← Chapters

Chapter 170

Vol. 14 Ch. 170

Chapter 170

Vol. 14 Ch. 170

ဧည့်သည်အရေအတွက် ကန့်သတ်ထားသည်ထက် ပိုနေသည်ကို အမေလင်းသိသောအခါ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်ကာ ပြောလိုက်သည်။ "သမီးတို့က အတွေ့အကြုံ မရှိသေးလို့ပါ။ ကိုယ်ထင်ထားတဲ့ ဧည့်သည်အရေအတွက်ကို ကျော်နေတာမျိုးက ဖြစ်‌လေ့မရှိတာမျိုးမဟုတ်ဘူး။ နောက်ပွဲတွေပြီးရင် သမီးသိလာပါလိမ့်မယ်။"

လင်းဝေ့နှင့် ကျုံးရှောက်သည် ပွဲများကျင်းပရာတွင် အတွေ့အကြုံမရှိပေ။ သူတို့လက်ထပ်သောအခါ၊ ဧည့်သည်များကို တာဝန်ခံဖိတ်ကြားခဲ့သည်မှာ၊ နှစ်ဖက်မိဘများပင်ဖြစ်သည်။ လင်းဝေ့သည်လည်း အတန်းဖော်များနှင့် သူငယ်ချင်းများကို ဖိတ်ခဲ့လေသည်။ ကျုံးရှောက်သည် ရှီချန်းတွင် မည်သူ့ကိုမျှ မသိချေ။ ပွဲများကို လုပ်ဖော်ကိုင်ဖက်များနှင့် အိမ်နီးချင်းများကိုသာ ဖိတ်ခဲ့ကြသည်။

ရွေ့ရွေ့တို့ တစ်လပြည့်ပွဲတုန်းကလည်း ကျုံးရှောက် အားလပ်ရက်ခွင့်တင်ခဲ့သည်။ သူတပ်အဆောက်အအုံမှ ပြန်မလာမှီ၊ တိုက်ကျွေးမည့် အရက်သည် အလျင်အမြန်ချက်ရသည် ဖြစ်၍ သူသည်လည်း အလုပ်များနေသည့်အလျောက်၊ ဤသည်လည်း သာမန်တစ်လပြည့်အရက်သာဖြစ်ရာ၊ အရက်ချက်ပြင်ဆင်ရာတွင် ပါဝင်ဆင်နွှဲခြင်းမရှိခဲ့ပေ။

လင်းဝေ့သည် အိမ်တွင်သာရှိပြီး ထိုအချိန်က သူမ၏ အာရုံစိုက်မှုမှာတော့ သူမကလေးနှစ်ယောက်ထံတွင်ဖြစ်သည်။ သူမယောက္ခမနှင့် သူမအမေကသာ အရာရာတာဝန်ယူခဲ့သည်။ သူမတွင် အတွေ့အကြုံ လုံးဝမရှိခဲ့ပေ။

‌လင်းဝေ့ ပြောလိုက်သည်။ "နောက်တစ်ခါတော့ ဘယ်အချိန်မှ ထပ်စီစဉ်ဖြစ်မလဲမသိသေးပါဘူး။"

ဤရက်များတွင် အရက်သောက်ဖိတ်ရန် အကြောင်းအရင်း အနည်းငယ်သာရှိပြီး၊ ကျုံးရှောက်နှင့် သူမသည် သူငယ်ချင်းများနှင့် အမျိုးများအား အိမ်တစ်အိမ်လုံးအပြည့် ဖိတ်တတ်သူများ မဟုတ်ပေ။ နောက်အကြိမ်သည်တော့ မင်မင်နှင့်ရွေ့ရွေ့တို့၏ လက်ထပ်ပွဲကိုသာစောင့်ရပေမည်။ ဤသည်လည်း နောက်ထပ်ဆယ်နှစ်ကျော်မျှ ကြာဦးမည်ဖြစ်ရာ၊ ဝေးကွာသေးသဖြင့် ယခုလက်ရှိအလုပ်ကိုသာ အရင်လုပ်ရမည်ဖြစ်သည်။

ဤသည်ကိုတွေးပြီး၊ ‌လင်းဝေ့ မေးလိုက်သည်။ "သမီးတို့ တခြားဘာထပ်ပြီး စဉ်းစားရဦးမယ်လို့ အမေထင်လဲ?"

