← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း(၂၁၇) အဆောင်မှုးနေရာအတွက် တိုက်ခိုက်ခြင်း

ထိုအချိန်တွင် တပ်သားသည် သူစည်းအပြင်သို့ ရောက်သွားပြီဖြစ်ကြောင်း သတိထားလိုက်မိသည်။ တုန်လှုပ်ခြင်းအလျင်းမရှိသော်လည်း ချူးယွင်ဖန်းအား စူးရဲရဲစိုက်ကြည့်လျက်ရှိသည်။

“ငါတကယ် ရှုံးသွားပြီ။ ငါ မင်းကို လျှော့တွက်လိုက်မိတာ ဝန်ခံပါတယ်။ မင်းရဲ့စွမ်းအားက မင်းရဲ့စစ်မှန်တဲ့ သိုင်းပညာအပေါ်မှာတင် မူတည်နေတာမဟုတ်ဘူးပဲ။ မင်းရဲ့သေချာတွက်ချက်နိုင်စွမ်းက အဓိကအရေးအကြီးဆုံးပဲ။ မင်းတတ်နိုင်သလောက် သိုင်းကွက်အကုန်ထုတ်သုံးနေခဲ့တယ်လို့ ငါထင်ခဲ့ပေမယ့် အဲ့တာတွေအားလုံးက ဒီနောက်ဆုံးတိုက်ကွက်တစ်ခုတည်းအတွက်ဖြစ်နေခဲ့တာပဲ။ မင်း သမာဓိအားကိုတော့ တော်တော်ထိန်းနိုင်တာပဲ” တပ်သားသည် ချူးယွင်ဖန်းအား လက်မထောင်ပြကာ ပြောလိုက်သည်။

“ငါ မင်းအရွယ်တုန်းက ငါမင်းလောက်မတည်ငြိမ်ဘူး။ မုဆိုးအိုတစ်ယောက်က ဉာဏ်နီဉာဏ်နက်များတဲ့မြေခွေးတစ်ကောင်ကို အမဲလိုက်နေရသလို ခံစားလိုက်ရတယ်”

“ဟူး၊ ဟူး”

ချူးယွင်ဖန်းသည် ပြင်းပြင်းထန်ထန်မောဟိုက်လာသည်။ နောက်ဆုံးတိုက်ကွက်သည် သူ၏ မူလစွမ်းအင်ကို ကုန်ဆုံးစေလျက်ရှိကာ အလေးစီးဝတ်စုံကို ဝတ်ဆင်ထားလျက် ဤအတိုင်းအတာထိ တိုက်ပွဲဝင်ရန်ပင် အလွန်ခက်ခဲသည်။ ယခုမူ သူသည် အမှန်တကယ်ပင် ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ကမ္ဘာ့ဆွဲအားကို နှစ်ဆအထိမြှင့်ပေးသော ဤအလေးစီးဝတ်စုံကြောင့်သာမဟုတ်ပါက သူ၏ စွမ်းအားသည် စွမ်းအင်သန့်စင်ခြင်း ပထမအဆင့် တပ်သားနှင့် ယှဥ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူ၏ပြိုင်ဘက်အား ဆုတ်ခွာစေရန် စီးဆင်းမှုကို ဖြတ်ပိုင်းခြင်း ကိုအသုံးပြုရမည်ဖြစ်သည်။

“ခင်ဗျားလည်း အတွင်းအားကလည်း လေးစားစရာပါပဲ။ ဒါပေမယ့် နောင်တော့ ကျုပ်က ခင်ဗျားထက်ပိုသာလာမှာပါ” ချူးယွင်ဖန်းသည် တပ်သားကို ကြည့်ကာ ပြောလိုက်သည်။

တပ်သားသည် ချူးယွင်ဖန်းကို တစ်ချက်ကြည့်ကာ ပြုံး၍ပြောလိုက်သည်။

“ငါ့ထက်ပိုသန်မာတာ ဘာဆန်းလို့လဲ။ တပ်ရင်းတစ်ခုတည်းမှာတင် ကျွမ်းကျင်သူတွေ မရေမတွက်နိုင်လောက်အောင်ရှိတယ်။ မင်းလူကောင်းတစ်ယောက်ဖြစ်မယ်လို့ ငါထင်ပါတယ်။ ဘာလို့ ငါတို့စစ်တပ်ထဲမဝင်တာလဲ။ စစ်တပ်ထဲဝင်လိုက်တာက မင်းကို အကျိုးယုတ်စေမှာမဟုတ်ဘူး”

ချူးယွင်ဖန်းသည် ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

“အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်လို့လဲ။ ဒါပေမယ့် လောလောဆယ်တော့ ကျုပ်မှာ စစ်တပ်ထဲဝင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။”

“ဒါဆိုကောင်းပြီ”

“မင်းတို့အားလုံးအခုပဲ အထဲဝင်လို့ရပြီ။”

ထိုမှသာ လူတိုင်းသည် ကယ်တင်ခြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ချူးယွင်ဖန်းအား ဝန်းရံထားလျက်ရှိကြသည်။

“ညီအစ်ကို၊ ဒီနေ့အတွက် မင်းကို ကျေးဇူးတင်ရတယ်။ နောင်ကျရင် ငါမင်းကို ပြန်ဆပ်ပါ့မယ်”

“မှန်တယ်။ ကျေးဇူးအရမ်းတင်ပါတယ်။ ငါတို့ ဒီနေ့တော့ မဝင်နိုင်ကြလောက်တော့ဘူးလို့ ထင်ထားတာ။ မနက်ဖြန်အထိထပ်စောင့်ရလိမ့်မယ်လို့ငါထင်နေတာ”

“အစ်ကို မင်းတကယ်လုပ်နိုင်ခဲ့တာပဲ။ ဟေးဟေး၊ ယွင်နင်ခရိုင်က ချူးယွင်ဖန်းကွ၊ ငါ ဒါကို မှတ်ထားမှာပါ”

ကျောင်းသားအားလုံးသည် ချူးယွင်ဖန်းအား ကျေးဇူးတင်စကားပြောပြီးနောက်တွင် အခြေစိုက်စခန်း(၁၅)သို့ ဦးတည်လိုက်ကြသည်။ ချူးယွင်ဖန်းသည် သူ၏ အတွင်းအားများပြန်ပြည့်သောအခါ တပ်သားအားနှုတ်ဆက်၍ အခြေစိုက်စခန်းဆီသို့ လျှောက်သွားလိုက်၏။

တပ်သားသည် ချူးယွင်ဖန်းထွက်သွားသည်ကို ကြည့်ကာ ကိုယ့်ဘာသာတွေးလိုက်မိသည်။

“သူ့ စွမ်းဆောင်ရည်က တော်တော်ကောင်းတာပဲ။ ကောလဟာလတွေမှာ ကြားရသလောက် အစွမ်းမထက်တာတော့ သနားစရာပဲ။”

