← Chapters

Chapter 136

Vol. 11 Ch. 136

Chapter 136

Vol. 11 Ch. 136

သူတစ်ကယ်ကို မှတ်မိတာပဲ…

ကျုံးရှောက်ကိုကြည့်ရင်း လင်းဝေ့သည် အံ့သြသွား၏။

လင်းဝေ့ နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ပြုံးလိုက်မိ၏။ "ဘယ်မှာ တွေ့ခဲ့တာလဲ။ ကျွန်မ လည်း မမှတ်မိပါလား"

"မင်းတစ်ကယ် မမှတ်မိဘူးလား" ကျုံးရှောက်သည် သူ့လက်မောင်းထဲက ချစ်ဇနီးလေးကို ငုံ့ကြည့်ရင်း မေးလိုက်၏။

လင်းဝေ့လည်း ကြောင်တောင်တောင်ရုပ်လေးနှင့် ကျုံးရှောက်၏ တည်နေသောရုပ်က်ိုကြည့်ရင်း ပြုံးကာ ဆက်မေးလိုက်၏။

"ရှင် ဘာလို့ တစ်ခါမျှ မပြောပြတာလဲ။ ဒီလောက်နှစ်တွေကြာနေပြီကို ရှင်မှတ်မိသေးတယ်ပေါ့။ ရှင်ကျွန်မကို အမြဲတမ်း သတိရနေခဲ့တာ……"

လင်းဝေ့ ပြောမပြီးသေးခင်မှာပင် ကျုံးရှောက်က သူမ ၏ နှုတ်ခမ်းကို ညှင်ညှင်သာသာ ကိုက်လိုက်၏။

လင်းဝေ့လည်း နီးကပ်နေသည့် ကျုံးရှောက်မျက်နှာကြောင့် မျက်လုံးပြူးသွားပြီး သူမနှုတ်ခမ်းကို ဖွင့်ကာ ကျုံးရှောက်ကို အခွင့်အရေး ပေးလိုက်၏။ ကျုံးရှောက်ကလည်း အခွင့်အရေးရတာနဲ့ လင်းဝေ့နှုတ်ခမ်းတစ်ခုလုံးကို အပိုင်စိီးတော့၏။

သူတို့နှစ်ယောက်၏ နေရာအနေအထားလည်း ပြောင်းသွား၏။

စောနက လင်းဝေ့သည် ဘယ်ဘက်လက်ထောက်ကာ ကျုံးရှောက် မျက်နှာကို မော်ကြည့်နေရတာဖြစ်၏။ အခုတော့ ကျုံးရှောင်ရင်ခွင်ထဲ ရောက်နေပြီဖြစ်၏။ လင်းဝေ့မှာ ရုန်းဖို့အင်အားရှိသော်လည်း ကျုံးရှောက်ထက်တော့ အားမသန်ပါ။ ထို့ကြောင့် ရုန်းမနေပဲ ကျုံးရှောက် စိတ်ကြိုက်သာ လုပ်ခွင့်ပေးလိုက်၏။

ကျုံးရှောက်၏ လက်က လင်းဝေ့၏ အဝတ်တွေပေါ်မှာပြေးလွှားနေပြီး ခါးနားရောက်လာတော့ လင်းဝေ့က တားလိုက်ရင်း ကလေးနှစ်ယောက်ဘက်မျက်လုံးဝေ့ပြကာပြောလိုက်၏။

"ကလေးတွေ ရှိတယ်နော်"

"မင်းအသံကို တိုးထားလိုက်"

ကျုံးရှောက်က သူ၏ ယောကျာ်းဆန်သောအသံဖြင့် တိုးတိုးလေးပြန်ပြောရင်း သူ့လက်တွေကတော့ လင်းဝေ့ကျောဘက်မှာ အလုပ်များနေ၏။

