အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အပိုင်း (၁၇၂)-ညဘက် ခြုံခိုတိုက်ခိုက်ခြင်း
ချူးကျိကောက သူ၏ ကြားဖြတ်ဝင်လုမှုကြောင့် ဒေါသထွက်နေသည်ဆိုတာ ချုးယွင်ဖန်းမသိပေ။
သူသိလျှင်တောင်မှ ဂရုမစိုက်ပေ။ နေဝန်းနီ၏ တတိယကလေးက လိပ်စာကို မြန်မြန်ပို့ပေးသည်။
ချူးယွင်ဖန်းသည် ဘဏ်အကောင့်အသစ်တစ်ခုကိုချက်ချင်းဖွင့်ပြီး သူ့အကောင့်နံပါတ်ကို ပို့ပေးလိုက် သည်။
နေဝန်းနီ၏ တတိယကလေးက “မင်းကတကယ့်ကို သတိကြီးတာပဲ” ဟု အကြောင်းပြန်သည်။
ချူးယွင်ဖန်းက ခပ်ယဲ့ယဲ့ပြုံးသည်။ သူက ထိုကိစ္စကိုပေါ့သေးသေးသဘောမထားပေ။ တန်ဒါအုပ်စုက
ထိုသူက သူဆိုတာ သိပါက သူ့ကိုသတ်ရန် ကြေးစားလူသတ်သမားများစေလွှတ်လိုက်မည်။
သန်း၈၀ဆိုသော ပမာဏသည် လူတစ်ဦးကိုသတ်ရန် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦးကို
ငှါးရမ်းနိုင်သည်။
ထိုလူက ချူးယွင်ဖန်း၏ အကောင့်ထဲကို ပိုက်ဆံတစ်ဝက်ကို ချက်ချင်းလွှဲပေးလိုက်သည်။
ကျန်သောတစ်ဝက်ကို အမြီးသုံးချောင်းမြေခွေး၏ အလောင်းကိုရရှိမှသာ လွှဲပေးလိမ့်မည်။ သို့သော်
ယွမ်သန်းလေးဆယ်နှင့်ဆို ချူးယွင်ဖန်းက ပိုက်ဆံများစွာက လက်ဝယ်ရှိနေတာမို့ သူအနေနှင့်
ကိစ္စများစွာလုပ်နိုင်မည်။ အရေးကြီးဆုံးသောအရာသည် အဆိပ်ဖော်စပ်ရန် ဖြစ်သည်။
တိတိကျကျပြောရမည်ဆို ထိုအရာက အဆိပ်မဟုတ်ပေ။ သန့်စင်ခြင်းအဆင့်မှာရှိသော ကျွမ်းကျင်သူများ သည် အဆိပ်ကို အလွန်အာရုံခံစားလွယ်တာကိုနားလည်သဖြင့် သူသည် အခြားနည်းလမ်းတစ်ခု ဖြစ်သော အလဲထိုးနိုင်သည့် အမှုန့်တစ်ခုကိုသုံးရမည်။ ထိုအမှုန့်က အရောင်အနံ့ကင်းမဲ့ပြီး လူတစ်ဦးကို အကြောသေစေနိုင်သည်။ ထိုအမှုန့်ကို ခန္ဓာကိုယ်ထဲကို ရှုရှိုက်ပါက တစ်ကိုယ်လုံး အကြောသေပြီး အစွမ်းမဲ့လာသည်။ သို့သော် ထိုလူက အင်အားကြီးလေလေ ထိုအမှုန့်ကို ဆန့်ကျင်နိုင်အား မြင့်လေလေ ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူအတွကိ သိပ်မသုံးကြပေ။ အကြောင်းမှာ သူတို့၏ အကြောများကိုဖွင့်နိုင်ပြီး မိုးမြေနှင့်ကောင်းကင်ကို ဆက်နွှယ်နိုင်သဖြင့် ထိုအမှုန့်၏ အစွမ်းကို မိနစ်ပိုင်း အတွင်းမှာ ချေဖျက်နိုင်သည်။
နောက်တစ်နေ့မနက်တွင် ချူးယွင်ဖန်းက အပြင်ထွက်ခဲ့သည်။ တစ်ညလုံးဖော်စပ်ပြီးနောက် သူသည်
အဆိပ်မှုန့်၏ နောက်ဆုံးအဆင့်မြင့်ပုံစံကို ဖော်စပ်ပြီးစီးခဲ့သည်။တစ်ညတာ အနားယူပြီးနောက်
တန်စီယုနှင့် ဂေါင်ဟုန်ချီက စိတ်ကြည်လင်လန်းဆန်းလာကြသည်။
“ငါသာ တောထဲမသွားခဲ့လျှင် မြို့ထဲမှာနေရတဲ့ ဘဝက ဘယ်လောက်သာယာလဲဆိုတာ
ငါသိမှာမဟုတ်ဘူး။ အရင်ကဆို မသိခဲ့ဘူး” ဟု ဂေါင်ဟုန်ချီက လက်ထဲမှာလှံတံကိုကိုင်ရင်းပြောသည်။
“ငါက ငါ့အိပ်ရာလေးကို တကယ့်ကို သတိတွေရနေတာ။ ငါ ရက်အနည်းငယ်လေးပဲအပြင်ထွက်တာကို
တစ်နှစ်လောက်ကြာသွားတယ်လို့ ထင်ရတယ်။ အရမ်းပင်ပန်းတာပဲ”
သို့သော် ဂေါင်ဟုန်ချီက ခဏတာညဉ်းညူပြီးနောက် သူတို့သုံးဦးလုံးထွက်လာကြသည်။
သူတို့နောက်ဆုံးထွက်ခဲ့သည့်တစ်ခေါက်နှင့် မတူဘဲ ဒီတစ်ကြိမ်မှာယုံကြည်မှုပိုရှိလာကြသည်။ သို့သော်
သူတို့မှာ ယုံကြည်မှုရှိကြသည်။ သူတို့က အနာဂတ်မှာဒုက္ခမရောက်ရန် ကျိုးဝမ်ဘင်း နှင့် အဖွဲ့ကို
