Chapter 159
Vol. 13 Ch. 159
ကျန်းလန်၏ ဟင်းချက်စွမ်းရည်ကောင်းများနှင့် သန့်ရှင်းသပ်ရပ်မှုကြောင့်၊ ကျုံးရှောက်နှင့် ဆွေးနွေးပြီးနောက်မှာ ကျန်းလန်ကို ခန့်ဖို့နှင့် နောက်ရက်မှစပြီးအလုပ်လုပ်စေဖို့ လင်းဝေ့ဆုံးဖြတ်လိုက်သည်။
သူမသည် နောက်တစ်ရက်မှာပင် အလုပ်စလုပ်ရမည်ဆိုသော်လည်း၊ အမှန်မှာတော့ သူမအလုပ်နှင့် အဆင်ပြေမပြေ လင်းဝေ့နှင့် ကျုံးရှောက်က သုံးရက်ခန့် စောင့်ကြည့်ခဲ့သည်။ ကလေးနှစ်ယောက်သည်လည်း သူမကိုမုန်းတီးခြင်းမရှိခဲ့တာကြောင့် သူမကိုသာခန့်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကလေးထိန်းခန့်ပြီး နောက်တစ်ရက်မှာတော့၊ ကျုံးရှောက်က သူတို့တပ်ရင်းမှူးခေါင်းဆောင်၏ အိမ်မှ တစ်ယောက်အိပ်ကုတင်တစ်လုံး ရွှေ့လာခဲ့လေသည်။
ဒီကုတင် အဘယ်သို့ရောက်လာသည်ကို သိပြီးနောက် လင်းဝေ့က မေးလိုက်သည်။ “ဒီကုတင်ကို တကယ်ပဲတပ်ရင်းမှူးခေါင်းဆောင်ဆီက ဌားလာတာလား?”
ကျုံးရှောက်ကလည်း “တပ်စုက သူတွေနဲ့ညစာစားပြီးတော့ သူတို့ထဲက ဘယ်သူ့ဆီမှာ တစ်ယောက်အိပ်ကုတင်ရှိမလဲလို့ မေးကြည့်ခဲ့တာ၊ ဒါပေမယ့် ဘယ်သူ့ဆီမှာမှမရှိကြဘူး။ တပ်ရင်းမှူးခေါင်းဆောင်က သူ့ဆီမှာကုတင်ပိုတစ်လုံးရှိတယ်လို့ ပြောတယ်၊ ပြီးတော့ သူကလည်း ဌားပေးချင်နေတာမလို့၊ ကိုယ့်ကို ညတွင်းချင်းပဲ သွားယူခိုင်းလိုက်တာ။ သူ့အိမ်က ပြောင်းသွားပြီလေ၊ အဲ့တာကြောင့် ကိုယ်သွားယူလာခဲ့တာပဲ။”
“တပ်ရင်းမှုးခေါင်းဆောင်က ရှင်တို့ တပ်စုကိုလာခဲ့တာလား” လင်းဝေကမေးလိုက်သည်။
“သူက ကိုယ်တို့လေ့ကျင့်ရေးကို ကြီးကြပ်ပေးဖို့လာတာပါ” ကျုံးရှောက် မတ်တပ်ရပ်လိုက်ပြီး ကုတင်ကို နေရာချဖို့တွေးတောရင်း အခန်းတွင်းကိုကြည့်လိုက်သည်။ အခန်းတွင်းကိုသေချာကြည့်ပြီးနောက်မှာတော့၊ “အံဆွဲဗီရိုကို ဖယ်လိုက်လို့ရမလား?” ဟု သူမေးလိုက်သည်။
သူတို့ အိပ်ခန်းမှာ ထောင့်မှန်စတုဂံပုံစံဖြစ်သည်။ တံခါးသည် ရှည်လျားသောနံရံ၏ အလယ်တည့်တည့်တွင်ရှိသည်။ သူတို့အိပ်သည့်ကုတင်သည် တံခါး၏ ညာဘက်ခြမ်းတွင်ရှိပြီး၊ ကုတင်ဘေးတစ်ဖက်တစ်ချက်တွင် ပစ္စည်းတင်ရန်ခုံများလည်း ရှိလေသည်။ အလှပြင်ခုံသည်တော့ ဝဲဘက်ခြမ်း၊နံရံ၏ထောင့်နေရာတွင်ရှိသည်။ ဆန့်ကျင်ဘက်နံရံ၏ ထောင့်တွင်မူ ပြတင်းပေါက်တစ်ခုရှိလေသည်။ အဝတ်ဗီရို၏ ဘေးတွင် စာအုပ်စင်တစ်စင်လည်း ရှိသေးလေသည်။
