← Chapters

Chapter 142

Vol. 11 Ch. 142

Chapter 142

Vol. 11 Ch. 142

လင်းဝေ့လည်း မှန်တင်ခုံကနေ ထပြီး ကုတင်ပေါ်မှာ လှဲလျောင်းလိုက်၏။ ဖောင်းအစ်နေသည့် သူမမျက်လုံးလည်း အနည်းငယ်သက်သာလာပြီဟု ခံစားလိုက်ရ၏။

ကုတင်ပေါ်ရောက်တော့လည်း ကျုံးရှောက်က လင်းဝေ့အနားမှာ တွယ်ကပ်နေသေး၏။ လင်းဝေ့၏ တစ်ကိုယ်လုံးကိုဖက်တွယ်နေကာ လက်များက တစ်ကိုယ်လုံးကို ပြေးလွှားနေ၏။

လင်းဝေ့လည်း ကျုံးရှောက်ကို မတားပဲ ထားရာမှ ကျုံးရှောက်၏ လက်များက သူမ၏ ဘောင်းဘီကို လာချွတ်မှ တားလိုက်၏။

"ကျွန်မ မလုပ်ချင်ဘူးနော်"

ကျုံးရှောက် မျက်နှာ တစ်ခဏ မှုံသွားကာ မေးလိုက်၏။

"ဘာပြောလိုက်တယ်"

လင်းဝေ့လည်း သူမလက်ဖြင့် ကျုံးရှောက်၏ လည်ပင်းကိုသူမအနားဆွဲလိုက်ကာ တီးတိုးပြောလိုက်၏။

"ကျွန်မ ကိုယ်ဝန်ရှိနေတယ် ထင်တယ်။ ဒါ့ကြောင့် ဒီည တော့ မလုပ်နိုင်ဘူးလို့"

ကျုံးရှောက်၏ လည်ဇလုတ်က အသာအယာ အပေါ်အောက် ရွေ့သွား၏။ သူ့နဖူးမှ ချွေးများပင် စီးကျလာသည်ဟု ထင်ရ၏။ အတော်အတန်ကြာမှ ကျုံးရှောက်တစ်ယောက် သူ၏ အသံကို ထိန်းကာမေး လိုက်၏။

"မင်းသေချာရဲ့လား။ ကိုယ်တို့ တားဆေးသုံးတယ် မလား"

"ကျွန်မလည်း သိပ်တော့မသေချာဘူး။ ဒါပေမယ့် ကျွန်မရာသီမလာတာလည်း နှစ်လလောက်ကြာနေပြီ။ ပြီးတော့ ဒီရက်ပိုင်း ငါးညှီနှံ့ရရင်လည်း ပျို့တက်တက်လာလို့။ တားဆေးသုံးတာကလည်း ရာနှုန်းပြည့်ကာကွယ်ပေးနိုင်တာ မဟုတ်ဘူးလေ" ဟု လင်းဝေ့က အချက်အလက်ကျကျ ရှင်းပြလိုက်၏။

လင်းဝေ့၏ ရာသီလာရက်ကလည်း ပုံသေရက်မဟုတ်ကာ ထိုရက်များတွင်လည်း ကျုံးရှောက်က ပင်လယ်ဘက် တာဝန်ကျနေရတတ်၍ လင်းဝေ့၏ ရာသီလာရက် အကြောင်း ကျုံးရှောက် အသေအချာ မသိပါ။

လင်းဝေ့ ငါးညှီနံ့ရလျင် ပျို့တက် နေကြောင်းကိုတော့ သူသိပါ၏။ သို့သော် အစာအိမ် ဗိုက်မကောင်း၍ ဟုသာ ထင်နေ၏။ ထို့အပြင် သူတို့နှစ်ယောက်က တားဆေးလည်း သုံးသေးတာကိုးး။

တားဆေးသုံးလည်း ကိုယ်ဝန်ရနိုင်ချေရှိသေးတယ်လို့ ဘယ်သိမလဲ။

"ရှင် မပျော်ဘူးလား"

လင်းဝေ့က ကလေးထပ်မလိုချင်သေးဘူးဟုပြောထား၍ ကျုံးရှောက်လည်း သဘောတူခဲ့သော်လည်း အခုလို မထင်မှတ်ပဲ ကိုယ်ဝန်ရလာတော့ သူပျော်တာပေါ့။

