Chapter 137
Vol. 11 Ch. 137
နှစ်သစ်ကူးနေ့ (၃၀ရက်နေ့)မှာ စျေးမဖွင့်သည့်အတွက် လင်းဝေ့တို့ သားအမိနှစ်ယောက်မှာ နှစ်သစ်ကူးစားသောက်ပွဲအတွက် လိုအပ်သည့် ပစ္စည်းများကို နေ့လည်ပိုင်းတွင် ထပ်အဝယ်ထွက်ရပါ၏။
အိမ်ပြန်ရောက်တော့ အမေလင်းက ဂျုံနှယ်ကာ လင်းဝေ့နှင့်ကျုံးရှောက်က ကြာစွယ်နှင့် မုန်လာဥများကို ရေဆေးကြ၏။ ကြာစွယ်ကို ပါးပါးလှီးကာ မုန်လာဥကို အတုံးတုံးလှီးလိုက်၏။ ငါးကိုတော့ အရိုးဖယ်ကာ အသားကို တောက်တောက်စင်းထားလိုက်၏။
လင်းဝေ့တို့ လင်မယားက အစာပလာများ အဆင်သင့်ဖြစ်သောအခါ အမေလင်းကလည်း ဂျုံနယ်ပြီးဖြစ်နေ၏။ နောက် မီးသွေးမီးဖိုမွှေးလိုက်ပြီး အိုးတင် ဆီထည့်လိုက်၏။ ဆီပူလာသောအခါ ပြင်ဆင်ထားသည့် ငါးအသားနှင့် ကြာစွယ် မုန်လာဥ တောက်တောက်စင်းကို များကို ဂျုံလုံးထဲ အစာသွပ်ပြီး အိုးထဲထည့်ကြော်တော့၏။
ဝိုင်းဝိုင်းပြားပြား ပုံစံရှိသည့်မုန့်များက ဆီပူအိုးထဲမှာ ကျွတ်ကျွတမြည်ကာ မုန့်၏ မွှေးကြိုင်သည့်အနံ့များက အပြင်မှာ ကစားနေကြသည့် ကလေးများဆီပင်ရောက်လာလေ၏။
တစ်ခဏအတွင်းမှာပဲ ကလေးတွေက မီးဖိုထဲ ပြေးဝင်လာကာ မေးတော့၏။ "ဖွားဖွား ဘာတွေ ကြော်နေတာလဲ နေတာလဲ"
"မုန်ပြားကြော်နေတာလေ" အမေလင်းက ကလေးသုံးယောက်က်ို ကြည့်ရင်းပြုံးကာ ပြောလိုက်၏။
"မ မွှေးဘူးလား"
" မွှေးတယ် အရမ်းမွှေးတာပဲ" ဟု ကလေးတွေက ကလေးသုံးယောက်က ချက်ချင်းပြောလာ၏။
"ဖွားဖွား သားမြည်းကြည့်လို့ရလား" မင်မင်က မေးလိုက်သည်။
" ကလေးတို့ အရမ်းကပ်မလာနဲ့။ ဆီပူလောင်လိမ့်မယ်" အမေလင်းကပြောရင်း ကလေးများကို ဆီပူအိုးဘေးကို အသာ တွန်းလိုက်ကာ အိုးထဲမှ မုန့်ဝိုင်းကြီးကြော်ကို တစ်ဖက်လှန်လိုက်၏။
"မြေးတို့ကို ဖွားဖွား ပေးမြည်းမယ်နော်" ဟုပြောလိုက်ရာ ကလေးများက ပျော်ပြီး ဟေး ကနဲ အော်လိုက်ကာ သူတို့အဖွားမုန့်ကြော်တာကို ဘေးမှာရပ် ကြည့်နေကြ၏။
အိုးထဲမှ မုန့်များ ရွှေဝါရောင် သန်းလာသောအခါ အမေလင်းက မုန်းများကို တစ်ခုချင်းထုတ်လိုက်ပြီး ဆီစစ်ဇကာပေါ် တင်ထားလိုက်၏။ နောက် ကျန်နေသေးသည့် မုန့်များကို အစာထည့် ထပ်လုံးကာ ဆီပူအိုးထဲ ထပ်ကြော်လိုက်၏။
