Chapter 130
Vol. 10 Ch. 130
လင်းဝေ့လည်း နှစ်ကုန်စာမေးပွဲရှိ၍ ရုတ်တရက်ရောက်လာသည့် အလုပ်အကိုင်နှင့် ပြန်လည်နေရာချထားရေးဌာနက ဒုညွှန်ကြားရေးမှုးအကြောင်းကို အာရုံသိပ်မစိုက်မိပါ။
နောက်ဆုံးနှစ်ကုန်စာမေးပွဲက ခရိုင်ပညာရေးမှုးရုံးကနေပြီး ကြီးကြပ်ကာ ကျင်းပတာဖြစ်ပြီး ခရိုင်တွင်းမူလတန်းကျောင်းအားလုံးမှာ စာမေးပွဲကျင်းပတာဖြစ်သည်။ ယန်ရှန်းခရိုင်တွင်တော့ မူလတန်းကျောင်း ၇ ကျောင်း ၈ ကျောင်းခန့် သာရှိ၏။ ထိုမူလတန်းကျောင်းများထဲတွင် စစ်တပ်မူလတန်းကျောင်းက နှစ်တိုင်းအမှတ်အများဆုံးရလေ၏။ ထို့ကြောင့် ကျောင်းရှိဆရာမများကလည်း စိတ်အေးသက်သာနေကြ၏။
သို့သော် လင်းဝေ့ကတော့ စိတ်မအေးဆေးနိုင်ပါ။ ဤစာမေးပွဲသည် သူမ အမြဲတမ်းဆရာမဖြစ်ပြီးနောက် ပထမဆုံးကျင်းပသည့် စာမေးပွဲဖြစ်၍ ဤစာမေးပွဲကို အသုံးချကာ သူမကိုယ်သူမ တိုးတက်အောင်လုပ်လို၏။ထို့ကြောင့် နှစ်ကုန်စာမေးပွဲ မတိုင်ခင်မှာပင် လင်းဝေ့သည် ကျောင်းသားများကို စာသင်နှစ်၏ အရေးကြီးသည့် မှတ်စုများကို ကျက်မှတ်စေခဲ့၏။
လင်းဝေ့က နှစ်ကုန်စာမေးပွဲကို အရေးတယူပြုမူကာ ဆောင်ရွက်နေသည်ကိုမြင်ရတော့ နှစ်သစ်အစမှာပဲ အလုပ်ပြန်ဝင်လာသည့် ဆရာမချိန်နှင့် ဆရာမလီလည်း စိတ်ပူလာကြ၏။ ဆရာမလီကတော့ သင်္ချာဘာသာရပ်သင်သူဖြစ်၍ လင်းဝေ့နှင့် သင်သည့်ဘာသာရပ်မတူသော်လည်း သင်သည့်အခန်းတူ၍ သူ့ဘာသာရပ်က အမှတ်နည်းနေ၍ မဖြစ်ပေ။
ဆရာမချိန်ကတော့ အခန်း(၃)ကိုသင်ရ၍ နှစ်ဝက်စာမေးပွဲရလဒ်က သူနဲ့မဆိုင်သော်လည်း နောက်ဆုံးနှစ်ကုန် စာမေးပွဲရလဒ်ကတော့ သူနဲ့ ဆိုင်လာချေပြီ။ ထို့ကြောင့် ပျမ်းမျှ ရမှတ်များ ကွာဟလျင်တောင် အများကြီး မကွာဟဖို့အတွက် ကြိုးစားရမည်ဖြစ်၏။
မှတ်ချက်ကောင်းရဖို့အတွက် ကြိုးစားရမယ် ကြိုးစားရမယ်။
ဒုတိယတန်းဆရာမများက နှစ်ကုန်စာမေးပွဲအတွက် ကြိုးစားနေကြတာကိုတွေ့တော့ တစ်ခြားအတန်းက ဆရာမတွေလည်း ငြိမ်နေ၍ မရတော့ပေ။ သူတို့လည်း ကျောင်းသားများ၏ စာလိုက်နိုင် မလိုက်နိုင်မှုများကို စမ်းစစ်လာရ၏။
ကလေးတွေကတော့ နောက်ဆုံးနှစ်စာမေးပွဲရောက်မှ ဆရာမများ၏ ပိုကြပ်မတ်ခြင်းကို ခံလိုက်ရလေ၏။ မည်သို့ပင်ဖြစ်စေကာမူ ဆရာမများ၏ ကြပ်မတ်မှု တစ်ပတ်အကြာမှာပဲ နောက်ဆုံးနှစ်ကုန် စာမေးပွဲကြီးသည် သူ့အချိန်ကျရောက်၍ ရောက်ရှိလာခဲ့ပေသည်။
