← Chapters

Chapter 176

Vol. 14 Ch. 176

Chapter 176

Vol. 14 Ch. 176

ညစာစားပွဲပြီးတော့ လင်းဝေ့က ကျန်းလန်ကိုခေါ်ပြီး လဝက်ကျော်လစာကို ရှင်းလိုက်သည်။

လပြည့်ဝိုင်သောက်ပွဲအတွက် ကျန်းလန်က အလုပ်ရှုပ်နေခဲ့သည့်အတွက် လင်းဝေ့က သူ့က်ိုပုံမှန်လစာအပြင်အနီရောင်စာအိတ်တစ်ခုပါ ပေးခဲ့သည်။

စာအိတ်ထဲမှ ငွေတွေကိုတွေ့တော့ ကျန်းလန်ကအလျင်အမြန် လက်ကာပြလိုက်သည်။ ဒါပေမယ့် လင်းဝေ့က အိတ်ကို သူမ လက်ထဲပေးကာ ပြောလိုက်သည်။

"ဒါက ထိုက်တန်ပါတယ်။ ယူလိုက်ပါ။ ကျွန်မ နောက်ဆုံးအနေနဲ့ ပေးတဲ့ အနီရောင်စာအိတ်ပါ။"

သူမ ကျုံးအိမ်ကို မလာခင်က ဘာလုပ်ရမည်ကိုသဘောတူခဲ့တာက လင်းဝေ့ သူမကိုလပြည့်ဝိုင်သောက်ပွဲအတွက် ရက်အနည်းငယ်ခေါ်ခဲ့တာဖြစ်သည့်အတွက်လင်းဝေ့က ဘာကိုဆိုလိုသည်ဆိုတာ ကျန်းလန် သိသည်။

သူမကလွန်ခဲ့တဲ့လအနည်းငယ်မှာ ကျန်းမိသားစုနဲ့ ပျော်ရွှင်ခဲ့ရသည့်အတွက် သူမ စိတ်ကိုပြင်ဆင်ထားပေမယ့် မထိန်းနိုင်ဘဲ မျက်ဝန်းများနီလာသည်။

"အစ်မလင်း..."

"ညီမအရင်လတွေက ဂရုစိုက်ပေးခဲ့တာတွေကို အစ်မကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ညီမကိုတစ်သက်လုံး နေစေချင်တာပါ။ အစ်မက မီးဖွားပြီးတဲ့နောက်မှာ ကလေးထိန်းငှားစရာမလိုလို့ပါ ဒါကြောင့်.."

လင်းဝေ့က သက်ပြင်းချကာပြောလိုက်သည်။ "ညီမအနာဂတ်မှာ အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်။"

ကျန်းလန်က သူမလက်ကိုမြှောက်ကာ မျက်ရည်သုတ်ပြီး ပြောလိုက်သည်။

"အစ်မလင်း။ ကျွန်မလည်း အစ်မတို့မိသားစု အဆင်ပြေပါစေမျှော်လင့်ပါတယ်။"

"ပြောတဲ့အတိုင်းဖြစ်ပါစေ။"

လင်းဝေ့က ထပ်၍ပြောလိုက်သည်။ "ဒီနေ့စားစရာတွေအများကြီးကျန်တာမလို့ အမေ့ကို ထမင်းဘူးနဲ့နှစ်ဘူးလုပ်ခိုင်းထားတယ်။ ပြန်ရင် ယူသွားဖို့မမေ့နဲ့။ ဒါကကျန်တာမလို့ မကြိုက်ရင်လည်း.."

"မလုပ်ပါနဲ့ ဒါကအလုပ်ပိုပါတယ်။"

ကျန်းလန်က လက်ကာပြလိုက်ကာ သူမအကျန်ကိုသဘောမကျတာ မဟုတ်ကြောင်း ပြောလိုက်သည်။ ပြီးတော့မီးဖိုခန်းထဲက ကျန်တာတွေက အပြင်ကိုချကျွေးထားတာမဟုတ်သည့်အတွက် ဘယ်သူမှ မထိရသေးပေ။

ပြီးတော့ ကျန်းလန်၏ တပ်ကစိုက်ပျိုးရေးတပ်ဖြစ်သည်။ ငါးဖမ်းတပ်ကဲ့သ်ို့အမြဲလိုလို ပင်လယ်စာ မစားရသည့်အတွက် အသားငါးကို တစ်လတွင် တစ်ရက်စားရလျှင် ထိုနေ့က နေ့ရက်ကောင်းဖြစ်သည်။

စားသောက်ပွဲမှကျန်သည်က အသားဟင်းများဖြစ်ပြီးကြက်သား ဘဲသားများကို ဖယ်လိုက်လျှင် ဝက်သားဟင်းကလည်း နယ်ဘက်အတွက် ကောင်းသည်။

"ဒါကကျန်တာတွေကို ထမင်းဘူးထဲ ထည့်ထားတာမလို့ဘာကိုအလုပ်ပိုမှာလဲ?"

