← Chapters

Chapter 127

Vol. 10 Ch. 127

Chapter 127

Vol. 10 Ch. 127

"ဘယ်လိုလဲ" လင်းဝေ့ ဆရာမများရုံးခန်းထဲကို ဝင်လာခြင်းပဲ ဟွမ်အိုက်ယွင်က မေးလိုက်၏။

"ဘာကိုလဲ " ဟု လင်းဝေ့က ပြန်မေးလိုက်၏။

ဆရာမများရုံးခန်းထဲ ဝင်မလာခင်ကလည်း လမ်းမှာတွေ့သည့် ဆရာမများက လင်းဝေ့ကိုမေးကြသော်လည်း သူမက မဖြေခဲ့ပါ။ ဟွမ်အိုက်ယွင်ကတော့ လင်းဝေ့နှင့်ရင်းနှီးသည်ဟု ခံစားရ၍ ပွင့်ပွင့်လင်းလင်းမေးလိုက်၏။

"ယာယီဆရာမ အလုပ်ချိန်ပြီးသွားရင် ဘယ်သွားရမှာလဲ မေးနေတာ။ ကျောင်းအုပ်ဖုန်းက အာ့အတွက် ခေါ်မေးတာ မဟုတ်ဘူးလား"

"အင်းး."

"ဒါဆို ကျောင်းအုပ်ကြီးက ဘာပြောလိုက်လဲ" လင်းဝေ့၏ ရုပ်က တည်နေလို့ စိုးရိမ်သွား၏။

"အမြန်ပြော ပြစမ်းပါ"

"ကျွန်မလည်း အင်းးးလို့ဖြေလိုက်တယ်လေ" ဟုလင်းဝေ့က သူမ၏ နှုတ်ခမ်းထောင့်များ ကွေးတက်လာပြီး ဖြေလိုက်၏။

"ကျွန်မကဖြင့် ကျောင်းအုပ်ကြီးက တစ်ခြားကိစ္စများပြောတာလားလို့"

ဟွမ်အိုက်ယွင်ကလည်း လင်းဝေ့၏ မျက်နှာအမူအရာကိုကြည့်ကာ မေးလိုက်၏။ "ဆရာမလင်းရဲ့မျက်နှာ ကိုကြည့်ရတာ စိတ်ပြောင်းသွားလို့လား"

စစ်တပ် အခြေခံပညာရေးမှုးရုံးကိုလည်း ဆရာမအင်အားတိုးဖို့ အမိန့်စာကျထားပြီးဖြစ်ရာ ကျောင်းအုပ်ဖုန်းက ဆရာမများ အစည်းအဝေးမှာလည်း ဤကိစ္စကို အသိပေးမည်ဖြစ်၍ လင်းဝေ့ကလည်း ဖုန်းကွယ်မထားတော့ပါ။

"အင်းဟုတ်တယ် လစာကိစ္စကို မဆွေးနွေးရသေးလို့"

"အာ့လိုလား…"

ဟွမ်အိုင်ယွင်ကလည်း လစာကိစ္စမေးချင်သော်လည်း အမြဲတမ်း ဆရာမ ဖြစ်မဖြစ် မသေချာသေး၍ မမေးခြင်းဖြစ်၏။

"အမြဲတမ်း ဆရာမဖြစ်သွားရင်တော့ သင်ကြားတဲ့ ဘာသာရပ်အလိုက် အပြောင်းအလဲတော့ရှိမယ်ထင်တယ်"

"အစ်မ အတည်ကြီး တွေးနေတာလား" ဟု လင်းဝေ့က စနောက်လိုက်၏။

"အမြင်ကတ်ဖို့ကောင်းလိုက်တာ " ဟု ဟွမ်အိုက်ယွင်က ဆူပုတ်ကာပြောလိုက်၏။

"ကျွန်မက စတာပါရှင် " လင်းဝေ့က ရီမောပြီး ပြောလိုက်၏။

" ဒါနဲ့အစ်မ အတန်း ဝင်မလို့မလား"

"ဟုတ်သားပဲ " ဟွမ်အိုက်ယွင်က သူအတန်းတက်ဖို့ရှိသေးသည်ကို သတိရသွားပြီး အမြန်ထွက်သွားရန်ပြင်လိုက်ပြီးမှ နောက် တစ်ခုသတိရလိုက်ပြီး မေးလိုက်၏။