နှစ်ဝက်စာမေးပွဲကဲ့သို့ပင် နောက်ဆုံးနှစ်ကုန်စာမေးပွဲကလည်း မနက်ပိုင်း တရုတ်စာဘာသာရပ်ဖြေရပြီး နေ့လည်ပိုင်းတွင် သင်္ချာဘာသာရပ်ကို ဖြေဆိုရလေ၏။စာမေးပွဲပြီးလျင်တော့ ကျောင်းသားများ ကျောင်းပိတ်ပြီဖြစ်သော်လည်း ဆရာမများအတွက်ကတော့ အဖြေလွှာစစ်ရသည့် ကာလဖြစ်လေ၏။
နှစ်ဝက်စာမေးပွဲနှင့်မတူသည့်အချက်ကတော့ နှစ်ကုန်စာမေးပွဲမေးခွန်းစာရွက်များသည် ခရိုင်ပညာရေးရုံးက ထုတ်ပေးတာဖြစ်၏။ မေးခွန်းကိုတော့ ခရိုင်အတွင်းရှိ ကျောင်းတိုင်းက ဆရာမများကို မေးခွန်းထုတ်စေပြီး မေးခွန်းစာရွက်အားလုံးကိုချိတ်ပိတ်ကာ ခရိုင် ပညာရေးရုံးက ကျောင်းတိုင်းကို ကျပန်း ပေးပို့ပေးတာဖြစ်၏။ ထို့ကြောင့် မေးခွန်းထုတ်သည့်ဆရာမပင်လျင် သူထုတ်လိုက်သည့်မေးခွန်းသည် ဘယ်ကျောင်းကိုရောက်သွားလဲ ပင်မသိရပါ။
စာမေးပွဲကာလက နှစ်ရက်ဖြစ်ပြီး စာမေးပွဲရလဒ်များက်ိုတော့ နောက်မှ တွက်ချက်ပေးမည် ဖြစ်သည်။ ခရိုင်အတွင်းကျောင်းများ၏ အဆင့်ကိုလည်း ခရိုင်ပညာရေးမှုးရုံးကသာ ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ဆရာမများ အားလပ်ရက်မရခင် အတန်းပိုင်ဆရာများက ကျောင်းသားတိုင်း၏ အမှတ်စာရင်းနှင့်မှတ်ချက်များကို ရေးပေးရလေ၏။ အတန်းပိုင် မဟုတ်သည့်ဆရာမများကတော့ ရုံးခန်းသန့်ရှင်းလုပ်ဆောင်ကြရ၏။
အတန်းပိုင်ဆရာမများက ကျောင်းသားများ၏ မှတ်တမ်းရေးပြီးကာ တစ်ခြား အတန်းပိုင်မဟုတ်သည့် ဆရာမများက ရုံးခန်းသန့်ရှင်းရေး လုပ်ပြီးချိန်တွင် တော့ ခရိုင်ပညာရေးမှုးရုံးက ကျောင်းတိုင်း၏ အဆင့် ရလဒ်များကို ပို့ပေးလာ၏။ စစ်တပ်မူလတန်းကျောင်းကလည်း ထိုစာရင်းများကို ထုတ်ပြန်ပေးလေ၏။
သတင်းထုတ်ပြန်ပေးသည့် ကြေညာသင်ပုန်း သည် ပထမတန်းစာသင်ခန်းအဝင်ဝတွင်ရှိ၏။ အဆင့်စာရင်းများထုတ်ပြန်ချိန်တွင် ဆရာမများကရလဒ်များကြည့်လို၍ စုပြုံနေကြ၏။ ရမှတ်စာရင်းကို အရမ်းသိလို၍တော့မဟုတ်ပါ။ ကျောင်းသားများလည်း မရှိ၍ ကျောင်းမှာ အလုပ်မရှိကြသောကြောင့်ဖြစ်၏။
