← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း(၂၂၀) အဆင့်ခုနှစ်ဆင့်ကို တစ်ဆက်တည်းကျော်ဖြတ်ခြင်း

ထို့ကြောင့် ကျောင်းသားအများစုအတွက် နယ်မြေ(၂)သည် အလွန်ဆွဲဆောင်လျက်ရှိသည်။ တစ်ချိန်တည်းတွင်ပင် နယ်မြေ(၂)ကို အချိန်အတော်ကြာသည်အထိ မဝင်နိုင်ခဲ့ကြပါက နယ်မြေ(၂)သို့စောစီးစွာဝင်ရောက်နိုင်သူများနှင့် မိမိတို့အကြားတွင် ကွာဟချက် ပိုမိုကြီးမားလာလိမ့်မည်ကို သိရှိထားကြသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများဖြေခါနီး လပိုင်းအလိုတွင် အခြားသူများနှင့် သူတို့အကြားကွာခြားချက်သည် တစ်ရက်နောက်ကျခြင်းက တစ်မိုင်နောက်ကျခြင်းနှင့်ညီ၏။

တည်ငြိမ်သမုဒ္ဒရာမြို့တွင် အဆင့်တူ ပြိုင်ဘက်ထောင်ပေါင်းများစွာရှိသည်။ ထိပ်တန်းအခြေစိုက်မြို့နယ်ဆယ်ခုဖြစ်သည့်သုန်ဟွာမြို့အပါအဝင် ခွန်းလွန်နယ်မြေရှိ အခြားအခြေစိုက်မြို့များများစွာတွင် အရွယ်တူကျွမ်းကျင်သူများ မရေမတွက်နိုင်အောင်ရှိ၏။ အကယ်၍ သူတို့သည် တစ်ရက်ခန့်ကွာခြားခြင်းဖြစ်လျှင်ပင် အခြားသူများ၏ ရှေ့သို့ရောက်သွားပေလိမ့်မည်။ တူညီသောအဆင့်ရှိကျောင်းတစ်ခုကြားခြားနားချက်မှာ ၎င်းတို့၏ ဘဝသည်လည်း အနာဂတ်တွင် အဆင့်တစ်ခုအကွာတွင် ရှိနိုင်ခြင်းဖြစ်၏။

သို့သော် ချူးယွင်ဖန််းအတွက်မူ အခြားသူများ အလေးအထားဆုံး ဆွဲငင်အားအခန်းသည် သူ့အတွက်မူ ဆွဲတောင်မှုမရှိလှပေ။ သူသည် အလေးစီးဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ဆွဲငင်အားကိုအသုံးပြု၍ အချိန်နေရာမရွေးလေ့ကျင့်နိုင်၏။ သို့သော် ဤသည်က ဆွဲငင်အားအခန်းထဲသို့ဝင်ခွင့်ကို စွန့်လွှတ်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်မှာလည်း အရင်းအမြစ်တစ်ခုဖြစ်ကာ လက်ဆောင်တစ်ခုဖြစ်သဖြင့် ယူရမည်ဖြစ်သည်။

သူ၏ ခြေနှင့် လက်များကို ဖြေလျှော့ပေးလိုက်ပါက စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ကျော်ဖြတ်ကာ နယ်မြေ(၂)သို့ ဝင်ရောက်နိုင်မည်ဟုတွက်ထားသည်။ သို့သော် ထိုမျှထိမလိုအပ်ပေ။

သူသည် လက်ရှိ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ဖြတ်ကျော်ရန် ပြင်ဆင်လေ့ကျင့်နေပြီဖြစ်သည်။ သူသည် အုတ်မြစ်ကို အခိုင်အမာချထားပြီးဖြစ်သဖြင့် အလျင်စလိုမဖြစ်ပေ။ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ဖြတ်ကျော်သွားသောအခါမှသာ သူတောက်ပချိန်တန်ပြီဖြစ်သည်။

“ဒါပေမယ့် ချူးယွင်ဖန်း ငါတို့ကို စပ်စုတယ်လို့တော့ မထင်ပါနဲ့ကွာ။ ဒီတိုင်းသိချင်ရုံပါ။ မင်းဘာလို့ နယ်မြေ(၂)ကို မသွားတာလဲ” ဟွမ်ကော်ရိသည် သတိကြီးစွာမေးလိုက်သည်။

“နယ်မြေ(၂) ဟုတ်လား။ ငါ့ကို အဲ့သွားဖို့ ဘယ်သူမှမပြောကြဘူး။ ကြည့်ရတာ စွမ်းအင်သန့်စင်ခြင်းအဆင့်ကို ငါမရောက်သေးလို့ထင်တယ်” ချူးယွင်ဖန်းက ခဏမျှစဥ်းစားကာပြောသည်။

အခြေစိုက်စခန်း(၁၅)ရှိ ဂိတ်တံခါးကို စောင့်ကာ လူတိုင်းကို တားဆီးခဲ့သည့် တပ်သားကို သူပြန်လည်တွေးလိုက်မိသည်။ သူသည် စစ်ဆေးရန်တာဝန်ရှိကာ စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ခွန်အား အလုံအလောက်ရှိသူများကို သတိထားမိမည်ဖြစ်သည်။ သူလက်ခံရရှိခဲ့သော နံပါတ်ပြားသည် နယ်မြေ(၁)မဟုတ်ဘဲ နယ်မြေ(၂)ဖြစ်နေခြင်းသည် တစ်ခုတည်းသော ခြွင်းချက်ဖြစ်နိုင်၏။ သူသည် ချီပင်လယ်နဝမဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသော်လည်း ထိုစစ်သားကို အနိုင်ယူနိုင်ခဲ့သည်။

ဤအရာသည် သူတို့၏အကြံအစည်များကို ပျက်ပြားစေခဲ့ကြောင်း သူခန့်မှန်းမိသည်။

“ကောင်းပြီ။ ဒါပေမယ့် မင်းရဲ့ခွန်အားအရဆိုရင် စွမ်းအင်သန့်စင်ခြင်းအဆင့်ကိုရောက်ဖို့ သိပ်မလိုတော့ဘူးလို့ငါထင်တယ်” ဖေးယွင်ဖန်က ပြောသည်။

