← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အပိုင်း (၁၉၀)- ကြိုးဝိုင်းထဲဝင်သွားသော ချူးယွင်ဖန်း

“ဒါက အမှတ်-၁၃ကျောင်းက ချူးယွင်ဖန်းမလား” ဟု ယုရှင်းယွမ်က

သူ့ဘေးနားမှာရှိ နေသော လူငယ်လေးကိုလှမ်းမေးသည်။ယုရှင်းယွမ်သည်

အမှတ်-၇ ကျောင်း၏ နံပါတ်တစ်ဖြစ်ပြီး သူသည်

အသက်အရမ်းကြီးသောပုံပေါက်သည်။ သူ့ဘေးနားက ဒုတိယရသောသူနှင့်

ယှဉ်ပါက သူသည် ဆယ်နှစ်လောက်အသက်ကြီးပုံပေါက်သည်။

“သူပဲဖြစ်ရမယ်။ အမှတ်-၁၃ကျောင်းရဲ့နံပါတ်တစ်က တည်ငြိမ်သော

စွမ်းရည်တချို့ ရှိတယ်။ အို့ရန်နဲ့ အရင်တုန်းက ချကြတာတွေ့ဖူးတယ်။အို့ရန်က

မဆိုးပေမဲ့ ဒုတိယနေရာပဲရတယ်။ ကြည့်ရတာ ကောလဟာလတွေက မှန်တဲ့ပုံပဲ”

ဟု အဆင့်-၂ ကောင်လေးကပြောသည်။

သူကချုးယွင်ဖန်းကို အထင်မသေးရဲပေ။ သာမန်အထက်တန်းကျောင်းများသည်

အရေးကြီးသော ခရိုင်နှင့် မြို့များကို မယှဉ်နိုင်ပေ။ သို့သော် တစ်ယောက်သို့

မွန်းစတားအချို့ပေါ်လာနိုင်သည်မှာရှောင်လွှဲလို့မရပေ။ ထိုအရာသည်

ယခင်တုန်းက ဖြစ်ပျက်ခဲ့သော အရာများဖြစ်သည်။ ဘာတွေပဲဖြစ်နေပါစေ

ထိပ်သီးကျောင်းသားများ သည် အမှတ်-၅ နှင့် အမှတ်-၇ ကျောင်းမှ

ကျောင်းသားများဖြစ်ကြသည်။ ထို့ကြောင့်ပင် ယုချိုင်ကျောင်းက အနာဂတ်မှာ

ထိပ်သီးနေရာကို ရောက်ရှိလာနိုင်သည်။

“စိတ်ဝင်စားစရာပဲ” ယုရှင်းယွမ်က ခပ်ပြုံးပြုံးပြောသည်။ ထို့နောက် သူသည်

ဆက်လက်ပြီး ဂရုမစိုက်တော့ပေ။

သူ့အတွက်တော့ ချူးယွင်ဖန်းသည် သာမန်စိတ်ဝင်စားစရာမီးပွါး

လေးတစ်ခုမျှသာဖြစ်ပြီး အများကြီးအာရုံစိုက်စရာမလိုပေ။ သူ၏

လက်ရှိပြိုင်ဘက်များသည် ရန်ဂျွန် နှင့် တုံရှင်းရန် တို့သာဖြစ်ကြပြီး ထိုနှစ်ဦးသာ

သူနှင့် အနေအထားတူညီသည်။

“ကျောင်းသားတွေ့ဆုံပွဲရဲ့ သာမန်လုပ်ငန်းစဉ်က ဘာတွေလဲ။ မင်းတို့ထဲက

တစ်ယောက်ယောက်သိကြလား” ဟု ချူးယွင်ဖန်းက အစွန်းတစ်ဖက်မှမေးသည်။

အို့ရန်က ချူးယွင်ဖန်းကို ထူးဆန်းသောအကြည့်ဖြင့်ကြည့်သည်။

“မင်းပဲ မသိတာနေမယ်။ တကယ်ပြောတာ..အရင်နှစ်တုန်းက

မင်းပြောတာကြားဖူးတယ်။ မင်းသာချန်ပီယံဆုကိုမရရင် အရာအားလုံးက

အဓိပ္ပါယ်မရှိဘူးဆိုပြီး မင်းပြောဖူးတယ်။ ငါကတော့ မင်းသေချာလေးပြင်ဆင်လာမယ်လို့ ထင်ထားတာ။ တကယ်တော့ မင်းက ဘာမှမပြင်ဆင်ခဲ့ဘူးပဲ။ ဒီအကြောင်းတွေဆိုတာ

အင်တာနက်မှာအလွယ်လေးရှာလို့ရတယ်”

ချူးယွင်ဖန်းက တစ်ချက်ရယ်သည်။ “ဒါပေါ့ ငါပြင်ခဲ့ပါတယ်။ ဒါတွေဆိုတာ

ပါမွှားအသေးစိတ်လေးတွေပါ။ လူတစ်ဦးရဲ့ စွမ်းအားက

အနေအထားတစ်ခုထိ ရောက်ရင် အရာအားလုံးက သူ့ဘာသာအလိုလိုဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ အနေအထားတစ်ခုထိ မရောက်ရင်တော့ အတင်းအကြပ်တိုက်ခိုက်ခြင်းက

ဒုက္ခရောက်ရလိ့မ်မယ်”

အို့ရန်က ပြန်ပြုံးပြပြီး “ဒါက တွေ့ဆုံပွဲဆိုတည်းက အရမ်းတင်းကြပ်ဖို့တော့

မဖြစ်နိုင်ဘူး။တကယ်တော့ စည်းကမ်းတင်းကြပ်တဲ့အနေအထားမရှိပါဘူး။

အကြမ်းဖျဉ်းအားဖြင့် သုံးဆင့်ခွဲထားတယ်။ ပထမအဆင့်မှာ

ကျောင်းတစ်ကျောင်းစီက ထိပ်သီးကျောင်းသား ၂၀က စင်မြင့်ပေါ်တက်ပြီး

အစွမ်းတွေပြမယ်။ အဲ့အဆင့်က သွေးပူလေ့ကျင့်ခန်းအဆင့်သာသာပဲ”

“အဲ့အဆင့်ပြီးလျှင် လက်ရွေးစင်ပြိုင်ပွဲစပြီ။ ဒီကိုစေလွှတ်လိုက်တဲ့သူတွေကို

ကျောင်းအသီးသီးရဲ့ လက်ရွေးစင်လို့တွေးထားကြတာ။ ကျောင်းတွေရဲ့ အဆင့်ကို

ဒီအဆင့်မှာ ဆုံးဖြတ်ကြလိမ့်မယ်။ လက်ရွေးစင်ပြိုင်ပွဲမှာ

ကောင်းကောင်းလုပ်ပြနိုင်လေလေ ကျောင်းရဲ့ အဆင့်က မြင့်လေလေပဲ”