တပ်သားသည် တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ တိုက်ပွဲအတွင်းတွင် ချူးယွင်ဖန်းသည် သူ၏ခွန်အားကို အပြည့်အဝအသုံးမပြုခဲ့ကြောင်း ခံစားမိသော်လည်း သူသည် သူ၏ ဝှက်ဖဲကိုပင် ထုတ်သုံးခဲ့ရသည်။ ထို့ကြောင့် ဤသည်မှာ သူ၏ ခွန်အား အကုန်သုံးထားခြင်းသာဖြစ်နိုင်၏။

တပ်သားသည် အတော်အတန် စိတ်ရှုပ်ထွေးသွားမိသည်။ ဤအချက်သည် ချူးယွင်ဖန်းမှာ သူ၏ ခွန်အားကို အပြည့်အဝအသုံးပြုထားသည်ဟု အဓိပ္ပါယ်ရသော်လည်း ချူးယွင်ဖန်းသည် ခွန်အားပြည့်ဖြင့်တိုက်ခိုက်ခဲ့ခြင်းမဟုတ်ကြောင်း သူခံစားမိ၏။

သို့သော် ဤသည်မှာ သူနှင့် လားလားမျှ သက်ဆိုင်ခြင်းမရှိသော ကိစ္စဖြစ်သဖြင့် ဤအတွေးများကို ချက်ချင်းပင် ရပ်တန့်ပစ်လိုက်သည်။ သူသည် လမ်းကြောင်းကို စောင့်ရှောက်ရန်သာ တာဝန်ရှိသည်မဟုတ်ပါလား။

ချူးယွင်ဖန်းသည် အခြေစိုက်စခန်း(၁၅)၏ တံခါးသို့ ရောက်ပြီဖြစ်သည်။ တံခါးသည် ဆယ်မီတာကျော်မြင့်ကာ အဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားသည့်နှယ် သတ္တုရောင်တောက်ပလျက်ရှိ၏။ အဝေးမှကြည့်လျှင်ပင် တံခါး၏ထူးခြားဆန်းပြားမှုကို အတိုင်းသားမြင်ရသည်။ တံခါးကြီး၏ အောက်နားတွင် လူဝင်လူထွက်အတွက် ခပ်သေးသေးတံခါးတစ်ခုရှိ၏။ သူ၏ အထောက်အထားကို စစ်ဆေးအတည်ပြုပြီးနောက်တွင် တပ်သားတစ်ဦးထံမှ သူ၏ နံပါတ်ပြားကို လက်ခံရရှိခဲ့သည်။ ၎င်း၏အပေါ်တွင် “နယ်မြေတစ်” ဆိုသည့် စကားလုံးနှစ်လုံးသာပါရှိကာ၊ မိမိနေရမည့်အဆောင်ကို ဖော်ပြထားခြင်းဖြစ်သည်။

နံပါတ်ပြားရရှိပြီးသည့်နောက် ချူးယွင်ဖန်းသည် နယ်မြေတစ်သို့ အလျင်အမြန်ပင် ရောက်ရှိသွားသည်။ ဤနေရာသည် အနားယူရန်နေရာဖြစ်ကာ ခရိုင်ငယ်တစ်ခုနှင့် တူ၏။ အရပ်သားများနေထိုင်သည့် သာမန်ခရိုင်များနှင့် နှိုင်းယှဥ်ပါက ဤနေရာသည် စစ်တပ်ပုံစံပေါက်သည်။ ချူးယွင်ဖန်း ရောက်ရှိနေသော အိပ်ဆောင်ကို အခန်းလေးခန်းဖြင့် ဖွဲ့စည်းထားကာ အခန်းတစ်ခန်းတွင် ကျောင်းသားတစ်ဦးနေထိုင်၏။

အိပ်ဆောင်ထဲသို့ သူရောက်သောအခါ သူ၏အခန်းဖော်များသည် ရောက်နှင့်နေကြပြီးဖြစ်၏။ ဧည့်ခန်းထဲရှိ လေ့ကျင့်ရေးဧရိယာ၏ အလယ်တွင် တင်ပျဥ်ခွေထိုင်နေသောသူတစ်ယောက်ရှိ၏။ ထိုသူသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက်ရှိကာ အသက် ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ်ဝန်းကျင်ရှိပုံပေါ်၏။ ထိုသူ၏ ဘေးနားတွင်မူ အဖြူရောင်ဝတ်ထားသော လူငယ်တစ်ဦး ထိုင်လျက်ရှိနေသည်။

သို့သော် ချူးယွင်ဖန်းစကားမပြောမီတွင် အခန်းတစ်ခန်း၏ တံခါးပွင့်လာကာ အပြာရောင် သိုင်းဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ဦးထွက်လာ၏။

“နောက်တစ်ယောက်ပါလား။ အခု လူစုံပြီထင်တယ်” အပြာရောင်သိုင်းဝတ်စုံဝတ်ဆင်ထားသော လူငယ်က ပြောလိုက်သည်။

“ဟေ့ကောင် လူသစ်၊ ငါတို့အားလုံး မနေ့က ရောက်ကြတာ။ စည်းကမ်းတွေ ချမှတ်ထားပြီးသားပဲ” အနက်ရောင်ဝတ်ဆင်ထားသော လူငယ်သည် ခေါင်းမော့ကာ ပြောလိုက်သည်။

“စည်းကမ်းတွေချတယ်၊ ဟုတ်လား။ မင်းတို့ကိုယ်မင်းတို့ အရင်မိတ်ဆက်မှာ မဟုတ်ဘူးလား” ချူးယွင်ဖန်းက မေးသည်။

“အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ၊ အဲ့တာက အန်ယန်းခရိုင်၊ အန်ယန်းအထက်တန်းကျောင်းမှ ကျို့ရှန်ချန်ပဲ။ ငါ့နာမည်က ဖေးယွင်ဖန်၊ အဖြူရောင်ဝတ်ထားတဲ့တစ်ယောက်က ဟွမ်ကော်ရီလို့ခေါ်တယ်” ဟု အပြာရောင်သိုင်းဝတ်စုံဝတ်ထားသော ဖေးယွင်ဖန်က မိတ်ဆက်ပေးလိုက်သည်။

“မင်းနာမည်ဘယ်လိုခေါ်လဲ”

“ယွင်နင်ခရိုင်၊ အမှတ်(၁၃) အထက်တန်းကျောင်းက ချူးယွင်ဖန်း” ချူးယွင်ဖန်းကပြုံး၍ ပြန်ဖြေသည်။