လင်းဝေ့က ပြောလိုက်သည်။ "စားပြီးသွားရင်ထမင်းဘူးလေးပြန်လာပေးပါဦး"

သေချာပေါက် ထမင်းဘူးပြန်လာပေးရသည်က ကျန်းလန်အတွက် မခက်ခဲပေ။ သူမက အသားဟင်းများနှင့်အိမ်ပြန်လျှင် အိမ်မှလူများက သွားများပေါ်အောင် ရယ်ကြလိမ့်မည်။ ထမင်းဘူး ပြန်သွားပေးခိုင်းလျှင်ပင် သူတို့က အလုအယက် လာကြလိမ့်မည်။

အစောင့်တွေရှိတာကြောင့် လူတွေက မိသားစုနယ်မြေကိုလွယ်လွယ်နဲ့ ဝင်လို့မရပေ။ လင်းဝေ့က သူမကိုအသိပေးထားသောကြောင်် ကျန်းလန်က အရင်လများတွင် ချောချောချူချူ ဝင်ထွက်သွားလာလို့ ရနေတာဖြစ်သည်။

ဒါပေမယ့် သူမမိသားစုထဲက ဘယ်သူကမှ ဒီကိုမရောက်ဘူးသည့်အတွက် သူမက ရောက်ဖူးစေချင်သည်။

စားသောက်ဆိုင်တွေနဲ့ ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေးသမဝါယမက အနီးအနားရှိ အသင်းများမှ လူတွေကိုလက်ခံသည်။ နယ်က မြို့လောက်အသုံးစရိတ်မများသည့်အတွက် ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေးသမဝါယမတွင် ပစ္စည်းဝယ်ရန် လာသူကသိပ်မများပေ။

ဒါကြောင့် သူမမိသားစုက မိသားစုနယ်မြေအကြောင်း စိတ်ဝင်စားပြီး အခွင့်အရေးရလျှင် လာချင်ကြသည်။

ဒါပေမယ့် ပြဿနာဖြစ်မှာ စိုးရိမ်တာကြောင့် ကျန်းလန်က သူတို့ကိုမပို့ခိုင်းဘဲ ဆေးကြောသန့်စင်ပြီးလျှင် သူမကိုယ်တိုင်ပြန်လာပို့သည်။

ထိုအချိန်တွင် လင်းဝေ့နှင့်အခြားသူများက ထမင်းစားပြီးခါစဖြစ်ပြီး သူမ လာတာမြင်တော့ အံ့သြသွားသည်။

"ထမင်းဘူးက အလျင်မလိုပါဘူး။ နောက်နေ့မှ ယူလာလည်းတူတူပါပဲ။"

"ရပါတယ် အခုလည်း မိုးမချုပ်သေးတာမလို့ ဘယ်သူ့မှမမေးဘဲ လာပို့လိုက်တာပါ။"

ကျန်းလန်က ပြုံးလိုက်သည်။ လင်းဝေ့ကို ထမင်းဘူးပေးလိုက်ပြီး အကြာကြီးမနေတော့ဘဲ စကားအနည်းငယ် ပြောကာ ထွက်သွားလိုက်သည်။

ခဏအကြာ ကျုံးရှောက် ပန်းကန်ဆေးနေစဥ် အမေလင်းက သူ့သမီးကိုပြောလိုက်သည်။

"ရှောင်ကျန်းက လူကောင်းတစ်ယောက်ပါ။"

"အင်း" လင်းဝေ့ ခေါင်းငြိမ့်လိုက်သည်။

"သူ့ကိုဆက်ငှားဖို့ မတွေးဘူးလား? သမီးက ကလေးသုံးယောက်ရှိပြီး အလုပ်လည်းရှိသေးတယ်။ အလုပ်မရှုပ်ဘူးလား?"

