လည်း

ခန္ဓာကိုယ်အနှံ့မှာ ပြင်းထန်သောဒဏ်ရာများစွာရရှိနေပြီး သွေးက အဆက်မပြတ်ထွက်နေပြီး

မရပ်တန့်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုမြေခွေးသည် သေချာပေါက်သေရတော့မည်။

“ဟား…အမြီးသုံးချောင်းမြေခွေးက သေတော့မယ်ကွ။ ငါတို့ မိသားစုကြီးတော့ ချမ်းသာကြွယ်ဝပြီ။

ငါတို့က တီဗီပေါ်မှာပါလာတော့မယ်။ ဒီမြေခွေးကြောင့်လူပေါင်းများစွာသေခဲ့ရတာ။ ခုတော့

ငါတို့လက်ချက်နဲ့ သူသေရတော့မယ်။ ငါတို့လည်း နာမည်ကြီးတော့မယ်”ဟု ချူးကျိကောက

ကြုံးဝါးသည်။

သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုကို အတိုင်းသားမြင်နေရသည်။

ထိုမြေခွေးအပေါ်ကြောက်ရွံ့နေမှုများသည် ရရှိလာမည့် အကျိုးအမြတ်များကိုတွေးမိသောအခါ

ပျောက်ချင်းမလှပျောက်ကွယ်သွားတော့သည်။

တခြားအဖွဲ့သားများလည်း ထိုစကားကိုကြားသောအခါ သွေးများပွက်ပွက်ဆူလာသည်။ ထိုကဲ့သို့

မွန်းစတားကိုသတ်နိုင်ပါက ကြေးစားလောကတစ်ခါလုံးမှာ နာမည်ကြီးကြတော့မည်။

ကျိုးဝမ်ဘင်း က တိုက်ခိုက်ရင်း တစ်ကိုယ်တည်းတွေးနေမိသည်။ သခင်လေးသည်

အလောတကြီးပြုမူနေကျဖြစ်သော်ငြား တကယ့်အရေးကြီးသောအချိန်များတွင် လူအများကို

စိတ်ဓာတ်တက်ကြွအောင်ပြုလုပ်နိုင်သည်။ ယခုလို အရေးကြီးအချိန်တွင်

မြေခွေးကိုသတ်နိုင်လားမသတ်နိုင်ဘူးလားဆိုတာ သေချာမသိပေ။ မြေခွေးသည်လည်း

အလွန်မောပန်းနွမ်းဟိုက်နေပုံရသည်။ အဖွဲ့သားတစ်ဦး၏ လေးမြားက

သူ၏ဘယ်ဘက်မျက်လုံးတည့်တည့်ကို ပစ်လိုက်သောအခါ မခံမရပ်နိုင်သော နာကျင်မှုကို ခံစားရသဖြင့်

မြေခွေးသည်လည်းဒေါသထွက်လာသည်။လုံးဝ ပွဲကြီးပွဲကောင်းအနေအထားကိုရောက်လာပြီဆိုတာ

ကျိုးဝမ်ဘင်း သိလိုက်ရသည်။

“အားလုံးပဲရပ်ထားကြ…ဒီကောင်ကြီးက သိပ်မတောင့်ခံနိုင်တော့ဘူး။ စောင့်နေတာက အကောင်းဆုံးပဲ”

“ဟုတ်တယ်..တကယ့်ပွဲကြီးပွဲကောင်းအချိန်ရောက်ပြီ”

ထောင့်နားမှနေပြီး ချူးယွင်ဖန်းသည် ကျိုးဝမ်ဘင်း ကိုဦးတည်ပြီး မြားပစ်လိုက်သည်။

ဝှစ်!

လေထုကိုဖြတ်ပြီး မြားထွက်သွားသည့် အသံကိုကြားနိုင်သည်။ ကျိုးဝမ်ဘင်း ထံသို့

ကြောက်မက်ဖွယ်မြားတစ်ချောင်းကို အင်အားပြည့်ပစ်ခွင်းသည်။ ချူးယွင်ဖန်းက

မြားဘယ်လိုပစ်ရမည်ဆိုတာ မသင်ဖူးချေ။ ထို့ကြောင့် ပုံမှန်ဆို သူက ပစ်မှတ်ကိုထိအောင် မပစ်နိုင်ပေ။

သို့သော် ဒီလောက်အနေအထားက သူ့အတွက် လုံလောက်သည်။ ကျိုးဝမ်ဘင်း က ချက်ချင်းဆိုသလို

မြားကိုအာရုံခံမိသည်။ သူက ဘေးဘက်ကိုရွှေ့ပြီး မြားကိုရှောင်လိုက်သည်။

“မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိတဲ့ကျွမ်းကျင်သူရဲ့ အာရုံခံနိုင်စွမ်းက တော်ရုံမဟုတ်ဘူးပဲ။ ကံကောင်းချင်တော့ ဒီမြားကလည်း ခင်ဗျားကိုသတ်ဖို့ရာ မရည်ရွယ်ပါဘူး” ဟု ချူးယွင်ဖန်းက

ပြောသည်။မြားကိုရှောင်လိုက်သော ကျိုးဝမ်ဘင်း က သူ့ကိုယ်သူဂုဏ်ယူနေဖို့ အချိန်မရှိပေ။ သူ၏

နောက်နားကမည်သည့်နေရာမှ မြားလာတာလဲဆိုတာကိုလည်း စဉ်းစားဖို့အချိန်မရှိပေ။

သူ့အဖွဲ့သားတစ်ဦးက သူ့ကိုမှားယွင်းပြီးပစ်လိုက်သည်ဟုသာ ယူဆမိသည်။ သူ့အမြင်များ

မှောင်မိုက်လာသည်။ ထို့နောက် အမြီးသုံးချောင်းငွေရောင်မြေခွေးက သူ့ကိုခုန်အုပ်ပြီး

ကုတ်ဖဲ့တော့သည်။

ဘန်း!