မင်မင်ကတော့ သူတို့ကို မေ့ထားကာ မုန့်တွေ ထပ်ကြော်နေသည့်အဖွားကိုကြည့်ရင်း စိတ်မရှည်တော့ပေ။
"ဖွားဖွား သားတို့မြည်းကြည့်လို့ရပြီလား"
"ရပြီ ရပြီ ရော့ရော့ မြည်းကြည့်ကြ" ဟု ပြောကာ သူ့လက်ထဲက ထုပ်လက်စ မုန့်ကို ချပြီး ပြောလိုက်၏။
"တူ ယူလိုက်ကြ"
"လက်နဲ့ စားလို့မရဘူးလား" ဟု တူ ယူရမည် ပျင်းသည့် မင်မင်က မေးလိုက်၏။
သားတို့အပူလောင်ပြီး ဒဏ်ရာရမှာ စိုးလို့ပါ ဟု ပြောလုဆဲဆဲ စကားက နှစ်သစ်ကူးနေ့ဖြစ်နေ၍ ဒဏ်ရာဆိုသည်က လာဘ်မကောင်းသည့်စက ပြောမထွက်လိုက်ပါ။
" ပူမှာ မကြောက်ဘူးလား သားတို့က"
ပူ မှာ ကြောက်မကြောက်တော့ မသိပါ။ ရွေ့ရွေ့က လိမ္မာစွာ တူ သုံးချောင်းယူလာလိုက်၏။
" ငါးအစာသွပ်ရယ် မုန်လာဥ အစာသွပ်ရယ်ရှိတယ် ဘာစားမှာလဲ" ဟု အမေလင်းက မေးလိုက်၏။
"နှစ်မျိုးလုံး စားလို့မရဘူးလား"
"မရ ဘူး တစ်ခုပဲ မြည်းရမယ်"
" ဒါဆို ငါးအစာသွပ်မြည်းကြည့်မယ်" ဟု မင်မင်က ပြောလိုက်ရာ ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးကလည်း ငါးအစာသွပ်မုန့်သာ ရွေးလိုက်ကြ၏။
အမေလင်းလည်း ငါးအစာသွပ်မုန့် သုံးခုယူကာ ကလေးတွေကို ပေးလိုက်ရင်း သူ့သမီးကို စကားလှမ်း ပြောလိုက်၏။
"မင်မင်ရဲ့ အစားအသောက်မက်ချက်ကတော့ တော့သမီးငယ်ငယ်က အတိုင်းပဲ "
လင်းဝေ့က ပြုံးစစဖြစ်နေသည့် ကျုံးရှောက်ကို ကြည့်ကာ ငြင်းလိုက်၏။ "သမီးငယ်ငယ်တုန်းက အစားအသောက် မမက်ပါဘူးနော်"
"ညဥ်းက အစားအသောက် မမက်ဘူး ဟုတ်လား။ ငါ ဘယ်လို နေရာမှာ အစားအသောက်ကို ဖွက်ထားပါစေ ညဥ်းရအောင်ရှာပြီး ခိုးစားပစ်တာလေ။ ညဥ်းအကိုနှစ်ယောက်က်ို အမြဲစောင့်ကြည့်ခိုင်းထားရတယ်။ ကလေးဆိုတော့ အစားမက်မှန်းတော့သိခဲ့ပါတယ်။ ဒါပေမယ့်အမြဲတမ်း ခိုးစားနေတော့ မိသွားရင် စိတ်တိုပြီး တုတ်နဲ့ ရိုက်မိတဲ့အချိန်တောင်ရှိတယ်"
အမေလင်းက လင်းဝေ့ပြန်မှတ်မိရန် သေချာကို ပြန်ပြောပြနေ၏။ အချိန်တွေ ကြာသွားတာတောင် လင်းဝေ့က မမှတ်မိတော့တာမဟုတ်ပါ။ မှတ်မိပါ၏။ သူ့အမေက သေချာပြန်ပြောပြတော့ ငြင်းမရဖြစ်နေ၏။
သူ့သမီးငြိမ်နေတာတွေ့တော့ အမေလင်းက တမင်ထပ်ပြောလိုက်၏။ "ညဥ်းခိုးစားမှာကြောက်လို့ ကြောင်အိမ်ကိုတောင် သော့ခတ်ပြီး သိမ်းထားခဲ့ရတာလေ"