ကျုံးရှောက်၏ အသားမာတက်နေသော လက်ကြမ်းကြီးက သူမ၏ နူးညံ့သည့် အသားရေတစ်လျှောက်ပြေးလွှားနေတော့ လင်းဝေ့၏ အကြောအချင်တစ်ခုလုံး တစ်သိမ့်သိမ့်တုန်သွားကာ အသက်ရှုသံမြန်လာ၏။ ကျုံးရှောက် ဒီထက်ပို၍ ဆက်သွားနိုင်သည်ကို တွေးမိသောအခါ စိတ်လှုပ်ရှားလွန်း၍ နဖူးမှ ချွေးစေများပင် ထွက်လာ၏။

ကျုံးရှောက်ကလည်း အမှန်ပင် ရှေ့ဆက်တိုးလာ၏။သူ၏ လက်များက ညဝတ်ဘောင်းဘီ နားသို့ရောက်လာကာ လင်းဝေ့၏ နှုတ်ခမ်းများကို နမ်းလိုက်၏။

လင်းဝေ့၏ နှုတ်ခမ်းတစ်ခုလုံး ကျုံးရှောက်က အပိုင်သိမ်းထားရာ လင်းဝေ့တစ်ယောက် စကားပြောရန် နှုတ်ခမ်းပင် မဟနိုင်တော့၍ မျက်လုံးနှင့်သာ ရှင်ရူးနေပြိီလား ဟုအဓိပ္ပါယ်ရသည့်အကြည့်သာ ကြည့်နိုင်တော့၏။

ကျုံးရှောက်ကလည်း တိုးတိုးညှင်သာ ရယ်လိုက်ပြီး လင်းဝေ့၏ ချွေးထွက်နေသော နဖူးလေးကို အသာအယာ သပ်လိုက်၏။

"မစိုးရိမ်ပါနဲ့ မင်းကို နေရာကနေ မရွေ့စေရပါဘူး"

ထိုသို့ပြောရင်း ကျုံးရှောက် ခေါင်းကို ငုံ့လာရင်း လင်းဝေ့၏ လည်တိုင်နားမှာ သူ၏ ခေါင်းကို တိုးထားကာ အသက်ကို ဖြည်းဖြည်းလေးရှုနေလေ၏။

လင်းဝေ့လည်း ကုတင်ခေါင်းရင်းကို မှီရင်းသူမလည်တိုင်နားမှ ကျုံးရှောက်၏ အသက်ရှုသံနွေးနွေးကိုခံစားနေရ၏။ လင်းဝေ့လည်း ကျုံးရှောက်ဘက်လှည့်ကာ သူ၏မျက်နှာကို ကိုင်တွယ်ချင်လာသော်လည်း အနေအထားရွေ့သွားမည်စိုး၍ မလှုပ်ရဲခဲ့ပါ။ ကိုယ်တော်ချောက အခုမှ ငြိမ်လာလို့ လင်းဝေ့လည်း ပြန်မနိုးဆွရဲပါ။ မဟုတ်လျင် အိပ်ရတော့မည် မဟုတ်ချေ။

ဤသို့ဖြင့် လင်းဝေ့လည်း မျက်နှာကျက်အဖြူရောင်ကိုသာ မော့ကြည့်ရင်း စိတ်ကို ငြိမ်အောင်ထားလိုက်ရ၏။

လင်းဝေ့ စစ်တပ်ကိုပြောင်းလာတော့ ဝတ္ထုထဲရှိ ကျုံးရှောက်၏ ဘဝဇာတ်လမ်းကို တွေးမိသောအခါ အမှန်တစ်ကယ်ဟုပင် မထင်ရချေ။

နှစ်ဦးသဘောတူ ဘလိုင်းဒိတ်တွေ့ကြပြီး လက်ထပ်ခဲ့ကြသော်လည်း ပြင်ပ ပုံပန်း သွင်ပြင်ကိုသာ ကြည့်ခဲ့ကြပြီး ခံစားချက်ကို အရေးမထားခဲ့ကြပါ။

