Chapter 145
Vol. 12 Ch. 145
လင်းဝေ့တစ်ယောက် သူမ ကိုယ်ဝန်ရှိသည်ဟု မသိခင်တုန်းက ပင်လယ်စာ ဟင်းအနံ့ရလျင် ပျို့ရုံသာရှိ၏။ ယခု ကိုယ်ဝန်ရှိမှန်း သိလိုက်ရတော့ အနံ့မခံ နိူင်ရုံမက ထိပင် မထိချင်တော့ပေ။
ထို့ကြောင့် ပင်လယ်စာလည်း ဝယ်မစားတော့ပေ။ ကျုံးရှောက်ကတော့ နားချိိန်များ နည်းသွား၏။ လင်းဝေ့က ထမင်းပဲ ချက်ပြီး ဟင်းများကို ကျုံးရှောက်ကသာ ချက်ပေး၏။ ဘာကြောင့် ဆိုတော့ လင်းဝေ့ ဟင်းချက်ပြီး လျင် အော့အန် မိနေ၍ဖြစ်၏။
ပြည်နယ် စားသောက်ဆိုင်မှာ ဟင်းမှာလျင်ပင် နှာခေါင်းကို ပ်ိတ်ထားရ၏။ ထို့ကြောင့် သူမ၏ ထမင်းဘူးကိုလည်း ကျုံးရှောက် တို့သုံးယောက်နှင့် မပေါင်းပဲ ခွဲ ထားရ၏။ လင်းဝေ့က ဝက် ကြက်၊ ငါးနှင့် ကြက်ဥသာစား၏။
သူတို့အမေ အဆင်မပြေ ဖြစ်နေသည်ကို မြင်ရတော့ မင်မင်နှင့်ရွေ့ရွေ့က သူတို့လည်း ပင်လယ်စာ မစားတော့ပဲ သူတို့အမေလိုပဲ လိုက်စားမည်ဟုပြောလာ၏။ လင်းဝေ့လည်း ပင်လယ်စာ လက်မှတ်များမရှိလျင်တော့ မစားခိုင်းပါ။ သို့သော် လက်မှတ်လည်း ရှိနေပြီး ကလေးတွေလည်း အဟာရပြည့်ဝရန် လိုအပ်၍ စားခိုင်းရ၏။
ကျုံးရှောက်က လင်းဝေ့ အဟာရ မပြည့်မည်ကိုသာစိုးရိမ်၏။ လင်းဝေ့ ကြက်ဥစား ၍ ရသည်ကို မြင်ရတော့အနီး အနား တပ်စုများက ကြက်မွေးသည့်မိသားစုများထံမှာ ကြက်ဥကို အမြဲဝယ် ထားရ၏။
ဤသို့ဖြင့် လင်းဝေ့တို့ သားအမိသည် မနက် ည ကြက်ဥ ဟင်းဖြင့်သာ စားရတော့၏။
တစ်ခါတစ်လေတော့ကြက်ဥ အပြင် ကြက်သား ဘဲသား လည်း လာပို့ပေးကြ၏။ သို့သော် ထိုကြက်ဘဲများသည် တစ်ဦးထဲမှ ဝယ်ယူသည်တော့မဟုတ်ပါ။ စစ်တပ်မိသားစုများမှာ ကြက်ကို ရိက္ခာရာရှင်အနေဖြင့် မွေးမြူနိုင်သော်လည်း ကြက်ဥသာရောင်းကြပြီး ဘယ်သူမျှ ကြက်ကို အပတ်တိုင်း သတ်မရောင်းချင်ကြပေ။
သို့သော် စစ်တပ် တပ်စိတ်များတွင် ကြက်ဘဲများမွေးသည့် မိသားစုများ ဒါဇင်ကျော်ခန့်ရှိရာ တစ်ပတ်လျင် တစ်အိမ်ဆီမှ ဝယ်ယူပေးလျင်ပင် လုံလောက်နေပြီဖြစ်၏။
ကျုံးရှောက်ကလည်း ကြက်သားနှင့် ဘဲသားကို အမြဲ မမှာထားပါ။ တစ်လကို နှစ်ခေါက်လောက်သာ မှာထား၏။ ထို့ထက် ပိုမှာလျင် လျင် ကြက်မွေးသည့်မိသားစုများအတွက် အဆင်မပြေပါ။ အထက်ပါ အရာများသည် လင်းဝေ့ကိုယ်ဝန် ရှိနေ၍သာ အဆင်ပြေမည်ထင်သလို လုပ်နေရခြင်းဖြစ်၏။