"ဒါနဲ့ ဆရာမလင်းက အမြဲတမ်းဆရာမဖြစ်သွားပြီ ဆိုတော့ ဆရာမချိန်ပြန်လာရင် ဘာသင်မှာတဲ့လဲ"

" ကျောင်းအုပ်ဖုန်းပြောပုံအရဆိုလျင် တော့ အခန်းသုံးခန်းသင်ရမယ်လို့ပြောတာပဲ။ နောက်နှစ် စာသင်နှစ်ပြန်စရင်တော့ အပြောင်းအလဲတွေ ရှ်ိမယ်လို့တော့ပြောတယ်"

"ဘာ အပြောင်းအလဲ လဲ" ဟု ဟွမ်အိုက်ယွင်က မေးလိုက်၏။

လင်းဝေ့လည်း ခေါင်းခါလိုက်သည်။"ကျွန်မလည်း ဘယ်သိမလဲ နောက်နှစ်မှ သိရမှာပေါ့"

"ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာမလင်း အလုပ်ဆက်လုပ်ရင်ပြီးတာပဲ " ဟု ဟွမ်အိုက်ယွင်က ပြန်ပြောလိုက်၏။

မနက်ခင်း စာကျက်တန်းပြီးတော့ ကျောင်းအုပ်ဖုန်းက ဆရာမများကို အစည်းအဝေး ခဏခေါ်လိုက်ကာ ဆရာမအင်အား တိုးချဲ့မည်ဖြစ်၍ ဆရာမလင်းက အမြဲတမ်း ဆရာမတစ်ယောက် ဖြစ်သွားပြီဖြစ်ကြောင်းပြောပြလိုက်၏။

အားလုံးက လင်းဝေ့ အမြဲတမ်းဆရာမဖြစ်လာမည့်အကြောင်း ထင်ကြေးအမျိုးမျိုးပေးခဲ့ကြသော်လည်း တစ်ကယ်တမ်းဖြစ်လာသောအခါ အားလုံးတ်ိတ် တစ်ခဏ တိတ်ကုန်ကြ၏။ တစ်ချို့က အံ့သြသွားကြကာ ချက်ချင်း လင်းဝေ့ကို ဂုဏ်ပြုစကားပြောကြ၏။နောက်နှစ်တွေကျ လင်းဝေ့ကို ဘယ်လိုအတန်းမျိုးသင်ခိုင်းမလဲ သိချင်ကြ၏။

အတန်း အငယ်ပိုင်းကို သင်ခိုင်းလိမ့်မည်ဟု ကိုယ်စီတွေးနေကြ၏။

အငယ်တန်းများကို ပင်မဘာသာရပ်များ သင်ကြားသည့် ဆရာမများက တစ်ဦးလျင် သုံးခန်းစီ တာဝန်ယူသင်ကြားရ၏။ တစ်ခြားဘာသာရပ်များသင်သည့်ဆရာမများကတော့ သက်သာကြ၏။ သို့သော် သူတို့ကတော့ လစာတိုးဖို့ အခွင့်အလမ်းနည်းကာ လေး ငါးနှစ်လုပ်သက်ကြာမှ လစာတိုးပေးလေသည်။

ပင်မ ဘာသာရပ်များသင်သည့် ဆရာမများကတော့ မတူပါ။ သင်ကြားရေး အတွေ့အကြုံအလိုက် စဝင်ဝင်ချင်း တစ်လ လျင် ၂၆ယွမ်ကနေ တစ်နှစ်အတွင်း ၂၉ယွမ်အထိ လစာတိုးနိုင်၏။ ၂ နှစ် ၃ နှစ်ကြာလာလျင်လည်း လစာ ထပ်တိုးသေးရာ ကျောင်းအုပ်နှင့် ဒုကျောင်းအုပ်ကလွဲ၍ လုပ်သက်အကြာဆုံး ဆရာမများမှာ တစ်လ လျင် ယွမ်၄၀ အထိ လစာ ရကြလေ၏။