"အမေကလည်း အရင်က အကြောင်းတွေ ဘာလို့ပြောနေတာလဲ" ဟု လင်းဝေ့က သူ့အမေကို တိုးတိုးပြောလိုက်ပြီး ကျုံးရှောက်ဘက် မေးငေါ့ပြလိုက်၏။ "သမီးကို အရှက်ရအောင် မလုပ်နဲ့လေ"
ကျုံးရှောက်လည်း အမေလင်း ဆက်ပြောတာ ကြားချင်ပေမယ့် လင်းဝေ့၏ သေစေနိုင်လောက်သည့်အကြည့်များကိုကြောက်ကာ ဆက်ပြောရန် စကားမဟတော့ပေ။
အမေလင်းကတော့ သူ့သမီးရှက်နေမှန်းသိကာ ပြုံးပြီး ဆက်ပြောလိုက်၏။ "ဘာဖြစ်လဲ သမီးရယ် ကျုံးရှောက်ငယ်ငယ်တုန်းက အကြောင်းတွေလည်း သမီးသိတာပဲ"
"မင်း ဘယ်လိုလုပ်သိတာလဲ" ကျုံးရှောက်က ကြောင်အအ ပုံစံလေးဖြင့် လင်းဝေ့ကို မေးလိုက်၏။
"သမီး ပြန် မပြောပြဘူးလား"အမေလင်းက သူ့သမီးကိုပြန်မေးလိုက်၏။
သူ့အမေကော သူ့ယောကျာ်းကော သူ့ကိုဝိုင်းကြည့်နေကြ၍ လင်းဝေ့လည်း သတိရသွားကာ ပြန်ပြောပြလိုက်၏။
"ကျွန်မ ပြောဖို့မေ့သွားတာ။ မနေ့က အမေက ကျွန်မတို့ငယ်ငယ်က အကြောင်းတွေပြောပြတယ်လေ။ ကျွန်မ မွေးကင်းစက ယောက္ခမကြီးက ရှင့်ကို ခေါ်ပြီး ကျွန်မတို့အိမ်အမြဲ လာလည်တယ်တဲ့"
"တစ်ကယ်လား" ကျုံးရှောက် မျက်ခုံးပင့်ကာ မေးလိုက်၏။
"တစ်ကယ်လေ။ အာ့တုန်းကဆို မင်းက ဝေ့ဝေ့ကို အရမ်းသဘောကျခဲ့တာ။ ဝေ့ဝေ့လက်ကို ကိုင်ထားတာများ လွတ်ကိုမလွတ်ဘူး။ အိမ်ပြန်ခါနီးဆို ဝေ့ဝေ့ ပေါက်စလေးနဲ့ မခွဲချင်လို့ ဝေ့ဝေ့ကို ဖက်ပြီး ငိုနေခဲ့တာလေ" ဟု အမေလင်းက မုန့်ကြော်နေရင်းပြောလိုက်၏။
လင်းဝေ့က ကျုံးရှောက်ကို ကြည့်ကာ ပြုံးရင်း စနောက်လိုက်၏။ "ဝူးးဝူးးး အငိုသန်လေး ငိုခဲ့ရရှာတာ"
" ပြီးတော့ မင်းကို မခွဲနိုင်လို့ လက်ကို ကိုင်ထားခဲ့တာလေ" ကျုံးရှောက်က ထပ်ထည့်ပြောလိုက်ရာ လင်းဝေ့၏ ပါးများ နီရဲလာ၏။
"မင်းတို့နှစ်ယောက်က်ို ကြည့်ပြီး ရှင်းလန်နဲ့ အမေလည်း သဘောကျနေခဲ့လို့ နောက်ပိုင်း လက်ထပ်ပေးကြမယ် ဆိုပြီး ပြောခဲ့ကြတာ။ အာ့တုန်းကတော့ စနောက်ပြီး အတည်မယူခဲ့ကြပေမယ့် အခုလိုတစ်ကယ်ဖြစ်လာလိမ့်လို့ ယုံကိုမယုံနိုင်ခဲ့ဘူး။ ဟုတ်တယ်မလား" ဟု အမေလင်းက ဆက်ပြောလိုက်၏။
"အမေတို့ပဲ ဘလိုင်းဒိတ်ကို စီစဥ်ပေးခဲ့တာလေ။ ဘာအခုမှ မယုံနိုင်ဘူး ဘာညာတွေ လာပြောနေတယ်"
