← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အပိုင်း (၁၆၉)- လူတိုင်း၏ အောင်မြင်မှု

အန္တရာယ်များနှင့် ပတ်သက်ပြီး ချူးယွင်ဖန်းက အဝေးဘက်ကိုလှမ်းကြည့်သည်။

ပြီးဆုံးသွားသည်ဖြစ်တာမို့ ဘာမှပြောဖို့မလိုတော့ပေ။

သို့သော် ထိုနှစ်ယောက်သည် ကလေးများမဟုတ်တော့ပေ။ သူတို့သည်လည်း မွန်းစတားအုပ်စုကြီးနှင့်

ကြုံတွေ့ခဲ့ဖူးသည်။ သူတို့သည် ဤအဆောက်အဦးကြီးမှာပုန်းခိုခြင်းမရှိပါက အကျိုးရလဒ်ကို

မတွေးရဲပေ။ ချူးယွင်ဖန်းက မည်သည့်နည်းလမ်းများကိုသုံးပြီး

မွန်းစတားအုပ်စုလက်မှလွတ်အောင်ပြေးခဲ့လဲဆိုတာ ခန့်မှန်းရန် မခဲယဉ်းပေ။

ထိုကဲ့သို့ အန္တရာယ်မျိုးသည် ပြောဖို့မလိုတော့ပေ။ စွမ်းအင်ဖြည့်တင်းခြင်းအဆင့်မှာရှိနေသော

ပညာရှင်တောင်မှ ထိုကဲ့သို့ မွန်းစတားအုပ်စုနှင့်ဆုံပါက သေချာပေါက် သေလိမ့်မည်။

ရရှိခြင်းအဆင့်မှာရှိနေသောကျွမ်းကျင်သူတောင်မှ ထွက်ပြေးရုံမှတစ်ပါးမတတ်နိုင်ပေ။

သို့သော် ချူးယွင်ဖန်းသည် ထိုမွန်းစတားအုပ်စုကြီးကိုဖြတ်ကျော်နိုင်ခဲ့သည်။ ထိုအရာသည်

သေချာပေါက်အန္တရာယ်များရမည်။ ချူးယွင်ဖန်းအနေဖြင့် သူတို့ကိုဖုံးကွယ်ထားချင်ခဲ့သည်။

ဖြစ်ခဲ့သည့်အရာများကို သူတို့က မထိတ်လန့်ဘဲနေပါ့မလား။ ချူးယွင်ဖန်းကို ဘာမှမဖြစ်ခဲ့သလို

အကောင်းပကတိအတိုင်းပြန်မတွေ့နိုင်ပါက သူတို့အပြစ်တစ်ခုလိုခံစားလာကြမည်။

ကံကောင်းထောက်မစွာနှင့် ချူးယွင်ဖန်းက ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာမျိုးမရှိပေ။

ဖြစ်ပျက်ခဲ့သည်များက ချူးယွင်ဖန်းက ဘာမှမဟုတ်ပေ။ ဒီပြသနာများသည်

သူ့ကြောင့်ဖြစ်လာရခြင်းဖြစ်သည်။ တန်စီယုနှင့် ဂေါင်ဟုန်ချီသည် သူ့ကြောင့်သာ

ဒီပြသနာကြားထဲကိုပါလာရခြင်းဖြစ်သည်။သူတို့နှစ်ဦး ဒုက္ခရောက်တာကိုထိုင်မကြည့်နိုင်ပေ။

ထို့နောက် သူသည် ကျောက်ဝမ်ဘင်းကို ချုံခိုတိုက်ခိုက်သည့်အကြောင်းကိုပြောပြခဲ့သော်လည်း

တောင်မြစ်ပန်းချီကားအကြောင်းကိုထိန်ချန်ထားခဲ့သည်။ သူ သေဆုံးသည့်အချိန်ထိ

ထိုအကြောင်းကိုလျှို့ဝှက်ထားမည်ဖြစ်ပြီး မည်သူ့ကိုမှပြောပြမည်မဟုတ်ပေ။ ထိုအရာသည်

သူ့နှလုံးသားထဲမှာ အနက်ရှိုင်းဆုံးသော လျှို့ဝှက်ချက်တစ်ခုအဖြစ်တည်ရှိနေမည်ဖြစ်ပြီး သူ၏

အကြီးမားဆုံးဝှက်ဖဲတစ်ခုလည်းဖြစ်နေဦးမည်။

“ကောင်းတယ်။ သူ့ကိုလှည့်ဖျားလိုက်နိုင်တာပဲ။ ဒီအဘိုးကြီးဘာတတ်နိုင်သေးလဲ” ဟု ဂေါင်ဟုန်ချီက

လက်ခုပ်လက်ဝါးတီးပြီး အားပါးတရရယ်မောသည်။ ယခင်တုန်းက သူထွက်ပြေးရန် ကျောက်ဝမ်ဘင်းက

အတင်းဖိအားပေးခဲ့သည်။ ထိုအဖွဲ့ကိုရင်ဆိုင်ရန် ချူးယွင်ဖန်းကိုချန်ထားခဲ့ရသည်။ သူ့ဒေါသကို

အချိန်အကြာကြီးမျိုသိပ်ပြီးနောက် လွှတ်ချနိုင်ခဲ့သည်။

တန်စီယု၏မျက်ဝန်းအစုံလည်း လင်းလက်တောက်ပလာသည်။ ချူးယွင်ဖန်း၏ လေးမြားသည်

အလွန်လှပသည်။ ကျောက်ဝမ်ဘင်းကို အသေမသတ်နိုင်ခဲ့သော်လည်း သူ့ကိုထွက်ပြေးစေခဲ့သည်။

အဆုံးသတ်မှာ အမြီးသုံးချောင်းငွေရောင်မြေခွေးသည်လည်း တစ်ချက်တည်းနှင့်

ပြင်းထန်စွာဒဏ်ရာရခဲ့သည်။

“ငါတို့လက်စားချေနိုင်ပြီ” ဂေါင်ဟုန်ချီက အားပါးတရရယ်မောသည်။

“လက်စားချေတာ..ဒါတော့မဟုတ်သေးဘူး။ သူတို့သာငါ့ကိုသတ်ချင်တယ်ဆို

ဒီလိုတစ်ခါနှစ်ခါကျရှုံးရုံနဲ့ လက်လျော့မှာမဟုတ်ဘူး။ ငါတို့ဒါကို အဆုံးသတ်စေချင်လျှင်

သူတို့ကိုတိုက်ခိုက်ပြီး အပြတ်ရှင်းဖို့လိုအပ်တယ်။ ဒါက

နောက်ပိုင်းဒုက္ခမရောက်ဖို့နည်းလမ်းတစ်ခုပဲဖြစ်တယ်” ဟု ချူးယွင်ဖန်းက ပြောသည်။

“သူတို့တောင် ဒီလိုလုပ်နိုင်လျှင် ငါတို့ဘာလို့မလုပ်နိုင်ရမှာလဲ”ချူးယွင်ဖန်း၏ အမူအရာများက