လင်းဝေ့ကတော့ အနည်းဆုံး လစာရသော်လည်း လုပ်သက်ကြာပြီဖြစ်သည့် ဆရာမချိန်၏ လစာကတော့ တစ်ခြားသူထက် မနိမ့်ပေ။ ပင်မဘာသာရပ်များသင်ကြားသည့်ဆရာမများအကြားတွင် သူမ၏ လစာနှုန်းထားအတိုင်း တစ်ခြားဆရာမများကလည်း ရကြ၏။

အတန်း တစ်ခန်း နှစ်ခန်းလောက်ယူပြီး တစ်ခြားဆရာမတွေနှင့် လစာ အတူတူဖြစ်နေလျင်လည်း မျှတမှု မရှိတော့ပါ။ ထို့ကြောင့် ဆရာမများက အတန်းချိန်များကို ဘယ်လိုချိန်ညှိမလဲ သိလိုကြ၏။

ဆရာမများ၏ ရင်ထဲက သံသယကို သိသည့် ဖုန်းယင်ကလည်း ရှင်းပြလိုက်သည်။ နောက်နှစ် စာသင်နှစ် စမှသာ အတန်းအချိန်ဇယားများကို ပြောင်းလဲမည်ဖြစ်ကြောင်းပြောလိုက်၏။ ဤစာသင်နှစ်အတွက် တစ်လခန့်သာ အချိန်ရှိတော့ကာ ဆရာမချိန်ကလည်း အရှင်း ပြန်မကောင်းသေး၍ ဤစာသင်နှစ်အဆုံးတွင် ကျောင်းလာနိုင်တော့မည် မဟုတ်ကြောင်းပါ ရှင်းပြလိုက်၏။

ရေရှည်ဖြစ်လာနိုင်မည့်ပြဿနာကို ကျောင်းအုပ်ကြီးက ရှင်းပြလိုက်တော့ လူတိုင်းကလည်း လွန်ခဲ့သည့်နှစ်လ လုံးလုံး ပြောနေသည့် အတင်းများပြီးဆုံးသွား၏။ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာတော့ ကောင်းကောင်းမွန်မွန်ပြောဆို ဆက်ဆံရတော့မှာပေါ့။ ဆရာမခဲ့နှင့် ဆရာမစွန်းသာ မပျော်မရွှင် ဖြစ်နေကြ၏။

သူတို့နှစ်ဦး မပျော်မရွှင်ဖြစ်ရသည့် အကြောင်းအရင်းက တစ်ခုတည်းဖြစ်သော်လည်း တစ်ထပ်တည်းတော့မတူပါ။

ဆရာမစွန်းကတော့ လင်းဝေ့ကြောင့် သူမ ဆရာမဟုန်ကို တောင်းပန်ခဲ့ရ၍ဖြစ်၏။

ဆရာမခဲ့ကတော့ နှစ်ဝက်စာမေးပွဲကြောင့်ဖြစ်၏။ သူမက အခန်း ၁ ခန်းသာ တာဝန်ယူကာ လေးလ သင်ကြားပေးခဲ့သော်လည်း လင်းဝေ့က သုံးလ လာသင်ပြီး သူ့သင်သည့်ကျောင်းသားများထက် အမှတ်သာသွားလေသေး၏။

တစ်ခြားဆရာမတွေက သူမကိုသင်ကြားရေးညံ့ဖျင်းသည် ဟု တိုက်ရိုက်လာမပြောကြသော်လည်း အခုမှ စာသင်သည့် လင်းဝေ့ကို ချီးကျူးပြောဆ်ိုနေခြင်းက သူမကို အရှက်ရစေ၏။

ထိုကိစ္စကြောင့် ဆရာမခဲ့က သေလောက်အောင် စိတ်ညစ်လေ၏။ ထို့ကြောင့် မပျော်မရွှင် ဖြစ်ရခြင်းဖြစ်၏။

သူမစိတ်ထဲ မပျော်ရွှင်သော်လည်း မျက်နှာမှာ မပေါ်စေပဲ ဟန်ဆောင်ကာ ဆရာမခဲ့သည် လင်းဝေ့ကို ဂုဏ်ပြုစကားပြောလိုက်၏။