ဒီအတိုင်းဆိုလျှင်တော့၊ အသစ်ရွှေ့လာသည့်ကုတင်သည် အလှပြင်ခုံနှင့် အဝတ်ဗီရိုကြားရှိ နေရာတွင်သာထားနိုင်မယ်ဖြစ်သည်။ သို့သော်လည်း နှစ်ခုကြားနေရာသည်လုံလောက်သည့် အကျယ်အဝန်းမရှိပေ။ ကုတင်ကိုတော့ နေရာချထားနိုင်မည်ဖြစ်ပေမယ့် ထိုနေရာတွင်ထားလိုက်လျှင် လင်းဝေ့ အလှပြင်ခုံရှေ့ထိုင်၍မရရုံမျှမက ဆံပင်ဖြီးလိမ်းခြင်းကဲ့သို့သော ပြင်ဆင်မှုများလည်း လုပ်နိုင်တော့မည်မဟုတ်ပေ။
“အလှပြင်ခုံကို တံခါးနားရွှေ့လိုက်ပြီး ကုတင်ကိုဒီနံရံရှေ့မှာပဲထားလိုက်ပါ။”
ကျုံးရှောက် စဉ်းစားလိုကိပြီးနောက် “အဲ့လိုထားလိုက်မယ်ဆိုရင်၊ တံခါးဖွင့်တဲ့အခါ တံခါးရွက်က အလှပြင်ခုံကိုသွားရိုက်မိနေလိမ့်မယ်။”
လင်းဝေ့က ပြောလိုက်သည်။ “ ဗီရိုရဲ့တံခါးကို ဖွင့်မရမှာနဲ့ယှဉ်ရင် ဒီလိုကမှ ကောင်းပါသေးတယ်။ ဒီလိုပဲထားလိုက်ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် လနည်းနည်းလောက်ပဲလေ။”
လင်းဝေ့ ပြောသည်ကိုကြားပြီးနောက်၊ ကျုံးရှောက် အလှပြင်ခုံကို အပြင်ဘက် အရင်ရွှေ့လိုက်သည်။ ထို့နောက် စင်္ကြန်တွင်ထားခဲ့သည့် ကုတင်အစိတ်အပိုင်းများကို ယူရန်ထွက်သွားလေသည်။
ပထမဦးဆုံး ကုတင်ဘေးတိုင်တို့ကိုအရင်ချကာ၊ ကုတင်ခေါင်းရင်းနှင့် ခြေရင်းတို့ကိုတပ်ဆင်လေသည်။ နေရာချထားပြီးနောက်မှာတော့၊ လင်းဝေ့တစ်ခေါက်လာကြည့်လေသည်။ နဂိုက နေရာပိုများဖြင့် ကျယ်ဝန်းသည့်အိပ်ခန်းဟာ ရုတ်တရပ်ဆိုသလို ပြည့်ကျပ်လာသည်ဟုထင်ရသည်။ သို့ပေမယ့် ဒီလိုတွေးခြင်းသည်လည်းမဟုတ်သေးပေ။ အိမ်ထိန်းတစ်ယောက်ကိုစရိတ်ငြိမ်းနဲ့ဌားရန် လိုအပ်သူဟာ သူမပါပဲမဟုတ်ပါလား။
“ကုတင်ကို ရေဝတ်တိုက်ဖို့ ရေနည်းနည်းသွားယူလိုက်ဦးမယ်” လင်းဝေ့ကပြောလိုက်သည်။
“ကိုယ်သွားလိုက်မယ်။” ကျုံးရှောက်ပြောလိုက်ပြီးနောက်၊ လင်းဝေ့ကို ကျော်ပြီးထွက်သွားလိုက်သည်။