"အမေတို့က မိဘဝတ္တရားအရ အိမ်ထောင်ချပေးဖို့ တာဝန်ရှိတဲ့ မိဘတွေလေ။ မင်းတို့နှစ်ယောက် ဘလိုင်းဒိတ် သွားမတွေ့ချင်လည်း အမေတို့ကတော့ အတင်းပေးစားမှာပဲ" ဟု အမေလင်းက ယုံကြည်ချက်ရှိရှိပြောလိုက်၏။
လင်းဝေ့ - "…… ဟုတ်ပါပြီ အမေရယ် "
"ဟုတ်တယ် အမေပြောတာမှန်တယ်။ လူကြီးတွေက ပိုကောင်းတဲ့အမြင်ရှိကြတယ်" ဟု ကျုံးရှောက်ကလည်း ဝင်ထောက်ခံလိုက်လေ၏။
…………………
သူ့ယောက္ခကြီး အဖေလင်း၏ အကြံပေးမှုကြောင့် ကျုံးရှောက်တစ်ယောက် ညရောက်တော့ ရိုးရိုးသားသား သာအိပ်လေတော့၏။ သို့မှသာ လင်းဝေ့လည်း ညစောစော အိပ်ရကာ နောက်တစ်နေ့ အစောကြီး ထနိုင်လေတော့၏။
ပြည်နယ်စားသောက်ဆိုင်က နှစ်သစ်ကူး ပိတ်သွား၍ မနက်စာကို အိမ်မှာ ချက်ရတော့၏။ ကျုံးရှောက်က ခေါက်ဆွဲနှင့် ကြက်ဥချက်ရန် ပြင်လိုက်၏။
အမေလင်းကတော့ ခေါက်ဆွဲထဲ ကြက်ဥထည့်ချက်တာ အပိုဖြုန်းသည်ဟု တွေးမိ၍ မထည့်ခိုင်းပေ။ သို့သော် လင်းဝေ့က နှစ်သစ်ကူးမှာ ကောင်းတာလေးတွေ စားချင်တယ် ပြော၍ ကျုံးရှောက်က ယောက္ခစကားနားမထောင်ပဲ မိန်းမစကားနားထောင်ကာ ကြက်ဥထည့်ချက်တော့၏။
ကလေးနှစ်ယောက်က သူတို့အဖေ၏ အချက်အပြုတ်အရသာကို မကြိုက်ကြပေ။ သို့သော် သူတို့အဖွားက သူ့အဖေလက်ရာကို အမြဲအားပေးလေ၏။ ပထမအချက်က အမေလင်းသည် အစားအသောက်ချေးမများ၍ အကုန်စားနိုင်၏။ နောက်တစ်ချက်က အမေလင်းသည် ကျုံးရှောက်လို ယောကျာ်းတစ်ယောက် ဟင်းချက်တာကို အားပေးသင့်သည်ဟုတွေး၏။ သို့မှသာ နောက်ပိုင်းလည်း ချက်ခိုင်းလို့ရမည်လေ။
ဤအချက်မှာတော့ လင်းဝေ့လည်း အမေလင်းနှင့်အတွေးတူ၏။ လင်းဝေ့လည်း ကျုံးရှောက်၏ လက်ရာကိုအမြဲအားပေး၏။ ပိတ်ရက်တိုင်း အနည်းဆုံးတစ်နပ်တော့ ဟင်းချက်ခိုင်း၏။
လင်းဝေ့မှ အားမပေးလျင် ကလေးနှစ်ယောက်က အဖေ့လက်ရာမကြိုက်ဟုဆိုလျင် ကျုံးရှောက်လည်း ဘယ်တော့မှ ဟင်းချက်ဖြစ်တော့မည်မဟုတ်ချေ။
ထို့ကြောင့် အမေနှင့်သမီး နှစ်ဦးစလုံးက ကျုံးရှောင်ချက်ထားသည့် ခေါက်ဆွဲကို အမြန်စားလိုက်ကြပြီး ကျုံးရှောက်ကို လက်ရာကောင်းကြောင်း ချီးကျူးလိုက်ကြ၏။
သူ့မိန်းမ နှင့်သမီး၏ ကျုံးရှောက်ကို ချီးကျူးနေသည့်စကားကို နားထောင်ရင်း အဖေလင်းသည် ခေါက်ဆွဲ နှစ်လုပ်ကိုအမြန် စားလိုက်၏။ နောက်မှ အရသာခံကာဖြည်းဖြည်းချင်း စားလိုက်ကာ အရသာ မဆိုးဟုတွေးလိုက်၏။ လင်းဝေ့နှင့် အမေလင်းက နောက်တစ်ပွဲ ထပ်မစားသော်လည်း အဖေလင်းကတော့ နောက်တစ်ပွဲပင်ထပ်စားလိုက်၏။
