Chapter 169
Vol. 13 Ch. 169
ဇာတ်လမ်းအတိအကျ မသိခဲ့သည့်သူများက ဝူရှုကျွမ်းအား အံ့အားသင့်သည့် မျက်လုံးများဖြင့် ကြည့်လေသည်။ သိပြီးထားသောသူများကတော့ အတိတ်အကြောင်း ပြန်မှတ်မိလာကြကာ သူမအားအထင်သေးသည့်အကြည့်များဖြင့် ကြည့်လာကြလေသည်။
ဤအမျိုးသမီးအိုကြီးထံမှ စကားလုံးအနည်းငယ်ကြောင့်နှင့် ဝူရှုကျွမ်း နှစ်အတန်ကြာ တည်ဆောက်လာခဲ့သည်များ ပျက်စီးသွားခဲ့ရသည်။ သို့ပေမယ့် ဤအရာသည်သူမအား စိတ်တိုစေခဲ့ခြင်းမဟုတ်ဘဲ သူမစိတ်တိုသည့်အရာမှာ ကျုံးရှောက်သမီးလေးမွေးသည်ဟူသော အချက်ပင်ဖြစ်လေသည်။
မနှစ်က၊ ဝူရှုကျွမ်း၏သမီး အခြေအနေဆိုးလာပြီး၊ ဆရာဝန်ဆီမှ အချိန်မကျန်တော့ဟု အကြိမ်ကြိမ် သတိပေးခံခဲ့ရကာ၊ သူမအား သူမသမီး နာရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြောခဲ့လေသည်။ သို့ပေမယ့် သူသမီး အကြိမ်ကြိမ်ပြန်ကောင်းလာခဲ့ပြီး၊ ကျုံးရှောက်အားလည်း သတိရနေမှန်း သူမသိလေသည်။
ဝူရှုကျွမ်းသည် ကျုံးရှောက်သာ ပြန်လာပြီး သူမသမီးနှင့် တွေ့ပေးလျှင်၊ သူမသမီးအခြေအနေ ပြန်လည်ကောင်းလာနိုင်သဖြင့် ကျုံးဖင်အား ယားကျိုကျွန်းအားဖုန်းဆက်ပြီး ကျုံးရှောက်အား အကြောင်းကြားခိုင်းလေသည်။
ပထမတွင်၊ သားအဖနှစ်ယောက် အဆက်အသွယ်မလုပ်သည်မှာ နှစ်များကြာပြီဖြစ်၍၊ ကျုံးဖင် စိတ်ပျက်သော်လည်း၊ သူမနှင့် ရန်ဖြစ်ပြီးနောက်တွင် ကျုံးရှောက်အား ဖုန်းခေါ်ပေးမည်ဟု ကတိပေးလိုက်လေသည်။
သို့သော်၊ ဖုန်းကိုင်သည်နှင့်၊ ကျုံးရှောက် ကျုံးဖင်အား အိမ်ကိစ္စလား၊ အလုပ်ကိစ္စလား မေးကာ၊ အိမ်အကြောင်းမှန်း သိသည်နှင့် သူချက်ချင်းပင် ဖုန်းချလိုက်လေသည်။
ဖုန်းချသွားပြီးနောက်၊ ကျုံးဖင်အိမ်တွင် စိတ်တိုစွာ အော်ငေါက်သောင်းကျန်းကာ ဖုန်းထပ်မခေါ်ပေးတော့ဘဲ သူမကိုယ်တိုင်သာ ခေါ်ခိုင်းလေသည်။ ဤအခေါက်တွင်တော့ သူမဘယ်လောက်ကြိုးစားသည်ဖြစ်စေ၊ သူစိတ်မပြောင်းတော့ပေ။
ဝူရှုကျွမ်းလည်း မတတ်သာပဲ ကျုံးရှောက်အား သူမကိုယ်တိုင်ပင် ဖုန်းဆက်ရလေတော့သည်။ သို့ပေမယ့် ဤတစ်ခေါက်တွင်တော့ ဖုန်းခေါ်၍ပင် မရတော့ပေ။ ထို့နောက်၊ အရင်ဆက်ဆံရေးကို ထောက်ထား၍ ကျုံးရှောက် သူမသမီးထံ လာတွေ့မည်ဟု မျှော်လင့်ကာ၊ သူမ ကျုံးရှောက်ထံသို့ ကျုံးဖင်နာမည်တပ်ကာ စာများစတင်ရေးပြီးပို့လာသည်။
ပထမတစ်ခါ စာပို့လိုက်သော်လည်း ပြန်စာမလာပေ။
