အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
အပိုင်း (၁၈၄)- အမှတ်-၂၅ကျောင်း၏ အန္တရာယ်ရှိသောအုပ်စု
ကျောင်းဘေးမှာရှိသော မြက်ခင်းပေါ်တွင် အသက်ဆယ့်ရှစ်ဆယ့်ကိုးအရွယ် ကျောင်းသားတစ်ဦးက လဲလျောင်းနေသည်။ ထိုကျောင်းသားသည် ရှိရင်းစွဲအသက်ထက် အနည်းငယ်ရင့်နေသယောင်ထင်ရသည်။
သူက မြက်ခင်းပြင်ပေါ်လဲနေစဉ်တွင် သူ၏ နားထဲသို့ ဖြတ်သွားဖြတ်လာပြုနေသောကျောင်းသားများ၏ တီတိုးစကားပြောသံများဖြင့် ပြည့်နှက်နေသည်။
“ဖန်ကျိရန်ကို အမှတ်၁၃ကျောင်းက ကျောင်းသားက တစ်ချက်တည်းနဲ့ အနိုင်ပိုင်းခဲ့တာ”
“ဟမ်..သူက ငါတို့ကျောင်းကိုအထင်မြင်သေးတဲ့ပုံစံနဲ့ ပြောသွားတယ်လို့ကြားမိသေးတယ်။ သူက တကယ့်ကို မလေးမစားပြုမူတာပဲ”
“သူနဲ့ယှဉ်ပြိုင်တိုက်ခိုက်ဖို့ လူအများစုက အသင့်ဖြစ်နေကြပြီ။ သူက ရှေ့ဆက်မတိုးရင်တော့အဆင်ပြေပါတယ်။ အဲ့လိုမဟုတ်ဘူးဆို တစ်ယောက်ယောက်က သူ့ကိုပညာပေးတော့မယ်”
“ချူးယွင်ဖန်း..စိတ်ဝင်စားစရာပဲ။ အမှတ်-၁၃ကျောင်းမှာ ဒီလိုအရည်အချင်းရှိတဲ့သူမျိုးရှိတာ အံ့အားသင့်စရာကောင်းလိုက်တာ”ထိုလူကောင်ခပ်ထွားထွားတစ်ယောက်က မတ်တပ်ရပ်လာသည်။ “ကြည့်ရတာဒီနှစ်တော့ စိတ်ဝင်စားစရာကောင်းပြီနဲ့တူတယ်။ ငါထင်ထားသလို ပျင်းစရာကောင်းတော့မှာမဟုတ်ဘူး”
ထိုကျောင်းသားက လျင်လျင်မြန်မြန်ပျောက်ကွယ်သွားသည်။
ထိုအချိန်မှာ သူ့ကြောင့် ယုချိုင်ကျောင်းတစ်ကျောင်းလုံးရုတ်ရုတ်သဲသဲဖြစ်ရသည်ကို ချူးယွင်ဖန်းမသိနေပေ။ လူတိုင်း၏ အကြည့်က သူ့ဆီကိုကျရောက်လာသည်။ သူသိလျှင်တောင်မှ သူမမှုချေ။ သူပြောခဲ့သလိုပင် သူသာပထမနေရာမရခဲ့ပါက အရာအားလုံးက အလကားဖြစ်တော့မည်။ သူက ချန်ပီယံဖြစ်ဖို့သာ ရည်မှန်းချက်ရှိတာမို့ သူက ထိုလူများ၏ အာရုံကိုသေချာပေါက် ဆွဲဆောင်ရမည်။ ထိုကိစ္စအတွက်ဘာများဂရုစိုက်နေရမည်နည်း။
ယုချိုင်ကျောင်းက အမှတ် -၁၃ကျောင်းအတွက် စီစဉ်ပေးထားသော နားနေခန်းကို ချူးယွင်ဖန်းရောက်ရှိလာသည်။ သူတို့အားလုံးချူးယွင်ဖန်းကိုမြင်ကြသောအခါ သူ့ကိုနှုတ်ဆက်ကြသည်။ ထို့ပြင် လက်ရှိချူးယွင်ဖန်းသည် ယခင်တုန်းက ချူးယွင်ဖန်းနှင့် လုံးဝကွဲပြားသည်။ ယခုချူးယွင်ဖန်းသည် တစ်ကျောင်းလုံးမှာ ပထမဖြစ်ပြီး သူ့အနေအထားက ယခင်နှင့် တခြားစီဖြစ်သည်။
ချူးယွင်ဖန်းက လူအုပ်ကြီးကို တစ်ဖန်ပြန်နှုတ်ဆက်ပြပြီးနောက် လူအုပ်ကြီးဘက်ကိုတစ်ချက်လှည့်ကြည့်သည်။ လွန်ခဲ့သောလကနှင့် ယှဉ်လျှင် အားလုံးသည် တိုးတက်လာကြသည်။ သို့သော် ချူးယွင်ဖန်းတို့၏ တိုးတက်မှုနှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်တော့ပေ။
ထိုအရာသည် ကမ္ဘာကြီးမှာ ဖြစ်ပျက်နေကျနိယာမဖြစ်သည်။ သူတို့က အပတ်တကုတ်မကြိုးစားလို့မဟုတ်သလို ဒီတိုင်းရပ်နေလို့လည်းမဟုတ်ပေ။ တချို့လူများ၏ တိုးတက်မှုက သူများထက် ပိုမိုမြန်ဆန်နေသောကြောင့်ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူတို့ကြားက ကွာခြားချက်သည်ကြီးမားလာတော့သည်။
သူမေးကြည့်သောအခါ အို့ရန်နှင့် ကျန်းထျန်တို့လည်းရောက်လာမည်ဆိုတာ သိလိုက်ရသည်။ ကျန်းထျန်သည် အမှတ်-၁၃ကျောင်းက လူများနှင့်ပဲ သိတာမဟုတ်ဘဲ တခြားကျောင်းက သူငယ်ချင်းလည်းရှိသည်။
ချူးယွင်ဖန်းတို့ ထိုင်ရန်ပြင်ချိန်မှာပင် နားနေဆောင်တံခါးက ထပ်မံပွင့်လာပြန်သည်။ လူတစ်ဒါဇင်ထက်ပိုသောအဖွဲ့က ဝင်လာကြသည်။ ထိုအဖွဲ့ကိုချူးယွင်ဖန်းမြင်သောအခါ ချက်ချင်းမှတ်မိသည်။ သူတို့သည် ဂေါင်ဟုန်ချီက လောင်းကြေးထပ်ချိန်တွင် လှည့်ဖျားခံခဲ့ရသော အမှတ် -၂၅ကျောင်းမှ ကျောင်းသားများဖြစ်ကြသည်။
သူတို့ကဘာလို့ ဒီကိုရောက်လာကြတာလဲ!