ထုတ်ပြန်ပေးသည့်စာရင်းက နှစ်ပိုင်းခွဲထား၏။ တစ်ပိုင်းက ကျောင်းသားများ၏ အမှတ်စာရင်းနှင့်အခန်းတိုင်း၏ ပျမ်းမျှ အမှတ်ဖြစ်၏။ နောက်တစ်ပိုင်းကတော့ ခရိုင်အတွင်း ရှိ အမှတ်အများဆုံးရကျောင်းစာရင်းနှင့် ကျောင်းတိုင်း၏ ပျမ်းမျှ အမှတ်များဖြစ်၏။
ဟွမ်အိုက်ယွင် ဆွဲခေါ်လာ၍ လင်းဝေ့လည်း ကြေညာသင်ပုန်းနား ရောက်လာလေ၏။ ဆရာမအများစုက ကြေညာသင်ပုန်းကိုကြည့်ပြီး အဆင့်များအကြောင်း စကားပြောနေကြ၏။ လင်းဝေ့လည် သူမတာဝန်ယူသင်ကြားပေးသည့် ဒုတိယတန်းအမှတ်စာရင်းကိုကြည့်လိုက်၏။
လင်းဝေ့ကြည့်နေစဥ် ဟွမ်အိုက်ယွင်က သူမအနားလာကာ စကားပြောသည်။ "ဒီတစ်ခေါက်လည်း ကျောက်မေ့က ပထမရပြန်ပြီလားး။ ကောင်းရှို့လျန်က ဒီလိုဉာဏ်ကောင်းတဲ့သမီးကို မွေးထားတာပဲ။ ဝိုးးးး အမှတ်အများဆုံးကျောင်းသား သုံးယောက်က ဆရာမလင်းရဲ့အခန်းကပဲနော်။ ထိပ်ဆုံး ဆယ်ယောက်ထဲက ရှစ်ယောက်စလုံးကလည်း ဆရာမလင်းရဲ့ အတန်းကပဲလား?"
လင်းဝေ့ကတော့ မဝါကြွားပဲ အပြုံးဖြင့်သာ ပြန်ဖြေလိုက်၏။"ကျွန်မက နှစ်ခန်းသင်ရတော့ ကျောင်းသားဦးရေလည်း ပိုများတယ်လေ။"
ထိပ်ဆုံးကျောင်းသား သုံးယောက်စလုံးက လင်းဝေ့အတန်းက ဖြစ်၍ ဤအဖြစ်အပျက်သည် သာမန် ကျောင်းသားများ၍ ရလဒ်ကောင်း ကျောင်းသားများရခြင်းမဟုတ်မှန်း ဟွမ်အိုက်ယွင် နားလည်၏။ ပျမ်းမျှ အမှတ်ကလည်း လင်းဝေ့၏ အခန်းက ပိုများနေ၏။ နှစ်ဝက်စာမေးပွဲတုန်းကထက်ပင် ပိုများသေး၏။
သို့သော် ကြေညာသင်ပုန်းနားမှာ ဆရာမအများအပြားရှိနေ၍ လင်းဝေ့ လူအမုန်းခံရမည်စိုးကာ ပေါ်တင် မချီးကျူးပဲ နှုတ်ဆိတ်နေလိုက်၏။ ထို့နောက် သူမ၏ အတန်း ပထမတန်း အမှတ်စာရင်းများကိုကြည့်လိုက်၏။
ဟွမ်အိုက်ယွင်က ပထမတန်း သုံးခန်းစလုံးကို တစ်ဦးတည်း သင်္ချာဘာသာရပ်သင်ပေးရ၍ ပြိုင်ဆိုင်ရမည့်သူတော့မရှိပါ။ သို့သော် သူမသည် သူမ၏ အလုပ်က်ို အကောင်းဆုံး ဆောင်ရွက်လိုသူဖြစ်၏။
သို့သော် လွန်ခဲ့သည့်နှစ်များတွင်တော့ နောက်ဆုံးစာမေးပွဲကို ပေါ့ပေါ့ပါးပါးသာ ဖြတ်သန်းခဲ့ကာ ကျောင်းသားများကို အရမ်းမကြပ်မတ်ပေးခဲ့ပေ။ သို့သော် ဤနှစ်တွင်တော့ ဒုတိယတန်းဆရာမများ၏ ကြိုးစားနေမှုကိို မြင်သောအခါ သူမလည်း ငြိမ်နေ၍ မရတော့ပေ။
ထို့ကြောင့် သူမကြိုးစားပမ်းစား ကြပ်မတ်ပေးခဲ့သည့် ကျောင်းသားများ၏ အမှတ်စာရင်းကို သိလို၍ ရင်တုန်ပန်းတုန်နှင့် ကြည့်လိုက်သည်။