သတ်နိုင်မည့်လမ်းကို စဉ်းစားရမည်။လေအဝှေ့မှာ နှင်းမှုန်များပါလာပြီး မြေပြင်မှာ ငွေရောင်အလွှာ တစ်ခုကို ဖြစ်ပေါ်စေသည်။ အဆင့်မြင့်ကျင့်ကြံခြင်းကိုပြုလုပ်သော မြို့ထဲမှာ နှင်းများသည် မြေပြင် ပေါ်မရောက်ခင် အရည်ပျော်သွားကြသည်။ မြို့ထဲမှာ တစ်နှစ်ပတ်လုံးလိုလို နွေဦးကဲ့သို့ဖြစ်နေပြီး သူတို့ထွက်သွားသည်နှင့် သူတို့ကို လုံးဝစွတ်စွတ်ဖြူနေသော မြင်ကွင်းက ဆီးကြိုနေသည်။
နှင်းထုကြီးဖုံးလွှမ်းထားသော မြို့ပျက်ကြီးထဲမှာ လူတစ်ဦးသည် ထိုနှင်းထုကြီးကိုဖြတ်ပြီး လျှောက်လှမ်း နေသည်။ သို့သော် နှင်းပေါ်မှာတော့ မည်သည့်သဲလွန်စ ခြေရာလက်ရာများမကျန်တာမို့ လုံးဝ မှော်ဆန်လှသည်။ ထိုလူကို မွန်းစတားအချို့က ဝိုင်းလိုက်ကြသည်။ သူ့ထံတိုးဝင်လာသော တိုက်ခိုက်မှု ဖြစ်စေ ဆွဲဖမ်းသောတိုက်ခိုက်မှုပဲဖြစ်စေ ထိုလူကိုထိရန် ခဲယဉ်းလှသည်။ ထိုအစား သူတို့၏
လှုပ်ရှားမှုများသည် ထိုလူကို သူတို့အား ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်စေသည်။
များစွာသော ဓားအလင်းတန်းများထွက်လာသည်။ တစ်ကောင်ပြီးတစ်ကောင် ဓားဖြင့် အခုတ်ခံရသည်။
သူတို့ဆီက ပန်းထွက်လာသော သွေးများသည် နှင်းထုကြီးကြောင့် အေးခဲလာသည်။
နောက်ဆုံးမွန်းစတားကိုသတ်ပြီးသောအခါ ထိုလူက နောက်ဆုံးမှာ သက်ပြင်းချနိုင်တော့သည်။
ထိုလူသည် ချူးယွင်ဖန်းက လွဲပြီးမည်သူဖြစ်နိုင်ပါ့မည်နည်း။
သူက နှင်းပေါ်မှာ တည်ငြိမ်စွာရပ်နေသော်ငြား ခြေရာလက်ရာလုံးဝမကျန်ပေ။ ထိုအရာက သူ၏
လှုပ်ရှားမှုသိုင်းကွက်ကို အနေအထားတစ်ခုထိရောက်အောင် လေ့ကျင့်ပြီးပြီးဆိုတာကို ပြသနေသည်။
ဝတ်ရုံအပါးလေးကိုဝတ်ဆင်ထားသော တန်စီယုက လျှောက်လှမ်းလာသည်။ ထိုဝတ်ရုံများကို အလွန်စျေးကြီးသောနှုန်းထားဖြင့် ရောင်းချကြသည်။ ထို့ကြောင့် ထိုဝတ်ရုံများသည် လူတစ်ဦးကို
အကာအကွယ်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်သည်။ ဆောင်းရာသီမှာ ခန္ဓာကိုယ်ကို
နွေးစေပြီး နွေရာသီမှာ အေးမြစေသည်။ ဆောင်းတွင်းမှာတောင်မှ ဝတ်ဆင်သူကိုလုံးဝ မချမ်းစေပေ။
သူမ၏ ခြေထောက်အောက်မှာ ခြေရာဖွဖွလေးများရှိနေသည်။ နှင်းထဲမှာ ချူးယွင်ဖန်း၏ သဲလွန်စမဲ့သော ခြေရာများနှင့် ယှဉ်ပါက ကြီးမားသောကွာခြားမှုလိုဖြစ်နေသည်။သို့သော် သူတို့၏ကနဦးအနေအထားနှင့် ယှဉ်ပါက အလွန်အံ့အားသင့်ဖွယ်ဖြစ်နေသည်။
“ဂေါင်ဟုန်ချီက ကျိုးဝမ်ဘင်း ရဲ့တည်နေရာကိုရှာတွေ့ပြီလား” ဟု ချူးယွင်ဖန်းက မေးသည်။
သူ့ဓားပေါ်က သွေးကိုသုတ်ပြီးနောက် ဓားအိမ်ထဲပြန်ထည့်ကာ သူ၏နောက်ကျောဘက်မှာ
ထားလိုက်သည်။
“သူရှာတွေ့ပြီ။ သူက တစ်ဖက်အဖွဲ့ကိုခြေရာခံနေပြီးတော့ သူတို့ဘယ်မှာနေလဲဆိုတာ
စောင့်ကြည့်နေတယ်” ဟု တန်စီယုကဆိုသည်။
“ငါတို့ သူတို့ကိုရှာတွေ့ပြီ။ မျက်တောင်တစ်ခတ်အတွင်းမှာ ဆယ်ရက်ကုန်ဆုံးခဲ့ပြီ။”
သိပ်ပြီးကြာနေလျှင်တော့ ငါတို့ကျောင်းကိုပြန်သွားရလိမ့်မယ်” ချူးယွင်ဖန်းကခပ်တုံ့တုံ့ပြုံးရင်းဆိုသည်။
ခဏလေးအတွင်းမှာ ဆယ်ရက်ကုန်သွားပြန်သည်။ ထိုဆယ်ရက်အတွင်းမှာ သူတို့သည် တန်ဒါအုပ်စုကို
စောင့်ကြည့်နေခဲ့သည်။ ပြောရမည်ဆို သူတို့သည် ကျိုးဝမ်ဘင်း တစ်ယောက် ဘယ်မှာရှိနေလဲ ဆိုတာထောက်လှမ်းနေခဲ့ပြီး အဆုံးသတ်မှာ သူတို့သည်သဲလွန်စကိုရှာတွေ့ခဲ့ပြီဖြစ်သည်။
ဒီရက်ပိုင်းအတွင်း သူတို့သည် မနားရသေးပေ။ သူတို့က အစွမ်းကုန်လေ့ကျင့်ကြပြီး အစွမ်းများကလည်း
တဟုန်ထိုးမြင့်မားလာကြသည်။ ချူးယွင်ဖန်းသည် မူလစိတ်ဝိဥာဉ်ဆေးသုံးလုံး၏ အစွမ်းကို
ကောင်းမွန်စွာရယူပြီးနောက် ချီပင်လယ်အဆင့်၏ သတ္တမအဆင့်၏