ဒုတိယအခေါက်၊ တတိယအခေါက်၊ ထို့နောက် စတုတ္ထအခေါက် ပို့လိုက်သော်လည်း၊ ထိုစာများအား ဖွင့်မကြည့်ထားဘဲ ပြန်သာပို့လာခဲ့သည်။
ထို့နောက် ဝူရှုကျွမ်းသည် အဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် စောင့်ဆိုင်းရင်းပဲ သူမသမီး ဆုံးသည်ကို ထိုင်ကြည့်နေခဲ့ရသည်။
ထိုအချိန်သည့်တိုင်၊ ကျုံးရှောက်သည် စာနာစိတ်မရှိဟုသာ သူမ ခံစားရကာ၊ သူမဆုံးဖြတ်ချက်အတွက် နောင်တရနေခဲ့သည်။ ဤအချိန်တွင်သာ ကျုံးရှောက် သမီးလေးမွေးသည်ဟု သိလိုက်ရသောကြောင့် ကျုံးရှောက်အား စတင်မုန်းတီး လာခဲ့သည်။
ကျုံးရှောက်မိန်းမသည် အရင်လက ကလေးမွေးခဲ့ပြီး ဖေဖော်ဝါရီလတွင် ကလေးရခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီလသည် တရုတ်နှစ်သစ်ကူးဖြစ်ရာ သူမ စာနောက်ဆုံးပို့ခဲ့သည့်အချိန်လည်း ဖြစ်သည်။ သို့သော် အဆုံးအထိ ကျုံးရှောက်စာမပြန်ခဲ့ပေ။ မကြာမှီပဲ သူမသမီးသေဆုံးခဲ့ရသည်။
သူမသမီးမဆုံးခင်က ဝူရှုကျွမ်းသည် ဂုဏ်သရေ၊ကျော်ကြားမှု၊ ကျုံးဖင်နှင့် ပိုမို ကောင်းမွန်သောဘဝ အရာအားလုံးလိုချင်ခဲ့သည်။ သူမသမီး မသေဆုံးမှီအထိ သူမမှားနေမှန်း သူမ မသိခဲ့ချေ။
ယခု သူမသည်လည်း အလုပ်ရှိကာ သူမလက်အောက်မှသူများအား စီမံခန့်ခွဲရလေသည်။ သူမယောင်္ကျား ကျုံးဖင်သည် ရာထူးမြင့် ရေတပ်အရာရှိတစ်ဦးဖြစ်ကာ သူမတွင် ဂုဏ်သရေ၊ ကျုံးဖင်နှင့် ပိုမိုကောင်းမွန်သည့်ဘဝအား သူမရထားလေသည်။ သူမဂုဏ်သတင်းအတွက်တော့၊ ထိန်းသိမ်းရန် အနည်းငယ် ခက်ခဲသော်လည်း၊ အတိတ်တွင်တော့ ကုန်းကောက်စရာပင် မကျန်တော့ချေ။
သူမသည် အရာအာလုံးရှိသည်ဟု မြင်ရသော်လည်း၊ သူမတွင်ဘာမျှမရှိဟု သူမ ခံစားရလေသည်။ အရေးအကြီးဆုံးအရာမှာ သူမကလေးသည် သူမနှင့် အတူမရှိတော့ပေ။
သူမသမီးသာ အေးအေးချမ်းချမ်း ဆုံးပါးသွားခဲ့လျှင် သူမဤကဲ့သို့ ခံစားနေရမည်မဟုတ်။ သို့သော် သူမသမီးသည် အေးအေးချမ်းချမ်း သေဆုံးသွားခြင်း မဟုတ်ပေ။
သူမသမီး ရောဂါခံစားနေရသည်ကို တွေးရင်း၊ ကျုံးရှောက်ပြန်လာဖို့ ဆုတောင်းနေသော်လည်း၊ ကျုံးရှောက်၏ မာနကြီးမှုကြောင့် ဝူရှုကျွမ်း သူ့အား မုန်းလေသည်။
သူမ၏ အမုန်းကြောင့်၊ ဝူရှုကျွမ်း လောင်ကျန်းမိန်းမကို လျစ်လျူရှုကာ အိမ်သို့အမြန်ပြန်လေသည်။
…
ဝူရှုကျွမ်း ကျုံးရှောက် သူ့သမီးအတွက် တစ်လပြည့်ပွဲလုပ်ရန် ပြင်နေသည်ကို သိသွားသောအခါ၊ လင်းဝေ့သည် ကျုံးရှောက်နှင့်အတူ လူအရေအတွက်ကို ရေရန် ထိုနေ့အတွက် ဧည့်သည်စာရင်းကို စစ်နေလေသည်။