သူမ၏ မိတ်ဆွေ ဆရာမခဲ့က လင်းဝေ့ကို ဂုဏ်ပြုသည့်စကားပြောတော့ ဆရာမစွန်းက စိတ်မချမ်းမသာ ပို၍ ဖြစ်သွား၏။ ထို့ကြောင့် လင်းဝေ့နှင့် လူချင်းကွဲသည်နှင့် ဆရာမခဲ့ကို အနား ဆွဲခေါ်ကာ တိုးတိုး ပြောလိုက်၏။

"ဘာလို့ သူ့ကို ဂုဏ်ပြုစကား သွားပြောပေးနေတာလဲ"

" ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေပြီလေ" ဟု ဆရာမခဲ့က ပုံမှန်သာ ပြန်ပြောလိုက်၏။

"ဘာလုပ်ဖော်ကိုင်ဖက်လဲ။ သင်ကြားရေးအတွေ့အကြုံတောင်မရှိပဲ ကံကောင်းလို့ ယာယီ အစားထိုးဆရာမကနေ အမြဲတမ်း ဆရာမဖြစ်လာတာကိုများ ဂုဏ်ယူနေတာလား မသိဘူး" ဟု ဆရာမစွန်းက စူပုတ်ကာ ပြောလိုက်သည်။

"ကံကောင်းတယ် ဆိုပေမယ့် သူ့မှာလည်း အရည်အချင်းရှိလို့ပါ။"ဟု ဆရာမခဲ့က ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်၏။

"စစ်တပ်ထဲ စရောက်တာနဲ့ ဆေးပေးခန်းအလုပ်အတွက် ညွှန်ကြားရေးမှုးချန်ကတောင် ခန့်ချင်တဲ့သူဆိုတော့ အရည်အချင်းရှိမှာပေါ့"

ဆရာမခဲ့က ဆေးပေးခန်းအလုပ်ကိစ္စကိုပြောလိုက်တော့ ဆရာမစွန်းက တစ်ခုသတိရသွား၏။ "လင်းဝေ့က ဘာလို့ဆေးပေးခန်း အလုပ် မရလိုက်တာလဲ သိလား"

"ကောင်းရှို့လျန် လာတိုင်လို့ ညွှန်ကြားရေးမှုးလော့က စည်းကမ်းအတိုင်း လုပ်ခဲ့ရတာမဟုတ်လား" ဟု ဆရာမခဲ့ကလည်း သံသယဖြင့်မေးလိုက်၏။

" ဘာလို့လဲ ဆိုတဲ့အမှန်တရားကို ပြောပြမယ်" ဟု ဆရာမစွန်းက အသံကိုနှိမ့်ကာပြောလိုက်၏။

"အမှန်တော့ ညွှန်ကြားရေးမှုးလော့ကို စိတ်အနှောက်အယှက်ပေးမိလို့ပဲ"

"လင်းဝေ့နဲ့ ညွှန်ကြားရေးမှုးလော့က အရင်ကတည်းကသိကြတာလားးး သူက ဘာလုပ်ခဲ့လို့လဲ"

"အပြင်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မကြားဖူးဘူးလား"ဆရာမစွန်းက မသိရကောင်းလားဟု ပုံစံဖြင့်ပြောလိုက်ပြီး ထပ်မေးလိုက်၏။

"ရှင် လော့ယွင်ကို မှတ်မိသေးလား"

သူတို့ တပ်ထဲ ရောက်လာသည်မှာကြာပြီဖြစ်၍ သူတို့ရောက်ခါစက အခြေစိုက်စခန်းအပြင်ဘက်တွင် ဆရာဝန်နှင့် သူနာပြု အနည်းငယ်ဖြင့် ဖွင့်ခဲ့သည့် ဆေးပေးခန်း လေးကို သတိရလိုက်သည်။ ထိုဆေးခန်းမှာ အလုပ်လုပ်သည့် လော့ယွင်ကိုလည်း သတိရလိုက်၏။

"ညွှန်ကြားရေးမှုးလော့ရဲ့ တူမလေးမလားး သူပြောင်းသွားတာတောင် နှစ်နှစ် လောက်ရှိပြီထင်တယ်"

" လော့ယွင် ဘာလို့ပြောင်းသွားတာလဲ သိလား"