သူတို့ကို ဂေါင်ဟုန်ချီနှင့် သူက အရူးလုပ်ခဲ့သည်ဟု ချူးယွင်ဖန်း ဝန်မခံပေ။ ထိုအရာများသည် ဂေါင်ဟုန်ချီကသော ဇာတ်ဖြစ်သည်။ အမှတ်-၂၅ကျောင်း၏ ကျောင်းသားများရောက်ရှိလာမှုက အမှတ်-၁၃ကျောင်းက ကျောင်းသားများကို ဒေါသထွက်စေသည်။ နှစ်ဖက်စလုံး၏ ဆက်ဆံရေးသည် အလွန်တင်းမာသည်။ ထို့ပြင် အမှတ်-၂၅ကျောင်းက ကျောင်းသားများက စိတ်ဆိုးမာန်ဆိုးမျက်နှာဖြင့် ဝင်လာကြသည်။သူတို့ကြည့်ရတာ စိတ်ထဲမကျေမချမ်းဖြစ်နေပုံရသည်။
“မင်းကို လိမ်သွားတာ ဘယ်ကောင်တုန်း”
အမှတ်-၂၅ကျောင်းသားများကြားမှာ သာမန်ကျောင်းသားပုံစံပေါက်သော လူတစ်ဦးက အမှတ်-၂၅ကျောင်းသားများအဖွဲ့ကိုမေးသည်။
သူက သာမန်ပုံဆိုသော်ငြား သူ့တစ်ကိုယ်လုံးသည် ကြောက်စရာကောင်းသော ပုံစံအပြည့်ဖြစ်နေသဖြင့် မည်သူမျှ သူ့ကိုအထင်မသေးဝံ့ပေ။
ချီပင်လယ်အဌမအဆင့်!
ချူးယွင်ဖန်းက ချက်ချင်းဆိုသလို အကဲခတ်လိုက်သည်။ ထိုသာမန်ပုံစံပေါက်နေသောလူသည် ချီပင်လယ်အဌမအဆင့်ဖြစ်သည်။သူသည် လွန်ခဲ့သောတစ်လခန့်က အူရန်ထက် ပိုပြီးအင်အားကြီးမားသည်။ ထိုကျောင်းသားသည် သူနှင့် တန်စီယုတို့နှင့် တူညီသောအနေအထားမှာရှိသည်။
ထိုလူက အမှတ်-၂၅ကျောင်း၏ ပထမနေရာမှာရှိရမည်။
သူ၏နောက်မှာ ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်က မတ်တပ်ရပ်နေသည်။ ထိုကောင်လေးက ကတုံးတုံးထားပြီး သန်မာသောပုံစံရှိသည်။ သူသည် ပညတ်များကို ချိုးဖျက်ထားသော ဘုန်းကြီးတစ်ပါးနှင့်တူပြီး ကြောက်စရာကောင်းသောပုံစံကို ပိုင်ဆိုင်ထားသည်။ ကောင်မလေးသည် သာမန်ပုံစံဖြစ်ပြီး သူမ၏မျက်နှာပေါ်တွင် မှဲ့ခြောက်ခပ်ရေးရေးလေးပေါ်နေပြီး သူမ၏ပုံစံမှာ အေးစက်မာကျောသည်။ သူတို့နှစ်ဦးကတော့ ချီပင်လယ်သတ္တမအဆင့်မှာရှိပြီး အို့ရန်၏ လွန်ခဲ့သောလကအနေအထားထက်မနိမ့်ကျပေ။
“ငါတို့ပိုက်ဆံတွေကိုလိမ်သွားတာ မင်းတို့သုံးယောက်လား” အမှတ်-၂၅ကျောင်းက ကျောင်းသားတစ်ဦးက ချူးယွင်ဖန်းတို့ဘက်ကို လက်ညှိုးထိုးပြပြီး မေးသည်။
“အမှတ်-၂၅ကျောင်း မင်းတို့ဘာဖြစ်ချင်တာလဲ” ဟု အခန်း-၁မှ ကျူရီက ရှေ့ထွက်လာပြီးမေးသည်။
“ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး။ ခပ်ဝေးဝေးမှာနေစမ်းပါ” ဟု ဘုန်းကြီးပုံပေါက်နေသောလူက သတိပေးသည့်အကြည့်ဖြင့်ကြည့်ကာ ချက်ချင်းဆိုသလို ကျူရီကို ဟန့်တားသည်။
“အို..မင်းတို့က ငါတို့ကိုပြောတာလား” ဟု ဂေါင်ဟုန်ချီက ရယ်မောသည်။ “ငါတို့က မင်းတို့ပိုက်ဆံကိုလိမ်တယ်ဟုတ်လား။ ဟာသပဲ။ မင်းတို့ဘက်ကစပြီးလောင်းကြေးထပ်ခဲ့တာလေ။ မင်းတို့ကို ငါအတင်းစေခိုင်းလို့လား”
“မင်းတို့ဘက်က ရည်ရွယ်ချက်ရှိရှိမလိမ်ခဲ့ဘူးဆို ငါတို့ငွေတွေ ပါစရာမလိုဘူးလေ” ဟုကျောင်းသားတစ်ဦးက ဒေါသတကြီးပြောသည်။
သူတို့အတွေးထဲမှာ ဂေါင်ဟုန်ချီက သူတို့ကိုထောင်ချောက်ဆင်ဖမ်းပြီး သူတို့ဆီက လိမ်လည်ခြင်းဟုသာ တထစ်ချမှတ်ယူကြသည်။
“ဟား..တုံးလိုက်တာကွာ..တစ်ဖက်လူက ထက်မြက်တာကို မင်းတို့က အပြစ်ဆိုချင်ကြတာလား။ မင်းတို့ ဒီလောင်းကြေးကို သဘောတူတုန်းက ကောင်းတဲ့ရည်ရွယ်ချက်ရော ရှိခဲ့ကြလား။ မင်းတို့က အမှတ်-၁၃ကျောင်းကို လှောင်ပြောင်စရာဖြစ်လာဖို့ကိုပဲစောင့်နေကြတာ။ ကံဆိုးစွာနဲ့ မင်းတို့ရဲ့ တော်လှပါတယ်ဆိုပြီး နေမဲ့ အကြံအစည်က မအောင်မြင်ဘဲ အရူးတစ်ကောင်လိုပဲ မင်းတို့ဖြစ်ခဲ့ရတာလေ” ဂေါင်ဟုန်ချီက တစ်ဖက်အဖွဲ့ကို သရော်ပြောဆိုသည်။
