← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အပိုင်း (၁၇၅)- အလောင်းတစ်လောင်းမှ မကျန်စေနှင့်

ချူးယွင်ဖန်းသည် အစွမ်းကုန်တိုက်ခိုက်ရန် အချိန်ကောင်းကိုစောင့်နေသည်ဟု ကျိုးဝမ်ဘင်း မတွေးဖူးပေ။ ခုနတုန်းက ကျိုးဝမ်ဘင်း ၏ ခွန်အားသည် ကျဆင်းလာပြီး သူ၏ စစ်မှန်စွမ်းအင် များလည်း ကစဉ့်ကလျားဖြစ်ခဲ့ရသည်။ သူသည် အင်အားအများကြီး မစိုက်ထုတ်နိုင်သော်လည်း သူ၏ ဓားသိုင်းသည် အမြဲလိုလို တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီး ပြစ်ချက်ဟူ၍ အများအပြားမရှိပေ။ အကယ်၍ ပြစ်ချက်ရှိလျှင်တောင်မှ ချူးယွင်ဖန်းက အသာစီးရပြီး အနိုင်ယူနိုင်မည့် ခွန်အားမရှိပေ။ ချူးယွင်ဖန်းက ထိုအခွင့်အရေးကို အကြာကြီးစောင့်နေခဲ့ရသည်။ သူက ကျိုးဝမ်ဘင်း ကို ပြတ်ပြတ်သားသား ဇီဝိန်ခြွေပေးနိုင်ခဲ့သည်။

“ဟူး..ဟူး…ဟူး”

ချူးယွင်ဖန်းက အသက်ခပ်ပြင်းပြင်းရှုရှိုက်နေသည်။ သူ အသုံးပြုခဲ့သော ဓားချက်သည် သူ့ခွန်အား၏

တစ်ဝက်ကျော်ကျော် ပမာဏကို ကုန်ခမ်းစေသည်။ သူက တည်တည်ငြိမ်ငြိမ်နှင့်ရင်မဆိုင်နိုင်သော

အနေအထားမဟုတ်သော်လည်း သူ၏ အင်အားအများအပြားကုန်ခမ်းသွားသလို ခံစားမိသည်။

ချူးယွင်ဖန်းက ထိုကဲ့သို့ စီးဆင်းဖြတ်တောက်ခြင်းကို သုံးခြင်းကို ဂေါင်ဟုန်ချီနှင့် တန်စီယုတို့ ဒီတစ်ကြိမ်မှ ပထမဆုံးမြင်ဖူးတာမဟုတ်ပေ။

သူက အို့ရန်ကိုလည်း ဒီတိုက်ကွက်သုံးပြီး အလဲထိုးခဲ့သည်။ သို့သော် သူက ထိုတိုက်ကွက်ကိုသုံးသော အကြိမ်တိုင်း သူတို့က အံ့အားသင့်ရမြဲဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း မှာ ချူးယွင်ဖန်း၏ အလျင်သည် အမြင့်ဆုံးအနေအထားကိုရောက်ရှိလာပြီးနောက် လျှပ်စီးကဲ့သို့ မြန်သောဓားချက်များက

တရစပ်လိုက်လာသည်။သူတို့ လိုက်မမှီသော ဓားချက်က အရာအားလုံးကို အဆုံးသတ်ပေးခဲ့သည်။

ထိုတိုက်ကွက်ကိုအသုံးပြုပြီးနောက် ပေးရမည့်အလျော်အစားလည်း မနည်းပေ။ သို့သော်

တိုက်ပွဲရလဒ်နှင့်ယှဉ်ပါက အသေးအဖွဲဖြစ်သွားတော့သည်။ သူတို့သာဆိုလျှင် ထိုအခွင့်အရေးကို

သေချာပေါက် ရယူမည်။

“မြေခွေးအိုကြီးက နောက်ဆုံးတော့ သေဆုံးခဲ့ပြီ” ဂေါင်ဟုန်ချီက သက်ပြင်းတစ်ချက်ချသည်။

သန့်စင်ခြင်းအဆင့်မှာရှိနေသော ကျွမ်းကျင်သူက သူတို့ကို အမှောင်ဘက်ခြမ်းမှ စောင့်ကြည့်နေခြင်းက

သူ့အတွက် သည်းမခံနိုင်လောက်သော ဖိအားတစ်ခုကိုဖြစ်ပေါ်စေသည်။ သူက အေးအေးဆေးဆေး

အိပ်မပျော်သလို စားလို့လည်း မဝင်ပေ။ ရရှိခြင်းအဆင့်မှာရှိနေသောသူက သူတို့အားလုံးကို

သတ်ပစ်ချင်ခဲ့သည်။နောက်ဆုံးအကြိမ်တုန်းက ကံကောင်းထောက်မစွာဖြင့် သေဘေးမှ

လွတ်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်တယ်။ ခုကစပြီး အရာအားလုံးပိုအဆင်ပြေပြီ။ ဒီလူ့အန္တရာယ်မရှိတော့ဘူးဆို ငါတို့ပိုပြီး

လုံခြုံပြီ”ဟု ချူးယွင်ဖန်းက ဆိုသည်။

“နင် ဒီတိုက်ပွဲကနေ အများကြီး ရလိုက်တယ်မလား” ဟု တန်စီယုက မေးမြန်းသည်။

“ဟုတ်တယ်။ တကယ့်ကို အများကြီးရတာ။ အထူးသဖြင့် ငါ့ရဲ့စစ်မှန်စွမ်းအင်ထိန်းချုပ်ခြင်းနဲ့

တိုက်ပွဲဝင်နည်းလမ်းတွေပေါ့…ငါက နောက်တစ်ဆင့်ဖြတ်ကျော်နိုင်ဖို့တောင်

သိပ်မလိုတော့တဲ့ပုံပဲ..နောက်ရက်အနည်းငယ်ဆိုရပြီ” ဟု ချူးယွင်ဖန်းက အရိပ်မဲ့ဓားကိုကိုင်ထားရင်း

ယုံကြည်ချက်ရှိစွာ ပြောသည်။

“ကောင်းတာပေါ့..မင်း ဖြတ်ကျော်နိုင်လျှင် အဌမအဆင့်ကိုရောက်ပြီ။ မင်းက ကျောင်းပေါင်းဆုံ တွေ့ဆုံပွဲ မှာ ပါရမီရှင်အားလုံးကို အလဲထိုးနိုင်တော့မယ်။ တွေးကြည့်တာနဲ့ကို ပျော်နေပြီ” ဟု ဂေါင်ဟုန်ချီက ပျော်ရွှင်စွာပြောသည်။ သူက ကမ္ဘာလောကကြီးကို အနိုင်ပိုင်းမည့်လူမဟုတ်သော်ငြား ချူးယွင်ဖန်းက လုပ်နိုင်မည့်အပေါ် သူပျော်ရွှင်ရသည်။

