← Chapters

Chapter 144

Vol. 11 Ch. 144

Chapter 144

Vol. 11 Ch. 144

ရွေ့ရွေ့ကတော့ ညီမလေး လိုချင်သော်လည်း မင်မင်ကတော့ သူ့အမေဗိုက်အထဲကကို ညီလေးဖြစ်ဖြစ် ညိီမလေးဖြစ်ဖြစ် အဆင်ပြေပါ၏။ အထူးသီးသန့်ဖြစ်စေလိုသည့်အရာမရှိပါ။

အမှန်တော့ မင်မင်က ညီလေး လိုချင်တာဖြစ်သည်။

သို့သော် ထိုမွေးလာမည့် ညီလေးနှင့်အတူ ဆော့ဖို့၃-၄ နှစ်လောက်ကြာဦးမည်ဖြစ်၏။ ထို့အပြင် သူ့မှာ အတူဆော့မည့် ညီလေး ရွေ့ရွေ့ နှင့် သူငယ်ချင်းရှောင်းရှီးရှီး လည်း ရှိပြီးသားဖြစ်၍ လင်းဝေ့ ဗိုက်ထဲက ကလေးကို သိပ်စိတ်မဝင်စားတော့ချေ။

သူ့အဖေကျုံးရှောက်က မှာကြားထား၍ သူ့အမေ လင်းဝေ့နား မကပ်ရဲဖြစ်နေရှာ၏။ သူ့အမေ နား မတော်တဆ ရောက်သွားလျင်ပင် ချက်ချင်းဘေးကို ရှောင်သွားတတ်၏။ ထိုအပြုအမူကို တွေ့သည့်လူကြီးတွေက ရီနေမိ၏။

မင်မင်က သူ့အမေ နား ကပ်လာမိလိုက် နောက် အလျင်အမြန် ပြန်ခွာလိုက်လုပ်နေ၍ လင်းဝေ့ကပြောလိုက်၏။

"သားအာ့လောက်ကြီး ဂရုစိုက်စရာမလိုပါဘူး"

"ဘာလဲ မေမေ" မင်မင်က ကြောင်တောင်တောင် လေး ပြန်မေးလိုက်၏။

"မေမေ ပြောချင်တာက မေ့မေ့ကို ထိကိုင်ရမှာ မကြောက်ပါနဲ့။ သားမေ့မေ့ကို ဖက်ချင်ရင် ဖက်လို့ရပါတယ်။ ပြေးပြီး ဖက်တာမျိုးပဲ အားနဲ့ ဖက်တာမျိုး လုပ်လို့မရတာပါ။ သာသာလေး ဖက်လို့ရပါတယ်"

မင်မင်လည်း သူ့အမေ ပြောတာကို နားလည်သွား၏။

"မေမေ ပြောချင်တာက သားမေ့မေ့ကို ဒီလိုလေး ဖက်လို့ ရတယ် ဒီလို ဖက်လို့မရဘူး ဟုတ်တယ်မလား"

မင်မင်သည် လင်းဝေ့ထံ အသာအယာ လျှောက်လာကာ ဖက်ဟန် ပြလိုက်ပြီး နောက် သုံးလေး လှမ်း နောက်ဆုတ်ကာ ပြေးဖက်ဟန် ပြန်ပြလိုက်သည်။ သို့သော် အမှန်တစ်ကယ်တော့ ပြေး မဖက်ခဲ့ပါ။

လင်းဝေ့လည်း သူ့သား သရုပ်ပြသည်ကို ကြည့်ကာ ခေါင်းငြိမ့်ရင်း ချိီးကျူးလိုက်၏။ "ဟုတ်တယ် သားလေးက တော်လိုက်တာ"

မင်မင်က သူ့အမေ ချီးကျူးတာ ခံလိုက်ရ၍ ဂုဏ်ယူသွား၏။ နောက်လင်းဝေ့ ဘေးနားကပ်ထိုင်ကာ လင်းဝေ့ လက်မောင်းကို ဖက်ရင်း ပြောလိုက်၏။ "ဖေဖေက အစကတည်းက ရှင်းရှင်းလင်းလင်းမှ မပြောပြတာ မဟုတ်ရင် သားက နားလည်တာ ကြာလှပေါ့"

"ဟုတ်ပါ့ သားဖေဖေကလည်း ရှင်းရှင်း လင်းလင်း မပြောဘူး" ဟု လင်းဝေ့က သံယောင် လိုက်လိုက်၏။

