← Chapters

Chapter 162

Vol. 13 Ch. 162

Chapter 162

Vol. 13 Ch. 162

အမေလင်း ရောက်လာတာကြောင့်၊ ထိုညက ကျုံးမိသားစုသည် ဝလင်သည်ထပ်ပို၍ပင် စားခဲ့လိုက်ကြသည်။

ကိုယ်ဝန် ၆လ မြောက်မှာတော့၊ လင်းဝေ့ရိုးရာအစားအစာများကို ထွေထွေ‌ထူးထူး ချဉ်ခြင်းတက်ခြင်း မရှိဘဲ ကြက်ဥပူတင်းကိုသာ ချဉ်ခြင်းတက်ခဲ့သည်။ ကိုယ်ဝန်ရှိစဉ်ကာလအတွင်း၊ သူမသည်စားလိုက်၊ ပြန်အန်လိုက်ပင်ဖြစ်သည်။

ဤသည်ကို အမေလင်း၏ တုံပြန်မှုမှာတော့ "နင်ကတော့ ဘဝကို တော်‌တော်ကြီးကို ကောင်းကောင်း နေနေရတာပဲ၊ ငါတို့ရွာက ကိုယ်ဝန်သည်တွေကတော့ ဒီလိုတစ်ပန်းကန်စားရရင်ကို အဲ့တစ်နေ့လုံး ပူပေါင်းဖောက်မတတ် ပျော်နေကြတော့တာ။ နင့်မှာတော့ စားရမှာတောင် မစားချင်ဘူးဖြစ်နေတယ်။"

လင်းဝေ့ သူမဗိုက်ကိုကိုင်ကာ ပြောလိုက်သည်။ "သမီးကိုမအော်ပါနဲ့၊ သူ့ကိုပြောလေ၊ အဲ့တာသမီးမဟုတ်ဘူး၊ သူက မစားလို့ ပြန်အန်နေရတာ။ အမေစိတ်မပူပါနဲ့၊ သူမွေးလာတာနဲ့ သေချာပေါက် ပညာပေးကိုပေးမယ်။ ဘာလို့ဒီလောက်တောင် စကားနားမထောင်ရတာလဲ။ ကြက်ဥပူတင်းဆိုတာ ဒီလောက်ရှားတာတောင်၊အစားလာရွေးနေတယ်။"

လင်းဝေ့ပြောသည့် စကားလုံးများကို နားထောင်ကာ၊ အမေလင်း ပြောစရာစကားမဲ့သွားပြီး မည်သည်မျှထပ်၍ ပြောမလာတော့ချေ။

ကြက်ဥပူတင်း မစားနိုင်သော်လည်း၊ လင်းဝေ့သည် ကြက်ဥမွှေကြော်နှင့် ကြက်ဥပြုတ်တို့ကိုမူ စားနိုင်လေသည်။ အထူးသဖြင့် ငရုတ်ပွအစိမ်းဖြင့်‌ ကြော်ထားသော်ကြက်ဥမွှေကြော်ကို ကြိုက်နှစ်သက်လေသည်။ သူမ အခုတလော အစပ်ကြိုက်လာပြီး၊ ဤဟင်းလျာနှင့် ထမင်းနှစ်ပန်းကန်‌မျှ စားနိုင်လေသည်။

သူမသမီး အစပ်ကြိုက်လာသည်ကို သိပြီးနောက်၊ အမေလင်း သူမအိပ်ရာဝင်စဉ် ခပ်တိုတိုးရေရွတ်လိုက်သည် - "အချဉ်ဆိုယောင်္ကျားလေး၊ အစပ်ဆိုမိန်းကလေး၊ သမီးကိုယ်ဝန်ဆောင်ထားတာ မိန်းကလေးလား?"

"သမီးလည်း မိန်းကလေးဖြစ်ဖို့ မျှော်လင့်နေတာ။" လင်းဝေ့ကပြောလိုက်သည်။

"မိန်းကလေးဆိုလည်း ကိစ္စမရှိပါဘူး" အမေလင်း ကုတင်ပေါ်လှဲအိပ်ရင်း၊ မျက်နှာကျက်ဖြူဖြူကို ကြည့်ကာပြောလိုက်သည်။ "သမီးအစ်ကိုလတ်တော့ ဘယ်အချိန်မှ သားလေးရမလဲမသိပါဘူး။"

