← Chapters

Chapter 146

Vol. 12 Ch. 146

Chapter 146

Vol. 12 Ch. 146

ကလေးနှစ်ယောက်ရဲ့ မွေးနေ့မှာ လင်းဝေ့က စားပွဲအပြည့်စားစရာများကို ပြင်ဆင်ပေးခဲ့၏။ ပင်လယ်စာလည်း ပါ၏။ ကျုံးရှောက်ကို စျေးမှ ပုစွန်ဂဏန်းများဝယ်ခိုင်းကာ လုပ်ကိုင်ရမည့်အရာများကို လင်းဝေ့က ညွှန်ကြားပေး၏။

အဆာပလာ အမွှေးအကြိုင်များထည့်ပြီးတာနဲ့ ချက်ပြုတ်သည့်အချိန်တွင် လင်းဝေ့က မီးဖိုချောင်ထဲ လုံးဝမဝင်တော့ချေ။ ကျုံးရှောက်ကတော့ မီးဖိုချောင်မှာ ပြင်တင်ချက်ပြုတ်သည့်တာဝန်ကို ယူပြီး လင်းဝေ့ကတော့ ဧည့်ခန်းထဲမှာ ကလေးများကို ကြိုဆိုရေး လုပ်နေ၏။

ကလေး တွေကတော့ မင်မင်နှင့်ရွေ့ရွေ့ အပါအဝင် ၇ ယောက်သာ ရှိ၏။

ခုနှစ်ယောက်ထဲမှ ကလေး လေးယောက်ကို လင်းဝေ့က မင်မင်ရွေ့ရွေ့ကို မေးမြန်းပြီး ခေါ်ခဲ့ခြင်းဖြစ်၏။

ရွေ့ရွေ့ကတော့ ငြိမ်ငြိမ်လေး နေတတ်သည့်ကလေးဖြစ်သည်။ ရှီးချန်မှာ ရှိစဥ်က မင်မင်က မိတ်ဖွဲ့ခဲ့သည့် သူငယ်ချင်းများဖြင့်သာ ဆော့ကစားလေ့ရှိ၏။ကိုယ်တိုင် မိတ်ဖွဲ့သည့်သူငယ်ချင်းမရှိခဲ့ပါ။

ရွေ့ရွေ့ကိုယ်တိုင်လည်း မင်မင်နှင့်ခင်မင်သည့် သူငယ်ချင်းများနှင့် ဆော့ကစားလိုဟန် တူ၏။

မင်မင်ကတော့ ထိုကဲ့သို့မဟုတ်ပဲ တက်ကြွကာ သူများကို အနိုင်လိုချင်သည့် ကလေးငယ်ဖြစ်၏။ ထို့ကြောင့် သူငယ်ချင်းများကိုလည်း သူ့စကားနားထောင်သည့်သူ သူ့ကို အကြီးလုပ်ခိုင်း ခေါင်းဆောင်လုပ်ခိုင်းသည့်သူကိုသာ ပေါင်းလေ့ရှိ၏။ သို့သော် ကလေးတွေက သူတို့ခေါင်းဆောင်လိုသဘောထားသည့်ကလေး အဖွဲ့ထဲမှာ ရှိသော်လည်း ခန္ဓာက်ိုယ် ပိုကြီး အသက်ပိုကြီးသည့်ကလေးကို တွေ့လျင် သူ့ကို ခေါင်းဆောင်ဟု သတ်မှတ် တတ်ကြ၏။

မိသားစုအိမ်ရာမှာလည်း မင်မင်တို့နှင့် ရွယ်တူကလေးသိပ်မရှိသည့်အပြင် မင်မင်ကလည်း ရွယ်တူကလေးများကြားတွင် အရပ်ပုကာ ခန္ဓာကိုယ်အရွယ်အစားငယ်နေ၏။ ထို့ကြောင့် ကလေးအများစုက ဆော့ကစားရာတွင် သူ့ကို ခေါင်းဆောင်အဖြစ် မသတ်မှတ်ကြပါ။