“လက်ရွေးစင်ပြိုင်ပွဲပြီးလျှင် ချန်ပီယံပြိုင်ပွဲလာပြီ။ ဒီနှစ်အနေအထားအရဆို

ချန်ပီယံယှဉ်ပြိုင်ခြင်းက ရန်ဂျွန်၊ ယုရှင်းယွမ် နဲ့ တုံရှင်းရန်တို့ကြားမှာပဲ ဖြစ်ရမယ်။

ဘယ်သူပဲနိုင်နိုင် အနိုင်ရသူက ဒီနှစ်ကျောင်းပေါင်းစုံတွေ့ဆုံပွဲရဲ့

ချန်ပီယံဖြစ်လိမ့်မယ်။ ဒီသုံးယောက်ရဲ့ ရလဒ်က ကျောင်းသုံးကျောင်းရဲ့ အဆင့်ကို

အဆုံးအဖြတ်ပေးလိမ့်မယ်” ဟု အို့ရန်က ဖြေးဖြေးချင်းပြောသည်။

“အဆင့်တွေက တစ်ကြိမ်စီမှာ ကွဲပြားတယ်ဆိုပေမဲ့ အခြေခံကတော့

ဒီသုံးကျောင်းကြားက ပြိုင်ပွဲပဲဖြစ်တာမို့

အထူးတလည်အံ့ဩနေစရာမလိုတော့ပါဘူး”

အို့ရန်က ချူးယွင်ဖန်းကိုကြည့်ပြီးရယ်မိသည်။ “မင်းက

ချန်ပီယံဆုမရချင်ဘူးလား။ ချန်ပီယံဆုရချင်လျှင် ဒီသုံးယောက်ကို

ဖြတ်ကျော်နိုင်မှရမယ်”

ချူးယွင်ဖန်းက ခပ်တုံ့တုံ့ပြုံးပြသည်။ သူက ထိုသုံးယောက်ကိုစိတ်ထဲမှာ

လေးစားပြီးသားဖြစ်သည်။ သူ့ရှေ့မှာမည်သူပဲရှိနေပါစေ သူက သေချာပေါက်

အနိုင်ယူရမည်။

“အားလုံးပဲ ဒီနှစ်မှာ..ငါက ဒီပွဲကို စပြီးဖွင့်ပေးရမယ်။ ဘယ်သူ ငါနဲ့

လာပြီးရင်ဆိုင်ချင်လဲ”

ထိုအချိန်တွင် ကျောင်းတစ်ကျောင်းမှ ကျောင်းသားတစ်ဦးက

ရှေ့ကိုတက်လှမ်းလာသည်။

သူ့ပုံစံကိုကြည့်ပြီး တွေ့ဆုံပွဲ၏ သွေးပူလေ့ကျင့်ခန်း စတင်ပြီဟု ဆိုနိုင်သည်။

အို့ရန်ပြောသလို ထိုအဆင့်သည် သွေးပူလေ့ကျင့်ခန်းအဆင့်ဖြစ်သည်။

ထွက်လာသောလူများသည် ချီပင်လယ် ပဥ္စမအဆင့်နှင့် ဆဌမအဆင့်မှာရှိကြပြီး

သွေးပူလေ့ကျင့်ခန်းအဆင့် ပြိုင်ပွဲများသည် စိတ်လှုပ်ရှားဖွယ်

အဖွင့်ပွဲစဉ်များဖြစ်ကြသည်။ သူတို့သာ ယခုအချိန်မှာစင်မြင့်ပေါ်မတက်ပါက

ထိုအခွင့်အရေးကို တဖန်ပြန်ရတော့မည်မဟုတ်ပေ။

တစ်ယောက်ပြီးတစ်ယောက်တက်ပြီးနောက် နှစ်နာရီကြာသွားသည်။ အမှတ်-၁၃

ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ကြိုးဝိုင်းထဲဝင်လာကြသည်။

ချုးယွင်ဖန်း၊ တန်စီယု၊ ဂေါင်ဟုန်ချီနှင့် ကျန်းထျန်တို့ကတော့

ကြိုးဝိုင်းထဲဝင်မလာကြသေးပေ

သာမန်ကျောင်းသားများထွက်လာပြီးနောက် အမှတ်-၂၅ကျောင်းက

မှဲ့ခြောက်ခပ်ရေးရေးရှိသော ကောင်မလေးတစ်ဦးသည်

သွေးပူလေ့ကျင့်ခန်းပွဲစဉ်ကို အဆုံးသတ်ရန် ကြိုးဝိုင်းထဲဝင်လာပြီးနောက်

လက်ရွေးစင်ပြိုင်ပွဲကို စတင်တော့သည်။ အားလုံးက ထိုပြိုင်ပွဲကို မျှော်လင့်တကြီး

စောင့်ဆိုင်းနေကြသည်။ ရှေ့ထွက်လာသော ကျောင်းသားများသည် ချီပင်လယ်၏

သတ္တမအဆင့်မှာရှိကြပြီး သူတို့၏ အစွမ်းက သိသိသာသာကွဲပြားကြသည်။

အမှတ်၁၃ ကျောင်းမှ ပထမဆုံးတက်လှမ်းလာသူအဖြစ် ကျန်းထျန်က

ရှေ့ထွက်လာသည်။ သူသည် နှစ်ပွဲဆက်တိုက်ပြိုင်ပြီးနောက် ချီပင်လယ် အဆင့်-

၇ပြိုင်ဘက်နှစ်ဦးကို အနိုင်ယူပြီးနောက် ပြန်လည်ဆုတ်ခွါလာတော့သည်။

နောက်ထပ်ပြိုင်ပွဲအနည်းငယ် ပြိုင်ပြီးနောက် ဂေါင်ဟုန်ချီသည်

ကြိုးဝိုင်းထဲဝင်လာခဲ့သည်။ သူ၏ မီးမုန်တိုင်းလှံတံသိုင်းကိုသုံးပြီး

ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူပြီးနောက် သူ့ကို ကျောင်းတစ်ကျောင်း၏