လူတွေပြောကြသလို အချစ်ဆိုတာ နောက်မှ ပေါက်ဖွားလာတာတဲ့။

သို့သော် သူမတို့က ငယ်ရွယ်သည့် ချစ်ခင်စ စုံတွဲတော့မဟုတ်ပါ။ လက်ထပ်ပြီးနောက် လေးနှစ်အကြာခွဲခွာနေခဲ့ရ၍ နှစ်ဦးအကြား ရင်နှီးမှု တိုးလာစေရန်အချိန်မရှိခဲ့ပါ။

အချိန်ကြာလာလျင် စုံတွဲများအကြားခံစားချက်က မှေးမှိန်လာကာ ရင်မခုန်တတ်ကြတော့ပေ။ သူမ ယောကျာ်းဖြစ်သည့် ကျုံးရှောက်ကတော့ သူမအတွက် ရင်းနှီးသည့်ပုံရိပ်ဟုလည်း ပြောနိုင်သလို မရင်းနှိီးသလိုခံစားချက်လည်း ပေးစွမ်းနိူင်၏။

သူမက ကျုံးရှောက်ကို ဘယ်လောက်အချစ်မှန်းလည်း မသိပါ။ ဝတ္ထုထဲမှာ ကျုံးရှောက်က သူမကို ဘယ်လောက်ချစ်ပါတယ် ဆိုတာကိုလည်း မယုံနိုင်ခဲ့ပါ။

ဝတ္ထုထဲမှာ သူမကိုချစ်သည်ဟု ထင်ရတာလည်း သူမ၏ ယူဆချက်သာ ဖြစ်၏။ ဒါဆိုရင် သူက ဘာလို့ သူမကို ချစ်ရတာလဲ။ ဒီနှစ်တွေအတွင်းမှာ ဘာတွေ ဖြစ်ပျက်မှာလဲ။ သူမ မသိပါ။

သို့သော် အခုတော့ လင်းဝေ့ တစ်ဖြည်းဖြည်း နားလည်လာပြီဖြစ်၏။

လင်းဝေ့က ကျုံးရှောက်၏ ခေါင်းကို ကိုင်လိုက်သည်။ ကျုံးရှောက်၏ တိုတိုတုတ်တုတ် ဆံပင်လေးများကို သူမဆော့ကစားကာ ပြုံးရင်းမေးလိုက်၏။

"ရှင် ကျွန်မက်ို အခုထိ အဖြေမပေးရသေးဘူးနော်"

ကျုံးရှောက်လည်း ကြောင်အ သွားကာမေးလိုက်၏။

"မင်းက တစ်ကယ်သိချင်တာလား"

"အင်းး"

ကျုံးရှောက်ကလည်း ကိုယ်ကို ပြန်လှည့်လိုက်ရင်း ခေါင်းကို ကုတင်ခေါင်းရင်းကို မှီလိုက်ပြီး လင်းဝေ့ ခေါင်းဘက်စောင်းလိုက်၏။

"အကြာကြီး တမင် မှတ်မိနေတာမျိုးတော့မဟုတ်ဘူး။ကိုယ့်အမေက ဘလိုင်းဒိတ်တွေ့ဖို့ မင်းရဲ့ ဓာတ်ပုံပြတော့မင်းမှန်း မှတ်မိလိုက်တာ"

သူတို့ ဘလိုင်းဒိတ်တွေ့တော့ ကျုံးရှောက်က ၂၀ နှစ်သာရှိသေး၏။ သူ့ဘဝအတွက် အိမ်ထောင်ရေးအတွက်လည်း မတွေးခဲ့ဖူးသေးပါ။ ဘလိုင်းဒိတ် တွေ့ရမည့်သူက လင်းဝေ့ဖြစ်နေ၍သာ သွားတွေ့ခဲ့ခြင်းဖြစ်၏။ လင်းဝေ့သာမဟုတ်လျင် လာတွေ့မည်ပင် မဟုတ်ချေ။