“မင်းတို့ဘယ်လိုမျိုးလောင်းကြေးပဲထပ်ထပ် ငါစိတ်မဝင်စားဘူး။ ဘာတွေပဲနေနေ ငါတို့ပိုက်ဆံကိုပြန်လိုချင်တယ်။ မဟုတ်လျှင် ငါတို့အဆိုးမဆိုပါနဲ့” ဟု ခေါင်းဆောင်ဖြစ်သူက ပြောသည်။
“မင်းတို့တိုက်ခိုက်ချင်တယ်ဆိုလည်း ငါတို့က မမှုပါဘူး” ဟု ဂေါင်ဟုန်ချီက ခါးနားမှာချိတ်ဆွဲထားသော ဓားကိုထုတ်ရင်းပြောသည်။
“မင်းက အမှတ်-၂၅ကျောင်းက ယင်ချန်းဟုတ်တယ်မလား။ ငါမင်းအကြောင်းကိုကြားဖူးပါတယ်။ အမှတ်-၂၅ကျောင်းက ဘယ်လောက်တော်တယ်ဆိုတာ ငါစိတ်မဝင်စားဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ဒီနေရာမှာပြသနာရှာလျှင် ငါတို့ကလည်း နောက်မဆုတ်ဘူး။ မင်းတို့တိုက်ခိုက်ချင်တယ်ဆို ငါတို့ကလည်း မင်းတို့ဆန္ဒကို လိုက်လျောရမှာပေါ့” ဟု ကျူရီက ရှေ့တစ်လှမ်းတက်လာရင်းဆိုသည်။
သူနှင့် ချူးယွင်ဖန်းတို့ကြားက ဆက်ဆံရေးသည် မကောင်းမွန်ပေ။ သို့သော် အမှတ်-၂၅ကျောင်းက ယင်ချန်းက ပြသနာလာရှာချင်တာသေချာတာမို့ သူတို့မတုံ့ပြန်နိုင်လျှင် မျက်နှာပျက်ရတော့မည်။
“ထွက်သွားစမ်းပါ..မင်းကိုယ်မင်းဘာထင်နေလဲ။ အို့ရန်နဲ့ ကျန်းထျန်တို့တောင် ငါ့ကိုဒီလိုမပြောရဲဘူး” ဟု ထိုခေါင်းဆောင်လုပ်သူက ဆိုသည်။
“ဒါဆို မင်းက အမှတ်-၂၅ကျောင်းက ယင်ချန်းဆိုတာပေါ့။ ဒီလိုဆိုဘယ်လိုလဲ။ ပြိုင်ပွဲတစ်ခုလုပ်ကြတာပေါ့။ မင်းတို့နိုင်လျှင် မင်းတို့ပိုက်ဆံပြန်ရမယ်။ မင်းတို့ရှုံးလျှင် ဘာမှ ထပ်ပြောလို့ရတော့မှာမဟုတ်ဘူး” ဟု ဂေါင်ဟုန်ချီက ဆိုသည်။
“ကောင်းပြီ ယှဉ်ပြိုင်ကြစို့”
ယင်ချန်းက ခဏကြာတွေးတောပြီးနောက် ဘာမှထပ်မပြောတော့ပေ။ ဒီနေရာမှာ တခြားကျောင်းသာဆို သူစိုးရိမ်ကောင်းစိုးရိမ်လိမ့်မည်။ သို့သော် အမှတ်-၁၃ကျောင်းနှင့် ယှဉ်ရတာမို့ ဘာများကြောက်စရာလိုလိမ့်မည်နည်း။
“ငါ့ကို ပထမဆုံးယှဉ်ပြိုင်ခွင့်ပြုပါ” ဟု ဂေါင်ဟုန်ချီက ပြောရင်း ရှေ့ကိုထွက်လာသည်။
ထိုအချိန်မှာ နားနေဆောင်ကိုရှင်းလင်းကြသည်။ ယခင်တုန်းက လေ့ကျင့်ခန်းမတစ်ခုဖြစ်သော နားနေဆောင်က ယခင်ပုံစံပြန်ဖြစ်သွားသည်။
အပိုင်း (၁၈၅)- ဂေါင်ဟုန်ချီ၏ ကောင်းမွန်သောလုပ်ဆောင်ချက်!!
ဂေါင်ဟုန်ချီသည် ကြိုးဝိုင်း၏ အလယ်မှာမတ်တပ်ရပ်နေပြီး သူ၏ လှံတံရှည်ကိုဝှေ့ရမ်းနေသည်။ သူသည် အမှတ်၂၅ကျောင်း၏ ကျောင်းသားတစ်ဦးကို ညွှန်ပြရင်း “မင်းတို့ပိုက်ဆံကိုပြန်လိုချင်တယ်မလား။ မင်းတို့ပြန်လိုချင်တယ်ဆို ကြိုးဝိုငိးထဲဝင်လာပြီး ငါနဲ့လာယှဉ်ပါ။ မင်းတို့ဘယ်လောက်အစွမ်းအစရှိလဲဆိုတာ ငါမြင်ချင်တယ်။ ပြီးတော့ မင်းတို့မိဘတွေကိုဘယ်လိုမျိုးအပူကပ်ရမလဲပဲသိကြတာ”
ဂေါင်ဟုန်ချီ၏ စကားလုံးများက ပြင်းထန်သည်။ စစ်ဆေးမှုကို အောင်မြင်စွာဖြတ်ကျော်နိုင်သော ဂေါင်ဟုန်ချီက ချီပင်လယ်သတ္တမအဆင့်မှာရှိသည်ဆိုတာကို အလှည့်ဖျားခံရသော ကျောင်းသားများက သိသော်ငြား သူတို့သည် ကြိုးဝိုင်းထဲသို့ ဝင်ကြသည်။
ထို့ပြင် သူတိုသည် အမှတ်-၂၅ကျောင်း၏ ဂုဏ်ဆောင် လက်ရွေးစင်ကျောင်းသားများဖြစ်ကြသဖြင့် သူတို့ကျောင်းမှာနာမည်ကြီးလူသိများလှသည်။ ထို့ကြောင့် ဂေါင်ဟုန်ချီ၏ ထိုကဲ့သို့ စကားလုံးများကို သည်းခံနိုင်စွမ်းမရှိပေ။
“မင်းကိုငါ အနိုင်ယူပြမယ်” လူတစ်ဦးက ကြိုးဝိုင်းထဲပြေးဝင်လာပြီး ဂေါင်ဟုန်ချီဆီသို့ တဟုန်ထိုးပြေးဝင်လာသည်။
ရွှက်!