ထိပ်သီးကျောင်းသားတစ်ဦးက အနိုင်ပိုင်းလိုက်သည်။

ထို့နောက် ကျောင်းပေါင်းစုံတွေ့ဆုံပွဲသည် နောက်တစ်ဆင့်ဖြစ်သော လက်ရွေးစင်ပြိုင်ပွဲ အဆင့်ကို တက်လှမ်းခဲ့သည်။ ထိုအချိန်မှာ ရှေ့ထွက်လာသော ကျောင်းသားများသည် ချီပင်လယ်အဌမအဆင့်နှင့် အထက်မှာရှိနေကြသူများဖြစ်သည်။

“ချူးယွင်ဖန်း..မင်းဆင်းလာပြီး တိုက်ခိုက်ရဲလား”

ချူးယွင်ဖန်းက အနည်းငယ်ပျင်းရိလာချိန်တွင် ကြိုးဝိုင်းထဲမှ ရုတ်တရက်ဆိုသလို

အော်သံတစ်သံထွက်လာသည်။ ထိုအသံသည် ဓားကိုင်ပြီးအသင့်စောင့်နေသူ

လုရှင်းယွမ်ထံမှ ထွက်လာခြင်းဖြစ်သည်။

ကျောင်းသားအားလုံးက ထိုအရာနှင့် အသားကျနေပြီဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး

အပြန်အလှန်ဆက်ဆံပြီးနောက် တွေ့ဆုံပွဲသည် ပုဂ္ဂိုလ်ရေးရာ အငြိုးအတေးများ ဖြေရှင်းရန်နေရာဖြစ်သည်။

“ချူးယွင်ဖန်းဆိုတာ ဖန်ကျိရန်ကို တစ်ချက်တည်းနဲ့ အနိုင်ပိုင်းခဲ့သူမလား။”

“ငါလည်း သူလို့ထင်တယ်။ အဲ့ချိန်တုန်းက ငါရှိနေခဲ့တာ သူ့ဓားချက်က

တကယ့်ကို အံ့မခန်းပဲ”

“အမှတ်-၁၃ကျောင်းဘက်က ကြိုးဝိုင်းထဲဝင်ဖို့ သုံးယောက်ကျန်သေးတယ်။

ဒီနှစ်မှာ အမှတ်-၁၃ကျောင်းက ဘာကြောင့် ဒီလောက်တောင်

အင်အားကြီးရတာလဲ”

အမှတ်-၁၃ ကျောင်းမှ ယှဉ်ပြိုင်ဖို့ လူများကျန်နေသေးတာကို သိလိုက်ကြရသည်။

ထိုအရာက ကျန်နေသောသုံးယောက်သည် ချီပင်လယ်အဆင့်-၈ နှင့်

အထက်မှာရှိနေကြသည်ဟု ဆိုခြင်းဖြစ်သည်။

အမှတ်-၂၅ ကျောင်း၏နံပါတ်တစ်ဖြစ်သူ ယင်ချန်းက ကြိုးဝိုင်းထဲဝင်ချိန်တွင်

အမှတ်-၁၃ကျောင်း၏ တတိယနေရာမှာရှိသော တန်စီယုက

ကြိုးဝိုင်းထဲမဝင်ရသေးပေ။ထိုအစွမ်းနှင့်ဆို အမှတ်-၁၃ကျောင်းသည်

အလယ်အလတ်အဆင့်ကို ချက်ချင်းဆိုသလို တက်လှမ်းလာနိုင်ပြီး

အဓိကခရိုင်နှင့် မြို့ကြီးများမှာရှိသော ကျောင်းများတွင်

ဒုတိယအဆင့်မှာရှိနေသည်။

“ချူးယွင်ဖန်းက ဖန်ကျိရန်ကို တစ်ချက်တည်းနဲ့ အနိုင်ရလိုက်တာမလား။

သေချာတာကတော့ သူကတကယ့်ကို အင်အားကြီးမားတယ်။ လုရှုရန် က

ယုချိုင်ကျောင်းမှာ ထိပ်သီးဆယ်ဦးထဲပါတယ်။ နောက်ထပ် ပြင်းထန်တဲ့

ပြိုင်ပွဲစတော့မယ်”

“နောက်ဆုံးတော့ စိတ်ဝင်စားစရာကောင်းလာတော့မယ်”

ကျောင်းသားအများစုက စိတ်ဝင်တစားဆွေးနွေးကြသည်။

ကွင်းဘေးမှာရှိသောပွဲကြည့်စဉ်တွင် ယုချိုင်ကျောင်း၏ ဆရာများရှိနေသည်။

ထိုင်ခုံများအလယ်တွင် သက်လက်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို

အနောက်တိုင်းဝတ်စုံနှင့်တွေ့ရသည်။ ထိုလူသည် ပိန်ပါးပြီး

မျက်မှန်တပ်ထားသည်။

သူ့ဘေးနားတွင် ယုချိုင်ကျောင်း၏ ကျောင်းအုပ်၊ ဒုကျောင်းအုပ်ကြီး၊

ကျောင်းကောင်စီဝင်များ၊ နှင့် အခြားအဆင့်မြင့်အရာရှိကြီးများ ထိုင်နေကြသဖြင့်

သူသည် ခေါင်းဆောင်တစ်ဦးသဖွယ်ဖြစ်သည်။

“ကျောင်းအုပ်ကြီး တန်..လုရှုရန် က ခင်ဗျားကျောင်းကမလား” ဟု

ထိုသက်လတ်ပိုင်းအမျိုးသားကမေးသည်။

“ဟုတ်တယ် မစ္စတာလင်း..သူတို့တွေက လွန်ခဲ့တဲ့နှစ်စာမေးပွဲမှာ

အဆင့်တစ်ဆယ်အတွင်းဝင်တဲ့သူတွေဖြစ်တယ်” ဟု

ကျောင်းအုပ်ကြီးကပြန်ဖြေသည်။

“စိတ်ဝင်စားစရာပဲ..နောက်ကျောင်းသားတစ်ဦးနာမည်က ချူးယွင်ဖန်းလား” ဟု

မစ္စတာလင်းက စိတ်ဝင်တစားမေးသည်။

“အဲ့လိုထင်တာပဲ”