“ငါတို့ အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ဆဆ နေလို့တော့မရဘူး။ ငါတို့ရဲ့ နောက်ဆုံးပန်းတိုင်ကကောလိပ် ဝင်ခွင့်စာမေးပွဲမလား။ မင်းတို့တွေ သုန့်ဖန်ဟောင်ကို သိတယ်ဟုတ်။ သူက အရင်လတွေထဲက

စွမ်းအင်ဖြည့်တင်းခြင်းအဆင့်ကိုရောက်နေခဲ့တာ။ ငါတို့က အဲ့ဆင့်ထိ မရောက်သေးဘူးလေ” ဟု

ချူးယွင်ဖန်းက ပြောသည်။သူက ပန်းတိုင်ကိုသိသဖြင့် ဂေါင်ဟုန်ချီလောက်တော့ စိတ်မလှုပ်ရှားပေ။

သူက စွမ်းအင်ဖြည့်တင်းခြင်းအဆင့်ကိုရောက်ရန် အများကြီးလိုနေသေးသည်ဆိုတာလည်း သိနေသည်။

“သေစမ်း..သုန့်ဖန်ဟောင်က တော်လှချည်လား။ အဲ့လိုလူမျိုးပေါ်လာလျှင် ငါတို့လူသားတွေကလည်း

မျိုးဆက်အလိုက် တဖြည်းဖြည်း အင်အားကြီးမားလာကြတယ်။ သူလိုလူက ခွန်လွန်းခေတ်မှာဆို

ရရှိခြင်းအဆသ့်ကိုရောက်ဖို့ တစ်နှစ်တောင် လိုမှာမဟုတ်ဘူး။ မွေးရာပါ ထူးချွန်အဆင့်က သူ့အတွက် တောင်ဖြစ်နိုင်တယ်။ အဲ့လိုသာဆို သူက ပြည်ထောင်စုတက္ကသိုလ်ကိုဝင်ခွင့်ရတယ်ဆိုပါစို့။ သူက ထိပ်တန်းကျောင်းသားဖြစ်ပြီးတော့ ဆရာအားလုံးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ပါရမီရှင် မွန်းစတားတစ်ကောင် ဖြစ်လာတော့မယ်” ဟု ဂေါင်ဟုန်ချီက ဆိုသည်။

သူက ထိုကဲ့သို့ ပါရမီရှင်မျိုးကို အညံ့မခံလိုသော်ငြား သုန့်ဖန်ဟောင်က သူမျှော်လင့်ထားသည်ထက်

ပိုတော်နေသည်။ ပါရမီရှင်ဆိုပါက သုန့်ဖန်ဟောင်လို လူမျိုးသာဖြစ်ရမည်။

မူလတန်းကျောင်းမှ အထက်တန်းကျောင်းထိ အားလုံးက သူ့ကိုသိကြသည်။ သူ၏ နာမည်ကို

ကြားရလွန်းသဖြင့် သူတို့၏ နားများပေါက်ထွက်မတတ်ဖြစ်ရသည်။

“မင်း မကြိုးစားဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ။ အစတည်းက အရှုံးပေးနေလျှင် မျှော်လင့်ချက်ဆိုတာ

မရှိတော့ဘူး” ဟု ချူးယွင်ဖန်းက ဆိုသည်။

“ကောင်းပြီ..အာ့ဆို မင်းကိုရော သူ့ကိုရော ဂရုမစိုက်တော့ဘူး” ဟု ဂေါင်ဟုန်ချီက ပြန်ပြောသည်။

တစ်ယောက်ယောက်က ထိုစကားမျိုးပြောလာလျှင် ရူးနေသည်ဟု သူထင်မြင်မိလိ့မ့်မည်။ သို့သော်

ထိုလူက ချူးယွင်ဖန်းဖြစ်နေတာမို့ တခြားအဓိပ္ပါယ်တစ်မျိုးကောက်ချက်ချနိုင်သည်။ ချူးယွင်ဖန်းသာဆို

ဖြစ်နိုင်သည်ဟု ဂေါင်ဟုန်ချီခံစားမိသည်။

“ကဲကဲတော်ပြီ။ မြန်မြန်သွားကြစို့။ သိပ်မကြာခင် မွန်းစတားတွေရောက်လာတော့မယ်” ဟု တန်စီယုက

ပြောသည်။ တိုက်ပွဲပြီးတာ အနည်းငယ်ကြာပြီမို့ သတိထားမိသော မွန်းစတားများက ရောက်ချလာတော့ မည် ဖြစ်သောကြောင့် သူတို့နောက်ဆုတ်ရန် အချိန်ကောင်းဖြစ်သည်။

“ကောင်းပြီ။ မင်းတို့အရင်သွားကြ။ ငါ နောက်မှာချန်နေပြီး ရှင်းလင်းလိုက်ဦးမယ်” ဟု

ချူးယွင်ဖန်းကပြောသည်။

“ကောင်းပြီ။ ဒါဆို ငါတို့အရင်သွားနှင့်မယ်။ နောက်ကမြန်မြန်လိုက်လာခဲ့” ဟု ဂေါင်ဟုန်ချီက

မဆိုင်းမတွပြန်ဖြေသည်။

သူတို့နှစ်ဦးထွက်သွားပြီးနောက် ကြေးစားအဖွဲ့၏ လက်နက်ကိရိယာများကို လိုက်လံသိမ်းဆည်းသည်။

ယခင်ကဆို ထိုလက်နက်များနှင့် ဘာလုပ်ရမည်ဆိုတာ မသိခဲ့ပေ။ သူနှင့်အတူ လက်နက်များစွာ သယ်သွားရန်လည်း သူ့အတွက် အဆင်မပြေပေ။

သို့သော် ယခုအခါမှာတော့ အခြေအနေများမတူတော့ပေ။ သူသည် တောင်မြစ်ပန်းချီကားကို ဖွင့်ကာ လက်နက်များနှင့် ဝတ်ရုံများ အားလုံးကို ထိုအထဲမှာ သိမ်းဆည်းနိုင်သည်။ သူက မြို့ကို ပြန်ရောက်လျှင် ထိုအရာများကို စွန့်ပစ်ရန် နည်းလမ်းရှာရမည်။ ထိုအရာများသည် သုံးပြီးသား ပစ္စည်း များဟု ဆိုသော်ငြား အကောင်းပကတိအတိုင်းရှိနေသေးသည်။ သူတို့က လက်နက်များနှင့် ဝတ်ရုံများကို သူတို့၏ အသက်တမျှ ရိုရိုသေသေကိုင်တွယ်ကြသည်။ ထိုလက်နက်များသည် သူတို့၏ အသက်ကို