ကျိုးဝမ်ဘင်း ကို လက်သည်းများဖြင့် ကုတ်ဖဲ့နေသည်။ သူ့ကိုယ်ပေါ်ရှိ ဝတ်ရုံသည်လည်း စုတ်ပြဲကာ

သူ့ခန္ဓာကိုယ်တစ်ဝက်လောက်လည်း ဒဏ်ရာပြင်းထန်စွာရကာ ချက်ချင်းဆိုသလို

အဝေးသို့လွင့်သွားသည်။

“ပြေးတော့” ကျိုးဝမ်ဘင်း က မြေကြီးပေါ်ကိုကျသောအခါ အော်ဟစ်သည်။

သူ့မျက်နှာပေါ်တွင် နာကျင်မှုက အတိုင်းသားပေါ်နေသည်။ ဤအရာသည်

သူအချိန်အကြာကြီးစီစဉ်ခဲ့ရသောအရာဖြစ်သည်။ဤကျရှုံးမှုသည် မွန်းစတားများကို

အမဲလိုက်ခြင်းမှာရှုံးနိမ့်ခြင်းမဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းမည့်

သူ၏မျှော်လင့်ချက်များစွာလည်း ပျက်စီးရတော့မည်။ ထိုအဆင့်သည် လူတိုင်းတက်လှမ်းနိုင်ရန်

စိတ်ကူးယဉ်ရသည့်အဆင့်ဖြစ်သည်။

သူက မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်ဖြစ်လာပါက စစ်တပ်မှာအလုပ်လုပ်ရန် ရည်ရွယ်ထားသည်။

သူသည် ဗိုလ်ချုပ်အဆင့်မှစတင်ပြီး လုပ်ရမည်။ သူက ကမ္ဘာ့ထိပ်တန်း ကော်ပိုရေးရှင်းငါးခုမှာ

အလုပ်လုပ်လျှင် သူသည်ပြိုင်ဘက်ကင်းကျွမ်းကျင်သူဖြစ်လာပြီး အဆမတန်ကြီးပွါးလာတော့မည်။

ထို့ပြင် မွေးဖွားခြင်းနယ်မြေအဆင့်ကိုရောက်ရှိပါက သူ၏သက်တမ်းသည်လည်း အဆမတန်ရှည်လာပြီး

အနည်းဆုံး အသက်နှစ်ရာဖြစ်လာလိမ့်မည်။

မည်သူက အသက်ရှည်ပြီး ချမ်းသာကြွယ်ဝသောဘဝကို မခံစားချင်မည်နည်း။

ယခုတော့ သူ၏အိမ်မက်များသည် တစ်စစီကျိုးပဲ့ခဲ့ရသည်။ အခြားသူများက

ထိုမြင်ကွင်းကိုမြင်သောအခါ ဆက်ပြီးမနေရဲကြတော့ပေ။ သူတို့က ကျိုးဝမ်ဘင်း ကြောင့်သာ

မြေခွေးကိုတိုက်ခိုက်ရဲကြသည်။ ယခုတော့ ကျိုးဝမ်ဘင်း က ဒဏ်ရာရနေသဖြင့် သူတို့က

ဘယ်လိုလုပ်ပြီး ဆက်လက်နေဝံ့ပါ့မလဲ။

သူတို့က မြေခွေးကိုချောက်လှန့်ရန် ဦးတည်ရာမဲ့ ပစ်ခတ်ကုန်ကြသည်။ အခြေအနေက

ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူပြီး ကျိုးဝမ်ဘင်း ကို ခေါ်ဆောင်ရန် တွေးထားကြသည်။

ချူးကျိကောက ဦးဆောင်ပြီး တွေဝေတုံ့ဆိုင်းခြင်းအလျဉ်းမရှိပဲ ထွက်ပြေးတော့သည်။

ကျိုးဝမ်ဘင်း ကို ကူပြီး ပိတ်ဆို့ရသော်လည်း ဤနေရာသည် ငရဲတမျှ အန္တရာယ်များသည်။ သူက

ချက်ချင်းထွက်ပြေးသွားပြီး ထောင့်တစ်ခုမှာ တည်ရှိနေသော လူကိုတောင်မှ သတိမထားမိပေ။

မြေခွေးသည်လည်း ဒဏ်ရာပြင်းထန်စွာရနေသဖြင့် သူတို့နောက်ကိုမလိုက်နိုင်ပေ။

သူ၏မျက်လုံးတစ်ဖက်သည် မြားဒဏ်ကြောင့် မမြင်ရတော့ပေ။သူက ပြန်လည်ကျန်းမာလိုသည်။ သူသာ

အသက်ရှင်လျှင် မျက်လုံးတစ်ဖက်ကမ်းနေပါစေေ မြို့ပျက်ကြီး၏ အရက်စက်ဆုံးသော

အုပ်ချုပ်သူတစ်ဦးဖြစ်နေဦးမည်။

သို့သော် သူတွေးထားသလို မဖြစ်လာပေ။ တိုက်ခိုက်မှုများက ပြီးဆုံးသွားပြီဟု ထင်သော်ငြား

တစ်နေရာမှ မြားတစ်ချောင်းထွက်လာပြန်သည်။ ဒီတစ်ခါတော့ မည်သည့်သတိပေးချက်မှမရဘဲ

မရှောင်နိုင်ခဲ့တာမို့ အခြားမျက်လုံးတစ်ဖက်ကိုထိမှန်ခဲ့သည်။

ဝေါင်း!

မြေခွေးက နာကျင်လွန်း၍ ဒေါသထွက်ကာ ကြိမ်းဝါးသံများထွက်လာသည်။ သို့သော်

သူ့မျက်လုံးနှစ်ဖက်လုံး ကန်းသွားခဲ့ပြီဖြစ်ပြီး ဘာမှ မမြင်ရတော့ပေ။ သူက ရန်သူကိုသတ်ရန်မှန်းဆပြီး

ဒယိမ်းဒယိုင်လျှောက်သွားသည်။ ထို့နောက် နောက်ထပ်မြားတစ်စင်းက

သူ့ဦးနှောက်ကိုဖောက်ဝင်သွားသည်။

မြေခွေးက တစ်ခဏတော့ ရုန်းကန်လိုက်ရပြီး အဆုံးမှာတော့ လဲပြိုကျသွားသည်။ သူက

မွေးဖွားခြင်းနယ်မြေအဆင့််မှာရှိသော မွန်းစတားတစ်ကောင်ဖြစ်သော်ငြား သူ့ဦးနှောက်က

အားအနည်းဆုံးအပိုင်းဖြစ်သည်။ သူ့ဦးနှောက်ကို မြားစိုက်သည်နှင့် သေခဲ့ရသည်။

ချူးယွင်ဖန်းက ထောင့်နားမှထွက်လာသည်။ ချူးကျိကောတို့အဖွဲ့ ထွက်ပြေးသွားသည်ဆိုတာကို

အတည်ပြုပြီးမှသာ မြေအောက်ခန်းထဲဆင်းလာသည်။ ထိုနေရာကို မြေခွေးက

သူ့အသိုက်သဖွယ်ပြောင်းလဲပြင်ဆင်ထားသည်။ မြေပြင်မှာ အလောင်းများစုပုံထားသည်။ ထို

သေဆုံးနေသောလူများသည် အမြီးသုံးချောင်းမြေခွေး၏ အမြီးနှင့် ထိရိုက်မိပြီး သေခဲ့ရခြင်းဖြစ်တာမို့

