← Chapters

Chapter 126

Vol. 10 Ch. 126

Chapter 126

Vol. 10 Ch. 126

ဆရာမစွန်းက လင်းဝေ့ကို ကြက်ကန်းဆန်အိုးတိုးခြင်းဖြစ်သည်ဟု ပြောနေသော်လည်း တစ်ခြားဆရာမများက လင်းဝေ့၏ သင်ကြားခြင်းစနစ်ကို သတိထားမိကြ၏။

ဆရာမခဲ့သည် ဆရာအတတ်သင်ကောလိပ်မှ ဘွဲ့ရခဲ့ပြီး ၇ နှစ် ၈နှစ်ခန့် သင်ကြားရေး အတွေ့အကြုံလဲ ရှိလေသည်။ စစ်တပ်ထဲ ပြောင်းလာပြီးနောက် စစ်တပ်မူလတန်းကျောင်းမှာ ဆရာမအလုပ် ဝင်လုပ်ခဲ့ခြင်းဖြစ်၏။ သူမသည် ကျောင်းမှာကောအပြင်မှာကော သဘောဆိုးသူတော့မဟုတ်ပေ။ သူမ၏ အတန်းမှ ကျောင်းသားများက အမှတ်ဆိုးဆိုးဝါးဝါးလည်း မရခဲ့ကြဖူးပါ။

သူမ၏ သင်ကြားခြင်းစနစ်ကလည်း ဆိုးဝါးနေသည်တော့မဟုတ်ပါ။

လင်းဝေ့က ပိုကောင်းနေကာ သူမသင်သည့် အတန်းထက် သုံးလေးလ သင်လိုက်ရုံဖြင့် အမှတ်ပိုကောင်းနေသည့်အတွက်ဖြစ်၏။

ဒါဆို ဆရာမ ခဲ့က အခန်း(၃) က ကျောင်းသားတွေကို သေချာ မသင်ပေးခဲ့တာလား။

အာ့လိုလဲ မဟုတ်ပါ။ သူမကလည်း သင်ကြားရမည့်အတန်းချိန်လတစ်ချိန်မှ မလွတ်ပဲ သင်ကြားပေးခဲ့သလို လင်းဝေ့ကလည်း အချိန်ပိုယူကာ သင်ပေးခြင်းမရှိခဲ့ပါ။ အိမ်စာများကိုလည်း အတူတူသာ ပေးခဲ့ခြင်းဖြစ်သည်။

အခန်း ၃ ခန်း၏ ပျမ်းမျှ အမှတ်အနည်းငယ်သာကွာလျင် ပြသနာမရှိပါ။ သို့သော် ၁၂ မှတ်လောက် ကွာနေတာက ဆရာမခဲ့၏ သင်ကြားခြင်းမကောင်းဟု ညွှန်ပြနေသလိုဖြစ်နေ၏။

ဆရာမခဲ့က သင်ကြားခြင်းကောင်းမကောင်းကို သူမဂရုမစိုက်ဟုပြောပါက မိဘများကို သူတို့ကလေးများကို ကျောင်းပို့တော့မည် မဟုတ်ချေ။ ထို့ကြောင့် ထိုကဲ့သို့ပြောလိုက်၍လည်း မရချေ။

ထိုသို့ပြော၍ မရရုံမက လင်းဝေ့ကိုပါ ချီးကျုးပေးရဦးမည်ဖြစ်၏။

ထို့ကြောင့် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လင်းဝေ့စာသင်ကောင်းသည်ဆိုသည့်အကြောင်းကို လူတိုင်းသိသွားကြပြီဖြစ်သည်။ ထို့ကြောင့် နှစ်ဝက်စာမေးပွဲပြီးသည့်နောက် လူတိုင်းက လင်းဝေ့ အမြဲတမ်းဆရာမဖြစ်လာနိုင်မလား ပြောနေကြ၏။

ထိုကိစ္စကို ကျောင်းအုပ်ဖုန်းထံ မမေးရဲကြသော်လည်း တစ်စုံ တစ်ယောက်က လင်းဝေ့ကို တိုက်ရိုက်မေးလိုက်၏။