တောထဲမှာကယ်တင်ပေးမည့် ပစ္စည်းများဖြစ်တာမို့ တစ်ခုချင်းစီကို သေသေချာချာ ထိန်းသိမ်း စောင့်ရှောက် ထားကြသည်။ ထိုအရာများစွာကို ရောင်းချနိုင်တော့မည်။

ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးနောက် ချူးယွင်ဖန်းလည်း ခပ်သွက်သွက်ထွက်လာခဲ့သည်။ သူက

တန်စီယုနှင့် ဂေါင်ဟုန်ချီ၏ နောက်ကိုလိုက်လာခဲ့သည်။ တစ်ခဏအကြာမှာ ညအမှောင်ထဲတွင်

အနက်ရောင်အရိပ်များပေါ်လာသည်။ သူတို့အားလုံးသည် မွန်းစတားများဖြစ်ကြသည်။ သွေးနံ့ရသဖြင့်

အပြေးအလွှားရောက်လာကြခြင်းဖြစ်သည်။ သူတို့သည် သာမန်သတ္တဝါများထက် အနံ့ခံအာရုံတွင်

ပိုမိုထက်မြက်ကြသည်။

ခဏလေးအတွင်းမှာ ကျိုးဝမ်ဘင်း နှင့် ကြေးစားအဖွဲ့၏အလောင်းများအားလုံးကို သုံးဆောင်ပြီး ဖြစ်သွားကြတော့သည်။ သူတို့သည် မိုးခြိမ်းသံတစ်မျှ အော်ဟစ်ကြသည်။ အလောင်းတစ်လောင်းမှ မကျန်ဘဲ သွေးအိုင်များသာကျန်နေခဲ့သည်။ ထိုအရာမျိုးသည် တောထဲမှာ တွေ့နေကျ မြင်ကွင်း ဖြစ်သည်။ မည်သူမှ ဂရုမစိုက်မိပေ။ သူတို့က တောထဲမှာရှိနေတယ်ဆိုကတည်းက ပိုက်ဆံအများကြီး ရှာနိုင်ဖို့သာ ပြင်ဆင်ထားကြသည်။

ကျိုးဝမ်ဘင်း နှင့် လုံးဝ အဆက်အသွယ်ပြတ်နေခြင်းက တန်ဒါအုပ်စုတစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေ၈သည်။ ကြေးစားတစ်ဖွဲ့ပျောက်ပါက နောက်ထပ်တစ်ဖွဲ့ကို ချက်ချင်းငှါးနိုင်သည်။ သို့သော် ပျောက်နေသောသူသည် သစ္စာရှိပြီး ဝါရင့်သမ္ဘာရင့် ပညာရှင် ကျိုးဝမ်ဘင်း ဖြစ်နေသည်။ ထိုကဲ့သို့ ပျောက်ဆုံးနေခြင်းက ပြသနာကြီးတစ်ခုဖြစ်သည်။

ရရှိခြင်းအဆင့်မှာရှိနေသော ကျွမ်းကျင်သူကို ရရန်ခဲယဉ်းလှပြီး တစ်ခြားတစ်ဦးနှင့် ပေါင်းစည်းလုပ်ကိုင် ရတော့မည်။ သူတို့ယုံနိုင်သောသူက အနည်းငယ်သာရှိသည်။ ကြီးကြပ်မည့်သူမရှိလျှင် တန်ဒါအုပ်စု အနေဖြင့် ရှားပါးသောဆေးမြစ်များကို ဘယ်လိုလုပ်ရနိုင်တော့မည်နည်း။

ထိုအရာက ပြသနာကြီးတစ်ခုဖြစ်သည်။

ထိုညမှာ တစ်စုံတစ်ယောက်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်ပေ။

အပိုင်း (၁၇၆)- ချီပင်လယ် အဌမမြောက်အဆင့်

မြို့ပျက်ကြီး၏ ထောင့်တစ်ခုမှာ မဟူရာမြေခွေးအုပ်စုလိုက်သည် နှင်းတောထဲတွင် ခြေရာများကို ချန်ထားရင်း အသံတိုးတိုးလေးဖြင့်ဟိန်းဟောက်နေကြသည်။ သူတို့သည် လူတစ်ဦးကိုဝိုင်းထားပြီး တိုက်ခိုက်ကြသော်လည်း ထိုလူက သူတို့ထံမှ ထွက်ပြေးလွတ်မြောက်လာသည်။

ထိုပုဂ္ဂိုလ်သည် တိုက်ကွက်များစွာသုံးသော်လည်း သူတို့က တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ကြသည်။

သူ၏ စစ်မှန်စွမ်းအင်သည် အံ့မခန်းဖြစ်သည်။ ထိုကဲ့သို့ ပြင်းထန်သောတိုက်ပွဲမှာတောင်မှ သူ၏

အင်အားသည်မယုတ်လျော့သွားဘဲ တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။ ထိုသူသည် တောထဲမှာ

သာသာယာယာလမ်းလျှောက်ထွက်လာသည့် အလား အေးဆေးတည်ငြိမ်လှသည်။

သူ၏ ရှေ့မှာရှိနေသော မဟူရာမြေခွေးများသည် တခြားသောမွန်းစတားများထက် ကြောက်စရာကောင်း သည်။

တပ်မှူးအဆင့် မဟူရာမြေခွေး!!

မဟူရာမြေခွေးအများစုသည် ချီပင်လယ်အဆင့်မှာရှိကြသည်။ တပ်မှူးအဆင့် မဟူရာမြေခွေး တစ်ကောင်သည် ချီပင်လယ်အဆင့်၏ အမြင့်ဆုံးအနေအထားနှင့် ညီမျှသည်။ မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိနေသော မဟူရာမြေခွေးတစ်ကောင်ပေါ်လာပါက ထိုဒေသမှာရှိသောမြေခွေးအုပ်စု၏ ဘုရင်တစ်ပါးဖြစ်ရမည်။ ထိုမြေခွေးသည်မဟူရာမြေခွေးပေါင်းများစွာကို အမိန့်ပေးနိုင်သည်။