အမေလင်းမှ ပြောလိုက်သည်။ "အဲ့တာပါပဲ၊ ဟုတ်တယ်၊ ဒါပေမယ့် ပွဲမှာ ညစာအတွက်တော့ ပိုပြီးပြင်ဖို့မမေ့နဲ့။ ဟင်းတွေကို စားပွဲတစ်ဝက်လောက်အထိ ချပြီးပြင်ထား။ အဲ့တာမှ တော်ရုံကျမယ်။"

"စားပွဲတစ်ဝက်?" လင်းဝေ့ တွေဝေသွားပြီး အကုန်လုံးကတော့ ပြင်လို့လွယ်ပါတယ်၊ ဒါပေမယ့် အသားဟင်းကို ကိုင်တွယ်ဖို့သည်တော့ ထိုမျှ မလွယ်ကူပေ။

"အဓိကတော့ အဲ့ကျရင် မလောက်မှာကို အမေစိုးရိမ်လို့ပါ။ အဆင်ပြေပြေ ဖြစ်စေချင်တယ်ဆိုရင် ပိုပြီးပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်လိမ့်မယ်။၊" မေမေလင်းက လင်းဝေ့၏ စိုးရိမ်မှုများကိုသိနေပြီး စဉ်းစားကာ၊ "ကြက်သားနဲ့ဘဲသားကို သစ်အယ်သီးတို့ အာလူးတို့နဲ့ ချက်ထားတဲ့ အရံဟင်းမျိုး မရှိဘူးလား? အဲ့တာကိုပိုချက်လိုက်၊ ပြီးတော့ အရွက်ဟင်းတွေလည်း လုံလုံလောက်လောက်ရှိတာပဲ၊ အဲ့လိုသာလုပ်လိုက်ရင် လူများရင်တောင် ဟင်းပွဲ မလောက်တာမျိုးမဖြစ်တော့ဘူး။"

"လူအရေအတွက်က ထပ်များလာဦးမှာလား?"

"ဒါပေါ့၊ အမေတို့ဇာတိမှာလိုပဲ၊ မင်္ဂလာပွဲတွေက ဒီနေရာကနေဒီနေရာပဲကို၊ တချို့လူတွေက လူပိုတွေပါထပ်ခေါ်လာလေ့ရှိတယ်။ အဲ့ခါကျ ဘာတတ်နိုင်မှာလဲ?"

နေရာဒေသတိုင်းတွင် အရက်သောက်ဖိတ်ပွဲကျင်းပခြင်းနှင့် ပက်သက်၍ စည်းမျဉ်းများ သတ်မှတ်ထားရှိလေသည်။ လက်ဆောင်ပမာဏနှင့် ခေါ်လာနိုင်သည့် လူအရေအတွက်ကို သတ်မှတ်ထားလေသည်။ ကာယကံရှင်မိသားစုသည်လည်း ထိုစည်းမျဉ်းဟောင်းများအတိုင်း လိုက်နာပြီး ပွဲအတွက် ပြင်ဆင်လေ့ရှိသည်။

သို့သော် သေးသေးလေးမှအစ အမြတ်ထုတ်ချင်တတ်သည့် သူများလည်း အစဉ်အမြဲရှိပြီး သူတို့သည် ပိုက်ဆံအများအပြားမပေးရဘဲ သူတို့၏ မိသားစုဝင်များအား ခေါ်လာကာ အဝသောက်စေသည်။ ထိုကဲ့သို့ သူမျိုးရှိသော်လည်း၊ ကာယကံရှင်မိသားစု အတွက်လည်း ထိုအရာများအထိ လိုက်၍ ဂရုစိုက်ရန် မလွယ်ပေ။ ပထမတွင် တဖက်လူက လက်ဆောင်ပေးပြီး ဒုတိယ၊ ပွဲကျင်းပသည့်နေ့တွင် အဆုံးတွင် ဟင်းပွဲများ ကုန်မသွားစေရန် ပိုမို ပြင်ဆင်ရလေသည်။

