← Chapters

Chapter 173

Vol. 14 Ch. 173

Chapter 173

Vol. 14 Ch. 173

အိပ်ခန်းထဲတွင်တော့ လင်းဝေ့က ကလေးကိုနို့တိုက်နေသည်။ အခန်ထဲတွင် လူအများကြီး ရှိနေသောကြောင့်လင်းဝေ့က သူမ နို့ကိုမတိုက်ဘဲ နို့မှုန့်တိုက်လိုက်သည်။အားလုံးဆင်းသွားတော့ ကျုံးရှောက် သူမဘေးတွင်ထိုင်လိုက်ပြီး သူ့သမီးမျက်နှာကို ဖျစ်ကာ မေးလိုက်သည်။

"ကလေး ဘယ်ချိန်ထဲက နိုးနေတာလဲ?"

ပုံမှန်ဆိုလျှင် ကလေးက နိုးရင်ငိုပေမယ့် ဒီနေ့တော့ လူသံများနှင့် ဆူညံနေသောကြောင့် ကလေးငိုသံ မကြားလိုက်ရတာဖြစ်သည်။

"နည်းနည်းကြာပြီ။"

လင်းဝေ့က ခေါင်းမော့လိုက်ကာ အတည်ပေါက်ပြောလိုက်သည်။

"ဒါနဲ့ကလေးကိုနောက်ပိုင်း ပေါင်ပေ့လို့မခေါ်ဘဲ ပေ့ပေ့လို့ခေါ်ပါ။"

ကျုံးရှောက် အံ့သြသွားသည်။

"မင်မင်နဲ့ရွေ့ရွေ့က သူတို့ ညီမနာမည်ကြောင့် ရန်ဖြစ်ကြတယ်။ ရွေ့ရွေ့က ပြောတယ် သူ့ညီမနာမည်က ပေ့ပေ့တဲ့။ ဒါပေမယ့် မင်မင် ပြောတာက ပေါင်ပေါင်တဲ့။ ဒါက ကျွန်မတို့က သူတို့ညီမကိုပေ့ပေ့လို့မခေါ်ပဲ ပေါင်ပေ့(ကလေးလေး)လို့ခေါ်နေလို့ပဲ။"

"ဒါပေမယ့် ကိုယ်တို့က သူ့ကို ပေ့ပေ့ နာမည်မပြောထားလို့လား?"

ကျုံးရှောက် ကြောင်အမ်းအမ်းဖြစ်သွားကာ မေးလိုက်သည်။

"သားက မေ့လွယ်တယ်ဆိုတာ ရှင်မသိတာလဲ မဟုတ်ဘူး။ ပြီးတော့ ကျွန်မတို့က ဒီလိုခေါ်နေတာ သူကြားနေရတော့ သူဝေခွဲမရဖြစ်နေတာ မဆန်းပါဘူး။"

သူက မေ့လွယ်တာမလို့ အရင်က သူ့နာမည်တောင် သူမှားတယ်။ အခုလည်း သူ့ညီမနာမည်ကို မှားနေတယ်။ ဒါပေမယ့် လင်းဝေ့က သာမန်ပဲခံစားရသောကြောင့် ပြောလိုက်သည်။

"နောင်ပိုင်းမှာ ပေ့ပေ့မဟုတ်ရင် ယွမ်ယွမ်လ်ို့ ခေါ်ရမယ်ယွမ်ယွမ်လဲ ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ပေါင်ပေ့လို့တော့မခေါ်နဲ့တော့။"

ကျုံးရှောက် - "ဟုတ်ပြီ"

ကျုံးရှောက်က ကိစ္စများရှိသေးသည်မလို့ အခန်းထဲတွင်အချိန်ကြာကြာမနေဘဲ စကားပြောပြီးနောက် အောက်ဆင်းသွားသည်။

ကျုံးရှောက်က အားလုံးကို ညစာစားပွဲစတော့မှာဖြစ်လို့နေရာယူပေးကြရန် ဖိတ်ခေါ်လိုက်သော်လည်း လူများလွန်းသည့်အတွက် စုစည်းမရဘဲ နေရာတိုင်းတွင် ဆူညံနေကာ သူက ဆယ်မိနစ်လောက် နေခဲ့ရသော်လည်း လူများက အပြည့်ထိုင်၍မရသေးပေ။

တပ်သားများ၏ ဇနီးသည်အချို့က ဧည့်ခန်းထဲတွင်ထိုင်ကာစကားပြောနေကြသည်။ ကျုံးရှောက်က ဒါကိုမြင်တော့ပြောလိုက်သည်။

"ဘာလို့မထိုင်ကြသေးတာလဲ?"