ဟွမ်ကော်ရိသည်လည်း‌ ဤစကားကို သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ချူးယွင်ဖန်း ကျို့ရှန်ချန်အး ပေါ့ပေါ့ပါးပါး အနိုင်ယူလိုက်သည်ကို ကြည့်ရုံဖြင့် သူသည် ချီပင်လယ် အထွဋ်အထိပ်တွင် ရှိလိမ့်မည်ဖြစ်ကြောင်း လူတိုင်းယုံကြည်ကြလိမ့်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည်သာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ချီပင်လယ်နဝမအဆင့်သို့ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိသည်။ အထွဋ်အထိပ်သို့ရောက်ရန်ပင် ခရီးဝေးသေး၏။

“ဒီလို စိန်ခေါ်မှုမျိုး ရှိတယ်လို့ မင်းပြောတဲ့အတွက် ငါသွားကြည့်ကြည့်မယ်” ချူးယွင်ဖန်းကပြောသည်။

“သွားရအောင် ငါမင်းကို လမ်းပြမယ်” ဖေးယွင်ဖန်က ပြောလိုက်သည်။

“ကောင်းပြီ”

မကြာမီတွင် ချူးယွင်ဖန်းသည် ဖေးယွင်ဖန်၏ ဦး‌ဆောင်မှု နောက်လိုက်ကာ စိန်ခေါ်မှုတည်ရှိရာနေရာသို့ ရောက်ရှိသွားသည်။ စိန်ခေါ်မှုဟုပြောရမည့်အစား လေ့ကျင့်ရေးအခန်းနှင့် ပို၍တတူသည်။ အများအားဖြင့် ဤနေရာများသည် ဗိုလ်လောင်းများကို လေ့ကျင့်ရန်နေရာများဖြစ်သည်။ စစ်သည်များ၏ တကယ့်တိုက်ပွဲအတွေ့အကြုံများကို တိုးမြှင့်ရန်အတွက် ၎င်းကို အသုံးပြုခဲ့ကြသော်လည်း ယခုမူ ကျောင်းသားများ၏ ခွန်အားကို စမ်းသပ်ရန်နေရာအဖြစ်အသုံးပြုလျက်ရှိသည်။

ဤလေ့ကျင့်ရေးအခန်းများကို အခန်းအနည်းငယ်ခွဲထားသည်။ ချူးယွင်ဖန်းသည် သူ၏နံပါတ်ပြားကို အသုံးပြု၍အခန်းတစ်ခုတည်းသို့ဝင်လိုက်သည်။ ထိုနံပါတ်ပြားဖြင့် ချူးယွင်ဖန်းသည် လေ့ကျင့်ရေးအခန်းများထဲသို့ တစ်နေ့တစ်ကြိမ် ဝင်ရောက်နိုင်သည်။

ချူးယွင်ဖန်း ဝင်သွားသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးတစ်ကောင်ပေါ်ထွက်လာ၏။ ထိုနတ်ဆိုးသည် နက်မှောင်နေသော ခွေးအ တစ်ကောင်ဖြစ်သည်။ ချူးယွင်ဖန်းအပေါ်သို့ ထိုခွေးအခုန်အုပ်လိုက်သည်နှင့် သူသည် အရိပ်မဲ့ဓားကို ဆွဲထုတ်လိုက်ကာ ဓားချက်တစ်ချက်ဖြင့်ပင် ခွေးအကို သတ်လိုက်နိုင်သည်။ ၎င်းသည် ချက်ချင်းပင် အလင်းလုံးဖြစ်ကာပျောက်ကွယ်သွား၏။

ချူးယွင်ဖန်းသည် ပုံရိပ်ယောင်ကမ္ဘာသို့ရောက်ရှိနေခြင်းဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ပုံရိပ်ယောင်ကမ္ဘာတွင်သာ ဤသို့သော ကိစ္စမျိုးကြုံလာနိုင်၏။ သို့သော်လည်း ဤအရာသည် လက်တွေ့နှင့်ကွာခြားမှုသိပ်မရှိကြောင်း သူခံစားမိသည်။ သူဝတ်ထားသည့် အလေးစီးဝတ်စုံ၏ အကျိုးသက်ရောက်မှုပင် ရှိနေသေးကာ ပုံရိပ်ယောင်ကမ္ဘာသည် အံ့ဖွယ်ပင်ဖြစ်၏။

ဤလေ့ကျင့်ရေးအခန်းထဲတွင် အခြား ယန္တရားတစ်ခုလည်းရှိသေးသည်။ ဤစက်ပစ္စည်းများ၏ အဆင့်သည် စျေးကွက်ထဲတွင်မြင်နိုင်သော အရာမဟုတ်ပေ။ အမှန်မှာမူ၊ အရပ်သားများအသုံးမပြုခင်တွင် စစ်တပ်မှ အသုံးပြုနေခြင်းဖြစ်၏။

ချူးယွင်ဖန်းသည် ခွေးအကို သတ်ပြီးနောက် နောက်ထပ် ခွေးအနှစ်ကောင်ပေါ်လာကာ သူ့အား ဝန်းရံလိုက်သည်။ ချူးယွင်ဖန်း၏ လက်ရှိစွမ်းအားဖြင့် ဤသည်မှာ စိန်ခေါ်မှုပင်မမြောက်ပေ။ သူသည် ၎င်းတို့ကို ဓားဖြင့် နှစ်ချက်သာခုတ်၍ သတ်ပစ်လိုက်သည်။ ခွေးအနှစ်ကောင်ကို သတ်ပြီးနောက်တွင် ဆယ်ကောင်ထက်မနည်းသော ခွေးအအုပ်စုလိုက်ပေါ်လာ၏။ သူတို့သည် ချူးယွင်ဖန်းပေါ်သို့ ခုန်အုပ်လိုက်ကြသည်။

အကယ်၍ ဤသည်မှာ အခြားသူတစ်ယောက်သာဖြစ်မည်ဆိုပါက ထိတ်လန့်တုန်လှုပ်သွားနိုင်ကြသော်လည်း ချူးယွင်ဖန်းအတွက်မူ ဤသည်မှာ ခက်ခဲသောအရာမဟုတ်ပေ။ ကောင်းကင်နတ်ဘုရားရွေ့လျားခြင်း ကို အသုံးပြု၍ ခွေးအများကို သတ်ပစ်လိုက်သည်။