ထိုတပ်မှူးအဆင့် မဟူရာမြေခွေးနှင့် ရင်ဆိုင်နေရသောသူသည် အခြားသူမဟုတ်။

ချူးယွင်ဖန်းဖြစ်နေသည်။သူသည်ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း ပုံရိပ််ကိုးသွယ်ရွေ့လျားခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း နည်းစနစ်များကို လှည့်ပတ်သုံးနေသည်။ သူသည် ထိုသိုင်းသုံးကွက်ကို တစ်လှည့်စီသုံးပြီး သူ၏ တိုက်ကွက်များက အံ့မခန်းဖြစ်သည်။ ထို့ကြောင့်ပင် သူသည် မဟူရာမြေခွေးများစွာရှိနေသော လူသူပျက်လှသည့် နေရာကို ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ သူသည် တပ်မှူးအဆင့်မဟူရာမြေခွေးနှင့်ပင် ရင်ဆိုင်နိုင်သည်။

ထိုတပ်မှူးအဆင့် မဟူရာမြေခွေးသည် ချီပင်လယ်အဆင့်၏ အမြင့်ဆုံးအနေအထားမှာရှိသည်။

ယခုလက်ရှိ ချူးယွင်ဖန်းနှင့် ယှဉ်ပါက သူက အနည်းငယ်အားကောင်းသည်။ သို့သော် ချူးယွင်ဖန်း၏

သိုင်းကွက်များသည် ထူးခြားလှသည်။ ထိုတပ်မှူးအဆင့် မဟူရာမြေခွေးက မည်မျှပင် ခုန်အုပ်နေပါစေ

ချူးယွင်ဖန်း၏ အဝတ်စအစွန်းလေးကိုတောင်မှ မထိနိုင်ပေ။

ဆန့်ကျင်ဘက်အနေနှင့် ချူးယွင်ဖန်းက သူ၏ ဓားဖြင့်တန်ပြန်တိုက်ခိုက်သောအခါ

ထိုတပ်မှူးအဆင့်မဟူရာမြေခွေးကို ထပ်ခါထပ်ခါဒဏ်ရာရစေသည်။

ဝေါင်း!

ဝေါင်း!

ဝေါင်း!

ထိုမြေခွေးသည် ဒေါသတကြီး ဟိန်းဟောက်သည်။ ထိုခြေနှစ်ချောင်းနှင့် သတ္တဝါကို ကိုက်စားနိုင်မည်ဟု

ထင်သော်လည်း တကယ့်လက်တွေ့မှာ သူ့ရှေ့မှာရှိနေသော ထိုလူကို ဒဏ်ရာတစ်ချက်လေးတောင်

မဖြစ်စေပေ။

ချူးယွင်ဖန်းသည်လည်း ဝေဝါးနေသည်။ ရက်အနည်းငယ်ကြာပြီးနောက် သူ့ထံကို ဖြတ်ကျော်နိုင်မည့် အခွင့်အရေးကိုရခဲ့သည်ဟု ခံစားမိသည်။ ဒီတစ်ကြိမ်မှာတော့ သူက သီးသန့်နေထိုင်ပြီး ကျင့်ကြံဖို့တောင် မလိုပေ။ အကြောင်းရင်းမှာ လွန်ခဲ့သောရက်အနည်းငယ်အတွင်းက အဆက်မပြတ်တိုက်ခိုက်မှုကြောင့် အဌမမြောက်အဆင့်ကိုဖြတ်ကျော်နိုင်မည့် အခက်အခဲများသည်လည်း ပြိုလဲမတတ်ဖြစ်နေသည်။ သူသည် အဌမမြောက်အဆင့်ကို အချိန်မရွေးတက်လှမ်းနိုင်သည်။ ထို့ကြောင့် သူသည် သီးသန့်ကျင့်ကြံဖို့ မလိုပေ။ သူကသာမန်ကျင့်ကြံရုံဖြင့် အဌမမြောက်အဆင့်ကိုအချိန်မရွေးတက်လှမ်းနိုင်သည်။

သူက အဌမမြောက်အဆင့်ကိုရောက်ခါနီးပြီဟု ခံစားလာမိသည်။ သူက အနည်းငယ်ကြိုးစားရုံဖြင့်

အဌမမြောက်အဆင့်ကို ဝင်ရောက်နိုင်တော့မည်။ သူက အလွန်သိချင်စိတ်ပြင်းပြသောအနေအထား မှာရှိနေသည်။ ထိုအခြေအနေမှာ သူက အတွေ့အကြုံများကို မှတ်မိနိုင်စွမ်းသည် သာမန်အနေအထား ထက် များစွာသာလွန်နေသည်။ တပ်မှူးအဆင့်မဟူရာမြေခွေးတောင်မှ သူ့ကို မထိနိုင်ပေ။

သိပ်မကြာခင်မှာ အရာအားလုံးပြီးဆုံးခဲ့တော့သည်။

တိုက်ပွဲပြီးဆုံးခါနီးမှာ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည် မဟူရာမြေခွေးတစ်ကောင်၏ အာရုံကိုဖမ်းစားပြီး

သတ်လိုက်ပြီးနောက် တိုက်ပွဲရင်ဆိုင်နေသော ချူးယွင်ဖန်းကိုရပ်စောင့်နေကြသည်။ သူတို့က ချူးယွင်ဖန်း ကို သတိပေးလိုက်သည်။ သူသာ တစ်ခုခုမှားယွင်းခဲ့လျှင် သူတို့က အချိန်မီမကယ်တင်နိုင် မည်ကို တွေးပူနေကြသည်။

“သူက ကောင်းကင်ကို ဆန့်ကျင်နေပြန်ပြီ။ သူက ချီပင်လယ်ရဲ့ အမြင့်ဆုံးအဆင့်မှာရှိနေတဲ့ တပ်မှူး အဆင့်မဟူရာမြေခွေးနဲ့ သွားဆော့နေပြန်ပြီ” ဟု အဝေးတစ်နေရာမှာရှိနေသော ချူးယွင်ဖန်းကို ကြည့်ရင်း စိုးရိမ်တကြီးလေသံဖြင့်ပြောသည်။

သူ့အနေအထားနှင့်ဆို ထိုအခြေအနေကို အပြီးသတ်မရင်ဆိုင်နိုင်ပေ။ ချူးယွင်ဖန်း၏ သိုင်းကွက်များက

သန်မာလှသဖြင့် ထိုအခြေအနေကိုရင်ဆိုင်နိုင်ခြင်းဖြစ်သည်။ ထိုနေရာမှာ ဂေါင်ဟုန်ချီသာဆို

ခုန်အုပ်ခံရပြီး အစားခံနေရပြီဖြစ်သည်။

တန်စီယုက ခေါင်းညိမ့်ပြရင်း “သူ အောင်မြင်တော့မယ်။ ဒီတိုက်ပွဲက သူလိုချင်တဲ့အရာပဲလေ။ ဒီမြေခွေး က ပေးတဲ့ ဖိအားကိုအသုံးချပြီး အဌမအဆင့်ကိုဖြတ်ကျော်နိုင်ဖို့ကြိုးစားတာက အကောင်းဆုံးပဲဖြစ် တယ်” ဟု ဆိုသည်။

