Chapter 155
Vol. 12 Ch. 155
လင်းဝေ့ မနက်စာ စားပြီးနောက် ကျုံးရှောက် တစ်ယောက် နောက်ထပ် ကွဲအက်နေတဲ့ အုတ်ကြွတ်တွေ ရှိမရှိစစ်ရန် ခေါင်မိုးပေါ်ထပ်တက်သွားပြန်၏။
သူမတို့ အိမ်ခေါင်မိုးက တြိဂံချွန်းပုံစံဖြစ်နေကာ သိပ်မမတ်ပေ။ အုတ်ကြွတ်တွေကို တစ်ချပ်ပြီး တစ်ချပ် ခိုင်ခိုင်ခံ့ခံ့ထပ်ကာ မိုးထား၏။ ကျုံးရှောက်သည် မည်သည့် လုံခြုံရေး အသက်ကယ်ကြိုးမှ မပါပဲ သစ်သားလှေကားလေးနဲ့ အမိုးပေါ်တက်ကာ အုတ်ကြွတ်ချပ်တွေပေါ် သွားလာနေ၏။
ဖယ်လိုက်သည့် အုတ်ကြွတ်နေရာ အပေါက်ကနေ မြင်နေရသည့် ကျုံးရှောက်အား လင်းဝေ့သည် အိမ်အတွင်း ဝရံတာ ကနေ ကြည့်ကာ ပြုတ်ကျမည်ကို စိုးရိမ်သွားမိပြီး အိမ်အပြင် ခြံထဲအမြန်ပြေးသွားကာ အော်လိုက်၏။
" အမြန်ဆင်းခဲ့တော့"
လင်းဝေ့ အသံကြားတော့ ကျုံးရှောက်က ပြန်လှည့်ကြည့်ကာ ယုံကြည်မှု ရှိရှိဖြင့် ပြန်ပြောလိုက်၏။
" ကိုယ့်ကို မစိုးရိမ်နဲ့ ခဏနေ ဆင်းလာမယ်"
အပြင်ကနေ အိမ်ခြံဝန်းထဲ ပြန်ဝင်လာသည့် မင်မင်နဲ့ ရွေ့ရွေ့က ခြံထဲက သူတို့အမေ ကြည့်နေသည့်နေရာကို မော့ကြည့်လိုက်၏။ ခေါင်မိုးပေါ်က သူတို့အဖေကို တွေ့တော့ အံ့အားတကြီး အော်ဟစ်လိုက်၏။
"ဝိုးးးး ဖေဖေ ပျံနိုင်တာလားး?"
ကျုံးရှောက်လည်း ကလေးတွေပြောတာကိုပြန်မဖြေပဲ ခေါင်မိုးအုတ်ကြွတ်တွေကိုသာ လိုက်စစ်ဆေးနေ၏။
ကျုံးရှောင် ပြန်မဖြေလည်း ကိစ္စမရှိပါ မင်မင်က တော့ သူ့အဖေကို ကြည့်ကာ တက်ကြွနေပြီး အော်ဟစ်နေ၏။
" ဖေဖေ အရမ်းမိုက်တယ် တို့ဖေဖေ အမိုက်ဆုံးပဲ "
မင်မင်၏ အော်ဟစ်နေသံကိုကြားရတော့ လင်းဝေ့လည်း မင်မင်ခေါင်းကို ပုတ်လိုက်၏။
" တော်တော့ သားဖေဖေကို မနှောက်ယှက်နဲ့တော့ "
မင်မင် - "အို့"
မင်မင်လည်း ပါးစပ်ပိတ်ကာ ခေါင်မိုးပေါ် မှာ အလုပ်လုပ်နေသည့် သူ့အဖေကိုသာ ကြည့်နေလိုက်၏။
အိမ်ရှေ့မျက်နှာစာက အမိုးအုတ်ကြွတ်တွေကို စစ်ဆေးပြီးတော့ အိမ်အနောက်ဘက်ခြမ်းကို ကူးလိုက်၏။ လင်းဝေ့နဲ့ ကလေးတွေလည်း အရှေ့ကနေ မမြင်ရတော့ အိမ်အနောက်ဘက်ကို လိုက်ကာ ကြည့်ကြ၏။
သို့သော် အိမ်အနောက် ဘက် ခြံဝန်းက ကျဉ်းတော့ အမိုးတံစက်မြိတ်ကိုသာ မြင်ရပြီး သူတို့အဖေကို မမြင်ရပေ။ဒါနဲ့ လင်းဝေ့လည်း ကလေးနှစ်ယောက်နဲ့အတူ သူတို့ခြံဝန်းကနေ ထွက်ကာ ကျိုးအိမ်ခြံဝန်းအပြင်ဘက်နားကနေ ရပ်ကြည့်ကြ၏။
