Chapter 161
Vol. 13 Ch. 161
သူတို့အိမ်ပြန်ရောက်သည့်အခါ၊ ရွေ့ရွေ့သည် ရှောင်ရှီးရှီးနှင့် ကျိုးအိမ်နောက်ဘက်တွင် ကစားနေသည်မှာ အသေအချာပင်ဖြစ်သည်။ ဂျစ်ကားရပ်သည်နှင့်၊ မင်မင် အရင်ဆုံးပြေးထွက်လာပြီး၊ ကားထဲကို ခုန်ခုန်၍ ကြည့်လေသည်။ ထို့နောက် သူ၏မိဘတွေနှင့် အဘွားကိုလှမ်းခေါ်လေသည်။
အမေလင်းသည် ကားညာဘက်တွင် ထိုင်ခြင်းဖြစ်ရာ၊ သူမကားထဲမှာထွက်ကာ၊ မင်မင့် ရှေ့သို့ရောက်သည်နှင့် မင်မင့်အားကြည့်လိုက်ပြီး ကျေနပ်စွာပြောလိုက်သည်။ "ငါ့မြေးက အရပ်ရှည်လာတာပဲ။"
" သားဒီနှစ် အရပ် အများကြီးရှည်လာတာ!"
မင်မင် ပြောရင်း လက်နှင့်အရပ်အရှည်ကိုတိုင်းပြကာ၊ "နောက်နှစ်ကျရင် ဘွားဘွားလောက်၊ဒီလောက်လောက်ထိရှည်လာမှာ!"
အမေလင်း သူ့ကိုသေချာငုံ့ကြည့်ပြီး ရယ်လိုက်သည်။ "ဟုတ်ပါပြီ၊ မြေးလေးအရပ်အရှည်ကြီးဖြစ်လာဖို့ ဘွားဘွားမျှော်နေမယ်နော်။"
စကားပြောနေစဉ်တွင်၊ ရွေ့ရွေ့လည်း ရောက်လာပြီး၊ "ဘွားဘွား" ဟုအော်ခေါ်လိုက်လေသည်။
အမေလင်း အပြုံးနှင့်တုံ့ပြန်လိုက်ပြီး၊သူမ သမီးအားပြောလိုက်သည် "ရွေ့ရွေ့လေးက အရင်ကထက် ပိုတည်ငြိမ်တဲ့ပုံ ပေါက်လာတယ်နော်။"
လင်းဝေ့ စကားမပြန်နိုင်ခင်၊ "ဘွားဘွားက သားတို့ကိုခွဲနိုင်တယ်လား?" ဟူ၍မေးလိုက်လေသည်။
လင်းဝေ့နှင့်ကျုံးရှောက်တို့၏ အမြင်တွင်တော့၊ ရွေ့ရွေ့သည် လွန်စွာကွာခြားမှန်း သိသာလေသည်။ သို့သော် သူတို့သည် ချွတ်စွပ်တူသည့် အမွှာများဖြစ်လေရာ၊ သူတို့နှစ်ယောက်၏ ပုံပန်းသွင်ပြင်သည်လည်း အလွန်ဆင်တူလေသည်။ မိသားစုအိမ်ရာအတွင်းရှိ အိမ်နီးချင်းများပင်လျှင်၊ သူတို့နှစ်ယောက်ကို တိတိကျကျမခွဲခြားနိုင်ပေ။ ထို့အပြင်၊ အမေလင်းသည် အမွှာနှစ်ယောက်အား မတွေ့ရသည်မှာ တစ်နှစ်နီးပါးခန့်ကြာပြီဖြစ်သော်လည်း သူတို့အား လူနှင့်နာမည်ကိုတိကျစွာ ခေါ်လိုက်နိုင်သောကြောင့်၊ အတော်လေး အံ့အားသင့်သွားကြသည်။
အမေလင်းက သူတို့အံ့ဩသည်ကို နားမလည်နိုင်ဘဲ ပြောလိုက်သည်- "မင်းတို့က ငါ့မြေးလေးတွေပဲလေ။ ဘယ်လောက်ကြာကြာ မတွေ့ရပါစေ၊ ဘွားဘွားကတော့ သေချာပေါက်မှတ်မိနေမှာ။"