အမြင့်ဆုံးအနေအထားကိုရောက်ရှိပြီးဖြစ်တာမို့ အဌမအဆင့်ကိုဖြတ်ကျော်ရန်
တစ်ဆင့်သာလိုတော့သည်။ သူ၏ တိုက်ခိုက်ခြင်းစွမ်းရည်သည် သာမန်ချီပင်လယ်အဆင့်၏
အဌမအဆင့်မှာရှိနေသော လူကို အသာလေးအနိုင်ယူနိုင်သည်။ ထိုအချိန်မှာ တန်ဆီယုနှင့်
ဂေါင်ဟုန်ချီသည် သတ္တမအဆင့်နှင့် ဆဌမအဆင့်ကို အသီးသီးရောက်ရှိကြတော့မည်။
ဤဆောင်းတွင်းပိတ်ရက်မှာ သူတို့အားလုံး၏ ကျင့်ကြံခြင်းက များစွာတိုးတက်လာကြသည်။
“ငါတို့က ချူးကျိကော ကို မထောက်လှမ်းနိုင်သေးတာ အဆင်မပြေဘူး။ သူက နှစ်သစ်အတွက်
ပြန်သွားတာလား” ဟု တန်စီယုက နောင်တရနေသလိုပြောသည်။
“မေ့လိုက်ပါ။ ချူးကျိကောက ဘာမှမဟုတ်ပါဘူး။ တကယ့်အန္တရာယ်က ကျိုးဝမ်ဘင်း လေ။
သူ့ကိုအပြတ်ရှင်းနိုင်တယ်ဆို ချူးကျိကောက ဘာတတ်နိုင်မှာလဲ” ဟု ချူးယွင်ဖန်းကပြောသည်။
“ဒါပေမဲ့ ကျိုးဝမ်ဘင်း က ခုထိငါတို့ကိုရှာနေသေးတယ်လို့ ကြားမိတယ်” ဟု တန်စီယုကပြောသည်။
သူမ ရှုထုတ်လိုက်သော လေပူကြီးသည် သူမ၏ ရှေ့မှာ အဖြူရောင်မြူခိုးတစ်ခုကိုဖြစ်စေသည်။
“သူက ခုထိ ငါတို့ကိုရှာတာလက်မလျှော့သေးဘူးဟုတ်လား။ မကြာခင်မှာ ဘယ်သူက ဘယ်သူ့ကိုအလွတ်မပေးဘူးလဲဆိုတာ ကြည့်ကြသေးတာပေါ့” ဟု ချူးယွင်ဖန်းက ရယ်ရင်း ဆိုသည်။
“ဂေါင်ဟုန်ချီနဲ့ သွားတွေ့ကြစို့”
ချူးယွင်ဖန်းက ကောင်းကင်ကိုမော့ကြည့်သည်။ ညအမှောင်ရောက်လာတော့မှာမို့ လထွက်လာပြီး
လေလည်းပြင်းလာသည်။ ထိုအရာသည် လူသတ်သမား၏ ညအချိန်အခါဖြစ်သည်။
ချူးယွင်ဖန်းနှင့် တန်စီယုသည် ဂေါင်ဟုန်ချီရှိသောနေရာသို့ရောက်သောအခါ ညအတော်မှောင်နေပြီ ဖြစ်သည်။
“မင်းတို့ရောက်လာကြပြီပေါ့” သူတို့နှစ်ဦးလာသည်ကိုမြင်သောအခါ ဂေါင်ဟုန်ချီက ဆိုသည်။
သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်ပေ။ လွန်ခဲ့သောလက သူတို့နှစ်ကြိမ်တိုင်တိုင်
တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ဒုတိယတစ်ခေါက်မှာ သူတို့က သေဘေးနှင့် နီးခဲ့သည်။ ယခုအခါမှာတော့
ယခင်လတုန်းက သွေးကြေးကိုဆပ်နိုင်ဖို့ အခွင့်သာခဲ့ပြီဖြစ်သည်။ “ဒီည အစီအစဉ်စကြမယ်” ဟု ချူးယွင်ဖန်းကဆိုသည်။
သူသည် တန်ဒါအုပ်စု၏အဆောက်အဦအောက်မှာရှိနေသောကြေးစားအဖွဲ့သားများကိုလှမ်းကြည့်သည်။ သူတို့ကိုဦးဆောင်သူမှာ ကျိုးဝမ်ဘင်း ဖြစ်သည်။
“သွားကြမယ်” ဟုဆိုသော ချူးယွင်ဖန်း၏ အမိန့်ပေးမှုအောက်မှာ သုံးဦးလုံးက လှုပ်ရှားကြသည်။
အပိုင်း (၁၇၃)- ချူးယွင်ဖန်းကို အထင်သေးမှုအတွက် တန်ရာတန်ကြေး
“ဒီကနေ့မှာ အနည်းဆုံးသောင်းဂဏန်းလောက်တန်တဲ့ ဆေးမြစ်တွေကိုငါတို့ရှာတွေ့ခဲ့တာမို့ ဒီခရီးက
အချည်းနှီးမဖြစ်ဘူးပဲ”
“နှမြောစရာက ဟိုကောင်စုတ်လေးတွေဘယ်နေရာမှာရှိနေလဲဆိုတာ ခုထိရှာမတွေ့သေးဘူး”
“သူတို့ မလွတ်ပါဘူး။ သူတို့ကိုစောင့်ကြည့်ဖို့ ငါလူလွှတ်ထားတယ်။ သူတို့က ကျောင်းသားတွေမလား။
သူတို့က ဆောင်းတွင်းပိတ်ရက်ကို အခွင့်ကောင်းယူပြီး လေ့ကျင့်နေကြမှာ။ သူတို့ကျောင်းပြန်တက်ဖို့က
ရက်အနည်းငယ် လိုသေးတယ်။ သူတို့က မြို့ထဲကို အချိန်မရွေးပြန်လာနိုင်တယ်။ ဘာတွေတွေးပူနေမှာ လဲ။ သူတို့ပြန်လာတာနဲ့ သူတို့ကိုသေချာပေါက်ဖမ်းမိမှာပဲ”
ကြေးစားအဖွဲ့များသည် အသံခပ်တိုးတိုးလေးဖြင့် ဆွေးနွေးနေကြသည်။ သူတို့၏ ရှေ့မှောက်တွင်
မီးပုံကြီးတစ်ခုသည် ပြင်းထန်စွာတောက်လောင်နေသည်။သိပ်မကြာခင်မှာ မီးငြိမ်းသတ်ရတော့မည်။
ညအမှောင်ကျလာသည်နှင့် ညဘက်ထွက်သည့်မွန်းစတားများထွင်ပေါ်လာသည်။ မီးမငြိမ်းပါက