သူ၏အမြီးသည် အလွန်ကြောက်စရာကောင်းသည်။ ထိုအရာသည် တိုင်တစ်ချောင်းနှင့်

ထိရိုက်မိသလိုဖြစ်ရမည်။

ချူးယွင်ဖန်းက မြေခွေးဆီသို့လျှောက်လာသည်။ သူ၏ခန္ဓာကိုယ်ကြီးကိုကြည့်ပြီး သနားလာမိသည်။

သူ့တန်ကြေးသည် အလွန်မြင့်မားသည်။ မွန်းစတားအမျိုးအစားပေါ်လိုက်ပြီး စျေးကွာသဖြင့်

ချူးယွင်ဖန်းက အတိအကျမသိပေ။ သို့သော် အနည်းဆုံးတော့ဆယ်သန်းနှင့် ဘီလီယံချီပြီးတောင်မှ

တန်ကြေးရှိမည်။

သို့သော် သူသည် တောင်အသေးလေးတစ်လုံးနီးပါးကြီးမားသော ထိုမြေခွေးကြီးကို မသယ်နိုင်ပေ။

သို့သော် သူသယ်နိုင်တာတစ်ခုတော့ရှိနေသည်။ ထိုအရာသည် အမြီးသုံးချောင်းငွေရောင်မြေခွေး၏

နတ်ဆိုးအမြုတေဖြစ်သည်။

အပိုင်း (၁၆၇)- တောင်မြစ်ပန်းချီကား ဖွင့်လှစ်ခြင်း

လူသားဖြစ်ဖြစ် မွန်းစတားဖြစ်ဖြစ် မွေးဖွားခြင်းနယ်မြေအဆင့်သည် လုံးဝ ကွဲပြားသည်။

ထိုအဆင့်ကိုတက်လှမ်းနိုင်သည်နှင့် လူသားကမ္ဘာမှာ ထိပ်တန်းတစ်ဦးဖြစ်နိုင်သလို

မွန်းစတားလောကမှာလည်း မွန်းစတားဘုရင် ဖြစ်နိုင်သည်။ တချို့နေရာတွေမှာ မွန်းစတားအားလုံးက

သူ့အမိန့်ကိုနာခံပြီး မဆန့်ကျင်ရဲပေ။

ထိုအဆင့်ကိုဖြတ်ကျော်ပြီးသော မွန်းစတားများ၏ခန္ဓာကိုယ်ထဲတွင် နတ်ဆိုးအမြုတေဟု ခေါ်တွင်သော

ကျောက် တစ်လုံးရှိသည်။ ထိုနတ်ဆိုးအမြုတေထဲတွင် အင်အားကြီးမားသော မွေးဖွားခြင်းနယ်မြေအဆင့်၏ စစ်မှန်စွမ်းအင်များပါဝင်ပြီး အလွန်အဖိုးတန်သောအရာတစ်ခုဖြစ်သည်။ ဥပမာဆိုရလျှင် အမြီးသုံးချောင်းငွေရောင်မြေခွေးကို သန်းတစ်ရာဖြင့်ရောင်းနိုင်လျှင် ထိုအမြုတေသည်

အနည်းဆုံးသန်းငါးဆယ်တန်ကြေးရှိမည်။ တကယ်တော့ ထိုအမြုတေများသည် တန်ကြေးမဖြတ်နိုင်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်သည် ထိုအဆင့်မှာရှိသော မွန်းစတားတစ်ကောင်ကိုသတ်ပြီး ရောင်းပါက လေလံအမြင့်ဆုံးပေးသူကို သေချာပေါက်ရောင်းနိုင်မည်။

သန့်စင်ခြင်းအဆင့်မှာရှိနေသော ပညာရှင်သည် ထိုအမြုတေကိုသုံးကာ မွေးဖွားခြင်းနယ်မြေအဆင့့််ကို

တက်လှမ်းနိုင်မည့် အခွင့်အရေးရမည်။ ဤအရာသည် အဖိုးအထိုက်တန်ဆုံးအပိုင်းဖြစ်သည်။

ချူးယွင်ဖန်းက မြေခွေးတစ်ကောင်လုံးကိုမသယ်နိုင်ခြင်းသည် နှမြောစရာဆိုသော်ငြား အနည်းဆုံးတော့

မြေခွေးထံမှ အမြုတေကိုရနိုင်သေးသည်။နှမြောစရာကောင်းပေမဲ့ သူဘာမှမတတ်နိုင်ပေ။

သူက အမြီးသုံးချောင်းမြေခွေး၏ ဘေးနားကိုလျှောက်လာပြီး သူ၏အရိပ်မဲ့ဓားကိုသုံးကာ

ဝမ်းဗိုက်အောက်ရှိ အရေပြားကိုဖြဲလိုက်သည်။ ထိုအပိုင်းသည် မြေခွေး၏ အနူးညံ့ဆုံးအပိုင်းဖြစ်သည်။

သူ့တစ်ကိုယ်လုံးကို အမွှေးထူထူကြီးများဖြင့် ဖုံးအုပ်ထားသည်။ ထိုနေရာမှတစ်ပါး အခြားနေရာများကို

ဓားမဖောက်နိုင်ပေ။

သူက မြေခွေး၏ ဝမ်းဗိုက်ကိုတစ်ဆင့်ချင်းစီဖွင့်သည်။ သိပ်မကြာခင်မှာ ခန္ဓာကိုယ်အတွင်းရှိ