တစ်လလျင် ကြက် ဘဲ တစ်ကောင် နှစ်ကောင် ရောင်းပေးခြင်းက ကြက်မွေးသည့်မိသားစုများအတွက် ပြသနာတော့မရှိပါ။ အများအပြား အရောင်းအဝယ်မဟုတ်လျင် အမြတ်ကြီးစားကာ စျေးတင်မရောင်းသရွေ့ အစိုးရက လယ်သမားများ၏ ရောင်းဝယ်ရေးကို လိုက်မပိတ်တတ်ပါ။
ထို့ကြောင့် လင်းဝေ့ကိုယ်ဝန်ကြောင့် ပင်လယ်စာ မစားနိုင်ပြီးနောက် ထမင်းစား စားပွဲပေါ်တွင် စွပ်ပြုတ်အမျိုးမျိုးကို ကျုံးရှောက်က ချက်ပြုတ်ပေးလေ၏။ အချိန်အနည်းငယ်ကြာလာတော့ လင်းဝေ့သည် လုံးပြည့်ပြည့်လေးပင် ဖြစ်လာ၏။
လင်းဝေ့ ဒုတိယအကြိမ် ဆေးရုံကို ကိုယ်ဝန်သွားပြတော့ ဒေါက်တာကောင်းက စနောက်လိုက်သေး၏။
"အခုတလော အစားအသောက်ကောင်းတွေ စားဝင်အိပ်ပျော်လနေတယ် ထင်တယ်"
လင်းဝေ့ - "…"
လင်းဝေ့ ထိုစဥ်ကတော့ ဆရာဝန်ကို ဘာမျှ မပြောခဲ့ပေ။ သို့သော် အိမ်ပြန်ရောက်တော့ မှန်တင်ခုံရှေ့ထိုင်ကာ ကိုယ့်ကိုယ်ကို အကြာကြီး ထိုင်ကြည့်နေမိပြီး ကျုံးရှောက်ကို ထပ်ခါထပ်ခါ မေးနေမိ၏။ "ကျွန်မ တစ်ကယ်ပဲ ဝလာတာလား"
ကျုံးရှောက် ခေါင်းခါလိုက်၏။ "မဝပါဘူး ပုံမှန်ပါပဲ"
လင်းဝေ့က အရိုးအဆစ်သေးသည့်အတွက် အသားများလာသော်လည်း ဝလာသည်ဟု မထင်ရကြောင်းပြောလိုက်သေး၏။
ကျုံးရှောက်က မဝပါ ဟုပြောသော်လည်း နောက်ဆက်တွဲပြောလိုက်သောစကားကြောင့် လင်းဝေ့က မယုံတော့ပဲ မျက်နှာညိုးသွား၏။
" ဒါဆို မဝတာ ဘယ်ဟုတ်တော့မလဲ"
ကျုံးရှောက် - "…မင်းက အရင်အတိုင်းပါပဲ။ အသားလေးနည်းနည်းပြည့်လာရုံပါ။ မင်မင်နဲ့ရွေ့ရွေ့ကိုကိုယ်ဝန်ဆောင်တုန်းကလည်း ဒီလ်ိုပဲမလား"
"အာ့တုန်းက မွေးခါနီးမှ နည်းနည်းပြည့်လာတာပါနော်"
မင်မင်နှင့်ရွေ့ရွေ့ကို ကိုယ်ဝန်ဆောင်တုန်းက အစပထမ လတွေတုန်းက လင်းဝေ့သည် ပိန်နေခဲ့၏။ နောက်ပိုင်း ဗိုက်လေးနည်းနည်းထွက်လာမှလူက ပြည့်လာတာဖြစ်၏။ ထို့အပြင် ပထမဆုံး ဗိုက်ဖြစ်၍ ကိုယ်ဝန်ဗိုက်ကလည်း သိပ်မဆူထွက်၍ ဝလာသည်ဟုပင် မခံစားခဲ့ရပါ။
သို့သော် ဤတစ်ခေါက်ကိုယ်ဝန်မှာတော့ သုံးလပဲ ရှိသေးသော်လည်း ဝနေသည်ဟု ခံစားလာရပြီဖြစ်၏။ကိုယ်ဝန်ဆောင်ရင် ဘာလို့ ဒီလ်ိုဖြစ်လာရတာလဲ။
အမှန်တော့ကိုယ်ဝန်ဆောင်ချိန်မှာ ပေါင်ချိန်တက်လာတာက ပုံမှန်သာဖြစ်သော်လည်း လင်းဝေ့ကြောက်တာက ကလေးမွေးပြီးသွားလျင် ပြန်ပိန်မလာမည်ကိုဖြစ်၏။