အမှန်တော့၊ အမေလင်းသည် ကလေးနှစ်ယောက်အား သူတို့၏ ကိုယ်ကျင့်စရိုက်တို့အပေါ်မူတည်ကာ ခွဲခြားလိုက်ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်သည် ရုပ်ရည်ချွတ်စွပ်တူကြသော်လည်း၊ လုံးဝကွဲပြားသည့် ကိုယ်ကျင့်စရိုက်များ ရှိကြသည်။ တစ်ယောက်ကတော့ တုံးကာ၊ နောက်တစ်ယောက်က ပိုမိုတည်ငြိမ်လေသည်။ သူတို့မျက်နှာအမူအရာတွေ ဒါမှမဟုတ် သူတို့ပါးစပ် ဟလိုက်သည်နှင့် အမေလင်းသည် သူတို့အား ခွဲခြားနိုင်လေသည်။
မင်မင်သည် သူ့အဘွား သူ့အား တုံးသည်ဟု မြင်သည်ကို မသိဘဲ၊ အထင်ကြီးသည့်အကြည့်ဖြင့်ကြည်ကာ "ဘွားဘွားက တော်လိုက်တာ။" ဟု ပြောလေသည်။
အမေလင်းပြုံးလိုက်ပြီးနောက် ရှောင်ရှီးရှီးကို နှုတ်ဆက်လိုက်သည်။
ရှောင်ရှီး အမေလင်းကို မှတ်မိပါသေးသည်။ ဒါ့ကြောင့် သူအရှေ့တစ်လှမ်းတိုးပြီး နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ဘွားဘွား။"
နှုတ်ဆက်ပြီးသည့် နောက်မှာတော့၊ ၎င်းတို့မိသားစုက ပြန်လာခဲ့ကြသည်။
အိမ်နောက်တံခါးမှ အိမ်ထဲသို့ဝင်လိုက်ပြီး၊ အထုပ်အပိုးများ ချပြီးသည်နှင့် ကျန်းလန် အရှေ့တံခါးမှ ဝင်လာပြီး သူတို့အတွက်လက်ဖက်ရည် လျင်မြန်စွာ ထည့်ပေးလေသည်။
လင်းဝေ့ ပြန်ပို့သည့်စာထဲတွင်၊ သူမကလေးထိန်း ရှာနေသည်ဟု ပြောထားသောကြောင့်၊ သူစိမ်းတစ်ယောက်ကို အိမ်မှာမြင်လိုက်ရသည့်အခါ အမေလင်း မအံ့ဩတော့ပေ။ သူမသည် ကျန်းလန်ဆီမှ ကြွေရည်သုတ်ခွက်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး သူမအား ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် အပြုံးဖြင့်၊ "သမီးက ရဲဘော်ကျန်းလား?" ဟုမေးလိုက်လေသည်။
"ဟုတ်ပါတယ် ကျွန်မနာမည် ကျန်းလန်လို့ ခေါ်ပါတယ် အန်တီရှင့်၊ အန်တီကျွန်မကို ရှောင်ကျန်းလို့ခေါ်နိုင်ပါတယ်ရှင့်။" ကျန်းလန် သူမကိုယ်သူမ မိတ်ဆက်လိုက်လေသည်။
"ဟုတ်ပါပြီ၊ အန်တီ သမီးကို ရှောင်ကျန်းလို့ပဲခေါ်ပါ့မယ်၊ ပြီးတော့ အန်တီ့ကို တအား ရိုရိုသေသေကြီးပြောဖို့မလိုပါဘူး၊ အဲ့လိုပြောတာကြီးက ထူးဆန်းနေလို့ပါ။"
