Chapter 160
Vol. 13 Ch. 160
ကျုံးရှောက်ခေါင်းညိမ့်ကာ “သူနဲ့တစ်ခန်းတည်းအိပ်ရတာကိုရော မင်းနေသားကျပြီလား?” ဟုမေးလိုက်သည်။
“အစပိုင်းမှာတော့ နည်းနည်း သက်တောင့်သက်သာမရှိခဲ့ပေမယ့်၊ အခုတော့ ကျွန်မနေသားကျနေပါပြီ”
ကျန်းလန်တွင် အိပ်နေစဉ် အံကြိတ်တတ်သည့်အကျင့်ရှိလေရာ၊ ထိုအသံသည်မကျယ်သော်လည်း တိတ်ဆိတ်နေတဲ့ညမှာတော့ သိသိသာသာကြားရလေသည်။
သို့ပေမယ့် လင်းဝေ့သည် ဇီဇာကြောင်တတ်သူမဟုတ်ပေ။ သူမသည် အလယ်တန်းနှင့် အထက်တန်းကျောင်းတွင် အဆောင်နေခဲ့ဖူးသည်။ ထိုစဉ်က၊ အဆောင်တွက်နေထိုင်သူများကာ၊ ညဘက်အိပ်ရန် အဆင်မပြေ ဖြစ်ခဲ့သည်။ အစမှာတော့ သူမအိပ်လို့မပျော်ခဲ့ပေမယ့်၊ ဖြည်းဖြည်းချင်း သူမနေသားတကျ ဖြစ်သွားခဲ့လေသည်။
ရွေ့ရွေ့သည်လည်း တစ်ခါတစ်ရံ ဟောက်တတ်ပေမယ့်၊ ကျုံးရှောက်သည် အမြဲကောင်းကောင်းအိပ်နိုင်ခဲ့သည်။ သူတို့အတူနေပြီးပင်ပန်းသည့်အချိန်၊ အအေးမိပြီးနှာစေးချောင်းဆိုးသည့်အချိန်မှလွဲလျှင်၊ အချိန်အများစုမှာ၊ သူတို့တိတ်ဆိတ်စွာပဲအိပ်လေ့ရှိကြသည်။
ထို့ကြောင့်၊ ရုတ်တရက် ပေါ်လာသည့်သွားကြိတ်သံအပေါ် လင်းဝေ့ အနည်းငယ် အဆင်မပြေဖြစ်ခဲ့သည်။ သို့သော် ကျန်းလန်၏ အသံသည် သူမအဆောင်နေခဲ့စဉ်က အသံများထက် ပိုမိုသေးသိမ်ကာ တိုးသောကြောင့်၊ သူမနှစ်ရက်အတွင်းကျင့်သားရသွားခဲ့သည်။
ကျုံးရှောက် ခေါင်းညိမ့်လိုက်ပြီး၊ လင်းဝေ့လက်ဆေးထားသည့်ဇလုံကို ကြမ်းပြင်ပေါ်ချလိုက်သည်။ အောက်ထပ်ကိုပြန်မဆင်းတော့ဘဲ၊ အိပ်ရာပေါ်တက်ကာ၊ လင်းဝေ့ကိုဖက်ရင်း “ကိုယ်မရှိတဲ့အချိန်တွင်း ကိုယ့်ကိုသတိမရဘူးလား?”
လင်းဝေ့ မျက်လုံးပင့်ကာ ကျုံးရှောက်ကိုအံ့ဩတကြီးကြည့်လိုက်သည်။ သူပြန်လာတိုင်း သူမအား ထိုမေးခွန်းမျိုး တစ်ခါမှမမေးဖူးပေ။
ကျုံးရှောက်ကတော့ သူ့မေးခွန်းသည် ရုတ်တရပ်ဆန်ကြောင်း သတိမထားမိဘဲ၊ သူခေါင်းကိုနှိမ့်လိုက်ပြီး ထပ်မံမေးလိုက်သည်။ “ဟမ်?”