သူ၏လက်ထဲမှာရှိသောဓားကိုဝှေ့ရမ်းသောအခါ ဓားအလင်းထွက်လာပြီး ဂေါင်ဟုန်ချီထံသို့ မာကျူရီအရည်ကဲ့သို့ ဖြတ်သန်းသွားသည်။
“မြန်လိုက်တဲ့ဓားချက်” ဟု ကျူရီက ကောက်ချက်ချသည်။ အမှတ်၂၅ ကျောင်း၏ အစွမ်းအစများကို မြင်ရသဖြင့် ထိတ်လန့်မိသည်။ အမှတ်-၁၃ နှင့် အမှတ်-၂၅ ကျောင်းနှစ်ကျောင်းကြားက ဆက်ဆံရေးသည် အမှတ်-၅ နှင့် အမှတ်-၇ ကျောင်းနှစ်ကျောင်းကြားက ဆက်ဆံရေးနှင့် ဆင်တူသည်။ သူတို့ကိုတစ်ဦးကိုတစ်ဦးပြိုင်ဘက်ဟု မှတ်ယူကြသည်။ ပြေးဝင်လာသော လူ၏ ကျင့်ကြံခြင်းအဆင့်သည် ချီပင်လယ်ဆဌမအဆင့်အထက်မှာ သေချာပေါက်ရှိနေသည်။ ကျူရီနှင့် ယှဉ်ပါက ထိုသူ၏ ကျင့်ကြံခြင်းသည် အနည်းငယ်နိမ့်လှသည်။ သူသာဆို သတိကြီးစွာထားမိလိမ့်မည်။ မဟုတ်ပါက သူရှုံးနိမ့်လိမ့်မည်။
ထိုလူ၏ ဓားချက်ကိုတန်ပြန်တိုက်ခိုက်သော ဂေါင်ဟုန်ချီ၏ လှံတံက ပိုပြီးမြန်ဆန်သည်။
“မီးမုန်တိုင်းလှံတံသိုင်း”
ဂေါင်ဟုန်ချီက ထိုကဲ့သို့ကြွေးကြော်ရင်း သူ့လက်ထဲက လှံတံရှည်ကို ဝှေ့ရမ်းသည်။ ထိုအရာသည် အဆိပ်ပြင်းနဂါးတစ်ကောင်က သူ၏ ဂူထဲမှထွက်လာသည်နှင့် တူလှသည်။ လှံတံ၏ အလင်းသည် မီးမုန်တိုင်းတစ်ခုသဖွယ်ထွန်းလင်းလာသော မီးတောက်တစ်ခုနှင့်တူသည်။ ထိုအရာသည် မီးလုံးကြီးတစ်ခုသဖွယ်အသွင်ကူးပြောင်းပြီး ဓားအလင်းရောင်ကို ဖောက်ထွင်းသည်။
ချွမ်း!
ကျယ်လောင်သော ထိရိုက်မိသံနှင့်အတူ ဂေါင်ဟုန်ချီ၏ လှံတံသည် ဓားအလင်းရောင်နှင့် ရေပြင်ညီအတိုင်း ထိရိုက်မိသည်။ ထိုတိုက်ကွက်၏ အစွမ်းသည် ဓားမှတစ်ဆင့် ပြိုင်ဘက်၏ ကိုယ်ထဲသို့ စီးဝင်ပြီး ထိုသူကို တုန်လှုပ်စေသည်။ ထိုပြိုင်ဘက်က နောက်ကိုဆုတ်ပြီး အလွန်အံ့အားသင့်နေသောပုံစံဖြစ်နေသည်။ ဂေါင်ဟုန်ချီ၏ အစွမ်းသည် ချီပင်လယ်သတ္တမအဆင့်ဆိုတာ သူသိသော်ငြား သူ၏ကိုယ်ပိုင်အစွမ်းသည်လည်း ထိုမျှလောက်တော့ မလျော့နေပေ။သို့သော် တကယ့်လက်တွေ့မှာ သူထင်ထားသလိုမဖြစ်လာပေ။
ဤအရာသည် နောက်ကောက်ကျရုံမျှပင်မကဘဲ မိုင်ပေါင်းများစွာဝေးကွာနေသည်။ သူ့ပြိုင်ဘက်ဖြစ်သူ ဂေါင်ဟုန်ချီ၏ အစွမ်းသည် ထို့ထက်မကမြင့်မားသည်။
ဘန်း!
သူနောက်ဆုတ်သောအခါ ဂေါင်ဟုန်ချီ၏ လှံတံက သူ့ဆီကိုဒီလှိုင်းသဖွယ်ပြေးဝင်လာသည်။ သူ့ကိုယ်သူမကာကွယ်နိုင်ဘဲ ထိုလှံတံက သူ့ဆီကိုပြေးဝင်လာပြီး သူ့လည်ချောင်းနားမှာရပ်တန့်သွားသည်။ ထိုနေရာမှာပင် တိုက်ခိုက်မှုက အဆုံးသတ်သွားသည်။
“အို တော်ပါသေးရဲ့ ကံသီလို့” ဂေါင်ဟုန်ချီက လှံတံကို ပြန်ရုပ်သိမ်းသည်။ သူက အပြင်းအထန်မတိုက်ခိုက်လိုပေ။ သူ့မျက်နှာပေါ်တွင် ပျင်းစရာကောင်းသည်ဆိုသော ခံစားချက်က ပေါ်လွင်နေသည်။ မွန်းစတားများနှင့် တိုက်ခိုက်ခြင်းထက် အခြားကျောင်းသားများနှင့် တိုက်ခိုက်ခြင်းက ငြီးငွေ့ဖွယ်ကောင်းလှသည်။
မွန်းစတားများနှင့် တိုက်ခိုက်ချိန်တွင် တစ်ချိန်လုံး သတိကြီးစွာထားနေရသည်။ မဟုတ်ပါက အဆုံးသတ်မှာဒုက္ခတွေ့သွားနိုင်သည်။ ထိုကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ခံစားချက်သည် လုံးဝကွဲပြားသည်။ လူတစ်ယောက်က တောနက်ကြီးထဲမဝင်ဖူးပါက ထိုခံးစားချက်ကို နားလည်မည်မဟုတ်ပေ။
သို့သော် ဂေါင်ဟုန်ချီ၏ အမူရာနှင့် စကားသံများက သူတို့ကိုစော်ကားသလိုဖြစ်နေတာမို့ အမှတ်-၂၅ကျောင်းသားများက ပိုမိုပြီး ဒေါသထွက်လာသည်။
အလွန်ဒေါသထွက်လာကြသည်။
“မင်းတို့ကျောင်းက ငါတို့ထက်သာတယ်လို့ မင်းတို့ပြောခဲ့ကြတယ်မလား” ဟု ဂေါင်ဟုန်ချီက ခနဲ့ပြီးပြောဆိုသည်။
“ဒါပေမဲ့ မင်းတို့တတ်တာ ဒါအကုန်ပဲလား”
“နင့်ကိုယ်နင်အထင်မကြီးလွန်းပါနဲ့။ ငါ နင်နဲ့ ပြိုင်မယ်”
မှဲ့ခြောက်အနည်းငယ်ရှိသောကောင်မလေးက ဆက်ပြီးသည်းမခံနိုင်တော့ပဲ “ငါ့နာမည်က စွန်းဇီကျုံ …နင့်နာမည်ပြောပါ” ဟု ဆိုသည်။