သားနှင့်သမီးအပေါ် ဘက်လိုက်မှုသည် ဤခေတ်တွင် ကြုံရများ‌သော ပြဿနာတစ်ခုဖြစ်ကြောင်း လင်းဝေ့သိပေသည်။ သို့သော်၊ သူမ၏ မိဘများသည် ပညာရေးနှင့်ပက်သက်လျှင် သားသမီးများအပေါ် ဘက်လိုက်ခြင်းမရှိဘဲ သူမအပေါ်လည်း အတော်ပင်ကောင်းကောင်းဆက်ဆံခဲ့လေသည်။ သူမ လက်ထပ်စဉ်က တင်တောင်းငွေကိုလည်း သူမနှင့်အတူ ထည့်ပေးလိုက်လေသည်။ ကျုံးရှောက်သည်လည်း ထိုငွေကိုမထိဘဲ သူမကိုသာ အပြည့်အဝပေးလေသည်။

သို့ပေမယ့်၊ ဤသည်ကလည်း သားများကသာအိမ်၏ မျိုးဆက်ကို မွေးပေးနိုင်သည် ဟူသော အယူအဆကိုတော့ မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူမ၏ မိဘများသည် သူမအစ်ကိုလတ်တို့လင်မယား ကလေးမရသေးမှီက အလွန်စိုးရိမ်ခဲ့ကြသည်။ သူတို့လင်မယား သမီးလေး မွေးပြီးနောက်လည်း သူတို့စိုးရိမ်နေကြဆဲဖြစ်သည်။

လင်းဝေ့ သူမမိဘများကိုလည်း အပြစ်မတင်နိုင်ပေ။ သူမထပ်၍၊ "ယောင်းမလတ်က ဒီနှစ်အစထဲမှာမှ နျူနျူ့ကို မွေးထားတာလေ၊ တကယ်လို့ သူထပ်ကိုယ်ဝန်ရှိလာရင်တောင် ကြားထဲမှာ တစ်နှစ်ခွဲလောက်ကြာဦးမှာ၊ သမီး မွေးပြီးရင် သူတို့နဲ့စကားပြောလိုက်ပါ့မယ်။ အမေကတော့ သူတို့ရှေ့သွားပြောလို့မရဘူးနော်၊ သူတို့အတွက် ဖိအား တအားများသွားလိမ့်မယ်။" ဟူ၍ နားချလေသည်။

"အမေသိပါတယ်။ အဲ့တာကြောင့်လည်း သူတို့ရှေ့မှာ ဒီလိုထုတ်မပြောပါဘူး။ နျူနျူက တစ်နှစ်မပြည့်သေးပေမယ့်လည်း၊ သူတို့လက်ထပ်ထားတာ နှစ်ချီနေပြီလေ..." အမေလင်းပြောလိုက်ပြီး၊ သက်ပြင်းချနေလေသည်။

"ရရမယ့်ဟာကတော့ အချိန်တန်ရင်ရလာမှာပါ၊ တကယ်လို့ ရမလာခဲ့ရင်လည်း အဲ့တာအစ်ကိုလတ်မှာ ပြဿနာရှိနေလို့လည်းဖြစ်နိုင်တာပဲ။"

အမေလင်းက ခေါင်းလှည့်လာပြီး မေးလိုက်သည်။ "နင့်အစ်ကိုလတ်မှာ ပြဿနာရှိနိုင်တယ်?"

လင်းဝေ့ ရှင်းပြလိုက်သည်။ "သားလေး၊သမီးလေးဆိုတာက ကိုယ်ဝန်ဆောင်တဲ့ မိန်းမနဲ့ မဆိုင်ဘဲ ယောင်္ကျားရဲ့မျိုးရိုးကနေ ကွဲသွားတာလို့ကြားဖူးတယ်။"

အမေလင်း လင်းဝေ့ရှင်းပြသည်ကို နားမလည်သော်လည်း သူမပြောသည်ကို သဘောမတူဘဲ ပြန်ပြောလိုက်သည်။ "မဖြစ်နိုင်တာတွေ၊ ငါတို့ရွာက လင်းအားကျန်းဆို သူ့အရင်မိန်းမနဲ့ မိန်းကလေးချည်း သုံးယောက်တောင်မွေးပြီး အဲ့အရင်မိန်းမ ကလေးမွေးရင်း သေသွားတော့၊ နောက်မိန်းမယူလိုက်တာ ၂၀၁၈မှာ ထွားထွားကြိုင်းကြိုင်း သားယောင်္ကျားလေးကို မွေးတယ်လေ။ ပြီးတော့၊ငါတို့မိသားစုထဲမှာ၊ နင့်အဖေရော နင့်အကိုကြီးရော သားတွေမွေးထားတာ၊ နင့်အစ်ကိုလတ်ကျမှ ဘာလို့သားမမွေးနိုင်တာဖြစ်ရမှာလဲ?"

