Chapter 175
Vol. 14 Ch. 175
ကျုံးရှောက် လင်းဝေ့ထံ သွားကာ မေးလိုက်သည်။ "မင်း ကိုယ်နဲ့အတူ ခေါင်းဆောင်ကျန်းကို လိုက်တွေ့ပေးလို့ရမလား?"
ကျုံးရှောက်စကားကို ကြားတော့ လင်းဝေ့ဘေးမှ လူများက လမ်းဖယ်ပေးလိုက်ပြီး သူမက ကလေးကိုချီကာ မတ်တပ်ရပ်လိုက်သည်။ ဒါပေမယ့် သူမ မထွက်လာသေးခင် ကျုံးရှောက်က သူမလက်ထဲမှ ကလေးကိုချီလိုက်ကာ ရှန်းဝမ်ကျင်း ထိုင်နေသောစားပွဲသို့ ထွက်လာခဲ့သည်။
ထိုနေရာတွင် ရှန်းဝမ်ကျင်းက ကျုံးပင်ကို လင်းဝေ့အကြောင်း မိတ်ဆက်ပေးနေသည်။ "ဆရာမလင်းက ကျွန်တော်တို့ တပ်ရင်းအခြေစိုက် မူလတန်းကျောင်းမှာ ထူးချွန်တဲ့ဆရာမပဲ။ သူမအတန်းက ကျောင်းသားတွေက စာမေးပွဲတိုင်းမှာ ရမှတ်အကောင်းဆုံးပဲ။"
ရှန်းဝမ်ကျင်း မိတ်ဆက်ပေးတော့ ကျုံးပင်က လင်းဝေ့ကို ကြည့်လိုက်သည်။
အမှန်အတိုင်းပြောရရင် သူက လင်းဝေ့ကို သူ့ချွေးမအဖြစ် သဘောမကျပေ။ ဒါက သူက လင်းဝေ့ရဲ့ ပညာရေးအဆင့်အတန်းကို အထင်သေးလို့ မဟုတ်ပေ။လှုပ်ရှားမှုကြီးစတင်ပြီးတော့ လူအတော်များများက ပညာရေးထိခိုက်ခဲ့ရသည်။ လင်းဝေ့က အစွမ်းအစမရှိဘူးဟု သူ ခံစားရသည်။ ရှန်းဝမ်ကျင်းက သူမကို မြှောက်ပြောနေပေမယ့် သူမရဲ့ အရင်အလုပ်က သူ့ဇနီးဟောင်းကြောင့်ရတာဖြစ်ပြီး လက်ရှိအလုပ်က သူ့သားကြောင့်ရထားခြင်းဖြစ်သည်။
ပြီးတော့ သူ့သား၏ အခြေအနေနှင့်ဆိုလျှင် သူက မြို့ပေါ်မှ မိန်းကလေးတစ်ယောက်ကို ရှာနိုင်ပေမယ့် သူ့အမေကြောင့် သူက သူ့တက်လမ်းအတွက် အကူအညီမရနိုင်သည့် နယ်မှမိန်းကလေးတစ်ယောက်ကို လက်ထပ်ခဲ့ရသည်။
ဒါပေမယ့် သူ့သားက သူနှင့်ခွဲနေတာကြာပြီဖြစ်လို့ သူဘာပြောပြော နားထောင်မည် မဟုတ်ပေ။ ပြီးတော့ သူတို့က ကလေးသုံးယောက် ရှိနေပြီမလို့ တစ်ဘဝလုံး အတူနေရတော့မည်ဖြစ်သည်။
သူက တစ်ခုခုပြောခဲ့လျှင် သူတို့သားအဖဆက်ဆံရေးကို ထိခိုက်လိမ့်မည်။
ဒါကြောင့်မလို့ ကျုံးပင်က လင်းဝေ့ကို သဘောမကျသည်ကို ထုတ်မပြခဲ့ပေ။ သူက ကြိုတင်ပြင်ဆင်ခဲ့သော လက်ဆောင်ကို အိတ်ကပ်ထဲမှထုတ်ကာ ပြောလိုက်သည်။
"ငါက အရမ်းအလုပ်ရှုပ်နေတာမလို့ မင်းနဲ့ ရှောင်ရှောက်ရဲ့ မင်္ဂလာပွဲက်ို မရောက်နိုင်ခဲ့ဘူး။ ဒီအတွက် အမြဲတမ်း စ်ိတ်မကောင်းဖြစ်နေခဲ့တာ။ ဒါကြောင့် ယားကျိုကျွန်းကို မလာခင် အထူးတလည် နာရီတစ်လုံး ယူလာခဲ့တယ်။မင်း ကြိုက်မယ်ထင်ပါတယ်။"
လင်းဝေ့က နာရီကို လှမ်းမယူခဲ့ပေ။ သူမက ကျုံးရှောက်ကို သူ့ထင်မြင်ချက်မေးသည့်အနေနှင့် ကြည့်လိုက်သည်။
ကျုံးရှောက်က နာရီထည့်ထားသောဘူးကို တွန်းကာ ပြောလိုက်သည်။ "ကျွန်တော်တို့ လက်ထပ်ချ်ိန်က ဝေ့ဝေ့အတွက် နာရီဝယ်ပေးခဲ့တာ်။ သူမ မလိုအပ်ပဘူး!"