မင်မင်ကတော့ သူ့ညီလေးနားမှာ ကပ်ပြောလိုက်၏။
"ဖွားဖွားနဲ့ မေမေရဲ့ အရသာ ခံ အာရုံက ထူးဆန်းတယ်နော်"
ရွေ့ရွေ့လည်း သူ့အစ်က်ို၏ စကားကိုထောက်ခံလိုက်ကာ သူ၏ ခေါက်ဆွဲပန်းကန်ကို လက်စသတ်လိုက်၏။
သူတို့အဖေ၏ ခေါက်ဆွဲအရသာက အမေချက်တာလောက်မကောင်းပေမယ့် ကလေးနှစ်ယောက်က နှစ်ပွဲလောက်စားနိုင်ကြ၏။
သို့သော် လင်းဝေ့က ထပ်ထည့်ပေးရန် မီးဖိုထဲသွားစဥ် ရွေ့ရွေ့ကလည်း ကူရန်လိုက်လာ၍ နေ့လည်နှစ်သစ်ကူးစားသောက်ပွဲမှာ ကြက် ဘဲ ငါး အသားများစားရဦးမည်ဖြစ်ကြောင်း ပြောပြလိုက်၏။ ရွေ့ရွေ့က သူ့အမေစကားကို နားထောင်ပြီး လက်ချောင်းလေးများဖြင့်ရေတွက်ပြီး ပြောလိုက်၏။
" ဒါဆို သား နည်းနည်းပဲ ထပ် စားတော့မယ် နေ့လည်ဟင်းပွဲတွေအတွက် နေရာချန်ထားလိုက်ဦးမယ်"
လင်းဝေ့လည်း သူ့သားငယ်၏ စေ့စပ်မှုကို နားလည်၍ အပြစ်မပြောတော့ပဲ ပန်းကန်ထဲခေါက်ဆွဲအနည်းငယ် ထပ်ထည့်ပေးလိုက်၏။
ရွေ့ရွေ့လည်း ခေါက်ဆွဲနည်းနည်း ထပ်စားရတော့ကျေနပ်သွားကာ သူ့အမေကို မေးလိုက်၏။ "မေမေ သားတို့ နေ့လည်စာ ဘယ်အချိန်စားမှာလဲ"
"၁၁ နာရီနောက်ပိုင်း ဟင်းတွေ ချက်ပြီးတဲ့အချိန်ပေါ့"
ရွေ့ရွေ့လည်း ဝမ်းသာအားရ ထမင်းစားစားပွဲပေါ်ပြန်သွားကာ သူ့အစ်ကို မင်မင်ကို သတင်းကောင်းပြောပြလိုက်၏။
မင်မင်လည်း ခေါက်ဆွဲနောက်တစ်ပွဲစားချင်သေးသော်လည်း သူ့ညီလေးစကားကိုကြားပြီးနောက် နေ့လည်စာအတွက်သာ အားခဲထားလိုက်တော့၏။
……………………
မနက်စာ စားပြီးနောက် ကျုံးရှောက်သည် နှစ်သစ်ကူး ကဗျာစာတန်းများကပ်ရန် ပြင်လိုက်၏။
ကလေးနှစ်ယောက်ကလည်း သူတို့အဖေနှင့်အတူ လာလုပ်ကူကြ၏။ သူတို့က ဘယ်နားစောင်းနေတယ် ဘယ်နားလိုတယ်ဆိုတာကို ပြောပြကြ၏။
အစပိုင်းတော့ အဆင်ပြေနေသော်လည်း ပြတင်းပေါက်ခန်းစီးများ တပ်စဥ်တွင်တော့ ညီအစ်ကိုနှစ်ယောက်စကားများကြတော့၏။ တစ်ယောက်က ဘယ်ဘက်ကိုတိုးသင့်သည်ဟုပြောကာ တစ်ယောက်က ညာဘက်ကို တိုးသင့်သည် ဟု ပြောလာ၏။
ကျုံးရှောက်လည်း ခုံပေါ်မှာ မတ်တပ်ရပ်နေရ၍ စကားများနေသည့် သူ့သားနှစ်ယောက်ကို စိတ်မရှည်တော့ချေ။ "ဘယ် ဘက်လား ညာဘက်လား"
"ဘယ်!"
