Chapter 165
Vol. 13 Ch. 165
ရွေ့ရွေ့တို့လည်း နှစ်ရက်မျှ ကြာသည်အထိ သံသယဝင်နေသေးရာ၊ တတိယမြောက်နေ့မှာတော့၊ သူတို့ ညီမလေး အနည်းငယ် ပိုကြည့်ကောင်းလာသည်ကိုတွေ့လိုက်ရသည်။
ထိုနေ့မှစ၍၊ သူတို့ ညီမလေးသည် နေ့စဉ်နှင့်အမျှ ပို၍ကြည့်ကောင်းလာလေသည်။ တစ်ပတ်အကြာတွင်တော့၊ သူမသည် ဝဝကစ်ကစ်၊ ဖက်တီးမလေး ဖြစ်လာလေသည်။
မင်မင်သည် သူမ၏ မျက်နှာအသွင်အပြင်များသည် သူတို့မိဘများနှင့် တူမတူ မပြောနိုင်သော်လည်း၊ သူမသည် သူတို့ညီအစ်ကိုနှစ်ဦးထက် ရုပ်မဆိုးတော့သည်မှာ သေချာလေသည်။
မင်မင့်အတွေးအားသိပြီး၊ လင်းဝေ့ တိုးစွာ မေးလိုက်သည်။ "သားရုပ်ရည်နဲ့ပက်သက်ပြီး ယုံကြည်ချက်တွေရှိနေတယ်ပေါ့?"
မင်မင် ရင်ကော့ခေါင်းမော့ပြီး၊ ယုံကြည်ချက်ရှိစွာပြောလိုက်သည်။ "ဒါပေါ့!" သူသည်မိသားစုအိမ်ရာအတွင်း ရုပ်ရည်အချောမောဆုံးကလေးဖြစ်လေသည်။
ကိုယ့်ကိုယ်ကို အတော် အထင်ကြီးပေသည်။
…
ကလေးမီးဖွားပြီးနောက်၊ လင်းဝေ့ ဆေးရုံတစ်ပတ်ခန့် ဆက်တက်ပြီး၊ ကျန်းမာရေးကောင်းလာခါမှ ဆေးရုံဆင်းခဲ့သည်။
နိုဝင်ဘာအကုန်တွင်၊ ယားကျိုကျွန်းသည် အအေးလျော့သွားလေသည်။ အပူချိန်သည် ၂၀ဒီဂရီ ဝန်းကျင်သာရှိသော်လည်း အမေလင်းမှ လင်းဝေ့သည် ကလေးမီးဖွားထားသူဖြစ်၍ အအေးမမိစေရန် အလွန်ဂရုစိုက်ရမည်ဟုဆိုသည်။ ဘောင်းဘီရှည်များအပြင်၊ ထူထဲသည့် ကုတ်အင်္ကျီပါ ဝတ်ရန်ပြောလေသည်။
ထိုကုတ်အင်္ကျီကို လင်းဝေ့ရှီးချန်တွင်ရှိစဥ်က ဝယ်ခဲ့ခြင်းဖြစ်လေသည်။ ချည်သား မဟုတ်သည့်အတွက်၊ ရာသီဥတုကောင်းသည့်နေ့များတွင်သာ ဝတ်ဆင်နိုင်လေသည်။ အေးသည့်နေ့များတွင်တော့၊ မအေးစေရန် အခြားဆောင်းတွင်းဝတ် အဝတ်အစားများနှင့် ဆွယ်တာများပါ ထပ်၍ဝတ်ရလေသည်။
သူမတပ်ထဲရောက်လာသောအခါ၊ ယားကျိုကျွန်း မည်မျှပင်ပူစေကာမူ၊ အေးသည့်အချိန်များလည်းရှိမည်ဟုတွေးရာ၊ ဤကုတ်အင်္ကျီလည်း အသုံးဝင်ကောင်းဝင်လာနိုင်သည်ဖြစ်၍ သူမနဲ့အတူ ယူလာခဲ့လေသည်။