ကျောင်းအုပ်ကြီးသည် ချူးယွင်ဖန်းက ဘယ်သူလဲဆိုတာ သေချာမသိပေ။

“အင်း..ချူးယွင်ဖန်း..စိတ်ဝင်စားစရာပဲ..” ဟု မစ္စတာလင်းက

ဆိုဖာပေါ်မှာထိုင်နေသော လူကိုလှမ်းကြည့်သည်။

သူ့မျက်နှာပေါ်တွင် ဖျက်ခနဲဆိုသလို အပြုံးတစ်ချက်ပေါ်လာပြီး သူ့မျက်စိထဲတွင်

အမည်ဖော်ရန်ခဲယဉ်းသောခံစားချက်များ ရှိနေသည်။

သူကြည့်နေတုန်းမှာပဲ ချူးယွင်ဖန်းက ဖြည်းဖြည်းချင်းထလာပြီး

ကြိုးဝိုင်းထဲဝင်လာသည်။

အပိုင်း -၁၉၁ ချူးယွင်ဖန်း၏ အင်အားအစစ်အမှန်က ကြောက်ဖို့ကောင်းတယ်

“မနှစ်က အတန်းတင်စာမေးပွဲမှာ မင်းနဲ့ပြန်ဆုံဖို့အခွင့်အရေးရှိပါသေးတယ်လို့

ငါပြောခဲ့တယ်လေ” ဟု လုရှုရန်က ဆိုသည်။

ယုချိုင်ကျောင်းသားများထိုင်သည့်နေရာတွင် လူတစ်ဦးက

လက်သီးကိုကျစ်ကျစ်ပါ နေအောင်ဆုပ်ထားပြီး ချူးယွင်ဖန်းကို

စူးစိုက်ကြည့်သည်။ ထိုသူသည် ဆေးခန်းမှ ယခုလေးတင်ထွက်လာသော

ဖန်ကျိရန် ဖြစ်သည်။ စောနတုန်းက ချူးယွင်ဖန်းသည် ဒေါသတကြီးဖြင့် သူ့ကို

ထိုးနှက်ခဲ့သည်။ သို့သော် ယနေ့ခေတ်၏ ခေတ်မီဆေးပညာများ အရ သူက

ချက်ချင်းပင်ပြန်နိုးထလာနိုင်ခဲ့သည်။

သူ၏ ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာရသွားပြီး လက်မောင်းကျိုးရုံအပြင်

တခြားဘာမှ ထိခိုက်ဒဏ်ရာမရပေ။ ကိုယ်တွင်းအင်္ဂါဒဏ်ရာရခြင်းက ကုသရန်

လွယ်ကူသော်ငြား လက်မောင်းကျိုးခြင်းက အကောင်းပကတိပြန်ဖြစ်ရန်

ရက်အနည်းငယ်ကြာပေဦးမည်။ ထို့ကြောင့် သူသည် တွေ့ဆုံပွဲတွင်

ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ဘေးနားမှနေပြီး ပွဲကြည့်ပရိတ်သက်တစ်ဦးအဖြစ်သာ ကြည့်နိုင်သည်။

သူက ချူးယွင်ဖန်းကို အရေခွံခွါတော့မည့်အလား စူးစူးစိုက်စိုက်ကြည့်နေသည်။

ဖန်ကျိရန်က နိုးထလာသောအခါ သူ့သတင်းက နာမည်ကြီးနေသည်ဆိုတာ

သိလိုက် ရသည်။ သူ့ကိုချူးယွင်ဖန်းက တစ်ချက်တည်းနှင့် အနိုင်ယူပြီး

မေ့မြောသွားစေခဲသည်ဟု ကျောင်းပေါင်းစုံက ပညာရှင်များက သိကြသည်။

ထို့ကြောင့် ယနေ့ပြီးသည်နှင့် သူ့သတင်းသည် ယွမ်နင်းခရိုင်တစ်ခုလုံးက

ကျောင်းသားများ၏ ပါးစပ်မှာ ပျံ့နှံ့သွား ရတော့မည်။ ထိုအရာကိုတွေးမိပြီး

သူ့လည်ချောင်းများခြောက်လာသည်။ ထိုအဖြစ်အပျက်ကို သူမယုံနိုင်သေးပေ။

အနာဂတ်မှာ လူတိုင်းက သူ့နာမည်ကိုကြား သည်နှင့် “အို..သူက

ချူးယွင်ဖန်းရဲ့ဓားချက်ကြောင့် သတိလစ်တဲ့သူမလား” ဟုသာ သိကြတော့မည်။

ပြီးတော့ ထိုအရာများအားလုံးသည် ချူးယွင်ဖန်းကြောင့်သာ ဖြစ်ရသည်။

“မင်းကိုတစ်ချက်တည်းနဲ့ အနိုင်ယူတဲ့ ချူးယွင်ဖန်းဆိုတာ သူလား”

ဖန်ကျိရန်၏ ဘေးနားမှာထိုင်နေသောကျောင်းသားတစ်ဦးက ချူးယွင်ဖန်းကို

စူးစူးစိုက် စိုက်ကြည့်သည်။ ထို့နောက် ဖန်ကျိရန်၏ မျက်နှာက ချက်ချင်းဆိုသလို

ခက်ထန် မာကြောလာပြီး ရှက်ပြုံးထပြုံးသည်။

မေ့လိုက်စမ်းပါ! သူတို့က မင်းကို စချင်ရုံသပ်သပ်ပါ။ ဒါပေမဲ့ သူတို့

အဲ့အတွေးတွေကို ဆက်တွေးလို့ မရတော့မဲ့ပုံပဲ..

“ပြသနာမရှိပါဘူး။ ချူးယွင်ဖန်းက အင်အားကြီးတော့ ဘာဖြစ်လဲ။ လုရှင်းယွမ်က

သူ့ကိုနိုင်မှာပဲ။ ပြီးတော့ လုရှုရန်က ချီပင်လယ်အဌမအဆင့်လေ”

ထိုကျောင်းသား၏ စကားများက သူ့ကို အားတက်စေသည်။

“ဟုတ်တယ်..လုရှင်းယွမ်က အဆင့်ရှစ်မှာရှိတာ” ထိုသို့ပြောပြီးမှ ဖန်ကျိရန်

စိတ်အေးရသည်။ လုရှုရန်သည် သူတို့ကျောင်း၏ ထိပ်သီးကျောင်းသား

တစ်ဦးဖြစ်သည်။ တကယ်တော့ သူက အဆင့်ရှစ်နေရာမှာရှိသူမို့ ချူးယွင်ဖန်းက

သူ့ကို ဘယ်လိုလုပ်ပြီး အနိုင်ရမည်နည်း။ ထိုသို့ပြောသော်ငြား ချူးယွင်ဖန်းက သူ့ကိုတိုက်ခိုက်ခဲ့သည့်အကွက်ကို ယခုထိ မမေ့နိုင်သေးပေ။

“မင်းအရင်စပါ။ အချိန်မဖြုန်းနဲ့” ဟု ချူးယွင်ဖန်းက

ကြိုးဝိုင်းထဲမှာရပ်ရင်းပြောသည်။

“မင်းက ခုထိလေကြီးနေတုန်းပဲ။ ဒါပေမဲ့ ခုလက်ရှိက အရင်ကနဲ့ ဘာမှ

မဆိုင်တော့ဘူး” ဟု လုရှုရန်က ဆိုသည်။ ချူးယွင်ဖန်း၏ လေသံက သူ့အား

စိတ်ဓာတ်ကျစေသည်။ ချူးယွင်ဖန်းသည် သူမဖြစ်မနေဖြေရှင်းရမည့်

ပြသနာကြီးတစ်ခုလိုဖြစ်နေသည်။

ရွှက်!