"ဒီလိုလား?" ကျုံးပင်က သေချာတွေးကာ မေးလိုက်သည်။"ဒါဆို ဒီနာရီကို မင်းယူလိုက်ပါ။"
"ကျွန်တော့်မှာ နာရီ ရှိပါတယ်။"
တပ်ရင်းမှူးချင်က အရာအားလုံး အဆင်ပြေစေရန် ပြောလိုက်သည်။ "မင်းရဲ့ နာရီက နှစ်တွေကြာနေပြီလေ ပြီးတော့ အချိန်လည်း မမှန်တော့ဘူး။အခု လဲရတော့မယ်လေ။"
ရှန်းဝမ်ကျင်းကလည်း သူ့ကို ဖျောင်းဖျတာမလို့ ကျုံးရှောက်က နာရီကိုယူကာ လင်းဝေ့ကို ပေးလိုက်သည်။
ကျုံးပင်က ဒါကိုမြင်တော့ ပြုံးလိုက်ပြီး ကျုံးရှောက်လက်ထဲမှ ကလေးကိုကြည့်ကာ မေးလိုက်သည်။
"သူ့နာမည် ဘယ်လိုခေါ်လဲ?"
"ကျုံးကျီယွမ်"
"မင်းမှာ သားနှစ်ယောက်ရှိတယ် ကြားတယ် ကျီမင်နဲ့ကျီရွေ့ မလား?"
ကျုံးပင်ကမေးလိုက်သည်။ "သူတို့ ဒီနေ့ အိမ်မှာရှိလား?"
ဒါက သူအဖြေသိပြီးသား မေးခွန်းဖြစ်သည်၊အိမ်မှာ စားသောက်ပွဲလုပ်တော့ ကလေးနှစ်ယောက်က အိမ်မှာရှိတာ သေချာသည်။
ကျုုံးရှောက်က ဘာမှမပြောရသေးခင် တစ်ယောက်ယောက်က အနောက်မှ မင်မင်နှင့် ရွေ့ရွေ့ကို ခေါ်လိုက်သည်။
နောက်ဘက်မှ လူအတော်များများက ရှေ့တွင် ဘာဖြစ်နေသည်ကို မသိတာမလို့ မင်မင်နှင့်ရွေ့ရွေ့တို့လို ကလေးများက ဒီကိစ္စကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူတို့ကို ခေါ်လိုက်သောအခါ သူတို့က စိတ်ရှုပ်ထွေးနေသည်။လင်းဝေ့နှင့် ကျုံးရှောက်ကိုမြင်တော့ သူတို့က မေးလိုက်သည်။ "အမေ၊အဖေ ကျွန်တော်တို့ကို ဘာလို့ခေါ်တာလဲ?"
မင်မင်နှင့်ရွေ့ရွေ့က ကျုံးရှောက်ငယ်ငယ်ကနှင့် အတော်တူသည်။ ကျုံးပင်က ဒါကိုမြင်တော့ မျက်ရည်ဝဲလာခဲ့သည်။ "သားတို့က မင်မင်နဲ့ရွေ့ရွေ့လား?"
မင်မင်က ကျုံးပင်ကို မကြာခင်က မြင်ခဲ့သည်ဖြစ်ပြီး သူ့အဖေနှင့်တူသည်ဟု ခံစားရသည်။ ယခု သူက သူ့အဖေကိုကြည့်လိုက်ပြီး ကျုံးပင်ကိုကြည့်ကာ အံသြစွာ ပြောလိုက်သည်။ "ခင်ဗျားက ကျွန်တော့်အဖေနဲ့တူတယ်!"