ကလေးထိန်းငှားတာက ငွေကုန်သည်ဟု အမေလင်း ထင်ပေမယ့် သူမ သမီး အလုပ်ပင်ပန်းသည့်အတွက်လည်း သူမ စိတ်မကောင်းပေ။

လင်းဝေ့ ခေါင်းခါလိုက်သည်။ "ဒါက အလုပ်ပိုပါတယ်။ကျွန်မ ပေ့ပေ့ကို ကျောင်းခေါ်သွားပြီး ပုခက်ကိုရုံးခန်းထဲထားလိုက်ပြီး မင်မင်နဲ့ရွေ့ရွေ့ကို ကျွန်မအတန်းဝင်နေချိန် ကြည့်ခ်ိုင်းလိုက်မယ်။"

အရင်နှစ်က ကိုယ်ဝန်ဆောင်ဆရာမကလည်း ဒီလိုပဲလုပ်သည်။ ကလေးတွေကို ကြည့်ခိုင်းထားပြီး အတန်းမဝင်ရတဲ့ဆရာဆရာမတွေကို အကူအညီတောင်းရင်လဲရသည်။ သင်ကြားရေးကို အနှောင့်အယှက် မဖြစ်သ၍ ကျောင်းအုပ်ကြီးဖန်ကလည်း ဒါတွေကိုဂရုစိုက်မှာမဟုတ်ပါချေ။

အမေလင်းက ခဏတွေးလိုက်ပြီး ပြောလိုက်သည်။ "ဒါလည်း အဆင်ပြေပါတယ်။"

အမေလင်းက လပြည့်ဝိုင်သောက်ပွဲပြီးလျှင် ပြန်မည်စီစဉ်ထားသော်လည်း ကျုံးပင် ရောက်လာသောကြောင့် သူမအစီအစဉ်ကို နောက်ဆုတ်လိုက်ကာ သူတို့ပြန်ပြီးမှပြန်ရန် လုပ်လိုက်သည်။

လင်းဝေ့ကလည်း မိသားစုဝင်အနေနှင့် သူမအမေကို ရက်အနည်းငယ်နေ၍ ကူညီစေချင်သေးသည်။

လင်းဝေ့က ကျုံးပင်နှင့်သူ့ဇနီးက ယားကျိုကျွန်းကိုကျူံးရှောက်နှင့် ကလေးများကိုတွေ့ရန် လာသည်ဟုထင်ထားပေမယ့် သူမအတန်းကို နေ့လည်တွင် မပြီးစေချင်ပေ။ သူမ အပြင်ထွက်လိုက်သည်နှင့် ဝူရှူကျွင်းကအပြင်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လင်းဝေ့က အစမှာတော့ ဝူရှူကျွင်းက တစ်စုံတစ်ယောက်ကို လာတွေ့သည်ဟု ထင်မိပေမယ့်ကျုံးပင်နဲ့ တပ်ရင်းမှူးရှန်းနဲ့ ရင်းနှီးတာတွေ့တော့ ဝူရှူကျွင်းနဲ့ကျောင်းအုပ်ဖန်လည်း ရင်းနှီးမည်ဟု သူကထင်လိုက်သည်။ ရလဒ်အနေနှင့် ဝူရှူကျွင်းက သူမထံလမ်းလျှောက်လာကာ ပြောလိုက်သည်။

"စကားပြောရအောင်"

ဝူရှူကျွင်း၏ အထက်စီးဆန်သောအသံကြောင့် လင်းဝေ့က စိတ်တိုစွာရယ်လိုက်သည်။

"ရှင်က ဘယ်သူလဲ?"

ဝူရှုကျွင်းက ထိုစကားကြားတော့ စိတ်တိုသွားသည်။

သူမက မနေ့က မိသားစုအိမ်ထဲမဝင်ခင် ဟိုမိန်းမနဲ့တွေ့ခဲ့တယ် ဆိုပေမယ့် သူမ ထိုအချိန်က လင်းဝေ့ကိုတွေ့ခဲ့သည်။ လင်းဝေ့က သူမကို မမြင်လိုက်ဘူးလား? ဒါက မေးခွန်းကောင်းပဲ!

တကယ်ကို ကောင်းတဲ့မိသားစုပဲ!

ဝူရှုကျွင်း၏ ရင်ထဲ ဒေါသထွက်နေပေမယ့် သူမ၏ အမူအရာကတော့ တည်ငြိမ်နေသည်။ "တို့က ကျုံးရှောက်အဖေရဲ့ဇနီးပါ။ မင်း တို့ကို ယောက္ခမလို့ခေါ်လို့ရတယ်။"

"ကျွန်မယောက္ခမက ကွယ်လွန်သွားတာကြာပါပြီ"

လင်းဝေ့က ပြောလိုက်သည်။ "ကျွန်မ လုပ်စရာရှိလို့သွားရဦးမယ်။ ခွင့်ပြုပါဦး"

ဝူရှူကျွင်း ပြန်ပြောသည်ကို မစောင့်ဘဲ လင်းဝေ့က သူမဘေးမှ ထွက်လာခဲ့သည်။

လင်းဝေ့က အရှုံးမပေးတာမြင်တော့ ဝူရှုကျွင်းက အသက်ပြင်းပြင်းရှူလိုက်ကာ လင်းဝေ့ကို အော်ပြောလိုက်သည်။ "ကျုံးရှောက်က မင်းကို ဘာလို့လက်ထပ်ခဲ့တယ်ဆိုတာ မသိချင်ဘူးလား?"