ချန်ပါးမေ့က သူတို့ခြံဝန်းထဲမှာ ဟင်းသီးဟင်းရွက် သင်နေ၏။ ထိုစဉ် လင်းဝေ့တို့သားအမိတစ်တွေ သူတို့ခြံဘက် ကျောလှည့်က မိုးပေါ်ကြည့်နေကြသည်ကို မြင်၍ သူမလည်း စပ်စုချင်လာသည်။
" ဘာတွေ ကြည့်ကြတာလဲ"
ချန်ပါးမေ့အသံကြားတော့ မင်မင်က လန့်သွား၏။နောက်မှ ကျိုးအိမ်ခြံဝန်းထဲ မြန်မြန်ဝင်သွားကာ ပြောလိုက်၏။
" အန်တီပါးမေ့!! သားတို့ဖေဖေက ပျံနိုင်တယ် သိလား"
" ပျံတယ် ?" ချန်ပါးမေ့ မင်မင်၏ စကားကို နားမလည်နိုင်ဖြစ်သွား၏။
" ဟုတ်တယ် " ဟု မင်မင်က ပြန်ပြောကာ ခေါင်မိုးပေါ် ညွှန်ပြလိုက်၏။
" ကြည့်လိုက် သားတို့ဖေဖေက ခေါင်မိုးပေါ်မှာ အရမ်းမိုက်တာပဲ"
ချန်ပါးမေ့လည်း သူမ၏ လုပ်လက်စ အလုပ်ကို ရပ်ကာ ကျုံးအိမ်ခေါင်မိုးပေါ်ကို လှမ်းကြည့်လိုက်စဉ် ခေါင်မိုးပေါ်မှာ ကုန်းကုန်းကွကွနှင့် အလုပ်ရှုပ်နေသော ကျုံးရှောက်ကို တွေ့လိုက်ပြီး ပိုတောင် နားမလည်နိုင်ဖြစ်သွား၏။
"အစ်မ လင်း ဒုတပ်မှုးကျုံးက ခေါင်မိုးပေါ် ဘယ်လိုလုပ်ရောက်သွားတာလဲ"
လင်းဝေ့က ပြန်ရှင်းပြလိုက်၏။ " အစ်မတို့အိမ်က အုတ်ကြွတ်အမိုးတစ်ချပ်က အက်နေတာ။ လွန်ခဲ့တဲ့ ရက်က မုန်တိုင်းကြောင့် မိုးကြီးရွာပြီး အိမ်ထဲကို ရေယိုလို့ အခု အပေါ်တက်စစ်ကြည့်ပြီး အုတ်ကြွတ်အချပ်အသစ်လဲနေတာ"
" မိုးရေယိုတော့ အိမ်အတွင်းပိုင်းက ကော အဆင်ပြေရဲ့လား" ဟု ချန်ပါးမေ့က မေးလိုက်၏။
လင်းဝေ့ ခေါင်းခါလိုက်သည်။ " ပြေတာတော့ပြေပါတယ် ပြဿနာကြီးကြီးမားမားတော့ မရှိဘူး အက်နေတဲ့ အုတ်ကြွတ်ချပ်က လှေကားခွင်နားမှာဆိုတော့ အနောက်ဘက်ပေါက် လှေကားခြေရင်း နားမှာပဲ ရေတွေ အိုင်သွားတယ်။ ပရိဘောဂပစ္စည်းတွေတော့ ရေမထိလိုက်ဘူး"
ချန်ပါးမေ့သည် လင်းဝေ့၏စကားကို နားထောင်ကာ ဆက်စပ်တွေးကြည့်လိုက်၏။ " လှေကားအပေါ်ဘက်က အုတ်ကြွတ်ချပ်က အက်နေတာဆိုတော့?? အစ်မတို့ ………အဆင်ပြေကြပါတယ်နော့် ဘာအထိအခိုက်မှမရှိကြဘူးမလား"
" ညီမ မေ့နေပြီထင်တယ်။ အာ့နေ့မတိုင်ခင်ကတည်းက အစ်မ ဗိုက်နာလာလို့ ဆေးရုံရောက်နေတာလေ။ မင်မင်နဲ့ ရွေ့ရွေ့ကလည်း ညီမ တို့ဆီမှာလေ။ မနေ့က ပြန်လာမှာ အိမ်ထဲအိုင်နေတဲ့ ရေတွေကို သန့်ရှင်းရေးလုပ်လိုက်ရတာ။ ဒါ့ကြောင့် အားလုံး အဆင်ပြေကြပါတယ်။"