လုရှုရန်က ရှေ့ကိုတက်လှမ်းလာပြီး ဓားအလင်းရောင်သည် ချူးယွင်ဖန်းဆီ တည့်တည့် ဝင်လာသည်။

“မြန်လိုက်တဲ့ဓားသိုင်း”

လူအားလုံးမျက်လုံးပြူးသွားကြသည်။ ယခင်တိုက်ပွဲအတွေ့အကြုံနှင့်ယှဉ်ပါက

လုရှုရန်၏တိုက်ခိုက်မှုသည် တစ်ဆင့်မြင့်လာသည်ဟု ပြောရမည်။

ပညာရှင်များကြားက တိုက်ပွဲအစစ်အမှန်တစ်ခု မကြာခင်စတင်တော့မည်။

ချက်ချင်းဆိုသလို ဓားချက်သည် ချူးယွင်ဖန်း၏ ရှေ့မှောက်ကိုရောက်ချလာသည်။

ချူးယွင်ဖန်းက သူ့ဓားကို အသာအယာဆွဲထုတ်ပြီး သူ့မျက်နှာနားကို ဓားရောက်ခါနီးမှ စတင်လှုပ်ရှားတော့သည်။

ချွမ်!

ဓားနှစ်လက်ချင်း ထိရိုက်မိသွားသည်။ ချူးယွင်ဖန်း၏ လှုပ်ရှားမှုက

မြန်ဆန်လှသဖြင့် လူအားလုံးက အရိပ်မဲကိုသာ မြင်လိုက်ရသည်။ ထို့နောက်

ဓားနှစ်လက်ချင်း ယှဉ်ခုတ်ကြသည်။

“ပထမရောက်တဲ့သူ အရင်ဦးဆုံးချမှာပဲ..မြန်လိုက်တဲ့နှုန်း”ဘေးနားမှာကြည့်နေသော ရန်ဂျွန်က ရုတ်တရက် ရေရွတ်မိသည်။

စင်ပေါ်တွင် သူ၏တိုက်ကွက်ကိုပိတ်ဆို့လိုက်သည်ဟု လုရှုရန်က ခံစားမိသည်။

ထို့နောက် ချူးယွင်ဖန်းက ရင်ဆိုင်ရန် မလွယ်ကူဘူးဆိုတာ

သူသိလိုက်ရသော်လည်း သိပ်တော့မအံ့ဩပေ။ သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းရင်း

ချူးယွင်ဖန်းဆီသို့ တစ်ဖန်ပြေးဝင်လာပြန်သည်။

ချွမ်း! ချွမ်း! ချွမ်း!

ကြိုးဝိုင်းအတွင်းမှ တိုက်ခိုက်သံများ အစီအရီပေါ်လာသည်။ ယခုတိုက်ပွဲသည်

ယခင်ကပြိုင်ပွဲများထက် များစွာပြင်းထန်လှသဖြင့် ပရိတ်သက်အဖြစ် ထိုင်ကြည့်

နေသော ကျောင်းသားများက သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်

ကြိုးစားနေရသည်။

လုရှုရန်၏ ဓားသိုင်းသည် ကောင်းကင်ကိုထိုးဖောက်မတတ်ဖြစ်သည်။ သို့သော်

သူ၏တိုက်ခိုက်မှုက ဘယ်လောက်ပဲကောင်းမွန်နေပါစေ ချူးယွင်ဖန်းက

တိုက်ခိုက်မှုများအားလုံးကို သာသာယာယာ ပိတ်ဆို့နိုင်သည်။ လုရှုရန်က

တိုက်ခိုက် လေလေ စိတ်မရှည်လေလေဖြစ်လာသည်။ ထိုသို့ပိုမိုပြီး

စိတ်မရှည်လေလေ ချူးယွင်ဖန်း၏ ခုခံမှုများကို မထိုးဖောက်နိုင်လေလေ

ဖြစ်တော့သည်။

ပထမတော့ ချူးယွင်ဖန်းကို အထင်ကြီးလွန်းမိသည်ဟု လုရှုရန်ထင်မြင်မိသည်။

သို့သော် ဆောင်းတွင်းပိတ်ရက်ပြီးနောက် လုရှုရန်သည် နောက်တစ်ဆင့်

ကိုတက်လှမ်းနိုင်ပြီး ချီပင်လယ်၏ အဌမအဆင့််ကို ရောက်ရှိခဲ့ရသည်။ သူက

ချူးယွင်ဖန်းကို အသာလေးအနိုင်ရသင့်သည်။ သို့သော် သူဆက်လက်ပြီး

တိုက်ခိုက်လေလေ တစ်ခုခုလွဲချော်နေသည်ကို ခံစားမိလာသည်။ သူက ပိုမိုပြီး

အင်အားကြီးမားလာသည့်အချိန်တွင် ချူးယွင်ဖန်းသည်လည်း ပိုပြီး

အင်အားကောင်းလာသည်။

တစ်ဖက်လူက အသာစီးရယူထားနိုင်မှုကြောင့် ချူးယွင်ဖန်းက

မတိုက်ခိုက်တာမဟုတ် ပေ။သို့သော် သူသည် မည်သည့်အချိန်တွင်မဆို

တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် အမှောင်ထဲရှိမွန်းစတားတစ်ကောင်နှင့် တူသည်။

ပထမတော့ လုရှုရန်၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ချူးယွင်ဖန်းက

အံ့အားသင့်နေသည်ဟု အားလုံးက ထင်မြင်ကြသည်။

သူကဘယ်လိုတန်ပြန်တိုက်ခိုက်ရမည်ကို မသိလောက် ဘူးဟု တွေးနေကြသည်။

သို့သော်ငြား သိပ်မကြာခင်မှာ သူတို့၏ အတွေးများလွဲမှားနေတာကို

သိကြရသည်။ ချူးယွင်ဖန်းက စနစ်တကျပြန်လည်ခုခံပြီး လုရှုရန်က

သူ့ကိုတစ်ချက်မှ မထိနိုင်ပေ။

“မင်းဘာလုပ်နေတာလဲ။ ငါနဲ့ လာဆော့နေတာလား။ မင်းဘာလို့

မတိုက်ခိုက်တာလဲ” ဟု လုရှုရန်က ဒေါသတကြီးကြုံးဝါးသည်။

ချူးယွင်ဖန်းက သက်ပြင်းချသည်။ သူက ချန်ပီယံပြိုင်ပွဲအတွက် သူ့အင်အားကို

ချွေတာနေခြင်းဖြစ်သည်။ သူက အင်အားထုတ်မည်ဟု တွေးမိသော်ငြား

မလိုဘူးဟုထင်မြင်မိသည်။ ထိုမှသာ ကျောင်းသားအားလုံးက သဘောပေါက်ကြ

တော့သည်။ သူက ဘယ်လောက်ကြာကြာဖုံးကွယ်ထားဦးမှာလဲ..

“ဒါဆိုလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ချူးယွင်ဖန်းက နောက်ဆုံးမှာ တိုက်ခိုက်တော့သည်။ သူက

ယခင်ကတိုက်ခိုက်တာမျိုး ထက် ခုခံမှုကိုသာပြုလုပ်ခဲ့သည်။

ယခုတော့ သူ့ဘက်က တိုက်ကွက်ဖော်သောအခါ ချူးယွင်ဖန်း၏ ပုံစံက လွန်စွာမှ

ကြောက်စရာကောင်းလာသည်။ သူ့ဓားကိုချလိုက်သောအခါ ကောင်းကင်နှင့်

မိုးမြေကို ဖြိုခွဲမတတ်ဖြစ်နေသည်။ သူ့ဓားချက်က ကြီးမားပြီးပြင်းထန်သည်။

ချူးယွင်ဖန်းဓားကိုချလိုက်သောအခါ လုရှုရန်၏ ဓားအရိပ်များသည်

ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ လုရှင်းယွမ်က

အသက်မသေချင်ပါကနောက်ပြန်လှည့်ပြီး ကာကွယ်ဖို့သာရှိတော့သည်။

ထိုဓားချက်ကို သူကာကွယ်နိုင်မည်ဟု လုရှုရန်မထင်ပေ။

ချွမ်း!

လုရှုရန်က ဓားကိုချက်ချင်းထုတ်ပြီး တိုက်ခိုက်မှုကို ကာကွယ်သည်။သို့သော်

ကြောက်မက်ဖွယ်အစွမ်းက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

ချွမ်း! ချွမ်း! ချွမ်း!

လုရှင်းယွမ်က နောက်ကိုဆုတ်သွားသည်။ သူ့လက်တစ်ချောင်းလုံး တုန်ရီနေပြီး

ထုံကျဉ်နေသည်။သူ့မျက်စိထဲတွင် အံ့ဩထိတ်လန့်မှုများကို

အတိုင်းသားမြင်နေရသည်။

“ ဒါက..ဒါက သူ့အင်အားအစစ်အမှန်ပဲ” ဟု လုရှုရန်က

သူ့ဘာသာတွေးတောမိသည်။

ချူးယွင်ဖန်းက သူ့အစွမ်းတွေကိုတစ်လျှောက်လုံးဖုံးကွယ်ထားတာပဲ!!

ပြီးတော့ သူကမရပ်တန့်ပေ။ သူက လျှပ်စီးအလျင်ဖြင့် ခုတ်ရန်ဟန်ပြင်သည်။

“ငါ့ကို လျှော့မတွက်ပါနဲ့” ဟု လုရှင်းယွမ်က ကြုံးဝါးသည်။

သူက တခြားလက်တစ်ဖက်ဖြင့် ဓားကိုကိုင်ထားပြီးနောက် တိုးဝင်လာသော

ဓားချက်ကို ခုခံကာကွယ်တော့သည်။

အပိုင်း (၁၉၂) ချန်ပီယံကြေညာခြင်းနှင့် လက်မခံနိုင်ခြင်းများ

ချွမ်း!

သံအချင်းချင်းထိရိုက်မိသံများထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ ဓားချက်သည်

လုရှင်းယွမ်၏ ဓားကို ပြင်းထန်စွာ ခုတ်ပိုင်းပစ်သည်။

မီးပွါးများက နေရာအနှံ့ထွက်ပေါ်လာသည်။

ထိုသို့ကြောက်စရာကောင်းသော မြင်ကွင်းကို အားလုံးက

ရင်သပ်ရှုမောဖွယ်ရာကြည့်ကြရသည်။ ချူးယွင်ဖန်းက လက်တစ်ဖက်တည်းဖြင့်

ဓားကိုကိုင်ထားသော လုရှုရန်ကို လုံးဝ အနိုင်ပိုင်းလိုက်သည်။

ချွမ်း! ချွမ်း! ချွမ်း!

လုရှင်းယွမ်က လက်မောင်းများတုန်ရီနေရင်း အနောက်ကို တဖြည်းဖြည်း ဆုတ်ခွါလာသည်။ သူ့မျက်ဝန်းထဲက ထိတ်လန့်မှုများကို မဖုံးကွယ်နိုင်ပေ။

ချူးယွင်ဖန်း၏ အင်အားက မည်မျှတောင်ကြောက်စရာကောင်းလိုက်သနည်း။

လက်တစ်ဖက်တည်းနှင့် တစ်ဖက်ပြိုင်ဘက်ကိုလက်နှစ်ဖက်လုံးဖြင့် ခုခံစေသည်။

ထိုထိတ်လန့်ဖွယ်ကောင်းသော အင်အားက ဘယ်လိုမျိုးပါလိမ့်!

ထိုအချိန်မှသာ ချူးယွင်ဖန်းက စောနတုန်းက တမင်တကာမတိုက်ခိုက်သည်ကို

သိကြရတော့သည်။ အကြောင်းရင်းမှာ ကွာခြားချက်ကြီးမားသောကြောင့်ဖြစ်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ငါက ယုချိုင်ကျောင်းရဲ့ လက်ရွေးစင်ကျောင်းသား။

မင်းလို သာမန်ကျောင်းက ကောင်ကိုရှုံးစရာလား” ဟုလုရှုရန်က ကြုံးဝါးပြီးနောက်

သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းကာ ချူးယွင်ဖန်းဆီသို့ တစ်ဖန်ပြန်ပြေးဝင်လာသည်။

ရွှက်!

ကြောက်စရာကောင်းသော ဓားအရိပ်မဲကြီးက ခုတ်ပိုင်းချသည်။

ချွမ်း!