"ကျွန်မတို့ သွားကြတော့မှာပါ"

အမျိုးသမီးတစ်ယောက်က ရယ်လိုက်သည်။

ထမင်းစားခန်းတွင် ကလေးအချို့ရှိနေပြီး စတုရန်းပုံစားပွဲ၏ အလယ်တွင်ထိုင်နေကြသည်။ ကျုံးရှောက်ကထိုနေရာကို သွားပြီး ကောင်လေးတစ်ယောက်ရဲ့ခေါင်းက်ိုပွတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီစားပွဲမှာ စားလို့မရဘူး။ အပြင်မှာ သွားထိုင်ကြပါ။"

ထမင်းစားခန်းက သေးသည့်အတွက် စားသောက်ပွဲလုပ်ရန်မသင့်တော်ပေ။ ဒါပေမယ့် အပြင်ဖက် ခြံဝင်းကကျယ်တာမလို့ သူကစားပွဲအားလုံးကို အပြင်ထုတ်လိုက်ခြင်းဖြစ်သည်။

ကလေးအချို့က "အာ"ဟုပြောသည်ကို ကြားလိုက်ရပြီးကျုံးရှောက် ခေါင်းကိုပွတ်လိုက်သော ကလေးက မေးလိုက်သည်။

"သားတို့ ဘယ်မှာထိုင်ရမှာလဲ?"

ကျုံးရှောက် မေးလိုက်သည်။ "သားတို့ မိဘတွေဘယ်မှာထိုင်နေကြလဲ?"

ကလေးများက အချို့က သူတို့အဖေနှင့်လာကြပြီး အဖေက ဦးလေးအချို့နဲ့ ထိုင်နေကြကာ သူတို့ကိုကိုယ့်နေရာကိုယ်ရှာပြီးထိုင်ခိုင်းသည်။ အချို့က သူတို့အမေနဲ့လာတာမလို့ နေရာမရသေးသည့်အတွက်ဘယ်နေရာ ထိုင်ရမယ်ဆိုတာမသိဟုပြောသည်။

ကျုံးရှောက်က ဒါကိုကြားတော့ တံခါးအပြင်ထွက်ကြည့်လိုက်သည်။ ရှေ့ခြံဝင်းက ကြီးသည့်အတွက်စားသောက်ပွဲလေးပွဲရှိသည်။ နေရာတစ်ခုလုံးက ပြည့်နေပြီးလေးခုံငါးခုံသာ လွတ်တော့သည်မလို့ သူကအထဲပြန်ဝင်လိုက်သည်။

ရှေ့မှပြည့်နေသောခုံများနှင့်မတူဘဲ နောက်မှစားပွဲနှစ်လုံးတွင် လူအနည်းငယ်သာရှိနေသေးပြီး မင်မင်နှင့်ရွေ့ရွေ့တို့က သူငယ်ချင်းများနှင့်အတူ ထောင့်တွင်ကစားနေကြသည်။

ကျုံးရှောက် အော်လိုက်သည်။ "မင်မင်"

မင်မင်က သူ့အသံကြားတော့ လှည့်ကြည့်ကာပြေးလာခဲ့သည်။

"အဖေ ဘာလုပ်မလို့လဲ?"

"အဖေ့မှာ ခိုင်းစရာရှိတယ်။"

သူ့အဖေက သူ့ကိုအာရုံစိုက်မိသွားတာ ခံစားမိသည့်အတွက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဘာခ်ိုင်းမှာလဲ?"

ကျုံးရှောက်က ပြောလိုက်သည်။ "အခန်းထဲမှာ ထိုင်စရာနေရာမရတဲ့ ကလေးတွေရှိတယ်။အဖေသူတို့ကိုခေါ်လိုက်မယ်။ သားက သူတို့ကိုဒီစားပွဲမှာ ထိုင်ခိုင်းပြီးဂရုစိုက်ပေးနိုင်မလား?"