သို့သော် ထိုသတင်းကို အခုချိန်မဟုတ်ပဲ စောနက လင်းဝေ့ သူ့ရင်ခွင်ထဲငိုနေချိန်တို့ တစ်နာရီအလိုလောက်က အချိန်မှာ သိလိုက်ရရင် သူပျော်လွန်း၍ ထပင် ခုန်နိုင်လောက်၏။

အခုတော့ ကျုံးရှောက် တစ်ယောက် အံကိုကြိတ်ကာသာ ပြောလိုက်နိုင်၏။

" ပျော်တာပေါ့"

"အို့ ဟုတ်လား ကျွန်မတော့ ရှင့် ဆီကနေ ပျော်တဲ့အသံကို လုံးဝမကြားရသလိုပဲ" ဟု လင်းဝေ့က ပြုံးကာ အပြစ်တင်စကားပြောလိုက်၏။

ကျုံးရှောက်လည်း လင်းဝေ့နားတိုးကာ ကပ်ပြောလိုက်၏။

"မင်း တမင်လုပ်တာ မဟုတ်လား"

"ဘာကို တမင်လုပ်ရမှာလဲ"

" ဒီအချိန်ကျမှ ပြောရတဲ့ အကြောင်းအရင်းလေး ကိုယ့်ကို ပြောပါဦး" ကျုံးရှောက်က လင်းဝေ့၏ နှုတ်ခမ်းကိုကိုက်ကာ မေးလိုက်၏။

လင်းဝေ့ကလည်း အမှန်အတိုင်း မပြောပေ။ " ရှင်က လောနေတာကိုးး ကျွန်မကို ပြောဖို့အချိန်မှ မပေးပဲ" ဟု ပြောလိုက်ပြီး "ရှင်က ရှင့်ပြဿနာကို ဖြေရှင်းချင်တာလား" ဟု တမင်သက်သက်မေးလိုက်၏။

"မင်းပဲ ကိုယ့်ပြဿနာကို ဖြေရှင်းပေးတော့"

လင်းဝေ့ မျက်လုံးပြူးသွား၏။ အခုတော့ လင်းဝေ့က အင်ပါယာအရှင်ကြီး၏ အမိန့်ကို နာခံရမလို ဖြစ်နေ၏။

"ရှင် ကလေးကို ထိခိုက်သွားမှာ မကြောက်……"

လင်းဝေ့ပင် ပြောလို့မပြီးသေး ကျုံးရှောက်က သူမ၏ လက်ကို သူ့အောက်ဆီ ဆွဲယူသွားလိုက်၏။ နောက်ပိုင်းမှာတော့ ကျုံးရှောက်၏ အသက်ရှုသံပြင်းပြင်းနှင့် ကျေနပ်သွားသော အသံများသာ လင်းဝေ့နားထဲ ကြားရတော့၏။

…………………

နောက်တစ်နေ့ မနက်စာစားပြီးချိန်တွင် ကျုံးရှောက်တို့ဇနီးမောင်နှံသည် အမွှာနှစ်ယောက်ကို ကျိုးအိမ်ကို ပို့ထားခဲ့ပြီး ချန်ပါးမေ့ဆီကို အပ်ခဲ့ကာ သူတို့နှစ်ယောက်ကတော့ စစ်ဆေးရုံကို ဆေးစစ်ကြည့်ဖို့ သွားကြ၏။

ဆေးစစ်ခြင်းလုပ်ငန်းစဥ်က တစ်မနက်ခင်းတည်းဖြင့်မပြီးနိုင်ပါ။ ထို့ကြောင့် လင်းဝေ့တို့လည်း ကလေးနှစ်ယောက်ကိုပြန်သွားခေါ်ကာ ပြည်နယ်စားသောက်ဆိုင်ကို နေ့လည်စာစားရန် ချီတက်ကြ၏။

သူတို့အမေ လင်းဝေ့ နေမကောင်းဘူး ဆိုသည့်အကြောင်း ကြိုပြောထား၍ ကလေးနှစ်ယောက်သည်လည်း လိမ္မာနေကြ၏။ ပြည်နယ်စားသောက်ဆိုင်ကိုသွားရာလမ်းတွင်လည်း ကလေးနှစ်ယောက်ကို လင်းဝေ့နား အရမ်းမကပ်စေပဲ လိုက်ကာကွယ်နေ၏။