ကျုံးရှောက်နှင့် လင်းဝေ့ လက်ထပ်ပြီးခါစနှစ်တွေတုန်းက၊ သူမ အိမ်ပြန်ရောက်တဲ့အခါမှာ သူတို့နှစ်ယောက် ကျန်းလန်ကဲ့သို့ပင် စကားကိုထိန်းပြော နေသည်ကို တွေ့လိုက်တယ်လေ။ သူမ အစမှာမည်သို့မျှ မပြောခဲ့သော်လည်း၊ မတတ်နိုင်တော့သဖြင့် သူတို့နှင့် ထိုအကြောင်း စကားအနည်းငယ် ပြောခဲ့လေသည်။ ထို့နောက်၊ သူတို့ဆက်ဆံရေး ပိုမိုပြေပြစ်လာခဲ့သည်။ ၎င်းတို့ကြင်စဦးစုံတွဲအား စကားပြောရာတွင် ၎င်းတို့ချင်း ပိုမိုဖော်ပြတတ်ရန် ပြောကြားခဲ့လေသည်။
ကျုံးရှောက်တင်မဟုတ်ဘဲ၊ လင်းဝေ့တွင်ပါ ဤပြဿနာရှိလေသည်။ ကျုံးရှောက်သည်တော့ စစ်တပ်ထဲဝင်ပြီးနောက်၊ အရိုအသေကြီးစွာ ပြောသည့်စရိုက်ကိုပြင်နိုင်တော့မည် မဟုတ်ဟု ယူဆရသည်။
အမေလင်းသည် သူတို့အကြောင်းအထိ ပြောပြဖို့ စိတ်မပါပေ။ သို့ပေမယ့်၊ ကျန်းလန် သူမအား အသံကျယ်စွာ အရိုအသေကြီးစွာ ပြောဆိုနေခြင်းသည် သူမကိုပြဿနာမရှာမိစေရန် ကြိုးစားနေကြောင်း သိသည့်အတွက် ပြောပြလိုက်ခြင်းဖြစ်သည်။
ကျန်းလန် နားထောင်ပြီးနောက်မှာတော့၊ အမေလင်းအား စကားပြောသည့်အခါ၊ သူမ အပိုစကားလုံးများမသုံးဘဲ၊ အေးဆေးစွာပဲ ပြောလိုက်သည်။ ထိုမှသာ အမေလင်းလည်း သက်တောင့်သက်သာ ရှိသွားလေတော့သည်။
အမေလင်းသည် တစ်ယောက်တည်းလာခြင်း ဖြစ်၍၊ ဘာမျှ အများအပြား မသယ်လာနိုင်ပေ။ ဒါ့ကြောင့် သူမ ဒီတစ်ခေါက် အစားအသောက်တွေမယူခဲ့ချေ။ အစာခြောက်လေးတွေနှင့် သခွားချဉ်သာ ယူခဲ့လေသည်။ ကျန်သည်များက သူမ၏ မွေးဖွားလာမည့်မြေးလေး သို့မဟုတ် မြေးမလေး အတွက် ပြင်ဆင်ချုပ်လုပ်လာသည့် အဝတ်အစားများပင်ဖြစ်လေသည်။
ကားထဲမှာတော့၊ အမေလင်းက အဝတ်အစားအနည်းငယ်သာ ပြင်ဆင်လာသည်ဟု ဆိုသော်လည်း၊ အထုပ်အပိုးများကို ထုတ်ကြည့်လိုက်သည့် အခါမှာတော့၊ အဝတ်အစားချည်းမဟုတ်ဘဲ၊ ကလေးဝတ်ဖိနပ်များ၊ ခြေအိတ်များ၊ ဦးထုပ်များနှင့် အိပ်ရာခင်းစောင်များပါ သယ်ယူလာလေသည်။
လင်းဝေ့မနေနိုင်ဘဲ မေးလိုက်သည်။ "အမေဘာလို့ ဒီလောက်အများကြီး ပြင်ဆင်လာရတာလဲ?"