နတ်ဆိုးအမြုတေကိုရှာဖွေတွေ့ရှိသည်။ ထိုအမြုတေသည် လက်သီးတစ်ဆုပ်စာအရွယ်ရှိသည်။

မြေခွေး၏ အရွယ်အစားနှင့်ယှဉ်ပါက အလွန်သေးသည်။ မြေခွေးအမြုတေသည်

လုံးဝငွေရောင်ဖျော့ဖျော့ အရောင်ရှိသဖြင့် မြေခွေးနှင့် ပြီးပြည့်စုံစွာလိုက်ဖက်ညီသည်။သူသည်

အမြုတေအထဲမှာပါနေသော ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားမိသည်။ ချူးယွင်ဖန်းက

ထိုအမြုတေကိုရောင်းဖို့စိတ်ကူးမရှိဘဲ အနာဂတ်မှာ သူ့အတွက်အသုံးပြုရန်သာရည်ရွယ်သည်။

သို့သော်လည်း အမြုတေကိုယူဖို့ပြင်ချိန်တွင် သူ့အတွေးထဲမှာ ချက်ချင်းဆိုသလို မြူဆိုင်းလာသည်။

ချက်ချင်းဆိုသလို သူကတခြားနေရာတစ်ခုကိုရောက်သွားသည်။ ထိုနေရာသည်

လုံးဝအစိမ်းသက်သက်နေရာတစ်ခုဖြစ်သည်။ သူဝင်ရောက်သောအခါ သမုဒ္ဓရာထဲကိုဝင်နေသလိုဖြစ်ပြီး

သူ့ပတ်လည်သည် ချွဲပျစ်ပျစ်အရည်များဖြင့် ပြည့်နှက်နေသည်။

ထိုအရာကဘာလဲဆိုတာသူသိသောအခါ ထိတ်လန့်မိသည်။ ထိုအရည်များသည်

စိတ်ဝိဥာဉ်စွမ်းအင်ဖြစ်ပြီး အရည်အနေအထားမှာရှိသော စွမ်းအင်ဖြစ်သည်။

ထိုစွမ်းအင်ထဲမှာနစ်ဝင်နေသောအခါ ချူးယွင်ဖန်းက လုံးဝသက်တောင့်သက်သာဖြစ်နေသည်။

ထိုနေရာသည် အရှည်၊ အကျယ်နှင့် အမြင့်အရ ဆယ်ပေရှိပြီး ထိုနေရာမှာရှိနေသော အရာအားလုံးသည်

မီးခိုးရောင်ဖြစ်သည်။

“ဒါက တောင်မြစ်ပန်းချီကားအထဲမှာလား..ငါက ဒီထဲကိုဝင်နိုင်တယ်လား?” ဟု ချူးယွင်ဖန်းက

အံ့အားသင့်စွာပြောဆိုသည်။ ဆေးဘုရင်၏မှတ်ဥာဏ်များအရဆို ထိုနေရာသည် အလွန်ခမ်းနားပြီး

ဘုရင်များအကြား နာမည်ကြီးသည်။ မဟုတ်ပါက နတ်ဘုရားစိတ်ဝိညာဉ်ကို ယူဆောင်ရန် မဖြစ်နိုင်ပေ။

တောင်မြစ်ပန်းချီကားသည် သူ့ကိုယ်ပိုင်နေရာလေးမှာဖြစ်ပေါ်နေသည်။ ဆေးဧကရာဇ်က

တန်ခိုးကြီးထွားလာသောအခါ သူ့ကိုယ်ပိုင် ကမ္ဘာလေးတစ်ခုကို ဖန်ဆင်းနိုင်သည်။ သိပ်မကြာခင်မှာ

ချူးယွင်ဖန်း တောင်မြစ်ပန်းချီကားတည်ရှိနေမှုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက တည်ရှိနေသည်ကို

သိသော်ငြား ထိုအရာကိုအသက်သွင်းဖို့နည်းလမ်းမရှိပေ။ တစ်ခါတစ်ရံမှာ သူက နားလည်ဖို့ကြိုးစားချိန်တွင် တောင်မြစ်ပန်းချီကားမှာရှိသော နတ်ဘုရားဦးခေါင်းသည် သူ့ကိုကူညီပြီး

ရှင်းလင်းသောစိတ်အခြေအနေတစ်ခုကိုထုတ်လွှတ်ပေးသည်။

ယခုတော့ သူသည် တောင်မြစ်ပန်းချီကားထဲကို ဝင်နိုင်ခဲ့ပြီဖြစ်သည်။ သူသည် မြေခွေးအမြုတေဖြင့်

တောင်မြစ်ပန်းချီကား၏ အပိုင်းတစ်ခုကို ဖွင့်နိုင်ခဲ့သော်ငြား တောင်မြစ်ပန်းချီကား၏ စစ်မှန်စွမ်းအင်ကို

မထုတ်နိုင်ပေ။

သို့သော်လည်း ချူးယွင်ဖန်းက စိတ်ပျက်အားမလျော့ပေ။ သူက

ဤအပိုင်းလေးကိုဖွင့်နိုင်သည်ဆိုကတည်းက တစ်ချိန်ချိန်မှာ ကျန်သောအပိုင်းများကိုဖွင့်နိုင်တော့မည်။

ယခုတော့ သူအဓိကအားဖြင့် သိလာခဲ့ရသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့့်် မွန်းစတားများကို အမဲလိုက်ပြီး

အမြုတေရအောင်ယူဖို့ အရေးကြီးသည်ဆိုသောအချက်ဖြစ်သည်။

ယခုအခါမှာ ထိုလုပ်ငန်းစဉ်က ခက်ခဲပြီး အမြီးသုံးချောင်းမြေခွေးတစ်ကောင်တည်းကိုပင် သူ

အလကားနီးပါးရခဲ့ပြီးဖြစ်သည်။ သူကမွေးဖွားခြင်းနယ်မြေအဆင့့််မှာရှိသော မွန်းစတားများနှင့်

မည်သည့်အချိန်မှထိပ်တိုက်ရင်ဆိုင်ရမည်ဆိုတာ မသိသော်ငြား ဦးတည်ချက်ရှိခြင်းက

ရည်ရွယ်ချက်မဲ့ပြေးလွှားနေရခြင်းထက် သာလွန်နေသည်။

သန်းပေါင်းများစွာတန်သော အမြုတေသည် ချက်ချင်းပျောက်ကွယ်သွားသော်လည်း ချူးယွင်ဖန်းက

သေချာသဘောပေါက်နားမလည်ခင်မှာ ခဏတော့ခေါင်းကိုက်ခဲ့ရသေးသည်။ ထိုအရာသည်

ကမ္ဘာကြီး၏နိယာမတစ်ခုဖြစ်သည်။ ဆုံးရှုံးခြင်းနှင့် ရယူခြင်းသည် အမြဲဒွန်တွဲနေသည်။ သူတို့က ဘာမှ