တကယ်တန်းမှာတော့၊ လင်းဝေ့ ဤကုတ်အင်္ကျီ အား အရင်နှစ်ဆောင်းတွင်းတွင် တစ်ကြိမ်သာဝတ်ဆင်ရသေးသည်။ သူမ တစ်မနက်ခင်လုံး ဝတ်ထားပြီး သူမကျောင်းမှ အိမ်ပြန်ရောက်သော်၊ ချွတ်၍ သေတ္တာထဲထည့်သိမ်းထားသည်မှာ ယခု ကလေးမီးမဖွားခင်အထိ၊အမေလင်း ထုတ်မလာခင်အထိ ဖြစ်ပေသည်။
လင်းဝေ့ ထိုကုတ်အား မဝတ်ချင်သော်လည်း၊ သူမအမေကြည့်နေသဖြင့်၊ မငြင်းနိုင်တာကြောင့် မဝတ်ချင်ဘဲဝတ်လိုက်ရသည်။
လင်းဝေ့ ဝတ်လိုက်သည်ကိုမြင်သော်၊ အမေလင်း ကျေနပ်စွာဖြင့် "အဲ့လိုမှပေါ့။ ဒီနေ့အပြင်မှာ လေ တအားတိုက်တော့ အဝတ်အစား ထူထူထဲထဲ ဝတ်တာကောင်းတယ်။"
အမေလင်း ထိုသို့ပြောသောအခါ၊ လင်းဝေ့လည်းယုံလိုက်သည်။ သို့သော်၊ သူမ အပြင်ထွက်လိုက်သည်နှင့်၊ သူမ မျက်နှာနား လေတစ်ချက်ဝေ့သွားပြီး လေသိပ်မတိုက်သည်ကိုသိသော်၊ လင်းဝေ့ သူမအမေအား သံသယရှိစွာတစ်ချက်ကြည့်လိုက်သည်။
"ဒါက လေ တအားတိုက်တာလား?"
ကံကောင်းစွာပဲ၊ သူမ လမ်းလျှောက်ပြန်ရမည်မဟုတ်သ၍ တော်သေးသည်၊ မဟုတ်လျှင် အိမ်ရောက်သည်နှင့် ချွေးသံတရဲရဲဖြစ်နေမည်ဟု ထင်လိုက်သည်။
မိသားစုအိမ်ရာအတွင်း ဂျစ်ကားဖြတ်မောင်းသွားပြီး လမ်းတစ်လျှောက် လူစည်ကားနေကာ၊ လူကြီး၊လူငယ် အားလုံးသည် ကားမြင်သော် ဝိုင်းကြည့်နေကြသည်။
စစ်တပ်သုံးဂျစ်ကားများသည် မြင်ရခဲပေသည်။ ကျုံးရှောက်ကဲ့သို့ သာမန်အရာရှိများသည် စစ်တပ်အဆောက်အအုံများသို့ သွားရာတွင် ကိုယ့်ခြေထောက်ကို ကိုယ်အားကိုးရရာ၊ ကိုယ်တိုင်အသုံးပြုခွင့်တောင်းခြင်း ရှာပါးလေသည်။ အကြီးတန်းအရာရှိများသည်တော့ နေ့စဉ် ကားများအသုံးပြု၍ သွားလာသော်လည်း၊ အမျိုးများကို တင်ခေါ်လေ့မရှိပါ။
တိုတိုပြောရလျှင်၊ စစ်တပ်သုံးယာဉ်များသည် မိသားစုအိမ်ရာအတွင်းအပြင် နေ့စဉ် ဝင်ထွက်နေကြသော်လည်း၊ နေထိုင်သူတွေဟာ အမြဲစပ်စုချင်ကြကာ၊ ကားမြင်တိုင်း၊ ကားထဲမည်သူပါသည်ကို မကြည့်ရလျှင် မနေနိုင်ကြပေ။
လင်းဝေ့ နောက်ခုံတွင် ထိုင်နေသည်ကိုမြင်သော်၊ လမ်းတစ်ဖက်ခြမ်းမှ စစ်သားမိန်းမများ စတင်ဆွေးနွေးကြလေသည်။ "လင်းဝေ့ ဆေးရုံကဆင်းပြီလား?"