ကျုံးရှောက်က သူမကို အမြဲတမ်းသတိရနေခဲ့တာ မဟုတ်မှန်း သိလိုက်ရ၍ လင်းဝေ့ စိတ်ပျက်သွားခဲ့ပါ။ သူတို့ ဆေးရုံမှာစတွေ့ တုန်းကလည်း စကားတွေအများကြီးပြောခဲ့တာမှ မဟုတ်တာ…… နေပါဦး!

"ရှင်ကျွန်မကို စတွေ့ကတည်းက သိတာလား"

"ဘာလို့ အာ့လိုမေးတာလဲ"

"ရှင် ကျွန်မကို မသ်ိပဲနဲ့ ဘာလို့ ရှင့်အကြောင်းတွေပြောပြမှာလဲ"

ကျုံးရှောက်နှင့် စတွေ့စဥ်က သူမနှင့် မသိပဲ သူ့အကြောင်းတွေ ပြောပြနေခဲ့၍ လင်းဝေ့က ထူးဆန်းစွား သူ့ကို သနားနေခဲ့မိ၏။

ယခုထိုအကြောင်း ပြန်စဥ်းစားကြည့်လိုက်မှ ကျုံးရှောက်က စတွေ့ကတည်းက ထူးဆန်းကြောင်းသတိထားလိုက်မိ၏။

ကျုံးရှောက်ကတော့ အမှန်အတိုင်းမပြောသေးပဲ မေးခွန်းထုတ်နေသေး၏။ "ကိုယ် မင်းကို ဘာတွေပြောခဲ့လို့လဲ"

"ရှင့်မိဘတွေ ကွာရှင်းတဲ့ အကြောင်းလေ"

"ဟမ် မင်းမှတ်မိတယ်လား"

လင်းဝေ့လည်း သူမပဲ သူတို့နှစ်ယောက်စတွေ့တုန်းက ပြောခဲ့သည့် အကြောင်းအရာများကို မှတ်မိတာလားဟုတွေးလိုက်ကာ ကြောင်အသွား၏။ ကျုံးရှောက်၏ ရီသံကြားလိုက်မှ တမင် သူမကိုစလိုက်မှန်း သိလိုက်ရ၏။

" ရှင် ကျွန်မကို အမှန်အတိုင်းပြောစမ်း"

"အင်း ကိုယ်လည်း ပြောပြမလို့ပါပဲ"

ကျုံးရှောက် တစ်ခဏတွေးကာပြောလိုက်၏။ "အမှန်တော့ မင်း လူနာဆောင်အပြင်ဘက် ထွက်မလာခင်ကတည်းက မင်းအမေနဲ့ ကိုယ်အမေ စကားပြောနေတော့ မင်း ဘေးမှာ ထိုင်နေတာကို တွေ့ခဲ့တာ"

" ဒါဆို ရှင်က ဘာလို့ မဝင်လာတာလဲ"

"…ကိုယ် ဝင်မလာရဲခဲ့ဘူး"

ထိုစဥ်က ကျုံးရှောက်သည် လူငယ်အရွယ်ပဲရှိသေး၍ ပြသနာရှာတတ်သည့်သူဖြစ်သည်ဟု သူ့အဖေက အမြဲပြောတတ်၏။ ထို့ကြောင့် သူ့အဖေက သူ့ကို နွေရာသီရောက်လျင် နွေရာသီ စစ်စခန်းကို ကိုယ်တိုင်ပို့ခဲ့ခြင်းဖြစ်၏။

အထက်တန်းကျောင်း သုံးနှစ်ပြီးတော့လည်း စစ်တက္ကသိုလ်ကို တက်ခဲ့ရပြန်၍ ကျုံးရှောက်၏ စိတ်နေသဘောထားကလည်း မပြောင်းလဲခဲ့ပါ။