အချိန်တိုအတွင်းတွင်ပင် သူတို့အားလုံးပျောက်ကွယ်သွားကြ၏။

ချူးယွင်ဖန်းသည် နတ်ဆိုးများနှင့်ရင်ဆိုင်ရန်ရောက်ရှိနေချိန်တွင် လေ့ကျင့်ရေးခန်းအပြင်ဘက်တွင် မတ်တပ်ရပ်နေသော ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့သည် စမ်းသပ်ချက်များကို ကျော်ဖြတ်နေသည့် ချူးယွင်ဖန်း၏ အမြန်နှုန်းကို ကြည့်ကာ မှင်သက်လျက်ရှိကြသည်။

ချူးယွင်ဖန်းသည် လျပ်စီးကြောင်း၏အရှိန်ဖြင့် အဆင့်များကို ကျော်ဖြတ်သွားသည်မှာ သုံးဆင့်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။

ပထမအဆင့်သုံးဆင့်သည် အထူးခက်ခဲသည်မဟုတ်သဖြင့် သေချာသတိထားလျှင် ကျော်လွှားနိုင်မည်မှာသေချာ၏။ ဤနေရာ၏အဓိကအချက်မှာ ကျော်ဖြတ်သွားသည့် အရှိန်သာဖြစ်သည်။

ချူးယွင်ဖန်းသည် စက္ကန့်ပိုင်းအတွင်းတွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ တတိယအဆင့်သည် အနည်းငယ်ပို၍ ခက်ခဲသော်လည်း ချူးယွင်ဖန်းအတွက်မူ တစ်မိနစ်၊ သို့မဟုတ်နှစ်မိနစ်သာ ကြာ၏။

“သေစမ်း၊ ချူးယွင်ဖန်းက ဘယ်လောက်တောင်သန်မာလိုက်သလဲ။ ဒီလောက် မြန်မြန်ကြီးတစ်ဆင့်ပြီးတစ်ဆင့်ပြီးတာ တစ်ခါမှမမြင်ဖူးဘူး” ဟွမ်ကော်ရိသည် အလွန်အံ့သြလျက်ရှိသည်။

“ငါမထင်ဘူး။ စွမ်းအင်သန့်စင်ခြင်းအဆင့်ကို မရောက်သေးဘူးလို့ သူပြောခဲ့သေးတယ်မလား။ အဲ့အဆင့်ကို မရောက်သေးရင်တော့ သူမကျော်ဖြတ်နိုင်သေးပါဘူး။ လွန်ခဲ့တဲ့နှစ်ရက်က ချီပင်လယ် အဠမအဆင့်ကို ရောက်ခဲ့တဲ့လူတွေထဲမှာ ချီပင်လယ် နဝမအဆင့်ရောက်နေတဲ့သူရှိတယ်လို့ ငါမကြားမိပါဘူး”

သူပြောလိုက်သော်လည်း ဖေးယွင်ဖန်သည် ကိုယ်တိုင်ပင် မသေချာပေ။ ချူးယွင်ဖန်းအပေါ်တွင် သူတို့သည် လေးလေးနက်နက်အထင်ကြီးမိလျက်ရှိသည်။ ကျို့ရှန်ချန်ကို အလွယ်တကူအနိုင်ယူခဲ့ပုံကို ကြည့်လျှင် ချူးယွင်ဖန်းသည် ရိုးရှင်းသောသူတစ်ဦးတော့မဟုတ်ပေ။ ချူးယွင်ဖန်းသည် အံ့ဖွယ်အမှုကို ဆက်လက်ပြုမူလျက်ရှိသည်။ သူသည် အံ့မခန်းအရှိန်ဖြင့် ပထမဦးဆုံးအဆင့်ခြောက်ဆေင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

ဤအဆင့်သည် ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့ အများဆုံးရောက်နိုင်သည့်အဆင့်ဖြစ်သည်။

သတ္တမအဆင့်သည်လည်း ချူးယွင်ဖန်း၏ ခြေလှမ်းများကို မရပ်တန့်နိုင်ပေ။ ဤအဆင့်ကို ကျော်ဖြတ်ရန် အချိန်အနည်းငယ်ပို၍ကြာသော်လည်း အဆုံးတွင် ဖြတ်သန်းနိုင်ခဲ့သည်။

နောက်ဆုံးတွင် သူ အဠမအဆင့်သို့ရောက်ရှိသွားပြီဖြစ်၏။

သူဖြတ်ကျော်နိုင်ပါ့မလား။

အခန်း(၂၂၁) ကောင်းကင်မိုးကြိုးဓားသိုင်း

ချူးယွင်ဖန်းသည် အဆင့်ခုနှစ်ဆင့်ကို တစ်ဆက်တည်းအောင်မြင်သွားသဖြင့် ဖေးယွင်ဖန်နှင့် ဟွမ်ကော်ရိတို့နှစ်ယောက်လုံး အလွန်အမင်းထိတ်လန့်သွားကြသည်။ အချိန်အတော်ကြာပြီးနောက်တွင်

လေ့ကျင့်ရေးခန်းထဲမှ ထွက်လာခဲ့သော်လည်း အဠမအဆင့်ကို ဖြတ်ကျော်ကြောင်း အသံပေးချက်ထွက်ပေါ်လာခြင်းမရှိပေ။

“ချူးယွင်ဖန်း၊ မင်းအဠမအဆင့် အောင်မြင်လား” ဖေးယွင်ဖန်သည် အသိပေးချက်မမြည်လာသည့်တိုင် သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ငါမအောင်ခဲ့ဘူး”

ချူးယွင်ဖန်းသည် ခေါင်းခါပြလိုက်သည့်တိုင် စိတ်ပျက်ခြင်း၊ အားလျော့ခြင်းအရိပ်အယောင် အနည်းငယ်မျှမပါဘဲ စိတ်အေးလက်အေးဖြစ်နေ၏။

ဖေးယွင်ဖန်းက ဤသည်ကို အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ ပုံမှန်အတိုင်းဆိုလျှင် ချူးယွင်ဖန်းသည် အဠမအဆင့်မအောင်မြင်သည့်အတွက် အတော်လေးစိတ်ပျက်သွားသင့်သော်လည်း၊ ယခုမူ စိတ်ပျက်သွားပုံလုံးဝမပေါ်ပေ။