“နောက်ဆုံးတော့ စိတ်ဝင်စားစရာကောင်းတာတစ်ခုပေါ်လာပြီ။ ငါ့နာမည်က ဂေါင်ဟုန်ချီ..သေချာမှတ်ထားပါ” ဟု ဂေါင်ဟုန်ချီက ဆိုသည်။
“ကောင်းတယ်..ကောင်းတယ်..အရမ်းကောင်းတယ်” စွန်းဇီကျုံ က ရှေ့ကိုတိုးလာသည်။ သူမ၏ လက်ထဲရှိ ဓားရှည်ကိုဝှေ့ရမ်းပြသည်။ သူမ၏ အမြန်နှုန်းက ပထမလူထက် သာလွန်သည်။ သူမ၏ ဓားသည် ကူးလူးသွားလာနေသော နဂါးတစ်ကောင်နှင့်တူသည်။ အမြန်နှုန်းနှင့် သိုင်းပညာတတ်ကျွမ်းမှုအရဆို သူမက ပထမလူထက် အများကြီးသာသည်။
“ချီပင်လယ်သတ္တမအဆင့်” ဟု အမှတ်-၁၃ကျောင်းသားတစ်ဦးက အာမေဍိတ်ပြုသည်။
သူတို့သည် ထိုအဆင့်အကြောင်းကို ကောင်းမွန်စွာနားလည်သည်။ အထူးတက္က
သိုလ်များသို့ ဝင်ရောက်ရန် သာမန်သတ်မှတ်ချက်သည် ချီပင်လယ်သတ္တမအဆင့်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် နောက်ဆုံးစာမေးပွဲတွင် အမှတ် -၁၃ကျောင်းက အို့ရန်တစ်ယောက်သာ ထိုအဆင့်ကိုတက်လှမ်းနိုင်သည်။ ထိုအဆင့်သည် အမှတ်-၁၃ကျောင်းက ကျောင်းသားများကို အလဲထိုးနိုင်သည်။ သူတို့သည် ဂေါင်ဟုန်ချီကို စိုးရိမ်တကြီးလှမ်းကြည့်ကြသည်။ ဂေါင်ဟုန်ချီသည် ယခင်နှစ်စာမေးပွဲတွင် ချီပင်လယ်ပဥ္စမအဆင့်ကိုသာတက်လှမ်းနိုင်ပြီး နောက်ဆုံးစာမေးပွဲတွင် အဆင့်ရှစ်ရခဲ့သည်။
သို့သော် နောက်ထပ်ဖြစ်လာသည်က သူတို့ကို အံ့အားသင့်စေသည်။ ဂေါင်ဟုန်ချီ၏ လက်ထဲရှိ လှံတံက ချက်ချင်းဆိုသလို တန်ပြန်တိုက်ခိုက်ခဲ့သည်။ သူသည် တည်ငြိမ်သော အနေအထားနှင့်ပင် စွန်းဇီကျုံ ကို တိုက်ခိုက်နိုင်သည်။
ချွမ်း! ချွမ်း! ချွမ်း!
သံအချင်းချင်း ထိရိုက်မိသံက တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာသည်။ ဂေါင်ဟုန်ချီသည် စွန်းဇီကျုံ ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်သည်။ ဂေါင်ဟုန်ချီက ချီပင်လယ်သတ္တမအဆင့်ကိုရောက်နေသည်ကိုမြင်ရသောအခါ အမှတ်-၁၃ကျောင်းမှ တခြားကျောင်းသားများက အံ့အားသင့်ကြသည်။ ထိုအရာသည် အထူးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် အနိမ့်ဆုံးလိုအပ်ချက်ဖြစ်သည်။
“ဒါက..ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
လူအများစုက မယုံကြည်နိုင်အောင်ဖြစ်ပြီး မျက်လုံးများပင် ပြူးလာကြသည်။
“သူက ဘယ်လိုလုပ်ပြီး ဒီလောက်တော်လာရတာလဲ”
ဆောင်းရာသီပိတ်ရက်ပြီးနောက် သူတို့နှင့် အနေအထားတူညီသော ဂေါင်ဟုန်ချီက သူတို့ကိုကျော်တက်သွားသည်။ သူ၏ အစွမ်းအစတိုးတက်လာမှုကြောင့် သူတို့အားလုံးထိတ်လန့်ကုန်ကြသည်။
“အနိုင်အရှုံးသဲကွဲတော့မယ်”ဟု ချူးယွင်ဖန်းက ပြိုင်ပွဲကိုကြည့်ရင်းပြောသည်။
“ဟုတ်တယ်” ဟု တန်စီယုကလည်းထောက်ခံသည်။
“စွန်းဇီကျုံ က ဆောင်းတွင်းပိတ်ရက်မတိုင်ခင်က နင့်အနေအထားနဲ့ တူညီတယ်။ လက်နက်ရှည်ကြီးတစ်ခုကို အကျိုးရှိရှိအသုံးချနိုင်လျှင် တစ်လက်မရှည်လာတိုင်း တစ်လက်မပိုပြီးသန်မာလာမယ်။ ဂေါင်ဟုန်ချီရဲ့ ခံစစ်ကို သူမက ကောင်းမွန်စွာမထိုးဖောက်နိုင်ပဲ သူ့အနားကပ်လျှင် သူမသေချာပေါက်ရှုံးလိမ့်မယ်” ဟု ချုးယွင်ဖန်းက မှတ်ချက်ချသည်။
တန်စီယုက အို့ရန်ကို ရှုံးနိမ့်ခဲ့သော ပြိုင်ပွဲအကြောင်းကို သူပြောနေခြင်းဖြစ်သည်။ ကြည့်ရတာ ဤဖြစ်ရပ်သည် ရင်းနှီးကျွမ်းဝင်သောအနေအထားမှာရှိနေသည်။
အခြားတစ်ဖက်မှာတော့ ယင်ချန်းသည် မျက်မှောင်ကြုံ့နေသည်။ စွန်းဇီကျုံသည် ဂေါင်ဟုန်ချီ၏ ခုခံကာကွယ်မှုကိုမထိုးဖောက်နိုင်ဘဲ သူမက အနှေးနဲ့အမြန်ရှုံးတော့မည်ဆိုတာ သူပြောနိုင်သည်။
အချိန်က ချူးယွင်ဖန်း၏ အကဲဖြတ်မှုကို အဆုံးဖြတ်ပေးသွားသည်။ စွန်းဇီကျုံ သည် ထောင့်စွန်းဆီသို့ တွန်းထုတ်ခံရပြီး သူမက ဂေါင်ဟုန်ချီ၏ တိုက်ကွက်ကိုရှောင်နိုင်သော နေရာသည် သေးသထက်သေးလာသည်။ သူမ၏နောက်မှာနံရံသာရှိသဖြင့် တန်စီယုလုပ်သလို တူညီသောနည်းလမ်းကိုသုံးကာ တန်ပြန်တိုက်ခိုက်တော့သည်။