စစ်သင်တန်းကျောင်းသင်တန်းမှုးက ကြောက်ရမယ့်အရာရှိလားဟု မေးသည့်အချိန်တွင် သူ့တွင် ကြောက်ရမည့်အရာမရှိဟု မတုံ့ဆိုင်းပဲ ဖြေနိုင်ခဲ့၏။ ထိုအချိန်တုန်းက အမှန်လည်း ကြောက်ရမည့်အရာမရှိဟု တွေးခဲ့တာဖြစ်၏။

သို့သော် နှစ်လလောက်အကြာမှာတော့ သူ့အမေ၏ လူနာဆောင် အပြင်ဘက်မှာ အထဲမဝင်ရဲ၍ ရပ်နေခဲ့ရ၏။

သူ့အဖေက သူ့အမေအပေါ် မကောင်းခဲ့၍ အမေက အဖေ့ကို ကွာရှင်းကာ ထားသွားခဲ့ကြောင်းကိုလည်း သူသိ၏။ သူကြောက်တာက သူ့အမေက သူ့ကို လည်း လိုလိုလားလားရှိပါ့မလား ဆိုတာကိုဖြစ်၏။

"အဖြေကတော့ ဒါပဲ " ဟု ကျုံးရှောက်ပြောပြီးတော့ လင်းဝေ့လည်း ကျုံးရှောက်လက်ကို ကိုင်လိုက်ကာ ဆက်မေးလိုက်၏။

" ဒါဆိုရှင်က ကျွန်မကို ဘယ်သူလဲ ဆိုတာ သိနေခဲ့တာပေါ့"

"အင်းသိတယ်လေ"

"ကျွန်မကိုလည်း မြင်တာနဲ့ မှတ်မိခဲ့တယ်ပေါ့"

"အင်း မှတ်မိတယ်"

"ဒါဆိုရှင် ဘာလို့မပြောခဲ့တာလဲ"

ကျုံးရှောက်က အမှန်ပင် နေနိုင်သူဖြစ်သည်ဟု လင်းဝေ့တွေးလိုက်၏။ အမေလင်းနှင့်စကားပြောမိကာ ဆက်စပ်မိ၍ လင်းဝေ့ဖာသာ သိလာရ၏။ မဟုတ်လျင် သူတို့အရင်က တွေ့ဖူးကြသည်ဆိုသည့်အကြောင်းကို တစ်သက်လုံးမပြောပဲ နေသွားလောက်မည်။

"ဘာလို့ ဆို မင်းမှကိုယ့်ကို မမှတ်မိတာ"

"ကျွန်မ…" လင်းဝေ့လည်း ဘာပြောရမှန်း မသိဖြစ်သွား၏။

"ကျွန်မကလည်း ရှင်ကျွန်မကို မှတ်မိမှန်းမှ မသိတာ။ ပြီးတော့ ကျွန်မတို့ပထမဆုံး တွေ့ဖူးတဲ့အချိန်နဲ့ ဘလိုင်းဒိတ်တွေ့တဲ့အချိန်ကလည်း တော်တော်ကွာတယ်လေ။ ဒီကြားထဲ ရှင်က ခန္ဓာကိုယ်လည်း အကွာကြီး ကွာသွားတော့ ကျွန်မက ဘယ်မှတ်မိမလဲ"

"ဟုတ်သားပဲနော်" ကျုံးရှောက်လည်း လင်းဝေ့၏ ရှင်းလင်းချက်ကို ခေါင်းငြိမ့်ရင်း ထောက်ခံလိုက်၏။

" ဒါပေမယ့် ကိုယ်ကလည်း မင်းကို ကိုယ့်ဖာသာမှတ်မိလာစေချင်လို့ မပြောခဲ့တာပါ"

ဟုတ်တာပေါ့။ သူမသာ ကိုယ့်ဖာသာ မမှတ်မိလာလျင် ဒင်းက ဒီကိစ္စကို တစ်သက်လုံး ဖုံးထားတော့မှာပေါ့။ ထိုသို့တွေးရင်း လင်းဝေ့ အံကိုကြိတ်ကာ မေးလိုက်၏။

"ရှင့်ကို ဘယ်လိုခေါ်သင့်လဲသိလား"

"ဟမ်?"