လင်းဝေ့ စကားကိုကြားလိုက်မှ ချန်ပါးမေ့လည်းပြန်သတိရသွားကာ သူမ နဖူးသူ ပြန်ရိုက်လိုက်၏။
" ဟုတ်သားပဲ ညီမ မေ့နေတာ အစ်မတို့ ဘယ်သူမှ အိမ်မှာ မရှိကြဘူးလေ"
" ဟုတ်တယ် ဒါ့ကြောင့် အခု အုတ်ကြွတ်ချပ်တွေကိုပြန်စစ်ကြည့်နေတာ။ နောက်မုန်တိုင်းလာရင် အက်ကွဲနေတာတွေ မရှိအောင်လို့"
" ဟုတ်တယ် ဟုတ်တယ် ပြန်စစ်ဆေးကြည့်ရမယ် ဒါပေမယ့် အစ်မတို့အိမ်က အမိုးအုတ်ကြွတ်ချက်က ဘာလို့ ရုတ်တရက်ကြီး အက်နေရတာလဲ" ချန်ပါးမေ့က မေးလိုက်၏။
လင်းဝေ့လည်း မသိ၍ ခေါင်းခါလိုက်သည်။ " အစ်မလည်း မသိဘူး အရင်နေ့တွေက တိုက်ခဲ့တဲ့ မုန်တိုင်းကြောင့်လား အစကတည်းက အက်ကွဲနေတာလားမသိပါဘူးကွယ်။ တစ်မြန်နေ့က မုန်တိုင်းကြောင့် ရေဝင်လို့သာ သိခဲ့ရတာ"
လင်းဝေ့ နဲ့ ချန်ပါးမေ့ စကားပြောနေစဉ် ကျုံးရှောက်က စစ်ဆေးခြင်းပြီးသွားကာ အောက်ပြန်ဆင်းလာ၏။ လင်းဝေ့လည်း စကားအမြန်ဖြတ်ကာ ကျုံးရှောက် ဆင်းလာသည့် လှေကားကို ကူကိုင်ပေးလိုက်၏။ မင်မင်နဲ့ ရွေ့ရွေ့လည်း အပြေးလာကာ လှေကားကို ကူကိုင်ကြ၏။
သားအမိ သုံးယောက်လုံးကို လှေကားခြေရင်း မှာ မြင်လိုက်ရတော့ ကျုံးရှောက်က ဆင်းမလာပဲ အမိုးပေါ်ပြန်ထိုင်ကာ ပြောလိုက်သည်။ " ကိုယ့်ကို စိုးရိမ်စရာ မလိုဘူး ကိုယ့်ဖာသာ ဆင်းလာခဲ့မယ်"
သူတို့ သားအမိတစ်တွေ လှေကားကိုင်ထားသ၍ ကျုံးရှောက် ဆင်းလာမည့်ပုံ မပေါ်တော့ လင်းဝေ့က " ဒါဆိုလည်း သေချာ ဂရုတစိုက် ဆင်းလာခဲ့" ဟု အော်ပြောကာ လှေကားဘေးရပ်နေလိုက်၏။
သူတို့သုံးယောက် လှေကားဘေးကနေ ဖယ်လိုက်ပြီးမှ ကျုံးရှောက်လည်း ဆင်းလာ၏။ သစ်သားလှေကားလေးက ခိုင်မာပုံမရသော်လည်း သေသေချာချာ ထောင်ထားတာဖြစ်၍ ကျုံးရှောက်လည်း တစ်ထစ်ချင်းဖြည်းဖြည်းချင်း အောက်ကို ဆင်းလာခဲ့၏။
လင်းဝေ့လည်း အိမ်ထဲ ဝင်ကာ ရေအေးတစ်ခွက်ခပ်လာပြီး ကျုံးရှောက်ကို ကမ်းပေးလိုက်၏။ "ခေါင်မိုး အခြေအနေက ဘယ်လိုလဲ"
မနက်ကတည်းက ရေဆာနေခဲ့သည့်ကျုံးရှောက်လည်း လင်းဝေ့ကမ်းလာသည့်ရေခွက်ကို ယူကာ တစ်ကျိုက်တည်းမော့လိုက်၏။
"တစ်ချို့အုတ်ကြွတ်အချပ်တွေလည်း အက်နေသေးတယ်။ ကိုယ် ခရိုင် အုတ်ကြွတ်စက်ရုံကို သွားပြီး အစားထိုးမယ့်အုတ်ကြွတ် ရှာလိုက်ဦးမယ်။ သုံးမရတော့တဲ့ အုတ်ကြွတ်တွေကို လည်း လဲပစ်ရမယ်"