သို့သော် ထိုအရာက အသုံးမဝင်ပေ။ ဂေါင်ဟုန်ချီ၏ သိုင်းကွက်က တည်ငြိမ်ပြီး သူမ၏ တန်ပြန်တိုက်ခိုက်မှုကို တိုက်ရိုက်ဖျက်ချလိုက်သည်။ သူက အခွင့်အရေးကိုအမိရယူပြီး သူမ၏ မေးစေ့နားမှာ လှံတံထိပ်ကိုတင်ထားလိုက်သည်။
ရလဒ်ကိုကွဲကွဲပြားပြားသိလာရသည်။
“သူငယ်ချင်းဂေါင်က တဖြည်းဖြည်းတည်ငြိမ်လာပြီ။ လွန်ခဲ့တဲ့လတုန်းကဆို သူတို့က အနေအထားတူနေလျှင်တောင်မှ စွန်းဇီကျုံ ရဲ့ တန်ပြန်တိုက်ခိုက်မှုက သူ့ကိုသေချာပေါက် ပျာယာခတ်စေမှာ”ဟု ချူးယွင်ဖန်းက မှတ်ချက်ပြုသည်။
“နင်ပြောတာမှန်တယ်။ သူက အများကြီးတိုးတက်လာတာ” ဟု တန်စီယုက ဆိုသည်။
“ဖက်တီး..အရမ်းကြီးမပျော်နေနဲ့။ ခုက ငါ့အလှည့်” ဟု ဘုန်းကြီးနှင့်တူသော လူငယ်လေးက ကြိုးဝိုင်းထဲသို့ လွှားခနဲပြေးဝင်လာသည်။
“ဖက်တီး” ဂေါင်ဟုန်ချီက မျက်ခုံးကိုပင့်တင်ပြီး သူ့လက်ထဲရှိလှံတံက ချက်ချင်းဆိုသလို နဂါးတစ်ကောင်သဖွယ်တိုးဝင်လာသည်။
အပိုင်း (၁၈၆)- ပြိုင်ဘက်ကင်းလှသော ချူးယွင်ဖန်း၏ တိုက်ခိုက်ခြင်းပုံစံ
တစ်ဖက်အဖွဲ့၏ တန်ပြန်တိုက်ခိုက်မှုကို ဒေါသထွက်ပြီးနောက် ဂေါင်ဟုန်ချီသည် သူ၏ ပြီးပြည့်စုံလှသော ကျင့်ကြံခြင်းကိုထုတ်ဖော်ပြသတော့သည်။ သူက တစ်ဖက်လူ၏ နာမည်ကိုလည်း မသိချင်ပဲ သူ၏ လှံတံကသာ ကောင်းကင်ထက်မှာ ကြီးမားသောအပေါက်တစ်ခုကိုထိုးဖောက်တော့မည့်အလားထင်ရသည်။
ဂေါင်ဟုန်ချီထံမှပေါက်ကွဲထွက်လာသောအစွမ်းကိုမြင်ရပြီးနောက် ဘုန်းကြီးနှင့်တူသော လူငယ်သည် ထိုအချိန်မှာ မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ သူက တိုက်ခိုက်ခံရခြင်းကြောင့် စိတ်ထဲဇဝေဇဝါဖြစ်နေသည်။
ချွမ်း! ချွမ်း! ချွမ်း!
လက်နက်နှစ်ခုသည် အချင်းချင်းထိရိုက်မိကြသည်။
ဘုန်းကြီးနှင့်တူသော ထိုလူငယ်လေး၏ လက်ထဲမှာ ပစ္စည်းတစ်ခုကိုကိုင်ထားပြီး အားမာန်အပြည့်ဖြင့်လျှောက်လှမ်းလာသည်။ သူလှမ်းလိုက်သော တစ်လှမ်းချင်းစီက ခုန်အုပ်တော့မည့်ကျားတစ်ကောင်အလားဖြစ်သည်။ သို့သော် ဒေါသထွက်နေသော ဂေါင်ဟုန်ချီနှင့် ရင်ဆိုင်ရသောအခါ သူက ဖိနှိပ်ခံရတော့သည်။
“ဒါက ငါ့ကို ဖက်တီးလို့ခေါ်တဲ့အတွက်ပဲ” ဒေါသပုံထနေသော ဂေါင်ဟုန်ချီ၏ လှံတံသည် မုန်တိုင်းတစ်ခုအသွင်ကူးပြောင်းကာ ပြေးဝင်လာသည်။
“ဟား.ဟား ပွဲပြီးပြီ။ သူက သူငယ်ချင်းဂေါင်ရဲ့ အထိမခံနိုင်တဲ့အပိုင်းကိုမှ ရန်သွားစတာကိုး” ဟု ပြောရင်း ချူးယွင်ဖန်းက အားပါးတရရယ်သည်။
ထိုကောင်လေးက ဂေါင်ဟုန်ချီ၏ ပြိုင်ဘက်ဖြစ်လာမည်ဟု ချူးယွင်ဖန်းတစ်ခါမှ မတွေးဖူးချေ။ ပြိုင်ပွဲအတွေ့အကြုံအနေအထားအရ နှစ်ဖက်လုံး၏ ကျင့်ကြံခြင်းသည် တူညီသော်ငြား ဂေါင်ဟုန်ချီက နှာတစ်ဖျားအသာရနေသည်။ လွန်ခဲ့သောလအတွင်း ချူးယွင်ဖန်းက အများကြီးတိုးတက်ခဲ့ရုံသာမကပဲ ဂေါင်ဟုန်ချီလည်းပဲ များစွာပြောင်းလဲခဲ့သည်။
ထိုကဲ့သို့ပြောင်းလဲမှုကြီးသည် သေးငယ်သော နှစ်ဆင့်သာမြင့်တက်သွားရုံသာမကပဲ ပြိုင်ပွဲအတွေ့အကြုံရင့်သန်လာခြင်းလည်းပါဝင်သည်။ ထိုအပိုင်းမှာဆို တစ်ဖက်လူသည် ဂေါင်ဟုန်ချီကို မယှဉ်နိုင်ပေ။ ဂေါင်ဟုန်ချီသည် သူနှင့် အနေအထားတူသော ကျောင်းသားများကိုတောင် ပုံမှန်လိုလို အနိုင်ယူနိုင်သည်။ ထိုသို့အနိုင်ရခြင်းသည် သူ့မှာခွန်အားရှိခြင်းကြောင့်မဟုတ်ပဲ သူ၏ ပြိုင်ပွဲဝင်အတွေ့အကြုံများက လွန်စွာမှ အရေးပါလှသည်။ ဘုန်းကြီးနှင့်တူသော လူငယ်လေးမှာ ကိုယ်ပိုင်တိုက်ကွက်များ ရှိနေလျှင်တောင်မှ ဂေါင်ဟုန်ချီက လုံးဝကွဲပြားသောအနေအထားမှာ ရှိနေသည်။ ဂေါင်ဟုန်ချီ တောထဲမှာ သင်ယူခဲ့ရသော တိုက်ကွက်များသည် သေစေနိုင်လောက်သော အနေအထားဖြစ်သည်။