ထို့ကြောင့် မင်မင်နှင့်ရွေ့ရွေ့ ကျွန်းပေါ်ရောက်သည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း အပေါင်းအသင်းသူငယ်ချင်း သိပ်မရှိကြသေးပါ။

ထို့ကြောင့် လင်းဝေ့က မင်မင်နှင့်ရွေ့ရွေ့ကို မွေးနေ့ပွဲဖိတ်ရန် သူငယ်ချင်းများ နာမည်ပြောခိုင်းသောအခါ အကြာကြီးနေမှ မင်မင်ထံမှ ရှောင်ရှီးရှီး၏ နာမည်သာ ထွက်လာ၏။ ရွေ့ရွေ့ကတော့ ဘယ်သူငယ်ချင်းနာမည်မှ ပြောမလာပါ။ သူကတော့ သူ့အစ်ကို သဘောအတိုင်းသာ ဖြစ်၏။

မင်မင်နှင့်ရွေ့ရွေ့ဆီမှာ တစ်ခြားသူငယ်ချင်းတွေရှိမှန်း လင်းဝေ့သိသော်လည်း ထိုသူများနှင့် သိပ်မကစားသောကြောင့် လင်းဝေ့လည်း သူတို့ကို ရုတ်တရက် မစဥ်းစားမိလိုက်ပေ။

ကလေးနှစ်ယောက်က ရှောင်ရှီးရှီး၏ နာမည်သာ ပြောထွက်လာမှ လင်းဝေ့လည်း သူမကလေးများ၏ တစ်ခြား သူငယ်ချင်းများကို စဥ်းစားလိုက်မိ၏။

လင်းဝေ့ ငယ်စဥ်တုန်းကလည်း သူငယ်ချင်းအများကြီး မရှိခဲ့ပါ။ အတူဆော့ကစားခဲ့သည့်သူငယ်ချင်း ၇ယောက် ၈ယောက်ခန့်သာရှိပြီး ကြီးလာကြတော့ ကျောင်းထွက်သည့်သူက ထွက် အိမ်ထောင်ကျသည့်သူက ကျ နှင့် တစ်ကွဲတစ်ပြားဖြစ်သွားကြ၏။

အခုသူမ ကလေးနှစ်ယောက်က သူမလောက်ပင် အပေါင်းအသင်း မများဖြစ်နေ၏။

အမှန်တော့ သူမကလေးများကို သူငယ်ချင်းအများကြီး ရှိစေချင်တာတော့ မဟုတ်ပေမယ့် သူတို့ရဲ့ လူမှုဆက်ဆံရေး နယ်ပယ်ကို အနည်းငယ်ချဲ့စေချင်၏။ လူတွေကို သိထားတာလည်း အန္တရာယ် များတာမှ မဟုတ်တာ။

ထို့ကြောင့် လင်းဝေ့သည် သူမ၏ ကလေးများကို မွေးနေ့ဆိုတာ လူများမှ ပျော်စရာကောင်းကြောင်း ထို့ကြောင့် ဘယ်သူငယ်ချင်းတွေကို ထပ်ခေါ်ချင်သေးလဲ ဟု မေးလိုက်၏။

ရွေ့ရွေ့ကတော့ လင်းဝေ့စကားကြားလဲ မပြောင်းမလဲပင်။ သူ့အနေဖြင့် လူထပ်ခေါ်ရန်မလို ဟု ထင်နေပုံရ၏။

မင်မင်ကတော့ ထပ်စဥ်းစားလိုက်ပြီး နာမည်နှစ်ခု ထုတ်ပြောလာ၏။ တစ်ယောက်က ကျောက်လီ၏ သမီးငယ် ထျန်းထျန်းဖြစ်ပြီး မင်မင်နှင့်ရွေ့ရွေ့ထက် ၂ နှစ်ကြီး၏။ ထျန်းထျန်းနှင့် အိမ်မနီး၍ အမြဲတမ်း မဆော့ဖြစ်ကြပေ။