"အဲ့တာဆို ရွာက အိမ်နီးချင်းတွေထဲမှာ ယောင်္ကျားဟောင်းတွေနဲ့ သမီးတွေချည်းရခဲ့တဲ့သူတွေလည်းရှိပါတယ်။ သူများတွေကတော့ သူသားယောင်္ကျားလေး မရနိုငိဘူးလို့ပြောကြပေမယ့် နောက်ယောင်္ကျားလည်း ထပ်ယူလိုက်ရော၊ သား ယောင်္ကျားလေးမွေးတယ်လေ။ လူတွေက တစ်ခုခုဆိုရင် မိန်းမတွေအပေါ်ပဲ အပြစ်တင်တာကို ကျင့်သားရနေကြလို့ အဲ့လိုအတွေးတွေရှိနေတာ၊ ဒါပေမယ့် သေချာစဉ်းစားလိုက်မယ်ဆိုရင်၊ ဒီမိန်းမတွေရဲ့ အစ်ကိုတွေ အစ်မတွေကရော သားတွေမရှိကြဘူးလား?"

လင်းဝေ့ မေးမြန်းပြီးနောက်၊ သူမအမေ၏ အဖြေကိုမစောင့်ဘဲ ထပ်ပြောလိုက်သည်။ "သူတို့က မိန်းမတွေအပေါ်ကို အပြစ်တင်ရတာကို အသားကျနေကြတာ၊ အမေက သမီးတို့မိသားစုထဲမှာလည်း အသိတရားရှိတဲ့သူပဲ၊ အမေကိုယ်တိုင်ကိုက မိန်းမတစ်ယောက်ပဲကို အရာရာအတွက် မိန်းမတွေအပေါ်ချည်း အပြစ်တင်နေတာမျိုး မလုပ်သင့်ပါဘူး။"

"ဟုတ်ပါပြီ၊ အမေ့အပေါ်လည်း အပြစ်မမြင်ပါနဲ့။" အမေလင်း သူမသမီး အတွေးများကို မသိနိုင်သောကြောင့် မတတ်နိုင်ဘဲ မေးလိုက်သည်။ "ဘယ်တုန်းက သမီးယောင်းမလတ်က သမီးကို ဒီလိုသူ့ဘက်ကပြောပေးဖို့ နားချထားတာလဲ? ?"

လင်းဝေ့ပြန်ပြောလိုက်သည်၊ "သမီး ယောင်းမလတ်ဘက်ကနေ ပြောပေးနေတာ မဟုတ်ပါဘူး၊ သမီး အမျိုးသမီးတွေဘက်ကနေ ရပ်တည်နေတာ။"

အမေလင်းစိတ်တိုစွာ မေးလိုက်သည်။ " အဲ့တာဆို ငါကအခုလိုပြောလိုက်တာနဲ့ မိန်းမတွေဘက်က မရပ်တည်တဲ့သူဖြစ်သွားပြီပေါ့?"

"အမေက သမီးကို အထင်လွဲနေပြီ။ သမီးပြောချင်တာက တကယ်လို့ အစ်ကိုလတ်တို့ လင်မယား မိန်းကလေးထပ်ရခဲ့ရင်၊ အစ်ကိုလတ်ကြောင့်ပဲ ဖြစ်နိုင်တာမလို့၊ အပြစ်တင်ချင်ရင် အစ်ကိုလတ်ကိုပဲ တင်သင့်တယ်။"

သူမအစ်ကိုတို့လင်မယား အနာဂတ်တွင် ကလေးထပ်ရပြီး၊ ကလေးကယောင်္ကျားလေး ဟုတ်ဟုတ်မဟုတ်ဟုတ်၊ သူတို့ဆက်ဆံရေးက သားတစ်ယောက်မရှိဘဲ ကောင်းကောင်းမကောင်းကောင်း၊ သူမသည် သူမအမေကို ဤမျှအဆိုးမမြင်စေချင်ပါ။

"အခုခေတ်ကတိုးတက်လာပြီ၊ ယောင်္ကျားနဲ့မိန်းမ တန်းတူညီမျှရေးတွေလည်းရှိလာပြီ၊ အရင်ကနဲ့မတူတော့ဘူး။ မိန်းကလေးမွေးရင်တောင် ယောင်္ကျားလေး မွေးတာထက်တော့မဆိုးတော့ဘူး။ သမီးမိန်းကလေးတွေကမှအမေတွေကို ဂရုစိုက်တာ၊ သမီးဆိုလည်း အမေ့ကို အိုတဲ့အထိ ပြုစုသွားမှာပဲလေ။"