ထောက်ပံ့ရေးပစ္စည်းများမှာ ဤရက်ပိုင်းအတွင်း အကန့်အသတ်နှင့်ဖြစ်ရာ၊ အစားအသောက် ကျွေးမွေးပွဲဆိုလျှင်ပင်၊ ဖြုန်းတီး၍ မရပေ။ ပွဲတွင်ခင်းကြင်းမည့် စားပွဲအရေအတွက်သည် ဖိတ်ထားသည့်ဧည့်သည်အရေအတွက်အပေါ် တိတိကျကျ မူတည်ထားခြင်းဖြစ်သည်။
သူတို့အိမ်တွင်ရှိသည့် စားပွဲဝိုင်းကြီးအား အသုံးပြုကာ၊ မလောက်လျှင် အိမ်နီးချင်းများထံမှ ဌားခဲ့သည်။ စားပွဲများသည်တစ်ခုနှင့်တစ်ခု မတူဟုထင်ရသော်လည်း သိပ်၍မကွာပေ။ ပုံမှန်စားပွဲတစ်ခုသည် လူ၁၂ယောက်ဆံ့လေသည်။ ခုံများအားကြပ်ကြပ်စီလျှင် လူ ၁၄ ယောက် ဆံ့လေသည်။ ထပ်၍တော့ မဆံ့တော့ပေ။ စားသောက်သည့်အခါတွင် တစ်ယောက်နှင့် တစ်ယောက် တံတောင်များ ထိနေကြပေမည်။ ဒါ့ကြောင့် အဲ့အခါ ရန်မဖြစ်ကြပါနဲ့.။
စုစုပေါင်း စားပွဲလေးခုရှိရာ၊ စုစုပေါင်း လူ ၄၈ ယောက်မှ ၅၆ ယောက်အတွက်အထိ နေရာချထားနိုင်သည်။
အယောက်ငါးဆယ်သည် များသည်ဟု ထင်ရပေသည်။ ထို့အပြင် အရင်အကြိမ်တွင် သူတို့ အိမ်ထောင်စု အစု၂၀သာ ဖိတ်ခဲ့သည်။ မိသားစုအိမ်ရာတွင် အဖိတ်ခံရသည့် အိမ်ထောင်စုတစ်စုလျှင် အများဆုံး လူနှစ်ယောက်သာ ကျွေးမွေးပွဲသို့ သွားရသည့် ထုံးစံရှိလေသည်။ ဖိတ်သည့်မိသားစုနှင့် အလွန်ရင်းနှီးလျှင်တော့၊ သူတို့နှင့် ဆွေးနွေးနိုင်သည်။
သူတို့ရေတွက်ထားသည့် အရေအတွက်အား ၂ဖြင့်မြှောက်လိုက်လေသည်။ တချို့မိသားစုများတွင် တစ်ယောက်နှစ်ယောက်ထပ် ပိုရှိလျှင်လည်း၊ နှစ်ယောက်လာလျှင်ပင် လုံလောက်ပေသည်။
ပြဿနာကတော့ သူတို့ပွဲကျင်းပမည် ဟုသည့်သတင်း ပျံ့သွားပြီးနောက်၊ အဖိတ်မခံရသည့်သူ အများအပြားသည်လည်း ကျုံးရှောက်အား မေးလာကြသည်။ သူတို့အာလုံးသည် မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များဖြစ်ကာ၊ မိသားစုအိမ်ရာအတွင်း နေထိုင်သူများ ဖြစ်ကြလေသည်။ ၎င်းတို့ စိတ်အားထက်သန်စွာနှင့် မေးသောအခါ၊ သူတို့ကိုလည်း အဖိတ်ခံရလိမ့်မည်ဟု သေချာနေကြသည်။ သူဘဘာများတတ်နိုင်မှာလဲ? သူတို့တွေကိုတောင်းပန်ပြီး ဖိတ်ဖို့မစီစဉ်ထားပါ ဟု သူ မပြောနိုင်ပေ။
သူတို့နှင့်သာ မရင်းနှီးလျှင်၊ ထိုသူတို့သည် ကျုံးရှောက်ထံလာပြီး ထိုကိစ္စအား ပြန်လာပြောမည်မဟုတ်သောကြောင့်၊ ကျုံးရှောက်သည်လည်း ငြင်းရန် ခက်မည်မဟုတ်ပေ။
ပြဿနာမှာ လာမေးသည့်သူများသည် ရင်းနှီးသည့်သူများဖြစ်နေပြီး၊ သူတို့နှင့်လည်း အဆင်ပြေနေသောကြောင့် ငြင်းရန်ခက်ခဲပေသည်။