“ရှင်ရော?” လင်းဝေ့ပြန်မေးလိုက်သည်။
“ကိုယ်က မင်းကို အများကြီး သတိရတာပေါ့” ဟု ကျုံးရှောက်ပြောလိုက်သည်။
လင်းဝေ့ရဲ့ အမူအရာက တန်းရှန့်ယွင်ဖြစ်သွားသည့်အမူအရာနှင့် အတူတူပင်ဖြစ်လေသည်။
သူမ လက်လှမ်းကာ ကျုံးရှောက်နဖူးကို စမ်းလိုက်လေသည်။ အဖျားရှိသည်ကိုမခံစားမိ၍ “ရှင်ဒီခေါက် ပင်လယ်ဘက်ကို တာဝန်ကျတုန်းက မူမမှန်တာတစ်ခုခုများ ကြုံခဲ့လို့လား?”
ကျုံးရှောက် - “...”
သူ့မိန်းမ သူ့ကို သတိမရသည်မှာ သေချာသွားပြီဖြစ်လေသည်။
…
မနှစ်ကကဲ့သို့ပင်၊ ယားကျိုကျွန်း၏ အပူချိန်သည် အောက်တိုဘာ အားလပ်ရက်မတိုင်ခင် ရှားရှားပါးပါးကျသွားလေသည်။
အသက်နှစ်ဆယ်ကျော် ရှိပြီဖြစ်သော်လည်း၊ လင်းဝေ့သည် အအေးမိမှာတော့ ကြောက်နေဆဲဖြစ်သည်။ ဒါ့ကြောင့် သူမနေ့စဉ် ဘောင်းဘီရှည်များဝတ်ပြီး အဝတ်အစားကို ထူထူထဲထဲ ဝတ်လေသည်။
ထိုဘောင်းဘီတွေကို ကျန်းလန်ချုပ်ပေးခြင်းဖြစ်သည်။ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ သူမဧ။်ထွက်နေသောဗိုက်သည်လည်း ကြီးသထက်ကြီးလာလေသည်။ ဘောင်းဘီအဟောင်းတွေနှင့် မတော်တော့တာကြောင့် အသစ်တွေချုပ်လုပ်ရတော့လေသည်။
သူမအလုပ်ကိုသွားပြီး ကလေးတွေကို စာသင်ရတာကြောင့်၊ သူမ၏ ထွက်နေသည့်ဗိုက်နှင့် ဘောင်းဘီချုပ်လုပ်ရန် အားအင်မရှိချေ။ ထို့ကြောင့် သူမအတွက် ဘောင်းဘီချုပ်ပေးဖို့ လူရှာရန်စီစဉ်ထားလေသည်။ သို့ပေမယ့်၊ ကျန်းလန် ထိုအကြောင်းကြားပြီးနောက်၊ သူမချုပ်ပေးနိုင်ကြောင်းနှင့် သူမဝတ်သည့်အဝတ်အစားများကိုလည်း သူမကိုယ်တိုင်သာချုပ်ခြင်းဖြစ်ကြောင်းပြောကာ၊ လင်းဝေ့လည်း သူမကိုပဲချုပ်စေလိုက်သည်။
လင်းဝေ့သည်လည်း သူမအားအလကားမချုပ်ခိုင်းခဲ့ပေ။ ဘောင်းဘီတွေ ချုပ်လုပ်ပြီးနောက်၊ ချုပ်လုပ်ခအနေနှင့် လစာအပြင် ယွမ်အနည်းငယ်ထပ်တိုးအနေဖြင့် ပေးခဲ့လေသည်။
အစပိုင်းမှာတော့ ကျန်းလန်လည်း အခကြေးငွေထပ်တိုးတောင်းဖို့ မဝံ့မရဲဖြစ်နေခဲ့လေသည်။ သူမက ဘောင်းဘီတွေကို သူမအလုပ်ချိန်အတွင်း ချုပ်လုပ်ခဲ့ခြင်းဖြစ်တာကြောင့်၊ လင်းဝေ့သည်လည်း သူမအားလစာပေးထားသောကြောင့်၊ ချုပ်လုပ်ခအခကြေးငွေထပ်တိုးတောင်းရန်မသင့်ဟုတွေးခဲ့သည်။