“ချူးယွင်ဖန်း၊ ဟုတ်လား။ ဒီနာမည်ကို ရင်နှီးနေသလိုပဲ” ဖေးယွင်ဖန်သည် မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

“ငါမှတ်မိတဲ့ နာမည်ရှိတဲ့လူတွေက သာမန်အညတရလူတစ်ယောက်မဖြစ်နိုင်ဘူး”

ရုတ်တရက် ကျို့ရှန်ချန်က စကားဖြတ်ပြောလိုက်သည်။ “ကောင်းပြီ။ အရေမရအဖတ်မရတွေ ပြောမနေကြနဲ့တော့။ ဒီအဆောင်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ငါပြောပြမယ်။ ငါက ဒီမှာ အဆောင်မှုးဖြစ်တာကြောင့် ငါပြောသမျှကို မင်းနားထောင်ရမယ်”

“အဆောင်မှုး ဟုတ်လား။ ငါတို့အားလုံး မင်းစကားကို နားထောင်ရမှာလား။ မင်းက တော်တော် သွေးနားထင်ရောက်နေတာပဲကွ။ ငါတို့က ဒီလေ့ကျင့်ရေးစခန်းမှာ ခဏပဲ အတူတူနေမှာ။ ငါတို့တစ်ခန်းတည်းမှာတောင်နေရမှာမဟုတ်ဘူး။ အဲ့တာထက် ဘယ်အရာက မင်းမှာ အဆောင်မှုးဖြစ်ခွင့်ရှိတယ်လို့ထင်စေတာလဲ။ ဘာလဲ၊ ဒီကို အရင်ဆုံးရောက်လို့လား”

ကျို့ရှန်ချန်သည် ချူးယွင်ဖန်းအား စူးရဲစွာကြည့်လိုက်သည်။

“ကြည့်ရတာ မင်းက သဘောမတူတဲ့ပုံပဲ”

“ဟား ဘယ်အရာက လူတစ်‌ယောက်ကို အဆောင်မှုးပေးဖြစ်လဲဆိုတာပဲသိချင်ရုံပါကွ၊ ဖြစ်နိုင်ရင် ငါလည်းကြိုးစားကြည့်ချင်လို့”

“ဘယ်လိုလုပ်ရမလဲ သိချင်လား။ မင်းက ငါ့ထက်သန်မာနေရင် ဘာမဆိုဖြစ်နိုင်တယ်။ ဒီကမ္ဘာမှာ ခွန်အားရှိတဲ့သူတွေကိုပဲ လေးစားကြတာကွ၊ မသန်မာတဲ့လူတွေကတော့ ဘာစကားမှ ပြောခွင့်မရှိဘူး”

“ဒါဆို အဆောင်မှုးကို ဒီလိုရွေးတာပေါ့။ အဲ့တာဆိုရင် ငါစမ်းကြည့်မယ်”

တကယ်တမ်းတွင် သူသည် အဆောင်မှုးဖြစ်လာရန် စိတ်မဝင်စားပေ။ သို့သော် အကယ်၍ သူသာဝင်မပြောလျှင် ကျို့ရှန်ချန်သည် ငှက်မွှေးကို အမိန့်ပေးမြှားတစ်စင်းအဖြစ် အသုံးပြုကာ ခေါင်းပေါ် တက်လာပေလိမ့်မည်။

ဤအချိန်တွင် ချူးယွင်ဖန်းသည် အန်ယန်အထက်တန်းကျောင်း၏ အကြောင်းကို ပြန်လည်စဥ်းစားလိုက်သည်။ ၎င်းသည် ယွင်နင်ခရိုင်ရှိ အမှတ်(၅) အထက်တန်းကျောင်းနှင့် အမှတ်(၇) အထက်တန်းကျောင်းများ၏ အဆင့်နှင့် ဆင်တူသည်။ ကျို့ရှန်ချန်သည် ထိုကျော်ကြားသော ကျောင်းမှ လက်ရွေးစင်တစ်ဦးဖြစ်သဖြင့် မိမိကိုယ်မိမိ အလွန်ဂုဏ်ယူကာ ယုံကြည်မှုပြင်းပျလျက်ရှိသည်မှာ အံ့သြစရာမရှိပေ။ သူအဆောင်မှုးဖြစ်နေခြင်းသည် ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့ကို အနိုင်ယူခဲ့သည်ဟုဆိုလိုခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်၏။

“မင်းက ဒီ‌လောက်တောင် သေချင်နေမှတော့ လာစမ်းပါ” ကျို့ရှန်ချန်သည် ချူးယွင်ဖန်းအား လှောင်ပြောင်လိုက်သည်။

အခန်း(၂၁၈) မျက်နှာကို ဖြတ်ရိုက်ခြင်း

ကျို့ရှန်ချန်သည် ချူးယွင်ဖန်းကို အေးစက်စွာကြည့်လိုက်သည်။ စကားလုံးများသည် အသုံးမဝင်ကြောင်းသူသိသဖြင့် ချူးယွင်ဖန်း၏ စကားများကြောင့် သူစိတ်တိုခြင်းတော့ မရှိပေ။ ခွန်အားကြီးသူသည်သာ စည်းမျဥ်းများကို သတ်မှတ်နိုင်မည်ဖြစ်ကာ၊ သူသည် ဖေယွင်ဖန်းနှင့် ဟွမ်ကော်ရိတို့အား အနိုင်ယူပြီးနောက် အဆောင်မှုးဖြစ်လာ၏။

ထို့ကြောင့် ယခု ချူးယွင်ဖန်းအတွက်လည်း ချွင်းချက်မရှိပေ။

ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့သည် အခန်းအလယ်တွင် နေရာတစ်ခုကျန်ရန် အခန်းထဲရှိ အရာမှန်သမျှကိုတွန်းဖယ်လိုက်သည်။ သူတို့သည် ချူးယွင်ဖန်းအပေါ်တွင် မျှော်လင့်ချက်ထားလျက်ရှိကြသည်။ သူတို့ ဤသို့မရောက်ခင်က ၎င်းကဲ့သို့နှိပ်ကွပ်တတ်ကာ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုပြင်းသော အခန်းဖော်မျိုးဖြင့် ကြုံဆုံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

“မင်း ငါ့ကို စိန်ခေါ်ခဲ့တဲ့အတွက် နောင်တရလိမ့်မယ်ကွ။ ဒီနေရာက အရမ်းကျဥ်းတယ်။ ဓားတွေမှာ မျက်လုံးမရှိဘူးဆိုပေမယ့် ငါတို့ တိုက်ခိုက်ကြမလား”

“အဲ့တာက မင်းအပေါ်ပဲမူတည်ပါတယ်။ ငါဂရုမစိုက်ဘူး” ချူးယွင်ဖန်းသည် ပခုံးတွန့်ကာ လျစ်လျူရှု့၍ပြောလိုက်သည်။