လင်းဝေ့လည်း ကျုံးရှောက်၏ အဖြစ်ကို ကြည့်ကာ ငိုရခက် ရယ်ရခက်ဖြစ်သွား၏။ "အဖြေတောင် သေချာမသိရသေးတာ။ စိတ်လှုပ်ရှားနေပြီလား"

"စိတ်လှုပ်ရှားတယ် ကိုယ်ဘယ်တုန်းက စိတ်လှုပ်ရှားလို့လဲ"

ကျုံးရှောက်က ငြင်းချက်ထုတ်ကာ သူ့သားနှစ်ယောက်က်ို အပြစ်တင်လိုက်၏။

"မင်မင်က ခုန်ပေါက်ပြေးလွှားနေလို့ မင်းကို လာခိုက်မိမှာစိုးလို့ပါ"

ညနေခင်းရောက်တော့ စစ်ဆေးရုံ၏ သားဖွားမီးယပ်ဌာနကနေ ဆေးစစ်ချက် ရလဒ်ထွက်လာ၏။ ဆေးစစ်ချက်ရလဒ်ကို ဆရာဝန်ကပြောပြနေစဥ် လင်းဝေ့သည် သူမဘေးမှာ ထိုင်နေသည့် စိတ်လှုပ်ရှား၍ တောင့်တင်းနေသော ကျုံးရှောက်ကိုကြည့်ကာ စိတ်ထဲမှာ တွေးလိုက်၏။

စိတ်မလှုပ်ရှားဘူးဆို ဟိဟိ!!!

"ဂုဏ်ယူပါတယ်"

ဆရာဝန်၏ အသံကိုကြားလိုက်ရသည်နှင့် ကျုံးရှောက် ထိန်းထားသည့်သက်ပြင်းရှည်ကြီးကိုချကာ အလျင်စလို မေးလိုက်၏။

"ကိုယ်ဝန်ရှိတယ်ဆိုတဲ့ သဘောလား"

"ဟုတ်တာပေါ့ ကိုယ်ဝန်က တစ်လခွဲတောင် ရှိနေပါပြီရှင်" ဟု ဒေါက်တာကောင်းက ပြုံးကာပြောလိုက်၏။

စစ်ဆေးရုံမှာ တာဝန်ကျသည့် ဆရာဝန်များသည် စစ်ဆေးဆရာဝန်များဖြစ်ကြကာ မိသားစုအိမ်ရာဝန်းထဲမှာပဲ အတူနေကြ၏။ သို့သော် ဒေါက်တာကောင်း၏ အိမ်ကတော့ အိမ်ရာတိုက်တန်းအသစ်၏ တစ်ဖက်မှာဖြစ်ကာ အလုပ်လည်း အမြဲရှုပ်နေ၍ သူအိမ်နှင့်ဝေးသည့် အိမ်ရာတိုက်တန်းမှာနေသည့် အရာရှိဇနီးသည်များနှင့် အပြောအဆို အဆက်အဆံ သိပ်မရှိပါ။

အဆက်အဆံ သိပ်မရှိသော်လည်း ရံဖန်ရံခါ အလုပ်ဆင်း၍ လမ်းမှာတွေ့ကြသည့်အခါမျိုးတွင်တော့ ပြုံးပြနှုတ်ဆက်ကြလေ့ရှိပါ၏။ ထို့ကြောင့် လင်းဝေ့နှင့် ဒေါက်တာကောင်းသည် မရင်းနှီးသည် လည်း မဟုတ် ရင်းနှီးသည်လည်း မဟုတ်သည့် အခြေအနေဖြစ်၏။

အခုလက်ရှိ ကျုံးရှောက်၏ ပုံစံက တည်တံ့နေကာ ဆရာဝန်ပြောသည်ကို သေချာအာရုံစိုက်နေရ၍ မျက်ခုံးများပင် တွန့်နေ၏။ ထို့အပြင် ကျုံးရှောက် ပြန်မေးသည့်မေးခွန်းများကလည်း ကြောင်တောင်တောင်မေးခွန်းများဖြစ်နေ၍ ဒေါက်တာကောင်းကပင် ရယ်မောလိုက်၏။