သို့သော်၊ လင်းဝေ့ကတော့ ဒါက သူမအလုပ်တာဝန်တွေထဲမပါတာကြောင့်၊ သူမထပ်တိုးပေးသည့်ငွေကို ယူရန်ပြောဆိုခဲ့လေသည်။ ထို့နောက်၊ မင်မင်နှင့်ရွေ့ရွေ့ တို့အတွက်ပါ အဝတ်အစားများချုပ်လုပ်စေခဲ့သည်။
ကျန်းလန် ချုပ်ပေးသည့်ဘောင်းဘီများသည် သမဝါယမဈေးမှဝယ်ခဲ့သည်များလောက် အကောင်းကြီးမဟုတ်သော်လည်း၊ အခြေအနေမဆိုးပေ။ ချုပ်ရည်ချုပ်သွေးကောင်းပြီး ချုပ်ရိုးများသေသပ်သည်၊ လင်းဝေ့ ချုပ်လုပ်သည်များထက်ပင် အရည်အသွေးကောင်းလေသည်။
အတိတ်မှာ၊ ပိုက်ဆံစုဖို့အတွက်နှင့် မင်မင်နှင့်ရွေ့ရွေ့တို့ အဝတ်အစားများကို လင်းဝေ့ချုပ်လုပ်ပေးခဲ့ဖူးသည်။ အသင့်ဝတ်အဝတ်အစားတွေသည် သူမချုပ်လုပ်ပေးသည်များထက် ပိုမိုဈေးကြီးလေသည်။ အကယ်၍ ရွေ့ရွေ့၏ အရပ်သာ ပုံသေအတိုင်းရှိပြီး ထပ်မံရှည်မလာလျှင်၊ သူမသည် ငွေသုံးရမည်ဆိုလျှင်လည်းအဆင်ပြေသည်။ အဝတ်တစ်ထည်ကို နှစ်နှင့်ချီ၍ ဝတ်ရလျှင်တန်သေးပေသည်။
သို့ပေမယ့်၊ ကလေးတွေက ထွားလာကြပြီးတော့၊ အဝတ်အစားတွေက ပွရင်တောင်၊ အလွန်ဆုံးတစ်နှစ်သာလျှင်ဝတ်ရသည်။ ထို့နောက် လက်ရှည်များနှင့် ဘောင်းဘီရှည်များဟာ တိုလာသည်။ ထို့ကြောင့် အသင့်ဝတ် အဝတ်အစားများဝယ်ရန်လည်း ကုန်ကျစရိတ်နှင့်ဝတ်ရသည့်အချိန်ကာလတို့သည် မကာမိပေ။
ဘယ်လိုပဲဖြစ်စေ၊ ကလေးနှစ်ယောက်ကတော့ ဘယ်လိုမှမနေပေ။ အထူးသဖြင့်၊ တန်းရှန့်ယွင်နှင့်တွေ့ပြီးနောက်၊ သူတို့နှစ်ဦးသည် မိသားစုအိမ်ရာအတွင်းရှိ ကလေးများထက် ဝတ်စားဆင်ယင်မှုပိုင်းတွေ ရှေ့ပိုရောက်နေလေသည်။
သူတို့ဟာ သမဝါမယဈေးက အသင့်ဝတ် အဝတ်အစားတွေထက် လင်းဝေ့ချုပ်ပေးသည်များကို ပိုမိုသဘောကျကြလေသည်။
ကျန်းလန်းကို ချုပ်လုပ်စေခြင်းဟာ၊ လက်ခအနေဖြင့်အခကြေးငွေပို၍ ပေးရသော်လည်း သမဝါယမဈေးမှ အသင့်ဝတ် အဝတ်အစားများထက်ပိုမိုဈေးသက်သာလေသည်။ အစဖိုးတော့မပါပေ။ ထို့အပြင် လင်းဝေ့၏ ဗိုက်သည် ပူသထက်ပူလာလေရာ၊ သူမကလေးများ၏ အတန်းကို ရပ်လိုက်သော်လည်း၊ ကျောင်းက ကလေးတွေရဲ့အတန်းကိုတော့ ဆက်ဝင်ရမည်ဖြစ်သည်။ သူမကလေးတွေအတွက် အဝတ်အစားချုပ်လုပ်ရန် အားအင်လုံးဝမရှိတော့သဖြင့် ကျန်းလန်ကိုသာ အခကြေးငွေထပ်တိုးပေးကာ ချုပ်လုပ်စေဖို့ သဘောတူခဲ့လေသည်။