ကျုံးပင်က ပို၍ ပြုံးလိုက်သည်။ "ငါက မင်းတို့အဖေရဲ့အဖေလေ သေချာပေါက် သူနဲ့တူတာပေါ့။"
ဗျည်းတွေ သရတွေ သင်ပြီးတော့ လင်းဝေ့က ကလေးတွေကို မျိုးရိုးနာမည်တွေအကြောင်း သင်ထားပြီဖြစ်ပေမယ့် သူတို့က အရင်နှစ်ကမှ သင်ထားတာဖြစ်သည်။ မင်မင်က မှတ်ဉာဏ်မကောင်းသည့်အပြင် မိသားစုထဲတွင်လည်း အကြီးသိပ်မရှိသည့်အတွက် သူတို့နှင့်ရင်းနှီးရန်အခွင့်အရေးမရှိ၍ သူက သူ့အဖေရဲ့အဖေကို ဘယ်လိုခေါ်ရမယ်ဆိုတာ မေ့နေသည်။
မင်မင်က အကျပ်မရိုက်သွားပေ။ သူက သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အတော်ဆုံးသူဆိုပြီး အမြဲပြောလေ့ရှိသည်။ ဒါပေမယ့် တကယ်တော့ သူ့ရင်ထဲတွင် သူ့ညီက သူ့ထက်ပိုတော်သူဖြစ်ပြီး သူ့အစွမ်းအစကို ထုတ်မပြတာကို သိထားသည်။
ဒါကြောင့် ပုံမှန်ဆိုလျှင် အမေနှင့်အဖေ မရှိသည့်အချိန်တွင် မင်မင်က သူနားမလည်သည်များကို သူ့ညီကိုမေးလေ့ရှိသည်။ အမေနှင့်အဖေလည်း ဒီမှာရှိသလို ဆံပင်ဖြူဖြူနှင့်အဘိုးကြီးလည်း ရှိနေသည့်အတွက် သူတို့ရှေ့တွက် ကျယ်ကျယ်မေးရန် မသင့်တော်ပေ၊ ဒါကြောင့် မင်မင်က အသံတိုးတိုးနှင့် မေးလိုက်သည်။ "အဖေရဲ့အဖေက ဘာလဲ?"
ရွေ့ရွေ့က အဖြေကို သိသည့်အတွက် သူ့အစ်ကို နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ "အဲ့တာက အဘိုးပဲ"
မင်မင် အံ့သြသွားသည်။ သူ့ရဲ့ အရင်က သိချင်စိတ်ကိုမေ့ကာ ကျယ်လောင်စွာ မေးလိုက်သည်။ "ဒါပေမယ့် ငါတို့အဘိုးက ကွယ်လွန်သွားပြီ မဟုတ်ဘူးလား?"
နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
"သား ဘယ်လိုပြောလိုက်တာလဲ?"
လင်းဝေ့က မင်မင်ရဲ့ခေါင်းကိုဖွဖွပုတ်လိုက်ကာ မျက်နှာတည်တည်နှင့် ပြောလိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ်။ ကလေးတွေက ဒီလိုပဲအဓိပ္ပါယ်မရှိတာ လျှောက်ပြောတတ်လို့ပါ။"
ထို့နောက်မင်မင်က ကျုံးပင်ကိုတောင်းပန်လိုက်သည်။
သူက ကျုံးပင်ကို သဘောမကျပေမယ့် သူကကျုံးရှောက်၏ အဖေဖြစ်ပြီး လူကြီးတစ်ယောက်ဖြစ်တာမလို့ သူ့ကိုရိုသေရန်လိုအပ်သည်။
သူကငယ်သေးတယ်ဆိုပေမယ့် မတုံးအပေ။ လူတိုင်းရဲ့မျက်နှာပေါ်က ဖြစ်သွားတဲ့ အမူအရာတွေကို မြင်တာနဲ့ သူတစ်ခုခုအမှားပြောမိသည်က်ို သူ သိလိုက်သည်။
ကျုံးပင်က တကယ်ကို မပျော်မရွှင်ဖြစ်ရသည်ဆိုပေမယ့် ကလေးကြောင့်မဟုတ်ဘဲ လင်းဝေ့ကြောင့်ဖြစ်သည်။