လွန်ခဲ့သည့် နှစ်ကျောက်လီ အိမ်ပြောင်း၍ ညစာ စားပွဲ ဖိတ်ခဲ့စဥ်က ကလေးများလည်း အချင်းချင်းသိခဲ့ကြခြင်းဖြစ်၏။ ကျန်သည့်ကလေးတွေက မင်မင်တို့ထက်အသက်ပိုကြီး၍ မင်မင်တို့နှင့် စကားမပြောကြပေ။

ထျန်းထျန်းကတော့ အသက်အရွယ်ကိုဂရုမထားပဲ မင်မင်တို့ကို စကားလာပြောကာ ညစာ စားပွဲနောက်ပိုင်းလည်း မကြာမကြာ အတူကစားလေ့ရှိ၏။ ထျန်းထျန်းက မင်မင်နှင့်ရွေ့ရွေ့ကို မောင်လေးလို့ ခေါ်တတ်ရာ မင်မင်က အာ့လိုခေါ်တာကို မကြိုက်ပေ။

ဒါပေမယ့် မွေးနေ့ပွဲရောက်လာတော့ ဖိတ်မည့်သူစာရင်းထဲတွင် ထျန်းထျန်း၏ နာမည်ပေါ်လာခဲ့၏။

နောက်ကလေးတစ်ဦးက တစ်ဖက် အိမ်ရာတိုက်တန်းမှ ကလေးတစ်ဦးဖြစ်၏။ ထိုကလေးနှင့် သဲအတူကစားရင်းခင်ကြခြင်းဖြစ်၏။ အမြဲတမ်း အတူ မကစားဖြစ်ကြသော်လည်း ဆက်ဆံရေးကောင်းကြ၏။

နောက် ကလေးနှစ်ယောက်ကတော့ လင်းဝေ့မှ အသိပေးပြောပြကာ ခေါ်ခဲ့ခြင်းဖြစ်၏။ တစ်ဦးက လင်းဝေ့၏ ကျောင်းသားဖြစ်ကာ မင်မင်တို့ထက် အသက် တော်တော်လေးကြီး၏။ သို့သော် စိတ်ထားကောင်းပြီး ရွေ့ရွေ့နှင့်လည်း ခင်မင်ပြီး မကြာခဏ စကားပြောလေ့ရှိ၏။

နောက်ကလေးတစ်ဦးကတော့ ကျောင်းက ဆရာမတစ်ဦး၏ ကလေးဖြစ်၏။ ထိုကလေးကလည်း မင်မင်တို့လိုပဲ ကျောင်းနေချိန်မရောက်သေးပေမယ့် သူ့အမေ ဆရာမက ကျောင်းကိုခေါ်လာသည့် ကလေးဖြစ်၏။ မင်မင်တို့နှင့် ထိုကလေးသည် သူတို့အမေများ စာသင်ချိန် တွင် အပြင် ကို ခိုးထွက်ကာ အတူ ဆော့လေ့ရှိ၏။

မင်မင်နှင့်ရွေ့ရွေ့က ထိုကလေးတွေရဲ့နာမည်ကို မစဥ်းစားမိကြသော်လည်း လင်းဝေ့က သတိပေးပြောပြလိုက်သောအခါ ဖိတ်ရန် မငြင်းကြ၍ လင်းဝေ့လည်း ထိုကလေးများကို မွေးနေ့ပွဲဖိတ်လိုက်၏။

ဖိတ်ကြားထားသည့် ကလေးတွေ ရောက်လာတော့ ဧည့်သည်တွေကို ဧည့်ခံနေသူမှာ ရွေ့ရွေ့သာဖြစ်၏။ ဧည့်သည်ကလေး ၅ယောက်ကို ရွေ့ရွေ့က စကားခေါ်ပြောကာ ခေါ်ဆော့နေခြင်းဖြစ်၏။