“ဟား..ကျောင်းပေါင်းစုံတွေ့ဆုံပွဲကို ရုတ်တရက်ကြီး သွားချင်လာပြီ။ ယွင်ဖန်းက တခြားကျောင်းက

ကောင်တွေကို အလဲထိုးအနိုင်ယူတာကို မြင်ချင်လှပြီ” ဟု သူ့ရှေ့မှာရှိနေသော မဟူရာမြေခွေး တစ်ကောင်ကို လှံတံဖြင့်အသေထိုးသတ်ပြီးနောက် ပြောသည်။

“ကိုယ့်ကိုကိုယ်ပဲ တွေးပူကြတာပေါ့။ ရက်က နည်းနည်းပဲကျန်တော့တာ။ ငါတို့လည်း ဖြတ်ကျော်နိုင်ဖို့

တစ်ဆင့်ပဲလိုတော့တယ်။ ခုချိန်မှာ ငါစဉ်းစားနေတာက ငါတို့ကိုယ်ငါတို့အန္တရာယ်အဖြစ်ခံလိုက်ပြီး

ဖြတ်ကျော်နိုင်ဖို့ တွန်းအားပေးကြမယ်” ဟု သူမ၏ရှေ့မှာရှိနေသော မဟူရာမြေခွေးတစ်ကောင်ကို

သတ်ပစ်ရင်းပြောသည်။

ချူးယွင်ဖန်းလည်း အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့ တစ်ဆင့်ထဲလိုတော့သလို သူတို့မှာလည်း ထိုကဲ့သို့

အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်။ တန်စီယုသည်လည်း ချီပင်လယ်အဌမအဆင့်ရောက်ရန်

တစ်ဆင့်သာလိုတော့သလို ဂေါင်ဟုန်ချီသည်လည်း သတ္တမအဆင့်တက်လှမ်းနိုင်ဖို့လိုနေသေးသည်။

ဤဆောင်းရာသီပိတ်ရက်ကာလတွင် အဖြစ်အပျက်များစွာကြုံတွေ့ရပြီးနောက်

အများကြီးတိုးတက်လာကြသည်။

သူတို့စကားပြောတာပြီးဆုံးသောအခါ ချူးယွင်ဖန်းက ထအော်လိုက်သည်။သူကိုယ်ထဲမှာရှိသော

စစ်မှန်စွမ်းအင်များ တုန်ခါလာကြပြီး သူ့လှုပ်ရှားမှုများက ပြန်လည်မွေးဖွားလာသလို ထင်ရသည်။

သူသည် နောက်တစ်ဆင့်ကိုရောက်ရှိခဲ့ပြီဖြစ်သည်။ သူ၏ ဓားသိုင်းသည် ပိုမိုမြန်ဆန်ပြီး စူးရှလာကာ

ပိုပြီး ကြောက်စရာကောင်းလာတော့သည်။ နှစ်လှမ်း သုံးလှမ်းဖြင့် သူ့ရှေ့မှာရှိနေသော တပ်မှူးအဆင့်

မဟူရာမြေခွေးကိုအနိုင်ယူလိုက်တော့သည်။

ယခင်က သူ၏ ဓားချက်များသည် မြေခွေး၏ ခန္ဓာကိုယ်မှာ သေရာပါသော ဒဏ်ရာအမှတ်အသားကို

ဖြစ်စေလျှင် ယခုလက်ရှိ သူ၏ ဓားချက်များက မြေခွေး၏ အရိုးများကိုပါ ပိုင်းဖြတ်လာနိုင်သည်။

“စီးမြောမှုကို ဖြတ်တောက်ခြင်း”

ချူးယွင်ဖန်းက အားပါးတရအော်ဟစ်သည်။ သူ၏ပုံရိပ်သည် မဟူရာမြေခွေးတပ်မှူး၏ ဘေးနားမှာ

ချက်ချင်းပေါ်လာသည်။ သူ့ကိုယ်ထဲရှိ အင်အားအကုန်လုံးကို အရိပ်မဲ့ဓားဆီကိုပေါင်းစည်းပြီး

ခုတ်ပိုင်းချလိုက်သည်။

သွေးစိမ်းများပန်းထွက်လာပြီး မဟူရာမြေခွေးတပ်မှူးလည်း နှစ်ပိုင်းပြတ်သွားသည်။ ထို ခန္ဓာကိုယ်

နှစ်ပိုင်းသည် မြေပြင်ပေါ်မှာ ခဏကြာလူးလွန့်ပြီးနောက် ငြိမ်သက်သွားရသည်။ သူတို့၏ ခေါင်းဆောင် ဖြစ်သူ မဟူရာမြေခွေးတပ်မှူးအသတ်ခံရသည်နှင့်တစ်ပြိုက်နက် မြေခွေးများအားလုံးလည်း အလန့်တကြား ဖြစ်ပြီး ဆက်ပြီးမနေရဲကြတော့ပေ။

“ဟား ဟား ယွင်ဖန်း မင်းနောက်ဆုံးတော့ ဖြတ်ကျော်နိုင်ပြီ” ဟု ဂေါင်ဟုန်ချီက ပြောသည်။

“ဟုတ်တယ်..ငါ အဌမအဆင့်ကိုဖြတ်ကျော်နိုင်ခဲ့ပြီ” ဟု ချူးယွင်ဖန်းက ဓားကိုချပြီးပြောသည်။

တိုက်ပွဲဝင် အစွမ်းအရဆို သူသည် စွမ်းအင်ဖြည့်တင်းခြင်းအဆင့်မှာရှိနေသောလူနှင့် ရင်မဆိုင်ရပါက

အကြောက်အလန့်မရှိပေ။ ထိုအရာကို ချီပင်လယ်အမြင့်ဆုံးအဆင့်မှာရှိနေသော မဟူရာမြေခွေးတပ်မှူး ကို တိုက်ကွက်အနည်းငယ်သုံးပြီး ဇီဝိန်ခြွေနိုင်ခြင်းကို ကြည့်ခြင်းဖြင့်သိနိုင်သည်။ ယခုတော့ သူသည် ယခင်ကထက် ပိုပြီး အင်အားကြီးမားလာသည်။

“သွားကြစို့ ရက်အနည်းငယ်ပဲကျန်တော့တာ။ မင်းတို့ ဖြတ်ကျော်နိုင်ဖို့ ငါကူညီပါ့မယ်” ဟု