လင်းဝေ့ထိုအကြောင်းစဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "ကျုံးရှောက်ပြန်လာတဲ့အခါ သမီး သူနဲ့ပြောလိုက်ပါ့မယ်။"

ဤသည်ကိုကြားသော်၊ ကျုံးရှောက် သိပ်၍ စိတ်မပျက်သွားပေ။ ဧည့်သည်အရေအတွက် များလာမည့်အတွက် သူ ညနေက ဟင်းသီးဟင်းရွက်ဈေးသွားစဉ်က လောင်ရှုအား မှာခဲ့ပြီးဖြစ်လေသည်။ နံရိုးများပြုတ်ရန် မည်မျှလိုသည်ကို မေးပြီးသည်နှင့်၊ သူ ထိုနေ့အတွက် ရောင်းမည့် နံရိုးများအကုန် ကြိုဝယ်ထားခဲ့လေသည်။ ထို့အပြင် ကြက်သားနှင့်ဘဲသားကို အရံဟင်းပွဲများအဖြစ် ပြင်လိုက်လျှင် စားပွဲတစ်ဝက်စာမျှ ဟင်းပွဲများအား ပြင်ဆင်ရန်လွယ်ကူပေသည်။

…

သူမ အနားယူသည့်ကာလပြီးသော်၊ လင်းဝေ့အလုပ်ပြန်တက်လေသည်။

လင်းဝေ့သည် ကျန်းလန်အား တစ်လပြည့်ပွဲအထိ အလုပ်လုပ်စေပြီးမှ အလုပ်ထွက်ရန် သဘောတူခဲ့လေသည်။ ထို့အပြင် သူမအမေသည်လည်း အိမ်တွင်ရှိရာ၊ သူမ၏ ပထမဆုံးအလုပ်ပြန်တက်သည့်နေ့တွင်တော့ သူမကလေးများအား ကျောင်းသို့ခေါ်မသွားခဲ့ပေ။

သူမကျောင်းသို့ တစ်ယောက်တည်းလာနေသည်ကို တွေ့သော်၊ ဟွမ်အိုက်ယွင် စိတ်ပျက်သွားပြီး၊ ပြောလိုက်သည်။ "ကလေးကို ဒီခေါ်လာမယ်လို့ ထင်နေတာ။"

လင်းဝေ့ နားယူနေသည့် ကာလတစ်လျောက်၊ ဟွမ်အိုက်ယွင်နှင့် အခြားသူများသည် သူမအားသတင်းမေးရန် အဖွဲ့ဖွဲ့ပြီး သူမဆီ လာလည်ကြလေ‌သည်။ ရုံးခန်းတွင်းမှ လူအနည်းငယ်သာမက အခြားရုံးအရာရှိများလည်း အဆုံးတွင် သူမအိမ်သို့ ရောက်ရှိလာခဲ့သည်။

ဟွမ်အိုက်ယွင်က လင်းဝေ့သမီးလေး ကြည့်ကောင်းသည်ကို‌မြင်သော် ကလေးအား မလွှတ်ချင်တော့ပေ။လင်းဝေ့ ဤနေ့ အလုပ်ပြန်လာမည်ကိုသိသော်၊ လင်းဝေ့ ကလေးလေးများ ခေါ်လာမလားဆိုသည့်စိတ်ဖြင့် မျှော်လင့်နေသည်။

ဘာရလဒ်မျှ မရရှိခဲ့ချေ။

‌လင်းဝေ့ ပြောလိုက်သည်။ "ရက်နည်းနည်းလောက်တော့ ကျွန်မ သူ့ကို ဒီခေါ်လာဦးမှာမဟုတ်ဘူး။ တစ်လပြည့်ပွဲအထိပဲ စောင့်လိုက်ပါ။"

လင်းဝေ့ ပြောလိုက်သည့် စကားများကိုကြားသော် ကျောက်ရန်းဟွာက ပြောလိုက်သည်။ "ကလေးထိန်းကိုရော ပွဲပြီးတဲ့အချိန်အထိ ခေါ်ထားမှာလား?"