ရွေ့ရွေ့က ဦးဆောင်ဧည့်ခံနေသည်ကို မြင်ရသောအခါ လင်းဝေ့ပင်အံ့သြမိ၏။ ရွေ့ရွေ့က စကားနည်းသော်လည်း ပြောစရာရှိလျင် လိုရင်းကို ပြောနိုင်သောကြောင့် ရွေ့ရွေ့ထက်ကြီးသည့် ကလေးများပင် အံ့သြကြ၏။

ထို့အပြင် မင်မင်နှင့် ရွေ့ရွေ့က ဖန်ဂေါ်လီ သစ်သားအရုပ်ကား ပဟေဠိဆက်ကစားစရာ စသည့် သူတို့၏ ကစားစရာအရုပ်များအားလုံးကို ယူကာ ထုတ်ပေးထား၏။

ထိုအရုပ်များဖြင့်ကလေးတွေ ဆော့ကစားနေကြကာ ပျော်ရွှင်နေကြ၏။

မွေးနေ့မလုပ်ခင်ကတော့ မင်မင်နှင့်ရွေ့ရွေ့က မွေးနေ့ကို လူအများကြီး မဖိတ်လဲရတယ်ဟု ပြောနေခဲ့တာဖြစ်၏။ သို့သော် အခုတော့ နှစ်ယောက်လုံး ပျော်ရွှင်ကာ ရယ်မောနေကြ၏။

ကလေးတွေက ပျော်ရွှင်စွာ ဆော့ကစားနေကြသဖြင့် စားဖို့ပင် လင်းဝေ့ အတော်ခေါ်လိုက်ရ၏။

သို့သော် စားပွဲပေါ်က စားစရာတွေကို မြင်လိုက်တော့ ကလေးတွေက မဆော့တော့ပဲပြေးလာကြ၏။ စစ်တပ်ဝန်ထမ်းမိသားစာဘဝက အဆင်မပြေတာမျိုး မရှိပေမယ့် အသားကိုတော့ နေ့တိုင်း မစားကြပေ။

ထို့အပြင် လင်းဝေ့ ပြင်ဆင်ထားပေးသည်က အသားအပြင် ကြက်ဥ ပင်လယ်စာလည်း ပါသေးရာ ကလေးများက မငြင်းရက်ကြပေ။

ကလေးများက အစာစားချင်စိတ် ကြီးကြသော်လည်း လင်းဝေ့၏ စကားကိုတော့ နားထောင်ကြသေး၏။ လင်းဝေ့ကနေပြီး မွေးနေ့မှာ ပျော်ရွှင်ပါစေ သီချင်းညဆိုခိုင်းတော့ ကလေးများက သူတို့၏ ထမင်းစားတူကို ချလိုက်ကြ၏။

သို့သော် ကလေးတွေက ပြန်မေးကြ၏။ "မွေးနေ့မှာ ပျော်ရွှင်ပါစေ သီချင်းကို ဘယ်လို ဆိုရမှာလဲ"

လင်းဝေ့ ကြောင်အသွား၏။ "သားတို့ အာ့သီချင်းမရတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ"

မင်မင်ရွေ့ရွေ့နှင့် ကလေးတော်တော်များက သီချင်းမရကြ၍ လက်ထောင်ကြ၏။

လင်းဝေ့လည်း ပိုအံ့သြသွား၏။ မွေးနေ့မှာပျော်ရွှင်ပါစေ သီချင်းက နာမည်ကြီးသော်လည်း ကျောင်းမှာတော့မသင်ပါ။ သို့သော် လင်းဝေ့ ငယ်စဥ်ကပင် ထိုသီချင်းကို ဆိုနိုင်ပါ၏။ ဒါပေမယ့် သူမရှေ့က ကလေးတွေကို ကြည့်လိုက်တော့ အတော်လေး ငယ်ကြသေး၍ မသိကြတာ ဖြစ်မည်ဟု တွေးလိုက်သည်။

" ဒါဆိုရင် ကလေးတို့ကို အန်တိီက အရင်ဆိုပြမယ်နော်"