ချူးယွင်ဖန်းက ပြောသည်။

“ငါတို့အစွမ်းတွေကို ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ကြွားကြတာပေါ့”

မျက်တောင်တစ်ခတ်အတွင်းမှာ ကျောင်းပေါင်းစုံတွေ့ဆုံပွဲအခမ်းအနားသည် တဖြည်းဖြည်းချင်း

နီးကပ်လာတော့သည်။

အပိုင်း (၁၇၇)- သုံးယောက်အဖွဲ့၏ ဖြတ်ကျော်မှုနှင့် မြို့ကိုပြန်လာခြင်း

“နောက်ဆုံးတော့ ငါ ပြန်ရောက်ခဲ့ ပြီ” တည်ငြိမ်သမုဒ္ဓရာမြို့၏ နံရံပေါ်တွင် ခပ်ဝဝလူတစ်ဦးသည်

သူ့လှံတံကိုကိုင်ထားရင်း အော်ဟစ်နေသည်။ သူသည် နံရံကိုဖြတ်ကျော်နေသော လူအများစု၏အာရုံကို

ချက်ချင်းဆိုသလို ဖမ်းစားလိုက်နိုင်သည်။ သူ၏ ဘေးတွင် လူနှစ်ဦးက သူ့ကိုမသိသလိုပုံစံဖြင့်

ချက်ချင်းရှောင်ဖယ်သွားကြသည်။ ထိုအရာသည် ချူးယွင်ဖန်းတို့ သုံးဦးအဖွဲ့သည် မြို့ထဲပြန်ဝင်လာ ခြင်းဖြစ်သည်။

“နောက်ဆုံးမှာ ငါ့ရဲ့နွေးထွေးလှတဲ့ အိပ်ရာလေးဆီကိုပြန်လာနိုင်ခဲ့ပြီ” ဟု ဂေါင်ဟုန်ချီက ဆိုသည်။

သူတို့သည် တောထဲမှာ တစ်လကြာခဲ့ကြသည်။ တောထဲမှာရှိနေသောတစ်ချိန်လုံး ကောင်းမွန်စွာ မအိပ်စက်နိုင်ပေ။ ညတိုင်းလိုလို သူတို့စခန်းချသည့်နေရာကို မွန်းစတားများ၏ ရန်မှကင်းဝေးနိုင်ဖို့အရေး သုံးယောက်လုံးတစ်လှည့်ဆီ ကင်းစောင့်နေရသည်။ တစ်လကြာ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးနောက် ကျောင်းမဖွင့်ခင် လုံခြုံသောနေရာကိုပြန်လည်ရောက်ရှိလာကြသည်။

လွန်ခဲ့သောတစ်လကနှင့် ယှဉ်ပါက သူတို့၏ ပုံစံသည် အတော်လေးပြောင်းလဲလာခဲ့သည်။ သူတို့သည်

အခြားသူတစ်ဦးအဖြစ်ပြောင်းလဲသွားသလို ထင်ရသည်။ သူတို့သည် ကြမ်းတမ်းပြီး ဆုံးဖြတ်ချက် ပြတ်သားသော ပုံစံများအသွင်ကူးပြောင်းလာကြသည်။

တစ်လအတွင်းမှာ သူတို့၏ ခွန်အားများသည် အလွန်ပြောင်းလဲလာကြသည်။ သူတို့ထဲမှာ အထူးသဖြင့် ချူးယွင်ဖန်းက အသိသာဆုံးဖြစ်နေသည်။ လွန်ခဲ့သော တစ်လက သူသည် ချီပင်လယ်အဆင့်၏ ပဥ္စမအဆင့်မှာသာ ရှိနေခဲ့သော်လည်း ယခုအခါမှာ သူသည် အဌမအဆင့်ကိုရောက်ရှိလာခဲ့သဖြင့် သူသည် အဆင့်သုံးဆင့်လောက် မြင့်တက်လာခြင်းဖြစ်သည်။

ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည်လည်း နှစ်ဆင့်စီတိုးတက်လာခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်က

သူတို့နှစ်ဦးလုံးသည် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။ ဂေါင်ဟုန်ချီသည် သတ္တမအဆင့်ကို တက်လှမ်း နိုင်ခဲ့ပြီး တန်စီယုသည်လည်း အဌမအဆင့်ကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သည်။

“ကောင်းပြီ။ အိမ်ပြန်ပြီး ကောင်းကောင်းမွန်မွန်အနားယူလိုက်ပါ။ အရင်လကတကယ့်ကိုပင်ပန်းကြတာ”

ဟု ချူးယွင်ဖန်းက ပြောသည်။ “သဘက်ခါမနက် ကိုးနာရီမှာ ငါတို့တွေ ယုကိုင်အထက်တန်းကျောင်းမှာ

ဆုံကြမယ်”

“နှစ်ခေါက်တောင်ပြောစရာမလိုပါဘူးကွာ။ မနက်ဖြန်တော့ ငါနားပြီ။ အိမ်ကိုမြန်မြန်ပြန်ပြီး

အိပ်ရေးဝဝအိပ်ချင်တယ်” ဟု ဂေါင်ဟုန်ချီက စိတ်မရှည်စွာပြောသည်။

သူသည် ယာဉ်ပျံကိုစီးကာ မြို့ဆီသို့ ပျံသန်းလာခဲ့သည်။ မြို့နံရံနားမှာ တက္ကစီများစွာရှိသည်။ သူတို့

ပစ်မှတ်ထားသော ငှါးရမ်းသူများသည် တောထဲမှပြန်လာကြသော ကြေးစားများနှင့်

မွန်းစတားမုဆိုးများဖြစ်သည်။

“မင်းလည်းအိမ်ပြန်ပြီး အနားယူလိုက်ပါ” ဟု ချူးယွင်ဖန်းကဆိုသည်။ တန်စီယုက ချူးယွင်ဖန်းကို ကြည့်ပြီး “ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။ ချူးယွင်ဖန်းက ဒီကာလအတွင်း ကိစ္စအများကြီး ပြုလုပ် ခဲ့သည် ဆိုတာ တန်စီယုလက်ခံသည်။ချူးယွင်ဖန်း၏ လမ်းကြောင်းမှုနှင့် ကိုးပါးဂူစိတ်ဝိဥာဉ်ဆေး၏ အကူအညီကြောင့်သာ မဟုတ်ခဲ့လျှင် သူမက ထိုမျှလောက် မြန်မြန်ဆန်ဆန်တိုးတက်မည်မဟုတ်ချေ။ သူမကိုယ်သူမ အရည်အချင်းပြည့်ဝသည်ဟုထင်မိသော်လည်း သူမ၏ မိသားစုထံမှ ရရှိသောကျင့်ကြံခြင်း အရင်းအမြစ်များသည် မလောက်ငှပေ။ ပိုက်ဆံသည်လည်း ကျင့်ကြံခြင်းအတွက် အရေးပါသော အရင်းအမြစ်လေးခုထဲမှာတစ်ခုဖြစ်သည်။ ထိုအရာသည် သူမ၏ ကျင့်ကြံခြင်းအရှိန်ကို သေချာပေါက် မြှင့်တင်နိုင်သည်။