တောထဲမှာတော့ မည်သူကမှ လူ့ကျင့်ဝတ်အကြောင်းကိုမပြောနေပေ။ သူသေကိုယ်သေ ပြိုင်ပွဲသာဖြစ်ပါက ဂေါင်ဟုန်ချီသည် သူနှင့်အနေအထားတူညီသောကျောင်းသားများကို အနိုင်ရခြင်းသည် မထူးဆန်းတော့ပေ။
ချူးယွင်ဖန်းနှင့် တန်စီယုမှ လွဲပြီး ဂေါင်ဟုန်ချီ၏ မုန်တိုင်းကဲ့သို့ ပြင်းထန်သော တိုက်ကွက်ကိုမြင်နေရသော အမှတ်-၂၅ နှင့် အမှတ်-၁၃မှ ကျောင်းသားများသည် ကြောင်အမ်းအမ်းဖြစ်နေကြသည်။ တိုက်ကွက်တိုင်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ သေနတ်တစ်လက်ထဲမှ ကျည်ဆံထွက်လာသည့်အလား တဖြည်းဖြည်း ပိုမိုပြီး ကြောက်စရာကောင်းလာသည်။
သူတို့နှင့် အနေအထားတူညီသော ဂေါင်ဟုန်ချီ၏ ပြင်းထန်ပြီး ကြောက်စရာကောင်းသော အစွမ်းအစကိုမြင်ရသောအခါ အမှတ်-၁၃ကျောင်းသားများသည် ထိတ်လန့်လာကြသည်။ အမှတ် -၂၅ကျောင်းက ကျောင်းသားများသည် ယခုမှ တိတိကျကျနားလည် သဘောပေါက်လာခဲ့သည်။ ဂေါင်ဟုန်ချီက ယခုလက်ရှိအနိုင်ယူနေသော လူသည်သူတို့ကျောင်း၏ နံပါတ်နှစ်ဖြစ်သည်။ သူသည် နံပါတ်တစ်နေရာတွင်ရှိသော ယင်ချန်း၏ နောက်တွင်ကပ်လိုက်နေသည်။ အမှတ် ၁၃ကျောင်းသည် ယခင်နှစ်တုန်းက သူတို့ထက် အဆင့်နိမ့်တာမို့ သူတို့သည် အမှတ်-၁၃ကျောင်းကို အေးအေးဆေးဆေးအနိုင်ယူနိုင်လိမ့်မည်ဟု ထင်မိခဲ့ကြသည်။
ထို့ပြင် သူတို့သည် အမှတ်၁၃ကျောင်းမှ နာမည်ကြီးကျောင်းသားတစ်ဦးတစ်ယောက် ကိုမှ မကြားဖူးပေ။ သူတို့စတင်တိုက်ခိုက်သည်နှင့် ဒီလိုဖြစ်လာမည်ဟု မည်သူက သိမည်နည်း။ နာမည်ကြီး အူရန်နှင့် ကျန့်ထျန် မဆိုထားနှင့် ဂေါင်ဟုန်ချီတစ်ဦးတည်း နှင့်ပင် သူတို့ကျောင်း၏ နံပါတ်နှစ်ကို အနိုင်ရနိုင်သည်။ဘုန်းကြီးနှင့်တူသော ကျောင်းသားက တန်ပြန်တိုက်ခိုက်မည်ကြံလိုက်တိုင်း သူ့ကို ဂေါင်ဟုန်ချီက နှစ်ချက်တည်းနှင့် ဖိနှိပ်ထားနိုင်သည်။ တိုက်ပွဲအနေအထားကို ဂေါင်ဟုန်ချီကသာ ထိန်းချုပ်ထားသည်။
“ဒီပြိုင်ပွဲဝင်သိုင်းကို ရင်းနှီးနေသလိုပဲ…”
ဘေးနားမှာကြည့်နေသော ကျူရီက ဂေါင်ဟုန်ချီ၏ သိုင်းကွက်များကို တစ်နေရာရာမှာ မြင်ဖူးနေသလိုရှိနေသည်။ ထို့နောက် သူ၏မျက်လုံးထောင့်စွန်းလေးကနေ လှမ်းမြင် နေရသော ချူးယွင်ဖန်းကို တွေ့တော့မှ ချက်ချင်းသဘောပေါက်သွားသည်။
ဒီသိုင်းကွက်က ချူးယွင်ဖန်း အရမ်းကျွမ်းကျင်တဲ့သိုင်းမဟုတ်ပေဘူးလား?
ယခင်တုန်းက ကျူရီသည် ချူးယွင်ဖန်းကို အရေးနိမ့်ခဲ့သည်။ ထိုအချိန်တုန်းကလည်း ပြိုင်ပွဲတွင် ချူးယွင်ဖန်းသာ အသာစီးရခဲ့သည်။ ကျူရီက မည်မျှပင် ကြိုးပမ်းနေပါစေ ပိုက်ကွန်ထဲတွင် မိနေသော ငါးလေးတစ်ကောင်လိုဖြစ်နေသည်။ သူ့အတွက် လွတ်လမ်းဟူ၍ မရှိပေ။ ထိုအချိန်တုန်းက ခံစားရသော ကူကယ်ရာမဲ့သောမျှော်လင့် ချက် နှင့် အစွမ်းအစမဲ့ခြင်းဟူသော ခံစားမှုမျိုးကို အမှတ်ရနေသေးသည်။ ဂေါင်ဟုန်ချီ၏ တိုက်ကွက်နှင့် ရင်းနှီးနေသည်ဟူသော ခံစားချက်မှာ မထူးဆန်းတော့ပေ။ ထိုအရာများသည် ချူးယွင်ဖန်းဆီက လာတာဖြစ်ရမည်။
ဂေါင်ဟုန်ချီ၏ ပြိုင်ဘက်သည် ဒုက္ခရောက်တော့မည်ဆိုတာ ကျူရီသိနေသည်။ ထိုတိုက်ခိုက်သည့်ပုံစံ၏ ကြောက်စရာကောင်းသောအချက်မှာ ပြိုင်ပွဲမှာအသာစီးရသည်နှင့် တစ်ဖက်လူက ပြန်ပြီးတွန်းလှန်နိုင်ဖို့ အလွန်ခဲယဉ်းလှသည်။ ထို့နောက် ရှုံးနိမ့်သောဘက်က လူများသည် ပြေးနိုင်သမျှ အမြန်ဆုံးပြေးဖို့သာ တတ်နိုင်တော့သည်။ အဆုံးသတ်မှာ ရှုံးနိမ့်သူဘက်က မရှုမလှရှုံးနိမ့်မှုကို ခံစားရတော့မည်။