" အရူး !"

ကျုံးရှောက် - "…"

၁၉၅၀ ခုနှစ်မှာမွေးသည့် လူတစ်ယောက်ဖြစ်သော ကျုံးရှောက်က ခေတ်စကား ဘန်းစကားများကို နားမလည်ချေ။ ထို့ကြောင့် လင်းဝေ့ သူ့ကို ဘာ့ကြောင့် အရူးပြောသလဲ နားမလည်ပါ။ လင်းဝေ့က ပြန်ရှင်းပြမှသာ နားလည်တော့၏။

လင်းဝေ့ - ပြန်ပြန်ရှင်းပြနေရတာ ငါ စိတ်မရှည်တော့ဘူးနော်

………………………

ညက လင်းဝေ့တို့ စကားများနေကြ၍ မိုးလင်းမှ အိပ်ဖြစ်ကြကာ နောက်တစ်နေ့မှာလည်း လင်းဝေ့တစ်ယောက်အိပ်ရာက မထနိုင်တော့ချေ။

မနက်စောစောထကာ မနက်စာဝယ်လာသည့် သမက်ကျုံးရှောက်ကိုကြည့်ရင်း အခုချိန်ထိ မထသေးသည့် လင်းဝေ့ကို တွေးမိကာ အမေလင်းစိတ်ပူသွား၏။

သူ့သမီးကို ငပျင်းလို့တာ့မတွေးပါ။ ဘာလို့ဆို သူ့သမီးက အိမ်အလုပ်တွေ အားလုံးလုပ်ပြီး ကျုံးရှောက်က အိမ်မှာ ရှိတဲ့အချိန်မှသာ ကူလုပ်ပေးတာဖြစ်၏။ အမေလင်းစိတ်ပူတာက သူ့သမီး အအိပ်ကြီးလွန်း၍ဖြစ်၏။ နေမင်းကြီး ဖင်ထဲဝင်သွားရင်တောင် ထမှာမဟုတ်တော့ မလွန်လွန်းဘူးလား။

"ဝေ့ဝေ့ကို မနက်စာ စားဖို့သွားနိုးလိုက်ဦးမယ်"

"အိပ်ပါစေ အမေ သူမနေ့ညက နောက်ကျမှ အိပ်ရတာ" ဟုကျုံးရှောက်က အမြန်ပြောလိုက်လေ၏။

အမေလင်းကြောင်သွား၏။ "မနေ့ညက လင်းဝေ့ ကိုးနာရီ အိပ်ရာဝင်သွားတာကို ဘာလို့နောက်ကျမှ အိပ်တာတုန်း" ဟုပြောပြီးမှ မနေ့ညက သူမကြားမိသည့်အသံကို ပြန်စဥ်းစားလိုက်ပြီး "ညက တစ်ရေးနိုးသေးတာလား"

"မဟုတ်ပါဘူးဗျ ကျွန်တော်တို့ မနေ့ညက ညနက်တဲ့အထိစကားပြောပြီး လင်းခါနီးမှ အိပ်ကြလို့ပါ" ဟူ ကျုံးရှောက်က ရုပ်တည်ဖြင့်ပြန်ဖြေလိုက်၏။

မနေ့ညက ဘာအကြောင်းပြောကြလဲ ဆိုတာတော့ ကျုံးရှောက်က မပြောပါ။ သို့သော် အမေလင်းက မနေ့က သူ့သမီးနှင့်ပြောခဲ့သည်များကို ပြန်စဥ်းစားပြီး ကိုယ့်ဖာသာကို ဇာတ်လမ်းဆင် တွေးလိုက်ပြီး ကျုံးရှောက်ကို သဘာကျသည့် အကြည့်ဖြင့် ကြည့်လိုက်၏။