ကျန်းလန်သည်လည်း ကလေးနှစ်ယောက်အတွက် အဝတ်အစားချုပ်လုပ်ပေးဖို့ကို ကျေကျေနပ်နပ်ရှိလေသည်။ အရူးတစ်ယောက်ကသာ ပိုက်ဆံရမည့်အလုပ်ကိုငြင်းပေလိမ့်မည်။
ကျန်းလန် ကလေးတွေအတွက် ဆောင်းဦးအဝတ်အစားများ ချုပ်လုပ်ပြီးစီးသွားသောအခါ၊ ယားကျိုကျွန်း၏ အပူချိန်သည် ထပ်မံကျသွားလေသည်။ ထို့အပြင် အမေလင်းသည်လည်း သူမအိမ်မှ ယားကျိုကျွန်းဆီသို့ ခရီးစတင်ခဲ့လေသည်။
အမေလင်း ရောက်လာသည့်နေ့မှာ ဗုဒ္ဓဟူးနေ့ဖြစ်သည်။ သင်္ဘောသည် နေ့လည်ပိုင်းတွင်ဆိပ်ကမ်းကပ်သောကြောင့်၊ ကျုံးရှောက် ကျန်နေ့တစ်ဝက်ကိုခွင့်ယူ၍ လင်းဝေ့နှင့်အတူ ကားမောင်းနှင်ကာ သွားရောက်ကြိုဆိုလေသည်။
သူမ၏ ကိုယ်ဝန်အရင့်အမာ သမီးလာကြိုသည်ကိုမြင်သော်၊ အမေလင်းမနေနိုင်ဘဲ “အိမ်အပြန်လမ်းကို အမေမှတ်မိပါတယ်၊ အဲ့တာကြောင့် အမေ့ဘာသာ အမေလမ်းရှာနိုင်တာပဲ၊ သမီးလိုမပေါ့မပါးနဲ့ ကိုယ်ဝန်သည်ကို အမေဘယ်လိုလုပ် လာကြိုခိုင်းလို့ဖြစ်မှာလဲ??”
“စိတ်မပူပါနဲ့၊ သမီးလမ်းလျှောက်လာတာမဟုတ်ပါဘူး။ ကျုံးရှောက် ကားမောင်းပို့တာပါ။ “ဟု လင်းဝေ့ပြောလိုက်သည်။
သို့ပေမယ့်၊ အမေလင်းက “ ဘာကိုစိတ်မပူနဲ့လဲ? ဒီနေ့က ဗုဒ္ဓဟူးနေ့လေ၊ ရှောင်ကျုံး၊ ဒီနေ့တပ်စုကိုမသွားရဘူးလား?”
“ကျွန်တော် နေ့လည်ပိုင်းခွင့်ယူခဲ့ပါတယ်” ဟုကျုံးရှောက်ကပြောလိုက်သည်။
“တွေ့လား၊ အမေလည်း လမ်းမရှာနိုင်တာ မဟုတ်ဘူးလေ။ သမီးတို့လာမကြိုလည်း၊ အမေကိုယ်တိုင်လမ်းရှာပြီးလာမှာပေါ့။ ခွင့်ယူဖို့မလိုပါဘူး။ ကားသုံးခွင့်တောင်တောင်းပြီး မောင်းလာလိုက်သေးတယ်။ ဘယ်လိုတောင်ဖြုန်းတီးလိုက်သလဲ။” မပေါသည်ဆိုလျှင် ပိုက်ဆံပဲရှိလေသည်။
လင်းဝေ့မလွန်ဆန်နိုင်ဘဲ၊ ကျုံးရှောက်ကိုလှမ်းကြည့်ကာ၊ အမေ့အားကူပြောပေးဖို့ ပြောလိုက်လေသည်။
ကျုံးရှောက် ရှင်းပြရလေတော့သည် - “အဓိကကတော့ လမ်းက နည်းနည်းဝေးတာကြောင့်ပါ။ အမေမြင်တဲ့အတိုင်းပဲ၊ ကားမောင်းသွားရင်တော့မြန်ပေမယ့်၊ လမ်းလျှောက်သွားမယ်ဆိုရင် အနည်းဆုံးနာရီဝက်လောက်လျှောက်ရမှာ အချိန်ကုန်တာကြောင့်ပါ။ သိသိသာသာပဲ၊ရွေ့ရွေ့က အမေ့ကိုစောသထက်စောစောတွေ့ချင်နေတာလေ။”
သူမ သားမက်က မြေးတွေအကြောင်းပြောလာတဲ့အခါမှာတော့၊ အမေလင်း အာရုံသည်မြန်စွာပြောင်းလဲသွားလေသည် - “မင်မင်နဲ့ရွေ့ရွေ့ကဘာလို့လိုက်မလာတာလဲ?”