ချူးယွင်ဖန်းကိုယ်တိုင်သာ သူတကယ့်ကိုမှ စိတ်ပျက်ခြင်းအလျင်းမရှိကြောင်းသိ၏။ သူ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းစွာသိနေသည်။ အကယ်၍ သူသာ အလေးစီးဝတ်စုံကို ချွတ်လိုက်လျှင် အဠမအဆင့်ကို ကျော်ဖြတ်ရန် လုံးဝခက်ခဲလိမ့်မည်မဟုတ်သော်လည်း ဤဝတ်စုံသည် သူ၏ အတွင်းအားကို ချီပင်လယ် အထွဋ်အထိပ်၌သာ တင်းကြပ်စွာ ကန့်သတ်ထား၏။ သူသည် ချီပင်လယ်နဝမအဆင့်သို့ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရောက်ရှိခဲခြင်းဖြစ်သဖြင့် ဤမျှထိတိုက်ခိုက်နိုင်စွမ်းသည်ပင် မကျေမနပ်ဖြစ်စရာမရှိပေ။

သို့သော် ယခုတိုက်ပွဲသည် သူ့အတွက် သတိပေးခေါင်းလောင်းသံများပေါ်ထွက်လာသကဲ့သို့ သူ၏ခန္ဓာကိုယ်ကို အချက်ပေးလျက်ရှိသည်။ သူသည် အလွန်အခြေခံအကျဆုံး သိုင်းပညာနှစ်မျိုးဖြစ်သည့် လေဟုန်တိုက်ခွင်းဓားသိုင်းနှင့် ကမ္ဘာခွဲဓားသိုင်းများကို လေ့ကျင့်ခဲ့ရာ ချီပင်လယ် အထွဋ်အထိပ်သို့ရောက်ပြီးနောက်တွင် ကူကယ်ရာမဲ့သောခံစားချက်မျိုးသည် သူ့အပေါ်ကြီးစိုးလာသည်။ ဤသိုင်းပညာနှစ်ခုသည် သူ၏ စွမ်းအင်ကို အပြည့်အဝထုတ်ပြနိုင်ခြင်းမရှိဘဲ ကန့်သတ်ထားလျက်ရှိသည်။

ယခု သူ၏ အတွင်းအားကို အပြည့်အဝထုတ်သုံးခွင့်ပေးနိုင်သော သိုင်းပညာအသစ်တစ်ခုကို လေ့လာရန်အချိန်သို့ရောက်ပြီဖြစ်သည်။ စမ်းသပ်မှုပြီးသောအခါ ချူးယွင်ဖန်းသည် သူ၏အခန်းထဲသို့ ပြန်သွားသည်။ သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ သိုင်းပညာတစ်မျိုးကို ရွေးချယ်ချင်သည်။ အဠမအဆင့်ကို မကျော်ဖြတ်နိုင်သေးသရွေ့ လူအများ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် သူ၏ အခန်းသို့ ပြန်ဝင်ကာ ဆေးဧကရာဇ်၏ များစွာသော မှတ်ဉာဏ်များကို ပြန်လည်တွေးတောလိုက်သည်။ တကယ်တမ်းတွင် သူသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအားလုံးကို အမွေဆက်ခံခဲ့ခြင်းမဟုတ်ပေ။ ဆေးဧကရာဇ်၏ အဓိကမှတ်ဉာဏ်များသည်မူ ဆေးဧကရာဇ်နှင့်သာ သက်ဆိုင်နေသေး၏။ အရာအားလုံးသည် ရုပ်ရှင်ကြည့်နေရသကဲ့သို့ဖြစ်သဖြင့် မှတ်ဉာဏ်များစွာရှိသည့်တိုင် ၎င်းတို့သည် အပြည့်အစုံမဟုတ်ပေ။

နတ်ဘုရားစိတ်ဂိညာဉ် သို့မဟုတ် တောင်မြစ်မြေပုံကြောင့်သာ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် သူ့ဦးနှောက်အား သိမ်းယူမသွားခြင်းဖြစ်လိမ့်မည်ဟု ချူးယွင်ဖန်းတွေးထားသည်။ တကယ့်လက်တွေ့တွင် ဤသို့သောထူးဆန်းသည့် ကိစ္စမျိုးမဖြစ်ဖူးပေ။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ဓားသိုင်းများစွာကို တွေ့ရှိခဲ့သော်လည်း ဆေးဧကရာဇ်သည် သာမန်ဓားသိုင်းများကို ဂရုသိပ်မစိုက်ပေ။ ကောင်းကင်ဘုံနတ်ဘုရားရွေ့လျားခြင်း နှင့်ပုံရိပ်ကိုးသွယ် နည်းစနစ်များကဲ့သို့ မဟုတ်ပေ။ ဆေးဧကရာဇ်သည် ဓားရှည်ကိုလည်း အသုံးမပြုခဲ့သဖြင့်‌ေရလွှာစီးဆင်းမှု ပိုင်ဖြတ်ခြင်း ကဲ့သို့ တစ်ရှိန်ထိုးအစွမ်းထက်သော ဓားသိုင်းမှလွဲ၍ သာမန်ဓားသိုင်းများသည် သူ၏အာရုံကို မဖမ်းစားနိုင်ပေ။

တကယ်တမ်းတွင် ဤသည်မှာ ဓားသိုင်းများပင်မဟုတ်ပေ။ အခြားသော သိုင်းပညာများလည်းရှိသည့်အပြင် ချူးယွင်ဖန်း အသုံးမပြနိုင်သော သိုင်းအချို့ပင်ရှိ၏။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ဆေးပညာနှင့်ပတ်သက်သည့် အချက်အလက်များစွာရှိသည်။ သူ့အား သိုင်းပညာကျွမ်းကျင်သူ၏ ယူဆ၍ရသော်လည်း သူ၏ဆေးပညာအသိဉာဏ်၏ ဆယ်ပုံတစ်ပုံစာမျှသာရှိကာ၊ အထူးသိုင်းပညာရှင်များနှင့် မတူညီပေ။

သို့သော် ချူးယွင်ဖန်းသည် အလျင်လိုခြင်းအလျင်းမရှိပေ။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် သူလက်ရှိအသုံးပြုနိုင်သော သင့်လျော်သည့် ဓားသိုင်းမရှိသော်လည်း ၎င်းတို့ကို အွန်လိုင်းမှဝယ်ယူနိုင်သေးသည်။ ယခုခေတ်တွင် အင်တာနက်သည် အလွန်အမင်းတိုးတက်နေပြီဖြစ်သဖြင့် သိုင်းပညာမျိုးစုံကို အွန်လိုင်းမှဝယ်ယူနိုင်သည်။ သိုင်းပညာရှင်ကြီးတစ်ဦး၏ သင်ကြားမှု ဗီဒီယိုများကိုပင် ဝယ်ယူနိုင်သည်ဖြစ်ရာ လူချမ်းသာကလေးများစွာသည်မူ ၎င်းတို့အတွက် သီးခြားသိုင်းများလေ့လာရန် သိုင်းပညာရှင်များကိုပင် ငှားရမ်းနိုင်၏။ ဤသင်ကြားမှုများ၏ အကျိုးသက်ရောက်မှုများသည်မူ အလွန်လျင်မြန်သည်။