နှစ်ကုန်စာမေးပွဲမေးခွန်းက နှစ်ဝက်စာမေးပွဲမေးခွန်းထက်ပိုခက်သည်။ ဟွမ်အိုက်ယွင်လည်း စာမေးပွဲအခန်းသောင့်ဆရာမများအထဲတွင် ပါခဲ့၍ သိရခြင်းဖြစ်၏။ထို့အပြင် အဖြေလွှာများကိုလည်း ခရိုင်အဆင့်က စစ်ဆေးပေး၍ စာမေးပွဲ ကျသည့်ကျောင်းသားများလေ၏။
သို့သော် ဟွမ်အိုက်ယွင်၏ အတန်းရှိ ကျောင်းသားများအားလုံးကတော့ အကောင်းဆုံး ဖြေဆိုနိုင်ခဲ့ကြပါသည်။ကျောင်းသားအများစုမှာ အမှတ် ၉၀ ကျော်ကြ၏။ပျမ်းမျှ အမှတ်ကလည်း သူမ မျှော်မှန်းသည်ထက်ပိုလေ၏။ နှစ်ဝက်စာမေးပွဲတုန်းက ထက်ပင် နှစ်မှတ် ပိုများလေ၏။
ခရိုင်အဆင့်သတ်မှတ်ချက်ကိုကြည့်တော့လည်း လင်းဝေ့၏ အခန်းက ထိပ်ဆုံး သုံးခန်းထဲ တွင်ပါပြန်သည်။
လင်းဝေ့က စွမ်းဆောင် နိုင်လွန်းလှ၏။ သူမ၏ ကျောင်းသားများသာမက အခန်းကပါ ထိပ်ဆုံးသုံးခန်းတွင်ပါပြီး တစ်ယောက်မှ ဘိတ်ချီးမဖြစ်ကြပါ။
ပျမ်းမျှ အမှတ်ကိုကြည့်လိုက်လျင်လည်း စစ်တပ်မူလတန်းကျောင်းသည် တစ်ခြားကျောင်းများနှင့်အပြတ်အသတ်ကို သာနေလေ၏။
အမှတ်စာရင်းများကိုကြည့်ပြီး ဆရာမတိုင်းက ပိီတိတွေဖြာနေကြ၏။
ဆရာမစွန်း တစ်ယောက်ကတော့ လူအများရှေ့မှာ ပြုံးချိုနေပြီး လူမျက်ကွယ်ရာ ရောက်သည်နှင့် မျက်နှာမှောင်မည်းသွား၏။ လင်းဝေ့ရဲ့ အခန်းနှစ်ခန်းကပျမ်းမျှ အမှတ်များပြန်ပြီ။
လော့ရှုကျီကလည်း လင်းဝေ့ကို အလုပ်ပြုတ်အောင်မလုပ်နိုင်တော့ သူမလည်း လင်းဝေ့အပေါ် မကျေနပ်မှုများကို မြိုသိပ်ထားရုံသာရှ်ိတော့၏။
ဆရာမချိန်ကတော့ ပီတိဖြာနေ၏။ သူမ အလုပ်ပြုတ်သွားမည်ကိုစိုးရိမ်ကာ အလုပ်အမြန်ဝင်ရန် စိုင်းပြင်းခဲ့သော်လည်း သူမ၏ အလုပ်နေရာက သေချာနေဆဲဖြစ်၍ စိတ်အေးသွားခဲ့ရ၏။ အခုလည်း လင်းဝေ့သင်သည့် အခန်းက သူမအခန်းထက်အမှတ်ပိုများသော်လည်း သူမအခန်း၏ အမှတ်စာရင်းမှာ နှစ်ဝက်စာမေးပွဲတုန်းက ပိုများ၍ ကျေနပ်၏။ သူမအကောင်းဆုံး လုပ်ခဲ့သည်ဟု ခံစားရ၏။
ကျောင်းအုပ်ဖုန်းယင်ကလည်း ပီတိဖြာနေ၏။ ကြေညာသင်ပုန်းမှာ အမှတ်စာရင်းများ ကြေညာပြီးနောက် ဆရာမများအားလုံးကို အစည်းအဝေး ခဏခေါ်လိုက်၏။