"သူမ ကလေးမွေးပြီးတာ တစ်ပတ်တောင်ရှိပြီလေ? ဆေးရုံက ဆင်းလောက်ပြီပေါ့။"
"သူမက ဆေးရုံတစ်ပတ်ကျော်တောင် တက်ခဲ့တာ၊ ကျွန်မကြားတာတော့ ကလေးမွေးမယ့်ရက်မတိုင်ခင်တည်းက ဆေးရုံတက်ခဲ့ပေမယ့်၊ မွေးမယ့်ရက်ကို သုံးလေးရက်လောက် ကျော်သွားတာတောင် ကလေးက တော်တော်နဲ့ မွေးမလာဘူးတဲ့။ သူမက ဆေးရုံဆယ်ရက်ကျော်လောက် တက်ခဲ့တာတောင်၊ ပိုက်ဆံကိုမနှမြောဘူးတဲ့လေ။" အသံတွင် မနာလိုဝန်တိုသည့် အသံများပါဝင်နေလေသည်။
ဆေးဝယ်ခြမ်းစရိတ်နှင့် ဆေးရုံစရိတ်အား ပြန်ရှာနိုင်သော်လည်း၊ ပြန်ရှာနိုင်သည်ဆိုရုံနှင့်လည်း စိတ်ကြိုက်အကြာကြီး မနေနိုင်ပေ။ ဆရာဝန်၏ အဆုံးအဖြတ်ပေါ်လည်း မူတည်သေးသည်ဖြစ်သည်။ ကိစ္စသေးသေးလေးအား အကျယ်ချဲ့ချင်သူများပင်လျှင် ထိုကိစ္စသေးသေးလေးအတွက်နှင့် ဆေးရုံတက်လျှင် ခုနှစ်ရက်ထပ် ပို၍မကြာပေ။ သူမသည်တော့ ကိုးရက်၊ဆယ်ရက် တက်ခဲ့ရလေသည်။
ကလေးမွေးစဉ်က၊ သူမသည် တစ်ရက်ကြိုသွားခဲ့လေသည်။ အခြားသူများ ဆေးရုံတက်သော်၊ ကလေးမွေးပြီးသည့်အခါ၊ သုံးလေးရက်မျှသာ ဆေးရုံဆက်တက်၍ လမ်းလျှောက်နိုင်သည်နှင့် ဆေးရုံဆင်းကြလေသည်။
လင်းဝေ့မှာတော့၊ ကလေးမမွေးမှီနှင့် မွေးပြီး၊ သူမ ဆေးရုံတွင် အနည်းဆုံး ဆယ်ရက်မျှနေခဲ့ရကာ ငွေကုန်ကြေးကျလည်း များခဲ့သည်။
မိသားစုအိမ်ရာတွင် လင်းဝေ့ကဲ့သို့ ကလေးမွေးပြီးနောက် ဆေးရုံဆယ်ရက်ခန့် တက်သည့် သူမရှိပေ။ သို့ပေမယ့် လုံးဝမရှိခြင်းတော့ မဟုတ်ပေ။ ဘယ်သွားသွား ကိုယ့်ဘဝကိုယ် တန်ဖိုးထားသည့် သူများရှိလေသည်။
ထိုသို့ပြောနေသည့် စစ်သားမိန်းမများထဲတွင်၊ ကလေးမွေးပြီးနောက် ဆေးရုံတွင် တစ်ပတ်ခန့်နေခဲ့သူ ရှိလေသည်၊ လင်းဝေ့ထက် နည်းသော်လည်း၊ ပုံမှန်တက်ရသည့် ရက်ထက်တော့ များလေသည်။ သူမကပြောလိုက်သည်။ "ကလေးတစ်ယောက် မွေးဖို့ဆိုတာကို လွယ်တယ်ထင်နေလား၊ ကျွန်မ ပြောပြမယ်၊ ကျွန်မတို့အမျိုးသမီးတွေက ကလေးမွေးပေးနိုင်ဖို့ စိတ်အားထက်သန်ကြတယ်၊ ဒါပေမယ့် ယောင်္ကျားက သူ့ငွေကိုနှမြောလို့ ဆေရုံမှာ ရက်နည်းနည်းထပ်နေဖို့ ငြင်းတယ်ဆိုရင်။ ကျွန်မ အကြံပြောမယ်၊ အဲ့လူကို ရှင်တို့ဘဝထဲက တတ်နိုင်သမျှ မြန်မြန်သာ ကန်ထုတ်လိုက်ကြတော့။ မဟုတ်ရင် ရှင်တို့ကျန်တဲ့ တစ်ဘဝလုံး။ စိတ်ဆင်းရဲခံစားနေရမယ်သာမှတ်။ အဲ့တော့ ကိုယ်အတွက်ကိုယ်သာတွေးကြပါ။"