မင်မင် အခန်းထဲကို ကြည့်လိုက်တော့ သူနှင့်မရင်းနှီးသူများဖြစ်သည့်အတွက် အနည်းငယ်တွေဝေနေသည်။

သူဘာမှမပြောတာမြင်တော့ ကျုံးရှောက်က ပြောလိုက်သည်။

"သူတို့ကဧည့်သည်တွေလေ။ အမေနဲ့အဖေက အလုပ်ရှိလို့ သူတို့ကို ဂရုမစိုက်နိုင်ဘူး။သားက မိသားစုမှာအကြီးဆုံးဆိုတော့ သူတို့ကို ဂရုမစိုက်ပေးထားနိုင်ဘူးလား?"

သူ့၏ အကြီးဆိုသောအရာကိုတွေးကာ မင်မင်ကချက်ချင်းခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့!"

"ဒါဆို သား အဖေ့ကိုကူညီမှာလား?"

ကျုံးရှောက်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

မင်မင်က ကျယ်လောင်စွာပြောလိုက်သည်။

"ဟုတ်ကဲ့။"

ကျုံးရှောက်က ခေါင်းငြိမ့်လိုက်ပြီး မင်မင်ကို ကူညီရန်ရွေ့ရွေ့ကိုခေါ်လိုက်သည်။ မင်မင် လက်ခံတာမြင်တော့ရွေ့ရွေ့ကလည်း လက်ခံလိုက်သည်။

ကျုံးရှောက်က အခန်းထဲမှ ကလေးများကို ခေါ်လိုက်ကာစားပွဲတွင် ထိုင်ခိုင်းလိုက်ပြီး ထောင့်တွင်ကစားနေသေးသော ကလေးများကိုလည်း ထိုင်ရန်ပြောလိုက်သည်။

လူများကိုနေရာချပြီးနောက် ကျုံးရှောက်က အရှေ့သို့သွားကာ အစားအစာ ဘယ်အချိန်ကျွေးမည်ကို မေးလိုက်သည်။

ရလဒ်အနေနဲ့ကတော့ သူထွက်သွားသည်နှင့်စခန်းမှလူအချို့က သူ့ကိုထိုင်ပြီး အတူသောက်ရန် ခေါ်လိုက်သည်။ စကားပြောနေစဉ်မှာပဲ ကျုံးရှောက်ကို တစ်ယောက်က ဝိုင်တစ်ခွက်ထည့်ပေးလိုက်သည်။

ကျုံးရှောက်က ခေါင်းမော့လိုက်ပြီး ခွက်ထဲမှဝိုင်ကိုသောက်ကာ ပြောလိုက်သည်။

"ကျွန်တော်ပြန်သွားပြီး အစားအစာတွေ ဘယ်တော့ရမလဲမေးလိုက်မယ်။ ပြီးတော့မှ ပြန်လာပြီး အတူတူသောက်ပါမယ်။"

အားလုံးက သူ ဒီနေ့အလုပ်ရှုပ်နေမည်ဆိုတာကို သိသည်။ ပြီးတော့ သူကပျော်ပျော်ရွှင်ရွှင်ပဲ တစ်ခွက်သောက်ပြီးပြီမလို့ သူတို့က သူ့ကိုမတားတော့ဘဲ သွားခိုင်းလိုက်သည်။

မီးဖိုချောင်ထဲတွင်တော့ အမေလင်းက ချက်ပြုတ်နေဆဲဖြစ်ပြီး ကျန်းလန်၊ လျိုတန်းနှင့် အခြားသူများကဟင်းရည်များနှင့် အသီးအရွက်များကိုထည့်ကာအလုပ်ရှုပ်နေသည်။ ခုံတန်းရှည်နှစ်ခုနှင့်စားပွဲတစ်ခုကအသီးအရွက်များနှင့် ပြည့်နေသည်။

ကျုံးရှောက်က ဝင်လာပြီးမေးလိုက်သည်။ "ဘယ်လိုဖြစ်သွားပြီလဲ?"