အေးတိအေးစက်ဖြစ်သွားသည်။

“ကောင်းပြီ..သူတို့ကိုသတ်ဖို့နည်းလမ်းစဉ်းစားကြတာပေါ့။ သခင်လေးတောင် သေမလိုဖြစ်တာမလား။

ဒီအမုန်းတရားက ပေါက်ကွဲထွက်တော့မှာ။ ဒီကိစ္စက အဆုံးမသတ်သေးဘူး” ဟု

ဂေါင်ဟုန်ချီကပြောသည်။

“ဒါပေမဲ့ မင်းဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။ ငါတို့က သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်ဆို သူတို့ကို

အနိုင်မယူနိုင်မှာစိုးရိမ်တယ်”

“သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မလိုပါဘူး။ သူတို့ကိုအဆိပ်ခတ်ရမယ်” ဟုချူးယွင်ဖန်းက

စိတ်မပါလက်မပါပြောသည်။ “ငါက ဆေးပညာအကြောင်းအများကြီးသိတယ်”

ချူးယွင်ဖန်းက ယုံကြည်ချက်ရှိရှိပြောတာမို့ ဂေါင်ဟုန်ချီကလည်း မဆိုင်းမတွဘဲ “ဒါဆိုလည်း

အဆင်ပြေမှာပါ။ သူတို့ကိုမသတ်နိုင်လျှင် ငါအိပ်လို့လည်းမပျော် စားလို့လည်း ဝင်မှာမဟုတ်ဘူး”ဟု

ဆိုသည်။

ထိုစကားများကိုကြားပြီး တန်စီယု၏မျက်လုံးများက တလက်လက်တောက်ပလာသည်။

သူမသည်ချူးယွင်ဖန်းကိုလှမ်းကြည့်သည်။ ဆေးပညာရှင်တိုင်းသည်

အဆိပ်ဖော်စပ်သည့်ဆရာတစ်ပါးဖြစ်လာနိုင်သည်ဆိုသော်ငြား အားလုံးကိုတော့မဆိုလိုပေ။

ဆေးပညာအကြောင်းကို နှံနှံ့စပ်စပ်သိသော တန်ခိုးကြီးဆေးပညာရှင်များသာ အဆိပ်ဖော်စပ်ခြင်းနှင့်

ပတ်သက်ပြီး ကောင်းမွန်စွာနားလည်သည်။

သို့သော် သူမက ဘာတစ်ခွန်းမှမပြောပေ။ ချူးယွင်ဖန်းမှာ လျှို့ဝှက်ချက်များစွာရှိနေတာကို သူမသိတာမို့

သူမ ဝင်မပါလိုပေ။ ထို့ပြင် သူမက ထပ်ပြီးလည်းမသိလိုပေ။ ချူးယွင်ဖန်းက သူမကို

ကောင်းမွန်စွာဆက်ဆံလျှင် လုံလောက်ပြီဖြစ်သည်။

“ဒါပေမဲ့ ငါတို့ချက်ချင်းတော့ အကောင်ထည်မဖော်နိုင်ဘူး။ အရင်ဆုံး ငါတို့ပြန်သွားပြီး အဆိပ်ဖော်ဖို့

ဆေးပစ္စည်းတွေဝယ်ရဦးမယ်။ ဒါ့အပြင် အရင်ဦးဆုံး သူတို့တည်နေရာကိုရှာဖို့လိုအပ်တယ်။ ဒါကလည်း

အချိန်ယူရဦးမယ်။ ပိုအရေးကြီးတာက ငါတို့ ဒီဆောင်းတွင်းပိတ်ရက်ကာလမတိုင်ခင်မှာ

လေ့ကျင့်ဖို့လည်းရှိတယ်။ သူတို့ကြောင့်ငါတို့နောက်ကျခဲ့လျှင် လုပ်ရတာမတန်ဘူးလေ။

အချိန်ကျလာတာနဲ့ ငါတို့သူ့ကိုရှာတာအကောင်းဆုံးဖြစ်ရမယ်။ ငါတို့မရှာနိုင်လျှင် ဒီကိစ္စအတွက်နဲ့

ငါတို့လေ့ကျင့်တာနောက်ကျလိမ့်မယ်” ဟုချူးယွင်ဖန်းကဆိုသည်။

“အများကြီးလုပ်ဖို့လိုသေးတယ်။ သိထားရမှာက ကြိုပြင်ဆင်ထားလျှင် မျှော်လင့်ချက်က အမြဲရှိတယ်။

အခွင့်အရေးဆိုတာလည်း အများကြီးပဲ”

“ဟုတ်တယ်…ဒီကောင်တွေအတွက်နဲ့မတန်ဘူး”

ဂေါင်ဟုန်ချီလည်း ထိုအကြောင်းကိုတွေးမိသောအခါ အဓိပ္ပါယ်ရှိသည်ဟု ခံစားမိလာသည်။

သူ့ဒေါသကိုလွှတ်ချသော်လည်း သူ၏ တိုးတက်မှုက နှောင့်နှေးလိမ့်မည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် နေ့ရက်တိုင်းသည် အလွန်အဖိုးတန်သည်။ ဒီကိစ္စအတွက်နှင့်

အချိန်ကုန်ခံဖို့မသင့်ပေ။

“ဟေး..မင်းတို့နှစ်ယောက်လုံးဖြတ်ကျော်နိုင်ပြီမလား” ဟု သူတို့နှစ်ဦးကိုကြည့်ရင်း ချူးယွင်ဖန်းက

မေးသည်။

“ဟီး..ဟုတ်တယ်ငါတို့နှစ်ယောက်လုံး ဖြတ်ကျော်နိုင်ခဲ့ပြီ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြတ်ကျော်နိုင်ဖို့

အဆင့်ကနေ တစ်လှမ်းပဲလိုတော့တာ။ ဒါမျိုးက ချီပင်လယ်အဆင့်ရဲ့

ဆဌမမြောက်အဆင့်မှာရှိတာပါလား” ဟု ဂေါင်ဟုန်ချီက လှံတံကိုဝှေ့းရမ်းရင်း

ဂုဏ်ယူဝံ့ကြွားစွာပြောသည်။

“မင်းရောဘယ်လိုလဲ ယွင်ဖန်း…ဒီတစ်ခေါက်မှာ ငါက မင်းထက်အရင် ဆဌမအဆင့်ကို

ရောက်ခဲ့တာမလား”