"အခု ချက်ချင်းကြီး လုပ်စရာလိုလို့လား" ဟု လင်းဝေ့က မေးလိုက်၏။
"ဒီကိစ္စက အချိန် ဆွဲနေလို့မရဘူး"
ယခုရာသီက ယားကျိုကျွန်းတွင် မိုးရွာသည့်ရာသီဖြစ်ပြီး အမိုးအုတ်ကြွတ်တွေ အက်နေသ၍ ရေက အိမ်ထဲကို ယိုနေဦးမယ်ဖြစ်၏။ လင်းဝေ့က လည်း ကိုယ်ဝန်သည်ဖြစ်ပြီး အိပ်မက်နိမိတ်လည်း ရှိထားရာ တစ်ရက်ဖြစ်မလာလျင် နောက်နေ့တွေမှာ ဖြစ်လာနိုင်၏။ ထို့ကြောင့် စိတ်ချရသည်အထိ ပြင်ထားဖို့ လိုအပ်သည်။
လင်းဝေ့လည်း ထိုသို့တွေးလိုက်ပြီး ထပ်မေးလိုက်၏။
" ဒါဆို ကျွန်မကော လိုက်ခဲ့ဖို့ လိုသေးလား"
"ဖေဖေနဲ့မေမေ အပြင်သွားကြမလို့လား" ဟု မင်မင်က ကြားဖြတ်မေးလိုက်၏။
" ဖေဖေ အလုပ်ကိစ္စရှိလို့ပါ" ကျုံးရှောက်က သူ့သားကို ပြန်ဖြေလိုက်ပြီး လင်းဝေ့ကို ထပ်ပြောလိုက်၏။
"ကိုယ်တစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ် မြန်မြန်သွားပြီး စောစော ပြန်လာခဲ့မယ်"
လင်းဝေ့လည်း မူလက လိုက်ဖို့စဉ်းစားခဲ့သော်လည်း ဘာအကူအညီမှ မပေးနိုင်ရုံမက နှောင့်နှေးစေရုံသာဖြစ်မည်ကိုပြန်တွေးလိုက်ပြီး ကျုံးရှောက်တစ်ယောက်တည်းသာ သွားစေလိုက်၏။
ကျုံးရှောက် ဈေးမသွားခင် သူတို့သားအမိတစ်တွေလည်း အတူတူ ပြည်နယ်စားသောက်ဆိုင်ကို နေ့လည်စာ သွားစားကြ၏။
လွန်ခဲ့သည့်ရက်က လင်းဝေ့ဗိုက်နာ၍ ဆေးရုံတက်လိုက်ရသည့်ကိစ္စက လျို့ဝှက်ချက်ကြီး ဟုတ်မနေတော့ မိသားစုအိမ်ရာတစ်ခုလုံး ထိုသတင်းကို သိလိုက်ကြ၏။ထို့ကြောင့် စားသောက်ဆိုင်မှာ လင်းဝေ့တို့ သားအမိကိုမြင်သည့်သူတိုင်းက အဆင်ပြေလား မေးကြ၏။
ရိုးရိုးဗိုက်နာတာမှန်း သိလိုက်ကြ၍ အားလုံးကလည်း စိတ်သက်သာရာရသွားကြ၏။ တစ်ချို့ကလည်း မွေးဖွားခါနီးကိုယ်ဝန်က ဂရုစိုက်ရမည်ဖြစ်ကြောင်း သတိဖြင့်နေထိုင်ရန် စေတနာဖြင့် သတိပေးသွားကြ၏။
လင်းဝေ့လည်း အကြံပေးသမျှကို ခေါင်းငုံ့ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်၏။
ကျုံးရှောက်လည်း အကြံပေးသည်များကို နားထောင်ပြီးနောက် နေ့လည်စာစားကြတော့ လင်းဝေ့ကို ကလေးထိန်းတစ်ယောက် ငှားကြမလားဟု မေးလိုက်၏။
"ကလေးထိန်း "
ကျုံးရှောက်၏ စကားကိုကြားတော့ လင်းဝေ့က စားနေရင်းရပ်သွား၏။