"ရတော့မယ် ဒါပေမယ့် ဟင်းပွဲတွေချပေးဖို့ လူအလုံအလောက်မရှိဘူး။"

လျိုတန်းက ပန်းကန်လုံးကိုကိုင်လိုက်ရင်း ပြောလိုက်သည်။

"သန်မာတဲ့လူနှစ်ယောက်လိုတယ်။"

"ကျွန်တော် စီစဉ်လိုက်မယ်။ လင်ဗန်းဘယ်နှခုရှိတာလဲ?" ကျုံးရှောက်က မေးလိုက်သည်။

ကျန်းလန်က ကြက်ကင်နှင့် အာလူးများကို ပန်းကန်ထဲထည့်နေရင်း ဗီရိုလက်ညှိုးထိုးကာပြောလိုက်သည်။

"အဲ့ဒီအပေါ်မှာ လေးခု ငါးခုလောက်ရှိမယ်။"

ကျုံးရှောက်က ဗီရိုထံလျှောက်သွားကာ လင်ဗန်းများကိုရေတွက်လိုက်ပြီး အပြင်ထွက်၍ လူသုံးယောက်ကို ဟင်းပွဲချပေးရန် ခေါ်လိုက်ပြီး သူလည်းတစ်ချပ်ယူကာဟင်းပွဲများနှင့် သစ်သီးများကို အမေလင်းပြောသည့်အတိုင်း အစီအစဉ်တကျ လုပ်လိုက်သည်။

သူအပြင်ရောက်သည်နှင့် သူ့လက်ထဲမှ လင်ဗန်းကိုယူကာ သူ့ရဲဘော်များက ဟင်းပွဲများချရန် ကူညီလိုက်ပြီးသူ့ကိုသောက်ခိုင်းလိုက်သည်။

သူထိုင်လိုက်သည်နှင့် စားပွဲမှလူများက သူ့ကိုဝိုင်ခွက်ပေးလိုက်ပြီး သူမသောက်ချင်သည်ကိုလည်း သူတို့ကသိသည်။

ကျုံးရှောက် ပြောလိုက်သည်။ "မင်းတို့ ငါ့ကို မူးအောင်လုပ်နေကြတာလား?"

သူ့တပ်ရင်းအရာရှိက ဦးဆောင်ကာ ရယ်မောလိုက်သည်။

"ဒါက ကြုံတောင့်ကြုံခဲ အခွင့်အရေးမလား?"

သူပြောပြီးသည်နှင့် ကျုံးရှောက်အနီးမှ လူတစ်ယောက်ကို သူ့ကိုဝိုင်ထည့်ပေးရန် ပြောလိုက်သည်။

ကျုံးရှောက်က ဘာမှမတတ်နိုင်တော့ပေ။ သူက ခွက်ကိုကိုင်ကာပြောလိုက်သည်။

"သောက်လို့တော့ရပါတယ် ဒါပေမယ့် တစ်ခုခုစားစရာတော့ ပေးရမယ်မလား?"

"စားပါ၊ကြက်ဥကို တို့ဟူးနဲ့ ရောကြော်ထားတာကသောက်ဖို့အတွက် အကောင်းဆုံးပဲ"

ထိုသို့ပြောကာ တစ်ယောက်ယောက်က ကျုံးရှောက်ရှေ့သို့ ပန်းကန် ချပေးလိုက်သည်။

ကျုံးရှောက်က ကြက်ဥနှင့်တိုဖူးအရောကို နှစ်ကိုက်ကိုက်လိုက်ပြီးလအရက်နံကိုဖုံးလ်ိုက်ပြီး သူ့ဘေးမှရဲဘော်ရဲဘက်များကို သူ့ကိုဝ်ိုင်ထည့်ပေးရန် ပြောလိုက်သည်။ အားလုံးက သူသောက်တယ်ပြောပေမယ့် ပထမနှစ်ခွက်ကာအပြည့်ဖြစ်ပြီး နောက်ပိုင်းက မဆိုစလောက်ဖြစ်သည်။ သူတို့က စားသောက်ပွဲမပြီးခင် မမူးချင်ကြပေ။

အကြော်ဟင်းပွဲများ ရောက်လာသောအခါ စားသောက်ပွဲက ပို၍ အသက်ဝင်လာပြီး အမေလင်းကအလုပ်လုပ်နေသည်ကို ရပ်လိုက်ကာ ရေအေးတစ်ခွက်သောက်လိုက်သည်။

စားသောက်ပွဲစပြီးသည်နှင့် လျိူဒန်းနှင့်အခြားသူများက သောက်ရန်သွားကြပေမယ့် ကျန်းလန်ကတော့မီးဖိုချောင်ထဲတွင် ရှိနေသေးသည်။ အမေလင်းကရေသောက်လိုက်ပြီး ကျန်းလန်ကိုပြောလိုက်သည်။

"ရှောင်ကျန်း ညစာစားပွဲကို သွားလေ။"

"မီးဖိုချောင်ကို ဘယ်လိုလုပ်မလဲ?"