ထိုတစ်ယောက်အိပ်ကုတင်သည် အချိန်အတန်အကြာအသုံးမပြုဘဲ ထားထားသောကြောင့်၊ ကုတင်ပေါ်တွင် ဖုန်အနည်းငယ်တော့ရှိပေသည်။ သို့ပေမယ့် နှစ်ခေါက်သုံးခေါက်ခန့် သုတ်လိုက်လျှင်ပင် လုံလောက်မည်ဖြစ်သည်။ ကုတင်နဲ့ပက်သက်ပြီးကျန်တာတွေအတွက် စိုးရိမ်စရာမလိုပေ။ ဒီတစ်လောအတွင်း ပင်လယ်ဘက်ကိုသွားဖို့မရှိသည့်အတွက်၊ သူကိုယ်တိုင်ပဲ ကျန်ကိစ္စကို ဆက်လုပ်လိုက်မည်ဖြစ်သည်။
သို့သော်၊ မင်မင်ရေချိုးပြီးနောက် အခန်းတွင်းကြည့်လိုက်သည့်အခါမှာ၊ အခန်းကြီးထဲတွင် ကုတင်ပိုတစ်လုံးကိုတွေ့လိုက်ရသည်။ သူ့မျက်နှာက အံ့ဩမှုများနှင့် ပြည့်နှက်နေပြီး သူထိုကုတင်ကို သုံးလို့ရမရမေးမြန်းဖို့ လင်းဝေ့နှင့်စကားပြောခဲ့သည်။
“ဒီကုတင်မှာ ဘာလို့အိပ်ချင်ရတာလဲ?” လင်းဝေ့ မေးလိုက်သည်။
“မေမေနဲ့တစ်ခန်းတည်းအိပ်ချင်ပေမယ့်၊ ဖေဖေက မေမေနဲ့တစ်ကုတင်တည်း မအိပ်ခိုင်းဘူးလေ၊ အဲ့တာကြောင့် ကုတင်အသစ်ပေါ်မှာပဲအိပ်ရမှာပေါ့” သနားစရာကောင်းစွာပြောလိုက်သည်။
ကျူံရှောက်မတတ်နိုင်ဘဲ ဝင်ပြောလိုက်သည်။ “ဘယ်တုန်းက မင်းအမေနဲ့ တစ်ကုတင်တည်း မအိပ်ခိုင်းလို့လဲ?”
တိတိကျကျ၊ ယုံကြည်ချက်ရှိရှိ ရေတွက်ပြီးနောက်မှာတော့ “ မနေ့ကရယ်၊ မနေ့ရဲ့မနေ့ကရယ်၊ တမြန်မနေ့ကရယ်၊ တစ်မြန်မနေ့ရဲ့မနေ့ကရယ်၊ နေ့တိုင်းပဲ။”
ကျုံးရှောက်သီးသွားပြီး၊ စိတ်ထဲမှ ' ငါက မင်းကိုတစ်ကုတင်တည်း မအိပ်စေချင်ဘူး? မင်းအမေနဲ့တစ်ခန်းတည်းကိုမအိပ်စေချင်တာကွ။' လင်းဝေ့ကိုယ်ဝန်ရှိနေသောကြောင့် ညဘက်သူတို့နှစ်ဦးဘာမှမလုပ်ရသော်လည်း၊ နှစ်ကိုယ်ခြားလွတ်လပ်စွာစကားပြောချင်သေးသည်ပင်။
လင်းဝေ့ပြုံး၍ပြောလိုက်သည်။ “ဟုတ်ပါပြီ။ တစ်ယောက်အိပ်ကုတင်မှာ အိပ်ဖို့မလိုပါဘူး။ သားနဲ့သားညီလေးနဲ့ ဒီညမေမေတို့နဲ့ တူတူအိပ်လို့ရပါတယ်”
“တကယ်သားတို့ အတူအိပ်လို့ရတာလား?” ဟုပြန်မေးလိုက်သည်။
လင်းဝေ့ခေါင်းညိမ့်လိုက်ပြီး ကျုံးရှောက်ကိုကြည့်လိုက်သည်။ သူ့မိန်းမနှင့်ကလေးများရဲ့ အကြည့်အောက်မှာတော့၊ ကျုံးရှောက် ခဏမျှငြိမ်သွားပြီး၊ မကျေနပ်စွာဘဲခေါင်းညိမ့်လိုက်ရတော့သည်။
…
ကျန်းလန်က အလုပ်ကြိုးစားသော်လည်း၊ လကုန်ပြီးပင်လယ်ဘက်တာဝန်ကျသောအခါ ကျုံးရှောက် လင်းဝေ့တို့ကို စိတ်မချနိုင်သေးပေ။