“ကောင်းတယ်။ ကောင်းတယ်” ကျို့ရှန်ချန်သည် ချက်ချင်းပင် ရှေ့သို့တစ်လှမ်းတိုးကာ အော်လိုက်သည်။

“ကြိုးကြာလက်သီး”

ကျို့ရှန်ချန်သည် ကြိုးကြာဖြူတစ်ကောင်ကဲ့သို့သော အရာတစ်ခုအဖြစ်ပြောင်းလဲသွား၏။ သူလက်သီးဖြင့် ထိုးလိုက်သောအခါတွင် ကြိုးကြာဖြူသည် အတောင်ပံများကို ခတ်ကာ ချူးယွင်ဖန်းထံသို့ တစ်ဟုန်ထိုးပျံသန်းသွား၏။

“ကျားဆိုးလက်သီး”

ချူးယွင်ဖန်းသည် တုန်လှုပ်ခြင်းအလျင်းမရှိဘဲ ကျားနတ်ဆိုး လက်သီးဖြင့် ချက်ချင်းတိုက်ခိုက်လိုက်သည်။ ကျို့ရှန်ချန်၏ သိုင်းကွက်သည် ပေါ့ပါးသွက်လက်သော်လည်း ချူးယွင်ဖန်းသည်မူ ပြိုင်ဘက်အားလုံးကို အနိုင်ယူနိုင်လောက်မည့် ပြင်းထန်ကြမ်းကြုတ်သော သိုင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဘမ်း

သူတို့လက်သီးများ ထိပ်တိုက်တွေ့ကာ တိုက်မိသွားကြသည်နှင့် ကြီးမားကျယ်လောင်သော ပေါက်ကွဲသံတစ်ခုပေါ်ထွက်လာ၏။ ဤအချိန်တွင် နှစ်ဦးလုံးသည် အခြားတစ်ဖက်၏ ကျင့်ကြံရေးအဆင့်ကို သိရှိသွားကြပြီဖြစ်ကာ၊ နှစ်ယောက်လုံး ချီပင်လယ်နဝမအဆင့်တွင်ရှိနေခြင်းဖြစ်သည်။

ကျို့ရှန်ချန်သည် ပို၍လေးနက်လာသည်။ သူသည် အန်ယန်အထက်တန်းကျောင်း၏ ထိပ်တန်းကျောင်းသားများထဲမှ တစ်ဦးဖြစ်ကာ အလွန်သန်မာ၍ မိမိကိုယ်ကိုယ် ယုံကြည်မှုပြင်းထန်၏။ ဤသို့ဖြင့် ဖေးယွင်ဖန်းနှင့် ဟွမ်ကော်ရိတို့ နှစ်ဦးလုံးကို အနိုင်ယူနိုင်ခဲ့ကာ သူ့အား အဆောင်မှူးအဖြစ်လက်ခံရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ သူ့ကဲ့သို့ သန်မာသောသူအနည်းအကျဥ်းသာရှိသဖြင့် သူ့ထက်ပို၍သန်မာသူနှင့် ကြုံတွေ့ရမည်ကို မစိုးရိမ်ခဲ့ပေ။ ထို့အပြင် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေသော ကျောင်းသားများသည် နယ်မြေတစ်တွင်နေထိုင်ခြင်းမရှိကြောင်း သူ သတင်းရထားသေးသည်။ စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိကျောင်းသားများသည် နယ်မြေနှစ်တွင်သာ နေထိုင်ကာ ၎င်းတို့အတွက် သီးသန့်အကျိုးခံစားခွင့်များ ထောက်ပံ့ပေးထားသည်။ ထို့ကြောင့် သူ့ထက်သန်မာသူမရှိနိုင်မည်မှာ သေချာနေသဖြင့် ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရမည်ကို မစိုးရိမ်ခဲ့ခြင်းဖြစ်သည်။ သူနှင့် အဆင့်တူသော ပြိုင်ဘက်တစ်ဦးနှင့်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ချူးယွင်ဖန်းသည် ချီပင်လယ်နဝမအဆင့်တွင်ရှိနေကြောင်း သိလိုက်ရသောအခါ ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့၏ မျက်လုံးများ တောက်ပလာကြသည်။ နောက်ဆုံးတွင် သူတို့၏ ကယ်တင်ရှင် ပေါ်လာခဲ့ပြီလား။

ထိုးပြီးနောက်တွင် နှစ်ဖက်လုံး၏ တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်ကြသည်။

ဘမ်း

ဘမ်း

ဘမ်း

နှစ်ဖက်စလုံးသည် အဆက်မပြတ်တိုက်ခိုက်လျက်ရှိကာ ပေါက်ကွဲသံများနှင့် လက်သီးချင်းတိုက်မိသံများ ဆက်တိုက်ပေါ်ထွက်လာသည်။ နှစ်ဦးလုံးသည် အလွန်မြန်ကာ တစ်ဖက်မှကြည့်နေသော ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့သည်ပင် အမှီမလိုက်နိုင်ကြတော့ပေ။

“ကျို့ရှန်ချန်ကို ဒီလောက်အတိုင်းအတာအထိတိုက်ခိုက်နိုင်တာ ချူးယွင်ဖန်းက ဘယ်လိုလူမျိုးလဲ” ဟွမ်ကော်ရိက မေးလိုက်သည်။

“ငါလည်း မသိဘူး။ သူနာမည်ကို တစ်နေရာရာမှာ ကြားဖူးခဲ့ပေမယ့် မမှတ်မိတော့ဘူး။ သေချာအောင် သွားစစ်ကြည့်ရင်ကောင်းမယ်”

ဖေးယွင်ဖန်းသည် အွန်လိုင်းတက်ကာ “ချူးယွင်ဖန်း”ဆိုသည့် အမည်ကို ရှာကြည့်လိုက်သည်နှင့် ချက်ချင်းပင် ချူးယွင်ဖန်းနှင့် သက်ဆိုင်သည့် အရာများအားလုံး‌ပေါ်လာသည်။

“သေစမ်း၊ ဒီကောင် ဒီလောက်အားကောင်းနေတာ မဆန်းဘူး။ သူက ယွင်နင်ခရိုင်မှာ နံပါတ်တစ်ပဲ” ဖေးယွင်ဖန်းက တအံ့တသြပြောလိုက်သည်။