ချူးယွင်ဖန်းက ခပ်ယဲ့ယဲ့ ပြုံးပြသည်။ သူဘာမှ မပြောလိုက်ခင်မှာပင် တန်စီယုက “

ဆုတောင်းလေ..သူက သတ္တမအဆင့်တောင် ရောက်နေပြီဆိုတာ ငါခံစားမိနေပြီ” ဟု ပြောသည်။

“ဘာ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..သတ္တဝါကောင်..မင်းငါ့ကိုညာတာပေါ့ ဟုတ်လား” ဂေါင်ဟုန်ချီ၏

မျက်နှာပေါ်က အပျော်များလွင့်စင်သွားပြီး ငိုချင်သလိုလိုဖြစ်လာသည်။ ချူးယွင်ဖန်းက

ချီပင်လယ်အဆင့်၏ ဆဌမအဆင့်ကိုဖြတ်ကျော်နိုင်ပြီဆိုသော အချက်ကိုသူလက်မခံလိုပေ။ ထို့ပြင်

ချူးယွင်ဖန်းသည် ပဥ္စမအဆင့်မှာပဲရှိနေခဲ့တာဖြစ်သည်။ သူတို့နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ

ဘယ်လောက်မှမကြာသော်လည်း ချူးယွင်ဖန်းက တစ်ဆင့်ကျော်တက်ပြီး သတ္တမအဆင့်ကို

ရောက်ရှိနေခဲ့ပြီးဖြစ်သည်။

သူက ယခင်တုန်းက ချူးယွင်ဖန်းထက်တစ်ဆင့်မြင့်သော အနေအထားမှာရှိနေသဖြင့်

စိတ်သက်သာရာရခဲ့သေးသည်။ ယခုတော့ ထိုကဲ့သို့အနေအထားက ပျောက်ဆုံးခဲ့ရပြန်သည်။

သူတို့သုံးဦးထဲမှာ သူသည် အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်နှင့်

အနိမ့်ဆုံးတိုက်ခိုက်စွမ်းရည်ရှိသောသူဖြစ်လာသည်။

“ဟုတ်တယ်..ငါညာခဲ့မိတယ်။ မင်း မနာလိုတာလား..ဟားဟား” သူ၏

ဝမ်းနည်းသောမျက်နှာကြီးကိုမြင်ပြီး ချူးယွင်ဖန်းက မရယ်ပဲမနေနိုင်တော့ပေ။

ထို့နောက် သူက တန်စီယုကိုကြည့်သည်။ တန်စီယုသည်လည်း

ချီပင်လယ်သတ္တမအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်သည်။ သူမသည် ကျောင်း၏

နံပါတ်တစ်ဖြစ်သောအို့ရန်နှင့် အဆင့်အနေအထားတူညီလာသည်။

ဤစာသင်နှစ်မတိုင်ခင်မှာ တန်စီယုနှင့် အို့ရန်သည် အနည်းဆုံးလေးဆင့်ကွာခဲ့သည်။ ယခုတော့

ပညာသင်နှစ်ဝက်မှာပင် သူတို့က အဆင့်တူလာပြီဖြစ်သည်။ တန်စီယု၏ စွမ်းဆောင်ရည်နှင့်

ခွန်အားသည် မှန်းမဆနိုင်ပေ။ သူမ၏ ထက်မြက်လှသောအရည်အချင်းကိုမဖုံးကွယ်ထားနိုင်ပါက

တစ်ကျောင်းလုံးက သူမကိုအာရုံစိုက်လာကြတော့မည်။ သူမမှာကြီးမားသော

လုပ်ဆောင်ချက်များရှိမနေခြင်းနှင့် ပညာသင်နှစ်ဝက်အတွင်း ချူးယွင်ဖန်း၏ တိုးတက်မှုများက သူမကို

လွှမ်းမိုးထားခြင်းကြောင့် သူမက အာရုံစိုက်မခံရခြင်းဖြစ်သည်။

ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီတို့ ကတောက်ကဆဖြစ်နေသည်ကိုမြင်ပြီး တန်စီယုပြုံးမိသည်။ နေရောင်က

တောက်ပစွာထွန်းလင်းလာသဖြင့် အခန်းတစ်ခုလုံး နွေဦးပန်းကလေးများဖြင့်

ပြည့်နှက်နေသလိုဖြစ်စေသည်။ သူမ၏ စိတ်ထဲမှာရှိနေသော ပူပန်မှုများက

ကွယ်ပျောက်သွားသယောင်ထင်ရသည်။

တစ်ခါတစ်ရံမှာ တစ်ဦးတည်းအထီးချန်ခြင်းက ဘဝလမ်းခရီးအတွက်

တစ်ခုတည်းသောအရာမဖြစ်သင့်ပေ။ လူတစ်ဦးမှာ အပေါင်းအဖော်ဆိုတာရှိရမည်။

အပိုင်း (၁၇၀)- အမြီးသုံးချောင်းမြေ​ခွေးကို လေလံတင်ခြင်း…

သူတို့သုံးဦးပြန်လည်ဆုံတွေ့ပြီးနောက် မြို့ပျက်ကြီးမှ ထွက်ခဲ့သည်။သူတို့သည်

ထိုနေရာကိုပထမဆုံးဝင်လာသော အချိန်နှင့်ယှဉ်ပါက အများကြီးတိုးတက်ခဲ့ပြီဖြစ်သည်။ သူတို့သာ

သတိထားပါက ပြသနာများမကြုံရနိုင်ပေ။

နေ့တစ်ဝက်တောင်မကြာလိုက်ဘဲနှင့် သူတို့သည် တည်ငြိမ်သမုဒ္ဓရာမြို့ထဲကိုပြန်ရောက်လာသည်။

သူတို့လည်း ကိုယ်စီအိမ်ကို အသီးသီးပြန်ကြပြီး နောက်တစ်နေ့လုပ်ငန်းမစခင်မှာ အနားယူဖို့လိုသည်။

သူတို့အိမ်ကိုမပြန်ခင်မှာ အဆိပ်အတွက် လိုအပ်သော ဆေးပစ္စည်းမျိုးစုံကို ချူးယွင်ဖန်းက

ကြိုတင်မှာယူခဲ့သည်။ အပေါ်ယံကြည့်မည်ဆို ထိုဆေးပစ္စည်းများသည် အဆိပ်ရှိသည်ဟု မထင်ရပေ။

သို့သော် သူတို့ကိုမွမ်းမံပြီးနောက် သူတို့က သေစေနိုင်သောအဆိပ်ကိုထုတ်ပေးသည်။ ထိုအရာသည်

အဆိပ်ကျွမ်းကျင်ပညာရှင်များက ဘာကြောင့်ကြောက်ဖို့ကောင်းလဲဆိုသောအချက်ဖြစ်သည်။

သူတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲနှင့် လူများကိုသတ်နိုင်သည်။ ထို့ကြောင့်ပင် လူအများစုက