အစည်းအဝေးတွင် အရေးကြီး အချက်နှစ်ချက်သာ ပြော၍ သိပ်မကြာပေ။ ပထမအချက်က နှစ်ကုန်စာမေးပွဲအတွက် ကြိုးစားခဲ့ကြသည့်ဆရာမများအားလုံးကို ကျေးဇူးတင်စကားပြောကာ ဒုတိယအချက်ကတော့ ဆောင်းရာသီကျောင်းပိတ်ရက်လည်း ရောက်ပြိီဖြစ်လို့ နှစ်ကုန်လက်ဆောင်တွေ ပေးမှာဖြစ်ပါတယ်"
မူလတနကျောင်းအားလပ်ရက်က တရုတ်နှစ်သစ်ကူးမတိုင်ခင် ဆယ်ရက်အလို ကတည်းက စောစောပိတ်လေသည်။ နှစ်သစ်ကူး လက်ဆောင်များက စောစောပေးလေ့မရှိပဲ လူနာပြက္ခဒိန်၏ ၂၀ ရက်နေ့ရောက်မှ ပေးလေ့ရှိ၏။
သို့သော် ကျောင်းပိတ်ရက်ရှည်တွင် ဇာတိမြို့ပြန်တတ်ကြသည့် ဆရာမများကတော့ ကြိုတင်အကြောင်းကြားထားကာ နှစ်သစ်ကူးလက်ဆောင်ကို ငွေသားအနေဖြင့် ကြိုထုတ်ယူနိုင်၏။ သို့သော် လက်ဆောင်တန်ဖိုးကတော့ အနည်းငယ် လျော့သွားမည်ဖြစ်သည်။
ထို့ကြောင့် အစည်းအဝေးအပြီးတွင် လူတိုင်းက လက်ဆောင်ကို ငွေသားယူရမလား ပစ္စည်းယူရမလားဟု ဆွေးနွေးနေကြ၏။ ဟွမ်အိုက်ယွင်ကလည်း လင်းဝေ့ကို မေးလိုက်သည်။
နှစ်သစ်ကူးရောက်ဖို့ ဆယ်ရက်လောက်လိုသေးသော်လည်း ဇာတိမြို့အိမ်ပြန်မည့်သူများက ဆုံးဖြတ်ချက် ကြိုချရ၏။ လင်းဝေ့လည်း ကျေူင်းပိတ်ရက်အတွင်းသူမ၏ အစီအစဥ်ကို ရုံးခန်းထဲရှိ အသိဆရာမများကို ပြောပြကာ မေးလိုက်၏။
"ဇာတိမြို့ပြန်မယ့်သူတွေပဲ လက်ဆောင်ပစ္စည်းကို ရွေးရတာလား"
"ဆရာမလင်းက စာရင်းကြိိုပေးပြီး လက်ဆောင်ပစ္စည်းအစား ငွေသားလက်ဆောင်ထုတ်မယ်ဆို ပြောလည်း ဘယ်သူမှ ဘာမှ မပြောပါဘူး"ဟု ဟွမ်အိုက်ယွင်က ရှင်းပြလိုက်၏။
လင်းဝေ့လည်း တစ်ခဏတွေးလိုက်၏။ " ပုံမှန်ဆို နှစ်သစ်ကူး လက်ဆောင် ဘာရကြလဲ"
သူမက ဇွန်လလောက်မှ စစ်တပ်ကိုပြောင်းလာတာဖြစ်ပြီး မူလတန်းကျောင်းကို အလုပ်ဝင်တာကလည်း အမျိုးသားနေ့ နောက်ပိုင်းမှ ဖြစ်၏။ ထို့ကြောင့် နှစ်ကုန်လက်ဆောင်ဆိုသည်က ဘယ်လိုမျိုးပေးကြောင်းလည်း မသိပါ။
"တစ်နှစ်နဲ့ တစ်နှစ်တော့မတူဘူး။ တစ်မြန်နှစ်ကဆို ကျွန်မ ဆန် ၅ ကာတီ၊ ဝက်သား ၂ ကာတီနဲ့ အစေ့အဆန်လှော်စည်သွပ်ဘူး တွေ ရတယ်။ မနှစ်ကတော့ ဖူချန်းအမှုန့်၂ကာတီ၊ ပြောင်းဆန် ၅ ကာတီ နဲ့ ဆီတစ်ပုံး ရတယ်။ ကျန်တာက အစေအစေ့အဆန်လှော်စည်သွပ်ဘူး တွေရတယ်။"
စည်သွပ်ဘူးက မြောက်ပိုင်းမှာတော့ ရှားပါး၍ညအဖိုးတန်ပေမယ့် ယားကျိုကျွန်းမှာတော့ လူကြိုက်မများပေ။ အသီးအနှံတွေ လတ်လတ်ဆတ်ဆတ် စားနေရတော့ မည်သူမျှ စည်သွပ်ဘူးကို အာသီသ မရှိကြပါ။