တကယ်တမ်းတွင် တည်ငြိမ်သမုဒ္ဒရာမြို့၌ ခရိုင်ဆယ်ခုသာရှိသဖြင့် ယွင်နင်ခရိုင်၏ နံပါတ်တစ်ကျောင်းသားသည် ထင်ရှားသူဖြစ်သည်။ ဤအဆင့်ပေါ်တွင်မူတည်၍ လေ့ကျင့်ရေးစခန်းသို့ရောက်လာသော ထောင်ချီသည့်ကျောင်းသားများထဲတွင် ချူးယွင်ဖန်းသည် လူနည်းစုစာရင်းထဲမှဖြစ်နိုင်၏။ သူသည် ထိပ်တန်း ဆယ်ယောက်တွင် ရှိနေလောက်၏။

စစ်မှန်သော ခွန်အားကို ဤသို့ နှိုင်းယှဥ်၍မရသော်လည်း ချူးယွင်ဖန်း၏အဆင့်အတန်းကို ပြသရန် လုံလောက်၏။

“ယွင်နင်ခရိုင်မှာ နံပါတ်တစ်ဟုတ်လား။ အဲ့နံပါတ်တစ်အကြောင်း မကြားဖူးပေမယ့် အသန်မာဆုံးကတော့ သုံးယောက်လို့ပြောလို့ရတယ်။ တစ်ယောက်က ရန်ကျွင်းလို့ခေါ်တယ်မလား။ နောက်တစ်ယောက်က ယုရှင်းယွမ်နဲ့ နောက်ဆုံးတစ်ယောက်က တုံရှင်းရန်လေ။ ချူးယွင်ဖန်းလို့ခေါ်တဲ့လူမျိုး ငါလုံးဝမကြားဖူးဘူး” ဟွမ်ကော်ရိသည် ခဏတာမျှစဥ်းစားပြီးနောက်မေးလိုက်၏။

“ဘာလို့လဲဆိုတော့ ချူးယွင်ဖန်းက ဒီစာသင်နှစ်ကျမှ ပေါ်လာတာကိုး။ သူက သာမန်ကျောင်းရဲ့ သာမန်အတန်းမှာတက်ပြီး ဒီအဆင့်ရောက်လာတာပဲ။ မင်းမသိတာမဆန်းပါဘူး” ဖေးယွင်ဖန်က ရှင်းပြသည်။

“သေစမ်း၊ သာမန်ကျောင်းက သာမန်အတန်းဟုတ်လား။ သာမန်ကျောင်းတစ်ကျောင်းက ခရိုင်အဆင့်တစ်ကို မွေးထုတ်ပေးနိုင်လား။ မင်းငါ့ကို နောက်နေတာလား” ဟွမ်ကော်ရိသည် မယုံမကြည်နိုင်ဖြစ်သွားသည်။ သာမန်ကျောင်းမှ ဆင်းသက်လာခြင်းမဖြစ်နိုင်ကြောင်း သူခံစားမိသည်။ သူ၏ ကျောင်းတွင်မူ သူ့အတွက် ပြိုင်ဘက်ပင်ရှာရန်ခက်၏။

သူသည် မိမိကိုယ်မိမိယုံကြည်ချက်ပြင်းထန်လျက်ရှိခဲ့သော်လည်း ခရိုင်သို့ဝင်ရောက်၍ မြို့ထဲသို့ဝင်လာသောအခါ ပါရမီရှင်များစွာရှိနေကြောင်းကို သိရှိလိုက်ရသည်။ ထို့အပြင် ထိုဉာဏ်ကြီးရှင်များစွာရှိရုံသာမက ၎င်းတို့သည် ငယ်ရွယ်စဥ်တည်းက အရင်းအမြစ်များစွာကို လက်ခံရရှိခဲ့ကြခြင်းဖြစ်သဖြင့် သာမန်ကျောင်းမှကျောင်းသားများ လုံးဝမယှဥ်နိုင်ကြပေ။

“ငါ တကယ်နောက်နေတာမဟုတ်ဘူး။ သူက တကယ်ကို သာမန်ကျောင်းက ခရိုင်ရဲ့နံပါတ်တစ်ပဲ။ ငါတို့အဆောင်မှာ ထူးခြားတဲ့ လူတစ်ယောက်ရှိနေပုံပေါ်တယ်”

ဖေးယွင်ဖန်သည် သူတွေ့ရှိထားသည့် အချက်အလက်များကို ညွှန်ပြလျက်ပြောလိုက်သည်။

“ဒါပေမယ့် သူ့လိုလူတွေက နယ်မြေနှစ်မှာ နေရတာမဟုတ်ဘူးလား”

“ဘာဖြစ်နေတာလဲတော့ ငါလည်းမသိဘူး။ ဒါပေမယ့် အခုတော့ ကျို့ရှန်ချန်မှာ အဆောင်မှုးဖြစ်လာဖို့အခွင့်အရေးမရှိဘူးထင်တယ်” ဖေယွင်ဖန်းက ပြုံးလျက်ပြောလိုက်သည်။

သူတို့နှစ်ဦးသည် ကျို့ရှန်ချန်နှင့် မယှဥ်နိုင်သောကြောင့် ၎င်းအား ခေါင်းဆောင်အဖြစ် လက်ခံရုံမှလွဲ၍ အခြားမတတ်နိုင်ခဲ့ပေ။ သို့သော် ယခုမူ နောက်ထပ်သန်မာသူတစ်ဦးရှိလာခဲ့ပြီဖြစ်သဖြင့် အလိုအလျောက်ပင် ကျို့ချန်ရှန်၏ စကားကို နားမထောင်ကြတော့ပေ။

“အဆောင်မှူးဖြစ်ချင်တဲ့ကောင် တတ်နိုင်တာဒါအကုန်ပဲလား”

တိုက်ခိုက်နေကြသော်လည်း ချူးယွင်ဖန်းသည် အလွန် စိတ်အေးလက်အေးဖြစ်လျက်ရှိကာ စကားပြောရန်ပင်အချိန်ရှိသေး၏။ သူ၏ ခွန်အားကို ထက်ဝက်ကျော်ထိ ကန့်သတ်အသုံးပြုနေရသော်လည်း ကျို့ရှန်ချန်ယှဥ်ပြိုင်နိုင်သည့် အတိုင်းအတာမဟုတ်သေးပေ။

ဖေးယွင်ဖန်းနှင့် ဟွမ်ကော်ရိတို့၏ စကားများကို ကြားသဖြင့် ကျို့ရှန်ချန်သည် အလွန်အမင်းစိတ်အနှောက်အယှက်ဖြစ်လာသည်။ သူ့ရှေ့ရှိ ထူးခြားပြောင်မြောက်သော ပုံသဏ္ဍာန်ရှိသူသည် တကယ်တမ်းတွင် ခရိုင်၏ နံပါတ်တစ်ဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဤအရာ၏ ဆိုလိုရင်းကို သူနားလည်သည်။