အတင်းအဖျင်းပြောနေသည့် မိန်းမများထဲမှ တစ်ယောက်သည်လည်း ကလေးမီးဖွားပြီးနောက် ဆေးရုံတွင်ကြာကြာမနေခဲ့ရချေ။ သူမမှာတော့၊ သူမယောင်္ကျားက မနေစေချင်ခြင်း မဟုတ်ဘဲ၊ သူမယောက္ခမက ငွေဖြုန်းသည်ဟု သတ်မှတ်ပြီး သူမအားကြာကြာမနေစေခဲ့ပေ။ သူမ ယောင်္ကျားလည်း သူ့အမေစကားနားထောင်ကာ မငြင်းဆန်နိုင်ခဲ့ပေ။ အဆုံးတွင်၊ သူမယောက္ခမအား မနိုင်ခဲ့ဘဲ လမ်းလျှောက်နိုင်သည်နှင့် ဆေးရုံမှဆင်းခဲ့ရလေသည်။
ဒီအကြောင်းကြောင့်၊ သူမသည် အခြား စစ်သားမိန်းမများနှင့် သူမယောက္ခမ မကောင်းကြောင်းပြောပြီး သူမထိုယောက္ခမမျိုးနှင့် တွေ့ရသည်မှာ သူမကံမကောင်း၍ဖြစ်သည်ဟု ခံစားမိလေသည်။
သို့သော်၊ ဆေးရုံတွင်ဆယ်ရက်ခန့် တက်ခဲ့သည့် သူအား တွေ့လိုက်သော် ထိုသူသည် အတော်ပင်ကောင်းကောင်းမွန်မွန်နေရကာ၊ ငွေကိုမနှမြောတတ်ဟု ခံစားရပြီး၊ သူမယောင်္ကျားအား ပြဿနာရှာချင်သော်လည်း လူရှေ့ဖြစ်၍ သူမယောင်္ကျားဘက်မှ ကာပြောလိုက်လေသည်။
"တကယ်တော့၊ အိမ်ကလူက ကျွန်မအတွက် တွေးပေးတတ်တယ်လေ။ ကျွန်မ ကလေးမွေးတုန်းကဆို ဆေးရုံမှာနည်းနည်းထပ်နေဖို့ပြောတယ်၊ ဒါပေမယ့် အဲ့တာ ဖြုန်းတီးရာရောက်တယ်ထင်လို့ ကျွန်မ သဘောမတူခဲ့တာ။"
သူမစကားကို ကြားပြီးနောက်၊ အခြားမိန်းမများ နှုတ်ခမ်းတွင် လှောင်ပြုံးတို့ပေါ်လာပြီး " အို၊ ဒါဆိုရှင်က သုံးနိုင်ဖြုန်းနိုင်တာပဲ။" ထိုသို့ပြောလိုက်ပြီးနောက် ဆက်ပြောမည့် စကားလုံးများကို ပြောင်းလဲကာ၊ "ရှင်ကတကယ်သိတတ်တဲ့မိန်းမပဲ။"
ချီးမွမ်းသံကိုကြားသော်၊ သူမ ပြန်ပြောလိုက်သည်။ "ဒါပေါ့၊ယောင်္ကျားတွေက ဘယ်လိုချွေတာရမလဲဆိုတာ မသိကြဘူးလေ၊ အဲ့တာကြောင့် မိန်းမတွေကပိုပြီး..."
သူမစကားမဆုံးမှီ၊ အခြားမိန်းမတစ်ယောက်သည် စိတ်မရှည်ဖြစ်လာကာ၊ သူမအား အော်လိုက်သည်။ ထိုအခါ ကျန်တဲ့သူများလည်း ဆင်ခြေများ၊အကြောင်းအရင်းအမှားပေးကာ သူမလိမ်ကာ ပြောထားသည့် ဘဝတွင်ကောင်းကောင်းနေထိုင်နိုင်သည့် ချမ်းသာသောအတွေ့အကြုံအား နားမထောင်တော့ဘဲ အသီးသီးထွက်သွားကြလေသည်။
…
ကျုံးရှောက် ကျိုးအိမ်ရှေ့တွင် ကားပါကင်ထိုးလိုက်ပြီး၊ လင်းဝေ့ ကားထဲမှထွက်သောအခါ အိမ်နီးချင်းများအားလုံး လင်းဝေ့အနားဝိုင်းလာကြပြီး သူမဘယ်လိုနေသေးလဲမေးကြသည်။ ထိုနည်းတူစွာပဲ၊ အမေလင်းအနားသို့ကပ်ကာ ကလေးအားကြည့်ကြလေသည်။