လင်းဝေ့ ခေါင်းညိမ့်ကာ ပြောလိုက်သည်။ "ဟုတ်တယ် ကျွန်မ အနားယူတာပြီးတဲ့အချိန်အထိ ခေါ်ထားမလို့ပါ၊ ဒီရက်ပိုင်းတော့ သူကျွန်မနဲ့ နေရလိမ့်ဦးမယ်၊ အိမ်မှာလည်း မပြီးသေးတဲ့ အလုပ်တွေ ရှိနေသေးတာမလို့."

"သူအလုပ်လုပ်တာရော ဘယ်လိုလဲ?" ကျောက်ရန်းဟွာ ထပ်၍ မေးလိုက်သည်။

"တကယ်ကောင်းပါတယ်၊ အလုပ်လုပ်တာလည်း တိကျပြီး ချက်တာပြုတ်တာလည်း မဆိုးဘူး။" လင်းဝေ့မေးလိုက်သည်၊ "ရှင်ရော ကလေးထိန်း ဌားချင်လို့လား?"

ဟွမ်အိုက်ယွင် ဤသည်ကိုကြားကာ ‌မေးလိုက်သည်။ "ကလေးထိန်း ဌားပြီး ဘာလုပ်မလို့လဲ?"

ဤရက်တွေတွင် ကလေးထိန်းဌားခြင်းသည် အလွန်ဂရုစိုက်ရသည့်အရာ ဖြစ်သည်။ ကလေးထိန်းဌားတိုင်း ကိုယ်တိုင်သေချာ မလုပ်ကိုင်နိုင်၍ မဟုတ်သော်လည်း လူလတ်တန်းစားဖြစ်ကာ မသင့်လျော်သော နေထိုင်မှုပုံစံရှိသည်ဟူ၍ ဝေဖန်ခံရနိုင်ပေသည်။

စစ်သားများ၏ မိန်းမများသည် ကိုယ်ဝန်ရှိပြီး ကလေးမွေးတော့မည့် အချိန်များတွင် အိမ်တွင် သူတို့အား ဂရုစိုက်မည့်သူ မရှိသောအခါ၊ အချိန်တစ်ခုအထိ ကလေးထိန်းများ ဌားကြလေသည်။

လင်းဝေ့သည်လည်း၊ ကလေးထိန်း အချိန်အတန်ကြာသည်အထိ ဌားသောကြောင့် သူမနောက်ကွယ်တွင် ဝေဖန်ခံခဲ့ရသည်။

မည်သို့ပင်ဖြစ်စေကာမူ၊ လင်းဝေ့သည် ဆေးရုံမတက်ရခင်တည်းမှ ကလေးထိန်းဌားကာ၊ အခြားသူများထက် နှစ်လ၊သုံးလပို၍ဌားခဲ့သည်။ ဒါက ပြဿနာအကြီးအမား မဟုတ်သော်လည်း လူအများပြောဆိုခြင်း ခံခဲ့ရသည်။

အိမ်တွင် လုပ်စရာမရှိဘဲ ကလေးထိန်းဌားဖို့ မဖြစ်နိုင်သော‌ကြောင့် ဟွမ်အိုက်ယွင် မေးခွန်းတစ်ခုထပ်‌မေးလိုက်သည်။

ဤသည်ကိုကြားပြီးနောက် ကျောက်ရန်းဟွာ ပြန်မဖြေသော်လည်း သူမမျက်နှာတွင် ရှက်သည့်အရပ်အယောင်ပေါ်နေကာ သူမသည် ယောင်ပြီး သူမဗိုက်အား ကိုင်နေမိလိုက်သည်။ လင်းဝေ့လည်း အခုမှကလေးမွေးပြီးဖြစ်ရာ သူမပုံစံကိုတွေ့သော် မေးလိုက်သည်။ "ရှင် ကိုယ်ဝန်ရှိနေတာလား?"