သူတို့ကိုမဆန့်ကျင်ရဲပေ။မဟုတ်ပါက နောက်ဆက်တွဲ ရလဒ်က မတွေးတတ်အောင်ဖြစ်ရမည်။

ဆေးပညာရှင်တစ်ဦးသည် အဆိပ်ပညာရှင်အဖြစ် လိုအပ်ပါကပြောင်းလဲနိုင်သည်။ အဆိပ်ပညာရှင်က

မြို့၏ ဘုရင်တစ်ပါးဟု မဆိုနိုင်သော်ငြား လူအများက ထိတ်လန့်ကြသည်။ ချူးယွင်ဖန်းက

သူ့မိဘများကိုဖုန်းခေါ်ပြီး သူဘေးကင်းကြောင်းကို သတင်းပို့ခဲ့သည်။ ထို့နောက် သူသည်

ပစ္စည်းပို့သည့်လူတစ်ဦးကိုခေါ်ပြီး တောင်မြစ်ပန်းချီကားမှ ယူဆောင်လာသော

စိတ်ဝိဥာဉ်အရည်များအားလုံးကိုထုတ်ပြီး ကျင်းဟွာမြို့မှာရှိနေသော သူ့မိဘနှင့်

ညီမလေးဆီကိုပို့လိုက်သည်။

သူ့ညီမလေးသည် သာမန်လူတစ်ဦးထက်အများကြီးနောက်ကျပြီး စတင်ကျင့်ကြံခဲ့သည်။ သူမအနေနှင့်

သမားရိုးကျနည်းလမ်းများကိုသုံးပြီး အမှီလိုက်ရန် ခဲယဉ်းလိုက်မည်။ ချူးယွင်ဖန်းက

သူမအတွက်အကောင်းဆုံးဆိုသောအရာများကိုသာ ဖန်တီးပေးလိုသည်။

ထို့နောက် သူသည် အိမ်ရာမန်နေဂျာကိုခေါ်လိုက်သည်။ သူ့ကို ချူးယွင်ဖန်းက ဆင့်ခေါ်သည်ဆိုတာကို

ကြားလိုက်ရသဖြင့် အိမ်ရာမန်နေဂျာသည် တံခါးကိုအပြေးအလွှားဖွင့်ပြီး လူငယ်လေးကို

နှုတ်ဆက်သည်။ သူသည် ချူးယွင်ဖန်းကို တစက္ကန့်လေးတောင်မှ လျစ်လျူမရှုလိုပေ။

မန်နေဂျာသည် အသက်လေးဆယ်အရွယ်သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။

သူ့ဆံပင်ကကျိုးတိုးကျဲတဲဖြစ်နေပြီး ခန္ဓာကိုယ်ကပုံပျက်နေသည်။ သို့သော် သူ့မျက်နှာပေါ်မှာတော့

ကျိုးနွံသောအပြုံးတစ်ခုမြင်နေရသည်။

“ဟဲလို..မစ္စတာချူး..ဘာကိစ္စရှိလို့ပါလဲခင်ဗျာ” မန်နေဂျာက ကျိုးနွံသည်။ သူသည်

ချူးယွင်ဖန်းထက် အသက်များစွာကြီးနေသော်လည်း ချူးယွင်ဖန်းက

မည်မျှတန်ခိုးကြီးတယ်ဆိုတာကိုတော့ မသိကျိုးကျွံမပြုလုပ်လိုပေ။

လဝိဥာဉ်အသိုင်းအဝိုင်းသည် တည်ငြိမ်သမုဒ္ဓရာမြို့မှာရှိသော

အဆင့်မြင့်အိမ်ရာများထဲမှတစ်ခုဖြစ်သည်။ ထိုမှာနေထိုင်သောလူများသည် ချမ်းသာကြွယ်ဝပြီး

ဂန္တဝင်ဆန်သည်။ လမ်းပေါ်ထွက်ပြီးလမ်းလျှောက်သည်နှင့် တီဗီပေါ်မှာမြင်နေကျ နိုင်ငံရေးသမား သို့

လူချမ်းသာများကို တွေ့ရနိုင်သည်။

သူက ချူးယွင်ဖန်းကမည်သူဆိုတာမသိသော်ငြား ထိုအိမ်တော်ကြီးကို ယွမ် ကိုးဆယ့်ငါးသန်းဖြင့်

ရောင်းချခဲ့သည်ဆိုတော့ သိနေသည်။ သာမန်လူတစ်ဦးအနေနှင့် ထိုမျှပမာဏကို ဘယ်လိုလုပ်ပြီး

တတ်နိုင်မည်နည်း။ သန်းတစ်ရာနီးပါး ကပ်နေပြီဖြစ်သည်။

ထိုအကြောင်းကိုတွေးမိပြီး မန်နေဂျာကပိုမိုပြီး ကျိုးနွံလာသည်။

“ကိစ္စကတော့ ဒီလိုပါ။ ခင်ဗျားကုမ္ပဏီကလည်း အိမ်ရာကိစ္စတွေနဲ့ပတ်သက်ပြီး ကူညီပေးခဲ့တဲ့

အတွေ့အကြုံလည်းရှိတယ်မလား။ ကျွန်တော်မေးချင်တာက မြို့ရဲ့ အကောင်းဆုံး နံပါတ်တစ်ကျောင်းမှာ နောက်ထပ်ကျောင်းသားတစ်ယောက် အပ်ဖို့နည်းလမ်းရှိလား”ဟု ချူးယွင်ဖန်းကမေးသည်။

သူ့ညီမလေးက အလယ်တန်းကျောင်းသူအရွယ်ဖြစ်သည်။ သူ့ညီမဖြစ်သူ ချူးချင်းရွှမ်ကို ဒုတိယနှစ်မှ

စပြီး သင်ကြားရန် စီစဉ်နေခဲ့သည်။ သူ့ညီမလေးက အိမ်မှာပဲနေသူဖြစ်သော်လည်း

ကျောင်းသင်ရိုးညွှန်းတမ်းများကို သူမဘာသာလေ့လာသင်ယူခဲ့သည်။ အားနည်းချက်တစ်ခုမှာ သူမက

ယခုမှ စတင်ကျင့်ကြံခြင်းဖြစ်သည်။ သို့သော် ထိုပြသနာက မကြီးမားပေ။ သူမက

အလယ်တန်းကျောင်းသူသာသာပဲရှိသေးသည်။ အမှတ်တစ် အထက်တန်းကျောင်းမှ

ကျောင်းသားများသည် တခြားကျောင်းက ကျောင်းသားများထက် ပိုမိုထူးချွန်ကြသော်လည်း

သူမကအမှီလိုက်နိုင်သေးသည်။

“ဒါပေါ့..သာမန်လူကတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒါပေမဲ့ မစ္စတာချူးလို