ကျုံးရှောက် တစ်ယောက် ပန်းကန်ဆေးပြီး အိမ်ထဲ ပြန်ဝင်လာတော့ သားအမိနှစ်ယောက် ဖက်ကာ သူ့မကောင်းကြောင်း ပြောနေကြသည်ကို ကြားလိုက်ရ၏။ ပိုဆိုးတာက သူဝင်လာတာကိုတွေ့တော့ စောနက သူ့အတင်းတုတ်တာ သူတို့မဟုတ်ကြသည့်အတိုင်း မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်နှင့် အပြစ်ကင်းသယောင် ဟန်ဆောင်နေကြ၏။

ကျုံးရှောက် - "…" ဘာမျှ မပြောလိုတော့ပေ။

ကျုံးရှောက် တိတ်ဆိတ်နေတာကို တွေ့တော့ သားအမိနှစ်ယောက် ဖက်ကာ တစ်ခစ်ခစ် ရယ်မောနေကြပြန်၏။

ကျုံးရှောက်လည်း သူတို့ကို ဂရုစိုက်မနေတော့ပဲ ရေချိုးခန်းထဲ ဝင်ကာ ရေနွေးစပ်နေလိုက်၏။ နောက် ကလေး နှစ်ယောက်က်ို ရေချိုခန်း ဝင်ခိုင်းလိုက်ကာ သူတို့အဝတ်များလျှော်ရန် စုစည်းလိုက်၏။

ကလေးနှစ်ယောက်က ကြီး လာပြီ ဖြစ်သော်လည်း မိသားစု အသုံးစရိတ်ကို ကန့်သတ်ထား၍ တစ်နှစ်လုံးမှာ အဝတ်အစားသုံးစုံကိုသာ ပြန်လည် လျှော်ဖွတ်ပြီး လှည့်ဝတ်စေ၏။

သို့သော် ကျုံးရှောက်ကတော့ ကလေး နှစ်ယောက် အဝတ်အစားအပြင် သူ၏ စစ်တပ်ယူနီဖောင်းနှင့် လင်းဝေ့၏ အဝတ်များကိုလည်း လျှော်ရ၏။

အဝတ်များကို လျှော်ပြီးနောက် ချက်ချင်း မီးဖိုချောင်အပေါ်တက်ကာမလှန်းပဲ အောက်အထပ်မှာ ခဏထားလိုက်၏။ "ကိုယ်တို့အိမ်မှာ အဝတ်လှန်း ကြိုးရှိသေးလား"

"ကြိုးက ဘာလုပ်မလို့လဲ"ဟု လင်းဝေ့က ငှက်ပျော်သီးစားရင်းမေး လိုက်၏။

"ကိုယ် အောက်မှာ လည်း ကြိုးတန်း ထားလိုက်မလို့လေ။ ဒါဆို ကိုယ် မရှိတဲ့အခါကျရင် အဝတ်လှန်းဖို့ အတွက် မင်း အပေါ်က်ို တက်စရာ မလိုတော့ဘူးလေ"

လင်းဝေ့တို့အိမ်မှာက အဝတ်လှန်းကြိုးကို မီးဖိုချောင် အပေါ်ထပ်မှာ သွယ်တန်းထား၏။ မီးဖိုချောင် အပေါ်ထပ်ကို တက်ဖို့ လှေကားလုပ်ထားသော်လည်း နေပူသည့်ရက်များမှာပဲ အဆင်ပြေပြီး မိုးရွာလျင် လှေကားနင်းပြားများချော် အဆင်မပြေပါ။ ထို့ကြောင့် ကျုံးရှောက်က သူ မရှိသည့်အချိန်တွင် လင်းဝေ့ တစ်ခုခုဖြစ်မည်ကို စိုးရိမ်၏။

ကျုံးရှောက်က ထိုသို့ပြောလိုက်တော့ လင်းဝေ့လည်း အိမ်မှာ ကြိုးရှိသေးလား စဥ်းစားလိုက်၏။ "အရင်ကတော့ ဝယ်ထားသေးတယ် ဘယ်မှာ ထားမိလဲ မသိတော့ဘူး ရှာကြည့်လိုက်ဦးမယ်"ဟုပြောကာ လင်းဝေ့သည် ဘီဒို အံဆွဲတွေထဲ လှန်လှောကာ ရှာလေတော့၏။

ဧည့်ခန်း ထဲရှိ ဘီဒို အံဆွဲထဲ လှန်လှောကာ ရှာဖွေသော်လည်း ကြိုးကို မတွေ့ပါ။ ကျုံးရှောက်က မီးဖိုချောင်ထဲ သွားရှာသော်လည်း မတွေ့ပါ။ "မင်းဝယ်ထားတယ် ဆိုတာ သေချာရဲ့လား"