"ညာ!"
ညီအစ်ကိုနှစ်ယောက် တစ်ယောက်တစ်မျိုးပြောနေမှုကြောင့် ကျုံးရှောက်က မီးဖိုချောင်မှာ အလုပ်များနေသည့် လင်းဝေ့ကိုသာ လှမ်းခေါ်လိုက်ရတော့၏။
"ညာဘက်ကို တိုးရမှာ မဟုတ်ဘူးလား"
ကျုံးရှောက်လည်း ထိုင်ခုံပေါ်တက်ပြီး လိုက်ကာခန်းစီးကိုတပ်နေရာမှ ပြန်ဆင်းလိုက်ကာ ကလေးနှစ်ယေက်ကို ပြောလိုက်၏။
"မင်းတို့နှစ်ယောက် အဖေ့ကို ကူနေတာလား နှောက်ယှက်နေတာလား"
ရွေ့ရွေ့ကတော့ ခေါင်းလေးစောင်းကာပြန်ပြော၏။
" ဒါပေမယ့် သားကတော့ ဘယ်ကော ညာကော ရွေ့သင့်တယ် ထင်တာပဲ"
အခုတော့ ညီအစ်က်ို နှစ်ယောက်စလုံးက တစ်ကျိတ်တည်း တစ်ဉာဏ်ထဲ ဖြစ်သွားကြပြန်၏။
ကျုံးရှောက် - "… နှစ်သစ်ကူးပြီးရင် မင်းတို့ကို မျက်စိပြဖို့ခေါ်သွားပေးရမယ်"
လင်းဝေ့လည်း သားအဖတစ်တွေ၏ အဖြစ်ကို ကြည့်ကာ ရယ်ရင်း မေးလိုက်၏။ "အနောက်ဖက်ကော ကဗျာစာတန်း ကပ်ပြီးပြီလား"
"မကပ်ရသေးဘူး မင်းပဲ ခဏလိုက်ကြည့်ပေးဦး ဒီကောင်စုတ်လေးနှစ်ကောင် ယုံကြည်လို့မရဘူး" ပြောကာ ကပ်ရမည့် စာရွက်နှစ်ခုကို ကောက်ကိုင်လိုက်ကာ အနောက်ဘက်တံခါးကို သွားလိုက်၏။
မင်မင်ကတော့ သူ့အဖေ၏ အပြောကိုမကျေနပ်ပါ။
"သားတို့က ကောင်စုတ်လေးတွေ မဟုတ်ပါဘူးနော်"
"သားတို့က အရမ်းလည်း ယုံကြည်လို့ရပါတယ်နော်" ဟု ရွေ့ရွေ့ကလည်း ထပ်ပြောကာ ကူရန်လိုက်လာသေး၏။
လင်းဝေ့လည်း ကျုံးရှောက် ကလေးများကို စိတ်မရှည်ပဲ ရိုက်မိမှာစိုး၍ ကိုယ်တိုင်လိုက်လာ၏။ သို့သော် ဒီတစ်ခေါက်တော့ ကလေးနှစ်ယောက် စိတ်ဝမ်းမကွဲတော့ပဲ တစ်ညီတစ်ညွတ်တည်း ကူပြောပေးရာ စာရွက်ကိုလည်း လွယ်လွယ်ကူကူ ကပ်လိုက်နိုင်၏။
စာရွက်များကပ်ပြီးတော့ မင်မင်က မေးလိုက်၏။
"မေမေ အာ့တာက ဘာလဲ။ ဘာလို့ တံခါးတွေမှာ လိုက်ကပ်ရတာလဲ"
"နှစ်သစ်ကူး ဆုတောင်းစာရွက်လေ။ ဟိုးအရင်တုန်းကတော့ အိမ်ကို မကောင်းဆိုးဝါးတွေ ပျက်စီးခြင်းတွေ ရောက်မလာအောင် ကပ်ထားကြတာ။ အခုတော့ ရိုးရာလိုဖြစ်သွားပြီလေ"
"ရိုးရာ ဆိုတာ ဘာလဲ မေမေ" မင်မင်လည်း သူ့အမေရှင်းကြသည်ကို နားထောင်ကာ ထပ်မေးလိုက်၏။