အမေလင်းသည် မကျေမနပ် ဖြစ်နေသေးသော်လည်း၊ သူမ နောက်ဆုံးစကားကို ကြားလိုက်သော် ခံစားချက်များ အနည်းငယ် ပြေလျော့သွားလေသည်။ သို့ပေမယ့် သူမ ပြောလိုက်သေးသည်၊ "အပြင်လောကကြီးက ဘယ်လိုပဲဖြစ်ဖြစ်၊ ငါတို့ဇာတိမှာတော့ မပြောင်း

လဲသေးဘူး။ နင့်အဖေနဲ့ငါ့မှာ သားနှစ်ယောက်တောင်ရှိတာပဲ၊ နင် ငါတို့ကို ဘာလို့ပြုစုဖို့ လိုဦးမှာလဲ။ နင့်အစ်ကိုလတ်တို့ လင်မယားအကြောင်းကိုလည်း ငါဂရုမစိုက်တော့ဘူး၊ဟုတ်ပြီလား?"

"သမီးက အမေ့ကို အကြံပေးရုံတင်ပါ၊ ကလေးတွေနဲ့မြေးတွေကလည်း သူတို့ကလေးတွေနဲ့မြေးတွေ ရလာကြမှာပဲလေ။ သူများလင်မယားကြားထဲ သိပ်ပါလို့ကောင်းတာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သမီးတို့ ရှိနေသရွေ့၊ အမေနဲ့ အဖေတို့ ‌လာမယ့်နှစ်တွေမှာ ပျော်ပျော်ကြီး နေကြရဦးမှာပါ။ အမေက အများကြီး တွေးပူနေတာပဲ။"

သူမသမီး တပ်ထဲပြောင်းသွားပြီးနောက်၊ လင်းဝေ့ အတွေး‌အခေါ်များသည် သူမလိုက်မမှီနိုင်အောင် မြင့်မားသွားကြောင်း သိရှိလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ၊ သူမစိုးရိမ်စရာ ကိစ္စတွေရှိသေးသည်ပင်ဖြစ်သည်။ လင်းဝေ့သည် ကလေးများနှင်းမြေးများသည်လည်း ကလေးများ ထပ်ရလာမည်ဖြစ်ကာ လူကြီးများ ဝင်စွက်ဖက်ရန်မသင့် ဟုပြောသောကြောင့် သက်ပြင်းတစ်ချက်သာချကာ၊ "ဟုတ်ပြီ။ ထားလိုက်ပါတော့။" ဟူ၍ပြောလိုက်လေသည်။

ထိုသို့ပြောလိုက်ပြီး ခဏအကြာမှာတော့၊ အမေလင်းလည်း မနေနိုင်ဘဲ မျက်လုံးများဖွင့်ကာ မေးလိုက်လေသည်။ "မွေးလာမယ့်ကလေး ယောင်္ကျားလေး၊မိန်းကလေး ကွဲသွားတာက ယောင်္ကျားတွေအပေါ်မူတည်တာဆိုတာတကယ်လား?"

"တကယ်ပေါ့၊ သမီး ဆရာဝန်ပြောတာကြားဖူးတာပဲ။" ဟု လင်းဝေ့ အခိုင်အမာ ပြောဆိုလိုက်သည်။ အမှန်မှာ သူမသည် မူရင်းဝတ္ထုမှတစ်ဆင့် သိထားခြင်းဖြစ်သည်။

သို့ပေမယ့်၊ ထိုအကြောင်းကို အမေလင်း မသိလေရာ၊ လင်းဝေ့တကယ်ပဲ ဆရာဝန်ဆီကကြားခဲ့သည်ဟု ယုံသွားပြီး၊ သက်ပြင်းချကာ စကားဆက်မပြောတော့ပေ။

…

အမေလင်းရောက်လာပြီး နောက်တစ်နေ့မှာတော့၊ သူမ၊လင်းဝေ့နှင့် ကျန်းလန်တို့ သေးခံများ စတင်ချုပ်လုပ်ကြလေသည်။ ဤအလုပ်သည် ခက်ခဲသည်မဟုတ်သော်လည်း၊ သုံးယောက်ခွဲလုပ်သည်ဖြစ်၍ လျင်မြန်စွာ ပြီးလေသည်။