“သူတို့အမေ့ကိုအိမ်မှာစောင့်နေကြပါတယ်” ဟုဆိုကာ ကျုံးရှောက်ကားတံခါးကိုဖွင့်ကာ အမေလင်းကို ကားထဲဝင်စေလိုက်သည်။
ကားထဲဝင်ထိုင်ပြီးနောက်၊ အမေလင်း လင်းဝေ့၏ ဗိုက်ကိုကြည့်လိုက်သည်။ ယခုကိုယ်ဝန်မှာကလေးတစ်ယောက်တည်းဖြစ်တာကြောင့်၊ သူမဗိုက်မှာ မင်မင်နှင့်ရွေ့ရွေ့ကို ကိုယ်ဝန်ဆောင်တုန်းကလောက် မကြီးပေ။ သို့ပေမယ့် သေးလည်းမသေးပေ။ ထို့အပြင် အဝတ်စားပွပွတွေထဲ သူမဗိုက်သည်ယောင်ကာ ကြီးမားနေသည်ကို တွေ့နိုင်သည်။
အမေလင်းကမေးလိုက်သည်။ “ကလေးက လိမ္မာရဲ့လား? သမီးကိုအနှောင့်အယှက်ပေးသေးလား?”
အမေလင်းသည် ကလေးနာမည်တပ်ပြီးမပြောသော်လည်း၊ သူမဗိုက်ကိုကြည့်နေတာကြောင့်၊လင်းဝေ့ခန့်မှန်းကာပြောလိုက်သည်။ “အနှောင့်အယှက်ပေးလည်းရပါတယ်။ ဒါပေမယ့် သူ့လှုပ်ရှားမှုအချိန်က သမီးတို့နဲ့မတူဘူး၊ ပြီးတော့ သူက ညဘက်မှာပဲ လှုပ်ရှားရတာကိုကြိုက်တာ”
“ကလေးတွေက ဒီလိုပါပဲ။ သူတို့က မွေးတောင်မမွေးသေးဘူး။ ဘယ်လိုလုပ် နေ့နဲ့ညကိုခွဲခြားသိနိုင်မှာလဲ။” အမှန်တော့၊ သူတို့မွေးလာပြီးလျှင်တောင်၊ လအနည်းငယ်ကြာသည်အထိ ဤအချိန်ကွာခြားမှုကို သိနိုင်ရန်ခက်ခဲလှသည်။ သူတို့သည် အစာစားလိုက်၊အိပ်လိုက်၊ အိပ်လိုက်၊အစာစားလိုက်ပင် လုပ်နိုင်သေးသည်။
ဤအကြောင်းစဉ်းစားမိပြီး အမေလင်းကပြောလိုက်သည်။ “စကားမစပ်၊ ကလေးတွေအတွက် အမေအဝတ်အစားနည်းနည်း ချုပ်လာခဲ့တယ်။ ယောင်းမလတ်လည်း တစ်ထည် ချုပ်ပေးလိုက်တယ်၊ ခနနေကျပြမယ်။”
“ဘာလို့ ယောင်းမလတ်ကပါ အဝတ်တွေ ချုပ်ပေးလိုက်တာလဲ?” လင်းဝေ့မေးလိုက်သည်။
“သူနျူနျူကို မမွေးခင်က၊ သမီးကလက်ဆောင်တွေ အများကြီး ပို့ပေးခဲ့တယ်လေ။ အခုသမီးကလည်း ကလေးမွေးတော့မယ်ဆိုတော့၊ သူလည်း ပြန်ပေးတာပေါ့။”
ဤသို့ပြောပြီးနောက်၊ အမေလင်းလည်း သက်ပြင်းချလိုက်လေသည်။ မိန်းမကောင်းမိန်းမမြတ်တစ်ယောက်ကိုရဖို့သည်လည်း အရေးပါကြောင်းတွေးမိ၏။ လင်းဝေ့ တပ်ထဲပြောင်းသွားပြီးနောက်၊ သူမသမီးထံသို့ လိုအပ်သည်များ ပို့လေ့ရှိသော်လည်း၊ လင်းဝေ့သည်ပြည့်ပြည့်စုံစုံရှိသောကြောင့် ပြန်စာများနှင့်အတူ သူမမြေးတွေအတွက်သာမက အခြားသူများအတွက် လက်ဆောင်များပါထပ်ပို့လာခဲ့သည်။