ပုံရိပ်ယောင်နက်ဝေါ့ ကို ချိတ်ဆက်ပြီးနောက်၊ သူသည် သိုင်းပညာများကို ရောင်းချသည့် ဝဘ်ဆိုဒ်တစ်ခုသို့ သွားလိုက်သည်။ ထို့နောက် ဓားသိုင်းများစွာကို စျေးနှုန်းများခွဲ၍ စတင်ရှာဖွေလိုက်သည်။

“ဝူညန်ဓားသိုင်း - ယွမ် ၂.၅ ဘီလီယံ”

“ဇီဝိန်ချုပ်နည်းဆယ်မျိုး - ယွမ် ၂.၄၅ ဘီလီယံ”

“ကျင်းထောင်ရဲ့ တော်ဝင်ဓားသိုင်း - ယွမ် ၂.၄၃ ဘီလီယံ”

အစောပိုင်းသိုင်းပညာများတန်ဖိုး၏ အနောက်တွင် ကပ်ပါလျက်ရှိသော သုညများသည်မည်သူ့ကိုမဆို စိတ်ပျက်သွားစေနိုင်လောက်အောင် ကြောက်ခမန်းလိလိစျေးများနေ၏။

ဓားသိုင်းများအားလုံးသည် ပြိုင်ဘက်ကင်းဓားသိုင်းများဖြစ်သဖြင့် ၎င်းတို့ကို ရောင်းချသူများသည် လူသားမျိုးနွယ်၏အပြင်းထန်ဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး ဓားသိုင်းပညာရှင်များဖြစ်ကြသည်။

မည်သူကမျှ ခိုးယူရန်မလုပ်ရဲကြသဖြင့် မူပိုင်ခွင့်ပင်လျှောက်ထားရန် မလိုအပ်ပေ။ ဤသို့သော ကြောက်မက်ဖွယ်တည်ရှိမှုများကို ရန်စရန် တကယ်တမ်း မည်သူက တတ်နိုင်လိမ့်မည်နည်း။

ထိုသိုင်းများကို သင်ယူဖူးသူများသည်လည်း အခြားသူများထံသို့ အလွယ်တကူလက်ဆင့်ကမ်းနိုင်ကြလိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ဤဝဘ်ဆိုဒ်သို့ရောက်ဖူးသည်မှာ ယခုအကြိမ်ပထမဆုံးဖြစ်သဖြင့် ဓားသိုင်းများ၏ စျေးနှုန်းကိုမြင်သောအခါ ဆွံ့အသွားရသည်။ ပထမဦးဆုံးဓားသိုင်းမှာ ဝူညန်သိုင်းဖြစ်ကာ ဤဓားသိုင်း၏ ပိုင်ဆိုင်သူမှာ မစ္စတာဝူညန်ဟုအမည်ရသော လူတစ်ယောက်ဖြစ်သ်ည။ ဤလူသည် လူသားကမ္ဘာတွင် စွမ်းအားအကြီးဆုံး ဓားသိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် မကောင်းဆိုးဝါးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့ဖူးသဖြင့် စွမ်းအားအကြီးဆုံး ဓားသိုင်းပညာရှင်ဟုအမည်တွင်ခဲ့ခြင်းဖြစ်သည်။

မစ္စတာဝူညန်ဖန်တီးခဲ့သည့်ဓားသိုင်းဖြစ်သဖြင့် ၎င်း၏စွမ်းအားကိုမူ သံသယဖြစ်ဖွယ်မရှိပေ။ အခြားသိုင်းပညာများသည်လည်း စွမ်းအားကြီးဓားသိုင်းပညာရှင်များထဲမှ တစ်ဦးဦးဖန်တီးထားခြင်းမျိုး ဖြစ်သည်။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ဓားသိုင်းများကို ရှာဖွေကြည့်လိုက်သောအခါတွင်မူ ၎င်းတို့သည် သာမန်အဆင့်ပင်မဟုတ်သော်လည်း အဆင့်သတ်မှတ်ပေးထားခြင်းမရှိပေ။

ယေဘုယျအားဖြင့် သန့်စင်ခြင်းအဆင့် ဓားသိုင်းများမှာမူ အဆင့်သတ်မှတ်ထားခြင်းမရှိပေ။

နောက်ဆုံးတွင် ချူးယွင်ဖန်းသည် အဆင့်သတ်မှတ်ချက်ရှိသော ဓားသိုင်းတစ်မျိုးကို တွေ့ရှိသွားသည်။ ၎င်းသည် သာမန်အဆင့်ဓားသိုင်းသာဖြစ်သော်လည်း ချူးယွင်ဖန်း၏ လက်ရှိစွမ်းအားအတွက်မူ လုံလောက်သည်။

“ကောင်းကင်မိုးကြိုးဓားသိုင်း”

ချူးယွင်ဖန်းသည် ဤဓားသိုင်း၏မိတ်ဆက်စာတမ်းကို ဖတ်ရှု့ပြီးသည့်နောက်တွင် သံယယကင်းစွာပင် ဤဓားသိုင်းသည် အရှိန်မြန်ကာ စွမ်းအားပြင်းသည်ကို သိလိုက်ရသည်။ ဤဓားသိုင်း၏ အမြန်နှုန်းသည် အလွန်ပင်အံ့သြကြောက်မက်ဖွယ်ဖြစ်သည်။ ဓားကို ဆွဲထုတ်လိုက်သောအခါတွင် ကောင်းကင်မှ မိုးကြိုးမုန်တိုင်းသံကဲ့သို့ ကွဲအက်နေသော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာမည်ဖြစ်သည်။ ပြီးပြည့်စုံအဆင့်အထိ လွန်ကဲစွာလေ့ကျင့်နိုင်သောသူတစ်ယောက်အတွက်မူ ဤမိုးခြိမ်းသံများသည် မည်သို့မျှ အဓိပ္ပါယ်သက်ရောက်လိမ့်မည်မဟုတ်ပေ။ ထို့နောက် အဆင့်အသစ်တစ်ခုသို့ ရောက်ရှိလာမည်ဖြစ်သည်။