လင်းဝေ့၏ မိတ်ဆွေ ကျောက်လီကလည်း ထိုကဲ့သို့ဖြစ်၏။ ဒုတိယမြောက်ကလေး မွေးပြီးချိန်တွင် ပေါင်ချိန်တက်ခြင်းသိပ်မရှိပဲ မွေးပြီးတော့ ပေါင်ချိန်ပြန်ကျသွားခဲ့၏။ သို့သော် တတိယကိုယ်ဝန်ဆောင်ချိန်တွင်တော့ ပုံမှန်သာ စားသော်လည်း အသက်အရွယ်ကြောင့်လား ဇီဝဖြစ်စဥ်ကြောင့်လားမသိ၊ ပေါင်ချိန်တက်လာ၏။ ကလေးမွေးပြီး တစ်နှစ်ကျော်သည်အထိ ပေါင်ချိန်မကျတော့ပေ။
လင်းဝေ့ကတော့ သူမကိုယ်သူမ ပြည့်လာသည်ကို လက်ခံနိုင်သော်လည်း ဝလာသည်ကိုတော့ လက်မခံနိုင်ချေ။
သို့သော် ကိုယ်ဝန်သည်ဖြစ်၍ အစားအသောက်မစားပဲ နေ၍တော့ မရပေ။ သူမကလေးက ထွားသည် မထွားသည်ထက် ကျန်းမာမည့်ကလေးသာဖြစ်စေချင်၏။
ထိုသို့တွေးလိုက်ပြီး လင်းဝေ့သည် နေ့တိုင်း ညနေစာ စားပြီးတိုင်း နာရီဝက် လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်လေ၏။
ကိုယ်ဝန်မရှိခင်ကတော့ တက်တက်ကြွကြွ လမ်းလျှောက်လေ့ရှိသော်လည်း ကိုယ်ဝန်ရှိလာတော့ ပျင်းရိလာကာ အိပ်ပဲ အိပ်ချင်နေ၏။
လင်းဝေ့လည်း သူမဝလာခြင်း အကြောင်းတရား၏ တရားခံက ပျင်းရိခြင်းမှန်း သိလိုက်ရ၍လေ့ကျင့်ခန်းကို တိုးလုပ်ရန် စိတ်ဆုံးဖြတ်လိုက်၏။
လင်းဝေ့က လေ့ကျင့်ခန်း များများလုပ်ချင်နေ၍ ကျုံးရှောက်က စိတ်ရောကိုယ်ပါ ကူညီပေး၏။ ညစာ စားပြီးနောက် သူတို့မိသားစုလိုက် လမ်းလျှောက် ထွက်တော့၏။
ဤသို့ဖြင့် ညစာ စားပြီး နောက် လမ်းလျှောက်တာက သူတို့မိသားစုရဲ ထုံးစံလိုဖြစ်လာ၏။
မင်မင်နှင့်ရွေ့ရွေ့၏ မွေးနေ့ကလည်း ရောက်လာတော့မည်ဖြစ်၏။ ယနေ့ခတ် လူအချို့က မွေးနေ့ကို သိပ်အလေးမထားကြပေ။ အသက်တစ်နှစ်ကြီးသွားပြီဟု သတ်မှတ်ကာ မွေးနေ့မှာ ကြက်ဥခေါက်ဆွဲ တစ်ပွဲဖြင့်သာ ကျေနပ်ကြရ၏။
မနှစ်က မင်မင်နှင့်ရွေ့ရွေ့၏ မွေးနေ့မှာ ကြက်ဥခေါက်ဆွဲအပြင် မုန့်ဖိုးလည်း ပေးခဲ့သေး၏။
သို့သော် ကြားထဲ တစ်နှစ်ကြာသွားပြီ ဆိုတော့ ကလေးနှစ်ယောက်က မနှစ်က သူတို့မွေးနေ့မှာ ဘာတွေ လုပ်ခဲ့ကြလဲ ဆ်ိုတာ မသိတော့ပေ။ဘထို့ကြောင့် မွေးနေ့မှာ ဘာလုပ်ကြလဲ ဆိုတာလဲ မသိတော့ပေ။
ထို့ကြောင့် လင်းဝေ့က သူတို့ကို မွေးနေ့လက်ဆောင်ပေးမည်ဟုပြောသောအခါ ရွေ့ရွေ့က သာမန် မျက်နှာ အနေအထားဖြင့်" မွေးနေ့ဆိုတာ ဘာလဲ" ဟု မေးလိုက်လေ၏။
" မွေးနေ့ဆိုတာ သားတို့မွေးတဲ့နေ့လေ။ အာ့နေ့မှာ မိသားစုဝင်တွေနဲ့ မွေးနေ့ပွဲ ကျင်းပရတာ"ဟု လင်းဝေ့က ရှင်းပြလိုက်၏။
သူတို့အဖေနှင့်အမေက ပျော်ပွဲကျင်းပဖို့ အကြောင်းအမျိုးအမျိုးရှာနေကြဖြစ်၍ အဓိပ္ပါယ်ကို နားမလည်ကြသေးပေ။