ထိုညထွက်သည့် မွန်းစတားများကို ဆွဲဆောင်မိသလိုဖြစ်တော့မည်။
ကျိုးဝမ်ဘင်း သည် ထောင့်နားမှာထိုင်ပြီး စိုက်ကြည့်နေသည်။ နှစ်သစ်ဖြစ်သော်ငြား သူ့အိမ်ကို
မပြန်ရသေးပေ။ သူသည် အမြဲလိုလို တောရိုင်းထဲမှာ နေသားကျနေသည်။ သူကမြို့ပေါ်ပြန်ရောက်သော အခါ တစ်ခုခုလိုနေသလိုခံစားရသည်။ လေအေးနှင့်အတူ အနီးအနားပတ်ဝန်းကျင်ဆီမှ ပေါင်ဒါတစ်ချို့ လွင့်ပျံလာသည်ကို သတိမထားမိကြပေ။ သိပ်မကြာခင်မှာပင် ကြေးစားအဖွဲ့သားများက တစ်ခုခု မှားနေ သည်ဟု ခံစားမိလာသည်။ သူတို့၏ ခန္ဓာကိုယ်သည် လှုပ်မရဖြစ်လာပြီး အင်အားချိနဲ့လာသည်ဟု ခံစား မိလာသည်။
“သေစမ်း…ငါတို့ကိုတစ်ယောက်ယောက်က အဆိပ်ခတ်လိုက်ပြီ”
သန့်စင်ခြင်းအဆင့်မှာရှိနေသော ကျိုးဝမ်ဘင်း က အတွေ့အကြုံကြွယ်ဝသည်။ တစ်ယောက်ယောက်က
သူတို့ကိုအဆိပ်ခတ်လိုက်သည်ဆိုတာ ချက်ချင်းသဘောပေါက်လိုက်သည်။ မဟုတ်ပါက သူတို့သည်
ထိုကဲ့သို့ခံစားရမည်မဟုတ်ပေ။ ထို့ပြင် ဤအဆိပ်သည် ပြင်းထန်သောအဆိပ်မဟုတ်ပေ။ မဟုတ်ပါက
သူ့အတွက် ရှောင်ရှားဖို့ ခဲယဉ်းမည်။ အရောင်အနံ့ကင်းမဲ့သော အလဲထိုးအမှုန့်ကိုသုံးပါက သူ့ကို
အေးအေးဆေးဆေး လှည့်စားနိုင်မည်။ သို့သော် သူသည် ထိုကဲ့သို့အခြေအနေနှင့် မရင်ဆိုင်ရသည်မှာ
နှစ်ပရိစ္ဆေဒ ကြာမြင့်နေပြီဖြစ်သည်။
ထိုကဲ့သို့ အရောင်အနံ့ကင်းမဲ့သော အလဲထိုးအမှုန့်ကိုဖန်ဆင်းသူမှာ အဆိပ်ဖော်စပ်သူများထဲတွင်
ထိပ်တန်းပညာရှင်များဖြစ်ရမည်။ ထိုအရာမျိုးသည် သာမန်လူမတတ်နိုင်သော အရာဖြစ်သည်။
“ဘယ်သူလဲ။ မင်းကဘာလို့ တန်ဒါအုပ်စုကို တိုက်ခိုက်ရတာလဲ။ ထွက်ခဲ့စမ်းပါ” သူက ခန္ဓာကိုယ်ထဲက
အားကုန်ထုတ်သုံးကာ အော်ဟစ်သည်။
ခဏအကြာမှာ သူ၏ ရှေ့မှောက်ကို လူသုံးဦးရောက်လာသည်။ “မင်းကတကယ့်ကိုသတိမေ့တတ်
တာပဲ ..ခေါင်းဆောင် ကျိုး” ချူးယွင်ဖန်းက ထိုလူကို ပြုံးပြပြီးပြောသည်။
သူသည် မြေပြင်ပေါ်တွင် အတုံးအရုံးဖြစ်နေသောလူများကိုတစ်ချက်ကြည့်သည်။ ထိုသူများသည်
အင်အားကုန်ခမ်းနေပြီး လှုပ်တောင်မလှုပ်နိုင်ပေ။
ထိုအုပ်စုထဲမှာ အင်အားအကြီးဆုံးဖြစ်သော ကျိုးဝမ်ဘင်း ကသာ သူတို့ကို ကြည့်နိုင်သေးသည်။
သူတို့က အန္တရာယ်များသော အခြေအနေမှာရှိနေသည်ဆိုသော ခံစားချက်ကိုတောင်မှ ပေးသေးသည်။
သူ့ပုံစံကြည့်ရသည်မှာ ကျားက အားများကိုစုစည်းပြီး ခုန်အုပ်မည့်အသွင်ဖြစ်နေသည်။
ချူးယွင်ဖန်းက သူ့မသိစိတ်ကို ယုံကြည်သည်။ ကျိုးဝမ်ဘင်း က သူတို့ကိုပြန်လည်တိုက်ခိုက်နိုင်သော
အစွမ်းရှိသည်ဆိုတာ ချက်ချင်းသဘောပေါက်လိုက်သည်။ သို့သ်ော ချူးယွင်ဖန်းက သူ့ဆီလာပြီး ဟာကွက်ကို ထုတ်ပြမည်ကို စောင့်နေဆဲဖြစ်သည်။
“မြေခွေးအိုကြီးဥာဏ်ကောင်းလှချည်လား။ တကယ့်ကိုအတွေ့အကြုံရှိပါပေတယ်။ အခုတော့ သူက
ပြန်တိုက်ခိုက်ဖို့တောင် တွေးနေပြီ” ဟု ချူးယွင်ဖန်းက တွေးမိသည်။ သူမို့လို့ တောင့်ခံနိုင်တာဖြစ်သည်။
သူ့နေရာမှာ အခြားသူဆိုပါက ချူးယွင်ဖန်းတို့ အနိုင်ရနေပြီဖြစ်သည်။
“ဪ..မင်းတို့ကိုး” ကျိုးဝမ်ဘင်း က စိတ်တိုပြီး မျက်လုံးများပင် ပြူးကျယ်လာသည်။ သူ့ကို
အဆိပ်ခတ်မည့်လူများသည် ချူးယွင်ဖန်းနှင့် သူ၏ အပေါင်းအပါများဖြစ်နေလိမ့်မည်ဟု တစ်ခါမှ
မတွေးဖူးပေ။
လွန်ခဲ့သောဆယ်ရက်အတွင်း ထိုသုံးယောက်အုပ်စုကို အပူတပြင်းရှာဖွေခဲ့သော်လည်း သူတို့နှင့်
ပတ်သက်သော သတင်းအစအနပင်မရပေ။ သူ့ကို တစ်ဖက်အဖွဲ့က သတ်ဖို့ အကြံအစည်ရှိမည်ဟု