အဆင့်သတ်မှတ်ထားသော ဓားသိုင်းအချို့ရှိသော်လည်း ကောင်းကင်မိုးကြိုးဓားသိုင်းသည် ချူးယွင်ဖန်းအတွက် အသင့်လျော်ဆုံးဓားသိုင်းဖြစ်သည်။ သူ၏ ကိုယ်ခံအားသည် အဆင့်တူ သိုင်းပညာရှင်များထက် များစွာသာလွန်၍ ကောင်းကင်မိုးကြိုးဓားသိုင်း၏ စွမ်းအားကို အပြည့်အဝထုတ်သုံးနိုင်မည်ဖြစ်သည်။

တစ်နည်းဆိုရလျှင် ကောင်းကင်မိုးကြိုးဓားသိုင်းသည် ချူးယွင်ဖန်း၏ ခွန်အားကို အပြည့်အဝပြသနိုင်လိမ့်မည်ဖြစ်သည်။

‘ဒါက အသင့်တော်ဆုံးပဲ’

‘ဒါပေမယ့် စျေးက ယွမ်နှစ်သန်းတောင်’

စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် ချီပင်လယ်အဆင့်ရှိ သာမန်ဓားသိုင်းများကို သိန်းအနည်းငယ်ဖြင့် ဝယ်ယူရရှိနိုင်သည်။

အဆင့်သတ်မှတ်ထားသော သိုင်းများနှင့် အဆင့်သတ်မှတ်ချက်မပါသော သိုင်းများအကြား စျေးနှုန်းကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးကြာတမျှ ဝေးကွာနေ၏။

ချူးယွင်ဖန်းသည် အရဲစွန့်ကာ ၎င်းသိုင်းကို မှာယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူ့ဘဏ်အကောင့်ထဲ၌ ယွမ်တစ်သန်းအောက်သာ ကျန်တော့၏။

ချက်ချင်းဆိုသလိုပင် ကောင်းကင်မိုးကြိုးသိုင်းကို ချူးယွင်ဖန်းထံသို့ ပေးပို့လာ၏။

အခန်း(၂၂၂) နယ်မြေ(၂)ကို မရောက်မချင်း ပူစရာ ဘာမှမလိုဘူး

ချူးယွင်ဖန်းသည် ကောင်းကင်မိုးကြိုးဓားသိုင်း၏ အီလက်ထရွန်းနစ်သင်ကြားရေးဖိုင်ကို ရရှိသည်နှင့် ချက်ချင်းကြည့်ရှု့လိုက်သည်။

အကောင်းကင်မိုးကြိုးဓားသိုင်းသည် ချူးယွင်ဖန်း စိတ်ကူးထားဖူးခဲ့သော အရာတစ်ခုဖြစ်သည်။ ၎င်းသည် အဓိကအားဖြင့် အရှိန်ကို အခြေခံထားသော်လည်း မြန်ဆန်ရုံတင်မက၊ အလွန်ပြင်းထန်သော အားအင်လည်းပါရှိသည်။ ဓားသွားကို ပြိုင်ဘက်ထံသို့ ချိန်ရွယ်လိုက်သည်နှင့် အလွန်ကြောက်မက်ဖွယ်ပြင်းထန်သော စွမ်းအားတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။ ကြံခိုင်သောကိုယ်ခန္ဓာရှိသည့် ချူးယွင်ဖန်းအတွက် ဤသည်မှာ အကောင်းဆုံးဓားသိုင်းဖြစ်သည်။ ၎င်းသည် လေဟုန်တိုက်ခွင်းဓားသိုင်း၏ အလျင်နှင့် ကမ္ဘာခွဲဓားသိုင်းများ၏ အင်အားကို ပေါင်းစပ်ခြင်းဖြစ်ကာ၊ ၎င်းထက်ပိုသင့်တော်မည့် ဓားသိုင်းမရှိပေ။

ကောင်းကင်မိုးကြိုးဓားသိုင်းသည် စျေးနှုန်းအားဖြင့် မြင့်မားသော်လည်း တန်သည်ဟု ယူဆ၍ရသည်။။ ကျင့်ကြံရေးလမ်းစဥ်များမှလွဲ၍ ဉာဏ်အလင်းကဗျာ ၊ သိုင်းကွက်များနှင့် အခြားသောအတွေ့အကြုံများသည် ကျင့်ကြံသူများ၏ အခက်အခဲများကို လျှော့ချပေးနိုင်စွမ်းရှိသည်။ သိုင်းကျမ်းများကို ရောင်းချသည့် ဤလက်ရှိစျေးကွက်ကို ပုံမှန်ဟု ယူဆ၍ရ၏။

ချူးယွင်ဖန်းသည် ဖိုင်တစ်ခုလုံးကို သေချာဖတ်ပြီးနောက် တစ်ခဏအတွင်းမှာပင် အရာအားလုံးကို သူမှတ်မိသွားသည်။ ထို့နောက် တရားထိုင်လိုက်သည်။ ထိုစာဖိုင်ထဲမှစာလုံးများသည် စကားလုံးသက်သက်မဟုတ်တော့ဘဲ ၎င်းတိုအစား ကောင်းကင်မိုးကြိုးသိုင်းကို သရုပ်ပြလျက်ရှိသော လူပုံသဏ္ဍာန်များ စတင်ပေါ်လာသည်။

အချိန်အတော်ကြာပြီးနောက် ချူးယွင်ဖန်းသည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ဤဓားသိုင်းကို ကောင်းစွာနားလည်ထားပြီးဖြစ်သဖြင့် နောက်တစ်ဆင့်သို့တက်လှမ်းရန် ခြေတစ်လှမ်းသာလိုတော့သည်။ ဤကျင့်ကြံရေး၏အရှိန်ကို အခြားသူများသာသိသွားလျှင် အံ့သြထိတ်လန့်သွားကြပေလိမ့်မည်။ အစပိုင်းတွင် သိုင်းများ လေ့ကျင့်ခြင်းသည် အလွန်လျင်မြန်၍ နှောင်းအဆင့်များတွင် ပိုမိုခက်ခဲလာသည်ဟု ဆိုနိုင်၏။ ထိုသို့ဆိုလျှင် စွမ်းအင်သန့်စင်ခြင်းအဆင့် ဓားသိုင်းများကို မြန်မြန်ဆန်ဆန်ကျွမ်းကျင်ခြင်းသည် အလွန်အံ့သြထိတ်လန့်ဖွယ်ကောင်း၏။