အမေလင်းက ပြောလိုက်သည်။

"ဟင်းပွဲတွေ အားလုံးပြီးသွားပြီမလို့ လုပ်စရာမရှိတော့ဘူး။ နောက်မှပြောကြတာပေါ့။

ကျန်းလန်က သူမလည်း သွားရမလားဟုမေးလိုက်သည်။

အမေလင်းက ထပြီး ပြောလိုက်သည်။

"အပေါ်မှာ ဝေ့ဝေ့နဲ့ ကလေးကိုသွားကြည့်လိုက်ဦးမယ်။"

အပြင်တွင်စားနေသော လူများက လင်းဝေ့နှင့်ကလေးအကြောင်း မေးနေကြသည်။ ဒါက ဒီကလေး၏ ပွဲဖြစ်၍ သူမကိုမြင်ချင်နေကြသည်။

အမေလင်းက ဒါကိုကြားတော့ပြုံးပြီးပြောလိုက်သည်။

"ဝေ့ဝေကို ကလေးကို အောက်ခေါ်လာခိုင်းလိုက်မယ်။"

လင်းဝေ့က အပေါ်ထပ်မှ အသံကြားနေရသည်။ အမေလင်းက အပေါ်ကိုသွားလိုက်တော့ သူမကကလေးကိုစောင်နှင့်ပတ်ထားပြီး ချစ်စရာဦးထုပ်သေးသေးတစ်ခုဆောင်းပေးထားသည်။

အမေလင်း အခန်းထဲဝင်ပြီးသည်နှင့် ကလေးအခြေအနေကို အနည်းငယ်မေးလိုက်သည်။ နိုးပြီးနို့သောက်လား အပေါ့သွားသလား စသည်ဖြင့်မေးကာ လင်းဝေ့က တစ်ခုပြီးတစ်ခုဖြေလိုက်သည်။ ပြီးနောက်သူတို့သားအမိက ကလေးကိုချီကာ အောက်ဆင်းလာခဲ့သည်။

သူမက ဒုတိယထပ်လှေကားရောက်သည်နှင့် လင်းဝေ့က ကျုံးရှောက် ဝိုင်ပုလင်းနှင့် ခွက်ကိုင်ထားသည်ကိုမြင်လိုက်ရသည်။ သူက လင်းဝေ့ထံမှ ကလေးကိုချီရန်လာလိုက်သည်။

လှေကားမှဆင်းနေစဉ် လင်းဝေ့က ကျုံးရှောက်ထံမှအရက်နံ့ရသောကြောင့် မေးလိုက်သည်။

"ဘယ်လောက်တောင် သောက်ထားတာလဲ?"

"သုံးခွက်လေးခွက်လောက်"

ဒါကိုကြားတော့ အမေလင်းကပြောလိုက်သည်။

"ဘာလို့အများကြီး သောက်လိုက်ရတာလဲ?"

ကျုံးရှောက်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ပြောလိုက်သည်။

"ကျွန်တော်ဆင်းသွားတာနဲ့ လူအုပ်လိုက်က အတင်းတိုက်တော့တာပဲ။ ဒီနေ့တော့ မူးမှာသေချာတယ်။"

လင်းဝေ့လည်း ဒီလိုပဲတွေးမိပြီးပြောလိုက်သည်။

"ဒါဆို အစာအိမ် မထိအောင် အစားများများစားနော်။"

ကျုံးရှောက် ခေါင်းငြိမ့်လိုက်သည်။ "ကိုယ် သိပါတယ်။"

ပြောပြီးသည်နှင့် သူတို့သုံးယောက်က ရှေ့ဘက်ကိုထွက်ခဲဲ့ကြပြီး ကျုံးရှောက်၏ စခန်းမှအရာရှိကို အရင်အရိုအသေပေး နှုတ်ဆက်လိုက်သည်။