ဘယ်လိုပဲအိမ်ကိုလွမ်းစေကာမူ၊ သူက ဦးစားပေးရမည့် အရာများအပေါ် အမြဲပြတ်သားခဲ့သည်။ အလုပ်လုပ်သည့်အခါတွင်လည်း လေးနက်စွာလုပ်ကိုင်သေးသည်ပင်။ ညအိပ်ရာမဝင်ခင်အချိန်တွင်တော့၊ အစဉ်အမြဲ လင်းဝေ့ပုံကို ထုတ်၍ကြည့်လေ့ရှိသည်။
ကျိုးကျန်းဟိုင်သည်လည်း ကျုံးရှောက်နှင့်တစ်ခန်းတည်းအတူနေရသည်။ သူသည်တော့ သူ့မိန်းမအကြောင်း ထိုမျှမကြာခဏမတွေးမိချေ။
သူတိူ့သည် လင်မယားသက်တမ်းရင့်ပြီဖြစ်သောစုံတွဲဖြစ်ရာ၊ ဒီတစ်ခေါက်သည်လည်း သူ၏ပထမဆုံးပင်လယ်အတွေ့အကြုံမဟုတ်သဖြင့်၊ စိုးရိမ်စရာမရှိပေ။
သို့ပေမယ့်၊ ကျုံးရှောက်ကိုင်ထားသည့်ပုံကိုမြင်လိုက်သည့်အခါမှာတော့၊ သူ့စိုးရိမ်မှုမြင့်တက်လာပြီး အိမ်ကိုပိုလွမ်းလာသည်။ ထို့ကြောင့် သူလည်း သူ့မိန်းမပုံကိုထုတ်ကာ ကြည့်လိုက်သည်။
ကျိုးကျန်းဟိုင် အိမ်ပြန်ရောက်၍ တန်းရှန့်ယွင်ကို မြင်လိုက်သည့်အခါ၊ လွန်စွာစိတ်လှုပ်ရှားသွားပြီး မျက်ရည်များပင်ကျလာခဲ့သည်။
တန်းရှန့်ယွင်လည်း အာရုံမရဖြစ်သွားကာ “ရှင်... ရှင်ဒီတစ်ခေါက်ပင်လယ်ကို သွားတုန်းက တစ်ခုခုဖြစ်လာခဲ့တာလား?” ဟု ပြောလိုက်သည်။
“ဘာမှမဖြစ်ခဲ့ပါဘူး။ အဆင်ပြေပါတယ်။”
“ဒါဆိုကျွန်မကို ဘာလို့ ခုထိဖက်ထားသေးတာလဲ?”
“ဒီလိုပါပဲ။ ဒီတစ်ခေါက်သွားရတာက တော်တော်ကြာတယ်လေ။ မင်းကိုအကြာကြီး မတွေ့ရတာဆိုတော့ သတိရလို့ပါ။”
အရင်ကလည်း ဤကဲ့သို့ အကြာကြီးမသွားဖူးခြင်းမျိုးမဟုတ်ပေ၊ ဒါပေမယ့် ဤတစ်ခေါက်ကဲ့သို့ သူမအကြောင်း အလွန်အမင်း တွေးတောပြီး သတိရကာပြန်လာခြင်းမျိုး မမြင်ဖူးသေး ဟုတွေးပြီး ကျိုးကျန်းဟိုင်ကို သံသယရှိစွာ ကြည့်လိုက်သည်။
ကျိုးကျန်းဟိုင်သည် သူပထမဆုံးပြန်လာသည့်နေ့တွင် သူ့မိန်းမအနားသာ ကပ်နေသော်လည်း၊ နောက်တစ်နေ့တွင်တော့ ပုံမှန်ပြန်ဖြစ်သွားလေသည်။ တန်းရှန့်ယွင် တွေးထားသကဲ့သို့ တစ်ခုခုဖုံးကွယ်ထားခြင်းမဟုတ်ကြောင်းသိလိုက်ရသဖြင့်၊ သူမလည်း ထိုကိစ္စကို ရပ်ဆိုင်းထားလိုက်လေတော့သည်။
…
ကျုံးရှောက် အိမ်ပြန်လာတဲ့ညမှာတော့၊ လင်းဝေ့ကိုဖက်ထားလိုက်ပြီး သေချာဂရုစိုက်ပေးလေသည်။ ဤအခြေအနေတွင် သူ မလုပ်ရဲသည့်အရာများစွာရှိသည်မှာ အမှန်ပင်ဖြစ်လေသည်။ အခုအချိန်မှာတော့၊ သူဟာ လင်းဝေ့ထက်ပို၍ ဆင်ခြင်နေရသည်။ ထို့အပြင် အလွန်ဆုံး၊ သူသည် သူ့မိန်းမအား လက်များနှင့်သာ ကိစ္စဖြေရှင်းခိုင်းလိုက်လေသည်။