"တကယ်ကြီးလား?" ဟွမ်အိုက်ယွင် ကျောက်ရန်းဟွာအား အံ့အားသင့်စွာ ကြည့်လိုက်ပြီး၊ "တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား? ဘယ်တုန်းက ရှိတာလဲ?" ဟုမေးလိုက်သည်။

ကျောက်ရန်းဟွာ ပြောလိုက်သည်။ "ကျွန်မလည်း လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ သိတာပါ၊ ကိုယ်ဝန်ကတော့ တစ်လကျော်ရှိနေပြီ။"

ကျောက်ရန်းဟွာ ပြောသည်ကိုကြားသော်၊ ရုံးခန်းထဲမှ အခြားဆရာမများလည်း မေးခွန်းများ စတင်မေးလာကြသည်။ ဟွမ်အိုက်ယွင် ရုံးခန်းထဲကို တစ်ချက်ကြည့်လိုက်ကာ လင်းဝေ့အား တီးတိုးပြောလိုက်သည်။ "ကျွန်မတို့ ရုံးခန်းမှာ ကံကောင်းခြင်းတွေ ရှိနေတာမဟုတ်ဘူးလား?"

"ဟမ် ဘာလဲ?"

"ကြည့်လိုက်၊ တစ်ကျောင်းလုံးမှာ ဒီလောက်ဆရာမတွေအများကြီးရှိတာ ဒီနှစ်ယောက်ထဲမှာ ရှင်ရယ် အမျိုးသမီးကျောက်ရယ် တစ်ယောက်ပြီးတစ်ယောက် ကိုယ်ဝန်‌ရှိကြတာလေ။ ပြီးတော့ အကုန် ကျွန်မတို့ ရုံးခန်းကချည်းပဲ။ အဲ့တာက ကံကောင်းခြင်းပဲ မဟုတ်ဘူးလား?"

လင်းဝေ့ - "...အယုံမှားတွေ ယုံမနေပါနဲ့။"

ဟွမ်အိုက်ယွင် သတိပြန်ဝင်လာကာ၊ စိတ်ပျက်ပျက်နှင့် ပြောလေသည်။ "ကျွန်မက ဒီတိုင်းပြောလိုက်တာပါ၊ တိုက်ဆိုင်တာ မဟုတ်ဘူးလို့ထင်လို့ပါ။"

စကားပြောနေစဉ်တွင်၊ ကျောင်းခေါင်းလောင်းမြည်ပြီး၊ ရုံးခန်းထဲမှ သူများလည်း ဖတ်စာများယူခြင်းဖြင့် အလုပ်ရှုပ်နေပြီး သက်ဆိုင်ရာ စာသင်ခန်းများဆီသို့ သွားကြလေသည်။

လင်းဝေ့နှင့် ဟွမ်အိုက်ယွင် အတူထွက်လာခဲ့ကြပြီး ရုံးခန်းအပြင်ရောက်သည်နှင့် ရပ်ကာ ကလေးထိန်းအကြောင်း ဆက်ပြောဆိုလေကြလေသည်။