ထို့အပြင် ကျွန်းပေါ်မှာ စည်သွပ်ဘူး စက်ရုံအများအပြားလည်း ရှိ၍ စျေးနှုန်းကလည်း ပေါပါ၏။ ထို့ကြောင့်ဌာနတိုင်းက နှစ်သစ်ကူးလက်ဆောင်ပေးရာတွင် စည်သွပ်ဘူးကိုပါ ထည့်ပေးလေ့ရှိ၏။
ဟွမ်အိုက်ယွင် လေသံကိုပြောင်းကာ ထပ်ပြောလိုက်၏။
" ဒီနှစ်တော့ ကျွန်မတို့တွေ အကောင်းဆုံး လုပ်ခဲ့တာမို့လို့ လက်ဆောင်များများ ရမယ်ထင်တယ်။ ဆန် လား အသားလား ဆီလားး တော့မသိဘူး။ ကျန်တာက အဆင်ပြေပေမယ့် အသားစိမ်း ရရင်တော့ အဆင်မပြေလောက်ဘူး"
အသားစိမ်းကို အခြောက်ခံထားနိုင်သော်လည်း အသားခြောက်လုပ်ဖို့က မလွယ်ပေ။ နှစ်ရက်သုံးရက် ခန့်အသားနှပ်ရကာ အခြောက်ခံရန်လည်း အချိန်လိုသေး၏။
အရာရှိဇနီးသည်အများစုက နှစ်သစ်ကူးမတိုင်ခင် ၂၀ ရက်နေ့ကတည်းက ဇာတိမြို့ပြန်ကြမည်ဖြစ်ရာ အသားအခြောက်ခံဖို့အချိန်မရှိကြပေ။
" ကျောင်းအုပ်ဖုန်းကို နှစ်သစ်လက်ဆောင် ဘာတွေ လိုချင်တယ်ဆိုတာ ရွေးလို့ရမလားဆိုတဲ့အကြောင်း မေးကြည့်ကြရင်ကောင်းမလား။ နောက်မှ တန်ဖိုးလျော့ချင်လည်း လျော့ပေါ့" ဟု ဆရာမဝူက ဝင် အကြံပေးလိုက် လေ၏။
"အာ့လိုလုပ်လို့ ကောင်းပါ့မလား" ဟု ဟွမ်အိုက်ယွင်က အားနာနေ၏။
"ဘာမှ မဖြစ်ပါဘူး အာ့လိုလုပ်တာကလည်း အားလုံးအဆင်ပြေဖို့အတွက်ပဲလေ။ ဇာတိမြို့ပြန်မယ်ဆိုလည်း အေးဆေးပြန်လို့ရတာပေါ့"ဟု ဆရာမဝူက ပြန်ပြော၏။
ဟွမ်အိုက်ယွင် အစပိုင်းတော့ ပြောရကောင်းလား စဥ်းစားကာ စိတ်ရှုပ်ထွေးနေ၏။ သို့သော် တစ်ခဏသာကြာလိုက်၏။ သူတစ်ဦးတည်းအတွက်သာမဟုတ် ဇာတိမြို့ပြန်လိုသည့် တစ်ခြား ဆရာမများအားလုံးအတွက်ဖြစ်သည်ဟုတွေးကာ မေးရန် ဆုံးဖြတ်လိုက်၏။
ကျောက်ယန်ဟွားဆိုသည့်ဆရာမက ကျောင်းအုပ်ရုံးခန်းသို့သွားကာ မေးမြန်းပြီး ပြန်လာ၏။ "ဘာပေးမလဲ ဆိုတာ သိရပြီ။ ဒီနှစ်တော့ ပြောင်ဆန် တို့ ဆီတို့ ပဲ ဝေပေးမှာတဲ့။ အသားစိမ်းမပါဘူးတဲ့။ ဘာပြောင်းဆန်အမျိုးအစား ပေးမလဲ တော့ ကျောင်းအုပ်ဖုန်းလဲ မသိဘူးတဲ့"
"ဆန် ဖြစ်ဖြစ် ခေါက်ဆွဲခြောက်ဖြစ်ဖြစ် အဆင်ပြေတယ်။ အသားစိမ်းမပါရင်ပြီးရော။ ပြီးတော့ ကျွန်မ တစ်ခြားတော့ လိုချင်သေးတယ်"