ထိုအခြေအနေအပြီးမှာတော့၊ လင်းဝေ့က ကျုံးရှောက်ကို သူမလက်ဆေးဖို့ရေသွားယူစေသည်။
သဘာဝကျစွာပဲ၊ ကျုံးရှောက် ဘာမျှမပြောဘဲ၊ ရေကိုသာ ပျော်ရွှင်စွာ သွားယူလိုက်လေသည်။ ဆပ်ပြာပါတစ်ပါတည်းယူခဲ့ပြီး လင်းဝေ့လက်များကို သေချာစွာ ပွတ်တိုက်ဆေးကြောပေးလိုက်လေသည်။
လင်းဝေ့သည် တပ်ထဲရောက်လာသည်မှာ တစ်နှစ်ကျော်ပြီ ဟုပြောရန်ပင် ထူးဆန်းလေသည်။ သူမကိုယ်ဝန်မရှိစဉ်က၊ သူမတို့စုံတွဲဟာ အရှက်မဲ့သည့်အရာများစွာ ပြုလုပ်ခဲ့ပြီးလေပြီ။ သူမဟာ စစချင်းမှာ အနည်းငယ်ရှက်နေရုံမျှပါပဲ။ တော်တော်လေးကို ရှက်နေရုံမျှပါပဲ။
ကျူံးရှောက်နှင့် အထိအတွေ့မရှိတာကြာလို့ပဲလား၊ ဒါမှမဟုတ် တခြားအကြောင်းအရင်းတွေကြောင့်ပဲလား၊ သူမ မသိချေ။ ကျုံးရှောက် သူမအား ရိုးရိုးထိရုံမျှနှင့်ပင်၊ သူမ ရှက်သွေးဖြာလာပြီး ရင်ခုန်လာသည်။ သူမတစ်ဖက်သို့လှည့်ပြီး မေးလိုက်သည်။ “ရှင်အဆင်ပြေရဲ့လား?”
“ပြေပါတယ်။”
ကျုံးရှောက် လင်းဝေ၏ လက်များကို ရေထဲသို့နှစ်လိုက်ပြီး ဂရုတစိုက်ပွတ်သပ်ပေးနေလေသည်။
ဒါဘယ်လိုအခြေအနေမျိုးလဲ!
လင်းဝေ့လည်း မတတ်နိုင်တော့ဘဲ “ထပ်ဆေးရဦးမယ်ဆိုရင် ကျွန်မလက်က အရေပြားတွေ ကွာကျလာတော့မှာပဲ။”
“ဟုတ်ပါပြီ” ကျုံးရှောက် လင်းဝေ့လက်တွေကိုလွှတ်လိုက်ကာ၊ မျက်နှာအနေအထားမပြောင်းဘဲ ပြောလိုက်သည်။
သူရေစိုသဘက်တစ်ထည် ကောက်ယူလိုက်ပြီး၊ လင်းဝေ့လက်တွေကို ထိုသဘက်ထဲပတ်ထားပြီး၊ သန့်ရှင်းအောင်သုတ်ပေးလိုက်ကာ၊ အလှပြင်ခုံဆီသို့ လျှောက်သွားလိုက်ပြီး၊ အလှဆီဗူးကိုကောက်ယူကာ၊ ကုတင်ပေါ်သို့ပြန်ထိုင်လိုက်လေသည်။ အဖုံးဖွင့်ပြီး သူ၏လက်နှင့် အနည်းငယ်ယူလိုက်ပြီးနောက် လင်းဝေ့လက်နှစ်ဖက်ကို လိမ်းပေးလိုက်လေသည်။
လင်းဝေ့လက်မှ အသားအရေသည် သူမ၏မျက်နှာအသားအရေကဲ့သို့ နူးညံ့ခြင်းမရှိပေ။ သူမ အသက်ခုနှစ်နှစ်၊ ရှစ်နှစ်အရွယ်တုန်းက၊ လင်းဝေ့ သူမအမေ၏ အလုပ်များကို ကူလုပ်ပေးခဲ့လေသည်။ သူမ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း နွေရာသီအားလပ်ရက်တို့တွင်လည်း သူမကိုယ်တိုင်ပင်ချက်ခဲ့လေသည်...