"သားတို့မွေးနေ့မှာလည်း ပျော်ပွဲကျင်းပလို့ရတယ်ပေါ့"ဟု ကလေးနှစ်ယောက်က ပျော်ရွှင်စွာမေးလိုက်၏။
" ဒါပေါ့" လင်းဝေ့က ခေါင်းငြိမ့်ပြလိုက်၏။
"ဘယ်လိုကျင်းပရမှာလဲ" ဟု မင်မင်က ထပ်မေးလိုက်ရာ "သားတို့သူငယ်ချင်းတွေကို အိမ်မှာခေါ်ပြီး ကစားလို့ရတယ်။ မေမေ့ကိုလည်း မွေးနေ့လက်ဆောင် တောင်းလို့ရတယ်။ စျေးအရမ်းကြီးတာတော့ မဖြစ်ရဘူး။ ဒါဆို မေမေနဲ့ ဖေဖေက သားတို့ကျေနပ်အောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်"
"ဘယ်လို လက်ဆောင်ပဲ ဖြစ်ဖြစ်ရလား"ဟု မင်မင်က တအံ့တသြ မေးလိုက်၏။
"လက်ဆောင်က ပစ္စည်းတစ်ခုခုဖြစ်ရမှာလား" ဟု ရွေ့ရွေ့က ထပ်မေးလိုက်ပြန်၏။
"လက်ဆောင်က ပစ္စည်း တစ်ခုခု မဖြစ်လဲ ရပါတယ်။သားတို့ကြိုက်နှစ်သက်ရာ တောင်းဆိုနိုင်တယ် စျေးအရမ်းကြီးတာ မဖြစ်ရဘူး။ မဟုတ်ရင် မေမေက မွေးနေ့ပွဲ မကျင်းပတော့ပဲ ကြက်ဥခေါက်ဆွဲနဲ့ပဲ ကျေနပ်ရလိမ့်မယ်"
တပ်ထဲ ရောက်ပြီးနောက် သူတို့မိသားစုက ရှီးချန်ကထပ်ပိုပြီး စားကောင်းသောက်ဖွယ်တွေ စားလာရ၏။ ယားကျိုကျွန်းပေါ်မှာ စားစရာများပေါများသောကြောင့် ကြက် ဘဲ ဝက် ငါး ပင်လယ်စာ မနက်ဖြန်အတွက် တွေးပူစရာ မလိုအောင် ပင် ပေါများလှ၏။
လင်းဝေ့ကိုယ်ဝန်ကြောင့် ကြက်ဥ နေ့တိုင်းစားနေရ၍ သူတို့မွေးနေ့ပွဲမှာ ကြက်ဥတော့မစားချင်ပေ။
ထို့ကြောင့် လင်းဝေ့၏ သတိပေးစကားကိုကြားပြီးနောက်ကလေး နှစ်ယောက် အထူးသဖြင့် မင်မင်သည် ငြိမ်နေကာ ဘာလိုချင်သည်ဟု မပြောရဲဖြစ်နေ၏။
သို့သော် တစ်နှစ်မှ တစ်ခါကျင်းပရသည့် မွေးနေ့ပွဲကိုလည်း လက်မလွတ်ချင်ပေ။ မဟုတ်လျင် နောက်နှစ်အထိ ထပ်စောင့်နေရမည်ဖြစ်၏။
တစ်နှစ်ဆိုတဲ့အချိန်ကို နားမလည်ပေမယ့် အကြာကြီး ဆိုတာကို တော့ သိပါ၏။
ထိုသို့တွေးလိုက်ပြီး မွေးနေ့လက်ဆောင် အဖြစ်ဘာတောင်းရမလဲ ဟုတွေးလိုက်၏။
မင်မင်လိုချင်တာက များလွန်းနေ၏။ သူ အတန်း မသွားချင်တာမျိုး၊ အစားအသောက်ကောင်းတွေလည်း စားချင်တာမျိုး၊ အရုပ်အသစ်လိုချင်တာမျိုး၊ အပြင်ကို အလည်သွားချင်တာမျိုး၊ များလွန်း၍ ဆုံးဖြတ်ရခက်နေ၏။
သူ့ညီလေး ရွေ့ရွေ့လည်း သူ့လိုပဲ ဖြစ်နေတာတွေ့လိုက်တော့ မလောတော့ပေ။ "ညီလေး မွေးနေ့လက်ဆောင်အတွက် မင်း ဘာတွေးထားလဲ"
" တွေးပြီးပြီ "
"ညီလေးက ဘာလိုချင်တာလဲ ?"