သူ များများတိုက်ခိုက်လေ ချူးယွင်ဖန်းသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ပို၍ သိလာလေလေဖြစ်သည်။ သူမည်သို့ပင်တိုက်ခိုက်နေပါစေ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို မကျော်ဖြတ်နိုင်ပေ။ ဆန့်ကျင်ဘက်တွင်မူ ချူးယွင်ဖန်း၏ သာမန်ပေါ့ပါးသောလက်သီးများသည် သူ့ကို ပျာယာခတ်ကာ တုန်လှူပ်စေသည်။ ဤအချိန်တွင်မူ အောင်နိုင်သူကို ဆုံးဖြတ်နိုင်ပြီဖြစ်သည်။

“မြင့်မြတ်သောကြီးကျယ်သော” ကျို့ရှန်ချန်က အော်ပြောလိုက်သည်။ သူ၏ လက်သီးကို ချူးယွင်ဖန်းထံသို့ တစ်ရှိန်ထိုး ပစ်သွင်းလိုက်ကာ စက္ကန့်ပိုင်းလောက်တော့ သူအောင်မြင်တော့မည့်ပုံပေါ်၏။

ရုတ်တရက်၊ ထိုစက္ကန့်ပိုင်းလေးအတွင်းတွင်ပင် ချူးယွင်ဖန်းသည် တစ်ချက်ပြုံးလိုက်ကာ သူ၏လက်သီးကို လက်မြှောက်၍တားဆီးလိုက်သည်။

ဘမ်း

လက်သီးချင်းထိတိုက်မိသံကို ကျယ်လောင်စွာကြားလိုက်ရသည်။ ကျို့ရှန်ချန်၏ အဆုံးစွန်ဆုံးတိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ တားဆီးမှုကို မကျော်နိုင်ခဲ့ပေ။ ထို့နောက်တစ်ဆက်တည်းတွင်ပင် ရိုက်ချက်တစ်ခုသည် မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်လာ၏။

ကျို့ရှန်ချန်၏ မျက်နှာပေါ်သို့ ပြင်းထန်သောလက်ဝါးတစ်ခု ကျရောက်လာကာ ချက်ချင်းပင် ပူလောင်သောဝေဒနာကို ခံစားလိုက်ရသည်။ ၎င်းကြောင့် မူးဝေလွန်းသွားသဖြင့် မြေပြင်ပေါ်သို့ပင်လဲကျသွားသည်။

သူပြန်ထခါနီးတွင် ခြေထောက်တစ်ချောင်းသည်သူ့ရင်ဘက်ပေါ်သို့ နင်းဖိထား၏။

“မင်းရှုံးသွားပြီ။ ကြည့်ရတာတော့ မင်းက အဆောင်မှူးဖြစ်လာတော့မှာမဟုတ်ဘူး”

ကျို့ရှန်ချန်၏ မျက်လုံးများဖွင့်လိုက်ချိန်တွင် သူ့အား ငုံ့ကြည့်လျက်ရှိသော ချူးယွင်ဖန်း၏ အေးစက်သောအကြည့်များကို တွေ့လိုက်ရသည်။

အခန်း(၂၁၉) အထက်စီးက ဆက်ဆံတယ်ဆိုတာဘာလဲ။ ဒါကအထက်စီးကနေဆက်ဆံနေတာပဲ

ကျို့ရှန်ချန်သည် အချိန်အတော်ကြာအောင် ရုန်းကန်နေပြီးကာမှ မထနိုင်သည်ကိုသတိထားမိသည်။ ချူးယွင်ဖန်း၏ အေးစက်သော အကြည့်၏ နောက်ကွယ်မှ အဓိပ္ပါယ်ကိုလည်း သူနားလည်လိုက်ရသည်။ ချူးယွင်ဖန်းသည် သူ့အားစနောက်နေရုံသာဖြစ်ကာ နောက်ဆုံးတစ်ချက်သည်သာ တကယ့် တိုက်ခိုက်မှုဖြစ်သည်။

မိမိအတွက် မျှော်လင့်ချက်ရှိသည်ဟု ထင်စေပြီးနောက် ချက်ချင်းပင် ထိုမျှော်လင့်ချက်ကို ရက်စက်စွာရိုက်ချိုးလိုက်ခြင်းဖြစ်၏။ ဤသည်မှာ အတိအကျပင် သူကြိုက်သည့် နည်းဗျူဟာတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် အခြားလူတစ်ယောက်မှ သူ့အား ဤနည်းဖြင့် တိုက်ခိုက်မည်ဟုမမျှော်လင့်ထားပေ။

“မင်း… မင်း ခွေးသူတောင်းစား”

ကျို့ရှန်ချန်သည် အလွန်အင်မတန် ရှက်ရွံ့လျက်ရှိကာ၊ ချူးယွင်ဖန်း စည်းကျော်လွန်းနေပြီဟု ခံစားလျက်ရှိသည်။ သူမည်မျှ အထက်စီးဆန်ကာ အားနည်းသူများကို မည်သို့အနိုင်ကျင့်ဖူးခဲ့သည်ကို လုံးလုံးမေ့နေခဲ့သည်။

“ငါမင်းကို ထပ်ပြီး သတိပေးလိုက်မယ်။ ငါ့ကို နှောက်ယှက်ရင် အကျိုးဆက်တွေကို မင်းခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ မင်း နာမည်ကြီးကျောင်းက လာတော့ရော ဘာထူးလို့လဲ။ မင်းက အမြဲတမ်း အားနည်းတဲ့သူတွေကို အနိုင်ကျင့်တယ်။ အဲ့တာကြောင့် ဘယ်သူမှမင်းကို အနိုင်မယူနိုင်ဘူးလို့ ထင်နေတယ်မလား။ မင်းငါ့ကို ကျော်နိုင်မယ်လို့ မထင်ပါဘူးကွာ”

စကားဆုံးသောအခါမှ ချူးယွင်ဖန်းသည် သူ၏ ခြေထောက်ကို ပြန်ရုတ်လိုက်သည်။ သူ၏ ခြေ‌ထောက်သည် ကျို့ရှန်ချန်ကို နေရာတွင် ထိန်းချုပ်ထားသည့် တည်ငြိမ်နေသော ပင်အပ်တစ်ချောင်းကဲ့သို့ပင်ဖြစ်သည်။

“ငါမင်းကို သေတဲ့အထိတိုက်မယ်”

ကျို့ရှန်ချန်သည် အလွန်‌ဒေါသထွက်လျက်ရှိသည်။ သူက ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ ချူးယွင်ဖန်းအား စတင်တိုက်ခိုက်သည်။ အလွန်ဒေါသထွက်လျက်ရှိသောကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ နှလုံးသားထဲတွင် ဒေါသမီးများ တောက်လောင်နေ၏။