"ရိုးရာ ဆိုတာက ဟိုးအရင်က လုပ်ခဲ့တဲ့ အရာတွေကို အကျင့်လိုမျိုး အခုထိလုပ်နေတာကိုခေါ်တယ်" ဟု လင်းဝေ့က သေသေချာချာလေး ရှင်းပြလိုက်၏။ သူ့သားတွေ နားမလည်မည်စိုး၍ ဥပမာ ထပ်ပေးလိုက်၏။
"ထပ်ပြောရရင် ဖိုးဖိုး ဖွားဖွားတို့ ငယ်ငယ်တုန်းက သူတို့ဘိုးဘေးဘီဘင်တွေ လုပ်ခဲ့တာကို လုပ်သလိုမျိုးအခု မေမေနဲ့ ဖေဖေနဲ့လည်း လုပ်ကြတာမျိုးကို ရိုးရာလို့ခေါ်တာ"
မင်မင်ကလည်း နားလည်သွားပြီး လက်မြောက်ကာ ပြောလိုက်၏။ "သားနားလည်ပြီ သားနဲ့ ညီလေးလည်း နောက်ဆို ဒါမျိုးလိုက်လုပ်မယ်"
"သားတို့ကြီးလာတဲ့ အခါကျရင် လုပ်ချင်ရင်လုပ်ကြပေါ့။ အာ့အချိန်ကျ အမေတို့က အသက်တွေကြီးကုန်ကြီဆိုတော့ သားတို့ကို လိုက်ပြောလို့မရတော့ဘူးလေ" ဟု လင်းဝေ့က ပြုံးရင်းပြောလိုက်၏။
"အဖေနဲ့အမေက အသက်ကြီးလာလျင် သားတို့ကို ဂရုမိစိုက်တော့ဘူးပေါ့" ဟု မင်မင်က မျက်လုံးလေးပြူးကာမေးလိုက်၏။
လင်းဝေ့လည်း သူ့သား၏ ခေါင်းကို ပွတ်လိုက်ပြီး ပြောလိုက်၏။ "မစိုးရိမ်ပါနဲ့ မေမေတို့က မအိုခင် နောက်ထပ်ဆယ်နှစ်ကျော်လောက် သားတို့ကို ဂရုစိုက်ပေးနိုင်ပါသေးတယ်"
"ဆယ်နှစ်ကျော်!"
ကျုံးရှေက်လည်း အပေါ်ထပ်ကိုတက်ပြီး စာရွက်များကပ်ပြီး ဆင်းလာချိန်တွင် လင်းဝေ့၏ ရယ်သံကိုကြားကြ မေးလိုက်၏။
"ဘာတွေပြောနေကြတာလဲ"
လင်းဝေ့လည်း စောနက ပြောနေသည့်အကြောင်းအရာကို ကျုံးရှောင်ထံ ပြန်ပြောပြလိုက်၏။ "သူက ကျွန်မတို့ကို မကြာခင် အိုသွားပြီး သူတို့ကို လိုက်မထိန်းချုပ်နိုင်တော့ဘူးလို့ ထင်နေတာ။ အခုတော့ ဆယ်စုနှစ်လောက် ကြာတဲ့အထိ မအိုသေးဘူးပြောလို့ စိတ်ဓာတ်ကျသွားတဲ့ပုံပဲ"
ကျုံးရှောက်ကသူ့သား မင်မင်ကို ငုံ့ကြည့်လိုက်ကာ မေးလိုက်၏။ "မင်းအမေ မင်းကို တစ်ယောက်တည်း ထားခဲ့ရင် မင်းဘာလုပ်မှာလဲ"
စိတ်ပျက်သွားသည့်မျက်နှာနှင့် မင်မင်က သူ့အဖေကို မော့ကြည့်လိုက်၏။ "လုပ်စရာတွေ အများကြီးပဲ"
"အိုးးဟုတ်လားးးပြောပြပါဦး?"