"ရဲဘော်ကျုံး ဒါက ရှင့်ရဲ့ ပထမဆုံးကလေးမှ မဟုတ်တာ။ အမွှာနှစ်ယောက်လည်း ရှ်ိပြီးသားကို ဘာလို့ အာ့လောက် စိတ်လှုပ်ရှားနေရတာလဲ"

" ကျွန်တော့အမျိုးသမီးဝေ့ဝေ့ အမွှာ နှစ်ယောက် ကိုယ်ဝန်တုန်းက သူက သူ့ဇာတိမှာလေ။ ကျွန်တော်က တပ်ထဲမှာဆိုတော့ ကျွန်တော့အမျိုးသမီးဆီက စာရောက်မှ ကျွန်တော်သိရတာ" ဟု ကျုံးရှောက်က ပြောလိုက်ကာ လင်းဝေ့၏ လက်က်ို နွေးထွေးစွာ ကိုင်လိုက်၏။

ဤကဲ့သို့အဖြစ်များက စစ်မှုထမ်းဝန်ထမ်းမိသားစုတိုင်းကြုံခဲ့ရပါ၏။ ကလေး ၄ ယောက်လုံး မွေးခဲ့တာတောင် မီးဖွားချိန်တိုင်း တစ်ခါမျှ သူတို့ယောကျာ်း ဘေးနားမှာမရှိနိုင်သည့် မိသားစုပင် ရှိသေး၏။

လင်းဝေ့လည်း ကျုံးရှောက်၏ လက်ကို ပြန်အုပ်ကာ ကိုင်လိုက်ကာ သူမ သိလိုသည်များကို ဒေါက်တာကောင်းအားမေးလိုက်၏။

"ဒေါက်တာကောင်း ဒီတစ်ခေါက်ကိုယ်ဝန်က အမွှာလား တစ်ဦးတည်းပဲလားဆိုတာ ပြောပြလို့ရမလားရှင့်"

"စမ်းသပ်မှုအရတော့ တစ်ဦးတည်းပဲ။"

ဒေါက်တာကောင်းလည်း လင်းဝေ့သည် အမွှာမွေးဖူးသူဖြစ်၍ ဤကိုယ်ဝန်ကို အမွှာဖြစ်ရန်မျှော်လင့်၍ မေးမှန်းသိကာ ထပ်ပြောလိုက်၏။

" ဒါပေမယ့် အခုက ကိုယ်ဝန် တစ်လခွဲပဲရှိသေးတာဆိုတော့ ဆေးစစ်ချက်တွေက သိပ်မတိကျသေးဘူး။ လတိုင်း လတိုင်း လာစစ်ဆေးကြည့်မယ် ဆိုရင်တော့ တိတိကျကျသိရတာပေါ့"

လင်းဝေ့ အမွှာနှစ်ယောက်ကို ကိုယ်ဝန်လွယ်တုန်းက အလွန်ငယ်သေး၍ ကိုယ်ဝန်ရှိနေမှန်းလည်း မသိခဲ့ပေ။ ရာသီလာခြင်းဖြစ်စဥ်ကလည်း မလာတာကြာပြီဖြစ်ရာ နောက်ကျသည်ဟုသာ ထင်ခဲ့၏။ ထိုစဥ်က လင်းဝေ့၏ ရာသီစက်ဝန်းကလည်း နောက်ကျတတ်၏။ အမေလင်းက မေးကြည့်တော့မှ လင်းဝေ့က ပုံမှန်ဟုသာ ထင်ကြောင်းပြောတော့ နှစ်ဥိီးသားဆေးရုံသွားစစ်ဆေးကြည့်ရာ ကိုယ်ဝန်က သုံးလပင် ရှိနေပြီဖြစ်၏။

ထို့ကြောင့် အမေလင်းက လင်းဝေ့ကို ကိုယ့်ခန္ဓာကိုယ်ကို သတိမထားပဲ နမော်နမဲ့ နေရသလားဟု ဆူလေတော့၏။အမေလင်းကလည်း ကိုယ်ဝန်ရှိမှန်း မသိ၍ ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်မှာ စိုး၍ ဖြစ်၏။