"မေမေ သီချင်းဆိုပြတော့မယ် မေမေ သီချင်းဆိုပြတော့မယ်" ဟု မင်မင်က လက်ခုပ်လက်ဝါးတီးကာ အားပေးလေ၏။

မင်မင်၏ အသံကိုကြားတော့ အပေါ်ထပ်ကို အရုပ်သွားယူသည့် ကျုံးရှောက်ကလည်း အရုပ်ကို အမြန်ယူကာ အောက်အထပ်ကို အမြန်ဆင်းလာ၏။ အရုပ်တွေကို အမြန်ချလိုက်ကာ သုံးလေးလှမ်း အကွာကနေ ကြည့်နေ၏။

တစ်ခြားကလေးတွေကလည်း လင်းဝေ့ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြ၏။

လင်းဝေ့ - "………" အာ့လောက်ကြီးကျတော့…

လင်းဝေ့က သီချင်းကို အမြဲ ဆိုလေ့ရှိသူမဟုတ်ပေ။မနှစ်က ကလေးတွေရဲ့မွေးနေ့မှာ သီချင်းဆိုပြခဲ့သော်လည်း သူမကလေးတွေက မမှတ်မိတော့ချေ။ ထို့ကြောင့် ကလေးတွေက မွေးနေ့မှာ ပျော်ရွှင်ပါစေ သီချင်းကို မသိဟုပြောကြခြင်းဖြစ်၏။

လင်းဝေ့လည်း လူအများကြီးရှေ့မှာဖြစ်၍ မှားဆိုမိမှာ တစ်လွဲတွေ ဆိုမိမှာကို စိုးရိမ်မိ၏။

သီချင်းက ကလေးများကို ဆွဲဆောင်မှုရှိ၍တော်သေး၏။ လင်းဝေ့လည်း သီချင်းမဆိုတာကြာ၍ အမှားမပါအောင် အတော်လေး ဂရုစိုက်ကာ ဆိုလိုက်ရ၏။

လင်းဝေ့ သီချင်း ဆိုပြီးတော့ ကလေးတွေကညလက်ခုပ်တီးအားပေးကြ၏။ မင်မင်ကတော့ ဆက်တိုက်ကို လက်ခုပ်တီးကာ အားပေး၏။ လင်းဝေ့လည်း ကလေးများ၏ အားပေးမှုကြောင့် သူမကိုယ် သူမ အဆိုတော်ဟုပင် ခံစားလိုက်ရ၏။

ကျုံးရှောက်ကလည်း ကလေးတွေလောက် အားပေးတာမဟုတ်သော်လည်း အပြုံးလေးနှင့် လက်ခုပ်တီးကာလင်းဝေ့ကိုကြည့်နေ၏။

ကလေးတွေ ဘယ်လောက် အားပေးပေး လင်းဝေ့က စိတ်မလှုပ်ရှားသော်လည်း ကျုံးရှောက်၏ မျက်နှာအမူအရာကို မြင်လိုက်သောအခါ ရှက်သလိုလို ခံစားလိုက်ရ၏။ ထို့ကြောင့် ခေါင်းကို ငုံ့ကာ ချောင်းဆိုးလိုက်၏။

" မွေးနေ့မှာပျော်ရွှင်ပါစေ သီချင်းက အာ့လိုဆိုရတာ နောက်တစ်ခေါက်ပြန်ဆိုပြမယ် ကလေးတို့က နောက်က လိုက်ဆိုကြ ဟုတ်ပြီလား"

ကလေး အားလုံးကလည်း တစ်ညီတည်း "ဟုတ်ကဲ့" ဟုပြန်ပြောကြ၏။

လင်းဝေ့လည်း ကျုံးရှောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းကိုငုံ့ကာ လည်ချောင်းရှင်းပြီး သီချင်းစဆိုလိုက်၏။

" မွေးနေ့မှာ ပျော်ရွှင်ပါစေ…"