"အိုးးး ဒါ့ကြောင့်ကိုးး ဒါဆိုရင်တော့ တစ်ညလုံး ဖြစ်သွားလောက်မှာ။ သမက်လေးလည်း တစ်ညလုံး မအိပ်ရသေးတော့ အပေါ်ထပ်တက်ပြီး ခဏနားလိုက်လေ"

ကျုံးရှောက်ကတော့ သူ့ယောက္ခမကြီး ဘာလို့ သူ့ကို အာ့လိုအကြည့်မျိုးနဲ့ကြည့်လည်း နားမလည်ပေမယ့် တိတ်တိတ်ကလေး ရုပ်တည်တည် နေရန်သာ ဆုံးဖြတ်လိုက်၏။

" ကျွန်တော် မအိပ်ချင်တော့ပါဘူး ကျွန်တော် အောက်မှာပဲ အမေတို့နဲ့ အဖော်လုပ် ထိုင်လိုက်ပါ့မယ်"

ကျုံးရှောက်၏ စကားကိုကြားတော့ အမေလင်းက ကျုံးရှောက်ကို လိမ္မာသည့်သမက်လေးဟု တွေးလိုက်၏။ သို့သာ် မျက်နှာထားတင်းတင်း ပြန်ပြောလိုက်၏။

"အမေက လူကြီးတစ်ယောက် ဘာမှ အဖော်လုပ်ပေးစရာမလိုဘူး။ သွား အပေါ်တက်ပြီးသာ တက်နားချေ။လင်းဝေ့ မထ လာရင် မင်းလည်း အောက်ဆင်းမလာနဲ့"

သူ့သမီးနဲ့ သမက် တစ်ညလုံး မအိပ်ပဲ အလုပ်ကြိုးစားတာကိုသိလိုက်တော့ ပင်ပန်းနေမှာမှန်း သိတာပေါ့။ ဒါ့ကြောင့်မနက်စောစော အလုပ်တွေ လုပ်ခိုင်းလို့မရဘူး နားခိုင်းရမယ်။

အမေလင်းက တစ်ချက်လွတ်အမိန့်ပေးလိုက်တော့ ကျုံးရှောက်လည်း နားထောင်ရတော့၏။

လင်းဝေ့ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ ကျုံးရှောက်ကြောင့် နိုးသွားရ၏။ လင်မယားနှစ်ယောက်လည်း အခန်းထဲမှာ တစ်နာရိိီလောက် အပြင် မထွက်နိုင်ပဲ နေပြီးနောက် ထမင်းစားချိန်ပင် ရောက်လာပြီဖြစ်၏။

လင်းအဖေနှင့် လင်းအမေ ကျွန်းပေါ်ရောက်ကတည်းက လင်းဝ့ကသာ အမြဲချက်ပြုတ်ပြီး ကျုံးရှောက်နှင့် အမေလင်းက ကူညိီပေးကြတာဖြစ်၏။

ဒီနေ့တော့ လင်မယားအတွဲက အိပ်ရာမှာ အနားယူနေကြတာဖြစ်၍ အမေလင်းက ချက်ပြုတ်ရလေ၏။ပင်လယ်ငါးကြော်တစ်ပွဲ၊ ကြက်ဥမွေကြော် နှင့် အာလူးနှပ်၊ အရွက်ကြော် တစ်ပွဲနှင့် စွပ်ပြုတ်ဟင်းရည် တစ်ခွက်ကိုပြင်ဆင်ထား၏။