လင်းဝေ့၏ တုံ့ပြန်ပုံက တည်တည်ငြိမ်ငြိမ်ဖြစ်ကာ သူမဖြေပုံက ပိုစနစ်ကျနေ၏။ "ကျွန်မလုပ်ရမယ့် အလုပ်မို့လို့ ကျွန်မအကောင်းဆုံးလုပ်တာပါ။ နောက်ပိုင်း ဘယ်အလုပ် ဖြစ်ဖြစ် ကျွန်မက အကောင်းဆုံးပဲ လုပ်မှာပါ။"

အတင်းတုတ်ဖို့ သတင်းလေး ရလိုရငြားလာမေးသည့် ဆရာမ လင်းဝေ့၏ အဖြေကို မကျေနပ်ချေ။ ထို့ကြောင့် နောက်တစ်မျိုး ပြောင်းမေးလိုက်၏။ "ဒါဆို ဆရာမလင်းက ဆရာမ အလုပ်ကို ဆက်လုပ်ချင်တယ်ပေါ့"

လင်းဝေ့ကလည်း လွန်လွန်ကျူးကျူး ပြန်မဖြေခဲ့ပါ။

" ရုံးအဖွဲ့အစည်းက ကျွန်မကို ဆက်လုပ်ခိုင်းရင် ဆက်လုပ်မယ်။ တစ်ခြားကို နေရာချပေးမယ် ဆိုရင်လည်း ရုံးအဖွဲ့အစည်းက ဆုံးဖြတ်တဲ့အတိုင်း ကျွန်မလိုက်နာမှာပါ။"

လင်းဝေ့၏ အဖြေက ပျင်းစရာကောင်းကာ အတင်းတုတ်ရန် ကုန်ကြမ်းရှာမရသော်လည်း လူတိုင်းက ထိုအကြောင်းကို ဆက်ပြောနေကြဆဲဖြစ်၏။ သတင်းက တစ်ဆင့်စကား တစ်ဆင့်နားဖြင့် မတော်တဆမှုကြောင့် ကျောင်းမှ ခွင့်ယူထားသည့် ဆရာမချိန်၏ နားထဲပင် ရောက်လာ၏။

လင်းဝေ့ကတော့ အေးဆေးဖြစ်နေသော်လည်း ဆရာမချိန်က မအေးဆေးနိုင်ပါ။

ဆရာမချိန်သည် မတော်တဆချော်လဲ၍ အရိုးအက်သွားရကာ ဆေးရုံတက်ခဲ့ရခြင်းဖြစ်၏။ အခြေအနေက အရမ်းတော့မဆိုးခဲ့ပါ။

သို့သော် ထိုအချိန်တုန်းက သူမ အမှန်ပင် မတ်တပ်မရပ်နိုင်ခဲ့ပါ။ နှစ်လခန့် အနားယူပြီးနောက် လမ်းအနည်းငယ်လျှောက်နိုင်ခဲ့ပြီဖြစ်၏။ သို့သော် လမ်းအမြန် လျှောက်ခြင်း အကြာကြီး မတ်တပ်ရပ်ခြင်းများ မလုပ်ရဲသေးပါ။

ထို့ကြောင့် သုံးလကြာပြီးသည့်နောက်လည်း ဆရာမချိန်၏ အမျိုးသားက စိုးရိမ်နေသေး၍ ကျောင်းမသွားခိုင်းသေးပေ။

ယခု ဤကိစ္စကိုကြားရသည့်အခါတွင်တော့ ဆရာမချိန် စိတ်ပူလာခဲ့၏။ သူမပြန်ကောင်းလာသည့်အခါ အလုပ်ပြန်ဝင်မရတော့မည်ကို စိုးရိမ်လာ၏။

သူမယောကျာ်းကတော့ မတော်တဆမှုကြောင့် အနားယူထားတာဖြစ်ပြီး လုပ်သက်ကလည်း ကြာပြီဖြစ်၍ ကျောင်းရှိတာဝန်ရှိသူများက အကြောင်းအရင်းမရှိပဲ သူမကို အလုပ်ထုတ်မည်မဟုတ်ကြောင်း ဘာမှ စိုးရိမ်နေ ရန်မလိုကြောင်း ပြောပြ၏။

သူမယောကျာ်းရှင်းပြ၍ စိုးရိမ်မှု အနည်းငယ်ပြေပျောက်သွားရ၏။

ဤသို့ဖြင့် ရက်အနည်းငယ်ကြာတော့ ဆရာမခဲ့က သူမကို လူနာလာကြည့်ရင်း လင်းဝေ့အကြောင်း ပြောပြသွား၏။