မင်မင်က သူ့အမေနှင့်အဖေကို တစ်လှည့်စီ မော့ကြည့်လိုက်၏။ "သားပြောလို့ရပါ့မလား"
"ပြောလေ"
"သားကို မရိုက်ဘူးလို့ ကတိပေးမလား?"
"သားကို မရိုက်ပါဘူး"
မင်မင်လည်း သူ့လက်ချောင်းများဖြင့် ရေတွက်ပြတော့၏။"ဒါဆို သားက ကျောင်းလည်း မသွားတော့ဘူး။ အိမ်စာလည်း မလုပ်တော့ဘူး။ ကစားပဲကစားမယ်။ စားမယ်။ အိပ်မယ်။ မနက်ဆိုလည်း သွားမတိုက်ဘူး…"
လင်းဝေ့လည်း သူမမျက်နှာကိုသာ အုပ်ထားလိုက်တော့၏။
မင်မင်တစ်ယောက် သူလုပ်ချင်သည်များကိုပြောပြီးတော့ ကျုံးရှောက်က တံခါးဘက်က်ိုညွှန်ပြရင်း ပြောလိုက်၏။"သွား အထဲဝင်တော့"
မင်မင်ကတော့ သူ့အဖေက သူ့ကို အခန်းထဲ ဝင်ခိုင်းပြီး ရိုက်တော့မည်ဟု ထင်လိုက်၏။ ထို့ကြောင့် ထိတ်လန့်သွားပြီး မျက်ရည်တွေဝိုင်းလာ၏။
"အဖေ ပဲ ပြောတော့ သားကို မရိုက်ဘူးဆို"
ကျုံးရှောက်က ချိုချိုသာသာ မပြောစဖူး အသံလေးနှင့်ပြောလိုက်၏။ "သားကို မရိုက်ပါဘူး။ အပေါ်ထပ်ကို တက်ပြီး အိပ်တော့လို့ပြောတာပါ။"
မင်မင်လည်း လင်းထိန်နေသည့်ကောင်းကင်ကိုကြည့်ကာ ပြောလိုက်၏။ "မေမေ အခုက နေ့ခင်းကြီး ရှိသေးတာကို သားတို့က နေ့လည်စာလည်း မစားရသေးပဲ ဘာလို့အိပ်ရမှာလဲ"
တရုတ်နှစ်သစ်ကူးမတိုင်ခင်က အဖေလင်းနှင့် အမေလင်းက ငါးမျှားငါးဖမ်း ခဏခဏခေါ်သွား၍ အိပ်ချိန်မရခဲ့သော လင်းဝေ့က အချိန်ရလာသောအခါ ထမင်းစားပြီးတိုင်းအိပ်ရင်း လင်းဝေ့သည် အကျင့်ရလာခဲ့၏။
သို့သော် ကလေးများကတော့ ထိုသို့မဟုတ်ပေ။ သူတို့အိပ်ချင်သည့်အချိန်အိပ် ဆော့ ချင်သည့်အချိန်ဆော့ကာ ပျော်ပါးနေခဲ့၏။ ထို့ကြောင့် တစ်နေကုန်လုံးဆော့လိုက် ကစားလိုက်လုပ်ကာ အိပ်ချင်ရင်တောင် မအိပ်ပေ။
သို့သော် အခု သူတို့အဖေကတော့အိပ်ချိန်မဟုတ်ပဲ အတင်းအိပ်ခိုင်းနေချေပြီ။
"အဖေသားကိုပြောချင်က စောနက သားပြောတာတွေအကုန် အိပ်မက်ထဲမှာ လုပ်လို့ရတယ်"
တစ်နေကုန် အိပ်လိုက်စားလိုက်နဲ့ သွားမတိုက်ပဲက နေချင်သေး။ အိပ်မက်ထဲမှာပဲရမယ်။