မပေးဆပ်ဘဲနှင့် တစ်စုံတစ်ရာရဖို့ဆိုတာ မဖြစ်နိုင်ပေ။

ယခုလက်ရှိအနေအထားအရ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုအဖြစ် တည်ရှိနေသော တောင်မြစ်ပန်းချီကား

ကိုရောက်ရန် အချိန်မည်မျှကြာဦးမည်ဆိုတာ သူမသိပေ။ ထိုအရာသည် အလွန်တန်ခိုးကြီးမားပြီး

ပြိုက်ဘက်ကင်းလှသည်။ ယခုအချိန်မှာတော့ သိမ်းဆည်းထားသောနေရာတစ်ခုအဖြစ်သာ

အသုံးပြုနိုင်ဦးမည်။

သူက အလျင်မလိုပေ။ ထို တောင်မြစ်ပန်းချီကားသည် သူအသုံးမပြုရဲလောက်အောင်

တန်ခိုးကြီးမားသည်။ ထိုအရာက တန်ခိုးကြီးလေလေအသုံးပြုဖို့စွမ်းအင် ပိုလိုလေလေဖြစ်သည်။

သူ့လက်ရှိကျင့်ကြံခြင်းအရဆို သူ၏ အစွမ်းများသည် တစ်မိနစ်အတွင်းမှာ စုပ်ယူခံလိုက်ရမည်။

ထိုအရာက သိမ်းဆည်းနေရာတစ်ခုဆိုသော်ငြား

သာယာကြည်နူးဖွယ်ကောင်းသောအံ့အားသင့်မှုတစ်ခုဖြစ်သည်။ ယခုလက်ရှိခေတ်မှာတောင်မှ

လူသားများသည် အာကာသနည်းပညာ၏ ခက်ခဲသောပုစ္ဆာများကို မဖြေရှင်းနိုင်သေးပေ။

သူတို့တူးဖော်ရရှိသော အာကာသမှော်ဝင်ရတနာများမှတစ်ပါး သူတို့သည် မူလနည်းပညာများကိုသာ

ဆင့်ကဲအသုံးပြုနေရဆဲဖြစ်သည်။ အာကာသပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်လုပ်ပြီး

တစ်ခုချင်းစီ၏စျေးနှုန်းက အလွန်မြင့်မားသည်။ သာမန်လူများအဖို့ ဝယ်ယူရန် မတတ်နိုင်ပေ။

အများကြီးထုတ်လုပ်နိုင်ဖို့ရန်လည်း အချိန်များစွာယူရမည်။ ဒေါ်လာဘီလီယံပေါင်းများစွာတောင်မှ

ထိုအရွယ်အစားရှိသော အာကာသတစ်ခုကိုဝယ်ရန် မလုံလောက်ပေ။ ထိုအရာသည် လုံးဝ

အဖိုးမဖြတ်နိုင်ပေ။

ချူးယွင်ဖန်းက ချက်ချင်းဆိုသလို တောင်မြစ်ပန်းချီကားကို စွန့်ခွါပြီး မြေအောက်ရတနာဆီသို့

ပြန်ဝင်လိုက်သည်။ အမြီးသုံးချောင်းမြေခွေး၏ အသက်မဲ့ခန္ဓာကိုယ်သည် မြေပြင်မှာလဲကျနေသည်။သူက ထိုအလောင်းကိုထိလိုက်သည်။ သူက ထိုအလောင်းကို တောင်မြစ်ပန်းချီကား ထဲတွင်သိမ်းဆည်းနိုင်သည်ဟု တွေးမိသည်။

ထိုကဲ့သို့ သိမ်းဆည်းရာနေရာမှာဆို ပိုပြီးအဆင်ပြေနိုင်သည်။ သူက ကျဉ်းထဲကြပ်ထဲကျရောက်သော

အချိန်များတွင် ထို တောင်မြစ်ပန်းချီကား ထဲမှာပုန်းခိုနိုင်ပြီး အင်အားကြီးရန်သူများနှင့်

ထိပ်တိုက်ရင်ဆိုင်ရမည့်အရေးကိုရှောင်ရှားနိုင်သည်။ ထိုအရာသည် အခြားအသက်ကယ်နည်းလမ်းတစ်ခုဖြစ်သည်။

တောင်မြစ်ပန်းချီကားထဲကို ဝင်ရောက်ခြင်းနှင့် ထွက်ခွါခြင်းအတွက်

စစ်မှန်စွမ်းအင်ပမာဏတစ်ချို့ကိုလိုအပ်သော်ငြားထိုအရာသည် အသက်ကယ်ဝှက်ဖဲတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းက တခြားနေရာများကိုထပ်ရှာသောအခါ လက်သီးဆုပ်အရွယ်အစားရှိသော

အမြီးသုံးချောင်းငွေရောင်မြေခွေးသေးသေးလေးတစ်ကောင်၏ အလောင်းကိုတွေ့ရသည်။

ထိုသတ္တဝါလေးသည် တိုက်ပွဲ၏ ရိုတ်ခတ်မှုများကြောင့် သေဆုံးခဲ့ရပြီး ဘာမှတန်ကြေးမရှိပေ။ သူက

လှည့်ထွက်လာခဲ့သည်။ သူက အနည်းငယ်နောက်ကျပါက ချူးကျိဂွမ်တို့ပြန်မလာဘူးဆိုလျှင်တောင်မှ

အခြားမွန်းစတားကြီးများသည် သွေးနံရပြီး သူ့ကိုဝိုင်းတိုက်ခိုက်ကြတော့မည်။

ယခင်တုန်းကတော့ အမြီးသုံးချောင်းမြေခွေး၏ တန်ခိုးကိုကြောက်လန့်ပြီး ထိုမွန်းစတားများက