"အရင်ကတော့ ဝယ်ထားတာ သေချာတယ်။ အခုတော့ ……မသေချာတော့ဘူး"

" ဒါဆိုလည်း ကိုယ် စျေးမှာ သွားဝယ်လိုက်မယ်"

လင်းဝေ့လည်း ခွါလက်စ ငှက်ပျော်သီးကို ချကာ ပြောလိုက်၏။ "ကျွန်မ သွားလိုက်မယ် ရှင် ကလေးတွေ ရေချိုးတာ စောင့်ပေးရဦးမှာ"

ကျုံးရှောက်က လက် ကာပြကာ တားလိုက်၏။

" မင်းမသွားနဲ့ ကိုယ် သူတို့ကို အမြန် ချိုးခိုင်းလိုက်မယ်" ဟု ပြောကာ ရေချိုးခန်းထဲက ကလေးနှစ်ယောက်ကို လောဆော်လိုက်၏။

"အခုထိ ရေချိုးလို့မပြီးသေးဘူးလား"

ချိုးလို့ မပြီးသေးသည့် သူ့သားနှစ်ယောက်ထဲက မင်မင်ကတော့ လက်ထဲ မှာ တစ်ဘက်တစ်ထည်ဖြင့် ဝေ့ရမ်းကာ ဆော့ကစားနေသည်။ ခန္ဓာကိုယ်က ရေပင်မစိုသေးပါ။ ရွေ့ရွေ့ကတော့ ခန္ဓာက်ိုယ်ကို ရေလောင်းပြီးပါပြီ။

ကျုံးရှောက် ရေချိုးခန်းထဲ ဝင်လာသည်ကို မြင်တော့ မင်မင်က ရေချိုးကန်ထဲက နေ အော်လိုက်၏။ "သားက အခုပဲ ချိုးတော့မလို့"

"ဒါ ဆိုလည်း အမြန်လုပ် မင်းတို့ကို သုံးမိနစ် အချိန်ပေးမယ်" ဟု ကျုံးရှောက် ရုပ်တည်ဖြင့် ပြောလိုက်တော့ မင်မင်က အော်ဟစ်ကာ တဘက်ကို ရေစွတ်ပြီး တစ်ကိုယ်လုံး အမြန်တိုက်လေ၏။ နောက် သူ့အဖေကို အချိန် ဖြည်းဖြည်း ရေတွက် ရန်မှာလိုက်သေး၏။

ရေ မြန်မြန်ချိုးရန် ပြောင်အောင်ချိုးရန် ကျုံးရှောက်က နှစ်ဝက်လောက် ရေချိုးတိုင်း အမြဲ မှာသော်လည်း သူ့ကလေးများက နားမထောင်ပေ။ အခုတော့ နာရီကို ကြည့်ကာ ရေတွက်ပြီး ၃မိနစ်ပြည့်တော့မည်ဖြစ်ကြောင်း သတ်ိပေးနေရ၏။

နောက်ဆုံး ၁၀ စက္ကန့်ရောက်တော့ ကျုံးရှောက်က နာရီကြည့်နေသည့် သူ့လက်ကို ချကာ နောက်ပြန်ရေတွက်လိုက်၏။ "တစ်ဆယ် ကိုးး ရှစ် ခုနှစ်…"

ကျုံးရှောက် ကျန်သေးသည့်စက္ကန့်များ ရေတွက်နေတုန်းမှာ တစ်ယောက်က ခေါင်းပင် လျှော်မပြီးသေးချေ။ နောက်တစ်ဦးကတော့ ဆပ်ပြာတိုက်နေတုန်းဖြစ်၏။ အိမ်ထဲက လင်းဝေ့ကတော့ ပါးစပ်အဟောင်းသားဖြင့်ကြည့်နေ၏။

ကျုံးရှောက်ကတော့ မအံ့သြပါ။ အချိန်ပြည့်သွားသည်နှင့် ရေသုတ်တဘက်ကိုယူကာ "ထွက်လာတော့" ဟု ပြောလိုက်၏။

မင်မင်ကတော့ ခန္ဓာကိုယ်ကို ရေလောင်းနေဆဲဖြစ်ပြီး ရွေ့ရွေ့က သူ့အဖေပေးသည့် တဘက်ကိုယူကာ သုတ်လိုက်၏။

နောက်ဆုံးတော့ ကျုံးရှောက်၏ လောဆော်မှုအောက်မှာ ကလေးနှစ်ယောက်သည် ဆယ်မိနစ်အတွင်း ရေမိုးချိုးကာ အဝတ်အစားလဲပြီးသွား၏။