ကလေးက ဘယ်လိုစကားမျိုးပဲပြောပါစေ ဒါကလူကြီးတွေထံက တတ်တာဖြစ်သည်။ သူ့သားအကြောင်း သူသိသည်။ သူတို့သားအဖ ဘယ်လောက် မတည့်ပါစေ သူ့သားက သူသေပြီလို့ ကလေးကို ပြောမည်မဟုတ်ပေ။ ဒါက လင်းဝေ့သင်ထားတာပဲဖြစ်ရမည်။
ပြီးတော့ သူကအခုဆေးရုံတွင် ဝန်ခံခဲ့စဉ်က လင်းဝေ့အမေက သူ့ကိုအပြစ်တင်ခဲ့သေးသည်။ သူက သူ့ချွေးမအပေါ် ဘာထင်မြင်ချက်မှမရှိခဲ့ပေမယ့် ယခုတော့ရှိသွားပြီဖြစ်သည်။
ပြီးတော့ သူက လင်းဝေ့ကိုသိပ်သဘောမကျပေ။
ယခုအခြေအနေက စကားပြောရန် မသင့်တော်ပေ။ ကျုံးပင်က သူ့ရဲ့စိတ်အလိုမကျမှုကို ဖုံးကာ ပြောလိုက်သည်။
"ရပါတယ်ကလေး"
ပြီးတော့ သူက မင်မင်ကိုအကြီးလား အငယ်လားမေးလိုက်သည်။
ကလေးက လူကြီးတွေရဲ့ပြဿနာကို နားမလည်ပေ။ကျုံးပင်က ကြင်နာပြီး သူအမှားပြောတာကိုလည်း ဂရုမစိုက်တာကြောင့် သူကကောင်းသည့်အဘိုးဖြစ်မည်ဟုတွေးလိုက်သည်။
"ကျွန်တော်က မင်မင်ပါ။ ဒါကကျွန်တော့ ညီလေးရွေ့ရွေ့ပါ"
ရွေ့ရွေ့က သူ့မိဘတွေကို ကြည့်ပြီး သူ့အစ်ကိုအနားသွားကာ ပြောလိုက်သည်။
"မင်္ဂလာပါအဘိုး"
ကျုံးပင်က ကလေးနှစ်ယောက်၏ ခေါင်းကိုကိုင်ကာပြောလိုက်သည်။
"လ်ိမ္မာတဲ့ကလေးတွေ"
ပြီးနောက် သူက သူတို့ဘယ်စားပွဲတွင် ထိုင်စားမည်ကိုမေးလိုက်သည်။
မင်မင်က နောက်ဖက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော်တို့နောက်မှာ အဘွားနဲ့ သွားစားမလို့ပါ။"
အဘွား အကြောင်းပြောတာကြားတော့ ကျုံးပင်ကမျက်နှာပျက်သွားကာ ပြောလိုက်သည်။
"အဘိုးနဲ့အတူထိုင်မလား? အဘိုးက သားတို့ကို အရင်ကလည်း မမြင်ဖူးလို့ ကြာကြာတွေ့ချင်တာ။"
မင်မင်က တွေဝေနေသည်။ "ရပါတယ်..ဒါပေမယ့်.." သူ့ပန်းကန်လုံးနှင့်တူက အနောက်ဖက်တွင်ဖြစ်သည်။
ကျုုံးပင်က သူဆက်ပြောမည်ကို ဆက်ပြောခွင့်မပေးဘဲပြုံးပြီးပြောလိုက်သည်။
"ဒါဆိုဒီလိုလုပ်မယ်နော်"
သူက ဘေးမှ ရှန်းဝမ်ကျင်းကိုကြည့်လိုက်သည်။
ရှန်းဝမ်ကျင်းက ဒါကိုမြင်တော့ တစ်ယောက်ကို နောက်ကိုသွားခိုင်းလိုက်ကာ ကလေးနှစ်ယောက်အတွက် နေရာဖယ်လိုက်ပြီး ကျုံးရှောက်ကို ထိုင်ရန်ခေါ်လ်ိုက်သည်။
လင်းဝေ့ ကျုံးရှောက်လက်ထဲမှ ကလေးကိုယူကာပြောလိုက်သည်။
"ပေ့ပေ့ကို ကျွန်မကိုပေးပါ။ ရှင်က ထိုင်စားလိုက်"
ကျုံးရှောက်က ခေါင်းငြိမ့်ကာ ကလေးနှစ်ယောက်ဘေးတွင်ထိုင်လိုက်သည်။