ကလေးတွေကလည်း နောက်က လိုက်ဆိုကြ၏။ အစပိုင်းတော့ မဆိုတတ်ကြသော်လည်း စာသားက လွယ်ကူသောကြောင့် လင်းဝေ့၏ သီချင်းသံကို နားထောင်ကာ လိုက်ဆိုကြရာ အငယ်ဆုံး ရှောင်ရှီးရှီးပင်လျင် လိုက်ဆိုလာနိုင်၏။

သီချင်း ဆိုပြီးကြတော့ လင်းဝေ့က လက်ခုပ်တီးလိုက်၏။

" ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မင်မင်နဲ့ရွေ့ရွေ့"

ကလေးအားလုံးကလည်း လက်ခုပ်တီးကာ အော်လိုက်ကြ၏။

" ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ မင်မင်နဲ့ရွေ့ရွေ့!

အမြဲတမ်းပျော်ရွှင်ပါစေ"

ရွေ့ရွေ့က တော့ ငြိမ်ငြိမ်လေးရပ်နေရင်း ပြုံးကာ ကျေးဇူးတင်သည့် အမူအရာဖြင့် ခေါင်းကို ငြိမ့်ရင်းနေ၏။ မင်မင်ကတော့ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် လက်ခုပ်တီးကာ ကျေးဇူးတင်စကားပြောနေ၏။

လက်ခုပ်သံများငြိမ်ကျသွားတော့ လင်းဝေ့က ကျုံးရှောက်ကို မျက်စပစ်ပြလိုက်သည်။ ကျုံးရှောက်က အခန်းထဲမှ လက်ဆောင်ကို ယူပြီး လင်းဝေ့ကို ကမ်းပေးလိုက်၏။

လင်းဝေ့က လက်ဆောင် ဘူးများကို ယူကာ မင်မင်နှင့်ရွေ့ရွေ့ကို ကမ်းပေးလိုက်၏။

"ဒါက သားတို့အတွက် မေမေ နဲ့ဖေဖေ ဝယ်ပေးတဲ့ လက်ဆောင်ပါ။ သားတို့ အမြဲတမ်းပျော်ရွှင်ပါစေ။နောက်နှစ်တွေလည်း မေမေက လက်ဆောင်တွေ ပြင်ဆင်ပေးနိုင်ပါစေ"

ထိုသို့ပြောလိုက်မိရင်း လင်းဝေ့ နောင်တရသွား၏။ အရင် ခေတ်က လူတွေက မွေးနေ့ပွဲကို သိပ်အလေးမထားကြပေ။

လင်းဝေ့လည်း သူမသေဆုံးရမည့် အိပ်မက်မက်ပြီးနောက် နောင်တရကာ သူမ ကလေးများကို ပျော်ရွှင်သည့်အမှတ်တရများ ချန်ထားခဲ့ချင်၏။

ထို့ကြောင့်မွေးနေ့လက်ဆောင်ကို ပေးနေစဥ်အတွင်း ဤလက်ဆောင်က သူမကလေးတွေကို ပေးသည့် နောက်ဆုံး လက်ဆောင်မဟုတ်ရန် သူမစိတ်ထဲ တိတ်တိတ်လေး ဆုတောင်းနေမိ၏။

နောက်နှစ်တွေလည်း သူမ၏ ကလေးတွေအတွက် မွေးနေ့ပွဲပြင်ဆင်ပေးကာ လက်ဆောင်တွေ ပေးနိုင်ရန်မျှော်လင့်နေမိ၏။

လင်းဝေ့၏ အတွေးကို တော့ ကလေးတွေက မသိကြပါ။ သူတို့သိတာက သည်နေ့ အရမ်းပျော်ဖို့ကောင်းသည် ဆိုသည့်အကြောင်းပင်ဖြစ်၏။

မင်မင်က သူ၏ ကားအရုပ် လက်ဆောင်ထုပ်ကို ပွေ့ပိုက်ယူလိုက်ကာပြောလိုက်၏။ " သားကတော့ နောက်နှစ်တွေလဲ ဒီလိုမျိုး မွေးနေပွဲကျင်းပချင်တယ်"