ဆရာမခဲ့ ခေါင်းခါလိုက်၏။"ကျွန်မ မသိဘူးးး ဒါပေမယ့် အာ့တာနဲ့ လင်းဝေ့နဲ့ ဘာဆိုင်လို့လဲ။"

"လင်းဝေ့နဲ့တော့ မဆိုင်ဘူးး ဒါပေမယ့် သူ့ယောကျာ်း ကျုံးရှောက်နဲ့ဆိုင်တယ်။"

ဆရာမစွန်းက ပြောစကားကို ခဏရပ်ပြီး ဘေးဘီ ဝေ့ဝဲကြည့်လိုက်၏။ဘေးမှာ ဘယ်သူမှ မတွေ့မှ ဆက်ပြောလိုက်သည်။

"ကျွန်မကြားတာတော့ ညွှန်ကြားရေးမှုးလော့က လော့ယွင် နဲ့ ကျုံးရှောက်ကို ချိတ်ပေးချင်နေတာ။ ကျုံးရှောက်က လက်မခံဘဲ ဇာတိပြန်ပြီး လက်ထပ်လိုက်တာတဲ့။လော့ယွင်က အာ့သတင်းလည်းကြားရော ရှက်ပြီး တစ်ခြားကို ရွေ့ပြောင်းသွားခဲ့တာတဲ့"

"လော့ယွင်ကလည်း အခြေအနေကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲကို"

"ဟုတ်တယ်လေ။ ကျွန်မလည်း အာ့သတင်းကြားတော့ မယုံနိုင်ဘူး." ဟူ ဆရာမစွန်းက စူပုတ်ကာပြောလိုက်၏။

" ကျုံးရှောက်ရဲ့အမြင်က ဘယ်လိုလဲတော့မသိဘူး။ ဘာလို့ လင်းဝေ့ကို ရွေးခဲ့တာလဲ မသိဘူး"

"ဘယ်သိမှာလဲ" ဟု ဆရာမခဲ့က ပြောပြီး ဆရာမစွန်းဘက်လှည့်ကာ မေးလိုက်သည်။

"ဒါနဲ့ ရှင် စောနက ပြောချင်တာက အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် ညွှန်ကြားရေးမှုးလော့က လင်းဝေ့ကို ငြိုးနေတယ်လို့ပြောချင်တာလား"

"၈၀ ရာခိုင်နှုန်းလောက် သေချာတယ်"

"အာ့လိုကိုးးး " ဆရာမခဲ့၏ နှုတ်ခမ်းထောင့်ကို ရုတ်တရက် တွန့်ကွေးကာ ပြုံးလာ၏။

…………………………………

ကျုံးရှောက်ပြန်လာတော့ လင်းဝေ့လည်း သူမအလုပ် က အမြဲတမ်း ဆရာမဖြစ်သွားပြီဖြစ်ကြောင်းပြောပြလိုက်၏။

ကျုံးရှောက်ကတော့ သတင်းကောင်းကို ကြားကြားချင်း "ဒါဆို အောင်ပွဲခံရမှာပေါ့" ဟုပြောလိုက်လေသည်။

လင်းဝေ့ကတော့ လွန်ခဲ့သည့်အခေါက်က ယာယီဆရာမဖြစ်၍အောင်ပွဲခံစဥ်က ဖြစ်စဥ်ကို သတိရလိုက်၏။

"ထပ်သောက်မလို့လား"

" အောင်ပွဲခံမှတော့ သောက်ရမှာပေါ့။ မင်းမသောက်ချင်ရင်လည်း ရုံးပိတ်ရက်ကျရင် ခရိုင်မြို့က်ို စျေးဝယ် ရုပ်ရှင်ကြည့်သွားရအောင်လေ"

ယန်ရှန်းခရိုင်မြို့က လျှောက်လည်စရာနေရာ ရုပ်ရှင်ရုံနှင့် စျေးကလွဲလျင် တစ်ခြားမရှိပါ။

"ခရိုင်မြို့မှာ ဘာမှ ကြည့်စရာမှမရှိတာ။ အိမ်အိုတွေပဲရှိတာကို။ ပန်းခြံလည်း မရှိဘူးး။ ရုပ်ရှင်ကြည့်ဖို့ကျတော့ လည်း……"