လူကြီးများသည် ကလေးမျက်နှာမှ လှပသည့်အသွင်အပြင်များကိုမြင်သော် စိတ်ထက်သန်စွာ ချီးကျူးခန်းဖွင့်ကြလေသည်။ အချို့က ကလေးရဲ့အသားအရည်ကောင်းကြောင်း အမွှမ်းတင်ကြပြီး အချို့က ကလေး၏ ဖြောင့်စင်းနေသော နှာတံအား ချီးကျူးကြလေသည်။ အတိုချုပ်ရလျှင်၊ ကလေးသည် လှလှပပလေး မွေးလာခြင်းဖြစ်သည် ဟုပင်ဖြစ်သည်။
သူတို့သည် ကလေးမိဘတွေကိုလည်း ချီးကျူးရန်မမေ့ဘဲ ကလေးအားချီးကျူးတိုင်း မိဘနှစ်ယောက်ကိုပါ ထည့်သွင်းချီးကျူးလေသည်။ လူတိုင်းက ကလေးမည်သူနှင့်ပိုတူသည်ကို အမြင်တစ်ယောက်တစ်မျိုးစီရှိကြလေသည်။
မျက်ခုံး၊မေ့စေ့တို့သည် လင်းဝေ့နှင့်တူသည်ဟု ပြောကြပြီး သူမနှင့် မှည့်ပါခြင်းပါ တူလေသည်။ မျက်လုံး၊နှာခေါင်းနှင့် နှုတ်ခမ်းတို့သည်တော့ ကျုံးရှောက်နှင့် အတော်တူသည်ဟုပြောကြလေသည်။
သူ့ညီမကိုမြင်သော်၊ ရွေ့ရွေ့သံသယရှိစွာဖြင့်၊ "ညီမလေးက အိပ်နေတာ မဟုတ်ဘူးလား?" ဟုမေးလေသည်။
"အခုလေးတင်မှပဲ။" မင်မင် ပြန်ပြောလိုက်သည်။
"အဲ့တာဆို ညီမလေး မျက်လုံးတွေက အဖေနဲ့တူလား အမေနဲ့တူလားဆိုတာ သူတို့ကဘယ်လိုလုပ်မြင်တာလဲ?"
မင်မင် လေးနက်သည့် မျက်နှာထားနှင့် ခေါင်းညိမ့်လိုက်ပြီး၊ သူ့ညီမလေး လှပလာပြီးနောက်၊ ဒါက သူ့အတွက် အကြီးမားဆုံး ရှုပ်ထွေးမှုပင် ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က လင်းဝေ့နှင့် သူမကလေးအား ဆေးရုံလာမေးသည့်သူတိုင်းနီးပါး သူမကလေး၏ မျက်လုံးပုံစံအား ချီးကျူးသွားကြသည်။ အစတွင်၊ မင်မင် ဘယ်လိုမျှ မခံစားရသော်လည်း၊ လူကြီးများ မကြာခဏ ပြောလာသည့်အခါမှာတော့၊သူရည်ရွယ်ချက်ရှိရှိ သူ့ညီမလေးနား သွားကြည့်လိုက်လေသည်။ သို့သော် မျက်လုံးပိတ်ကာအိပ်နေသဖြင့် ဘာမျှမမြင်ခဲ့ရချေ။
သူ့အစ်ကို မဖြေနိုင်သည်ကိုမြင်သော် ရွေ့ရွေ့ သက်ပြင်းချကာ ပြောလိုက်သည်။ "လူကြီးတွေကတော့ တကယ်ကိုအံ့ဩစရာပဲ။"
…
သူမ အိမ်ပြန်ရောက်သော် အဝတ်များ အရင်ဆုံးချွတ်လေသည်။ လင်းဝေ့ အိမ်ရောက်သော် အိမ်ထဲမဝင်ဘဲ၊စကားအနည်းငယ်ပြောသည်ကို သူမ အမေမြင်သော်၊ မီးနေသည်သည် ပင်ပန်း၍မရဟု ဆိုကာ၊ သူမရော ကလေးများကိုပါ အိမ်ထဲသို့ဝင်ခိုင်းလေသည်။
သူမတို့ သမီးကိုတော့ ကျုံးရှောက်က ချီကာ ကုတင်ပေါ်ချပြီး ဘေးတွင်ထိုင်၍ သူမိန်းမနှင့် ကလေးအား စနေလေသည်။
မင်မင်နှင့်ရွေ့ရွေ့တို့သည် အောက်ထပ်တွင်ထိုင်ရသည်မှာပျင်းလာသဖြင့် ခဏအကြာတွင်အပေါ်ထပ်သို့တက်သွားလေသည်။
လင်းဝေ့ ကိုယ်ဝန်ရှိစဥ်က မင်မင် သူမအားအငယ်လေးမလိုချင်ဟု ပြောခဲ့သော်လည်း၊ ကလေးမွေးလာချိန်မှာတော့ ရွေ့ရွေ့ထက် သူမအား စရသည်ကို ပိုပျော်လာသည်။