ကလေး နှစ်ယောက် ရေမိုးချိုးပြီးတော့ ကျုံးရှောက်လည်း ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ကာ ထွက်လာပြီး လင်းဝေ့ကိုပြောလိုက်၏။

"ကိုယ် ကြိုးသွားဝယ်လိုက်ဦးမယ်။ ဝယ်ပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ်။ ရေချိုးခန်းထဲ မဝင်သေးနဲ့ဦးနော် အထဲမှာ ချော်မှာ စိုးလို့"

"ကျွန်မလည်း ရှင်နဲ့ လိုက်ခဲ့မယ်လေ" ဟု လင်းဝေ့က ထိုင်နေရာမှ ထကာ ပြောလိုက်၏။

"ရတယ် မလိုဘူး မလိုက်နဲ့ ကိုယ်အမြန်ပြန်လာခဲ့မယ်"ဟု ပြောကာ ကျုံးရှောက်သည် အံဆွဲထဲက ပိုက်ဆံနှင့် လက်မှတ်များယူကာ အပြင်ကို ပြေးထွက်သွား၏။

အမြန်ပြေးထွက်သွားသောကြောင့် တစ်ခဏအတွင်းမှာပင် ကျုံးရှောက်၏ မြင်ကွင်းပျောက်ကွယ်သွား၏။

လင်းဝေ့လည်း ဧည့်ခန်းထဲ ပြန်လာတော့ သူ့သားနှစ်ယောက်က ငှက်ပျောသီးစားရန် အခွံခွာနေသည်ကို မြင်လိုက်ရသည်။

"သားတို့ တစ်ယောက် တစ်လုံးပဲ စားရမယ်နော်"

သူသတိမပေးလိုက်လို့ သူ့ကလေးတွေက ငှက်ပျောသီးအကုန်စားလိုက်ပြီး ညကြီး ဗိုက်အင့်နေမည်ကိုစိုး၍ဖြစ်၏။

"ဟုတ်ကဲ့ပါ မေမေ"

ညီအစ်က်ို နှစ်ယောက်လည်း သံပြိုင် အော်လိုက်ကြ၏။ မင်မင်ကတော့ အကျယ်ဆုံးဖြစ်၏။

……………

လင်းဝေ့က စျေးကိုတစ်ခါ လမ်းလျှောက် သွားလျင် ၇မိနစ် ၈မိနစ်ခန့် ကြာသော်လည်း ကျုံးရှောက်က ပြေးသွား၍ ၂မိနစ်ခန့်ဖြင့် ရောက်သွားလေ၏။

၇နာရီ ၄၆မိနစ် ရှိသော်လည်း စျေးကမပိတ်သေးပေ။သို့သော် ဝယ်သူများကတော့ မရှိတော့ချေ။ အရောင်းစာရေးများကသာ ပစ္စည်းများစစ်ဆေးနေ၏။ ထို့ကြောင့် ကျုံးရှောက် စျေးကို ဝင်လာသောအခါ ဘာလိုသလဲ လာမေးကြ၏။

ထိုအထဲမှ ကျောက်လီက ဦးဆုံးမေးသူဖြစ်၏။ "ဘာဝယ်ချင်လို့လဲ ဘာလို့အခုအချိန်မှ လာရတာလဲ"

"ကြိုးဝယ်ဖို့ အခုလေးမှ သတိရလိုက်လို့ပါ"

နေ့စဥ်သုံးကုန်မာ ပစ္စည်းအရောင်းကောင်တာက စာရေးကမေးလိုက်၏။ "ဘယ်လို ကြိုးမျိုး ဝယ်ချင်လို့လဲ.

"အဝတ်လှန်းဖို့ ကြိုးတုပ်တုပ်မျိုးပါ" ကျုံးရှောက်က ပြန်ဖြေလိုက်၏။

"အိမ်မှာ အဝတ်လှန်းကြိုး ရှိတယ်မလား။ ဘာလို့ ထပ်ဝယ်နေတာလဲ" ဟု ကျောက်လီက မေးလိုက်၏။

"အိမ်မှာ ရှိတဲ့ကြိုးက မီးဖိုချောင် အပေါ်ထပ်မှာ လုပ်ထားလို့ ဝေ့ဝေ့အတွက် စိတ်မချရဘူးလေ။ ဒါကြောင့် အောက်ထပ်မှာ အဝတ်လှန်းကြိုးတန်း ထပ်လုပ်မလို့ပါ။"ဟု ကျုံးရှောက်က ပြောရင်း အရောင်းစာရေး ထုတ်ပေးသည့် ကြိုးထဲပ အတုပ်ဆုံး ကြိုးကို ကောက်ယူလိုက်သည်။