ဂုဏ်ပြုသည့်အနေနှင့် သောက်သည်က ရိုးရှင်းသည်။ပထမတစ်ခွက် သောက်လို့ရသည်။ တစ်ခွက်သောက်ပြီးရင်တော့ အကြောင်းပြပြီး ထွက်သွားလို့ရသည်။ယောက်ျားလေးများ စားပွဲတွင် ခွက်မြှောက်သောက်လိုက်ပြီး တပ်သားဇနီးများနှင့် ကလေးများ စားပွဲကိုသွားရသည်က လွယ်သည်။ အမျိုးသမီးများက သောက်ရန်ပြောသည်က ရှားသည်။ သူနှစ်ငုံလောက်သောက်ပြီးသည်နှင့် သူတို့က ဘာမှမပြောတော့ပေ။

လင်းဝေ့နှင့် ကျုံးရှောက်က ကလေးကို ချီထားရင်း ခွက်မြှောက်ဂုဏ်ပြုနေကြစဉ် သူတို့က စန်လင်းသင်္ဘောဆိပ်ကမ်းမှ ထောက်ပံ့သင်္ဘောကို ကြည့်လိုက်သည်။

သင်္ဘောတံခါးပွင့်သည်နှင့် လူလတ်ပိုင်းအရပ်ရှည်ရှည်လူတစ်ယောက်က အပြာရောင်ရေတပ်ဝတ်စုံဝတ်ထားကာ သက်လတ်ပိုင်းအမျိုးသမီးက သားမွေးအင်္ကျီ၊အနက်ရောင်ဘောင်းဘီရှည်နှင့်ဘရှူးဖိနပ်ကိုစီးကာ တစ်ယောက်နောက်မှ တစ်ယောက်ထွက်လာကြသည်။

ထိုလူကိုတွေ့လိုက်သည်နှင့် အပြင်တွင် ရပ်နေသော ရှန်းဝမ်ကျင်းက သူ့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"မတွေ့တာကြာပြီ မိတ်ဆွေဟောင်းကြီး!"

ရှန်းဝမ်ကျင်း စကားပြောပြီးသည်နှင့် နောက်တွင်ရပ်နေသောအစောင့်က ရှေ့တိုးလာပြီးပြောလိုက်သည်။

"မင်္ဂလာပါအကြီးအကဲ"

ပြီးတော့ သူက သက်လတ်ပိုင်းလူထံမှ လက်ဆွဲအိတ်ကိုယူလိုက်သည်။

သက်လတ်ပိုင်းလူက ကျုံးပင်ဖြစ်သည်။ သူကအခြားသူကိုလက်ဆွဲအိတ်ပေးပြီးသည်နှင့် ရှန်းဝမ်ကျင်းကို ပြုံးပြလိုက်သည်။

"ဟုတ်တယ်မတွေ့တာ နှစ်တွေကြာပြီ၊ ဒီနှစ်တွေမှာအဆင်ပြေရဲ့လား?"

"စားနိုင်သောက်နိုင် သွားနိုင်လာနိုင်ပါပဲ။"

ရှန်းဝမ်ကျင်းက ပြုံးလိုက်ကာ ကျုံးပင်နောက်မှအမျိုးသမီးကို ကြည့်၍မေးလိုက်သည်။

"ဒါက မရီးလား?"

"ကျွန်တော့် ဇနီး ရဲဘော် ဝူရှူကျွင်းပါ။"

ကျုံးပင်က မိတ်ဆက်ပေးပြီးနောက် ဝူရှူကျွင်းက်ိုပြောလိုက်သည်။

"အဘိုးကြီးရှန်းက ကိုယ်တိုင်းစစ်ဌာနကျောင်းမှာတုန်းကအတန်းဖော်။ အခုတော့စန်လင်း အခြေစိုက်တပ်ရဲ့တပ်ရင်းမှူးပေါ့။"

ဝူရှူကျွင်းက ပြုံးလိုက်သည်။ "မင်္ဂလာပါ တပ်ရင်းမှူးရှန်း"

ရှန်းဝမ်ကျင်းက ပြောလိုက်သည်။ "မရီးကြိုဆိုပါတယ်။ကျွန်တော့်က်ို ဆရာကြီးလ်ို လောင်ရှန်းလို့ပဲခေါ်ပါ"

"ကောင်းပါပြီ"