မထင်မိပေ။ သူတို့ကိုသတိမမူမိဘဲ သူ့အား အဆိပ်ခတ်ရန် ကြံစည်ခဲ့ကြသည်။
“ကောင်းတယ် ကောင်းတယ် သန္ဓေဆိုးလေးတွေ…မင်းကိုငါ လျှော့တွက်ခဲ့မိတယ်” ဟု
ကျိုးဝမ်ဘင်း က ဒေါသတကြီးဆိုသည်။ သူက ဒေါသထွက်ပြီး ဟားတိုက်ရယ်နေမိသည်။
“ခင်ဗျားနဲ့ယှဉ်ရင် ကျွန်တော်က ပါမွှားပါ။ ခင်ဗျားကို ကောင်းကောင်းလေးနေစေချင်တာ။
ဒါပေမဲ့ခင်ဗျားက ကျုပ်ကို လွတ်လမ်းမပေးဘူး။ ကျွန်တ်ောက ငယ်ပေမဲ့ တစ်ခုတော့သိတယ်။
ကျွန်တော့်ကို အလွတ်မပေးလျှင် ကျွန်တော်ကလည်း အလွတ်မပေးတတ်ဘူး။ကျွန်တော့်ကိုသတ်ချင်တဲ့
ဘယ်သူ့ကိုမဆို ကျွန်တော်သတ်မှာပဲ။ ရှင်းရှင်းလေးပါ” ဟု ချူးယွင်ဖန်းက အသံတိုးတိုးလေးဖြင့်
ပြောသည်။
“တန်ဒါအုပ်စုကို အာခံရဲတာ မင်းတို့မကြောက်ဘူးလား” ဟု သူတို့အဖွဲ့ကိုကြည့်ရင်း ကျိုးဝမ်ဘင်း က
မေးသည်။
“ကြောက်နေတော့ရော ဘာထူးမှာလဲ။ ပြီးတော့ ခင်ဗျားကို သတ်ပြီးလျှင် မွန်းစတားတွေက
ညတွင်းချင်းလာစားမှာပဲ။ ကျွန်တော်တို့သတ်တယ်ဆိုတာ ဘယ်သူသိမှာလဲ” ဟု ချူးယွင်ဖန်းက
ခပ်ပေါ့ပေါ့ပြန်ဖြေသည်။
“ဒါက ခင်ဗျား ကျွန်တော်တို့ကိုသတ်ဖို့ လုပ်ခဲ့တဲ့အကွက်တွေမလား။ ကျွန်တော်တို့ကို တောထဲမှာ သတ်မယ်။ ခင်ဗျားလုပ်တယ်လို့ ဘယ်သူက သိမှာလဲ။ ဒါပေမဲ့ တောထဲက ခင်ဗျားအတွက်သာမက ကျွန်တော်တို့အတွက်လည်း အခွင့်သာပါတယ်”
“ကဲ…ဒီကြေးစားအဖွဲ့သားတွေကို အရင်သတ်ကြမယ်” အဆိပ်အာနိသင် အစွမ်းပြသည်ကို
ချူးယွင်ဖန်းမြင်သောအခါ ချက်ချင်းဆိုသလို ပြောလိုက်သည်။ သူတို့အကြာကြီး တောင့်မခံနိုင်တော့ သည်မှာ သေချာသည်။
“ကောင်းပြီ” “ကောင်းပြီ”
ဂေါင်ဟုန်ချီတို့လည်း လက်နက်များကိုထုတ်ပြီး
သူတို့ကိုသတ်ပစ်လိုက်သည်။သူတို့တောထဲစတင်ဝင်ရောက်ချိန်က သတ္တိသိပ်မရှိပေ။ သို့သော်
ဆောင်းရာသီ အားလပ်ရက်ရှည်ကိုဖြတ်သန်းပြီးနောက် သူတို့သက်ရှိများစွာကို သတ်ခဲ့ရသည်။ သူတို့၏
စိတ်ဝိဥာဉ်ပြောင်းလဲခြင်းကို လုံးဝပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
“ရက်စက်လိုက်တာ..မင်းတို့လူအများကြီးကို သတ်လိုက်တာပဲ” ဟု ချူးယွင်ဖန်းကို
အေးတိအေးစက်ကြည့်ရင်း ကျိုးဝမ်ဘင်း ကဆိုသည်။
“ခင်ဗျားနဲ့ယှဉ်လျှင် ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားက ကမ္ဘာအသစ်ရဲ့ စည်းမျဉ်းဥပဒေသတွေကို
ကျွန်တော့်ကို သင်ပေးခဲ့တာပါ” ဟု ချူးယွင်ဖန်းက ပြန်ဖြေသည်။
“ခင်ဗျားဟန်ဆောင်နေတာတွေရပ်ပါတော့။ ခင်ဗျားမှာ အစွမ်းတွေကျန်သေးတာ ကျုပ်သိတယ်။
ကျွန်တော့်ဟာကွက်ကို ခင်ဗျားစောင့်နေတာသိတာပေါ့။ ကျွန်တော့်ကို ဓားစာခံလုပ်ရင်လုပ် မဟုတ်ရင်
သတ်ပစ်မှာမလား”
“မင်းက ငါ့အကြံတွေကို သိနေမယ်လို့ မတွေးမိဘူး။ မင်းက စကားပြောချင်လို့ထက်
ဆေးစွမ်းပြမှာကိုစောင့်နေတာမို့ တမင်သက်သက်စကားပြောနေတာမလား” ဟု ကျိုးဝမ်ဘင်း က
ဆိုသည်။
“မှန်တယ်။ ခင်ဗျားက ပေါ့သေးသေးမဟုတ်ဘူးလေ။ ဒီလိုမှမလုပ်လျှင် စိတ်အေးရပါ့မလား” ဟု
ချူးယွင်ဖန်းက အေးတိအေးစက်ပြောသည်။
“ စိတ်ကိုဖတ်နိုင်သားပဲ…မင်းက အသက်ငယ်ငယ်လေးနဲ့ အကင်းပါးတာပဲ။ မင်းကို ငါ လျှော့တွက်ခဲ့ မိတယ်။ ဒါပေမဲ့ အဆိပ်ပြေဖို့ အချိန်ကိုအခွင့်ကောင်းမယူပါဘူးဆိုတာ မင်းဘယ်လိုအာမခံနိုင်လဲ” ဟု ကျိုးဝမ်ဘင်း က ထပ်မေးသည်။
“အဆိပ်က ကျွန်တော်ကိုယ်တိုင်ဖော်ခဲ့တာပါ။ ကျွန်တော်က နည်းနည်းလေးတောင် ယုံကြည်မှုမရှိဘူးလို့
မပြောပါနဲ့” ဟု ချူးယွင်ဖန်းက ဖြေသည်။