"ဒီ ထဲက ၅ မီတာ ဖြတ်ပေးပါ"

အရောင်းစာရေးလည်း အရင်ဆုံး ကျုံးရှောက်ပေးသည့်ပိုက်ဆံနှင့် စက်ရုံထုတ်ပစ္စည်း ကူပွန်လက်မှတ်များကို ယူကာ စစ်ဆေးလိုက်၏။ ကျုံးရှောက်ဝယ်သည့်နိုင်လွန်ကြိုးသည် စက်ရုံထုတ်ပစ္စည်း ကူပွန် လက်မှတ်ဖြင့်သာ ဝယ်၍ ရ၏။ လက်မှတ် ဘာပြဿနာမှ မရှိကြောင်းစစ်ဆေးပြီးမှ ကျုံးရှောက်လိုချင်သည့် အရှည်ကိုတိုင်းလိုက်၏။

တိုင်းတာပြီးသည့်နောက် ကတ်ကြေးဖြင့် ဖြတ်ကာ ကျုံးရှောက်ကို ပေးလိုက်၏။

ကျုံးရှောက်က ကြိုး ရပြီးသော်လည်း ချက်ချင်း ထွက်မသွားပဲ သစ်သီးကောင်တာရှိ ကျောက်လီဆီ သွားလိုက်၏။"အစ်မကျောက် အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ် ဘာဖြစ်လို့လဲ"ဟု ကျောက်လီက မေးလိုက်၏။

"ကျွန််တော် အစ်မကို မေးစရာလေး တစ်ခုရှိလို့ပါ"

ကျောက်လီလည်း အလေးအနက် ထားသည့်ရုပ်ဖြစ်သွားကာ အလုပ်ရှုပ်နေကြသည့် သူ့၏ လုပ်ဖော်ကိုင်ဖက်ကို ကြည့်ကာ ပြောလိုက်၏။ " ဒါဆို လည်း ခဏတော့စောင့်ပါဦး စာရင်းတွေ အပ်ပြီးရင် ပြောကြတာပေါ့"

"ဒါ ဆိုလည်း ကျွန်တော် အပြင်က စောင့်နေလိုက်ပါ့မယ်"

ကျောက်လီ လည်း ခေါင်းငြိမ့်လိုက်ပြီး စာရင်းများဆက်လုပ်နေလိုက်၏။ သို့သော် သူ့ဘေးနားက အရောင်းစာရေးတစ်ဦးက ကျောက်လီကိုမေးလာ၏။ "ဒုတပ်မှုးကျောက်က အစ်မကို ဘာလို့ ရှာတာတဲ့လဲ"

"ကျွန်မလည်း မသိသေးဘူး လင်းဝေ့အတွက်နေမှာပေါ့"

"လင်းဝေ့က ဘာဖြစ်လို့လဲ"

" သူတို့ဒီနေ့ ဆေးရုံသွားတယ် ဆိုတော့ အာ့တာကြောင့်ဖြစ်မယ် ထင်တယ်" ဟု ကျောက်လီက ပြောလိုက်ပြီး သူမ၏ စာရင်းကိုသာ ဆက်တွက်နေလိုက်၏။

၈နာရီလောက်မှာ စာရင်းအားလုံး တွက်ချက်ကာ အပ်ပြီးသွားတော့ ကျောက်လီတို့ အရောင်းစာရေးအဖွဲ့များ စျေးက ထွက်လာကြ၏။ ကျောက်လီကတော့ ကိစ္စရှိသေး၍ စျေးတံခါးသော့ခတ်ဖို့ကို တစ်ခြားသူတွေ ဆီ အပ်ခဲ့ပြီး ကျုံးရှောက်နှင့်အတူ ပြန်လာခဲ့၏။

ကျုံးရှောက်က တစ်ခုခုပြောလိုသည့်ပုံစံ မဟုတ်သည့်အတိုင်း အကြာကြီး အချိန်ဆွဲနေ၏။ စျေးကနေ ဝေးဝေးကိုရောက်မှ ဘေးမှာ လူဘယ်သူမှ မရှိဘူး ဆိုတာ သေချာမှ သူသိလို့သည်ကို မေးလေ၏။

"အစ်မကျောက်ကို မေးချင်တာက မနေ့ညနေက အစ်မနဲ့ လင်းဝေ့တို့ ဘာတွေ ပြောကြတာလဲ ဆိုတာ သိချင်လို့ပါ"

တစ်ကယ်ကြီးဟ။

ကျောက်လီလည်း သူမစိတ်ထဲ ထိုသို့တွေးလိုက်သော်လည်း ချက်ချင်းတော့ပြန်မဖြေပေ။ "ဘာဖြစ်လို့လဲ"