ဝူရှူကျွင်းက ပြုံးလိုက်ပေမယ့် တစ်ဖက်လူကိုတော့လောင်ရှန်းလို့ မခေါ်ခဲ့ပါ။

စကားပြောနေစဉ်မှာပဲ စစ်သားအုပ်စုတစ်စုက သင်္ဘောပေါ်မှဆင်းလာပြီး ရှန်းဝမ်ကျင်းကိုဘမြင်တော့ဘတန်းစီကာ အလေးပြုလိုက်သည်။ ရှန်းဝမ်ကျင်းက ပြန်အလေးပြုလိုက်ပြီး သူတို့လုပ်စရာရှိတာ ဆက်လုပ်ခိုင်းလိုက်ကာ ကျုံးပင်နှင် သူ့ဇနီးကိုနှုတ်ဆက်လိုက်ပြီးအပြင်ထွက်လာခဲ့သည်။

အပြင်ထွက်လာပြီးနောက် သူတို့ကစစ်တပ်ဂျစ်ကားပေါ်တွင်ထိုင်လိုက်သည်။

ရှန်းဝမ်ကျင်းက အရံခုံတွင်ထိုင်လိုက်ပြီး ခေါင်းလှည့်ကာမေးလိုက်သည်။

"တည်းခိုခန်းကို အရင်ပို့ပေးရမလား?"

ကျုံးပင်ဘာမှမပြောနိုင်သေးခင် ဝူရှူကျွင်းကပြောလိုက်သည်။

"လပြည့်ဝိုင်သောက်တဲ့ပွဲက စနေလောက်ပြီ ကျူံးရှောက်အိမ်ကို အရင်သွားပြီးတော့မှ တည်းခိုခန်းသွားကြမလား?"

ကျုံးပင်က ရှန်းဝမ်ကျင်းကို ပြောလိုက်သည်။

"လောင်ရှန်း၊ ကျုံးရှောက်အိမ်ကို အရင်ပို့ပေးပါလား?"

အစပိုင်းမှာတော့ ထူးချွန်လေ့ကျင့်ရေးသင်တန်းတွင်လူအမြောက်အမြားရှိသော်လည်း ယခုတပ်၏ ထက်ဝက်ခန့်သာရှိတော့ပြီး သူတို့ထဲမှ ရာထူးမြင့်သူများက လက်ချိုးရေ၍ရသည်။

စကားပုံတွေအတိုင်း များပြားတဲ့ဆက်ဆံမှုနဲ့ များပြားတဲ့လမ်းတွေဆိုတဲ့အတ်ိုင်း ရှန်းဝမ်ကျင်းနဲ့ ကျုံးပင်က မတွေ့တာ နှစ်တွေကြာပြီဆိုပေမယ့် သူတို့ဆက်ဆံရေးကကောင်းနေဆဲဖြစ်သည်။

ထပ်ပြောရရင် ကျုံးပင်က ကျုံးရှောက်၏ ရွေးချယ်မှုကိုစိတ်တိုမိကာ သူ့ထံမှခွဲထွက်သည့်အတွက် အပြစ်တင်မိသော်လည်း သူ့တွင်ဒီကလေးတစ်ယောက်သာရှိသည့်အတွက် သူဘယ်လို ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့ပါစေ သူ့ကိုဂရုစိုက်နေသေးသည်။

ရှန်းဝမ်ကျင်းကတော့ တစ်ကယ်လို့ ကျုံးပင်က ကျုံးရှောက်ကို မျက်နှာလိုက်ပြီး ရာထူးတိုးပေးမယ်ဆိုရင် သူကငြင်းမည်ဆိုပေမယ့် သူက သူ့သား၏ ယခုလက်ရှိအနေအထားကိုသာ ထိန်းထားချင်သောကြောင့် သူကမဖုံးထားနိုင်တော့ပေ။

ဒါကြောင့် ဒီနှစ်များတွင် သူတို့နှစ်ဦးကြားအဆက်အသွယ်များ ရှိခဲ့သည်။

ဒီတစ်ခါတော့ ကျုံးပင်က ဝူရှူကျွင်းနဲ့အတူ ယားကျိုကျွန်းကို လာရန်ဆုံးဖြတ်ခဲ့ပြီး ရှန်းဝမ်ကျင်းနှင့် အရင်အဆက်အသွယ်ရခဲ့တာဖြစ်သည်။ ဒါကြောင့် ရှန်းဝမ်ကျင်းက ဆိပ်ကမ်းတွင်လာကြိုခြင်းဖြစ်သည်။

ကားထဲရှ်ိနေရာက အကျယ်ကြီးမလို့ ဝူရှူကျွင်းက အသံတိုးပြီးပြောရင်တောင် ရှန်းဝူကျင်းက နားထိုင်းသည့်အသက်အရွယ်မဟုတ်သည့်အတွက် ကောင်းစွာကြားနိုင်သည်။