ယခုတော့ သူမသည် ထိုပြသနာကိုဖြေရှင်းရန် ချူးယွင်ဖန်းကို အားကိုးနေရသည်။

“ဟေး..ဘာလို့ ငါ့ကိုကျေးဇူးတင်ရတာလဲ။ ငါတို့က တစ်ဦးကိုတစ်ဦးကူညီကြတာပါ။

မင်းတို့နှစ်ဦးမပါလျှင် ငါလည်း အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး” ဟု ချူးယွင်ဖန်းက

ပြောသည်။

ဂေါင်ဟုန်ချီနှင့် တန်စီယု၏ အထောက်အပံ့သာမရှိလျှင် သူလည်း ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းက သူမ၏ပုခုံးကို ခပ်ဖွဖွပုတ်ကာ“ဒီလိုပြောဖို့မလိုပါဘူး” ဟုပြောသည်။

တန်စီယု၏ မျက်နှာနီမြန်းလာသည်။ သူမက ခေါင်းညိမ့်ပြပြီး ယာဉ်ပျံကိုစီးပြီးထွက်ခွါသွားသည်။

ချူးယွင်ဖန်းလည်း ကားငှါးပြီး လဝိဥာဉ်အိမ်ရာကိုပြန်လာခဲ့သည်။ သူပြန်ရောက်သောအခါ အိမ်ရာမန်နေဂျာသည်လည်း သူ့ဆီကိုလာလည်ခဲ့သည်။

“ကျွန်တော်ရှာခိုင်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးသိခဲ့ရပြီလား” ဟု ချူးယွင်ဖန်းကမေးသည်။

“အဆင်ပြေပါပြီ။ ကျောင်းဘက်က ဝင်ကြေး သုံးသန်းတောင်းလာပါတယ်” ဟု ပြန်ဖြေသည်။

ချူးယွင်ဖန်း၏ စိတ်ထဲကျိန်ဆဲမိတော့သည်။ ထိုအရာသည် ဓားပြတိုက်ခြင်းထက် ပိုဆိုးနေသည်။ ယခင်တုန်းက သူ့မှာထိုအကြောင်းကိုတွေးတောင် မတွေးဝံ့ပေ။သို့သော် ယခုတော့ သန်း၈၀ ဟူသော ပမာဏကိုရထားတာမို့ သူ့အတွက် ဘာမှမပြောပလောက်သော ပမာဏဖြစ်သည်။

အမြီးသုံးချောင်းမြေခွေးကို လေလံတင်ခြင်းမှ ရလာသော ပိုက်ဆံများအားလုံးသည် သူ၏ဘဏ်အကောင့် ထဲသို့ ရောက်ရှိလာခဲ့သည်။ နေဝန်းနီ၏ တတိယကလေးသည် ယုံကြည်ရပြီး ချူးယွင်ဖန်းကို စိတ်မပျက် စေပေ။

“ပွဲစားခက ဘယ်လောက်လဲ” ဟု ချူးယွင်ဖန်းက မေးသည်။ ထိုကိစ္စမျိုးအဆင်ပြေရန် အလယ်တွင်

ကုန်ကျစရိတ်များစွာရှိနေသည်။ “အနည်းဆုံးတော့ လေးသိန်းလောက်ကုန်ကျပါမယ်” ဟု

မန်နေဂျာကဖြေသည်။

“ဒါဆိုလည်း ကျွန်တော့်ဆီ အကောင့်ပို့ပေးလိုက်ပါ။ သုံးသန်းခွဲကို ခင်ဗျားဆီ လွှဲပေးလိုက်ပါ့မယ်။

ပိုတဲ့ပိုက်ဆံကို ခင်ဗျားရဲကြိုးပမ်းမှုကို ဆုချတဲ့အနေနဲ့ ယူလိုက်ပါ” ဟု ချူးယွင်ဖန်းက ပြောသည်။

“ကျေးဇူးတင်ပါတယ် မစ္စတာချူး..ကျေးဇူးတင်ပါတယ်”ဟု အိမ်ရာမန်နေဂျာက ဝမ်းပန်းတသာပြော သည်။ ထို တစ်သိန်းဟူသော ပမာဏသည် သူ လပေါင်းများစွာအလုပ်လုပ်မှ ရရှိသောပမာဏထက် များစွာကျော်လွန်နေသည်။ ချူးယွင်ဖန်းက ခေါင်းညိမ့်ပြလိုက်ပြီး မန်နေဂျာကလည်း ပြန်ထွက်သွား သည်။ ယခင်ကဆို သူ့ညီမလေးကို အမှတ်-၁အထက်တန်းကျောင်းကိုတက်ရန် မလုပ်ဆောင်ပေးနိုင်ပေ။ သို့သော် ယခုတော့ ငွေလမ်းခင်းရုံနှင့် အစစအရာရာအဆင်ပြေသည်။

ချမ်းသာကြွယ်ဝမှုက အလိုဆန္ဒအားလုံးကိုဖြည့်ဆည်းပေးနိုင်သည်ဟူသော အချက်သည် မှန်ကန်သည်။

ချူးယွင်ဖန်းက အွန်လိုင်းပေါ်တက်ပြီး သူစုဆောင်းခဲ့သော ကြေးစားအဖွဲ့၏ လက်နက်များနှင့်

ဝတ်ရုံများကို ရောင်းချသည်။ ပစ္စည်းများအားလုံးက အခြေအနေကောင်းသော်လည်း သုံးပြီးသား ပစ္စည်း များဖြစ်နေသည်။ ချူးယွင်ဖန်းက ထိုပစ္စည်းများကို အချိန်ယူပြီး တစ်ခုပြီးတစ်ခု မရောင်းချနိုင်ပေ။ သူသည် လက်နက်များနှင့် ဝတ်ရုံများအားလုံးကို ငါးသန်းဖြင့်ရောင်းချသည်။

ထို့နောက် မနက်ဖြန်တွင် သူ၏အိမ်ကို သူ့မိဘများနှင့် ညီမလေးက လာလည်မှာမို့ အိမ်ရှင်းသည့် ကုမ္ပဏီကိုအပ်လိုက်တော့သည်။ အရာအားလုံး ပြီးစီးသောအခါညဘက်အတော်မှောင်နေခဲ့ပြီဖြစ်သည်။