ချူးယွင်ဖန်းသည် တရားထိုင်ရာမှ ရပ်လိုက်သောအချိန်တွင် ဖေးယွင်ဖန်မှ သူ့အခန်းတံခါးကို အချိန်အတော်ကြာအောင် လာခေါက်နေသည်ကို ကြားလိုက်ရသည်။

“ဘာဖြစ်လို့လဲ” ချူးယွင်ဖန်းသည် တံခါးဖွင့်ကာမေးလိုက်သည်။

“ချူးယွင်ဖန်း၊ မကောင်းတော့ဘူး။ အရှက်မရှိတဲ့ ကျို့ရှန်ချန်ကာ မင်းကို ရင်ဆိုင်ဖို့အခြားတစ်ယောက်ကို သွားခေါ်လာတယ်” ဖေးယွင်ဖန်ကပြောလိုက်သည်။

“အခြေအနေကဘယ်လိုလဲ”

“ကျို့ရှန်ချန်ထွက်သွားပြီးတော့ သူက အန်ယန်အထက်တန်းကျောင်းရဲ့ ပထမအဆင့် ကျန်းဟုန်ကျဲကို ရှာလာတာ။ ကျန်းဟုန်ကျဲက မင်းကို လူသိရှင်ကြားစိန်ခေါ်လိုက်ပြီ”

“ကျန်းဟုန်ကျဲဟုတ်လား” ချူးယွင်ဖန်းသည် မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

“ကျန်းဟုန်ကျဲက အန်ယန်ခရိုင်မှာ အဆင့်တစ်မဟုတ်ပေမယ့် ထိပ်တန်းသုံးယောက်ထဲက တစ်ယောက်လို့ပြောလို့ရတယ်။ သူက အရမ်းစွမ်းအားကြီးတာကွ”

“သူက နယ်မြေနှစ်ကို ဝင်ရတာလား”

“မဝင်ရသေးဘူး။ ဒါပေမယ့် အခုမဝင်ရသေးဘူးဆိုပေမယ့် ခဏနေရင် ဝင်ရလောက်တော့မှာ”

ချူးယွင်ဖန်းသည် ဤသို့ကြားသောအခါ ထိတ်လန့်ခြင်းမရှိပေ။

“နယ်မြေနှစ်ကို မဝင်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး”

ချူးယွင်ဖန်းသည် မည်သည့်အချိန်တုန်းကမှ မစိုးရိမ်ခဲ့ဖူးပေ။ ကျန်းဟုန်ကျဲ နယ်မြေနှစ်ကို ဝင်ခွင့်ရလျှင်လည်းကိစ္စမရှိပေ။ မထုတ်ဖော်ပြခဲ့သော်လည်း သူတွင် ထိုနေရာသို့ ဝင်ခွင့်ရရန် စွမ်းအားမျိုးရှိသည်။

ဖေးယွင်ဖန်သည် ချူးယွင်ဖန်းအား ဆွံ့အစွာကြည့်လျက်ရှိသည်။ “မဝင်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး” ဆိုသည်မှာ ရိုးရှင်းသော စာကြောင်းလေးတစ်ကြောင်းသာဖြစ်သော်လည်း အဆုံးမဲ့လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများထင်ဟပ်နေ၏။ သို့သော် ချူးယွင်ဖန်း ကျို့ရှန်ချန်အား မည်သို့အနိုင်ယူခဲ့သည်ကို တွေးမိသောအခါ ထိုစကားများကို သဘောတူလိုက်မိသည်။ အခြားလူများမလုပ်နိုင်သော်လည်း ဤဆရာသည် တူမည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် လုပ်နိုင်၏။

“သူ တိုက်ပွဲအတွက်နေရာသတ်မှတ်ထားပြီးပြီလား”

“နယ်မြေ(၁)ရဲ့ တိုက်ပွဲကွင်း။ အဲ့နေရာက စစ်သားတွေကို စစ်သင်တန်းပေးဖို့ သုံးလေ့ရှိပေမယ့် အခု ငါတို့အတွက်ဖွင့်ပေးထားတယ်”

သူသည် စိတ်ပူပုံမပေါ်သော ချူးယွင်ဖန်းအား ကြည့်၍ပြောလိုက်သည်။

‘ငါသာ သူ့ကို အကြောင်းမကြားရင် ချူးယွင်ဖန်းက ဒီသတင်းကို လုံးဝဂရုမစိုက်ဘဲ လွတ်သွားမှာမလား’

ဖေးယွင်ဖန်သည် ကျန်းဟုန်ကျဲ ရှေ့သို့ထွက်လာသည်ကို တွေးမိသောအခါ သနားခြင်းအလျင်းမရှိဘဲ ရယ်စရာကောင်းသည်ဟုပင် ခံစားမိ၏။

ချူးယွင်ဖန်း ကွင်းထဲသို့ရောက်သောအခါ လူအမြောက်အမြားရှိနေပြီဖြစ်သည်။ ကျန်းဟုန်ကျဲသည် လူသိရှင်ကြား စိန်ခေါ်ခဲ့ခြင်းဖြစ်သဖြင့် လူတိုင်းထိုအကြောင်းသိကြသည်။ ချူးယွင်ဖန်း မလာမည်ကို သူစိုးရိမ်သောကြောင့် စိန်ခေါ်မှုကို သေချာပေါက် လက်ခံစေရန် လူသိရှင်ကြားကြေညာခဲ့ခြင်းဖြစ်သည်။

မှန်သည်၊ လူအတော်များသည် သာမန်ယှဥ်ပြိုင်မှုသာဆိုလျှင် အာရုံစိုက်မည်မဟုတ်ပေ။ သူတို့အားလုံးသည် ကောင်းကင်ဘုံမှ ချီးမြောက်ခံထားရသော သူများသာဖြစ်ကြသဖြင့် သာမန်လူများအတွက် သန်မာသည်ဟု ယူဆ၍ရသော သူများသည် သူတို့မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။

သိုသော် ယခု တိုက်ခိုက်မည့်သူနှစ်ဦးသည် ကွာခြား၏။ တည်ငြိမ်သမုဒ္ဒရာမြို့တော်တွင် စုစုပေါင်း ခရိုင်ဆယ်ခုသာရှိသော်လည်း ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးသည် ယွင်နင်ခရိုင် နံပါတ်တစ်ဖြစ်ကာ၊ ကျန်တစ်ဦးမှာ အန်ယန်ခရိုင်၏ ထိပ်တန်းသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြသည်။ ဤလူနှစ်ယောက်ကြားမှ တိုက်ပွဲသည် လူမြောက်များစွာ၏ အာရုံကို ဆွဲဆောင်လျက်ရှိ၏။