ကျုံးရှောက်သမီးရဲ့ လပြည့်ဝိုင်သောက်ပွဲက မိသားစုတွင်းလျှို့ဝှက်ချက် မဟုတ်ပေ။ ကျုံးပင်က ဒီက်ိစ္စကိုသိပြီး ပြောသူကရှန်းဝမ်ကျင်းဖြစ်သည်။

ကျုံးပင်ပြောတာကြားပြီးသည်နှင့် ရှန်းဝမ်ကျင်းက အစောင့်ကို မိသားစုနယ်မြေဆီ မောင်းရန် ပြောလိုက်သည်။

သူတို့သုံးယောက်က လမ်းတွင် ကျုံးရှောက်အကြောင်းမပြောဘဲ ပတ်ဝန်းကျင်ရှိ ရှု့ခင်းများအကြောင်းသာ ပြောနေကြသည်။

မြို့တော်မှာ ဆောင်းရာသီဖြစ်ပေမယ့် ယားကျိုကျွန်းမှာတော့ နွေဦးကဲ့သ်ို့နွေးနေသည်။ ကျုံးပင်က စစ်တပ်အပေါ်ဝတ်နှင့် ဦးထုပ်ကိုဝတ်လာသည်။ ဒါတင်မကသေးဘဲ သူက ရထားတဲထိုင်နေစဉ်ကပင် ခြေလှမ်းပြင်နေသည်။

ရထားကတောင်ဘက်ကိုသွားသည်နှင့် သူကသူ့ဦးထုပ်နှင့်စစ်တပ်အပေါ်ဝတ်စုံကို ချွတ်လိုက်ပြီး ယန်ချမ်ကိုရောက်သည်နှင့် သူက စစ်ဝတ်စုံတွင်းမှ ဝတ်လာသောဆွယ်တာကို ချွတ်လိုက်သည်။

ရှု့ခင်းများကိုပြောရလျှင် မြို့တော်တွင် အစိမ်းရောင်မရှိခဲ့သည်မှာ ကြာပြီဖြစ်ပြီး လမ်းဘေးမှ သစ်ပင်ကြီးများလည်းဘာမှမရှိပေ။ သစ်ရွက်ကြွေများကို ရှင်းမနိုင်ဘဲနှင်းထုနှင့် ပိနေသည်။

ယားကျိုကျွန်းမှ သစ်ပင်မြက်ပင်များသည်လည်း အဝါရောင်ဖြစ်နေပေမယ့် လမ်းဘေးမှ သစ်ပင်ကြီးများတွင်သစ်ရွက်များရှိနေသေးသည်။ ယခုလကို မသိဘူးဆိုရင်ဒါကဆောင်းဦးရာသီဟု တွေးမိနိုင်သည်။

စကားပြောနေစဉ်မှာပင် မိသားစုနယ်မြေသို့ရောက်လာကြသည်။

ရှန်းဝမ်ကျင်းက အစောင့်ကိုအတွင်းသို့ မောင်းသွားရန်ပြောလိုက်သည်။ သူကကျုံးရှောက်ရဲ့ အိမ်ကိုမရောက်ဖူးပေမယ့် သူ့မိန်းမပြောပုံအရ သူတို့စုံတွဲကမိသားစုနယ်မြေ၏ အတွင်းဘက်ဆုံးတွင်နေသည်ဟုကြားဖူးသည်။

အစောင့်က ရှန်းဝမ်ကျင်းအတွက် ကားမောင်းပေးနေသည်မှာကြာပြီဖြစ်ပြီး သူကမိသားစုနယ်မြေနှင့်အရင်းတနှီးရှိသည်။

ကားထဲမှမဆင်းမီ ကျုံးပင်က ခြံနောက်တွင် စားပွဲနှစ်လုံးကို မြင်လိုက်ရသည်။ သူက မတွေ့တာနှစ်တွေကြာပြီဖြစ်သော သူ့သားနှင့်မမြင်ဖူးသည့်မြေးကို တွေ့ရန်အလွန်စိတ်လှုပ်ရှားနေသည်။ သူက မြင်ကွင်းများ မြင်ရသည်ကို ရင်းနှီးနေသည်။

All Chapters