ညဘက်က တိတ်တဆိတ်ကုန်ဆုံးခဲ့သည်။ နောက်တစ်နေ့မနက်တွင် လေဆိပ်ကိုသွားပြီး သူ၏ မိဘနှင့်

ညီမလေးတို့ကိုသွားကြိုသည်။ “ ဝိုး..ကိုကို ညီမလေးတို့က ခုကစပြီး ဒီမှာပဲနေရတော့မှာပေါ့” ဟု

ချူးချင်ရွှမ်သည် အိမ်ကိုလှည့်ပတ်ကြည့်ပြီးနောက် ပြောသည်။

ဆယ်နှစ်ကျော်လောက် အကြောသေပြီးနောက် ချူးချင်ရွှမ်သည် လမ်းလျှောက်လာနိုင်တော့သည်။

သူမ၏ ခန္ဓာကိုယ်မှာ လျှပ်စစ်စီးဆင်းနေသလို သူမ၏ စွမ်းအင်များကလည်း ကုန်ခမ်းသွားသည်ဟူ၍

မရှိပေ။

“ဒီလို အရမ်းကောင်းတဲ့ အိမ်မျိုးကို အွန်လိုင်းပေါ်မှာပဲ မြင်ဖူးတယ်”

ချူးယွင်ဖန်းက ပျော်ပါးနေသောသမင်ငယ်လေးတစ်ကောင်နှင့်တူနေသော ချူးချင်ရွှမ်ကို လှမ်းကြည့် သည်။ သူမနှင့် သက်တူရွယ်တူကလေးများထက် အရပ်နိမ့်သော်လည်း သာမန်ကျန်းမာပျော်ရွှင်သော မိန်းကလေးတစ်ဦးနှင့် မခြားနားပေ။ သူက ကျေနပ်စွာပြုံးမိသည်။ သူ့ညီမလေးပြုံးပျော်နေတာကိုမြင် နေရသမျှ အရာအားလုံးက ထိုက်တန်သည်။သူကြိုးစားထားခဲ့သမျှအားလုံး အရာထင်လာခဲ့သည်။

“ဟုတ်တယ်။ ကိုကိုတို့ ခုကစပြီး ဒီမှာပဲနေကြတော့မှာ။ ထပြီး လိုက်ကြည့်ပါဦး။

ညီမလေးကြိုက်တဲ့အခန်းကို ယူနိုင်တယ်။ အခန်းဖွဲ့စည်းတဲ့ပုံစံကိုမကြိုက်လျှင် ပြန်ပြင်တဲ့စက်ရုပ်ကို

အခန်းကိုပြန်ပြီးဖွဲ့စည်းခိုင်းလိုက်မယ်” ဟု ချူးယွင်ဖန်းက လက်ကိုဝှေ့ရမ်းကာပြောသည်။

“ကိုကိုကြီးက သဘောကောင်းလိုက်တာ”

ချူးချင်ရွှမ်သည် သူမအလွန်ပျော်မှသာ “ကိုကိုကြီး” ဟူသော အသုံးအနှုန်းကို သုံးသည်။

အပေါ်ထပ်ကိုတက်ပြီး သူမစိတ်ကြိုက်အခန်းကိုရွေးတော့သည်။

ချူးယွင်ဖန်းကလည်း သူမိဘများကိုလှမ်းကြည့်သည်။ သူ့မိဘများကလည်း မျက်စိရှေ့မှာမြင်နေရသော

အိမ်ရာကို တအံ့တဩကြည့်နေကြသည်။ တစ်ချက်ကြည့်ရုံနှင့် ထိုအိမ်ရာသည် စျေးမပေါဘူးဆိုတာ

သိနိုင်သည်။

“ပါးပါး..မားမား အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ကြတာမလား။ စိတ်ကြိုက်အခန်းရွေးကြပါ” ဟု

ချူးယွင်ဖန်းက ဆိုသည်။ အိမ်ရာထဲတွင် အခန်းများစွာပါတာမို့ မလောက်ငှမှာကို စိတ်မပူချေ။

“ဒီအိမ်က စျေးကြီးတယ်မလား” သူ၏ မိခင်က မေးသည်။

“မားမားက ငြင်းမလို့လား။ ဒါက သားက မိဘတွေကို ကျေးဇူးပြန်ဆပ်တာပါ။ စိတ်မပူပါနဲ့ မားမား။

ဒီမှာပဲနေပါ။ ပြီးတော့ အရင်အိမ်မှာ ဆက်နေမယ်ဆို မွန်းစတားတွေနဲ့ဆက်ပြီးကြုံနေရဦးမှာပဲ”

တစ်ဖက်မှာတော့ ချူးဝမ်ချန်းသည် ထိုကိစ္စကိုလွယ်လွယ်ကူကူလက်ခံသည်။ သူ့အတွေးက ရိုးရှင်းသည်။

ဒီအရာက သူ့သားလေး၏ ကျေးဇူးသိတတ်မှုဖြစ်သည်။ သားသမီးက မိဘကို ကျေးဇူးဆပ်ခြင်းက

သဘာဝကျပါသည်။ သူ့သားလေးမှာ ကောင်းသောရည်ရွယ်ချက်များသာရှိတာမို့ သူက

ဘာလို့ငြင်းဆန်ပြီး သူ့သားနေရခက်စေရန် ပြုမူရမည်နည်း။ ချူးဝမ်ချန်း၏ တိုက်တွန်းနားချမှုကြောင့်

ယန်ရယွင်သည်လည်း နောက်ဆုံးမှာ အလွန်ကြီးကျယ်ခမ်းနားသော အိမ်ရာကိုလက်ခံရတော့သည်။

ညင်ညင်သာသာ လက်ခံတာမို့ ချူးယွင်ဖန်းကလည်း ခုမှ သက်ပြင်းချနိုင်တော့သည်။ ထိုညတွင် ချူးယွင်ဖန်းက တစ်ညလုံးနေပြီး အရက်သောက်နေသည်ကို ချူးဝမ်ချန်းတွေ့ရသည်။ သူ့သားလေးသည်

အရွယ်ရောက်ကြီးပြင်းလာသည်ကို မြင်ရသောအခါ စိတ်ထဲတစ်မျိုးခံစားမိသည်။ နောက်တစ်နေ့မနက် တွင် ချူးယွင်ဖန်းက မနက်စာစားပြီး ထွက်လာခဲ့သည်။ ထိုနေ့သည် ကျောင်းပေါင်းစုံ တွေ့ဆုံပွဲနေ့ ဖြစ်သည်။

All Chapters