"အစ်မပြန်သွားပြီး ကျွန်တော် အိမ်ထဲဝင်လာတော့ ဝေ့ဝေ့က ငိုနေခဲ့တာ။ ကျွန်တော် ဘယ်လိုမေးမေး မပြောပြဘူး။ ဒါ့ကြောင့် အစ်မကို ဘာတွေပြောခဲ့ကြသလဲ ဆိုတာ မေးချင်လို့ပါ"

မနေ့က လင်းဝေ့သည် သူမစိတ်ကို အမြန်ပြန် ထိန်းချုပ်ကာ နောက်မှ အကြောင်းအရင်းကို ပြောပြမည်ဟု ကျုံးရှောက်ကိုပြောခဲ့သော်လည်း ကျုံးရှောက်ကတော့ စိုးရိမ်မှု မပျောက်ခဲ့ပါ။ လင်းဝေ့က အရမ်းဝမ်းနည်း နေသည့်အခြေအနေ ဖြစ်နေ၍ သူက အတင်း ထပ်မမေးခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် အခုစျေးမှာ ကျောက်လီကို တွေ့လိုက်ရစဥ် မနေ့ညက လင်းဝေ့နှင့် ပြောခဲ့သည့်အကြောင်းအရာများကိုသိလို၏။ ကျောက်လီကလည်း ပြောလိမ့်မည်မဟုတ်ဟု ခန့်မှန်း ထားသော်လည်း ဘာမှ မသိတာထက်စာရင် ပိုမကောင်းဘူးလား။

ကျောက်လီက ကျပ်တည်းသွား၏။ မနေ့က သူတို့ပြောခဲ့တဲ့အကြောင်းအရာက ကြီးကြီးမားမား မဟုတ်ပေ။ သို့သော် ကျုံးရှောက်ပြောပုံအရ ပြဿနာ ကြီးကြီးမားမားဖြစ်သွားသည့်ပုံရှိ၏။

သို့သော် ကျောက်လီလည်း ပြောပြသင့် မပြောပြသင့် မသိပေ။ ကျုံးရှောက်က သူမဆီ လင်းဝေ့မသိပဲ လာမေးနေ၏။ သူမသာ ကောင်းကောင်း အဖြေ မပေးနိုင်လျင် လင်မယားနှစ်ယောက်ကြား သွေးထိုးသလိုဖြစ်ကာ လင်မယားနှစ်ယောက် ရန်ဖြစ်ကြမည်ကို စိုး၏။ ဒါဆိုရင် သူမ အပြစ် ဖြစ်သွားနိုင်၏။

"လင်းဝေ့က ဘာလို့ ငိုတာ လဲ ဆိုတာ မပြောပြဘူးလား" ဟု ကျောက်လီက မေးလိုက်၏။

ကျုံးရှောက် ခေါင်းခါလိုက်သည်။ "သူ့စဥ်းစားလိုက်ဦးမယ်တဲ့ နောက်မှ ပြောပြမယ်လို့ပြောတယ်"

"သူ တစ်ကယ် အာ့လိုပြောတာလား" ကျောက်လီက ကျုံးရှောက် ညာပြောနေမည်ကို စိုးရိမ်၏။

"အစ်မ မယုံရင် လည်း လင်းဝေ့ကို မေးကြည့်လို့ရပါတယ်"

သူနှင့် လင်းဝေ့က ရင်းနှီးကြသည် ဆိုသော်လည်း ဘယ် လိုပဲဖြစ်ဖြစ် သူမက အပြင် လူလေ။ ဘယ်လို လုပ်သွားမေးလို့အဆင်ပြေမှာလဲ။

သို့သော် ကျုံးရှောက် မေးသည့်မေးခွန်းအရ သူဘာကို သိလိုမှန်း နည်းနည်း တော့မှန်းဆမိပါ၏။ ထို့ကြောင့် တစ်ခဏလောက်ကြာမှ ပြောလိုက်၏။

"တစ်ကယ်တော့ ကျွန်မတို့ကြီးကြီးမားမားအကြောင်းအရာ ဘာမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ပြန်မယ် ဆိုတော့ လင်းဝေ့က လိုက်ပို့ရင်း အပြင်ရောက်တော့ ဘယ်အိမ်က ငါးဟင်းလျက်လဲ မသိဘူး။ငါးဟင်းအနံ့တွေ အပြင်မှာ ပျံ့နေတာပဲ။ လင်းဝေ့လည်း အာ့အနံ့ရတော့ မအီမသာ ဖြစ်လာတယ်။ ဒါနဲ့ ကျွန်မလည်း မေးလိုက်တယ်"