လုရှုရန်က စူးစူးဝါးဝါးတစ်ချက်အော်ပြီးနောက် နောက်ကို ခြေလှမ်းများစွာဆုတ်ခွါ

သွားသည်။ သူ့လက်ဖဝါးတစ်ပြင်လုံး သွေးယိုစီးကျနေတာကို

ကျောင်းသားအားလုံး မြင်ကြသည်။

သိပ်မကြာခင်မှာပဲ ချူးယွင်ဖန်းက တစ်ခါပြန်ပြီး တိုက်ခိုက်သည်။ ဓားချက်သည်

မြန်ဆန်ပြီး ပြင်းထန်ရုံသာမက လုရှုရန် ကိုလည်း ပြန်ခုခံခွင့် မပေးချေ။ လုရှုရန် က

သူ၏ဓားကိုမြှောက်ပြီးသာ ခုခံနိုင်တော့သည်။

ချွမ်း!

ရွှက်!

လုရှုရန်၏ လက်ဖဝါးတစ်ပြင်လုံးကွဲအက်ပြီး သွေးများစီးကျလာသည်။

သူ့လက်ထဲမှာရှိသော ဓားသည်လွင့်စင်ပြီးတဝှီးဝှီးမြည်ကာ

ကြိုးဝိုင်းကြမ်းပြင်ပေါ်သို့ ကျလာသည်။

လုရှုရန်၏ အာရုံတစ်ခုလုံး မှောင်မဲသွားပြီး သူ့လည်ပင်းနားမှာ

တစ်ခုခုကိုခံစားမိသဖြင့် သူ့လည်ပင်းနားကို ချူးယွင်ဖန်း၏ ဓားရောက်လာတာကို

သိလိုက်ရတော့သည်။

“မင်းရှုံးပြီ” ဟု ချူးယွင်ဖန်း၏ ပြောသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။

လုရှုရန် က ခါးသက်စွာပြုံးရင်း “ဟုတ်တယ် ငါရှုံးတယ်။

မင်းဒီလောက်ပြင်းထန်မယ်လို့ ငါ မတွေးဖူးဘူး။ ကြည့်ရတာ မင်းက

ဒီပွဲအနိုင်ရဖို့ထက် ချန်ပီယံဆုကို အရယူဖို့စိတ် ပိုင်းဖြတ်ထားပုံပဲ

..ငါသာအတင်းဖိအားမပေးဖူးဆို မင်းဘယ်လောက်တောင် စောင့်နေဦးမှာလဲ”

လုရှုရန်၏ စကားများက လူအားလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေသည်။

“ဘာ..သူက ချန်ပီယံဆုကိုလိုချင်တာ”

“ဟာ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ချန်ပီယံဆုကို အမှတ် ၅ နဲ့ ၇ ကပဲ

တောက်လျှောက်လုယူလာတာ။ ဒီနှစ်မှာ ချန်ပီယံလုမဲ့စာရင်းထဲ

ယုချိုင်ကျောင်းကို ထည့်ဦးတော့။ သူ့ကိုယ်သူ ဘာထင်နေလဲ”

“သူက ချန်ပီယံဖြစ်ဖို့ အိမ်မက်မက်ရဲသေးတာလား”

“ဖြစ်နိုင်ပါတယ်..သူက တကယ်တော်တာကိုး”

“လုရှုရန်က ချီပင်လယ်အဌမ အဆင့်မှာရှိတာ။ သူက

အင်အားအကြီးဆုံးလက်ရွေးစင် အုပ်စုထဲမှာဆို အတော်ဆုံးလေ။ ဒါကိုတောင်

သူ့မှာ ချူးယွင်ဖန်းကို အနိုင်ယူဖို့ အင်အားမရှိရှာဘူး”

“သာမန်ကျောင်းတစ်ကျောင်းက ဒီလိုလူမျိုးကို လေ့ကျင့်ပျိုးထောင်

ပေးနိုင်တယ်ဟုတ်လား”ဟု လူတစ်ဦးက ရေရွတ်မိသည်။

လူအများစုက အားတက်သရောဆွေးနွေးကြသည်။ ပထမတော့ ချူးယွင်ဖန်းက

မဖြစ်နိုင်သည့်အရာကိုစိတ်ကူးယဉ်နေသည်ဟု ထင်မြင်ကြသည်။ သို့သော်

ချူးယွင်ဖန်း၏ အစွမ်းကိုမြင်ပြီးမှ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဟု

အမြင်ပြောင်းလာကြ သည်။

လုရှုရန် ၏ စကားများကြောင့် အားလုံး၏ အကြည့်က ချူးယွင်ဖန်းဆီကျရောက်

လာသည်။

“ချန်ပီယံပြိုင်ပွဲ” ရန်ဂျွန်ရေရွတ်မိသည်။ ချူးယွင်ဖန်းလို လူမျိုးလည်း

မရှိနိုင်ဘူးဟု ထင်မြင်ကြသည်။ ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်ကို