လက်ထပ်ပြီးနောက်မှာတော့၊ သူမလက်အသားအရေသည် ပိုမိုကောင်းမွန်လာခဲ့သည်။ သူမထမင်းတွေဟင်းတွေချက်နေရသော်လည်း၊ ကျုံးရှောက်ကိုသူမအတွက် ရေဓာတ်ဖြည့်ခရင်မ်နှင့် အလှဆီကိုဝယ်ပေးရန်ပြောခဲ့သည်။ ကျုံးရှောက်သည်လည်း ဝယ်ပေးဖို့ မပျက်ကွက်ခဲ့ပေ။ သူမ လိမ်းရန် ပထမဆုံးအလှဆီကို သူမယောက္ခမထံမှ ရရှိခဲ့ခြင်းဖြစ်လေသည်။
အလှဆီတင်မကဘဲ၊ သူမမျက်ခုံးမွှေးဆွဲဖို့အတွက် မျက်ခုံးမွှေးဆွဲတံကို အသုံးပြုခဲ့ခြင်း၊ နှုတ်ခမ်းနီလည်းဝယ်ခဲ့ခြင်း တို့သည်လည်း သူမယောက္ခမထံမှ သင်ယူခဲ့ခြင်းဖြစ်လေသည်။ သူမယောက္ခမသည် အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင်အတွက်လည်း ငွေသုံးသင့်ကြောင်းသိသင့်သည်ဟုဆိုကာ သူမအားသုံးစရာရှိတာသုံးရန် အားပေးခဲ့လေသည်။
အလှဆီလိမ်းပေးပြီးနောက်မှာတော့၊ ကျုံးရှောက်က လက်ဆေးထားသည့်ရေ သွားသွန်ဖို့အလျင်မလိုဘဲ၊ သူ ဒီတစ်ခေါက် ပင်လယ်ဘက် တာဝန်ကျချိန်အတွင်း သူတို့မိသားစုအခြေကို လင်းဝေ့အားမေးလိုက်သည်။
“အခြေအနေအရမ်းကောင်းပါတယ်။ ကျန်းလန်ကအလုပ်အရမ်းကြိုးစားတယ်” ဟုပြောလိုက်လေသည်။
လင်းဝေ့က ပျင်းရိခြင်းမရှိသော်လည်း၊ သူမအလုပ်သွားပြီး လက်ရှိစာသင်နှစ်အတွက် ကလေးတွေကိုဂရုတစိုက်သင်ကြားပေးရလေသည်။ သူမ ကိုယ်ဝန်မရှိခင်ကပင်၊ သန့်ရှင်းရေး ခဏခဏလုပ်ဖို့အတွေးမရှိခဲ့ပေ။ အစပိုင်းမှာတော့၊ တစ်ပတ်တစ်ခါသာလုပ်ခဲ့သည်။
တဖြည်းဖြည်းနှင့် လဝက်တစ်ခါမှသာ လုပ်ဖြစ်တော့သည်။ သူမကိုယ်ဝန်မရှိခင် အချိန်အတွင်း၊ ကျုံးရှောက်ကပဲ အိမ်သန့်ရှင်းရေးကို တစ်လမှတစ်ခါသာလုပ်ဖြစ်လေသည်။
သူမကိုယ်ဝန်ရှိလာပြီးနောက်မှာတော့၊ သူမ ပျင်းရိလာခဲ့သည်။ သူမတင်မဟုတ်ဘဲ၊ ကျုံးရှောက်ပါ ထိုသို့ဖြစ်လာခဲ့သည်။ တကယ်တော့၊ ညစ်ပတ်ပေပွနေပုံမပေါက်လျှင်ပင် လုံလောက်ပြီဖြစ်သည်။
အဆုံးသတ်မှာတော့၊ ကျန်းလန်က အတော်လေးကောင်းစွာ လုပ်ကိုင်နိုင်သည်။ လင်းဝေ့က ကျန်းလန်ကို တစ်ပတ်ကိုတစ်ခါ သန့်ရှင်းရေးလုပ်နိုင်သည်ဆိုသော်လည်း၊ သူတို့အိမ်သည် ပုံမှန်တွင်လည်း ရှုပ်ပွခြင်း မရှိသော်လည်း၊ ကျန်းလန်ဟာ နှစ်ရက်၊ သုံးရက်တစ်ခါပင် သန့်ရှင်းရေးလုပ်နိုင်လေသည်။