ရုံးခန်းထဲ မှ ဆရာမများကလည်း သူတို့ ဘာလိုချင်ကြသည်ကို ဆွေးနွေးနေကြ၏။ ထိုသို့ရွေးလိုက်လျင် လက်ဆောင် ပစ္စည်းတန်းဖိုး လျော့သွားနိုင်သည်ကိုသိသော်လည်း ယနေ့ခတ် ပစ္စည်းဝယ်ရာတွင် လိုအပ်သည်က ငွေမဟုတ်ပဲ ကူပွန် လက်မှတ်ကသာ အဓိကဖြစ်နေ၏။
လင်းဝေ့လည်း သူမလိုချင်သည့်အရာများကို တောင်းရန်စိတ်ကူးလိုက်သည်။ သူမ အလုပ်ရပြီးကတည်းက သူမ၏ ရိက္ခာခွဲတမ်းလည်း ပိုရနေပြီဖြစ်၍ အိမ်အတွက် ရိက္ခာက လုံလောက်၏။ အပိုမလိုတော့ပေ။
သူမမှာ ကူပွန်လက်မှတ်များလည်း အလုံအလောက်ရှိသေး၏။ နှစ်ဝက်အတွင်းမှာပင် ၂ကီလိုစာ လှဲလှယ်နိုင်သည့် သူမ၏ ကူပွန်လက်မှတ်များကိုလည်း စုဆောင်းထားနိုင်၏။ စစ်တပ်ထဲ စရောက်စကပင် ကျုံးရှောက်သည်လည်း လင်းဝေ့ကို အစားအသောက်ကူပွန်လက်မှတ်များ လတိုင်းပေးရာ ယခုဆိုလျင် လင်းဝေ့လက်ထဲမှာ အားလုံးပေါင်း ၁၀ကီလိုစာ လှဲလှယ်နိုင်မည့် လက်မှတ်များရှိနေပြီဖြစ်၏။
သို့သော် ဒီနှစ် တရုတ်နှစ်သစ်ကူးမှာ သူမမိဘများက ကျွန်းပေါ်ကို အလည်လာပြီး လဝက်လောက်လာနေကြမည်ဖြစ်၏။ ထို့ကြောင့် ပြောင်းဆန် ၂ကိီလိုလောက်လိုအပ်မည်ဟု တွေးလိုက်၏။ ထို့ကြောင့် ဌာနက နေ ကုန်ခြောက်အစားအသောက်များ များများဝေပေးလေ သူမအတွက် အဆင်ပြေလေဖြစ်၏။
လင်းဝေ့သာမက တစ်ခြားဆရာမများလည်း လက်ဆောင်ပစ္စည်း ကုန်ခြောက်ယူရန်သာ ဆုံးဖြတ်လိုက်၏။ မည်သူမျှ ငွေသားမယူကြပေ။ ထို့နောက် အစည်းအဝေးအပြီးတွင် ကျောင်းအုပ်သည် အတန်းပိုင်များကိုသာချန်ပြီး ကျန်သည့် ဆရာမများကို ပြန်ခိုင်းလိုက်လေ၏။
လင်းဝေ့အနေနဲ့ကတော့ မူလက ယာယီဆရာမဖြစ်ပြီး ဆရာမချိန် ပြန်မလာခင်အတွက်း အတန်းပိုင်တာဝန်ကိုမယူခဲ့ရပဲ။ သို့သော် နောက်မှ ဆရာမလီနှင့်အတူ တွဲဖက် တာဝန်ပေးခဲ့၏။
ဆရာမချိန် အလုပ်ပြန်လာတော့ ဒုတိယတန်း တစ်ခုလုံးကို တာဝန်မယူရပဲ အခန်း(၃)ကိုသာ တာဝန်ယူလိုက်၏။ ဤသို့ဖြင့် လင်းဝေ့သည် ကျန်သည့်နှစ်ခန်း၏ အတန်းပိုင်ဖြစ်လာ၏။
ထို့ကြောင့် အတန်းပိုင် မဟုတ်သည့်ဆရာမများ ပြန်သွားချိန်တွင် လင်းဝေ့နှင့်အတန်းပိုင် ဆရာမများ နောက်တစ်ရက် ကျောင်းလာရသေးကာ ကျောင်းသားမှတ်တမ်းကတ်များရေးရလေ၏။