မလာရဲကြပေ။ယခုတော့ ထိုသို့မပြောနိုင်ပေ။

သူက ပြေးထွက်လာပြီး ရုံးခန်းထဲရောက်လာသည်။ တံခါးကိုပိတ်ပြီးနောက် ချူးယွင်ဖန်းသည်

ကွယ်ပျောက်သွားပြီး တောင်မြစ်ပန်းချီကား ထဲကိုဝင်သွားပြန်သည်။

အပိုင်း (၁၆၈)- ချီပင်လယ်၏ သတ္တမအဆင့်ကို ဖြတ်ကျော်ခြင်း

တောင်မြစ်ပန်းချီကားကိုဝင်ရောက်ပြီးနောက် ချူးယွင်ဖန်းသည်

စိတ်ဝိဥာဉ်စွမ်းအင်အရည်များကြားမှာ နစ်ဝင်သွားပြန်သည်။ သူနှင့် မလှမ်းမကမ်းနေရာတွင်

အမြီးသုံးချောင်းမြေခွေးသည်လည်း ထိုစိတ်ဝိဥာဉ်အရည်များကြားမှာနစ်မြုတ်နေသည်။ ထိုမြေခွေး၏

ငွေရောင်အမွှေးများသည် ယခင်ကထက် ပိုမိုတောက်ပနေသည်။

မှန်းဆထားသည့်အတိုင်းပင် ထိုစိတ်ဝိဥာဉ်စွမ်းအင်အရည်များသည် အကောင်းဆုံးသောအရာဖြစ်သည်။ ထိုစွမ်းအင်မျိုးကိုလေ့ကျင့်ခြင်းသည် အလျင်ကိုဖြည်းဖြည်းချင်း တိုးလာစေရုံမဟုတ်ဘဲ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာစေသည်။

သူက ထိုစိတ်ဝိဥာဉ်စွမ်းအင်အရည်ကိုယူဆောင်ပြီး သူ၏ ညီမလေးနှင့် မိဘများကို နေ့ရောညပါ

သောက်သုံးစေချင်ခဲ့သည်။ ထိုမှသာ သူတို့၏ကျင့်ကြံခြင်းသည် အရှိန်အဟုန်ဖြင့်

တိုးတက်မြင့်မားလာစေတော့မည်။ အထူးသဖြင့် သူ့ညီမလေးအတွက်ပိုမှန်သည်။ သူမက ခုမှ

စတင်ကျင့်ကြံနေခြင်းဖြစ်ပြီး သူမ၏ မိတ်ဆွေအပေါင်းအသင်းများထက်နောက်ကောက်ကျနေခဲ့သည်။

ထို့ကြောင့် သူ့ညီမလေးက အမှီလိုက်ရန် လိုအပ်နေသည်။ သူမက အားလျှော့လို့မရနေပေ။

သို့သော်လည်း ထိုစိတ်ဝိဥာဉ်စွမ်းအင်အရည်များသည် အကန့်အသတ်နှင့်ရှိနေသည်။ သူသည် တောင်မြစ်ပန်းချီကားကို ဖွင့်လိုပါက စိတ်ဝိဥာဉ်စွမ်းအင်အရည်များစွာကို ပိုမိုပြီးလိုအပ်နေသည်။ ဆေးဘုရင်၏ မှတ်ဥာဏ်များအရဆို တောင်မြစ်ပန်းချီကား မှာ ထိုမျှလောက် စိတ်ဝိဥာဉ်စွမ်းအင်အရည်များစွာရှိမနေဘူးဆိုတာ သိနေသည်။ ပြင်ပကမ္ဘာထက်

ပိုများသည်ဆိုသော်ငြား အနေအထားတစ်ခုထိတော့ မရောက်သေးပေ။

တစ်စုံတစ်ဦးကတောင်မြစ်ပန်းချီကားကိုဖွင့်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။

ထိုစိတ်ဝိဥာဉ်စွမ်းအင်များသည် အတူတကွစုဝေးပြီးအရည်အဖြစ်ဖွဲ့စည်းထားသည်။ သို့သော် သူက

ယခုအခါမှာ အကျိုးအမြတ်များစွာရခဲ့သူဖြစ်တာမို့ သူက ဘာမှထပ်မပြောနိုင်တော့ပေ။ သူသည်

တောင်မြစ်ပန်းချီကားထဲမှာ တိတ်တဆိတ်စတင်လေ့ကျင့်တော့သည်။

သူသည် စစ်နတ်ဘုရားသိုင်းကိုစတင်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်သည်

အနက်ရောင်အပေါက်ကြီးတစ်ခုအသွင်ကူးပြောင်းကာ ဘေးပတ်လည်မှာရှိနေသော

စိတ်ဝိဥာဉ်စွမ်းအင်များကို ကမူးရှုးထိုး စုပ်ယူတော့သည်။

သူက စစ်နတ်ဘုရားသိုင်းကျမ်းကို အပြည့်အဝအသုံးမပြုခဲ့ရသေးဘူးဆိုတာ

ချူးယွင်ဖန်းနားလည်သဘောပေါက်လာသည်။ စစ်နတ်ဘုရားသိုင်းကိုအသုံးပြုရန်

လိုအပ်သောစွမ်းအင်သည် အလွန်မြင့်မားသည်။ သူသည် စစ်နတ်ဘုရားသိုင်းကိုအသုံးပြုခဲ့သော်လည်း

သူ့မှာလုံလောက်သောစိတ်ဝိဥာဉ်စွမ်းအင်မရှိပေ။ သူသည် ဆေးဝါးအကူအညီဖြင့် သူ၏ခန္ဓာကိုယ်ထဲမှာ

စွမ်းအင်တိုးတက်လာအောင်ပြုလုပ်ပြီး စစ်မှန်စွမ်းအင်အဖြစ်ကိုကူးပြောင်းခဲ့သည်။

သို့သော် စစ်နတ်ဘုရားသိုင်း၏ စစ်မှန်စွမ်းအင်ကို ပြည့်ပြည့်ဝဝထုတ်မသုံးရသေးပေ။ အကြောင်းရင်းမှာ