မင်မင်နှင့်ရွေ့ရွေ့ရှိသည့်အတွက် စားသောက်ပွဲကပို၍အသက်ဝင်နေပြီး ကျုံးပင်ကပြုံးနေသည်။ ကျုံးရှောက်ကတော့ မျက်နှာတွင် မည်သည့်အမူအရာမှမရှိတာက ပုံမှန်ဖြစ်နေသည်။ မျိုးဆက်သုံးဆက်အဘိုးအဘွားတွေက သူတို့ဘာသာ ပျော်ရွှင်နေပုံရသည်။
အမေလင်းနဲ့ အခြားသူများက နေမထွက်ခင်ကပင်အလုပ်ရှုပ်နေပေမယ့် စားသောက်ရန် နာရီဝက်သာအချိန်ယူကြသည်။ ပုံမှန်ဆိုလျှင် အမျိုးသားများသောစားပွဲက သောက်ရဦးမည်ဖြစ်သောကြောင့်ပို ၍နှေးကွေးစွာစားကြသည်။
ဒါပေမယ့် ဒီနေ့အခြေအနေကတော့ ထူးခြားသည်။ ရှန်းဝမ်ကျင်း ရုတ်တရက် ရောက်လာမှုကြောင့် ကျုံးရှောက်ကို မူးအောင်တိုက်မည်ဆိုသောသူများ၏ စကားကအပြောသာ ဖြစ်သွားသည်။
သူတို့က ဝိုင်အသောက်နည်းသွားသည်သာမကစကားပြောလည်း နည်းသွားသည်။ ကျုံးပင်နှင့်ကလေးနှစ်ယောက်၏ အသံကသာ စားသောက်ပွဲတွင်မကြာခဏကြားနေရသည်။
မိနစ်၂၀အတွင်းမှာပဲ အားလုံးက အစားအစာတွေကိုဖလှယ်စားနေကြပြီး ကျန်တာကတော့ ရှန်းဝမ်ကျင်းရှေ့က ဟင်းပွဲများဖြစ်သည့်အတွက် မည်သူကမှ မလှုပ်ရဲပေ။
စားသောက်ပြီးချိန်တွင် အားလုံးက ခဏထိုင်ကြပြီးအခြားစားပွဲမှလူများ ထပြန်တာမြင်တော့ သူတို့လည်းထလိုက်ကြသည်။
ကျုံးရှောက်လည်း မတ်တပ်ရပ်လိုက်ကာ လင်းဝေ့နှင့်အတူ ဧည့်သည်များကို နှုတ်ဆက်လိုက်သည်။
နောက်ဆုံးမှာတော့ ကျုံးပင်နှင့် ရှန်းဝမ်ကျင်းနဲ့အတူ ကားမောင်းလာသော အစောင့်တို့သာ ကျန်ခဲ့သည်။
ကျုံးပင်က ကျုံးရှောက်နှင့်ထိုင်၍ စကားပြောလိုသည်။ဒီမှာလူတွေ အများကြီးရှိတာမလို့ သူတို့သားအဖကစကားမပြောရသေးပေ။ ဒါပေမယ့် သူက အမေလင်းလာနှောင့်ယှက်မှာကို မလိုချင်ပေ။ ပြီးတော့ ဝူရှူကျွင်းကလည်း နေ့လည်စာပင် မစားရသေးဘဲ အပြင်တွင်စောင့်နေတာကြာပြီဖြစ်သည်။ ဒါကြောင့် သူက ကျုံးရှောက်ကိုမေးလ်ိုက်သည်။
"မင်း ဒီညအားလား? ညစာအတူစားကြမလား?"
"ကျွန်တော် အိမ်ကို ရှင်းရမယ် အချိန်မရှိဘူး။"
ကျုံးပင်က ဒါကိုကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ထဲတွင်တော့ စားသောက်ပွဲပြီးရင် ရှင်းလင်းသည့်ကိစ္စက မိန်းမတွေ တာဝန်ဖြစ်သည်ဟု တွေးလိုက်သည်။ ဒါပေမယ့် သူကကျုံးရှောက်နှင့် အငြင်းမပွားချင်သည့်အတွက် ပြောလိုက်သည်။
"ဒါဆို မနက်ဖြန်ည အားလား?"
"တာဝန်ချိန်ရှိတယ်။"
"သန်ဘက်ခါရော?"