"နိုဝင်ဘာလထဲ မွေးမှာဆိုတော့၊ လွန်ခဲ့တဲ့လအနည်းငယ်တည်းက အမေစပြင်ဆင်နေခဲ့တာ၊ ပြီးတော့ အချိန်ပိုရင် အမေဒါလေးတွေထိုင်ပြင်ရင်း အများကြီးဖြစ်သွားတာပဲ။"
အမေလင်းပြောရင်း အဝါရောင်တောက် အဝတ်တွေထဲက တစ်ထည်ကောက်ယူလိုက်ကာ၊ "ဒါက သမီးယောင်းမလတ် ချုပ်ပေးထားတာပဲ။ အမေလည်း ကလေးက ယောင်္ကျားလေးလား မိန်းကလေးလားမသိဘူး။ သူက မချုပ်ခင်၊ ငါဘာအရောင်သုံးခဲ့လဲဆိုတာမေးတယ်၊ အဝါတောက်ရောင်၊ မိုးပြာရောင် ဒါမှမဟုတ်၊ အဖြူနဲ့အနီ ထဲကမှ သူက ဒီအရောင်ကိုပဲ ရွေးခဲ့တာ။" ဒီအဝတ်အစားတွေကို သူမကိုယ်တိုင် ချုပ်ထားတာဖြစ်ပြီး ဒီအရောင်တွေပင်ဖြစ်သည်။
လင်းဝေ့ အဝတ်အစားတွေကို ယူပြီးကြည့်လိုက်ကာ၊ "ယောင်းမလတ်က တအားကြင်နာတတ်တာပဲ။" ဟု ပြောလေသည်။
"နင့်ဒုတိယယောင်းမက စိတ်ထားကောင်းပါတယ်။" အမေလင်း စကားပြောလို့ပြီးသည့်အခါမှာတော့၊ ကလေးအတွက် မည်သည်တို့ပြင်ဆင်ထားပြီးကြောင်း မေးလိုက်သည်။ အထူးသဖြင့် သေးခံကဲ့သို့အရာများပင်ဖြစ်သည်။ သို့သော် သူမ မပြင်ဆင်ထားရသေးပေ။
လင်းဝေ့ ပြောလိုက်သည်။ "သမီးတစ်ချို့တော့ပြင်ဆင်ထားပါတယ်၊ ကလေးနှစ်ယောက်ရဲ့အဝတ်အစားအဟောင်းတွေကနေ ပြန်ချုပ်ထားတာတွေရှိတယ်။"
ကော်ဖီစားပွဲမှာ ထိုင်ကာ၊ သူတို့စကားပြောနေသည်ကို ကြည့်နေသည့် မင်မင်က ပြောလိုက်သည်။ "သားတို့အဝတ်အစားတွေ သုံးပြီးသေးခံချုပ်ထားတယ်?"
လင်းဝေ့ ပြန်မေးလိုက်သည်။ "သားတို့အဝတ်အဟောင်းတွေကိုသုံးပြီး သေးခံချုပ်တာက ဘာဖြစ်လို့လဲ? မေမေ့အဝတ်အဟောင်းတွေကနေလည်း သေးခံတွေပြန်ချုပ်ထားတာပဲ။"
"သေးခံတွေကို သားတို့ ဘယ်တုန်းက သုံးလို့လဲ? သားသုံးနှစ်ပြည့်ရင် သေးကိုယ့်ဘာသာကိုယ်ပေါက်တော့မှာ။" မင်မင်သည် သူ့အရွယ်ကလေးတစ်ယောက်သည် အိပ်ရာထဲ အပေါ့မသွားတတ် ဟု အစဉ်ခံယူထားလေရာ၊ တစ်နေ့တွင်တော့ မိသားစုအိမ်ရာအတွင်းက တခြားကလေးများ ထိုအကြောင်းပြောနေသည်ကို ကြားခဲ့လေရာ၊ တချို့ကလေးများသည် အသက်လေးနှစ်၊ငါးနှစ်အရွယ်အထိ အိပ်ရာထဲအပေါ့သွားတတ်သည်ကိုကြားသိခဲ့ရလေသည်။
အအိပ်ဆတ်သည့်သူတစ်ယောက်အနေဖြင့်၊ သူ့ကိုယ်သူ စွမ်းအားကြီးသည်ဟု ခံစားရကာ အတော်ပင် ဂုဏ်ယူလျက်ရှိသည်။