" ပဟေဠိ ဆက်ကစားနည်း အကြီးကြီး" ဟု ရွေ့ရွေ့ကပြောလိုက်၏။
"အိမ်မှာရှိတဲ့ ပဟေဠိဆက်ကစားနည်းတွေကို ခဏခဏဆော့ပြီး သွားတော့ အကုန်မှတ်မိကုန်လို့"
"မင်းမှတ်နိုင်ရင် မှတ်ပေါ့။ ဒါ နဲ့ ပဟေဠိဆက်ကစားနည်းက အပိုင်းတွေက အကုန် ရောပြီး ကစားရတာလေ"
"ဟုတ်တယ်လေ ဒါပေမယ့် ဘယ်အပိုင်းက ဘယ်အပိုင်းမှာ ဆက်ရတယ် ဆိုတာကို မှတ်မိသွားတော့ ဆော့လို့မကောင်းတော့ဘူး"
" ငါ ထင်တာတော့ ပဟေဠိဆက်ကစားစရာ အားလုံးကို ရောလိုက်ပြီး ကစားရင် ပိုဆော့လို့ကောင်းမယ် ထင်တယ်" ဟု မင်မင်က သူထင်တာကို ပြောလိုက်၏။
ရွေ့ရွေ့ရဲ့ ဂျစ်ဆော ပဟေဠိဆက်ကစားနည်းကို မင်မင် စ စကားကြည့်စဥ်က ငိုချင်စိတ်ပင် ပေါက်သွား၏။ သူ့ညီက သင်ပေးပြီးမှာ ဆော့တတ်သွား၍ ဂိမ်းက ပျော်စရာကောင်းမှန်း သိလာခဲ့တာဖြစ်၏။ ထို့ကြောင့် သူ့ညီလေး၏ အတွေးကို နားမလည်ပါ။
ရွေ့ရွေ့ကလည်း သူ့အစ်ကို ၏ အတွေးကို နားမလည်ပါ။ သူ့မှာ ပဟေဠိဆက်ကစားနည်းများစွာရှိ၏။ ထိုကစားစရာများကို မျက်လုံးမှိတ်၍ပင်ကစားနိုင်ရာ ပျော်စရာ ကောင်းသည်ဟုပင် မခံစားရတော့ချေ။
သူတို့ညီအစ်က်ိုနှစ်ယောက် ထိုအကြောင်းကို အချေအတင်ပြောပြီးနောက် ရွေ့ရွေ့ က သူတို့ပြောနေသည့် အကြောင်းအရာကို ပြောင်းရန် သူ့အစ်ကို ကိုမေးလိုက်၏။
"အစ်ကိုကြီးက ရော ဘာလိုချင်တာလဲ"
" ငါလိုချင်တာ အများကြီးပဲ" ဟု ပြောကာ သူလိုချင်တာတွေကို လက်ချိုးရေတွက်ပြရင်း မင်မင် တစ်ယောက်စိတ်ညစ်သွား၏။
"ဘာက ငါနဲ့ ပို သင့်တော်မယ် ထင်လဲ"
"အရုပ်အသစ်"ရွေ့ရွေ့ကလည်း အကြံပေးလိုက်၏။
"ဘာလို့လဲ"
"ကိုကြီးက အတန်း မတက်ချင်ဘူးလို့ပြောရင် မေမေက အာ့လက်ဆောင်ကို လက်ခံမှာ မဟုတ်ဘူး။ ဒါဆို မွေးနေ့ပွဲလည်း ကျင်းပလို့ရမှာ မဟုတ်ဘူး"
မင်မင်လည်း ရုတ်တရက် နားလည်လိုက်၏။ "ဟုတ်တယ် နော်။ ဒါပေမယ့် ငါတစ်ကယ် အတန်း မတက်ချင်တာ"
ရွေ့ရွေ့ကတော့ သူ့အစ်က်ိုက်ို တုံးအ ရန်ကော ဟူသည့်အကြည့်ဖြင့်ကြည့်လိုက်၏။
" ဒါပေမယ့် အတန်း မတက်ချင်ဘူးလို့ပြောလိုက်ရင်လည်း အတန်း တက်ရဦးမှာပဲ ပြီးတော့ မေမေလည်း စိတ်ဆိုးသွားပြီး မွေးနေ့ပွဲကျင်းပရတော့မှာ မဟုတ်ဘူးလေ "
ဒါ့ကြောင့် အရူးလို စာမသင်ချင်တဲ့အကြောင်းပြောဦးမှာလားးး။