ကျုံးပင်က အားနည်းစွာပြောလိုက်သည်။"ရှောင်ရှောက် အဖေက သုံးရက်ပဲအချိန်ရတာ။ ဒီတစ်ကြိမ်လွဲသွားရင် တို့သားအဖနောက်တစ်ကြိမ် ပြန်တွေ့ရဖို့မလွယ်တော့ဘူး။ ရှောင်ရှောက် အဖေက အသက်ကြီးနေပါပြီအချိန်တွေလည်း သိပ်မကျန်တော့ပါဘူး။"
ကျုံးရှောက်က မျက်လွှာချကာပြောလိုက်သည်။ "သန်ဘက်ခါညလာခဲ့ပါမယ်"
"ဟုတ်ပြီဟုတ်ပြီ " ကျုံးပင်က ခေါင်းငြိမ့်ကာထပ်ပြောလိုက်သည်။
"ကလေးတွေကိုလည်း ခေါ်လာလို့ရမလား? ပေ့ပေ့က မွေးခါစဆိုတော့ အပြင်ခေါ်ဖို့ မလွယ်တာ သ်ိပါတယ်။မင်မင်နဲ့ရွေ့ရွေ့ကို ခေါ်ခဲ့ပါ။ မသွားခင် သူတို့ကိုတွေ့ချင်သေးတယ်။"
ကျုံးရှောက်က ချက်ချင်းလက်မခံခဲ့ပေမယ့် ပြောလိုက်သည်။ "ကျွန်တော်စဉ်းစားလိုက်ပါမယ်။"
ကျုံးပင်ပြန်သွားတော့ အမေလင်းက ကျုံးရှောက်ကိုမေးလိုက်သည်။
"မင်းအဖေဘာပြောသွားတာလဲ?"
"သူက မပြန်ခင် ကျွန်တော့်ကိုတွေ့ချင်တာပါ။"
"မင်း တွေ့မယ်ပြောလိုက်လား?"
ကျုံးရှောက် ခေါင်းငြိမ့်လိုက်သည်။ "အင်း"
အမေလင်းရဲ့အမူအရာက ရုတ်တရက်ပြောင်းသွားသည်။
"ကျုံးရှောက် မင်းအသိတရား မရသေးဘူးပဲ..."
လင်းဝေ့က လှေကားမှဆင်းလာရင်း ဒါကိုကြားတော့ပြောလိုက်သည်။ "အမေ! မီးဖိုခန်းမှာ အစားအသောက်တွေ အများကြီးကျန်သေးလား?"
အမေလင်းက စကားဖြတ်ပြောခံရသည့်အတွက် ဒေါသထွက်ကာ ပြောလိုက်သည်။
"ကျန်တာ မကျန်တာ ညည်းဘာသာ သွားကြည့်လိုက်။ ငါကျုံးရှောက်နဲဲ့ ဒီကိစ္စပြောရမယ်!"
လင်းဝေ့က ပြောလိုက်သည်။ "ဒါပေမယ့် ဒါက ကျွန်မကိစ္စလေ။ ရှောင်ကျန်းက မနက်ဖြန် ဒီမှာရှိမှာမဟုတ်ဘူး။ ကျွန်မ မီးဖိုချောင်မှာ ကျန်တာတွေကို သူ့အိမ်ယူသွားလို့ရအောင် ပြင်ပေးချင်တာ။ အမေ လာကူပေးလို့ရမလား?"
ကျန်းလန်က အရမ်းမထက်မြက်ပေမယ့် သူမက မတုံးအပေ။ အနည်းဆုံးတော့ သူမက လင်းဝေ့မိသားစုရှေ့တွင် စကားကောင်းကောင်းပြောနိုင်သလို အလုပ်ကြိုးစားသည့်အတွက် အမေလင်းက သူမကိုသဘောကျသည်။
ကျန်းလန် မနက်ဖြန်ရှိမနေတော့ဘူးဆိုတာ တွေးမိကာ အမေလင်းက အနည်းငယ်တွန့်ဆုတ်သွားသည်။ ဒါကြောင့် သူမက ထပြီးပြောလိုက်သည်။
"ဒါဆို ငါ မီးဖိုခန်းကို သွားလိုက်မယ်။ နောက်မှပြောကြတာပေါ့။"
ဒုတိယစကားက ကျုံးရှောက်ကို ပြောလိုက်ခြင်းဖြစ်သည်။
အမေလင်းထွက်သွားပြီးတော့ လင်းဝေ့က ကျုံးရှောက်ဘေးတွင်ထိုင်ကာ ပြောလိုက်သည်။
"ကျွန်မ အမေက တည့်တိုးပြောတတ်လို့ပါ။ သူ့ကိုအပြစ်မမြင်ပါနဲ့။"
ကျုံးရှောက်က ခေါင်းခါကာပြောလိုက်သည်။
"အမေက ဘာလို့ဒီလိုဖြစ်နေတယ်ဆိုတာသိရက်နဲ့ ဘာလ်ို့အပြစ်မြင်ရမှာလဲ?"