လင်းဝေ့သည် လွန်ခဲ့သည့်အခေါက်က သူမကလေးများနှင့်အတူ ရုပ်ရှင်သွားကြည့်သည်ကို သတိရလိုက်၏။ရုပ်ရှင် ကြည့်နေရင်း နာရီဝက်ခေါက်ကြားတော့ ကလေးတွေက အငြိမ်မနေတော့ပဲ အပြင်ထွက်ကာ ဆော့ကစားချင်လာကြ၍ဖြစ်၏။ ကျုံးရှောက်လည်း ထိုဖြစ်စဥ်ကိုပြန်တွေးမိပြီး ငြင်းလိုက်၏။

"ရုပ်ရှင်ကြည့်ဖို့က မဖြစ်လောက်ဘူး ထားလိုက်တော့"

" ကလေးတွေကို ထားခဲ့လိုက်ရင်ကော" ကျုံးရှောက်၏ ရွှေဉာဏ်တော် စူးရောက်လှ၏။

"ကလေးတွေကို ခေါ်မသွားဘူးလား" လင်းဝေ့က အံ့သြသွား၏။

ကျုံးရှောက်ကလည်း ခေါင်းငြိမ့်လိုက်၏။ " ကလေးတွေ မပါပဲနဲ့ ကိုယ်တို့နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့်ရအောင်"

"ရဲဘော်ကောင်းး ရှင်က ကျွန်မနဲ့ ဒိတ်ချင်တာလား" ဟု လင်းဝေ့က ပြုံးကာမေးလိုက်၏။

ကျုံးရှောက်က ပြန်မဖြေပဲ လင်းဝေ့ကိုကြည့်ကာ ပြန်ဖြေလိုက်၏။"မဒိတ်ချင်ဘူးလား"

လင်းဝေ့က အပြင်မှာ ကစားနေသည့်ကလေးများကိုကြည့်လိုက်ပြီး အင်တင်တင်ဖြစ်နေ၏။" ဒါဆို ကလေးတွေကို ဘယ်လိုလုပ်ကြမှာလဲ"

"လောင်ကျိုးတို့ကို အကူအညီတောင်းပြီး ခဏအပ်ခဲ့မယ်လေ"

မဟုတ်လည်း ကလေးသုံးယောက်ကလည်း အမြဲတမ်း အတူတူ ဆော့နေကျဖြစ်လေသည်။

" သူတို့လည်း လိုက်ချင်တယ်ဆိုပြီး ပြောရင်ကော"ဟု လင်းဝေ့က ထပ်မေးလိုက်၏။ မိခင်တစ်ယောက်ဖြစ် လာလျင် ကလေးများကို တွေးပူရသည်က တစ်လုပ်ဖြစ်လေ၏။

"ကိုယ်တို့ အရေးကြီးကိစ္စလုပ်ဖို့သွားရမှာမို့လို့ ခေါ်မသွားနိုင်ဘူးလို့ပြောရမှာပေါ့"

"ဒါဆိုလည်း ရှင် သူတို့ကို ပြောလိုက်"

"ဟုတ်ပြီ"

နှစ်ယောက်တည်းကမ္ဘာ သွားနိူင်မည့်အရေးဖြစ်၍ ကျုံးရှောက်သည် ကလေးနှစ်ယောက်ကို မနက်ဖြန် သူတို့နှစ်ယောက်တည်းသာ အပြင်သွားမည့်အကြောင်းပြောပြလိုက်၏။

မင်မင်က ကြားကြားချင်း နားမလည်ပေ။"ဖေဖေနဲ့ မေမေ နေ့တိုင်းလည်း အပြင်သွားနေကျတာပဲ မဟုတ်လား"

" မနက်ဖြန်က တနင်္ဂနွေနေ့ဆိုတော့ မေမေကော ဖေဖေကော အပြင်သွားမှာမဟုတ်ဘူး"ဟု ရွေ့ရွေ့ကပြောလိုက်ပြီး စဥ်းစားလိုက်၏။

" သားတို့ကို မခေါ်ပဲ သွားကြမလို့လား"

မင်မင်လည်း ထိုအချိန်မှ ဉာဏ်အလင်းပွင့်သွား၏။ "ဖေဖေတို့က သားတို့ကို မခေါ်ဘူးလား"