သို့ပေမယ့်၊ အကြီးဆုံးချွေးမသည်တော့ မကျေနပ်ပေ။ သူမသားကို မွေးဖွားစဉ်က၊ လင်းဝေ့၏ လက်ဆောင်များသည် ဤမျှမရက်ရောဘဲ သူမတို့အား ခွဲခြားဆက်ဆံသည်ဟု ခံစားခဲ့ရသည်။ သူမကလေးမီးဖွားစဉ်က လင်းဝေ့ လက်မထပ်ရသေးသည်ကိုတော့ ထည့်သွင်းမစဉ်းစားခဲ့ဘဲ တပ်တွင်းအချက်အလက်မှတ်တမ်းတင်သူတစ်ယောက်ကဲ့သို့ ဖြစ်ခဲ့သမျှကိုမှတ်သားကာ အငြိုးအတေးထားနေလေသည်။
ထို့အပြင်၊ လင်းဝေ့ ဒီနှစ်ပေးပို့ခဲ့သည့် ပစ္စည်းများသည် သူမတို့မိသားစုအတွက် လုံးဝအသုံးမဝင်သည်တော့မဟုတ်ချေ။
သို့ပေမယ့်၊ သူမဟာ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ဒီတစ်ခေါက် လင်းဝေ့ ကလေးမီးဖွားမည့်အချိန်တွင်၊ ယောင်းမလတ်က ကလေးအတွက် အဝတ်အစားအသစ်များ ချုပ်လုပ်ပြင်ဆင်ပေးလိုက်လေသည်။ သူမသည်ခံစားချက်များကို ဖော်ထုတ်ပြခြင်းမရှိခဲ့ဘဲ၊ ယခုအမေလင်းအား သူမသမီးကိုဂရုစိုက်ဖို့သာ သွားသည်ဟုမကျေနပ်စွာပြောခဲ့သည်။
သူမနဲ့ နေသားကျအောင်နေရပေမည်!
သို့သော်၊ အမေလင်းသည် ဤစကားလုံးများကိုစိတ်ထဲတွင်သာထားလိုက်ပြီး၊ အပျော်တွေကို ဖျက်စီးမိသွားမှာကိုစိုး၍ ထုတ်ကာပြောကြားခြင်းမပြုခဲ့ပေ။ မည်သို့ပင်ဖြစ်စေ၊ သူမသမီးသည် အိမ်နှင့်ဝေးရာသို့ရောက်နေရာ၊ အကြီးဆုံးယောင်းမနှင့် နှစ်ချီကြာလျှင်ပင် တစ်ကြိမ်တွေ့မည် မဟုတ်ချေ။
ထို့အပြင်၊ ကျုံးရှောက်တွင် သေချာနေသော အနာဂတ်တစ်ခု ရှိနေလေသည်။ သူသည် ဤအရွယ်နှင့်ပင် ဒုတပ်ရင်းမှူးဖြစ်လာလေရာ၊ သူ့အနာဂတ်သည် သေချာပေါက် ဆိုးရွားမည်မဟုတ်ပေ။ လင်းဝေ့နှင့် အကြီးဆုံးယောင်းမကြား ဆက်ဆံရေးသည် လုံးဝအေးစက်သွားပြီဖြစ်သော်လည်း၊ အနာဂတ်တွင် မည်သူနောင်တရမည်ကို တွေးကြည့်ရန်ပင် မလိုအပ်ပါ။
ဤသည်ကိုတွေးပြီးနောက်၊ သူမ၏ ချွေးမဆိုးအကြောင်း စဉ်းစားသည်ကို ဤမျှနှင့်ရပ်လိုက်ပြီး၊ သူမသမီးနှင့်သာ စကားဆက်ပြောဆိုနေလိုက်သည်။