ရွေ့ရွေ့ရဲ့ ပဟေဠိဆက်ကစားစရာက ကြီးလွန်း၍ တစ်စောင်းပွေ့ထားရ၏။ "သားလည်းပဲ မေမေ ဖေဖေနဲ့ အကြာကြီး ပျော်ပျော်နေသွားချင်တယ်"

တစ်ခြားကလေးတွေက သူတို့၏ စိတ်လှုပ်ရှားနေမှုကို ထိန်းထားကာ မင်မင်နှင့် ရွေ့ရွေ့တို့ လက်ဆောင်ရတာကို အားကျနေကြ၏။

သူတို့လည်း မွေးနေ့ပွဲကျင်းပချင်တယ်လေ။

သူတို့လည်း လက်ဆောင်တွေ လိုချင်တယ်လေ။

ကျန်သည့်ကလေးတွေက မွေးနေ့ပွဲကျင်းပချင်သော်လည်း သူတို့မွေးနေ့က မရောက်သေးပေ။

……………………………

ညရောက်တော့ ကလေးနှစ်ယောက်ကို လင်းဝေ့က ချော့သိပ်စဥ် မင်မင်က ရုတ်တရက် မေးလိုက်၏။ "မေမေ မနက်ဖြန်ကျရင်ကော မွေးနေ့ကျင်းပလို့ရလား"

"ဒီနေ့ပဲ သားမွေးနေ့လုပ်ထားတာလေ" ဟု လင်းဝေ့က ပုံပြင်စာအုပ်ကို ပိတ်ပြီး ပြောလိုက်၏။

မင်မင်က အိပ်ရာပေါ်မှာ လှဲရက်အနေအထားဖြင့် သူ့ဒူးလေးကို ပိုက်လိုက်ပြီး မေးလိုက်၏။ "ဒီနေ့ လုပ်ပြီးပေမယ့် နောက်နေ့ကော ထပ်လုပ်လို့ရသေးလား။ သားတို့ မွေးနေ့ကို အမြဲတမ်း ကျင်းပလို့မရဘူးလား"

"သားက ဘယ်နှစ်ရက်တောင် မွေးနေ့ကျင်းပချင်ရတာလဲ" ဟု မေးပြီး သူ့သားခေါင်းကိုပုတ်လိုက်ကာ ဆက်ပြောလိုက်၏။

" နတ်ပြည်သွားလိုက်ပါလား"

သူ့အမေက တစ်ရက် မွေးနေ့ပွဲလုပ်ပေးလိုက်တော့ မင်မင်က နေ့တိုင်း မွေးနေ့ပွဲကျင်းပချင်လာ၏။

သို့သော် သူ့အမေ ပြန်ပြောသည့်စကားကိုတော့ နားမလည်ပေ။

"သားမှာ တောင်ပံ တွေမှ မရှိတာ ဘယ်လိုလုပ် နတ်ပြည်တက်လို့ရမှာလဲ သားမှာသာ အတောင်ပံ တွေရှိနေရက် မိုးပေါ်မှာ ပျံနေမှာပေါ့"

ကလေးတွေကို သွယ်ဝိုက်ပြောနေလို့မရမှန်း လင်းဝေ့နားလည်လိုက်ကာ တိုက်ရိုက်သာရှင်းပြလိုက်၏။

"မေမေ ပြောချင်တာက တစ်နှစ်မှာ မွေးနေ့က တစ်ရက်ပဲရှိတာမို့လို့ နောက်ထပ်မွေးနေ့ပွဲကျင်းပချင်ရင် နောက်နှစ်ထိစောင့်ရမယ်လို့ပြောချင်တာ"

မင်မင်က လက်မခံချင်သေးပေ။ " ဒါပေမယ့် သားနဲ့ ညီလေးက နှစ်ယောက်တောင် ဆိုတော့မွေးနေ့လည်း နှစ်ခါ လုပ်ရမှာ မဟုတ်ဘူးလား"