အထူးပုဂ္ဂိုလ်တွေအတွက်ဆိုလျှင်တော့ သူတို့မျက်ကွယ်မပြုပါဘူး။ ဒါပေမဲ့…” မန်နေဂျာ၏

မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုအရိပ်အယောင်ကိုမြင်နေပြီး ထိုသူက ချူးယွင်ဖန်းကိုကြည့်လိုက်သည်။

ချူးယွင်ဖန်း ချက်ချင်းနားလည်လိုက်သည်။ သူက “ပိုက်ဆံက ပြသနာမဟုတ်ပါဘူး။ အဆင်ပြေမယ်ဆို

ကျွန်တော့်ကိုသတင်းပို့ပါဦး။ ကျွန်တော် တန်ရာတန်ကြေးပေးမှာပါ။ ဒါပေမဲ့

သူတို့ကိုယ်ကျိုးအတွက်အသုံးပြုတာတော့မလိုချင်ဘူး။ မဟုတ်ရင် ရလဒ်က

ဘယ်လိုလဲဆိုတာသိပါတယ်။ ကျွန်တော်အများကြီးထပ်ပြောဖို့မလိုတော့ပါဘူး”

“ဟုတ်ကဲ့ နားလည်ပါပြီ..” ဟု အိမ်ရာမန်နေဂျာက ပြောသည်။ ဤနေရာမှာနေထိုင်သူများသည်

နာမည်ကြီးပုဂ္ဂိုလ်များဖြစ်ကြသည်။ ထိုလူများက စိတ်တိုင်းမကျပါက သူ့ရာထူးလည်း

အဆုံးသတ်ရလိမ့်မည်။

သို့သော် သူ့ရှေ့မှာရှိနေသော နာမည်ကြီးလူတစ်ဦးသည် ဆင်းရဲပြီး သာမန်ကိစ္စရပ်များအတွက်တောင်

မတတ်နိုင်ဘူးဟု မထင်မိပေ။တည်ငြိမ်သမုဒ္ဓရာမြို့မှာရှိနေသောအိမ်ရာများအနက်

လဝိဥာဉ်အိမ်ရာတွင်နေထိုင်သူများသည် အဆင့်မြင့်အနေအထားမှာရှိသူများဖြစ်ကြသည်။

ဒီနေရာမှာရှိနေသော အိမ်ရာစျေးနှုန်းသည် အလွန်မြင့်မားသည်။ သို့သော်

အိမ်တစ်လုံးကိုဝယ်နိုင်သူများအဖို့ ထိုမျှပမာဏသည်မပြောပလောက်ပေ။

“ဒါဆိုလည်း ဒီကိစ္စကို ခင်ဗျားကိုပဲအပ်ထားလိုက်ပြီ။ နောက်ထပ်ပညာသင်နှစ်မစတင်ခင်မှာ ဒီကိစ္စကို

ပြေလည်အောင်လုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ချူးယွင်ဖန်းက ပြောသည်။ ယခုတော့

ချမ်းသာမှုက ဘာကိုဆိုလိုလဲဆိုသော အဓိပ္ပါယ်နှင့်

ဘယ်အရာကိုမဆိုလွယ်လွယ်ကူကူပြုလုပ်နိုင်သည်ဆိုတာကို သိလာခဲ့ရသည်။ သူ

အမြဲလိုလိုတက်ချင်ခဲ့သော အမှတ်-၁ကျောင်းသည် ယခုအခါမှာတော့ လူတစ်ဦးကိုအကူညီတောင်းပြီး

သူ့အတွက်ရအောင်ပြုလုပ်နိုင်သည်။

“ဒါနဲ့ စကားမစပ် ကျောင်းအပ်ချင်တဲ့လူက ယောကျာ်းလေးလား မိန်းကလေးလားဆိုတာ သိပါရစေ။

အရင်တုန်းကရော ဘယ်ကျောင်းမှာတက်ခဲ့တာလဲ” ဟု မန်နေဂျာက ဂရုတစိုက်မေးသည်။

“ကျွန်တော်ပြောသလိုသာလုပ်ပါ။ အချိန်ကျပြီဆို အချက်အလက်တွေကိုခင်ဗျားဆီပို့ပေးပါ့မယ်”ဟု

ချူးယွင်ဖန်းကပြောသည်။

“ဟုတ်ကဲ့…ရပါတယ်။ ဒါဆို အထွေအထူးမရှိဘူးဆို သွားခွင့်ပြုပါ” ဟု မန်နေဂျာကပြောသည်။

သူထွက်သွားသည်နှင့် ချူးယွင်ဖန်းက အင်တာနက်ကိုဖွင့်လိုက်သည်။ သူ့ဘဏ်အကောင့်ထဲမှာ

တစ်ပြားမှမရှိနေပေ။ ပိုက်ဆံရရန်ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမည့်အချိန်ဖြစ်သည်။

ကံကောင်းထောက်မစွာနဲ့ သူ့လက်ထဲမှာ အမြီးသုံးချောင်းငွေရောင်မြေခွေးရှိနေသည်။

ထိုမြေခွေးကိုရောင်းပါက သူ၏ ငွေရေးကြေးရေးအနေအထားတိုးတက်ကောင်းမွန်လာမည်။

သာမန် အခြေတည်အဆင့်၊ ချီပင်လယ်အဆင့်နှင့် စွမ်းအင်ဖြည့်တင်းခြင်းအဆင့်မှာရှိနေသော

မွန်းစတားများကိုရောင်းချရန်မလွယ်ကူပေ။ ဝယ်လိုအားများသော်လည်း ထိုအရာများကိုဝယ်ယူသော

ကုမ္ပဏီများမှာ သူတို့ကိုယ်ပိုင်စီးပွါးဖက်များရှိသည်။ သူတို့အာရုံကိုဖမ်းစားနိုင်ရန် ခဲယဉ်းသည်။ သို့သော်

မွေးရာပါထူးချွန်အဆင့်မွန်းစတားများကတော့ ကွဲပြားသောအခြေအနေမှာရှိသည်။

ချူးယွင်ဖန်းက ပုံရိပ်ယောင်ကွန်ရက်ကိုဖွင့်ပြီး အကြီးဆုံးလေလံဆွဲသည့်ဝက်ဘ်ဆိုက်ကို ဝင်လိုက်သည်။

သူက အမည်မသိရောင်းချသည့်အကောင့်တစ်ခုကို စာရင်းသွင်း ဖွင့်လိုက်သည်။ထို ဝက်ဘ်ဆိုက်ကို

လူတစ်ဦးကနာမည်အမှန် သို့ အမည်မသိနာမည်ဖြင့် စာရင်းသွင်းနိုင်သည်။ သို့သော်

နာမည်အစစ်အမှန်မသုံးပါက ရောင်းချရန်ခဲယဉ်းပြီး ဝယ်သူများ၏

ယုံကြည်မှုကိုရရန်အလွန်ခဲယဉ်းသည်။

[ မွေးရာပါထူးချွန်အဆင့် အမြီးသုံးချောင်းငွေရောင်မြေခွေး..နတ်ဆိုးအမြုတေမပါ..ဝယ်ချင်တယ်ဆို