ခရိုင်အသီးသီးမှ ပညာရှင်များစွာသည် တိုက်ပွဲကြည့်ရန်ရောက်လာကြသည်။ သူတို့အားလုံးသည် တိုက်ပွဲစင်၏ အောက်တွင် ရပ်နေကြရာ အသီးသီးသည် ပြင်းထန်သော အရောင်သြဘာတောက်ပလျက်ရှိသည်။ ၎င်းတို့ထဲတွင် ချူးယွင်ဖန်းနှင့် ရင်းနှီးသော လူများဖြစ်သည့် အို့ယန်၊ ကျန်းထန်၊ ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် ယွင်နင်ခရိုင်မှ အခြားကျွမ်းကျင်သူများကိုပင်မြင်နိုင်၏။

တန်စီယုနှင့် ဂေါင်ဟုန်ချီ တို့သည်လည်း တိုက်ပွဲစင်မြင့်ဘေးတွင် စောင့်ကြည့်ရန် ရပ်လျက်ရှိသည်။ သို့သော် သူတို့နှစ်ဦးသည် ရှေ့သို့မတိုးဘဲ၊ သတင်းကြားခဲ့သည်နှင့် ချူးယွင်ဖန်းကို စောင့်ရန် ဤနေရာသို့လာခဲ့ကြခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် တိုက်ခိုက်ရေးစင်ဘက်သို့ မလှည့်ခင် သူတို့နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ ကွင်းထဲတွင် ကျို့ရှန်ချန်နှင့် အခြားတစ်ယောက်ရှိနေ၏။ ချူးယွင်ဖန်းထံမှ အရိုက်ခံခဲ့ရသော ပါးနှစ်ဖက်မှ ဒဏ်ရာသည် ယခုထိအလုံးစုံမပျောက်ကွယ်သေးပေ။ ဆေးကုသမှုခံယူပြီးသည့်တိုင် ၎င်းတို့ကို မြင်တွေ့နေရဆဲဖြစ်သည်။

သူ့ရှေ့တွင် အခြားသောသူတစ်ယောက်မတ်တပ်ရပ်နေကာ ရွှေအချိုးအစားကိုယ်ထည်ဖြင့် အပြာရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ အရပ်ရှည်ကာ တောင့်တင်းသော ကိုယ်ထည်ကြောင့် ခံ့ညားသည်ဟုဆို၍ရနိုင်ကာ တည်ကြည်သော မျက်နှာထားမျိုးရှိသည်။ သူ၏အကြည့်တိုင်းသည် ပြင်းထန်သော ဖိနှိပ်နိုင်စွမ်းများထုတ်လွှတ်နေသယောင်ရှိ၏။

ကျန်းဟုန်ကျဲသည် အန်ယန်အထက်တန်းကျောင်း၏ ပထမအဆင့်ဖြစ်ကာ၊ အန်ယန်ခရိုင်ထိပ်တန်းကျောင်းသား သုံးဦးထဲမှတစ်ဦးဖြစ်သည်။ အစပိုင်းတွင်ပင် ပြင်းထန်သော ဖိနှိပ်မှုမျိုးပေါ်လွင်နေကာ ကျို့ချန်ရှန်နှင့် ပကတိခြားနားသော အဆင့်တွင်ရှိနေ၏။

အကယ် ကျို့ရှန်ချန်သည် ချီပင်လယ်နဝမအဆင့်ကို လက်တလောတွင်မှ ရောက်ရှိ၍ တန်စီယုနှင့် တူညီသောအဆင့်တွင်ရှိမည်ဆိုလျှင် ကျန်းဟုန်ကျဲသည် ချီပင်လယ်နဝမအဆင့်သို့ အတန်ကြာတည်းက ရောက်ရှိခဲ့ခြင်းဖြစ်နိုင်၏။ ချီပင်လယ်အထွဋ်အထိပ်သို့ပင် ရောက်ရှိနေသည်ထင်ရသည်။ သူသည် ချူးယွင်ဖန်း အနိုင်ယူခဲ့ဖူးသည့်၊ ရန်ကျွင်း၊ ယုရှင်းယွမ်နှင့် တုံရှင်းရန်တို့ထက်ပင် ပို၍သန်မာကာ စွမ်းအားကြီးပုံပေါ်သည်။

“မင်းက ချူးယွင်ဖန်းလား” ကျန်းဟုန်ကျဲသည် ချူးယွင်ဖန်း၏ မျက်လုံးများကို ကြည့်၍ပြောလိုက်သည်။

“ဟုတ်တယ်။ မင်းက ကျန်းဟုန်ကျဲမလား။ တကယ့်ပွဲကြီးပဲ၊ မင်းက ငါပေါ်မလာမှာ ကြောက်နေတာမဟုတ်လား” ချူးယွင်ဖန်းသည် ပေါ့ပါးစွာပြောလိုက်သည်။

“မင်းရဲ့ စိန်ခေါ်မှုကို ငါလက်မခံမှာ မစိုးရိမ်ဘူးလား”

“မင်း အဲ့တာကို ငြင်းမှာမဟုတ်ပါဘူး။ မင်းသာအဲ့လိုလုပ်ရင် ငါအရမ်းစိတ်ပျက်သွားရမှာပေါ့”

ချူးယွင်ဖန်းသည် လှောင်ပြောင်ရယ်မောကာ ပြောလိုက်သည်။

“ငါ့ကို လာပြောလို့သာပေါ့။ မဟုတ်ရင် ငါလာမှာတောင်မဟုတ်ဘူး။ မင်းစိတ်ပျက်ပျက်မပျက်ပျက် ငါနဲ့ဘာဆိုင်လို့လဲ”

ကျန်းဟုန်ကျဲသည် မျက်မှောင်ကြုတ်ကာ မျက်နှာထက်တွင် ဒေါသအရိပ်အရောင်များပေါ်လာ၏။

“မင်းစောင့်နေစမ်းပါ။ ဒီတိုက်ပွဲပြီးရင် ဒီလိုမျိုး ဘဝင်ခိုက်နေဦးမလားကြည့်ရအောင်”

All Chapters