လင်းဝေ့ပါ ဝင်ချုပ်သော်လည်း၊ သူမကိုယ်ဝန်ဗိုက်နှင့် အကြာကြီးမထိုင်နိုင်ဘဲ မကြာခဏ ထရပ်ကာ အားမသုံးဘဲ လှုပ်ရှားမှု အနည်းငယ် လုပ်ရလေသည်။ သို့ပေမယ့်၊ အမေလင်းနှင့် ကျန်းလန်ကတော့ လျင်မြန်စွာ ချုပ်လုပ်နိုင်ပြီး၊ ဆယ်ရက်အတွင်း သေးခံအထည် ငါးဆယ်နှင့်အထက် ချုပ်လုပ်ပြီးစီးသွားလေသည်။

လင်းဝေ့ ချုပ်ပြီးထားသည့် ခုနှစ်ထည်၊ရှစ်ထည်နှင့် ပေါင်းလျှင်၊ ဤသေးခံများကို အနည်းဆုံး နှစ်ဝက်ခန့်တော့ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ကြောင့်၊ သူမ ဆက်မချုပ်လုပ်တော့ဘဲ သူမ သမီးမီးဖွားဖို့ကိုသာ အာရုံထားကာ သူမသမီးကိုပဲ အချိန်ပေးလေသည်။

လင်းဝေ့ ရွေ့ရွေ့တို့ကို သတ်မှတ်ထားသည့်ရက်ထက် ရက်အနည်းငယ် စော၍မွေးခဲ့ခြင်းကြောင့်၊ ဒီတစ်ခေါက်မှာလည်း မွေးမည့်ရက်မတိုင်မီ ရက်များတွင်အမေလင်း လွန်စွာ စိတ်လှုပ်ရှားနေလေသည်။ ရလဒ်အနေဖြင့်၊ သတ်မှတ်ရက်ကို ရက်အနည်းငယ် ကျော်သွားပြီဖြစ်သော်လည်း၊ လင်းဝေ့ဗိုက် မနာလာသေးပေ။

ကလေးသည် လှုပ်ရှားမှုမရှိသည့်အတွက်ကြောင့် အမေလင်းနှင့် ကျုံးရှောက်တို့လည်း စိတ်မချနိုင်ကြသေးပေ။ လင်းဝေ့သည်လည်း စိတ်လှုပ်ရှားကာ စိုးရိမ်နေလေသည်။ သူမသည့် မွေးမည့်ရက်မတိုင်ခင် တစ်ရက်အလို‌တွင် ဆေးရုံတက်ခဲ့လေသည်။ သို့သော်၊ ကလေးမီးဖွားမည့် လက္ခဏာမျိုးမပြခဲ့သောကြောင့် သူမသည် ဆေးရုံပဲဆက်တက်သင့်သည်လား သို့မဟုတ် အိမ်ပဲပြန်သင့်သည်လာ ဝေခွဲမရဖြစ်နေလေသည်။

ဤသည်ကိုတော့၊ အမေလင်းသည်လည်း လင်းဝေ့အား အကြံဉာဏ်မပေးနိုင်တော့ဘဲ၊ သူမကိုယ်တိုင်လည်း မည်သို့ဆုံးဖြတ်ရမည်မသိ ဖြစ်နေလေသည်။

အဆုံးမှာတော့၊ ဘာကိုမျှ မစွန့်စားချင်တာကြောင့်၊ ကျုံးရှောက်က ဆေးရုံဆက်တက်ရန် ဆုံးဖြတ်လိုက်သည်။

အမေလင်းသည် ကျုံးရှောက် ဆုံးဖြတ်ချက်ကြောင့် အလွန်ကျေနပ်သွားလေသည်။ သူမက ကုန်ကျစရိတ်နှင့်ပက်သက်ပြီး စိတ်ညစ်နေသော်လည်း၊ ကျုံးရှောက်သာ သူမသမီး ကလေးမီးဖွားမည့် ကိစ္စကြီးအပေါ်တွင် ငွေမသုံးချင်ခဲ့လျှင် သူမ အလွန် စိတ်ဆိုးမည်ဖြစ်သည်။

ကျုံးရှောက်သည်လည်း လင်းဝေ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် အဆင်ပြေပါသည်။

လင်းဝေ့ ဗိုက်ထဲမှလကလေးသည် မွေးဖွားလာဖို့ကြာညောင်းမနေလျှင်၊‌ ငြင်းဆန်မနေလျှင် ပို၍ကောင်းမည်မှာ အမှန်ပင်ဖြစ်လေသည်။

ထိုနေ့ နေ့လည်ပိုင်း‌တွင်တော့၊ အမေလင်း လင်းဝေ့နှင့် စကားပြောပြီးနောက်၊ ညနေပိုင်းတွင် လင်းဝေ့ ဗိုက်စတင်နာလာတော့သည်။

All Chapters