မြန်မြန်ဆက်သွယ်ပါ။ အဖွင့်စျေးက သန်းငါးဆယ်”

ချူးယွင်ဖန်းက ဝက်ဘ်ဆိုက်မှာ ပို့စ်တင်ပြီးနောက်မြေခွေး၏အလောင်းကို

ရှုထောင့်ပေါင်းစုံကရိုက်ထားသော ပုံများကိုတင်လိုက်သည်။ ထင်သည့်အတိုင်းပင် ထိုအရာသည်

လေလံဝက်ဘ်ဆိုက်မှာ ပွဲဆူသွားစေသည်။

[ပို့စ်ပိုင်ရှင်မှာ အမြီးသုံးချောင်းငွေရောင်မြေခွေးရှိတာပဲ]

[ဟာ…ဒါကတကယ့် အမြီးသုံးချောင်းငွေရောင်မြေခွေးပဲ..ငါ ဒါကို

တီဗီမှာပဲမြင်ဖူးတာ…တစ်ပုံတည်းပါလား]

(ဒီပုံကတော့အတုမဟုတ်လောက်ပါဘူး)

[ပုံကပြင်ထားတဲ့အရိပ်အယောင်မမြင်ရဘူး။ ဒါက ပို့စ်တင်သူပြောတာမှန်တာပဲ]

ကြည့်ရှုသူများစွာက မှတ်ချက်ပြုပြီးနောက် သိပ်မကြာခင်မှာ လူချမ်းသာတစ်ဦးပေါ်လာသည်။

(ငါးဆယ့်ငါးသန်း..ဒါပေမဲ့ ပစ္စည်းရမှ ငွေချေမယ်]- နေဝန်းနီအုပ်စုရဲ့ တတိယကလေး

[ကြည့်ရှုသူများ- တတိယကလေးက ချမ်းသာလိုက်တာ]

(တတိယကလေးက တကယ့်ကိုချမ်းသာတယ်..နေဝန်းနီအုပ်စုက အံ့ဖွယ်ပါလား)

ထိုဝက်ဘ်ဆိုက်ပေါ်မှာ နေဝန်းနီအုပ်စု၏ တတိယကလေးသည် နာမည်ကြီးလူချမ်းသာတစ်ဦးဖြစ်သည်။

သူက ကြည့်ရှုသူများ၏ အာရုံကိုဆွဲဆောင်နိုင်သည်။ သူ၏ တောင်းဆိုမှုကိုမြင်ရသောအခါ

ချူးယွင်ဖန်းက စိတ်ဝင်စားမှုမရှိဘဲ ချက်ချင်းဆိုသလို အကြောင်းပြန်သည်။

[ငါမအားဘူး]

အပိုင်း (၁၇၁)- ကြွယ်ဝချမ်းသာမှုအတွက် တိုက်ခိုက်ခြင်း

ချူးယွင်ဖန်းသည် အလျင်မလိုပေ။ ထို့ပြင် မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိသော မွန်းစတားများ၏ အလောင်း များကိုရောင်းရန် မခဲယဉ်းပေ။ တကယ်တော့ ရရှိခြင်းအဆင့်မှာရှိနေသော မွန်းစတား အလာင်းများ တောင်မှ ရောင်းချရန်မခဲယဉ်းပေ။ တန်ကြေးသာကွာသွားရသည်။

မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားအလောင်းကို ဒီတိုင်းပစ်ထားရမည်။

[ပို့စ်တင်တဲ့သူက မိုက်တယ်ဟေ့]

[စကားလုံးအနည်းငယ်နဲ့ ဒီပိုစတာကနေ စွမ်းအင်တွေကိုခံစားမိနေပြီ]

[ရှေ့တန်းမှာရောက်နေတဲ့ ပိုက်ဆံရှိပြီး အင်အားကြီးတဲ့ လူတွေအကုန် ဒါကိုကြည့်ဖို့ ရောက်နေကြပြီ]

(မင်းက ဘယ်ကြေးစားအဖွဲ့ကလဲဆိုတာ ပြောပြပါ)

(မင်းက ၅၅သန်းကိုတောင်အရေးမစိုက်ဘူး။ မိုက်လိုက်တာ)

ချူးယွင်ဖန်းက သူ့မှာ အချိန်မရှိဘူးဟု အကြောင်းပြန်လိုက်သောပို့စ်သည် ချက်ချင်းဆိုသလိုပျံ့နှံ့သွား သည်။

[သန်း ၆၀..အကိုကြီး..မိတ်ဖြစ်ဆွေဖြစ်ပေါ့..ဒီလောက်အံ့ဖွယ်ကောင်းတဲ့ မွန်းစတားကိုဘယ်အဖွဲ့က သတ်နိုင်ခဲ့တာလဲဆိုတာသိချင်တယ်]

ထိုအကြောင်းပြန်မှုသည် နေဝန်းနီအုပ်စု၏ တတိယမြောက်ကလေးထံမှ လာခြင်း ဖြစ်သည်။ ချူးယွင်ဖန်းက သေချာစုံစမ်းကြည့်သောအခါ နေဝန်းနီ၏ တတိယကလေးသည် သူဌေးတစ်ဦးဆိုတာ သိလိုက်ရသည်။ သူက နောက်ထပ်ငါးသန်းကို အေးအေးဆေးဆေးတိုးပေးသည်။ သူ့မှာပိုက်ဆံအတော် ပေါ်နေသည့်ပုံဟုထင်ရသည်။

(ငါမအားဘူး!)

ချူးယွင်ဖန်းက ယခင်ကလိုပဲ အကြောင်းပြန်သည်။ လူထုကြီးက အုံ့အုံ့ကြွကြွဖြစ်လာပြန်သည်။ ချူးယွင်ဖန်းအကြောင်းပြန်သောစကားလုံးနှစ်လုံးသည် အေးစက်မာကျောပြီး ခပ်တင်းတင်းအနေအထား ဖြစ်သည်။ မိတ်ဆွေဖွဲ့ချင်သဖြင့် နောက်ထပ်ငါးသန်းထပ်တိုးပေးခဲ့သည်။ သို့သော် သူကအကြာကြီး မစဉ်းစားပေ။ ဤအရာသည် အေးစက်မာကျောသောနတ်ဘုရားတစ်ပါး၏ပုံစံအစစ်အမှန်ဖြစ်သည်။