"အစ်မ ဘာမေးလိုက်တာလဲ"

"ကျွန်မ ဘာဖြစ်တာလဲ မေးတော့ သူ့ဗိုက်နေလို့မကောင်းဘူးတဲ့။ ဗိုက် မအိမသာဖြစ်တာကော ဟုတ်ရဲ့လားလို့ ကျွန်မက မေးလိုက်တယ်။ ကျွန်မ က ကိုယ်ဝန်လို့ ထင်လိုက်တာလေ။ အာ့အချိန်မှာ ဝေ့ဝေ့မျက်နှာက ပုံမှန် မဟုတ်တော့ဘူး။ ဝေ့ဝေ့က မဖြစ်နိုင်ဘူး ပြောတော့ ကျွန်မ က ရက်တွေ တွက်ကြည့်ဖို့ပြောလိုက်တယ်နောက်တော့……"

"နောက်တော့ ဝေ့ဝေ့က ဘာဖြစ်သွားတာလဲ"

"ဝေ့ဝေ့မျက်နှာ ဖြူဖတ်သွားတယ်"

အမှန်တော့ မနေ့ညက ကိုယ်ဝန်အကြောင်းပြောတော့ ဝေ့ဝေ့ ဘာလို့ ဖြူဖတ်သွားလဲ ဆိုတာ သူမလည်း မသိပေ။ သို့သော် သူမထင်သည့် အချက်ကို ပြောလိုက်၏။

"ကျွန်မ အထင်တော့ လင်းဝေ့က ရှော့ရ သွားတယ် ထင်တယ်။ ရုတ်တရက်ဆိုတော့ မျက်နှာ အမူအရာကိုတောင် မဖုံးနိုင်တော့ဘူး။ ဘယ်လိုပြောရမလဲ အပျော်လွန်ပြီး လန့်သွားတာမျိုးပေါ့"

ထိုစဥ်က လင်းဝေ့သည် ပျော်ရွှင်၍ ငိုကြွေးသည်ထက် ဝမ်းနည်း၍ ငိုကြွေးနေမှန်း ကျုံးရှောက် ခံစားရ၏။ သို့သော် ကျောက်လီကိုတော့ ရှင်းပြမနေတော့ပဲ သူ့စကားကိုသာ ထောက်ခံလိုက်၏။

"အာ့လိုပဲ ဖြစ်မှာပါ"

ထိုအချိန်က မှောင်နေပြီဖြစ်ပြီး လမ်းမီးများလည်း မရှိ၍ အေးမြသည့် အလင်းရောင်သာရှိ၏။ ထို့ကြောင့် ကျောက်လီသည် ကျုံးရှောက်၏ မျက်နှာ အမူအရာကို သေချာ မမြင်ရပါ။ ထို့အပြင် ကျုံးရှောက်ကလည်း အမြဲတမ်း ရုပ်တည်နေသူဖြစ်၍ နေ့ခင်းမှာတောင် သူ့ခံစားချက်ကို မျက်နှာကြည့်ကာ မှန်းရခက်၏။

ကျောက်လီလည်း ကျုံးရှောက် မျက်နှာကို သေချာမမြင်ရ၍ ကျုံးရှောက် ဘယ်လိုတွေးနေလဲ မခန့်မှန်းတော့ပဲ သူမပြောတာကို ထောက်ခံပေးသည်နှင့် ကျောက်လီလည်းပြုံးကာ ပြန်ပြောလိုက်၏။

"ဟုတ်တယ် မနေ့က ဝေ့ဝေ့က အပျော်လွန်လို့ပဲ ဖြစ်ရမယ်။ ဒီနေ့လည်း ပျော်နေလောက်တယ်။ ဒါနဲ့ ဝေ့ဝေ့က အမွှာကိုယ်ဝန်လား တစ်ဦး ကိုယ်ဝန်လား"

"ဒီနေ့ စစ်ဆေးချက်က သိပ်မသေချာသေးဘူးတဲ့။ ဆရာဝန်ကတော့ နောက်လ ထပ်လာစစ်ရင် သေချာပြီလို့တော့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့လည်းနောက်လ ထပ်သွားစစ်မလို့ပါ"

"ဟုတ်လား။ အရင်တစ်ခေါက်က ဝေ့ဝေ့နဲ့ ကျွန်မတို့ စကားပြောကြတော့ ဝေ့ဝေ့က ကလေးထပ်ယူဖို့ စိတ်ကူးတော့ရှိရှာတယ်။ ဒါပေမယ့် အမွှာကိုယ်ဝန် ထပ်ဆောင်ရရင်တော့ ခန္ဓာကိုယ်အတွက် အန္တရာယ်များလို့ အရမ်းဂရုစိုက်ပေးရမယ်နော်"