"လင်းဝေ့က အလုပ်ကို အရမ်းကြိုးစားလုပ်နေရှာတာ။လွန်ခဲ့တဲ့ နှစ်ဝက်စာမေးပွဲမှာတောင် သူသင်တဲ့အခန်း (၁) နဲ့ (၂) က ကျွန်မ သင်တဲ့ အခန်း(၃) ထက် အမှတ်တွေပိုအများကြီး ရကြတယ်လေ။ တစ်ချို့ကတော့သူ့ကို အမြဲတမ်းဆရာမ လုပ်ခိုင်းစေချင်နေကြတယ်။ကျွန်မလည်း ယာယီဆရာမကာလပြီးရင် အမြဲတမ်းဆရာမဖြစ်လာဖို့ မျှော်လင့်မိပါတယ်"

ဆရာမချိန်ကလည်း စိုးရိမ်ကာမေးလိုက်၏။ "သူ အမြဲတမ်းဆရာမ ဖြစ်လာနိုင်မယ်လို့ ထင်လား"

"အာ့တာကတော့ ကျောင်းအုပ်ဖုန်းရဲ့ သဘောထားပဲလေ" ဟုဆရာမခဲ့က ပြုံးကာပြောလိုက်ရင်း ရုတ်တရက်အသံပြောင်းသွား၏။

" ဒါပေမယ့် ကျွန်မ အထင်တော့ သူအမြဲတမ်းဆရာမဖြစ်လာနိုင်လောက်တယ်"

"ဘာလို့လဲ?"

"အစ်မ မသိဘူးထင်တယ်။ လင်းဝေ့ကို ညွှန်ကြားရေးမှုးချန်က ကျောင်းအုပ်ဖုန်းဆီမှာ ထောက်ခံပေးခဲ့လို့အလုပ်ရခဲ့တာ။ သူတပ်ထဲ စရောက်ခါစကလည်း ညွှန်ကြားရေးမှုးချန်က သူ့ကိုဆေးပေးခန်းမှာ အလုပ်ခန့်ချင်ခဲ့တာ။ညွှန်ကြားရေးမှုးလော့တားခဲ့လို့ အလုပ်မရခဲ့တာ။ အခု ညွှန်ကြားရေးမှုးချန်ကလည်း သူ့ကို ကျောင်းအုပ်ဖုန်းဆီထောက်ခံပေးခဲ့တယ်။ ဒါ့အပြင် အခန်း (၁) နဲ့ (၂)က ကလေးတွေက ဆရာမလင်းကို အရမ်းချစ်ကြတာ။ ဆရာမလင်းနဲ့ ဆို စာသင်ဖို့လည်းတက်ကြွနေကြတာ။"

ထိုကဲ့သို့ပြောပြီး ဆရာမခဲ့က သက်ပြင်းလေးချလိုက်၏။ "အမှန်အတိုင်းပြောရရင် ကျွန်မလည်း ဆရာမချိန်ကို အလုပ်အမြန်ပြန်ဝင်ပြီး ဒုတိယတန်း အခန်း(၃)ကိုပြန်သင်စေချင်ပြီ။ မဟုတ်ရင် ကျွန်မက ဆရာမလင်းနဲ့ နောက်ဆုံးစားမေးပွဲမှာ ထပ်တွေ့ရဦးမှာ ဟင်းးး"

ထိုကဲ့သို့ ဆရာမခဲ့ လာလည်ပြီးနောက် ဆရာမချိန်သည် အေးဆေး ထိုင်မနေနိုင်တော့ပါ။ သူမယောကျာ်းနှင့်ပင် တိုင်ပင်မနေတော့ပဲ ကျောင်းအုပ်ဖုန်းကို သူမ အလုပ်စောဝင်တော့မည်ဖြစ်ကြောင်း အကြောင်းကြားလိုက်လေ၏။

ကျောင်းအုပ်ဖုန်းက ဆရာမချိန်တစ်ယောက် တောင့်တောင့်ကြီး လမ်းလျှောက်ကာ ရုံးခန်းထဲဝင်လာသည်ကိုကြည့်ပြီး ပြောလိုက်၏။