ထိုကြေးစားအဖွဲ့က ဘယ်အဖွဲ့လည်းဆိုတာကို လူများကစတင်ဆွေးနွေးကြသည်။ ယနေ့ခေတ်တွင် မွန်းစတားမုဆိုးများသည် ကြေးစားအဖွဲ့များ သို့ ပရော်ဖက်ရှင်နယ်တိုက်ပွဲဝင်အဖွဲ့များ ဖွဲ့စည်းကြသည်။ မည်သည့်လုပ်ငန်းကိုမဆိုလက်ခံသော ကြေးစားအဖွဲ့နှင့် ယှဉ်ပါက မွန်းစတားမုဆိုးတိုက်ပွဲဝင်အဖွဲ့များ သည် ပိုပြီး ဖြူစင်ကြသည်။ သူတို့က မွန်းစတားဖမ်းရန်မစ်ရှင်မှတစ်ပါး အခြားမည်သည့်မစ်ရှင်မှ လက်မခံပေ။ ယှဉ်ပြောရမည်ဆို မွန်းစတားမုဆိုးတိုက်ပွဲဝင်ကအဖွဲ့များသည် ပညာရှင်ပိုပီသသည်။

လူအုပ်ကြီးသည် တိုက်ပွဲဝင်အဖွဲ့များ၏ အမည်ကို စာရင်းပြုစုကာ ဖြစ်နိုင်သည့်အဖွဲ့ကို ပြောဆိုဆွေးနွေး ကြသည်။ နာမည်ကြီးအဖွဲ့များစွာ၏ အမည်စာရင်းကိုပြုစုပြီးနောက် မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတား ကိုဖမ်းနိုင်သောသူများသည် နာမည်ကြီးအဖွဲ့ထဲကပဲဖြစ်ရမည်ဟု တွေးတောမိကြသည်။

မကြာခင်မှာပဲ ထိုအတွေးကိုလက်မခံသောလူများပေါ်လာသည်။ ထိုနာမည်ကြီးအဖွဲ့များတွင် သူတို့ ကိုယ်ပိုင်နာမည်ဖြင့် ဖွင့်လှစ်ထားသော အထူးသီးသန့် ရောင်းဝယ်ဖောက်ကားရေးအကောင့် များရှိသည်။ မည်သူကများ ထိုကဲ့သို့သော အမည်မသိအကောင့်ကို လျှို့ဝှက်ဖွင့်မည်နည်း။

ထို့ပြင် မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတားများကိုဖမ်းမိခြင်းသည် ထိုအဖွဲ့များအတွက် ဂုဏ်ယူစရာကိစ္စ တစ်ခုဖြစ်သည်။ တကယ့်နာမည်ကြီးအဖွဲ့များတောင်မှ ထိုကဲ့သို့မွန်းစတားကို တစ်နှစ်မှာ တစ်ကြိမ် တောင် မဖမ်းမိချေ။ ထို့ပြင် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများသည်ကြောက်စရာကောင်းသည်။

ထိုကဲ့သို့ ဖြစ်ရပ်မျိုးသည် လူတစ်ဦး၏ ဂုဏ်သိက္ခာကို အရှိန်အဟုန်ဖြင့် ကြီးထွားစေသည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးကို မည်သူက အကြောင်းမဲ့လက်လွှတ်ခံမည်နည်း။

ခဏအကြာမှာ နာမည်ကြီးအဖွဲ့များ၏ အသင်းဝင်များသည် ထိုသတင်းကိုငြင်းဆိုရန် ရောက်ရှိလာကြ သည်။ ထိုသို့ငြင်းဆိုပြီးနောက် မွန်းစတားကိုဖမ်းဆီးနိုင်သောသူသည် မည်သူလဲဆိုတာ သိချင်ကြတော့ သည်။ ထိုကဲ့သို့ မွန်းစတားမျိုးကို ဖမ်းနိုင်သောသူသည် သာမန်နယ်နယ်ရရ လူတော့မဟုတ်နိုင်ပေ။ သူတို့က အခွင့်ကောင်းနှင့်ကြုံခဲ့ရနိုင်သည်ဟု မည်မျှပင်ဆိုစေကာမူ ရရှိခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦး တောင်မှ မလွတ်နိုင်ပေ။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် ထူးခြားသည်။

ထို့ကြောင့်ပင် နေဝန်းနီအုပ်စု၏ တတိယမြောက်ကလေးက ထိုလူနှင့် ဆုံတွေ့နိုင်ရန် စျေးတိုးပေးနေခြင်း ဖြစ်သည်။ ထိုလူက မည်သူလဲဆိုတာ သိချင်လှသည်။ ဤအရာသည် အဆက်အသွယ်တစ်ခုကို မည်ကဲ့ သို့တည်ဆောက်ရသလဲဆိုတာ ပြသနေသည်။

ချူးယွင်ဖန်းထံ ဝင်လာသောစာများသည် ဖတ်မနိုင်တော့သည်အထိ များပြားလှသည်။ သူ့ထံသို့ တိုက်ရိုက်စာတိုများစွာဝင်လာသဖြင့် ချူးယွင်ဖန်းသည် အလိုအလျောက်ကန့်သတ်ခြင်းတစ်ခုကို ပြုလုပ်ရတော့သည်။ အသုံးပြုသူများသည် ဤဝက်ဘ်ဆိုက်တွင် အနေအထားတစ်ခုတွင် ရှိမနေပါက ချက်ချင်းဆိုသလို ငြင်းပယ်သည်။ ထို့ကြောင့် ကျန်ရှိခဲ့သောလူများသည် ဒိတ်ဒိတ်ကြဲ လူချမ်းသာများနှင့် ပညာရှင်များဖြစ်ကြသည်။

ချူးယွင်ဖန်းက စာများကိုတစ်ချက်ဖတ်ကြည့်သည်။ ထိုစာများကို ကုမ္ပဏီအသီးသီးမှ သူဌေးကြီးများနှင့် တိုက်ပွဲဝင်အဖွဲ့များစွာ၏ ပညာရှင်ကြီးများက ပို့လိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် မွန်းစတားများကို ကိုင်တွယ်သည့် ကော်ပိုရေးရှင်းများစွာသည်လည်း သူတင်ထားသော ပို့စ်အောက်တွင် ယောက်ယက်ခတ် နေကြသည်။

နေဝန်းနီအုပ်စု၏ တတိယမြောက်ကလေးသည် သန်း ၆၀ပေးပြီးနောက် စျေးသည် သန်း၇၀ထိ မြင့်တက် လာသည်။ ထိုစျေးသည် နတ်ဆိုးအမြုတေမပါသော အမြီးသုံးချောင်းငွေရောင်မြေခွေး အတွက်ဆို များလွန်းသည်ဟု ဆိုနိုင်သည်။

(၇၅ သန်း …ညီအကိုတွေပဲဟာ…) တစ်ခဏစဉ်းစားပြီးနောက် နေဝန်းနီအုပ်စု၏ တတိယမြောက် ကလေးက စျေးတိုးပေးပြန်သည်။

[တောင်းပန်ပါတယ်ဗျာ..ကျွန်တော့်မှာအချိန်မရှိလို့ပါ] ဟု ချူးယွင်ဖန်းက အကြောင်းပြန်သည်။