ကြည့်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်မည် ဟု ယူဆကြသည်။

“လူသစ်တစ်ဦးတိုးတာပေါ့။ စိတ်ဝင်စားစရာပဲ။ နှစ်တိုင်းလိုလို အမှတ်-၅

ကျောင်းက လူတွေနဲ့ချည်းပဲ ရင်ဆိုင်နေရတာ။ အသစ်တစ်ယောက်မှ

မထွက်လာခဲ့ဘူး” ဟု ယုရှင်းယွမ်က ရယ်မောရင်းဆိုသည်။

ထိုအချိန်မှာ တုံရှင်းရန်သည် တိတ်ဆိတ်နေရာမှ ချက်ချင်းခေါင်းထောင်လာပြီး

ချူးယွင်ဖန်းကိုတည်ငြိမ်သောအမူအရာဖြင့် တစ်ချက်ကြည့်သည်။

ထိုထိပ်သီးကျောင်းသားများ၏ အကြည့်များက ချူးယွင်ဖန်းဆီသို့

ကျရောက်လာသည်။ သူက လုရှုရန်ကို ကြည့်လိုက်သည်။လုရှုရန်က

ကျေနပ်စွာပြုံးနေတာကိုတွေ့ရသဖြင့် သူ့ကို လူအားလုံး၏ ပစ်မှတ်ဖြစ်စေရန်

လုပ်ဆောင်ခဲ့သော သူ၏ အကြံအစည်ကို သိခဲ့ရသည်။

သို့​သော် ချူးယွင်ဖန်းက ထိုအရာများကို ဘာကြောင့် ဂရုစိုက်မည်နည်း။

သူက တစ်ချက်ပြုံးပြပြီး “ ဒါဆို မင်းက ဒီနေရာမှာရှိနေပြီး ချန်ပီယံမဖြစ်ရင်

ဘာအဓိပ္ပါယ်ရှိတော့မှာလဲ မဟုတ်ဘူးလား”ဟု ဆိုသည်။

ချူးယွင်ဖန်းသည် ထိုစကားကို အမှတ်-၁၃ကျောင်းသားများကို ပြောဖူးသည်။

ယခုတော့ လူအများကြီးရှေ့မှာပြောသဖြင့် ချက်ချင်းဆိုသလို အုံ့အုံ့ကြွကြွ

ဖြစ်လာကြသည်။

သူကစပြီး ချန်ပီယံဖြစ်လိုသည်ဟု ဆိုလိုက်ခြင်းကြောင့် ဖြစ်သည်။

ယွမ်နင်းခရိုင်၏ ထိပ်သီးကျောင်းသားသုံးဦးတောင်မှ ချန်ပီယံဖြစ်လိုသည်ဟု

တစ်ခါမှ မပြောဖူးပေ။ ထိုအရာကြောင့်ပင် လူအားလုံးက

အံ့အားသင့်ကြရခြင်းဖြစ်သည်။

“သူက…ဒီစကားကို တကယ်ပြောရဲ….”အို့ရန်က ချူးယွင်ဖန်းကို

တအံ့တဩကြည့်နေသည်။

အစတုန်းက လူအုပ်ကြီးကိုအားတက်စေရန် ချူးယွင်ဖန်းက ထိုစကားကို

ပြောသည်ဟု ထင်မြင်သော်ငြား သူ့အထင်လွဲမှားခဲ့သည်။ သူက တကယ်အနိုင်ယူဖို့

ပြင်ဆင်ထားခဲ့သည်။ ကျန်းထျန်သည် ချူးယွင်ဖန်းကို ပါးစပ်အဟောင်းသားဖြင့်

ကြည့် နေသည်။ သူက ချူးယွင်ဖန်းကို ပြိုင်ဘက်ကောင်းတစ်ဦးဟု

အမြဲတွေးခဲ့သည်။ သို့သော် သူတို့ကျောင်းက နောက်ဆုံးနေရာမရဖို့ အရေး

ကျန်းထျန်က ကြိုးစားချိန်တွင် ချူးယွင်ဖန်းက ချန်ပီယံဖြစ်ဖို့ ဦးတည်ထားသည်။

သူတို့နှစ်ဦးကြားက ကွာခြားချက်ကို ပထမဆုံးအကြိမ်သိလိုက်ရသည်။ သူနှင့်

အူရန်တောင်မှ ဒီလောက်မကွာပေ။ သို့သ်ော သူနှင့် ချူးယွင်ဖန်းကြားက

ကွာဟချက်သည် မတူညီသောကမ္ဘာမှ လူနှစ်ဦးကဲ့သို့ဖြစ်သည်။

“ခွေးမသား..မိုက်ရိုင်းချက်”

“ကိုယ့်ဘာသာဂရုစိုက်ပါ..မင်းကများ ချန်ပီယံဖြစ်ဖို့ စိတ်ကူးယဉ်နေသေးတယ်”

“မင်းက မိုးမြေရဲ့ကွာခြားချက်ကို မသိပါဘူး”

ထိုစကားကြားပြီး အမှတ်-၅ ၊ ၇ နှင့် ယုချိုင်ကျောင်းသားများက

ဒေါသတကြီးအော်ဟစ်ကြသည်။ ချူးယွင်ဖန်းလို သာမန်ကျောင်းက လူတစ်ဦးက

သူတို့ကို စိန်ခေါ်ဝံ့သည်ကို လက်မခံနိုင်ပေ။ နှစ်ပေါင်းများစွာကြာသည့်တိုင်

သာမန်ကျောင်းက လက်ရွေးစင်များထဲမှ မည်သူမှ ချန်ပီယံဆုကို မရခဲ့ပေ။

ထိုဆုကို အမှတ်-၅ နှင့် ၇ ကသာ တစ်လှည့်စီ သိမ်းပိုက်ခဲ့သည်။

ယုချိုင်ကျောင်းကလည်း လူအများအာရုံစိုက်ခံရအောင် အပတ်တကုတ်ကြိုးစားခဲ့ရသည်။

ပွဲကြည့်စင်မှာ မစ္စတာလင်းသည် တောက်ပသောမျက်ဝန်းအစုံဖြင့် ချူးယွင်ဖန်းကို

စိုက်ကြည့်နေသည်။ သူဘာတွေးနေလဲဆိုတာ မည်သူမှ မသိသော်ငြား

သူ့မျက်စိထဲတွင် အလွန်တရာအန္တရာယ်များသော အကြည့်တစ်ခုရှိနေသည်။

အားလုံး၏ သံသယအကြည့်များကြားထဲတွင် ကွင်းထဲမှာရှိနေသော

ချူးယွင်ဖန်းက ပြုံးပြပြီး “ မင်းတို့အားလုံးက ငါမလုပ်နိုင်ဘူးလို့ ထင်နေလား။

မင်းတို့အားလုံး ငါ့ကို ထိတ်လန့်စေရမယ်ဆို ဘယ်လိုလဲ။

ငါ့ကိုချန်ပီယံပြိုင်ဘက်ထဲထည့်လိုက်ပါ။ မင်းတို့စကားလုံးတွေက တိုက်ခိုက်ဖို့

အစွမ်းအစရှိခြင်းမရှိခြင်းအပေါ် အခြေခံတာမဟုတ်ဘဲ နာမည်ကြီးတာနဲ့

အခြေခံအဆင့်ပေါ်ပဲ မူတည်ချင်နေတာ။ အရာအားလုံးက အစွမ်းအစပေါ်ပဲ

မူတည်သင့်တယ်။ ငါ့ကို အခုလှောင်ပြောင်ဖို့ စောပါသေးတယ်။ ငါ ရှုံးနိမ့်လျှင်

မင်းတို့ထပ်ပြီးလှောင်ပြောင်လိုက်ရတယ်။ အချိန်ရပါသေးတယ်” ဟုပြောသည်။

ချူးယွင်ဖန်း၏ စကားလုံးများက သူ့ဘေးနားက လူများကို

အံ့အားသင့်စေပြီးနောက် နောက်ထပ်ရုတ်ရုတ်သဲသဲအသံများထွက်လာပြန်သည်။

All Chapters