"ဆရာမချိန်က ကျောင်းဆရာမ လုပ်ရာတာကို အရမ်းကြိုက်လို့ အလုပ်အရမ်းကြိုးစားတာလည်း နားလည်ပါတယ်ရှင်။ ဆရာမ အလုပ်နားတာလည်းကြာပြီမို့လို့ အားလုံးကလည်း သတိရနေကြတာပါ။ ဒါပေမယ့် ဆရာမရဲ့ ခြေထောက်က အခုမှ ကုစားနေဆဲအချိန်မို့ ပိုဂရုစိုက်ပြီး အနားယူသင့်တယ်လို့ မထင်ဘူးလား"

ကျောင်းအုပ်ဖုန်း၏ ပြောသံကိုကြားတော့ ဆရာမချိန်က အမြန်ပြောလိုက်၏။" ကျောင်းအုပ်ကြီး ကျွန်မ ပြန် နေကောင်းနေပါပြီ တစ်ကယ်ပါ"

ဆရာမချိန်၏ စိတ်အားထက်သန်နေသော ပြောတာကိုတွေ့၍ ဖုန်ယင် တစ်ခဏ တိတ်သွားပြီး မေးလိုက်သည်။

"ကျွန်မ မေးပါရစေ။ အလုပ်ပြန်ဝင်ဖို့ ဘာလို့ အရမ်းစိတ်အားထက်သန်နေရတာလဲ"

ဆရာမချိန်သည် စစ်တပ်ထဲ ပြောင်းလာကတည်းက မူလတန်းကျောင်းမှာ ဆရာမဝင်လုပ်ခဲ့တာဖြစ်၏။ ဖုန်းယင်ကလည်း သူမအကြောင်းကိုသိသလို၊ သူမကလည်း ဖုန်းယင် အကြောင်းကို သိပါ၏။ ဖုန်းယင်က သူမ၏ အတွေးများကိုသိနိုင်သည်ဟု တွေးမိကာ ခေါင်းငုံ့ရင်း အမှန်အတိုင်းပြောလိုက်၏။

"ကျွန်မ အချိန်အကြာကြီး အလုပ်မဝင်တော့ ကျွန်မအတွက် အလုပ်နေရာပျောက်သွားမှာ စိုးလို့ပါ"

"အပြင်က သတင်းတွေကြောင့်မလား" ဟု ဖုန်းယင်က ပြန်မေးလိုက်ရာ ဆရာမချိန်က ချက်ချင်းခေါင်းမော့လာသည်။

" ကျောင်းအုပ်ကြီးက……"

" သူတို့က ကျွန်မကွယ်ရာမှာပြောနေကြပေမယ့် ကျွန်မလည်း နားကန်းနေတာမှ မဟုတ်တာ။ ဘယ်လိုလုပ် မသိပဲနေမလဲ" ဟု ဖုန်းယင်က ရယ်ရင်းပြောလိုက်၏။

"ဒါဆို ကျောင်းအုပ်ကြီးက..."

"အင်း?"

ဆရာမချိန်သည် အရဲစွန့်ကာမေးလိုက်၏။ "ဒါဆို ဆရာမလင်းကို ဆက်ခန့်ထားဖို့အစီအစဥ်ရှိလားရှင့်"

တစ်ခြားသူတစ်ဦးက မေးလျင်တော့ ဖုန်းယင်လည်း သူမစိတ်ကူးကို ပြောပြမည်မဟုတ်ချေ။ သို့သော် ဆရာမချိန်၏ စိုးရိမ်နေသည့်အမူအရာကို တွေ့နေရ၍ ပြောပြလိုက်သည်။

"ကျွန်မ အာ့လိုလုပ်ဖို့တော့ စဥ်းစားထားတယ်"

ဆရာမချိန်၏ ရင်အစုံလေးလံ သွား၏။

သိူ့သော် တစ်က္ကန့်အကြာမှာပဲ ကျောင်းအုပ်က ထပ်ပြောလိုက်သည်။ "ကျွန်မ ဆရာမ နောက်တစ်ယောက် ထပ်ခန့်ဖို့စဥ်းစားထားတယ်"

"ဘာလို့ရုတ်တရက်ကြိီး ဆရာမအင်အားကို တိုးမလို့လဲ" ဆရာမချိန်သည် တအံ့တသြမေးပြီးမှ ဆရာမခဲ့၏ စကားကို ပြန်သတိရကာ ပြန်ရှင်းပြလိုက်သည်။

"ကျွန်မ အံ့သြမိလို့မေးကြည့်တာပါ"