လင်းဝေ့ ကျန်းလန်အား အလွန်အကျွံချီးမွမ်းခြင်း မပြုသော်လည်း၊ ကျောက်ရန်းဟွာအား လွန်ခဲ့သော လအနည်းငယ်မှ ကျန်းလန်၏ အခြေအနေများကိုပြောပြကာ၊ သူမသည် ကျန်းလန်အား ကလေးထိန်းအဖြစ် ဌားမည်ဆိုလျှင်၊ မခန့်ခင် စကားအရင်ပြောကြည့်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ပြောလေသည်။ ကျန်းလန်သည်လည်း ဤအလုပ်အတွက် သင့်လျော်ပေသည်။ ထို့အပြင်၊ လူတစ်ယောက်နှင့် တစ်ယောက်၏ အခြေအနေချင်းသည် မတူညီခြင်းကြောင့်၊ သူမသည် ကျန်းလန်အား အလုပ်လုပ်ရာတွင် အဆင်ပြေပြီး လူကောင်းတစ်ယောက်ဟု ခံစားရသော်လည်း ကျောက်ရန်းဟွာသည်တော့ ထိုအတိုင်း မခံစားရနိုင်ချေ။

သူမသည် ကျောက်ရန်းဟွာအား ကျန်းလန်၏ အလုပ်တွင်းအခြေအနေအကြောင်း ပြောပြချင်သော်လည်း သူတို့နှစ်ယောက် အမှန်တကယ်အဆင်ပြေခြင်းမရှိဘဲ သူမကိုအားနာနေရမည်စိုး၍ ဘာမျှမပြောခဲ့ပေ။

ဤသည်ကိုကြားသော်၊ ကျောက်ရန်းဟွာ ပြောလိုက်သည်။ "ဒါဆို လနည်းနည်း စောင့်ကြည့်လိုက်ပါဦးမယ်။" သူမ ယောက္ခမမှ ကလေးထိန်းဌားမဌား အတည်မပြုသေးလေရာ၊ သူမ ကိုယ်ဝန် ၈လ ၉လလောက်မှ ကလေးထိန်းခေါ်ဖြစ်လိမ့်မည်ဟု လင်းဝေ့တွေးလိုက်လေသည်။ ယခုတော့ လင်းဝေ့စိတ်အေးသွားလေသည်။

လင်းဝေ့ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ကာ၊ သူတို့ထံမှခွာပြီး၊ လေးတန်း၊အခန်း(၂)ထဲ ဝင်သွားလိုက်လေသည်။

ကလေးများနှင့် မတွေ့ရသည်မှာ မကြာသေးသဖြင့် သူတို့သည် သိပ်မပြောင်းလဲသွားကြပေ။ သူမကိုတွေ့သော် သူတို့သည် အလွန် စိတ်လှုပ်ရှားသွားကြပြီး၊ သူမအား ကျယ်လောင်စွာ မင်္ဂလာပါဆရာမဟု နှုတ်ဆက်လိုက်လေသည်။

ကလေးများ၏ အပြုံးကိုကြည့်ပြီး၊ လင်းဝေ့မျက်နှာတွင်လည်း အပြုံးတစ်ခုပေါ်ပေါက်လာသည်။ သူတို့နှုတ်ဆက်ပြီးနောက်၊ သူမပြုံးကာ ပြောလိုက်သည်။ "မင်္ဂလာပါ အတန်းသူအတန်းသားတို့၊ ဆရာမတို့ မတွေ့ရတာကြာပြီနော်။"

"မတွေ့ရတာကြာပြီ၊ဆရာမလင်း!" ကလေးများတစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

အသံများငြိမ်သွားသောအခါ၊ ကလေးတစ်ယောက်မှ မေးလိုက်သည်၊ "ဆရာမ သားတို့ကို စာပြန်သင်ဖို့ ပြန်လာတာလား?"

တစ်ယောက်မှ ဦးဆောင်လိုက်သည်နှင့် ကျန်ကလေးများကလည်း၊ "ဆရာမ၊ နောက်လည်း ခွင့်ယူဦးမှာလား?"

"ဆရာမ ကလေးလေး မွေးပြီးသွားပြီလား?"

"ဆရာကလေးလေးက ယောင်္ကျားလေးလား မိန်းကလေးလား?"

All Chapters