“မင်းကိုယ်တိုင်ဖော်စပ်ခဲ့တာလား” ကျိုးဝမ်ဘင်း က မယုံကြည်နိုင်အောင်ဖြစ်သွားရသည်။
ချူးယွင်ဖန်းမှာ ထိုကဲ့သို့စွမ်းရည်မျိုး ရှိနေမည်ဟု တစ်ခါမှ မတွေးဖူးပေ။
သူ၏ မူလ ပြစ်ချက်ကင်း အကြံအစည်များမှာ ဘယ်အရာက မှားယွင်းနေလဲဆိုတာ နောက်ဆုံးမှာ
သဘောပေါက်ခဲ့သည်။ သူသည် ချူးယွင်ဖန်းကိုအထင်သေးခဲ့မိသည်။ ထိုကလေးသည်
မည်သူကမှတစ်ခါမှ မကြုံဖူးခဲ့သော ပုန်းအောင်းနေသည့် ကျားတစ်ကောင်အလားဖြစ်သည်။ သူက
ချူးယွင်ဖန်းကို သိုးလေးတစ်ကောင်လို ဆက်ဆံခဲ့မိသည်မှာ ရယ်စရာကောင်းလှသည်။
ကျိုးဝမ်ဘင်း က စကားဆုံးသည်နှင့် ချက်ချင်းခုန်ပျံလာသည်။ သူသည် မိုးကြိုးနှင့်တူပြီး
ရုတ်ချည်းဆိုသလို ချူးယွင်ဖန်းကို ခုန်အုပ်သည်။ သူ့လက်ထဲမှာ ပေါ်လာသော ဓားက ချူးယွင်ဖန်းကို
ရက်စက်စွာ ခုတ်ပိုင်းပစ်သည်။
ချူးယွင်ဖန်း တွေးထားသလိုပင် ကျိုးဝမ်ဘင်း မှာအင်အားအနည်းငယ်ကျန်သေးပြီး သူ၏
တိုက်ခိုက်နိုင်သည့် စွမ်းရည်များအားလုံး မကုန်ဆုံးသေးပေ။
အပိုင်း (၁၇၄)- ကျိုးဝမ်ဘင်း ကို ရှင်းလင်းသုတ်သင်ခြင်း
ချူးယွင်ဖန်းသည် အတွေ့အကြုံကြွယ်ဝသော အဆိပ်ပညာရှင်မဟုတ်သော်လည်း ဆေးဘုရင်၏
မှတ်ဥာဏ်များမှရရှိခဲ့သော ဗဟုသုတများကိုအခြေခံပြီး လူတစ်ဦး၏ အစွမ်းအစကို ဆုံးဖြတ်နိုင်သည်။
ကျိုးဝမ်ဘင်း က သူ့ကို အလစ်တိုက်ခိုက်ရန် လှုပ်ရှားနိုင်သည့် အစွမ်း မရှိ သယောင်ဟန်ဆောင် နေခြင်း ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက ထိုလှည့်ကွက်မျိုးကို အငိုက်မိရန် မဖြစ်နိုင်ပေ။ ထိုအစား သူက အခြေအနေကို ရုတ်ချည်းဆိုသလို နားလည်သဘောပေါက်ပြီး ကျိုးဝမ်ဘင်း ၏ ခန္ဓာကိုယ်ရှိ နက်နဲသောနေရာများထိ အဆိပ်ပျံ့နှံ့မည့်အချိန်ကို စောင့်ဆိုင်းနေသည်။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးအကဲခတ်ကြသည်။ သူတို့စတင်မတိုက်ခင်ထဲက နှစ်ဦးအကြားမှာ
တိုက်ပွဲစတင်နေပြီးဖြစ်သည်။ ချူးယွင်ဖန်းက ကျိုးဝမ်ဘင်း ၏ ထက်မြက်မှုကိုမြင်ရပြီး သက်ပြင်းချ မိသည်။ သူ့ကို အလစ်ဝင်တိုက်ချိန်တွင် ကျိုးဝမ်ဘင်း က တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းများ ကို တည်တည်ငြိမ်ငြိမ်စဉ်းစားနိုင်သည်။ ချူးယွင်ဖန်းက ရလဒ်ကိုကြိုသိနေသောကြောင့် စိတ်ဓာတ် စစ်ဆင်ရေးတွင် အသာစီးရသည်ဟု ဆိုနိုင်သည်။ ကျိုးဝမ်ဘင်း ၏ အကြံအစည်များက ပျက်စီးတော့ မည်။
ထိုအချိန်မှာ ကျိုးဝမ်ဘင်း က သူ့ကို စတင်တိုက်ခိုက်လာသဖြင့် သူအကြာကြီး တွေးတောမနေပေ။
ဝှစ်! ဝှစ်! ဝှစ်
သူ၏ လှုပ်ရှားမှုများက ထိပ်ဆုံးအနေအထားမှာမရှိနေပေ။ ထို့ပြင် တစ်ခါတစ်ရံမှာ ချူးယွင်ဖန်းကြောင့်
ကျိုးဝမ်ဘင်း သည် နှေးကွေးနေသည်။ ဆေးစွမ်းက သူ့ခန္ဓာကိုယ်အတွင်းပိုင်းထိ ပျံ့နှံ့လာပြီး
သူ့လှုပ်ရှားမှုများကို သက်ရောက်လာသည်။ သူနှင့် တစ်ခါ တိုက်ခိုက်ခဲ့ဖူးသော ချူးယွင်ဖန်းက
ထိုအကြောင်းကို ကောင်းမွန်စွာသိနေသည်။ ထိုသို့ဆိုသော်ငြား ကျိုးဝမ်ဘင်း ၏ လှုပ်ရှားမှုများက
မြန်ဆန်နေဆဲဖြစ်သည်။
ဓားချက်တစ်ချက်က ချူးယွင်ဖန်းဆီသို့ တိုးဝင်လာသည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်း၏
တုံ့ပြန်မှုက မနှေးကွေးပေ။ သူလည်း အရိပ်မဲ့ဓားကို ထုတ်လိုက်သည်။ သူ၏ ဓားသည်
ကောင်းကင်ယံဆီသို့ ဖြိုခွင်းနိုင်ပြီး ချက်ချင်းဆိုသလို သူ့ကိုတိုက်ခိုက်လာသော ဓားကိုပိုင်းချပစ်သည်။
ချွမ်း!