အခြေအနေမပေးသောကြောင့်ဖြစ်သည်။ သူသည် တောင်မြစ်ပန်းချီကားကို ဝင်ရောက်သောအခါ

သူသည် စစ်နတ်ဘုရားသိုင်းကို အစွမ်းကုန်သုံးမိသလို ခံစားမိသည်။ ထိုအရာသည်

စွမ်းအင်အရည်များကို စုပ်ယူပြီးနောက် သူ၏ စစ်မှန်စွမ်းအင်များအသွင်သို့

စတင်ကူးပြောင်းလိုက်သည်။ အရေးကြီးဆုံးအနေနှင့် သူ၏ ခန္ဓာကိုယ်သည်

ချက်ချင်းဆိုသလိုပြောင်းလဲလာပြီး စိတ်ဝိဥာဉ်အရည်များ၏ လွှမ်းမိုးမှုအောက်မှာ

တိုးတက်ပြောင်းလဲလာသည်။

သူသည် စစ်နတ်ဘုရားသိုင်းကို စတင်ကျင့်ကြံပြီးနောက် သူ၏အစွမ်းသည်

လုံးဝတိုးတက်ပြောင်းလဲလာသည်။ ယခုတော့ သူ၏ ခန္ဓာကိုယ်စွမ်းရည်များသည် ပိုမိုပြီး

တိုးတက်လာသည်ကို ခံစားမိသည်။ သူသည် စစ်နတ်ဘုရားသိုင်း၏

အစွမ်းများကိုနောက်ဆုံးမှာမြင်လာရသည်။ သူဆက်ပြီးကျင့်လေလေ

စစ်နတ်ဘုရားသိုင်း၏အစွမ်းများက ပိုမိုပြီး ပေါ်လာလေလေဖြစ်သည်။

သူသည် ချီပင်လယ်၏ ခြောက်ဆင့်မြောက်ကိုတက်လှမ်းနိုင်ခဲ့ပြီး ကျောက်ဝမ်ဘင်းနှင့်

အဖွဲ့နောက်ကိုမလိုက်ခင်မှာ သူ၏ကျင့်ကြံခြင်းကို ပြန်လည်ပေါင်းစုထားခြင်းမရှိသေးပေ။ယခုတော့

သူက စိတ်ဝိဥာဉ်အရည်များကို ပိုမိုပြီးစုပ်ယူလေလေ သူ၏ကျင့်ကြံခြင်းက ရုတ်တရက်ဆိုသလို

ပိုမိုစုဖွဲ့လာလေလေဆိုတာ သတိပြုမိလာသည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းစွမ်းအင်သည်

အဆက်မပြတ်ဆိုသလို မြင့်မားလာပြီး သူ၏ စစ်မှန်စွမ်းအင်က တဖြည်းဖြည်းပိုမိုသိပ်သည်းနက်နဲလာသည်။

သူ၏ စိတ်အခြေအနေသည်လည်းပိုမိုရှင်းလင်းလာသည်။ သူ၏ကျင့်ကြံခြင်းက

အဆပေါင်းများစွာတိုးတက်လာသည်ဟု ခံစားမိသည်။ ယခင်တုန်းက ဖြတ်ကျော်ခြင်းမတိုင်ခင်မှာ

သူ၏ကျင့်ကြံခြင်းကို ပြန်လည်စုစည်းနိုင်ရန် အချိန်လိုအပ်ခဲ့သည်။ သူသည်

မူလစိတ်ဝိဥာဉ်ဆေးသုံးလုံးကိုသောက်သုံးပြီးတာတောင်မှ သူက ဖြတ်ကျော်နိုင်ဖို့အလို့ငှါ

နောက်ထပ်အချိန်လဝက်ခန့်ယူရမည်။

သူ့တွက်ချက်မှုအရဆို ဒီဆောင်းတွင်းပိတ်ရက်တွင် ချီပင်လယ်၏

သတ္တမအဆင့်ကိုဖြတ်ကျော်သင့်သည်ဟု မှန်းဆထားသည်။ တိုက်ပွဲစွမ်းရည်အရ သူသည်

ချီပင်လယ်အဌမအဆင့်မှာရှိသောလူနှင့် ယှဉ်နိုင်သည်။ ယခုတော့

သူ၏ကျင့်ကြံခြင်းသည်အနည်းငယ်တိုးတက်လာသည့်ပုံထင်ရသည်။ ယခုအချိန်မှာ အချိန်သည်

သူ့အတွက် အဖိုးတန်ဆုံးသောအရာဖြစ်နေသည်။ နေ့စဉ်သူ၏တိုးတက်မှုသည် ပြောင်းလဲမှုဖြစ်စေသည်။

သူက ဆက်လက်ကျင့်လေလေ အချိန်မည်မျှကုန်ဆုံးသွားသည်ဆိုတာတောင်မှ သတိမပြုမိတော့ပေ။

သူသည် ချီပင်လယ်အဆင့်၏ ဆဌမအဆင့်၏ အမြင့်ဆုံးအနေအထားကိုရောက်ရှိခဲ့သည်ဆိုတာ

ခံစားမိသည်။ သူသည်ခြောက်ဆင့်မြောက်ကို ဖြတ်ကျော်နိုင်ပြီးဖြစ်သည်။ယခုတော့ သူက

အမြင့်ဆုံးအနေအထားထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ သူ၏တန်ခိုးများက လျှံထွက်ပြီး

သတ္တမအဆင့်ကိုစတင်ဖြတ်ကျော်တော့မည်။ ထိုအရာသည် လုံးဝဆန်းသစ်သောအဆင့်ဖြစ်သည်။

ချီပင်လယ်အဆင့်၏ သတ္တမအဆင့်သည် နောက်ဆုံးအဆင့်ဖြစ်သည်။ ချီပင်လယ်အဆင့်ကို

ဒီအနေအထားထိ ကျင့်ကြံပြီးနောက် သူသည် စွမ်းအင်ဖြည့်တင်းခြင်းအဆင့်ကိုစတင်ပြင်ဆင်တော့မည်။

သူသည် စိတ်ဝိဥာဉ်စွမ်းအင်ကိုပိုမိုစုပ်ယူလေလေ ကြီးမားသော

အင်အားတစ်ခုအသွင်အဖြစ်စုဝေးလေေလေဖြစ်သည်။ ထိတ်လန့်ဖွယ်စွမ်းအင်သည်

အရာအားလုံးကိုသယ်ဆောင်ပြီး ချီပင်လယ်အဆင့်၏ သတ္တမအဆင့်မှာရှိသော အတားအဆီးများထံသို့

တိုးဝင်လာသည်။

ချူးယွင်ဖန်းသည် ချီပင်လယ်အဆင့်၏ သတ္တမအဆင့်မှာရှိသော အတားအဆီးများကို

နောက်ဆုံးမှာဖြတ်ကျော်နိုင်ပြီး ချီပင်လယ်အဆင့်၏သတ္တမအဆင့်ကို တက်လှမ်းလာနိုင်သည်။

ချူးယွင်ဖန်းသည် သူ၏ကျင့်ကြံခြင်းမှ လှုပ်ရှားလာပြီး နောက်ဆုံးမှာတော့ သူသည်

ချီပင်လယ်အဆင့်၏ သတ္တမမြောက်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။