ဖုန်းယင်ကတော့ စိတ်မဆိုးပဲ ရှင်းပြလေ၏။ "ဆရာမချိန်ရယ် ဆရာမကျန်းရယ် ရုတ်တရက် ဆေးရုံတက်ခွင့်ယူလိုက်ကြတော့ အစားထိုးသင်ပေးဖို့ ဆရာမကို အမြန်ရှာလိုက်ရတယ်လေ။ ကျွန်မလည်း သေချာစဥ်းစားကြည့်လိုက်တော့ ကျောင်းမှာက ဆရာမအင်အားအလုံအလောက်ရှိပေမယ့် ကွက်တိဖြစ်နေတယ်။ တစ်ယောက် ခွင့်ယူသွားရင် အစားထိုးသင်ခိုင်းဖို့ အဆင်ပြေပေမယ့် နှစ်ယောက်သုံးယောက် ဆက်တိုက် ခွင့်ယူသွားရင် အတန်းချိန်တွေ စီစဥ်ဖို့က အရမ်းကြပ်ကုန်လို့လေ"

ကျောင်းအုပ်ဖုန်း ရှင်းပြသည့်စကားကို နားထောင်ပြီး ဆရာမချန် သက်ပြင်းလေးချလိုက်၏။ " ဒါဆိုရင် ကျွန်မပြန်သက်သာလာရင် အရင်ကလိုပဲ စာသင်ခန်း သုံးခန်းပြန်သင်ရမှာလားရှင့်"

" ဆရာမချိန် လုံးဝပြန်သက်သာလာဖို့က ရက်တစ်ရာလောက် အချိန်လိုအပ်မှာ။ ဒီတော့ ဆရာမပြန်သက်သာလာရင် စာသင်နှစ်တစ်နှစ်က ပြီးနေပြီ။ ဒီတော့ ဒီစာသင်နှစ်ကိုတော့ ဆရာမရဲ့ ခြေထောက်ကိုပဲ သေချာဂရုစိုက်လိုက်ပါ။ နောက်စာသင်နှစ်ကျရင် စာသင်ခန်းတွေကိုပြန်ခွဲပေးမှာပါ"

ကျောင်းအုပ်ဖုန်းလည်း ဆရာမချိန်ကို သေချာပြန်ရှင်းပြပေးလိုက်၏။ "တစ်ကျောင်းလုံးကို စာသင်ခန်းတွေ ပြန်ခွဲပေးမှာ ဆိုတော့ စိတ်ချလက်ချသာ နားနေပါ"

……………………………

ဆရာမချိန်က ခြေထောက်ပြန်သက်သာပြီး ကျောင်းကိုပြန်လာသည် ဟူသည့်သတင်း ဆရာမများအကြားနေ့တစ်ပိုင်းအတွင်း ပျံ့နှံ့သွား၏။

ထို့ကြောင့် ဆရာမများအကြား ပြောစကားခေါင်းစဥ်မှာ လင်းဝေ့တစ်ယောက် ယာယီစာသင်ခြင်းအတန်းပြီးသွားသောအခါ အလုပ်ပြုတ်သွားမည်ဟူသည့်အကြောင်းဖြစ်၏။ နောက်ထပ် အရေးကြီးတာက ဆရာမချိန် ဘယ်အချိန်အလုပ်ပြန်ဝင်မလဲ ဆိုသည်ပင်။

သို့သော် လဝက်ကြာသည်အထိ ဆရာမချိန်က ကျောင်းကို ပေါ်မလာခဲ့ပါ။ ထိုအစား ဒီဇင်ဘာလကုန်တွင် ကျောင်းအုပ်ဖုန်းက လင်းဝေ့အား ရုံးခန်းထဲခေါ်ကာ စကားပြောခဲ့လေ၏။

လင်းဝေ့နှင့် ကျောင်းအုပ်ကြီးတို့ရုံးခန်းထဲမှ ထွက်သွားကြစဥ်တွင် ကျန်ခဲ့သည့်ဆရာမများက စတင်ဆွေးနွေးကြ၏။ ကျောင်းအုပ်ဖုန်းက လင်းဝေ့ကို ခေါ်ထားဖို့ တွေးနေတာလား နားခိုင်းဖို့တွေး နေတာလား။

ထိုသို့ဆွေးနွေးနေကြစဥ် ဆရာမခဲ့က သူမ၏ ခုံအောက်တွင် လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလေ၏။

All Chapters