ဓားအချင်းချင်း ထိရိုက်မိသံများပေါ်လာသည်။ ကျိုးဝမ်ဘင်း နှင့် ချူးယွင်ဖန်းက
အနည်းငယ်ယိုင်သွားပြီးနောက် သူ့ကိုယ်သူပြန်ပြီး ဟန်ချက်ထိန်းလိုက်သည်။ သူတို့နှစ်ဦးသည်
အနေအထားတူနေသဖြင့် ကျိုးဝမ်ဘင်း အံ့အားသင့်ရသည်။ သူ့မျက်ဝန်းအစုံက အံ့အားသင့်မှုအား
မဖုံးကွယ်နိုင်ပေ။ သူက အဆိပ်ခတ်ခံရပြီး အင်အားပြည့်မထုတ်သုံးနိုင်ပေ။ ဘာတွေပဲဖြစ်နေပါစေ သူက
ကပျက်ကချော် မပြုလုပ်ခဲ့ပေ။ ချူးယွင်ဖန်းက လွန်ခဲ့သောနှစ်ပတ်ကထက် အင်အားပိုကြီးမားလာသည် ဟု ခံစားမိသည်။ တစ်ဆင့်မြင့်တာမဟုတ်ဘဲ အနည်းဆုံး နှစ်ဆင့်လောက်မြင့်သွားပုံရသည်။ ထိုအချိန်မှာ သူမည်မျှ အံ့အားသင့်မလဲဆိုတာ တွေးကြည့်နိုင်သည်။
သို့သော် ထိုအကြောင်းကို အများကြီးတွေးတောနေဖို့ အချိန်မရှိပေ။ တန်စီယုနှင့် ဂေါင်ဟုန်ချီကလည်း
လျင်မြန်စွာတိုက်ခိုက်သည်။ သူတို့နှစ်ဦးသည် ခုခံနိုင်စွမ်းနည်းနေသော ကြေးစားအဖွဲ့ကို သတ်နေကြ သည်။ ထိုလူများကို အပြတ်ရှင်းဖို့ သိပ်မကြာတာမို့ သူ့အတွက်လည်း အချိန်သိပ် မရှိတော့ပေ။ ယခုအချိန်မှာ ချူးယွင်ဖန်းတစ်ဦးတည်း၏ တိုက်ခိုက်မှုကို ဖောက်ထွက်နိုင်လျှင် သူအသက်ရှင်နိုင် မည်။ သူ့ကို သုံးဦးတစ်ပြိုက်တည်း ဝိုင်းထားပါက သူလွတ်မြောက်နိုင်သည့်အခွင့်အရေး နည်းပါးတော့မည်။ ထိုအကြောင်းကိုတွေးမိပြီး သူသည် ချူးယွင်ဖန်းကို တဖွားဖွားပေါ်နေသော လူသတ်ချင်စိတ်ကြီးဖြင့် လှမ်းကြည့်သည်။
ရွှက်!
သူက လက်နှစ်ဖက်ဖြင့် ဓားကိုကိုင်ရင်း တစ်ဖန်ပြန်လည်တိုက်ခိုက်ပြန်သည်။ ချူးယွင်ဖန်း၏
မျက်နှာတည့်တည့်ကို ဦးတည်လာသောဓားချက်သည် မြန်ဆန်တိကျပြီး ရက်စက်သည်။
“ကောင်းတယ်..လာစမ်းပါ”
ချူးယွင်ဖန်းက နောက်ဆုတ်ရမည့်အစား ရှေ့ကိုတိုးလာသည်။ သူက မထိတ်လန့်ဘဲ ပျော်နေသည်။
ထိုကဲ့သို့ တိုက်ပွဲသည် သူ့အတွက် အလွန်အဖိုးတန်သည်။
ချွမ်း! ချွမ်း! ချွမ်း!
လေထဲမှာ ဓားအချင်းချင်းထိရိုက်မိသောအခါ မီးပွါးများလွင့်စင်လာသည်။ ထိုလက်နက်များမှ
ထွက်လာသော မီးပွါးများသည် ဆွဲဆောင်မှုရှိသော်ငြား ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ ပြယုဂ်ဖြစ်သည်။
နည်းနည်းလေးကွာဟရုံနှင့် သေခြင်းတရားဖြစ်သည်။
နှစ်ဖက်လုံး၏ တိုက်ခိုက်မှုများသည် မြန်သထက်မြန်လာသည်။ သူတို့တိုက်ခိုက်လေလေ စိတ်လှုပ်ရှား လေလေဖြစ်သည်။ ကျိုးဝမ်ဘင်း က အသက်ရှင်သန်ဖို့ အခွင့်အရေးရရန် သဲကြီးမဲကြီး တိုက်ခိုက် သည်။ သို့သော် ချူးယွင်ဖန်းကလည်း ပေါ့သေးသေးမဟုတ်ပေ။ ကျိုးဝမ်ဘင်း က ပိတ်ဆို့မှုကို ထိုးဖောက်ရန် မည်သည့်နည်းလမ်းကိုပဲရွေးနေပါစေ သူကလိုက်လံပိတ်ဆို့နိုင်သည်။ကျိုးဝမ်ဘင်း ၏ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုနှင့် တုံ့ပြန်နိုင်စွမ်းက ကျဆင်းလာသောအခါ
နှစ်ဖက်စလုံးသည် တိုက်ပွဲအတွေ့အကြုံနှင့် နည်းလမ်းများကိုအခြေခံပြီး ယှဉ်ပြိုင်ကြတော့သည်။
တိုက်ပွဲနည်းလမ်းများအရဆို ချူးယွင်ဖန်းက ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။ အမြန်နှုန်းနှစ်မျိုးသည်
ကွဲပြားသည်။သူသည် စက္ကန့်လေးတောင် မခြားဘဲ မတူညီသော ဓားသိုင်းနှစ်မျိုးကိုထုတ်သုံးသည်။
သို့သော် တိုက်ပွဲဝင်အတွေ့အကြုံအရဆို အသေအကြေတိုက်ပွဲများစွာကိုဆင်နွှဲခဲ့သော ကျိုးဝမ်ဘင်း ထက် ချူးယွင်ဖန်းက အနည်းငယ်နိမ့်ကျသည်။
သို့သော် အစပိုင်းတွင် ချူးယွင်ဖန်းမှာ အားနည်းချက်ရှိနေသည်။ သို့သော်လည်း ချူးယွင်ဖန်းက တိုက်ပွဲ အတွေ့အကြုံကို မှတ်နိုင်သည့်အမြန်နှုန်းကို မြင်ရသောအခါ ကျိုးဝမ်ဘင်း က ပိုမိုထိတ်လန့်လာသည် ။ ထိုအမြန်နှုန်းသည် ကြောက်စရာကောင်းလောက်အောင်မြန်ဆန်သည်။ အစပိုင်းမှာ ချူးယွင်ဖန်းတွင် ပြစ်ချက်များစွာမရှိနေပေ။ တိုက်ပွဲအတွင်း ကျိုးဝမ်ဘင်း ကို ဂရုတစိုက်လေ့လာကြည့်ပြီးနောက် သူ့ကိုယ်သူ ပြင်ဆင်ခဲ့သည်။ တိုက်ခိုက်ရင်းနှင့် ကိုယ်ပိုင်တိုက်ခိုက်နည်းလမ်းများကို အဆက်မပြတ် တိုးတက် အောင်ပြုလုပ်နိုင်သောလူကို တစ်ခါမှမတွေ့ဖူးပေ။တိုက်ပွဲက တဖြည်းဖြည်းပိုမိုပြီး ခက်ခဲလာ သည်။ ချူးယွင်ဖန်းတောင်မှ ရင်ဆိုင်ဖို့ခက်ခဲသည်အထိဖြစ်လာတော့သည်။