ကျုံးရှောက်လည်း နေ့ခင်းတုန်းက ဆရာဝန်ကို မေးမြန်းနေသည့် လင်းဝေ့၏ မေးခွန်းများကိုပြန်စဥ်းစားမိလိုက်ကာ ခေါင်းငြိမ့်လိုက်၏။

"ဟုတ်တယ် ကျွန်တော်လည်း နောက်တစ်ခေါက် ထပ်စစ်ရင် တော့ တိတိကျကျ သိရဖို့မျှော်လင့်နေပါတယ်"

သူတို့နှစ်ယောက် လမ်းလျှောက်ရင်းစကားပြောလာရာ ခက်ရင်းခွပုံ လမ်းဆုံ လမ်းခွကိုပင် ရောက်လာပြီဖြစ်၏။ ကျုံးရှောက်လည်း သူသိလိုသည်များကို မေးမြန်းပြီးဖြစ်၍ ကျောက်လီကို ကျေးဇူးတင်စကားပြောကာ နှစ်ဦးသား ကိုယ့်အိမ်ရာ လမ်းကို ကိုယ်သွားလိုက်ကြ၏။

ကျုံးရှောက် အိမ်ပြန်ရောက်တော့ လင်းဝေ့နှင့် ကလေး နှစ်ယောက်က ဧည့်ခန်းထဲက ဆိုဖာထိုင်ခုံမှာ ထိုင်ပြီး စတော်ဘယ်ရီသီးစားနေကြ၏။ လင်းဝေ့က အသံကြား၍ လှည့်ကြည့်လိုက်ရာ ကျုံးရှောက်ကို တွေ့လိုက်ရ၏။

"ပြန်လာပြီလား"

လင်းဝေ့လည်း စားပွဲပေါ်က စတော်ဘယ်ရီသီးပန်းကန်ကို ကောက်ကိုင်ကာ ကျုံးရှောက်ကို မေးလိုက်၏။

"စတေယ်ဘယ်ရီသီးစားဦး"

ကျုံးရှောက်လည်း စားပွဲဆီ လျှောက်လာကာ စတော်ဘယ်ရီ သီးတစ်လုံး ပါးစပ်ထဲ ကောက်ထည့်လိုက်၏။

" ချိုတယ်နော်"

" ဒါပေါ့ ချိုမှာပေါ့ ဒီအသီးတွေက ကျွန်မကိုယ်တိုင် သေချာရွေးထားတဲ့ အသီးတွေပဲကို" ဟု လင်းဝေ့က ဂုဏ်ယူစွာပြောလိုက်ကာ ကျုံးရှောက်လက်ထဲက ကြိုးကို မြင်၍ စနောက်ကာ မေးလိုက်၏။

"ရှင် ကြိုးဝယ်ဖို့ စျေးကိုပြေးသွားတာ မလား။ ဘာလို့အာ့လောက်ကြာနေရတာလဲ။ ရှင် အမြန်ဆုံးပြေးတာကော ဟုတ်ရဲ့လား"

သူ့အမေက ပြေးသည့်အကြောင်း ပြောသံကိုကြား၍ မင်မင်က စတော်ဘယ်ရီသီးစား၍ နီရဲနေသောပါးစပ်ဖြင့် မော့ကြည့်ကာ ပြောလိုက်၏။"သားကတော့ အမြန်ဆုံးပြေးနိုင်တယ်"

"ဟုတ်ပါပြီ ယားကျိုကျွန်းပေါ်မှာ အပြေးအမြန်ဆုံးက အမေ့သား ပါပဲ" ဟု လင်းဝေ့က ပြောပြီး ကျုံးရှောက်ကို လှည့်ကြည့်လိုက်၏။

" ဒါကတော့ အပြေးအမြန်ဆုံးလူကလေး ရဲ့ဖေဖေပေါ့"

ရွေ့ရွေ့ကလည်း " ဒါဆို သားက ဘာလဲ" ဟု ဝင်မေးလိုက်၏။

" ငတုံးး" မင်မင်က မတ်တပ်ရပ်ကာ ရင်ကိုကော့ပြီး ပြောလိုက်၏။

"မင်းက ငါ့ညီလေးဆိုတော့ အပြေးအမြန်ဆုံး လူကလေးရဲ့ ညီလေး လေ"

လင်းဝေ့နှင့် ကျုံးရှောက် - "...……"

All Chapters