နောက်ဆုံးစကားကိုတော့ သူ့စိတ်ထဲမှာပဲ ပြောလိုက်၏။ရွေ့ရွေ့က ငယ်သေးသော်လည်း မည်သည့်အရာက သင့်တော်သည် မည်သည့်အရာက လူကြီးများကို စိတ်ဆိုးစေနိုင်သည်ကို ခွဲခြားသိနေပြီဖြစ်၏။
"ဟုတ်ပြီလေ" ဟု မင်မင်က သက်ပြင်းချကာ ပြောလိုက်ပြီး ထပ်စဥ်းစားလိုက်၏။
"ဒါဆို မေမေ့ကို ငါ စားသောက်ကောင်းတွေ စားချင်တယ်လို့ပြောလိုက်မယ်" ဟု တက်ကြွစွာပြန်ပြောလိုက်၏။
"ဖေဖေ နဲ့ မေမေက အမြဲတမ်း အစားအသောက်ကောင်းတွေ ကျွေးနေတာပဲလေ။ မေမေက ငါတို့မွေးနေ့မှာလည်း စားသောက်ကောင်းတွေ ချက်ကျွေးမှာပဲ။ ပြီးတော့ သူငယ်ချင်းတွေကိုတောင် အိမ်ခေါ်ဆော့ခိုင်းမှာဆိုတော့ သေချာပေါက် စားသောက်ကောင်းတွေပါမှာပဲ။ တစ်ခြားပစ္စည်း တောင်းလို့ ရမယ့်အခွင့်အရေးကို အစားအသောက်နဲ့ မလဲလိုက်စမ်းပါနဲ့"
မင်မင်လည်း သူ့ညီလေး ရှင်းပြလိုက်တော့ ထပ်နားလည်သွားပြန်သည်။"ဒါဆို အပြင်ကို ထွက်လည်တာကော"
"မေမေနဲ့ ဖေဖေက ငါတို့ကို အမြဲတမ်း အပြင်အလည်ခေါ်နေတာပဲလေ။ တောင်တက်တာ ကမ်းခြေသွားတာ ခရိုင်မြို့ကို အလည်ခေါ်သွားတာ အမြဲတမ်း ခေါ်နေတာပဲ။ မွေးနေ့မှာလည်း သွားမလို့လား"
မင်မင် တဟ်ယောက် ထပ်ပြီး နားလည်သွားပြန်သည်။ နောက် ဆုံး ပျော်ရွှင်စွာပြောလိုက်၏။ " ငါဆုံးဖြတ်ပြီးပြီ။ အရုပ်အသစ်လိုချင်တယ်"
သူ့အစ်က်ိုက အရူးတစ်ယောက်မှန်း ရွေ့ရွေ့ သေချာသွား၏။
……………………………
မင်မင်ကလည်း အရုပ်သစ်လိုချင်ကြောင်း ဆုံးဖြတ်ပြီးနောက် ကလေးနှစ်ယောက်လုံး၏ လိုချင်သည့် အရာများကို ထိုညမှာပဲ သူတို့အမေ လင်းဝေ့ကို ပြောလိုက်ကြ၏။
ရွေ့ရွေ့ကတော့ မဖြစ်နိုင်သည့် အရာများကို မတောင်းဆိုပဲ ပဟေဠိအရုပ်ဆက်ကစားစရာကိုသာ လိုချင်သည်ဟု တောင်းဆိုသည့်အတွက် တော့ လင်းဝေ့ အနည်းငယ် အံ့သြမိ၏။
"သားသေချာ ဆုံးဖြတ်ပြီးပြီလား။ သား တစ်ခြား အရုပ်မလိုချင်တာ သေချာပြီလား" ဟု လင်းဝေ့က ရွေ့ရွေ့ကို သေချာအောင် မေးလိုက်၏။
ရွေ့ရွေ့ကလည်း သေသေချာချာ ခေါင်းငြိမ့်လိုက်သည်။
"အရင်ကထက် ပိုကြီးတဲ့ ပဟေဠိဆက်ကစားစရာ ဝယ်ပေးပါ"
"သားကို လည်း အရင်ကထက်ကြီးတဲ့ ကားအရုပ်ဝယ်ပေးပါ" ဟု မင်မင်ကပါ အမြန်ဝင်ပြောလိုက်၏။
လင်းဝေ့လည်း ညီအစ်က်ို နှစ်ယောက် သူတို့လိုချင်သည့် ကစားစရာများကို ဆုံးဖြတ်ပြီးပြီ ဟု ယူဆလိုက်၏။ သူမ သွေးတက်စေမည့် လက်ဆောင်များ မတောင်းသည့်အတွက် တော့ စိတ်အေးသွား၏။