တဖြည်းဖြည်းနှင့် နှစ်ဖက်စလုံးသည် လက်ရည်တူမတတ် ဖြစ်လာသည်။ ချူးယွင်ဖန်းသည်အခြေအနေ ကို အသာစီးယူကာ ကျိုးဝမ်ဘင်း ကို အနိုင်ပိုင်းတော့သည်။ အချိန်ကြာလာသည်နှင့် အမျှ ကျိုးဝမ်ဘင်း ၏ ပြင်းထန်သောလှုပ်ရှားမှုများသည် ဆေးအစွမ်းကို သွေးများမှတစ်ဆင့်တစ်ကိုယ်လုံး ကိုပျံ့နှံ့စေပြီး သူ၏ အင်အားများကို ပိုမိုပြီး ယုတ်လျော့စေသည်။ ချူးယွင်ဖန်း၏
တိုက်ခိုက်မှုများကို ခုခံရန် အလွန်ခဲယဉ်းလာသည်။
ထိုအချိန်မှာ တန်စီယုတို့နှစ်ဦးသည် ကြေးစားအဖွဲ့ကိုရှင်းပစ်ပြီးနောက် တိုက်ခိုက်နေသော ချူးယွင်ဖန်း တို့နှစ်ဦးကို ဝိုင်းလိုက်ကြသဖြင့် ကျိုးဝမ်ဘင်း က ပိုမိုပြီး စိတ်ပျက်အားလျော့လာသည်။ လွတ်မြောက် နိုင်မည့် မျှော်လင့်ချက်မရှိတာကို မြင်ရပြီး ကျိုးဝမ်ဘင်း က ပိုမိုပြီး ရူးချင်လာသည်။ သူသည် ချောင်ပိတ် ရိုက်ခံရသည့် သားရဲကောင်တစ်ကောင်အလား ချူးယွင်ဖန်းဆီကို ကမူးရှုးထိုးပြေးဝင်လာ သည် ။ သို့သော်ငြား ချူးယွင်ဖန်းက တည်တည်ငြိမ်ငြိမ်နှင့် သူ့ကိုအသာစီးယူထားသည်။
ဂေါင်ဟုန်ချီက ဝင်ရောက်ပြီး ကူညီချင်သော်လည်း တန်စီယုက တားလိုက်သည်။
“သူတစ်ယောက်တည်း တိုက်ခိုက်ပါစေ။ ဒါက သူ့အတွက် ရှားပါးအခွင့်အရေးလေ။ ချီပင်လယ်အဆင့် ကျင့်ကြံခြင်းနဲ့ ရရှိခြင်းအဆင့်မှာရှိနေတဲ့ ကျွမ်းကျင်သူကို ဘယ်သူမှမတိုက်ခိုက်နိုင်ဘူး ” ဟု တန်စီယုကပြောသည်။ ထိုအချိန်မှာ ချူးယွင်ဖန်း ဘာတွေးနေမလဲဆိုတာ သူမသိနေသည်။ သူ့အတွက် ထိုအရာသည် တစ်သက်မှာတစ်ကြိမ်သာရသော အခွင့်အရေးဆိုတာသေချာသည်။
သူက ရရှိခြင်းအဆင့်မှာရှိနေသော ကျွမ်းကျင်သူနှင့် ရင်ဆိုင်နေရသော်လည်း သူက အခြေအနေကောင်း နေ သည် ဟု ခံစားမိသည်။ ထိုကဲ့သို့ အနေအထားနှင့်ကြုံတွေ့နေရသဖြင့် သူကခဏလေးတောင် စိတ် မအေးနိုင်ပေ။သူ၏ တိုက်ပွဲဝင်အတွေ့အကြုံများကို မှတ်ယူနိုင်စွမ်းကမြင့်တက်လာသည်ကို ခံစားမိ သည်။ ထောင့်စွန်းမှာကပ်နေသော ကျိုးဝမ်ဘင်း က သူသိသမျှ နည်းလမ်းအကုန်ထုတ်သုံးနေသည်။ ထိုအရာသည် ချူးယွင်ဖန်းကို ပညာများစွာရရှိစေသည်။
“မင်းကိုယ်မင်းလေ့ကျင့်ဖို့ ငါ့ကိုအသုံးချနေတာပဲ” ဟု ကျိုးဝမ်ဘင်း က ကြုံးဝါးသည်။
တန်စီယုနှင့် ဂေါင်ဟုန်ချီက ဘာမှမလုပ်ဘဲ သူ့ကို ချူးယွင်ဖန်းတစ်ဦးတည်းကဘာကြောင့်ရင်ဆိုင်ရတာ လဲဆိုတာ နောက်ဆုံးမှာ သဘောပေါက်သွားသည်။ ဤကလေးက သူအမြင့်ကိုရောက်ရန် သူ့အား လှေကားထစ်တစ်ခုသဖွယ် နင်းတက်နေသည်။
“ဟုတ်တယ်ဆိုလျှင်ရော” ဟု ချူးယွင်ဖန်းက ပြန်ဖြေမှုအပေါ် ကျိုးဝမ်ဘင်း က ဒေါသထွက်လာသည် ။ ရုတ်တရက်ဆိုသလို သူက ကြုံးဝါးပြီး သူ၏လက်မောင်းထဲတွင် အင်အားအကုန်လုံးကို စုစည်းပြီး ချူးယွင်ဖန်း ကို ခုတ်ချလိုက်သည်။ ထိုအရာသည် သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်သည်။ သူက ယခုချိန်ထိ ဖုံးကွယ်ထားခဲ့သည်။
“ခင်ဗျားက ခုမှ ဝှက်ဖဲကိုထုတ်တာပေါ့။ ကံဆိုးစွာနဲ့ နောက်ကျသွားခဲ့ပြီ။ စီးဆင်းမှုကို ဖြတ်ပိုင်းခြင်း ”
ချူးယွင်ဖန်းက ကြုံးဝါးပြီးနောက် ခပ်မြန်မြန်လှုပ်ရှားလိုက်သည်။ ထိုသိုင်းကွက်ကို ပြုလုပ်သည်နှင့်
ချက်ချင်းဆိုသလို သူ့ကိုယ်ထဲမှာရှိနေသော အင်အားများအားလုံးစုပ်ယူခံလိုက်ရသလိုဖြစ်သွားသည်။
ချွမ်း!
ရွှက်!
အရိပ်မဲ့ဓားသည် ကျိုးဝမ်ဘင်း ၏ လည်ပင်းကို ပိုင်းဖြတ်သောအခါ သွေးများက ဒလဟော စီးကျလာ သည်။ ကျိုးဝမ်ဘင်း က မယုံကြည်ခြင်းများစွာဖြင့် မျက်လုံးပြူးလာသည်။ သူ၏ ခန္ဓာကိုယ်က တလွန့်လွန့် လူးနေပြီးနောက်မြေကြီးပေါ်လဲကျသွားသည်။