အမေလင်း ကျုံးပင်အပေါ် အရမ်းရိုင်းနေသည်က ချန်ရှင်းလန်၏ မမျှတမှုအတွက် ဆိုတာသေချာသည်။သားတစ်ယောက်အနေနှင့် ကျုံးရှောက်က သူ့ယောက္ခမကို အပြစ်မတင်နိုင်ပေ။
ဒါပေမယ့် သူကသားတစ်ယောက်ဖြစ်သည့်အတွက် သူ့ရင်ထဲတွင် မကျေနပ်လျှင်တောင် သူက အမေလင်းကဲ့သို့ ကျုံးပင်ကို မပြောဆိုနိုင်ပေ။
လင်းဝေ့က သူ့ကိုနားလည်သောကြောင့် ဖက်လိုက်ကာပြောလိုက်သည်။
"ကျွန်မအမေနဲ့ စကားသေချာပြောလိုက်ပါမယ်။"
ကျုံးရှောက်က ခေါင်းလှည့်ကာ သူမကို နမ်းလိုက်သည်။ "ကျေးဇူးပါ "
"ကျွန်မတို့က မိသားစုတွေပဲလေ"
လင်းဝေ့က ပြုံးလိုက်သည်။
ကျုံးရှောက်နှင့် စကားပြောပြီး လင်းဝေ့က အမေလင်းကိုရှာရန် မီးဖိုခန်းကိုလာခဲ့သည်။
အမေလင်းက ကျန်သောဟင်းပွဲများကို အတူ ထည့်နေကာ သူ့သမီးကိုမြင်တော့ မေးလိုက်သည်။
"ဒီဟင်းတွေကို ပိုကောင်းအောင် ဘာလုပ်ရမယ်ထင်လဲ?"
"အိမ်မှာထမင်းဘူးတွေရှိတယ်။ ဒါကနှစ်ဘူးလောက်ထည့်လိုက်ရင် ရမှာပါ။"
ထမင်းဘူးတွေက ကြီးတာမလို့ နှစ်ဘူးဆိုရင် ကျန်းလန်မိသားစု စားဖို့ လုံလောက်သည်။
အမေလင်းက မေးလိုက်သည်။ "ထမင်းဘူးနဲ့ထည့်မယ်ဆိုရင် ထမင်းဘူးက်ို ပြန်ပေးဖို့ သူ့ကို ပြောဖို့လိုလား?"
လင်းဝေ့က ပြောလိုက်သည်။ "သူမ နောက်မှပြန်ပေးလို့ရတယ်။ ဒါမှမဟုတ် ကျွန်မအားရင် သွားယူလို့လည်းရတယ်။ သိပ်မဝေးဘူးလေ။"
အမေလင်းက အရင်နှစ် ဒီကိုရောက်ကတည်းက ပင်လယ်ကို မကြာခဏသွားခဲ့သည်မလို့ အနားတွင်ရှိသော တပ်အချို့ကိုသိသည်။ ကျန်းလန်နေသော တပ်ကလည်းဒီနေရာနှင့် သိပ်မဝေးဘူးဟု သူမ တွေးမိကာပြောလိုက်သည်။
"ဟုတ်ပြီ ဒါဆိုထမင်းဘူးနဲ့ ထည့်လိုက်မယ်။"
သူမ လင်းဝေ့ကိုမေးလိုက်သည်။ "ကျုံးရှောက်ကို ဘာပြောခဲ့လဲ?"
"ဘာမှမပြောခဲ့ပါဘူး ဒီအတိုင်း..." လင်းဝေ့က ရပ်ပြီး ဆက်ပြောလိုက်သည်။
"အမေ ကျုံးရှောက်ရှေ့မှာ သူ့အဖေအကြောင်း မကောင်းပြောတာ ရပ်လို့ရမလား?"
အမေလင်းက မေးလ်ိုက်သည်။ "ကျုံးရှောက်က မေးခိုင်းလိုက်တာလား?"