ဤသို့ဖြင့် နောက်တစ်နေ့ ရုံးပိတ်ရက်ရောက်တော့ လင်းဝေ့လည်း နှိုးစက်နာရီကို ပိတ်ထားလိုက်၏။ မနက်ဖြန် နေမြင့်တဲ့အထိ အိပ်မှာ ဆိုတော့ နှိုးစက်မလိုဘူးလေ။
လင်းဝေ့၏ နှိုးစက်ကို ရန်သူလိုပြုမူနေမှုကြောင့် ကျုံးရှောက်က သဘောကျကာ ရီလိုက်မိ၏။ "မင်း လွန်ခဲ့တဲ့ လတွေမှာ အစောကြီးထတာ အကျင့်ဖြစ်နေပြီလေ။ နှိုးစက်ပိတ်ထားရုံနဲ့ မနက်ဖြန် နေမြင့်တဲ့အထိ အိပ်နိုင်မယ်လို့ ထင်လား"
ခန္ဓာကိုယ်က အကျင့်ဖြစ်နေပြီဖြစ်၍ နှိုးစက် မဖွင့်ထားလည်း ထနေကျ အချိန်တွင် ပုံမှန် ထလာမည်ဖြစ်၏။
လင်းဝေ့လည်း သိပါသည်။ သို့သော် ကျောင်းပိတ်ရက်ဖြစ်၍ စောစောမထပဲ အိပ်နေလို၏။ "ကျွန်မ နိုးလာရင်တောင်နေမင်းကြီးက ကျွန်မကိုယ် ခြောက်သွားအောင် ပူလောင်တဲ့အထိ အိပ်နေမှာပဲ"
ကျုံးရှောက်က ခဏစဥ်းစားလိုက်၏။ "မင်း ကိုယ့်ကိုယ်ကို အာ့လောက်ကြီးတော့ လုပ်စရာမလိုပါဘူး"
"အားလပ်ရက်ဆို လူတိုင်းက ဒီလိုပဲနေမြင့်တဲ့အထိ အိပ်ကြတာလေ ရှင် နားမလည်ဘူးလား"
ကျုံးရှောက် နားမလည်ပါ။ သို့သော် သူပြောလိုသည်က ထိုကဲ့သို့ မဟုတ်၍ ရှင်းပြလိုက်၏။ "ကိုယ်ပြောချင်တာက မင်း နေမြင့်တဲ့အထိ အိပ်လို့ရမယ့် နည်းလမ်း ကိုယ့်မှာ ရှ်ိတယ်"
လင်းဝေ့က နှိုးစက်ချိန် ထားတာကိုပိတ်ပြီးနောက် ကုတင်ဘေးက စားပွဲပေါ်ပြန်ထားလိုက်၏။"အာ့တော့ ကျွန်မက ဘယ်လိုလုပ်ရမှာလဲ"
"မအိပ်နဲ့လေ"
ကျုံးရှောက်က ထိုသို့ပြောရင်း လင်းဝေ့ကို သူ့လက်မောင်းထဲ ထည့်ဖက်လိုက်၏။ ထို့နောက် ခေါင်းကိုငုံ့ကာ လင်းဝေ့နှုတ်ခမ်းလေးကို နမ်းလိုက်၏။ ကျုံးရှောက်၏ အားနေသည့်လက်တစ်ဖက်က လင်းဝေ့၏ အင်္ကျီကြယ်သီးတစ်လျှောက် အလုပ်ရှုပ်နေတော့၏။
ကျုံးရှောက်၏ အပြုအမူက တစ်ညလုံး မအိပ်ရတော့မည့် အကြောင်းအရင်းဖြစ်ကြောင်း လင်းဝေ့ နားလည်လိုက်၏။
အနမ်းများပိုမိုပြင်းထန်လာပြီး လင်းဝေ့လည်း ကျုံးရှောက်ကို ဟန်ချက်မပျက်သွားစေရန် ပြန်ဖက်ထားလိုက်ရ၏။
"…………"
သူမလိုချင်တဲ့ အားလပ်ရက်ညက အနားယူဖို့လေ။ ဒီလိုညလုံးပေါက် အလုပ်လုပ် ရဖို့မဟုတ်ဘူးလေ။
မည်သို့ပင်ဖြစ်စေကာမှု လင်းဝေ့ လည်း ငြင်းဆန်ရန် မတတ်နိုင်ခဲ့ပါ။ လင်းဝေ့၏ မိဘများ မရောက်ခင် သန်ဘက်ခါလောက်အထိကို လင်းဝေ့သည် နေ့တိုင်း သူမစိတ်ကြိုက် နေမြင့်သည်အထိ အိပ်ရလေတော့၏။