"ဟုတ်ပြိီ မေမေ သဘောတူတယ်။ ဒါပေမယ့် သမဝါယမစျေးမှာ သားတို့လိုလျင်တဲ့ အရုပ်ကြီးတွေ ရှိမရှိ မေမေနဲ့ ဖေဖေ အရင်သွားကြည့်လိုက်ဦးမယ်။ ဒီကြားထဲ သားတို့ စိတ်ပြောင်းချင်ရင် ရသေးတယ်နော်"
"သားက ပဟေဠိဆက်ကစားစရာပဲ လိုချင်တာ"ဟု စိတ်မပြောင်းပဲ ချက်ချင်းပြောလိုက်၏။
မင်မင်ကတော့ လိုချင်သည့်အရာပြောင်း၍ ရသေးသည် ဆိုတော့ စိတ်လှုပ်ရှားသွား၏။ သူ့ညီလေးကတော့ စိတ်ဓာတ်ခိုင်မာစွာ ပဟေဠိဆက်ကစားစရာ ကိုပဲ လိုချင်သော်လည်း သူကတော့ အရသာရှိသည့်အစားအသောက်တွေ အပြင်က်ို ထွက်လည် ချင်တာတွေ စသည်ဖြင့် များ နေ၏။ နောက်မှ ချီတုန် ချတုန်ဖြင့် ပြောလိုက်၏။
"သားလည်း ကားအရုပ်ပဲ ယူပါတော့မယ်"
ကလေးနှစ်ယောက်လိုချင်တဲ့ ကစားစရာသေချာသွားတော့ နောက်တစ်နေ့ တနင်္ဂနွေနေ့မှာ လင်းဝေ့နှင့်ကျုံးရှောက် တို့က ကလေးနှစ်ယောက်ကိုပါခေါ်ပြီး ခရိုင်မြို့ကို သွားကြ၏။
မူလက လင်းဝေ့သည် ကလေးများကို မခေါ်ချင်ပါ။ကလေးတွေကို တအံ့တသြ လက်ဆောင်များ ဝယ်ပေးချင်၏။
သို့သော် ကျုံးရှောက်၏ သဘောထားကတော့သူ့တို့ မွေးနေ့လက်ဆောင်ကို သူတို့ရွေးချယ်ပြီးသားဖြစ်၍ သူတို့ကြိုက်တာကို ရွေးယူစေချင်၏။
လင်းဝေ့လည်း ပြန်စဥ်းစားလိုက်တော့ ကျုံရှောက်ပြောတာ ကျိုးကြောင်းဆီလျော်သည်ဟု တွေးလိုက်မိကာ ကလေးနှစ်ယောက်ကိုပါ ခေါ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
ထိုကဲ့သို့ဆုံးဖြတ်လိုက်ပြီးနောက် ကလေးနှစ်ယောက်ကို မနက်ဖြန် လက်ဆောင်များဝယ်ရန် စျေးကိုသွားမည်ဖြစ်ကြောင်း ပြောပြလိုက်၏။
ထိုသို့ပြောရခြင်းရည်ရွယ်ချက်က ကလေးများ ပျော်စေရန်ဖြစ်သော်လည်း ကလေးနှစ်ယောက်က အပျော်လွန်သွားကာ ခုန်ပေါက်နေကြပြီး ညနက်မှ အိပ်ပျော်သွားကြ၍ နောက်တစ်နေ့ မထနိုင်ကြတော့ပေ။
လင်းဝေ့လည်း နောက်တစ်နေ့မနက် သူတို့ကို နှိုးမရတော့ "သားတို့ မထ ရင် လက်ဆောင်မရဘူးနော် " ဟု အကြပ်ကိုင်လိုက်၏။
လက်ဆောင်ဟု အသံကြားသည်နှင့် မင်မင်က "ငါ့ကား" ဟု ရုတ်တရက် ထအော်လိုက်ကာပြန်အိပ်သွားလေ၏။
လင်းဝေ့ - "…"
………………………
ကလေးနှစ်ယောက်က စောစောမထနိူင်၍ ခရိုင်မြို့ကိုသွားနိုင်သည့်အချိန်ကလည်း မျှော်လင့်သည်ထက် ၂ နာရီ ၁နာရီ ခွဲ လောက်နောက်ကျသွား၏။ သူတို့ခရိုင်မြို့ကို ရောက်တော့ နေ့လည်စာ စားချိန် ပင်ရှိနေပြီဖြစ်၏။