ကျုံးရှောက်က ရုပ်က်ိုတည်တည်ထားပြီး လိမ်လိုက်၏။

"ဖေဖေနဲ့မေမေ အရေးကြီးကိစ္စရှိလို့ သားတို့ကို ခေါ်သွားလို့မရဘူး"

"ဘယ်လို အရေးကြီးတဲ့ကိစ္စတွေမို့လို့ သားတို့ကိုခေါ်သွားလို့မရတာလဲ။ သားတို့ အနှောက်အယှက်မပေးပါဘူး" ဟု မင်မင်က ထပ်ပြောလိုက်၏။

မင်းတို့လိုက်လာတာကိုက အနှောက်အယှက်ပေးတာပဲလို့ ကျုံးရှောက်က စိတ်ထဲမှာတွေးလိုက်၏။ "သားတို့ရှိရင်ကျတော့ အရေးကြီးကိစ္စတွေပြောရင် အဆင်မပြေဘူး"

"ဟုတ်ပါပြီ" မင်မင်က အနည်းငယ် စိတ်ပျက်သွား၏။

"ဒါဆို သားတို့က မနက်ဖြန်ဘာလုပ်ရမှာလဲ"

" ဖေဖေ က မင်းတို့ကို ရှောင်ရှီးရှီး အိမ်မှာ အပ်ခဲ့မလို့"

"အိုး"

…………………………………

မနက်ဖြန် သူတို့အမေ နဲ့မလိုက်ရလို့ ကလေးနှစ်ယောက်က ရေချိူးပြီးတော့ လင်းဝေ့နှင့်အတူ ညအိပ်ချင်နေကြသည်။ မင်မင်က အရင် သူ့အမေ နဲ့အိပ်ချင်တယ်ပြောတော့ ရွေ့ရွေ့က သူလည်း အိပ်ချင်တယ် ဟု ပြောလေသည်။

ကျုံးရှောက် - "သားတို့က ကြီးနေပြီလေ"

"သားတို့က ကြီး ပေမယ့် ဖေဖေ ကလည်း လူကြီးတောင်ဖြစ်နေပြီလေ"

မင်မင်က မကျေမနပ် ရေရွတ်လိုက်၏။

"ဖေဖေက သာတို့ထက်တောင် ပိုကြီးတာကို မေမေနဲ့အိပ်တုန်းပဲ။ သားတို့ကျ ဘာလို့မေမေနဲ့ အိပ်လို့မရတာလဲ"

ကျုံးရှောက်တစ်ယောက် ခံပြင်းသော်လည်း ရီချင်သွား၏။" ဖေဖေ သားတို့အရွယ်တုန်းကဆိုရင် မင်းတို့အဘွားနဲ့ မအိပ်တော့ဘူး"

မင်မင်က တော့ စကားတစ်ခွန်းတည်းကိုသာ ဆုပ်ကိုင်ပြီး ငြင်းလေ၏။"ဒါဆို ဖေဖေက အရမ်းအသက်ကြီးနေပြီကို ဘာလို့အခုထိ မေမေနဲ့ အိပ်နေတာလဲ"

"ဘာလို့ဆိုတော့ မင်းတို့မေမေက ဖေ့ဖေ့ရဲ့ ဇနီးမယား မို့လို့လေ"

"ဇနီးမယား ဆိုတာ ဘာလဲ" စပ်စုစိန်လေး မင်မင် တစ်ယောက်မေးလိုက်၏။ ဇနီးမယားဆိုသည့် စကားလုံးကို သူခဏခဏကြားဖူးသော်လည်း နားမလည်ခဲ့ပေ။ တစ်ခါမှလည်း ပြန်မမေးကြည့်ဖူးပေ။

"သားတို့ကော ဇနီးမယားအနေနဲ့ အိပ်လို့မရဘူးလား" ဟု ရွေ့ရွေ့ကမေးလိုက်၏။

"မရဘူးး ဖေဖေ တစ်ယောက်တည်း အိပ်လို့ရပြီး ဖေဖေတစ်ယောက်တည်း………"