လင်းဝေ့ ကိုယ်ဝန်စရှိတုန်းကတည်းက ကိုယ်ဝန်လရင့်လာချိန်နှင့် မီးဖွားပြီးချိန်တွင် လင်းဝေ့ကို ဘယ်သူပြုစုပေးမလဲ ဟူသည့်ကိစ္စကို ဆွေးနွေးပြီးဖြစ်၏။ မူလကတော့ တစ်ယောက်ယောက်ကို ခေါ်ထားမည်ဟု စီစဉ်ထားသော်လည်း နောက်တော့ လင်းဝေ့က မီးတွင်းမရောက်ခင်အထိ သူမကိုယ်သူမ ဂရုစိုက်နိုင်လိမ့်မည်ဟု တွေးထားသောကြောင့် လူခေါ်မည့်ကိစ္စကို ထားလိုက်ကြ၏။
နောက်ပိုင်း အမေလင်းကို ခေါ်မည်ဟုစဉ်းစားလိုက်ကြသည်။ လင်းမိသားစုကလည်း မိသားစုဝင်များ၍ မိသားစုဝင် ကြီးကြီးငယ်ငယ် အားလုံးကို အမေလင်းက ပြုစုစောင့်ရှောက်ရ၏။ သို့သော် သူ့သမီး လင်းဝေ့ မီးဖွားလျင်လည်း လာ ကူပေးချင်၍ လင်းဝေ့ မီးမဖွားခင် လဝက်လောက်အလိုကတည်းက လာမယ်ဟု အမေလင်းက ပြောထား၏။ ထို့ကြောင့် အမေလင်း၏ ခရီး သွားလာချိန်ပါ ပေါင်းလျင် နှစ်လလောက် သူမ အိမ်မှာ ရှိနိုင်မည်မဟုတ်ချေ။
ကျုံးရှောက်လည်း စစ်တပ်ထဲက သူ့ရဲဘော်တစ်ချို့ကို မေးကြည့်ရာ တစ်ချို့ရဲဘော်များ၏ ဇနီးများက သူတို့ဇာတိမြေမှာ ပြန်မွေးကြ၍ မသိဟုပြန်ဖြေကြ၏။ ယားကျိုကျွန်းတွင် မွေးသည့် အမျိုးသမီးများ၏ ယောကျာ်းစစ်သားများကတော့ သူတို့အမျိုးသမီးများသည် ကိုးလကိုယ်ဝန်လွယ်ချိန်တွင်တော့ မိမိကိုယ်ကို ဂရုစိုက်နိုင်ကြပြီး မွေးဖွားပြီးချိန်တွင်တော့ မီးနေသည်ဖြစ်၍ လေစိမ်းပင် မထိရလေရာ တစ်လ သို့မဟုတ် လဝက် မီးတွင်းထဲ ဂရုစိုက်ပေးရသည်ဟု ပြန်ဖြေကြ၏။
ထို့ကြောင့် ယောက္ခမကြီးသည် လင်းဝေ့ကို လဝက်လောက်တော့ ဂရုစိုက်ပေးနိုင်လိမ့်မည်ဟု ကျုံးရှောက်တွေးလိုက်၏။ ထို့အပြင် လတ်တလောတွင်လည်း သူတို့မိသားစုက ပြည်နယ်စားသောက်ဆိုင်ကသာ ဝယ်စားရာ အိမ်မှာ မချက်စားကြပေ။ ထို့ကြောင့် လင်းဝေ့လည်း ချက်ပြုတ်ပေးစရာမလို၍ သူမ၏ တစ်နေ့တာ အလုပ်တွေကလည်း အများကြီး သက်သာနေပြီဖြစ်သည်။ တစ်ချို့အလုပ်တွေကတော့ ကျုံးရှောင်ပြန်လာမှ ကူလုပ်ပေးလေ၏။
ကလေးနှစ်ယောက်ကို ရေချိုးပေးတာလဲ ကျုံးရှောက်အိမ်မှာရှိလျင် သူ့တာဝန်ဖြစ်၏။ ထို့အပြင် သူတို့ပင်လယ်ကမ်းခြေကို ရေကူးသွားလျင်လည်း ကလေးတွေ သူတို့ဖာသာ ရေချိုးတတ်ကြသည်။ လင်းဝေ့တာဝန်ကတော့ အဝတ်အစားတွေ လျှော်ရုံသာဖြစ်၏။