မွေးခါစကလေးများသည်၊ တစ်နေကုန်အိပ်ကာ၊ မျက်လုံးဖွင့်ချိန် လက်တစ်ဆုပ်စာမျှသာ ရှိသော်လည်း၊ အချိန်အများစုတွင် ရွေ့ရွေ့သည် သူ့ညီမလေးကိုသာထိုင်၍ ကြည့်နေလေသည်။
မင်မင်သည်လည်း သူ့ညီမလေး၏ ဆံပင်၊မျက်ခုံးများကိုထိကာ၊ သူ့ညီမလေး၏ မျက်တောင်မွှေးရှည်ရှည်များကို ကြည့်နေလေ့ရှိသည်။ ထို့အပြင် သူ့ညီမလေး၏ မျက်နှာကို ထိကိုင်လေ့လည်း ရှိသေးသည်။
သို့သော်၊ သူ့မိဘများက သူ့ညီမလေးသည် မွေးကင်းစကလေးဖြစ်ကာ အရိုးများနူးညံ့သေးသည်ဆိုသောကြောင့်၊ သူသည် ကြမ်းကြမ်းကြမ်းတမ်းတမ်းမထိရဲပေ။ သူမအသက်ရှူမရမည်၊ သို့မဟုတ်၊ သူမနှားခေါင်းလေးပြားသွားမည် ကိုစိုးရိမ်ကာ သူမနှာခေါင်းကိုပင်မထိရဲပေ။
သူ့အမေ ဤအကြောင်းပထမဆုံးပြောပြစဉ်က၊သူသည် မနေနိုင်ဘဲ ပြောလိုက်လေသည်။ " ညီမလေးကတအား အားနည်းတာပဲ။"
လင်းဝေ့ ပြောလိုက်သည်။ "မွေးကင်းစကလေးတွေအကုန်အားနည်းကျတာပဲ၊ အဲ့တာ အကုန်အတူတူပဲ။ ညီမလေးလည်း သားအရွယ်ရောက်တဲ့အခါ အဆင်ပြေသွားလိမ့်မယ်။"
"ညီမလေး သားတို့အရွယ်ရောက်ဖို့ ဘယ်လောက်လောက်ကြာဦးမှာလဲ?" မင်မင်မေးလိုက်သည်။
ရွေ့ရွေ့ပြောလိုက်သည်။ "သားတို့ကအခု လေးနှစ်ခွဲရှိပြီဆိုတော့ ညီမလေး သားတို့အရွယ်ရောက်ဖို့ လေးနှစ်ခွဲလိုသေးတယ်။"
"အဲ့ခါကျ ငါတို့ဘယ်နှနှစ်ရှိပြီလဲ?" မင်မင်မေးလိုက်သည်။ သူသည် ဒသမဂဏန်းများပေါင်းခြင်း၊နှုတ်ခြင်းအား တွက်ချက်နိုင်ပြီဖြစ်သော်လည်း ၄.၅နှင့် ၄.၅ ပေါင်းခြင်းအား နားမလည်ပေ။
ရွေ့ရွေ့ သူ့အစ်ကိုထက် အလျင်အမြန်တွက်ချက်လိုက်ပြီး၊ အလျင်အမြန် အဖြေထွက်သွားလေသည်။ "ကိုးနှစ်။"
မင်မင် အံ့ဩသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။"အဲ့တာဆို သားတို့ လူကြီးဖြစ်နေပြီပေါ့?"
လင်းဝေ့ ပြောလိုက်သည်။ "သားတို့ညီမလေး လေးနှစ်ခွဲပြည့်တဲ့အခါကျရင် သားတို့ ကိုးနှစ်ပြည့်မယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒီလေးနှစ်ခွဲအတွင်းမှာ သားတို့တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်ရဦးမှာ၊ လူကြီးတန်းဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။"
မင်မင်စိတ်ပျက်သွားကာ တစ်ဖက်သို့လှည့်လိုက်သည်။ သို့ပေမယ့်၊ သူ့ညီမလေး ယခု အားနည်းနေသေးသည် ဆိုသည့်အချက်အား မှတ်ထားလိုက်လေသည်။