ထို့ကြောင့် လင်းဝေ့လည်း ယခုကိုယ်ဝန်က ဘယ်အချိန်ရောက်မှ အမွှာ ဟုတ်မဟုတ် တိတိကျကျသိရမယ်မှန်း မသိ၍ ဆရာဝန်၏ စကားကိုကြားသောအခါ " ဒါဆို နောက် လလောက်မှ တိတိကျကျ သိနိုင်မှာ ပေါ့နော် ဒေါက်တာ" ဟု သေချာအောင် မေးလိုက်လေ၏။

"ဟုတ်တယ် နောက်လ ကုန်လောက်ထိ မစောင့်နိူင်ရင် ဒီလကုန်လောက် ထပ်လာစစ်လိုက်လေ။ အာ့အချိန်ဆို သန္ဓေသားကလည်း တည်ငြိမ်နေပြီဆိုတော့ တိတိကျကျ သိနိုင်လောက်ပါပြီ။ အမှန်တော့ သုံးလနောက်ပိုင်းမှ ပိုပြီး တိတိကျကျသိနိုင်တာပါ။ တစ်လတစ်ခါလောက် လာစစ်နိုင်ရင်တော့အကောင်းဆုံးပေါ့ရှင်"

ဒေါက်တာကောင်းလည်း လင်းဝေ့နှင့် ကျုံးရှောက်ကို မျှော်လင့်ချက်များ မပေးလို၍ ထိုကဲ့သို့ အကြံပေးလိုက်၏။

ဒေါက်တာကောင်းသည် သူမ၏ လုပ်သက် ဆယ်နှစ်အတွင်း ကိုယ်ဝန်သည် အမျိုးသမီးအများစု က ဆေးရုံမှာ လာမမွေးကြပဲ လက်သည်နှင့်သာ မွေးကြသည်များကို အတွေ့များ၏။

လွန်ခဲ့သည့် လကပင် ထိုကဲ့သို့အဖြစ်မျိုး ကြုံရသေး၏။ အမျိုးသမီးငယ်တစ်ဦး ကိုယ်ဝန်ကနဦးကာလတွင် ဆေးရုံကို လာရောက်စစ်ဆေးရာ သူမ၏ ကိုယ်ဝန်က အခြေအနေမကောင်း၍ ဆေးရုံတက်ရန်အကြံပေးရာ သူမက မတက်ချင်ခဲ့ပေ။

ဆေးရုံတက်ချင်သော်လည်း ပေးရန် ဆေးရုံစရိတ်ကလည်း မရှိဖြစ်နေ၏။ ထို့အပြင် သူမပတ်ဝန်းကျင်ရှိ လူများကလည်း ဆရာဝန်တွေကို မကောင်းပြောကာ ဆေးယူပြီး အိမ်မှာပြန်နေရန်သာ ပြောခဲ့၍ သူမကလည်း ထိုသို့သာပြုလုပ်လို၏။

အတွေ့အကြုံရှိ ဆရာဝန်တစ်ယောက်အနေဖြင့် ထိုမိန်းကလေးကို စည်းရုံး၍ မရနိုင်တော့မှန်း ဒေါက်တာကောင်းသိ၏။ ထို့ကြောင့် လိုအပ်သည့်ဆေးများကိုပေးလိုက်ပြီး နောက် တစ်လတစ်ခါ ဆေးရုံကို ထပ်လာရန် နေထိုင်မကောင်းဖြစ်ပါက ဆေးရုံကို ချက်ချင်းလာရန် အမျိုးသမီးငယ် အား ထပ်ဆောင်းမှာလိုက်၏။

ထိုအမျိုးသမီးငယ် ထပ်မရောက်လာခဲ့ပါ။ လအတော်ကြာသည်အထိ ထိုအမျိုးသမီး ဆေးရုံကို ထပ်မလာခဲ့ပါ။ နောက်တစ်ခေါက် သူမကို တွေ့ရချိန်မှာတော့ သွေးထွက်လွန်၍ ဆေးရုံကို ရောက်လာချိန် တွင် ဖြစ်၏။ ထိုအချိန်မှာ သူမ၏ ကလေးကို ဆုံးရှုံးရရုံသာမက နောက်ထပ် ကိုယ်ဝန်ထပ်ရရန်လည်း ခက်ခဲသွားပြီဖြစ်၏။