နောက်ထပ်လက်ဝါးတစ်ချက်သည် သူ၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ တစ်ချက်တည်းနှင့်ပင် သူ၏ခန္ဓာကိုယ်သည် လွင့်ထွက်ကာ နံရံပေါ်သို့ ဆောင့်သွား၏။ ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် ယခင်ကဲ့သို့ ခွန်အားကို ချုပ်ထိန်းမထားခဲ့သဖြင့် ကျို့ရှန်ချန်၏မျက်နှာသည် ချက်ချင်းပင် ယောင်ကိုင်းလာ၏။

“ငါ သတိပေးတာကို မင်းမကြားလိုက်ဘူးလား” ချူးယွင်ဖန်းသည် ကျို့ရှန်ချန်အား အေးစက်စွာကြည့်လျက်ရှိသည်။ ချူးယွင်ဖန်း၏ မျက်နှာကို မြင်လိုက်ရသောအခါ သူတုန်လှုပ်သွားရသည်။ ထိုအေးစက်သည့်အကြည့်များသည် စကားနားမထောင်ပါက သေချာပေါက် သတ်ပစ်မည်ဟု ပြောနေသည်ထင်ရ၏။ ရိုက်ချက်၏ စပ်ဖျဥ်းနာကျင်မှုသည် သူ့အား လက်တွေ့သို့ပြန်လည်ဆွဲခေါ်လိုက်ကာ အချို့သူများသည် သူရင်ဆိုင်နိုင်သောသူများမဟုတ်ကြောင်း သဘောပေါက်နားလည်သွား၏။

ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့သည် လုံးဝအံ့သြသွားကြသည်။

‘တကယ်ကိုလွှမ်းမိုးနိုင်လွန်းတယ်”

ချီပင်လယ်နဝမအဆင့်ရှိ ကျို့ရှန်ချန်သည် သူ၏ ရိုက်ချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့သည်။

ချူးယွင်ဖန်း မည်မျှအစွမ်းထက်သနည်း။

ထိုပြင်းထန်သော တိုက်ပွဲသည် သူ့အတွက်မူ ပေါ့ပေါ့ပါးပါးတိုက်ပွဲတစ်ခုမျှသာဖြစ်သည်။

ယွင်နင်ခရိုင်၏ နံပါတ်တစ်သည် အမှန်တကယ်ပင်ထူးခြား၏။

ချူးယွင်ဖန်းသည် နယ်မြေနှစ်တွင် မရှိသော်လည်း နယ်မြေတစ်ကိုအုပ်စိုးရန်အတွက် ခွန်အားအနည်းငယ်သုံးရန်သာလိုအပ်ခဲ့သည်။ နောက်ဆုံးတွင် ချီပင်လယ်နဝမအဆင့် ကျွမ်းကျင်သူသည် သူနှင့် အဆင့်တူသူအား မယှဥ်ပြိုင်နိုင်သည့်အပြင် တစ်ချက်အရိုက်ခံရရုံဖြင့် လွင့်ပင်ထွက်သွားခဲ့ရသည်။ ဤသည်မှာ ပြင်းထန်ရုံတင်မကဘဲ ပြီးပြည့်စုံသည့် ချေမှူန်းမှူတစ်ခုပင်ဖြစ်သည်။

“ကောင်းပြီ။။ ကိစ္စပြီးပြီဆိုတော့ ငါ့အခန်းထဲသို့သွားတော့မယ်။ ဘယ်ဟာ ငါ့အခန်းလဲ” ချူးယွင်ဖန်းက မေးသည်။

“အ‌ဆောင်မှုး၊ အဲ့တာမင်းအခန်းပဲ” ဖေးယွင်ဖန်းက အခန်းတစ်ခန်းကို ညွှန်ပြလျက်ပြောလိုက်သည်။

“အဆောင်မှုးဟုတ်လား၊ ငါ့ကို အဲ့လိုမခေါ်နဲ့၊ ငါအဆောင်မှူးဖြစ်ဖို့ စိတ်မဝင်စားဘူး။ အဲ့တာက ယာယီအစီအစဉ်တစ်ခုပဲမဟုတ်ဘူးလား၊ တရားသတ်မှတ်ဖို့လိုလို့လား။ ငါသူ့ကိုစိန်ခေါ်လိုက်တာက အဆောင်မှူးဖြစ်ချင်လို့မဟုတ်ဘဲ ငါ့ခေါင်းပေါ် ဘယ်သူ့ကိုမှမတက်စေချင်လို့ကွ”

ကျို့ရှန်ချန်သည် ချူးယွင်ဖန်းအား စိုက်ကြည့်နေသည်။ သူသည်သာ ထိုစည်းမျဉ်းများကို ချမှတ်ခဲ့သူဖြစ်သည်။ ယခုမူ ချူးယွင်ဖန်းသည် သူ့အား ပေါ့ပေါ့ပါးပါးပင် ချနင်းသွားကာ အရှက်ရစေခဲ့သည်။ သူတိုက်ခိုက်ကာ အရယူချင်ခဲ့သည့် အရာကို အခြားသူတစ်ယောက်သည် ဂရုမစိုက်ဘဲ ပြတင်းပေါက်မှ လွှင့်ပစ်လိုက်သကဲ့သို့ပင် ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏အခန်းသို့ဝင်အနားယူကာ တောင်မြစ်ပန်းချီကား ထဲမှ ခရီးဆောင်အိတ်အချို့ကို ထုတ်ယူလိုက်သည်။ ပစ္စည်းများချပြီးပြန်ထွက်လာသောအခါတွင် ဧည့်ခန်းထဲ၌ ဖေးယွင်ဖန်နှင့် ဟွမ်ကျိ‌ကော်တို့သာ ရှိနေသည်ကို မြင်လိုက်ရသည်။

“သူဘယ်မှာလဲ”

“သူထွက်ပြေးသွားပြီ။ သူမနေနိုင်လောက်တော့ဘူးထင်ပါတယ်။ အရင်က အရမ်းစိတ်ကြီးဝင်ခဲ့ပေမယ့် နောက်ဆုံးတော့ မင်းရိုက်တာခံလိုက်ရပြီ” ဖေးယွင်ဖန်က လှောင်ရယ်လျက်ပြောလိုက်သည်။

ယခုပင်လျှင် တိုက်ပွဲသည် အနည်းငယ်တုန်လှုပ်ဖွယ်ကောင်းသည်ဟု သူခံစားမိသည်။ သူနှင့် အသက်တူရွယ်တူ ချူးယွင်ဖန်းသည် ချီပင်လယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးကို ကလေးကစားသကဲ့သို့ လွယ်ကူစွာအနိုင်ယူခဲ့သည်။ သူ့မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် လူသားအရေခြုံထားသော ကြောက်မက်ဖွယ်သားရဲတစ်ကောင်နှင့် တူသည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် ကျို့ရှန်ချန်ထက် စကားပြောရပိုလွယ်ကူပုံရကာ အားနည်းသူများကို အနိုင်ကျင့်မည့်သူမျိုးမဟုတ်ပေ။ သူသည် ချူးယွင်ဖန်းကို အထင်ကြီးလျက်ရှိသည်။ စွမ်းအားကြီးသူတိုင်းသည် မာနကြီးကာ လွန်လွန်ကဲကဲပြုမူကြခြင်းတော့မဟုတ်ပေ။