ဟင်းများက စုံစုံလင်လင်ဖြစ်ကာ အရသာကလည်း မဆိုးလှချေ။ သို့သော် လင်းအဖေက သူ့သမီး၏ ဆန်းဆန်းပြားပြား လက်ရာများကို စားကျင့်ဖြစ်နေပြီဖြစ်၍ သူမိန်းမ၏ လက်ရာကို မစားချင်တော့ပေ။

သို့သော် နှစ်အတော်ကြာပေါင်းသင်းလာပြီးနောက် အဖေလင်းသည် အမှန်တရားတစ်ခုကို သိလာခဲ့ပြိီဖြစ်၏။ အိမ်ထောင်ဦးစီးတစ်ယောက်ကို စိတ်အနှောက်အယှက်ပေးလို့ မရဘူးဆိုတာကိုပေါ့။

အခုတော့ သူ့မိန်းမက အိမ်ထောင်ဦးစီး မဟုတ်ပေမယ့်လည်းလေ။ သူတို့ရှီးချန်ကိုပြန်ရာက်တဲ့အခါ သူ့မိန်းမက အိမ်ရဲ့ အကြီးအကဲ ပြန်ဖြစ်သွားမည်ဖြစ်၏။ ထို့ကြောင့် အခု စိတ်အနှောက်အယှက် ပေးလို့မဖြစ်ဘူး။

ဤကဲ့သို့တွေးလိုက်ပြီး အဖေလင်းက သူ့သမီးကို အေးအေးသာသာ မေးလိုက်၏။ "သမီးက အခုလို နေ့တိုင်းနေ့လည်အထိ အမြဲ အိပ်နေကြလား"

လင်းဝေ့လည်း သူ့အဖေ မေးခွန်းကြောင့် ကြောင်သွား၏။ "မဟုတ်ပါဘူး အဖေ ဘာလို့လဲ"

"ဘာမှ မဟုတ်ပါဘူး အဖေက ဒီအတိုင်းမေးကြည့်တာပါ"

"ဖိုးဖိုး လိမ်နေတာ။ ဖွားဖွားလက်ရာကို မေ့မေ့လက်ရာလောက်မကြိုက်လို့ မေမေ ညစာချက်မှာလား မေးချင်နေတာ"

အဖေလင်း - "……" ဘာလို့ ဒီကောင်တွေရှေ့မှာမှ ပြောလိုက်မိရတာလဲ။

အမေလင်းက နှာခေါင်းရှုံ့သံပြုလိုက်၏။ "ကျွန်မ လက်ရာက မကောင်းဘူး "

"မဟုတ်ဘူး မင်းလက်ရာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ" အဖေလင်းက အမြန်ပြန်ငြင်းလိုက်ရ၏။ သူ့သမီးက ဘာမှ ပြန်မပြောနိုင်ခင် လုပ်ချောင်းများ တစ်ဟွတ်ဟွတ် ဆိုးပြပြီး ဆက်ပြောလိုက်၏။

"ဝေ့ဝေ့ကို မေးရတာက နေမြင့်တဲ့အထိ အိပ်ရင် မကောင်းဘူးဆိုတာ သတိပေး ချင်လို့ပါ။ မင်းတို့က လူငယ်တွေ ဖြစ်လို့ ကျန်းမာရေးကောင်းကြပေမယ့် ညနက်တဲ့အထိ မနေကြနဲ့ ကြားလား"

လင်းဝေ့မျက်နှာ နီရဲသွားပြီး ကျုံးရှောက်ကို စားပွဲအောက်ကနေ စိတ်လိုက်၏။

ကျုံးရှောက်လည်း ရုတ်တရက် ထရပ်လိုက်ကာ ပြောလိုက်၏။

"အဖေ ပြောတာကို ကျွန်တော်တို့မှတ်ထားပါ့မယ်"

ထိုသို့ပြောရင်း ကုန်းချောတတ်သည့် သူ့သားကြီးကိုသာ ဆွေစောင်း ကြည့်လိုက်တော့၏။

All Chapters