ငါ့ညီလေးကလည်း တော်တာပဲ။ ရှောင်ရှီးအနေနှင့်တော့၊ ဒီနှစ်အတွင်း သူအိပ်ရာထဲအပေါ့မသွားသေးသော်လည်း သာမန်အတိုင်းသာ နေလေသည်။
အမေလင်းရယ်ကာ - "အသက်သုံးနှစ်ပြည့်ရင် ကိုယ်တိုင်ရှူရှူးပေါက်နိုင်တာတော့ ဟုတ်ပါပြီ။ သုံးနှစ်မပြည့်ခင်ကျတော့ရော? အထူးသဖြင့်၊ သား လသားအရွယ်လေးတုန်းကဆို၊ သေချာပေါက် သေးခံပဲသုံးရတာပေါ့။"
မင်မင်သည် သူလသားအရွယ်ရှိစဉ်က အဖြစ်အပျက်တွေကို သေချာပေါက် မမှတ်မိတော့ပေ။ သူသည် မကျေနပ်သည့်မျက်နှာနှင့် ပြောလိုက်သည်။ "ဒါပေမယ့် သားတို့အဝတ်အစားတွေကို သေးခံအနေနဲ့ သုံးတာကတော့ တစ်မျိုးကြီးပဲလေ။"
လင်းဝေ့ ပြောလိုက်သည်။ "ဘာတွေထူးဆန်းနေလို့လဲ? ဒါတွေကသားတို့နဲ့ အရမ်းသေးနေတဲ့ အဝတ်အစားအဟောင်းတွေလေ။ ထပ်လည်းဝတ်တော့မှာ မဟုတ်ဘူး။ ဒါတွေကို သေးခံချုပ်ပြီးသွားတဲ့အခါ သားတို့ပြန်ဝတ်စရာမလိုပါဘူး။ သားတို့ကိုလည်း သားတို့အငယ်လေးရဲ့ သေးစိုနေတဲ့သေးခံတွေကို မေမေတို့က ပြန်မဝတ်ခိုင်းပါဘူး။"
"အဲ့လိုဆိုရင်တော့ သားတို့အဝတ်အဟောင်းတွေကို သုံးလို့ရပါတယ်။" မင်မင် နားလည်သွားပြီး သူ့မျက်နှာကိုအုပ်ကာ ပြောလိုက်လေသည်။
လင်းဝေ့ ပြင်ဆင်ချုပ်လုပ်ထားသည့် သေးခံများကိုယူရန် အပေါ်ထပ်သို့ တက်သွားလေသည်။ ရွေ့ရွေ့သည် အထွားမြန်သောကြောင့် ရာသီတစ်ခုချင်းစီတွင် အဝတ်အစားနှစ်ထည်၊ သုံးထည်ခန့်ရှိခဲ့ရာ၊ တချို့အဝတ်အစားတွေသည်တော့ အသားကြမ်းတမ်းသောကြောင့် သေးခံချုပ်လုပ်ရန် မသင့်တော်ပေ။
သူမအသုံးပြုနိုင်သည့် ပိတ်စအသားသည် ကန့်သတ်ချက် အလွန်များပြားလေသည်။ ထို့အပြင်၊ သေးခံချုပ်လုပ်ရာတွင်၊ အလွန်ပါးလွန်း၍လည်းမဖြစ်၊ သေးခံတစ်ခုတည်းတွင် အစအလွှာပါးအနည်းငယ်တော့ လိုအပ်သည်ပင်ဖြစ်သည်။ ထို့ကြောင့်၊ လင်းဝေ့သည် သေးခံစုစုပေါင်း၊ ခုနှစ်ထည်၊ဘရှစ်ထည်သာ ချုပ်လုပ်နိုင်ခဲ့လေသည်။
အမေလင်း တစ်ချက်လှမ်းကြည့်လိုက်ပြီး၊ "ဒီလောက်နဲ့ မလောက်သေးဘူး။ ထပ်ချုပ်ထားရင် ပိုကောင်းမယ်။"
သေးခံတွေကို လျှော်ပြီးလျှင် ပြန်လည်အသုံးပြုနိုင်သည် ဆိုသော်လည်း၊ ကလေးတစ်ယောက်အတွက် တစ်နေ့ကို သေးခံသုံးလေးခါ၊ သို့မဟုတ်၊ ထိုထက်ပို၍ မကြာခဏမျှလဲလှယ်ပေးရန်မှာ အရေးကြီးလှသည်။