သို့သော် သူတို့ကံကောင်းသည်က ကလေးကစားစရာများကို မနက်ပိုင်း ရောင်းကုန်သွားသော်လည်း နောက် တစ်သုတ်ရှိသေး၍ ထပ်မံ အရောင်းတင်ထားသေး၏။ ရွေ့ရွေ့ကြိုက်သည့် ပဟေဌိဆက်ကစားနည်းဘုတ်ပြားများ ပင် ရှိသေး၏။
မင်မင်လိုချင်သည့် သစ်သား အရုပ်ကား အကြီးကြီးကတော့ မကျန်တော့ချေ။ သို့သော် သမဝါယမစျေးက နောက်ထပ် ကလေးကစားကစားစရာ ကား များကို ထပ်မံ အရောင်းတင်ထားသေး၏။ ကားနဲ့ပုံစံတူ လုပ်ထားသည့် သံအရုပ်ကားလေးများဖြစ်၏။
"သား ဒီကားလိုချင်တယ် " မင်မင်က ထိုကားများကို တွေ့သည်နှင့်အော်တော့၏။
ကလေးက လိုချင်တာပဲသိ၏။ စျေးနှုန်းကတော့ လူကြီးသာ သွေးတက်ရ၏။ သစ်သား အရုပ်ကားလေးတွေက လက်မှတ်များမလိုကာ စျေးလည်း သက်သာ၏။ သို့သော် သံအရုပ်ကားများကတော့ သံဖြင့် ထုတ်လုပ်ထား၍ စျေးမတူရုံသာမက စက်ရုံထုတ်ပစ္စည်းဝယ်ူနိုင်သည့်လက်မှတ်များလည်း လိုသေး၏။
လင်းဝေ့က စဥ်းစားမိလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ သို့သော် ကတိပေးပြီးသားဖြစ်နေ၍ မဝယ်ပေး၍ မရချေ။
"သားက ရွေးတတ်သားပဲနော်"
မင်မင်က တော့ ကလေးဖြစ်၍ သူ့အမေ စကား၏ ဆိုလိုရင်းကိုနားမလည်ချေ။
"သားက တော်တယ်လေ"
လင်းဝေ့ - "……"
အေး သားက တော်ရုံမကဘူး စျေးကြီးတာပါ ရွေးတတ်သေးတာ။
ဝယ်ပေးမည်ဟု ကတိပေးထား၍သာဖြစ်၏။ မဟုတ်လျင် လင်းဝေ့က လိုက်လျောမည်မဟုတ်ပါ။ အရင်က သူတို့ လျှပ်စစ်ပန်ကာဝယ်ထားလိုက်၍ စက်ရုံထုတ်ပစ္စည်းဝယ်ယူခွင့်လက်မှတ်များကို အကြွေးပြန်ဆပ်နေရ၏။ ထို့ကြောင့် ကလေးကစားစရာပစ္စည်းဝယ်ရာတွင် ငွေအများကြီး မသုံးလိုပါ။
သို့သော်…… မျှော်လင့်တကြီး ကြည့်နေသည့်မျက်ဝန်းကို ကြည့်ကာ အံကိုကြိတ်ရင်း လင်းဝေ့သည် သူ့အိတ်ထဲမှ ကျန်နေသေးသည့် ပိုက်ဆံနှင့် လက်မှတ်များကို ထုတ်ကာ ကျုံးရှောက်ကို ပေးလိုက်ကာ လှည့်မကြည့်တော့ချေ။
"ရော့ ရှင်သွားရှင်း လိုက်"
လင်းဝေ့က ငွေရှင်းနေသည့် ကျုံးရှောက်ကို မကြည့်သော်လည်း သူမ၏ အိတ်ထဲ၌ ကျန်သေးသော ငွေအနည်းငယ်နှင့် လက်မှတ်အနည်းငယ်ကို တော့ သက်ပြင်းချကာ ကြည့်ရင်း ရေတွက်လိုက်၏။
ငွေကိုတွက် ချက်ကြည့်ပြီး တွေးလိုက်သေး၏။ တစ်နှစ်မှာ မွေးနေ့ တစ်ခါပဲ ရှိလို့တော့သေး၏။