"မဟုတ်ပါဘူး။ ဒါက ကျွန်မအထင်ပါ။ ကျုံးရှောက်ရဲ့အဖေက သိပ်ကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သိသလို ကျွန်မယောက္ခမအတွက်လည်း စိတ်မကောင်းဘူးဆိုပေမယ့် သူက ကျုံးရှောက်ကို နှစ်ပေါင်းများစွာပြုစုပျ်ိုးထောင်လာတဲ့ အဖေပဲလေ။ သူက သူ့အဖေနဲ့တွေ့ဖို့ကတိပေးထားတယ်ဆိုတာက သူက အသိတရားမရှိဘဲ သူ့အမေခံစားခဲ့ရတာတွေ မေ့သွားလို့ မဟုတ်ဘူး။ သူကအဲ့လိုလူသာဆိုရင် နှစ်တွေအကြာကြီး ဘာလို့ သူ့အဖေကို အဆက်အသွယ် မလုပ်ဘဲနေခဲ့မှာလဲ?"
လင်းဝေ့က ကျုံးရှောက်အဖေရဲ့ ရာထူးအဆင့်ကို မသိပေမယ့် တပ်ရင်းမှူးရှန်းနဲ့အတူ လာတာတွေ့တော့ သူရဲ့အဆင့်က မနိမ့်လောက်ပေ။
သူ့အမေရဲ့မတရားခံရမှုနဲ့ သူက သူ့အဖေကိုနှစ်တွေအကြာကြီး အဆက်အသွယ်မလုပ်ခဲ့တာကြောင့်သာမဟုတ်ရင် ကျုံးပင်က သူ့တစ်ဦးတည်းသောသားကို ဆွဲမခေါ်ဘဲ နေပါ့မလား? ကျုံးပင်ရဲ့ဦးဆောင်မှုနဲ့ကျုံးရှောက်ရဲ့အရည်အချင်းနဲ့ဆို သူကအခုထိ ဒီလိုရာထူးနဲ့ရှိနေဦးမှာလား?
သူတို့ရဲဲ့ပြီးပြတ်သွားတဲ့ ဆက်ဆံရေးကြောင့် ဒါကမဖြစ်နိုင်ပေ။
ကျုံးရှောက်က သူ့အဖေနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်ဆိုပေမယ့် အခုလိုလမ်းကြောင်းပေါ်တက်ပြီး ရေတပ်အရာရှိဖြစ်နေသည်မှာ ကျုံးပင်၏ သူ့အပေါ်သက်ရောက်မှုတွေကြောင့်ဖြစ်မည်။
ကျုံးရှောက်က အခုအချိန်မှာ ဘယ်လိုပဲတွေးတွေး သားအဖသံယောဇဉ် မရှိတော့ဘူးဆိုရင်တောင် သူကငယ်စဉ်ထဲက သူ့အဖေကို လေးစားခဲ့သည်။ ဒါပေမယ့် ဒီကိစ္စတွေ အားလုံး အပြီးမှာ သားအဖဆက်ဆံရေးက အနည်းငယ်သာ ရှိတော့ပေမယ့် အပြီးဖြတ်လိုက်ဖို့ကကျုံးရှောက်အတွက် ခက်ခဲသည်။
အမေလင်းက ကျုံးရှောက်၏ ခက်ခဲမှုကိုမသိဘဲ ကျုံးပင် ကောင်းကောင်းနေနေသည်ကို တွေ့တော့သူမ၏ ကွယ်လွန်သွားပြီဖြစ်သော သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်မိသည်။
"ကျုံးရှောက်က သူ့အမေဒုက္ခခံခဲ့ရတာတွေကို မေ့ပြီး သူ့အဖေရဲ့လှည့်ကွက်ထဲ ရောက်သွားမှာစိုးလို့ပါ။"
သူ့သားကိုယ်တိုင်က ဒါကိုမမှတ်မိရင် ချန်ရှင်းလန်ရဲ့ဘဝအတွက် ဘာအဓိပ္ပါယ်ရှိတော့မှာလဲ?
လင်းဝေ့က ကျုံးရှောက်အပေါ် ယုံကြည်ချက်အပြည့်နှင့်ပြောလိုက်သည်။"မပူပါနဲ့ အမေ သူ မမေ့ပါဘူး။"
အမေလင်းကလည်း ကျုံးရှောက်ကို ယုံကြည်၍ ခေါင်းငြိမ့်လိုက်သည်။ "ဒီလိုပဲထင်ပါတယ်။"