ကျူရီ၏ အတွေးများကို အတည်ပြုနေသလိုပင် ဘုန်းကြီးနှင့် တူသော လူငယ်လေးက အဆက်မပြတ်ဆုတ်ခွါရန် ဖိအားပေးခံနေရသည်။ သူက တိုက်ခိုက်သည်ဖြစ်စေ ခုခံသည်ဖြစ်စေ သူက ရှုံးနိမ့်နေပြီးသားဖြစ်သည်။ ဂေါင်ဟုန်ချီသည် တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်သည့်အပေါ် ထိုဘုန်းကြီးနှင့် တူသောလူငယ်လေးက တရစပ်ခုခံနေရသည်။ သူက ရှုံးနိမ့်နေပြီးသားဆိုတာ အားလုံးအသိဖြစ်သည်။ သူသည် ရလဒ်ကို ပြန်လည်မပြောင်းနိုင်တော့ပေ။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့နှစ်ယောက်လုံးက ချီပင်လယ်သတ္တမအဆင့်မှာရှိနေကြတာပါ။ ဘာလို့ ငါက သူ့ထက် နိမ့်ကျရတာလဲ”
ထိုလူငယ်လေးက လုံးဝပျာယာခတ်နေသည်။ သူနှင့် တူညီသောအဆင့်မှာရှိနေသော ပြိုင်ဘက်က သူ့ကို ပြိုင်ပွဲအတွေ့အကြုံမှစပြီး ခွန်အားထိ ဘက်ပေါင်းစုံကနေပြီး အသာစီးရထားသည်။ ဂေါင်ဟုန်ချီက မဲ့ပြုံးပြုံးမိသည်။ သူက လှံတံကိုတစ်ချက်ဝှေ့ရမ်းရုံဖြင့် ဘုန်းကြီးနှင့်တူသောလူငယ်လေး၏ လက်ထဲက ပစ္စည်းကိုလွင့်ထွက်သွားစေသည်။ ဂေါင်ဟုန်ချီက သူ၏လှံတံဖြင့် ပြိုင်ဘက်၏ မျက်နှာကိုရိုက်ချပစ်သည်။ သူ့မှာအင်အားတွေကျန်နေသေးသည်ဆိုတာ သိသာထင်ရှားနေသည်။
ဂေါင်ဟုန်ချီက သူ့ကိုယ်သူကျေနပ်အားရမိသည်။ သူ့ကို ချူးယွင်ဖန်းက ထိုကဲ့သို့တစ်ထပ်တည်းတူသောပုံစံဖြင့် အမြဲလိုလို အနိုင်ယူခဲ့သည်။ သူတို့၏ အဆင့်သည် တူညီသော်ငြား သူ့ကို ယွင်ဖန်းက အမြဲလိုလို အနိုင်ယူနိုင်ခဲ့သည်။ ထို့ပြင် ယွင်ဖန်းက သူ့ထက်နိမ့်ကျသော အဆင့်မှာရှိနေစဉ်တောင်မှ သူ့ကိုယ်အမြဲလိုလိုအနိုင်ယူခဲ့သည်။
“ယွင်ဖန်းက အမြဲခုလိုတိုက်ခိုက်တာ မဆန်းပါဘူး။ တကယ့်ကိုအံ့အားသင့်ဖွယ်ပါလား” ဟုဂေါင်ဟုန်ချီကရယ်မောရင်းဆိုသည်။
သူ့ကို အနိုင်ရပြီးနောက် ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီ၏ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ သူက တမင်တကာရည်ရွယ်ချက်ရှိရှိ သင်ယူခဲ့တာမဟုတ်သော်ငြား သူက ချူးယွင်ဖန်း၏ တိုက်ခိုက်သည့်ပုံစံကိုအလိုလိုမှတ်ယူထားမိခဲ့သည်။ ဂေါင်ဟုန်ချီသည် အမြဲလိုလို အနိုင်ကျင့်ခံရပြီး အမြဲလိုလို စိတ်ထဲအဆင်မပြေခဲ့ပေ။ ယခုတော့ သူကအနိုင်ရသူအနေအထားမှာရှိနေတာမို့ သူ့ကိုယ်သူ ကျေနပ်အားရမိသည်။
“မင်းတစ်ခုခုလုပ်ချင်လျှင် ကိုယ့်ဘာသာကိုယ်လုပ်ပါ” ယင်ချန်းက ဂေါင်ဟုန်ချီကို အေးတိအေးစက်ပုံစံဖြင့် စူးစိုက်ကြည့်ကာ ကြိုးဝိုင်းထဲဝင်လာပြန်သည်။ သူတို့၏ ပိုက်ဆံကိုပြန်ရရုံသက်သက် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အမှတ်-၂၅ ကျောင်း၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်။ သူတို့ကျောင်း၏ ဂုဏ်သိက္ခာကို ထိုသူ၏လက်ထဲမှာ လွယ်လွယ်လေး အဆုံးရှုံးမခံလိုပေ။
“လက်လျှော့လိုက်တော့ မင်းငါ့ကိုမနိုင်ဘူး” ဟု ယင်ချန်းက အေးတိအေးစက်ပြောသည်။
“ငါလည်း ဘာပဲနေနေ ကြိုးစားကြည့်ချင်သေးတာပေါ့။ အမှတ်-၂၅ ကျောင်းက နံပါတ်တစ်လူက ဘယ်လောက်အစွမ်းအစရှိလဲဆိုတာ မြင်ချင်သေးတာ” ဟု ဂေါင်ဟုန်ချီက ရယ်မောရင်းပြောသည်။
“မင်းနောင်တရလိမ့်မယ်”
ယင်ချန်းက စတင်လှုပ်ရှားသည်။ သူက ဓားနှစ်လက်ကိုထုတ်သည်။ သူ့လက်ထဲမှာရှိသော ဓားနှစ်လက်က ပြင်းထန်သောစွမ်းအားကိုပြသနေသည်။ သူက နဂါးနှစ်ကောင်ကို ဘယ်ဘက်နှင့် ညာဘက်မှ ထုတ်လိုက်သလိုမျိုး အနေအထားဖြင့် ဂေါင်ဟုန်ချီထံသို့ ပြေးဝင်လာသည်။
ယင်ချန်းက အလွန်လျင်မြန်သည်။ ချီပင်လယ်အဌမအဆင့်မှာရှိသော စစ်သည်၏ အမြန်နှုန်းက ရှေ့က သတ္တမအဆင့်မှာရှိနေသော ပြိုင်ဘက်နှစ်ဦးထက် သာလွန်နေသည်။
“သတိထား”ကျူရီက လှမ်းအော်သည်။
သို့သော်ငြား ဓားနှစ်လက်က ဂေါင်ဟုန်ချီကိုပိုင်းဖြတ်မိပြီးနောက် ဂေါင်ဟုန်ချီသည် သုံးကိုယ်ခွဲဖြစ်သွားသည်။ ဓားနှစ်လက်က အရိပ်ကိုသာ ပိုင်းဖြတ်မိပြီး ဂေါင်ဟုန်ချီကိုမထိပေ။
လူအုပ်ကြီးက တအံ့တဩဖြစ်ပြီး ရေရွတ်မိတော့သည်။ “ရွေ့လျားသိုင်းကွက်”