ထို့အပြင် မကြာခဏ လျှော်ဖွပ်ခြင်းကြောင့် သေးခံများသည် အလွယ်တကူ အသားများကြမ်းတမ်းလာခြင်း၊ ပျက်စီးလွယ်ခြင်းများ ဖြစ်တတ်လေသည်။ ပြီးနောက်၊ သေးခံများကို လတိုင်း အသစ်များလဲလှယ် ချုပ်လုပ်ကာ အသုံးပြုသင့်သည်။
"ကလေးမွေးပြီးရင်၊ လုပ်စရာတွေကအများကြီးရှိလာမှာ၊ အဲ့အခါကျမှ သေးခံထပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး၊ အဲ့တာကြောင့် အခုတည်းက ထပ်ချုပ်ထား။"
"ခုနှစ်ခု၊ ရှစ်ခုလောက်နဲ့တော့ မလောက်ဘူး။"
လင်းဝေ့ ဒါကိုသိပါသည်၊ သို့ပေမယ့် "အခုတော့ သမီးတို့အိမ်မှာ အဝတ်အဟောင်းတွေ အများကြီး မရှိဘူး။"
ဒါကိုကြားပြီးနောက်၊ အမေလင်း နောက်ထပ် လက်ဆွဲအိတ် တစ်ခုကိုဖွင့်ပြီးပြောလိုက်သည်။ "မလာခင်တည်းက ဒီလိုဖြစ်မယ်မှန်းသိလို့ သမီးတို့ပြောင်းသွားတုန်းက ကျန်ခဲ့တဲ့ မင်မင်နဲ့ရွေ့ရွေ့ရဲ့ အဝတ်ဟောင်းတွေ ယူလာတယ်။"
လင်းဝေ့တပ်ထဲပြောင်းလာစဉ်က၊ အိမ်၌ရှိသမျှ ထုပ်ပိုးကာသယ်လာရန် မဖြစ်နိုင်တာကြောင့်၊ ရောင်းလို့ရသမျှရောင်းချခဲ့ပြီး၊ သူမတို့ မဝတ်တော့သည့် အဝတ်အစားများနှင့် အိပ်ရာခင်းတို့ကို သူမမိဘအိမ်သို့ပြန်ပို့ခဲ့လေသည်။ သူမ မိဘတွေက အိပ်ရာခင်းကိုတော့ အသုံးပြုလိုက်ပြီး၊ အဝတ်အစားတွေကိုတော့၊ နေရာသိပ်မပေးရစေရန်၊ သေတ္တာနှင့် ထည့်ကာသိမ်းဆည်းထားခဲ့သည်။
လင်းဝေ့သည် သူမအမေ ဒီလောက်ထိ ကြိုမြင်ပြီး အဝတ်အဟောင်း အများအပြားကို သူမနှင့်အတူ သယ်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။ သူမအံ့အားသင့်ပြီး "အမေ ဘာလို့ ဒီလောက်တော်ရတာလဲ? အကုန်ကိုကြိုသိနေတာပဲနော်။"
"အမေက သမီးထက်အရင် နှစ်ပေါင်းမနည်းကြိုပြီး ထမင်းစားလာတာပါ၊ သေချာပေါက် သမီးဒါမျိုးဘယ်တွေးမိမလဲ။" ဟု အမေလင်းက ဂုဏ်ယူစွာ ပြောလိုက်လေသည်။ "ဒါပေမယ့် အမေစဉ်းစားမိတာ နောက်ကျသွားတယ်။ မဟုတ်ရင် အိမ်မှာတည်းက တစ်ခါတည်း အစတွေဘာတွေ ကိုက်လာနိုင်မှာ။"
လင်းဝေ့ ချက်ချင်းပြန်ပြောလိုက်သည်။ "အခုလည်း အဲ့လောက် နောက်မကျသေးပါဘူး။ မဟုတ်လည်း၊ ကလေးမွေးမလာခင် အချိန်တွေကျန်သေးတာပဲ၊ အဲ့တော့ ဖြည်းဖြည်းပဲ လုပ်ရအောင်။"
အမေလင်း ခေါင်းညိမ့်လိုက်ပြီး၊ "ဟုတ်ပြီ၊ ဖြည်းဖြည်းချင်း ချုပ်သွားတာပေါ့" ဟုပြောလိုက်သည်။