“သူ့ကို ထားလိုက်ပါ။ စကားမဆက် မင်းတို့က ငါ့ရှေ့ကအရင်ရောက်တာဆိုတော့ စခန်းမှာ ဘာလုပ်ဆောင်ချက်တွေရှိနေပြီလဲ”

“လောလောဆယ်တော့ ငါတို့ ဘာမှမကြားရသေးဘူး။ အဓိကကတော့ ကိုယ်ဘာသာ ကျင့်ကြံဖို့ပဲ။ အပြင်မှာ စစ်မြေပြင်ရှိတယ်။ အခြေစိုက်စခန်း (၁၅) ရဲ့ အကူအညီနဲ့ ငါတို့ အများကြီးလေ့ကျင့်လို့ရတယ်။ ဆောင်းတွင်းမှာ မွန်းစတားတွေအများကြီး သားကောင်ရှာ၊ အမဲလိုက်ဖို့ ထွက်လာတတ်တယ်လို့ ငါကြားတယ်။ အဲ့အချိန်ကျရင် နတ်ဆိုးတွေအများကြီးစုပေါင်းပြီး အခြေစိုက်စခန်းကို တိုက်ခိုက်ကြလိမ့်မယ်။ အဲ့တာက ငါတို့ အရည်အချင်းတွေကို ပြရမယ့်အချိန်ပဲ”

“ငါသိပြီ” ချူးယွင်ဖန်းက ခေါင်းညိတ်လျက်ပြောလိုက်သည်။

“ အား ဟုတ်တယ် ‌နောက်တစ်ခု‌ပြောရဦးမယ်။ ချူးယွင်ဖန်း မင်းက အခုမှ ရောက်တာဆိုတော့ ဒီအကြောင်း မင်းမသိလောက်သေးဘူး။ အခြေစိုက်စခန်းမှာ စိန်ခေါ်မှုတစ်ခုရှိတယ်” ဟွမ်ကော်ရိက ပြောသည်။

“ဘာစိန်ခေါ်မှုလဲ”

“အခြေစိုက်စခန်းမှာ လေ့ကျင့်ရေးအခန်းရှိတယ်၊ လေ့ကျင့်ရေးခန်းက တကယ့်တိုက်ပွဲတွေကို ပုံဖော်နိုင်တယ်။ အဲ့ဒီတိုက်ပွဲအစီအစဥ်တွေကို အဆင့်တွေနဲ့ ခွဲခြားထားပြီးတော့ မင်းက အဆင့်တွေအများကြီးကို ကျော်ဖြတ်နိုင်လေ ပိုသန်မာလေပဲ။ လူတိုင်းက စမ်းကြည့်ကြလိမ့်မယ်။ အဠမအဆင့်ကို ကျော်ဖြတ်နိုင်တဲ့လူက နယ်မြေ(၂)မှာ နေထိုင်ခွင့်ရလိမ့်မယ်”

“နယ်မြေ(၁)နဲ့ နယ်မြေ(၂)က ဘာကွာခြားလို့လဲ”

“ကွာတာပေါ့။ ကွာခြားမှုတွေအများကြီးရှိတယ်။ နယ်မြေ(၁)က သာမန်ဗိုလ်လောင်းတွေနေတဲ့နေရာဖြစ်ပြီး နယ်မြေ(၂)က တပ်မတော် အရာရှိတွေနေတဲ့နေရာပဲ။ လူတိုင်းက သူတို့ကိုယ်ပိုင်တိုက်ခန်းတွေရမှာ။ အခု ငါတို့လို့ အဆောင်တွေကို မျှနေစရာမလိုတော့ဘူး။ နောက်ပြီး နယ်မြေ(၂)မှာ လေ့ကျင့်ရေးဌာနတွေအများကြီးလည်းရှိတယ်။ ဥပမာ ကမ္ဘာ့ဆွဲအား အခန်းလိုမျိုးပေါ့။ နယ်မြေ(၂)မှာ အရမ်းကြီးတဲ့ ကမ္ဘာ့ဆွဲအားအခန်းရှိတယ်။ နယ်မြေ(၁)ကလူတွေက တစ်ရက်ကို သုံးနာရီပဲလေ့ကျင့်လို့ရပေမယ့် နယ်မြေ(၂)ကလူတွေက ငါတို့ထက် နှစ်ဆဖြစ်တဲ့ ၆နာရီကြာလောက် လေ့ကျင့်လို့ရတယ်။ အဲ့မှာ အကျိုးကျေးဇူးတွေအများကြီးရှိတယ်။ ဒါ့ကြောင့် ငါတို့အားလုံး တတ်နိုင်သလောက်မြန်မြန်အဆင့်တက်ချင်တာပဲ။ စွမ်းအင်သန့်စင်ခြင်းအဆင့်ရောက်နေတဲ့သူတွေပဲ နယ်မြေ(၂)ကို သွားပိုင်ခွင့်ရှိတယ်”

ဟွမ်ကော်ရိသည် ထိုစကားပြောနေစဥ်တွင် လိုချင်တောင့်တမှုအငွေ့အသက်များမျက်နှာထက်တွင် ပေါ်လာ၏။ တကယ်တမ်းတွင်မူ ထိုအခွင့်အရေးများသည် နယ်မြေ(၁)တွင်မရရှိနိုင်ပေ။ ဥပမာအားဖြင့် ကမ္ဘာ့ဆွဲအားအခန်းဖြစ်ကာ၊ ဤသည်မှာ ကမ္ယာမြေဆွဲအားကို သုံး၍လေ့ကျင့်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

အလေးစီးဝတ်စုံတစ်ထည်ဝယ်ယူရန် သန်းဆယ်ဂဏန်းလောက် အကုန်အကျခံခြင်းသည် သာမန်ချမ်းသာသောသူတစ်ယောက်လုပ်နိုင်သော အရာမဟုတ်ပေ။ ပိုက်ဆံကို ရေလိုဖြုန်းနိုင်သည့် ချူးယွင်ဖန်းကဲ့သို့သူမျိုးသာ လွယ်လွယ်ကူကူရနိုင်၏။

လူအများစုသည် ကမ္ဘာ့ဆွဲအားအခန်းကိုသုံး၍သာ လေ့ကျင့်နိုင်ကြသည်။

All Chapters