ကျောင်း၏ နံပါတ်တစ်ကျောင်းသားဖြစ်သူ အို့ရန်သည် ချီပင်လယ်အဆင့်၏

သတ္တမမြောက်အဆင့်မှာရှိနေသော တစ်ဦးတည်းသောသူဖြစ်နေသည်။ ချူးယွင်ဖန်းက

သူ့ကိုကံကောင်းပြီး အနိုင်ရခဲ့သည်။ တကယ့်လက်တွေ့ဘဝတိုက်ပွဲမှာ

ထိုကဲ့သို့ကံကောင်းမှုမျိုးမရှိနိုင်ပေ။ အနိုင်အရှုံးဆိုတာ သိသိသာသာကွဲပြားသည်။

အမှန်အတိုင်းပြောရလျှင်ထိုအချိန်တုန်းက သူ့အခြေအနေသည် အူရန်ထက်နိမ့်သည်။ သို့သော် အူရန်က

ယခုချိန်မှာ မညှာတာဘဲ အင်အားကုန်ထုတ်သုံးလျှင်တောင်မှ ချူးယွင်ဖန်းက သေချာပေါက်သူ့ကို

အနိုင်ယူနိုင်သည်။ ချူးယွင်ဖန်းကမျက်လုံးအစုံကိုမှိတ်ပြီး ဆက်လက်ကျင့်ကြံသည်။

သူ၏ကျင့်ကြံခြင်းကို စုဖွဲ့လိုပြီး သတ္တမအဆင့်၏ အမြင့်ဆုံးအနေအထားကိုရောက်စေရန်

ဆက်လက်ကျင့်ကြံသည်။

ယခင်ကလိုပဲ သူသည် သတ္တမအဆင့်မှာရှိသော ကျင့်ကြံခြင်းကို စုဖွဲ့ရန် အချိန်အကြာကြီးမလိုအပ်ပေ။

သို့သော် သူက အမြင့်ဆုံးအနေအထားကိုရောက်ပြီးနောက် ရပ်တန့်လိုက်ပြီး

ဆက်လက်မလေ့ကျင့်တော့ပေ။ သူသည် စကြာဝဠာတစ်ခုလုံးကိုဖြည့်ထားသော

စိတ်ဝိဥာဉ်အရည်အများစုကို စုပ်ယူပြီးဆိုတာ သတိပြုမိသည်။ ထိုစိတ်ဝိဥာဉ်အရည်များသည်

သုံးပုံတစ်ပုံတောင် မကျန်တော့တာမို့ သူ့မိဘများနှင့် ညီမလေးအတွက် ချန်ထားရန် ဆုံးဖြတ်ခဲ့သည်။

သူ့လက်ရှိကျင့်ကြံခြင်းသည် လုံလောက်နေသည်။ ချီပင်လယ်အဆင့်၏ သတ္တမမြောက်အဆင့်နှင့်

တိုက်ခိုက်စွမ်းရည်နှင့်ဆို အဌမအဆင့်မှာရှိနေသောပြိုင်ဘက်ကိုတောင်မှ

သေချာပေါက်အနိုင်ရနိုင်သည်။

သူက အချိန်ကိုကြည့်သောအခါ ငါးရက်တောင်ကုန်လွန်ခဲ့ပြီဆိုတာ သိလိုက်ရသည်။ သူက

ဘာမှမခံစားရပေ။ သူက တောင်မြစ်ပန်းချီကားကထွက်လာသောအခါ

စာတိုပေါင်းများစွာဝင်နေတာကို တွေ့ရသည်။ ထိုစာတိုများသည် ဂေါင်ဟုန်ချီနှင့်

တန်စီယုတို့ကပို့ထားခြင်းဖြစ်သည်။

သူက အားနာမိသည်။ ကျင့်ကြံခြင်းကြောင့် စိတ်ကျေနပ်သည်ဆိုသော်ငြား ထိုနှစ်ယောက်ကို

သတင်းပို့ရန် မေ့လျော့ခဲ့သည်။ သူတို့ကို အမြန်အဆန်အကြောင်းပြပြီး သူတို့ကို ဆုံကြရန် ပြောသည်။

နာရီဝက်ကြာပြီးနောက် တန်စီယုတို့ရောက်လာသည်။ ချူးယွင်ဖန်းကို တွေ့လိုက်သောအခါ

ဂေါင်ဟုန်ချီက ရှေ့ကိုမြန်မြန်ဆန်ဆန်ထွက်လာပြီး “မင်းအဆင်ပြေလား။

ငါတို့မင်းကိုဆက်သွယ်လို့မရနေတာ ကြာပြီ။ မင်းကို

မွန်းစတားတွေက စားလိုက်ပြီထင်နေတာ” ဟုဆိုသည်။

ဂေါင်ဟုန်ချီ၏ စကားများက သာယာနာပျော်ဖွယ်မကောင်းသော်လည်း သူ၏စိုးရိမ်ပူပန်မှုများကို

စကားများမှတစ်ဆင့် သိနိုင်သည်။

သူ့နောက်မှာရှိနေသော တန်စီယုက စိုးရိမ်သည့်ပုံစံဖြင့် “နင်အဆင်ပြေလား။ နင့် စာထဲမှာလည်း ဘာမှ

သေသေချာချာရေရေရာရာမရှင်းပြထားဘူး။ ကျောက်ဝမ်ဘင်းကို

ဘယ်လိုရှင်းပစ်လိုက်တာလဲ”ဟု မေးသည်။

“ငါတို့တွေက မွန်းစတားအုပ်စုကြီးနဲ့ကြုံခဲ့ရပြီး သူ့ကိုရှင်းပစ်ခဲ့တယ်။ သူက ငါ့နောက်ကို မလိုက်ရဲပဲ

ထွက်ပြေးသွားတာ။ အဲ့တာကြောင့်မို့ ငါလွတ်ခဲ့တာ” ဟု ချူးယွင်ဖန်းက အေးအေးဆေးဆေး ပြန်ဖြေ သည်။

All Chapters