ကျုံးရှောက်စကားမဆုံးခင် လင်းဝေ့က သူ့ကို ဖတ်ကနဲ့ရိုက်လိုက်၏။ "တော်တော့ ရှင်ပြောလေလေ ပိုရှုပ်လေလေဖြစ်တော့မှာ" ဟုပြောကာ ကလေးနှစ်ယောက်ကို ကုတင်ပေါ်တင်လိုက်ပြီး ပြောလိုက်၏။

"ဒီညတော့ တူတူအိပ်ကြတာပေါ့"

လင်းဝေ့လည်း ပြောပြီးရော ကလေးနှစ်ယောက်က ပျော်ရွှင်စွာ ကုတင်ပေါ် တက်လာကာ အော်လိုက်ကြ၏။

"ဟေးး မေမေ နဲ့တူတူအိပ်တော့မယ်"

ကုတင်ပေါ် နေရာယူပြီးတော့ သူ့အဖေကို အောင်မြင်သည့်အပြုံးဖြင့် ပြုံးပြလိုက်၏။ ကျုံးရှောက်ကတော့ အံကြိတ်ကာ ကလေးနှစ်ယောက်ကို တစ်ခါတည်း တစ်ဖက် အိပ်ခန်းကို သယ်သွားချင်စိတ်ပေါက်နေ၏။

သူမလုပ်နိုင်သေးခင်မှာ လင်းဝေ့က မျက်လုံးလေးစွေကြည့်ကာပြောလိုက်၏။ "ရှင်ကလည်း ကလေးတွေနဲ့ ဖက်ပြိုင်မနေပါနဲ့"

မင်မင်က သူ့အမေကို ဖက်လိုက်ပြီး နှုတ်ခမ်းလေးစူကာပြောလိုက်၏။"ဟုတ်ပ ဖေဖေ ကလည်းး"

"မင်း ဒီည တော်တော် သတ္တိကောင်းနေတယ်နော်" ဟု ကျုံးရှောက်က သူ့သားကို မျက်လုံးကျဥ်းဖြင့်ကြည့်ကာပြောလိုက်တော့မင်မင်က ရုတ်တရက် ထအော်လိုက်၏။

"မေမေ!! ဖေဖေက သားကိုရိုက်ချင်နေတယ်"

လင်းဝေ့ကတော့ မင်မင်ကို သနားကာ ဘက်လိုက်မပေးပါ။"တိတ်တော့" ဟုသာပြောလိုက်၏။

မင်မင် ယ၏ တိုင်ပြောမှု အသုံးမဝင်တော့ ကျုံးရှောက်က မင်မင်၏ ဖင်ကို နှစ်ချက်တီးပေးလိုက်၏။ ရိုက်ချက်က မနာသော်လည်း ကလေးနှစ်ယောက်သည် ကြောက်၍ တိတ်သွားလေ၏။

ကုတင်လေးက သူတို့မိသားစု လေးယောက် အိပ်ဖို့ဆန့်ပါ၏။ ကျုံးရှောက်က ကုတင်၏အစွန်းတစ်ဖက်မှာ အိပ်ကာ ပြီးလျင် မင်မင်၊ နောက် လင်းဝေ့၊ နောက်ကုတင်အစွန်းတစ်ဖက်မှာတော့ ရွေ့ရွေ့ အိပ်လေ၏။

မူလက မင်မင်သည် အလည်မှာ မအိပ်ချင်ပါ။ထို့ကြောင့် ကုတင်ပေါ်တက်တာနဲ့ ကုတင်အစွန်းဘက်ကို ရွေးခဲ့တာဖြစ်သည်။ သို့သော် ရွေ့ရွေ့ကပိုမြန်သွားကာ သူက ကျုံးရှောက်နှင့် လင်းဝေ့ ကြားနေရာသာ ရလိုက်၏။

မင်မင်က သူ့ညီလေးနှင့် နေရာလဲချင်သော်လည်း ရွေ့ရွေ့ကတော့ ညီအစ်က်ိုသံယောဇဥ်ကိုမှ မထောက် လုံးဝ မလဲပေးချေ။

ဤသို့ဖြင့်မင်မင်လည်း သူ့မိဘနှစ်ပါးအကြား အိပ်ရမည့်ကံကြမ္မာကို လက်မခံချင်ပဲ စိတ်ပျက်စွာ လက်ခံလိုက်ရ၏။

All Chapters