မတော်တဆမှု ဖြစ်ခဲ့သည့် ထိုအမျိုးသမီးငယ်သည် အနီးအနားရှိ တပ်စုများမှ ဖြစ်သော်လည်း ပတ်ဝန်းကျင်တွင် အရေးပေါ် ဆေးပေးခန်းများ မရှိကာ လက်သည်ကိုသာ အားကိုးပြီးမွေးခဲ့၍ နားလည်တတ်ကျွမ်းသည့်ဆရာဝန်နှင့် မွေးရမယ်မှန်း မသိခဲ့ပါ။

ခရိုင်မြို့မှာ ရှိသည့်အမျိုးသမီးများသာမက မိသားစုအိမ်ရာမှာ နေသည့်အမျိုးသမီးများပင်လျင် ဆေးရုံကို ကလေးမွေးမှသာ ရောက်လာကြပြီး လစဥ် လတိုင်း ကိုယ်ဝန် စမ်းသပ်စစ်ဆေးခြင်းမလုပ်ကြပါ။

ထို့ကြောင့် ကိုယ်ဝန်သည်တိုင်းကို လတိုင်း ဆေးရုံလာကာ ကိုယ်ဝန်လာပြရန် အသိပညာပေးရလေ့ရှိ၏။

လင်းဝေ့လည်း အမွှာနှစ်ယောက်ကို ကိုယ်ဝန်ဆောင်စဥ်က လစဥ် စမ်းသပ်စစ်ဆေးမှု မလုပ်ခဲ့ပါ။ ပထမတစ်ကြိမ်ပြပြီး နောက်ခြောက်လာကြာမှ တစ်ခေါက် ထပ်သွားပြပြီး မွေးမှသာ ဆေးရုံကိုတစ်ခေါက်သွားခဲ့၏။

အမှန်တော့ အမေလင်းကလည်း လင်းဝေ့ကို လစဥ် ဆေးရုံကို ကိုယ်ဝန်ပြရန် သတိပေးခဲ့၏။ အမေလင်းကလည်း အလုပ်မအားမလပ်၍ လင်းဝေ့ဆီ အမြဲတမ်း မလာနိုင် ကျုံးရှောက်လည်း လင်းဝေ့ အနီးမှာ မရှိ၍ လင်းဝေ့ မတော် တဆဖြစ်မှာ အမြဲ စိုးရိမ်နေခဲ့၏။

ထို့ကြောင့် အမေလင်း မှာခဲ့သည့်အတိုင်း လင်းဝေ့က တစ်လ တစ်ခါ ဆေးရုံသွားမပြနိုင်ခဲ့ပါ။ နောက်တစ်ခေါက် လင်းဝေ့ ဆေးရုံ သွားမပြနိုင်ခင်မှာပဲ လင်းဝေ့၏ ဗိုက်နာလာခဲ့၏။

ကံကောင်းသွားသည်က ထိုနေ့သည် ရုံးပိတ်ရက်နေ့ဖြစ်ပြီး လင်းဝေ့၏ ယောက္ခမကြီးနှင့် အမေလင်းလည်း အတူရှိနေကာ ချည်မျှင်စက်ရုံရှိ လူများလည်း အားလပ်နေကြ၏။ ထို့ကြောင့် သုံးဘီး ကို ငှားရမ်းကာ လင်းဝေ့ကို ဆေးရုံ အချိန်မှီ ပို့နိုင်ခဲ့ပြီး ကောင်းကောင်းမွန်မွန် မီးဖွားနိုင်ခဲ့၏။

ထို့ကြောင့် လင်းဝေ့၏ အရင် ကိုယ်ဝန်တုန်းက ဆေးရုံက်ို လတိုင်း လာရောက်မပြခဲ့သော်လည်း ယခုကိုယ်ဝန်ကို တော့ သူမ မက်ခဲ့သည့် အိပ်မက် မကောင်းခဲ့၍ ဆရာဝန်၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်၏။

"ဟုတ်ကဲ့ ရှင့် ကျွန်မ နောက်လရောက်ရင် ကိုယ်ဝန်ကို လာပြပါ့မယ်"

လင်းဝေ့၏ စကားကိုကြားလိုက်ရ၍ ဒေါက်တာကောင်းလည်း ပြုံးရွှင်သွားမိ၏။

All Chapters