ကျုံးရှောက်တင် မဟုတ်ဘဲ၊ လင်းဝေ့တွင်လည်း အလားတူပြဿနာမျိုး ရှိလေသည်။
လင်းဝေ့ ဆေးရုံမှဆင်းတည်းမှ၊ တစ်ယောက်ပြီးတစ်ယောက် သူမနှင့်သူမကလေးအား သတင်းလာမေးလေသည်။ သူမတို့ တစ်လပြည့်ပွဲကျင်းပမည်ဟု သတင်းပျံ့သွားသောအခါ၊ သတင်းလာမေးသည့် သူများကလည်း ထိုအကြောင်းအား ရှောင်ရှားခြင်းမရှိ ပြောကြလေသည်။
စိတ်ပျက်ဖို့အကောင်းဆုံး အကြောင်းအရာသည်တော့၊ သူမအားသတင်းလာမေးသည့် သူများတွင် သူမဖိတ်သည့်သူများရော မဖိတ်သည့်သူများပါ ပါဝင်လေသည်။ သူတို့သည် စားပွဲလေးပွဲသာ ပြင်ဆင်ထားပြီး ဖိတ်နိုင်သည့်လူ အရေအအတွက်မှာလည်း အကန့်အသတ်နှင့်ဖြစ်သည်။ သူမနှင့် ဆက်ဆံရေးကောင်းသည့် သူများကိုသာ သူမဖိတ်ခဲ့သည်။
သူမ မဖိတ်သည့် သူများနှင့်လည်း ဆက်ဆံရေးဆိုးနေခြင်းမဟုတ်ဘဲ အလွန်မကောင်းရုံတင်ဖြစ်သည်။
ပြဿနာမှာတော့၊ ဆက်ဆံရေး အဲ့လောက်မကောင်းသည်ကိုတောင်၊ သူတို့သည် သူမထံ သတင်းလာမေးရင်း ထိုအကြောင်းထပ်၍ ပြောကြလေသည်။ သူမ မကြားချင်ယောင်ဆောင်ကာ သူတို့အားမဖိတ်ဘဲ နေ၍မရပေ။ အနာဂတ်တွင်ဆက်ဆံရဦးမည့် အခြေအနေရှိသေးသည့်အတွက်၊ လင်းဝေ့ သူတို့အား ဖိတ်လိုက်လေသည်။
ဧည့်သည်အသစ်များ ထပ်တိုးသည့်အခါ လင်းဝေ့နှင့်ကျုံးရှောက်တို့ တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ခဲ့ကြသည်။ တစ်ဖက်က ဒီနေ့တစ်ယောက်ကို ဖိတ်လိုက်၊ တစ်ယောက်က နောက်ရက် အခြားတစ်ယောက်ကိုဖိတ်လိုက်နှင့် အရေအတွက်တိုးသွားလေသည်။
သို့ပေမယ့် သူမတို့ တက်ရောက်မည့်သူများနှင့် ပက်သက်ပြီး စကားပြောကြရာတွင်၊ သူမတို့လည်း မခန့်မှန်းနိုင်ကြပေ။ စုစုပေါင်း စားပွဲလေးခုသာစီစဉ်ထားသော်လည်း ဧည့်သည်အရေအတွက် ဘာ့အတွက် ဤမျှ များသွားရသနည်း?
လင်းဝေ့ အိပ်ရာမှထလိုက်ကာ၊ စားပွဲခုံမှ မှတ်စုစာအုပ်တစ်အုပ် ယူလိုက်ပြီး၊ ဖွင့်ကာ လူများစတင် စာရင်းမှတ်နေလေသည်။
မှတ်လေ၊ သူတို့အမူအရာများ ပိုမိုလေးနက်လာလေသည်။
သူမတို့ ဖိတ်ခဲ့သည့် ဧည့်သည်အရေအတွက်သည် ကန့်သတ်နှုန်းအား ရိုးရိုးကျော်နေခြင်းမဟုတ်ဘဲ အတော်ပင် ကျော်နေလေသည်။ အစတွင် စားပွဲလေးခုသာစီစဉ်ထားသော်လည်း ယခု သူမတို့ စားပွဲခြောက်ခု ပြင်ရတော့ပေမည်။ စာရင်းလုပ်ပြီးသွားသော် စားပွဲခြောက်ခုနှင့် အဆင်ပြေသွားပြီး အချို့စားပွဲများတွင်တော့ ခုံကိုကြပ်ကြပ်စီရလေသည်။
တွက်ချက်ပြီးနောက် လင်းဝေ့ နားမလည်ကာ " ကျွန်မတို့ ဘာလို့ လူဒီလောက်အများကြီး ဖိတ်မိသွားတာလဲ?"