မင်မင်ရဲ့စကားကို ကြားလိုက်ရတော့ ဒီကလေး ဉာဏ်ကောင်းလိုက်တာဟု လင်းဝေ့တွေးလိုက်၏။

စာသင်တဲ့အချိန်မှာလည်း ဒီလိုသာ ဉာဏ်ထက်ရင် ရွေ့ရွေ့ကို ကျော်တက်နိုင်ဖို့ဆိုတာ အိပ်မက် မဟုတ်တော့ပေ။ အခုတော့ စာသင်တဲ့အချိန်မှာ အာရုံမစိုက်နိုင်၍ သူ့ညီရွေ့ရွေ့ကို မမှိီနိုင်ဖြစ်နေ၏။

လင်းဝေ့လည်း မင်မင်တစ်ယောက်စာသင်ရာတွင် အားစိုက်မထုတ်ကြောင်းသိသော်လည်း ဖိအားတော့မပေးပါ။ မူလဝတ္ထုစာအုပ်ထဲတွင် မင်မင်သည် တက္ကသိုလ်ကောင်းကောင်းတက်နိုင်ခဲ့ကာ သူ့အဖေ၏ ခြေရာကို နင်းနိုင်ခဲ့၏။ နောက် ပင်လယ်ရေကြောင်းအရာရှိဖြစ်လာခဲ့၏။ သို့သော် မွေးနေ့မှာ ပုစွန်နှင့်ဂဏန်းပင်လယ်စာ ဝဝလင်လင်စားခဲ့ရသည်ကို မကျေနပ်နိုင်သည့် ဤကလေးကိုတော့……

လင်းဝေ့ လည်း ထိုသို့တွေး လိုက်ပြီး မင်မင်ကို ပြန်ပြောလိုက်၏။"သားသူငယ်ချင်းတွေ သူတို့မွေးနေ့ကို ဘယ်လိုကျင်းပလဲ မေးကြည့်ပါလား"

"သူ တို့က ဘယ်လိုမွေးနေ့ပွဲ လုပ်ကြတာလဲ?"

"ကြက် ဥ ခေါက်ဆွဲ နဲ့ သားလဲ အာ့လိုလုပ်ချင်လား"

မင်မင် - "..…." တော်ပါပြီ

သူ့သား၏ ဆွံ့အသွားသည့် အမူအရာကိုတွေ့တော့ လင်းဝေ့လည်း စိတ်သက်သာရာရသွား၏။ ကလေးတွေကို ချော့သိပ်ပြီးနောက် ကျုံးရှောက်ကို တိုးတိုး ပြောလိုက်၏။

"အမွှာမို့လို့ မွေးနေ့ကိုလည်း နှစ်ခါလုပ်သင့်တယ် ဆိုပြီး ပြောတာ ဉာဏ်ကောင်းချက်ကတော့"

"ဟုတ်ပ" ကျုံးရှောက်လည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်၏။

" ဒါပေမယ့် မစိုးရိမ်ပါနဲ့ ကိုယ့်မွေးနေ့ကျရင်တော့ နှစ်ခါခွဲကျင်းပစရာမလိုပါဘူး။ ကလေးတွေကို လုပ်ပေးသလို လုပ်ရင်ရပါပြီ"

"ဘယ်လို"

ကျုံးရှောက်၏ စကားကို ကြားတော့ လင်းဝေ့လည်း ခေါင်းကိုငဲ့ကာ မေးလိုက်၏။

"ကိုယ့်မွေးနေ့က မေလ ထဲမှာလေ။ မင်းမေ့နေတာတော့မဟုတ်ပါဘူးနော်" ဟု ကျုံးရှောက်က မျက်မှောင်ကြုံ့ရင်း ပြောလိုက်၏။

လင်းဝေ့ - "……"

မပြီးဆုံးနိုင်တဲ့ မွေးနေ့ပွဲတွေပါလားးး။

All Chapters