သူတို့က သူ့ကို မည်မျှပင် မြှူဆွယ်နေပါစေ ချူးယွင်ဖန်းက လူလုံးထွက်ပြရန် စိတ်ကူးမရှိပေ။ ရုတ်ချည်းဆိုသလို သူတို့၏ စိတ်ဝင်စားမှုများ လျော့ကျလာသည်။ ထိုအချိန်မှာ တန်ဒါအုပ်စု၏ အကောင့်သည် မဆိုင်းမတွပေါ်လာသည်။

[ဒီ အမြီးသုံးချောင်းငွေရောင်မြေခွေးက ငါတို့ဖမ်းခဲ့တာ။ ဒီကောင်က ငါတို့ဆီကနေ အခွင့်ကောင်းယူသွားတာ။ အားလုံးပဲ တန်ဒါအုပ်စုကို လေးစားကြပါ။ ဘယ်လိုလဲ။]

[တန်ဒါအုပ်စုကဘာလဲ။ ဒီပို့စ်တင်တဲ့သူက မြေခွေးကိုဘယ်လိုရခဲ့လဲဆိုတာ မသိချင်ဘူး။ ငါက အလောင်းကိုပဲလိုချင်တာ။ သူဘယ်လိုရလဲဆိုတာ စိတ်မဝင်စားဘူး။ ဒါဆိုရင်ရော]

အစတုန်းကတော့ ချုးယွင်ဖန်းဆီမှာ မြေခွေး၏ အလောင်းတကယ်ရှိပါ့မလားဟု လူအများစုက သံသယဝင်ခဲ့ကြသည်။ အတုအယောင်လည်းဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ ထိုကဲ့သို့ လိမ်ညာမှုက မဖြစ်နိုင်ပေ။ ပြီးတော့ တစ်ဖက်လူသည်လည်း လျှို့ဝှက်လွန်းလှသဖြင့် အချက်အလက် အစစ်အမှန်မဖြစ်နိုင်ပေ။

သို့​သော်လည်း တန်ဒါအုပ်စုပေါ်လာသောအခါ သူတို့ဆီက မြေခွေးကိုလုယူသွားသည်ဆိုတာ သိသာသွား သည်။ ရုတ်ချည်းဆိုသလို သူတို့၏ ယုံကြည်မှုများသည် ၉၀% လောက်မြင့်တက်လာသည်။ ထိုလူက သူ၏ သရုပ်မှန်ကိုဖုံးကွယ်ထားရခြင်းကို မထူးဆန်းတော့ပေ။ သူက မြေခွေးကို မည်သို့ ရခဲ့သလဲ ဆိုတာ သိသွားကြသည်။ တန်ဒါအုပ်စုက လက်စားချေမည်ကို စိုးရိမ်သဖြင့် လူလုံးထွက်မပြခြင်းဖြစ်နိုင် သည်။

သို့သော်လည်း ဒိတ်ဒိတ်ကြဲသူဌေးကြီးများက တန်ဒါအုပ်စုကို မကြောက်ကြပေ။ အထူးသဖြင့် မွန်းစတားအရေပြားနှင့် အသားထုတ်လုပ်သည့် ကုမ္ပဏီသူဌေးကြီးများက မရှိန်ကြပေ။

သူတို့သည် တန်ဒါအုပ်စုနှင့် လုံးဝမသက်ဆိုင်သဖြင့် မည်သည့်အတွက်ကြောင့်ကြောက်နေကြမည်နည်း။ တန်ဒါအုပ်စု၏ ခြိမ်းခြောက်မှုနှင့်ယှဉ်ပါက မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတား၏ အလောင်းက ပိုအရေးပါသည်။ထို့ကြောင့် သူတို့သည် လေလံကိုဆက်ဆွဲနေသည့်အပြင် စျေးပါပိုပေးကြသည်။ သို့သော်လည်း စျေးက အရမ်းမမြင့်တော့ပေ။ထို့ပြင် နောက်ဆုံးပေးနိုင်သည့် စျေးနားကိုရောက်နေသည်။ တချို့က တစ်သိန်းလောက်သာ တိုးပေးကြသည်။

[သန်း ၈၀..အပိတ်စျေး။ အရင်တုန်းက ငါဦးဆောင်ပြီး ဒီမွန်းစတားဖမ်းတုန်းကဆို ထိုကောင်ကြီးရဲ့ ပါးစပ်မှာ အသက်ဆုံးတော့မလို့။ ဒီနေ့တော့ ငါလက်စားချေနိုင်ပြီ]

နေဝန်းနီ၏ တတိယမြောက်ကလေးက အပိတ်စျေးပေးပြီး အားလုံးကိုဖြတ်ကျော်သည်။ သန်း ၈၀လောက်ဆိုပါက အမြတ်များများစားစားမကျန်တော့ပေ။ ပြီးတော့ နတ်ဆိုးအမြုတေလည်း

မပါပေ။ တစ်ဖက်အဖွဲ့က ရန်ငြိုးကြောင့်သာ ထိုမျှပေးနိုင်တာမို့ သူ့လို လူချမ်းသာနှင့် ယှဉ်ပြိုင်ဖို့မလိုသဖြင့် အားလုံးလည်း လေလံဆွဲတာကိုရပ်ကြသည်။

(ကောင်းပါပြီ)

ချူးယွင်ဖန်းက အချိန်ကိုက်ရပ်လိုက်သည်။ ထို့နောက် သူသည် နေဝန်းနီအုပ်စု၏ တတိယသားကို လိပ်စာချန်ထားဖို့နှင့် ပစ္စည်းကိုမနက်ဖြန်ပို့ပေးမည်ဆိုသည့်အကြောင်းကို အကြောင်းပြန်သည်။

“ဒီ နေဝန်းနီရဲ့ တတိယကလေးက ဘယ်သူတုန်း။ ငတုံးကောင်။ နောက်မဆုတ်ဘူးလား”

အဆင့်မြင့်အိမ်ရာကြီးတွင် နေထိုင်နေသော ချူးကျိကောက အပိတ်စျေးကိုကြည့်ပြီး ချက်ချင်းဆိုသလို စိတ်ရှုပ်ထွေးလာသည်။ သူက ထိုလူကို ဆဲရေးတိုင်းထွာနေရင်း စိတ်ထဲနေလို့မကောင်းပေ။ သူသာ မြေခွေးကို လက်မလွှတ်ခဲ့ရပါက ထို သန်း၈၀ သည် သူ့အပိုင်ဖြစ်နေမည်။

“သေစမ်းကွာ…မင်းဘယ်သူလဲဆိုတာ ငါမသိစေနဲ့။ မဟုတ်လို့က မင်းကို တစစီ အရေခွံခွါပစ်မယ်”

All Chapters