ကျုံးရှောက် ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြောလိုက်သည်။ "မင်းအခုမှ သတိထားမိတာလား?"
"ကျွန်မတို့မှာ လက်မှတ်အလုံအလောက် ရှိတယ်လို့ ထင်လား?"
ကျုံးရှောက် တွေးကာ ပြောလိုက်သည်။ "ပင်လယ်စာလက်မှတ် တွေတော့ အလုံအလောက်ရှိပေမယ့် ကြက်သားနဲ့ ဘဲသားက မလောက်ဘူး။ လောင်ကျိုးဆီက နည်းနည်းတောင်းလိုက်မယ်။ နောက်လကျရင်ပြန်ပေးလိုက်လို့ရတာပဲ။ ဝက်နံရိုးနဲ့ အသားအတွက်ကတော့ ကိုယ်မနက်ဖြန် လောင်ရှုကို အဲ့နေ့ကျ ကိုယ်တို့ကို ပိုပေးဖို့ပြောလိုက်မယ်။"
ဤသည်သာ ပြဿနာဆိုလျှင်၊ နောက်အကြိမ်တွင် ပင်လယ်စာများ ချန်ထားရပေမည်။ ကြက်သားနှင့် ဘဲသားကို အနီးအနားရွာက လူတွေဆီမှ ဝယ်နိုင်ပေသည်။ ကြက်ဥများလည်း အတူတူပင်၊ လက်မှတ်မလိုပေ။ အခြားအရာများသည်လည်း လက်မှတ်မလိုပေ။
ကျုံးရှောက် ပြောသည်ကိုကြားသော်၊ စားပွဲခုံ အရေအတွက်ကို ၆ခုအထိ တိုးလိုက်ရသော်လည်း ဤသည်ဟာ ပြဿနာကြီးမဟုတ်ပေ။
ထိုသို့ တွေးပြီးနောက်၊ လင်းဝေ့က ပြောလိုက်သည်။ "ဒီထဲကို လူတွေထပ်ထည့်မှာတော့ မဟုတ်ဘူးမလား?"
ကျူံရှောက် သူဖိတ်သည့် လူအရေအတွက်ကို ရေပြီးနောက် ပြောလိုက်သည်။ "မထည့်တော့ပါဘူး။ အစက မဖိတ်ခဲ့တဲ့သူတွေပါ ဖိတ်လိုက်ရတယ်။ မင်းရော?"
လင်းဝေ့ ထိုအကြောင်းတွေးကာ ပြောလိုက်သည်။ "ကျွန်မလည်း အတူတူပါပဲ။"
ကျုံးရှောက် ခေါင်းညိမ့်လိုက်ပြီး "ဟုတ်ပြီ၊ ဒါဆို မနက်ဖြန် ကိုယ် စားပွဲတွေ၊ ပစ္စည်းတွေ နဲ့တခြားလိုတာတွေ ဌားမယ့်သူ ရှာလိုက်မယ်။"
"ကျွန်မ အမေနဲ့ ရှောင်ကျန်းကို ဒီအကြောင်း မနက်ဖြန် ပြောလိုက်မယ်၊ အဲ့တာမှ သူတို့သေချာပြင်ဆင်ထားနိုင်အောင်၊" လင်းဝေ့ ပြောထွက်ရန် မလွယ်ကူဘဲ မေးလိုက်သည်။ "နှုတ်မဆက်သင့်တော့ဘူးလား?"
"အင်း။"
သူတို့နှစ်ဦး အကုန်ပြန်စစ်ဆေးပြီးနောက်၊ ဘာပြဿနာမျှမရှိကြောင်း အတည်ပြုပြီးနောက်၊ လင်းဝေ့ သူမလက်ပ်တော့အား ပိတ်လိုက်သည်။ မီးပိတ်လိုက်ပြီးနောက်မှာတော့ သူတို့နှစ်ဦး သက်ပြင်းအရှည်ကြီး ချလိုက်ပြီး၊ ဘာပြဿနာမှ ထပ်ရှိမလာစေရန် မျှော်လင့်လိုက်ကြသည်။