ထိုစကားများက ရှင်းမပြနိုင်လောက်အောင် တကယ်အဖျက်သဘောဆောင်သည့် စကားများဖြစ်သည် ဆိုပေမယ့် လင်းဝေ့က ရပ်လိုက်သည်။ ဒါပေမယ့် နောက်ပြန်လှည့်မကြည့်သလို စကားလဲမပြောခဲ့ပါ။

ဒါပေမယ့် ဝူရှူကျွင်းရဲ့အမြင်မှာတော့ လင်းဝေ့ရပ်လိုက်သည်ဆိုတာက သူမက ကျုံးရှောက်အပေါ် သံသယရှိသည် ဟူသောသဘောဖြစ်နေသဖြင့် သူမက ပြုံးလိုက်ကာ လျှောက်လာရင်း ပြောလိုက်သည်။

"မင်းနဲ့ကျုံးရှောက်က ငယ်ငယ်ထဲက အမေချင်းသဘောတူထားတယ်ဆိုတာ တို့ သိပေမယ့် အတိတ်တုန်းက ဘယ်သူကမှ ဒီလက်ထပ်ပွဲကို အတည်မယူခဲ့ဘူးမလား? မင်းက မသိချင်ဘူးလား ဘာလို့ ကျုံးရှောက်က မင်းကို လက်ထပ်ချင်တယ်ဆိုတာကိုလေ?"

ဝူရှူကျွင်းက မကောင်းတဲ့ရည်ရွယ်ချက်ရှိမယ်လို့ လင်းဝေ့ တွေးခဲ့ပေမယ့် ယခုတော့ သူမအတွေးက ပို၍သေချာသွားသည်။

ဒါက ဝူရှူကျွင်းက သူမနဲ့ကျုံးရှောက်ကြား ဆက်ဆံရေးကို ဖျက်ဆီးချင်နေတာပဲ။

ဝူရှူကျွင်းနဲ့ကျုံးပင်က မကွာရှင်းခင်က တွေ့နေတာဖြစ်စေ ကွာရှင်းပြီးမှတွေ့တာဖြစ်စေ အရင်နှစ်များတွင် ချန်ရှင်းလန်၏ သူမအပေါ် ဂရုစိုက်မှုများက အမြဲစစ်မှန်ခဲ့သည်။ အတိတ်တွင် သူမနဲ့ကျုံးပင်က နှစ်ပေါင်းများစွာခြေရှုပ်နေခဲ့တာဖြစ်လို့ ချန်ရှင်းလန်နှင့် သူမအမျိုးသားကြားက ဆက်ဆံရေး ရပ်ခဲ့ရတာ သေချာသည်။

ပုံမှန်လူတွေက အရှက်မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ သူတို့ပထမအိမ်ထောင်ရဲ့ဘဝနဲ့ သားသမီးတွေရဲ့ဘဝကို မနှောင့်ယှက်သင့်ဘူးဆိုတာတော့ သ်ိသင့်တယ်မလား?

ကျုံးရှောက်က သူမကိုပြဿနာမရှာဘဲ ဘာလို့သူမက သူတို့ကို အရင်လာရှာနေတာလဲ?

လင်းဝေ့က စဉ်းစားမရဖြစ်နေသည်မလို့ ဝူရှူကျွင်းစကားနောက် အလိုက်တသင့် ပြန်ပြောလိုက်သည်။

"ရှင် ဘာပြောချင်လို့လဲ?"

ဝူရှူကျွင်းက ပြန်မဖြေပေမယ့် ပြောလိုက်သည်။ "တစ်နေရာရာမှာ စကားပြောကြမလား?"

"ဒါဆို ကျောင်းမှာ ပြောကြတာပေါ့"

နေ့လည်ခင်းရဲ့ နောက်ဆုံးအတန်းချိန်က အတန်းအတော်များများအတွက် ကာယအချိန်ဖြစ်သည်။ကျောင်းဝန်းတွင်းမှ ရယ်သံများ အော်ဟစ်သံများကိုကြားတော့ ဝူရှူကျွင်းက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ "အထဲမှာက လူတွေအများကြီးပဲ"

"ရှင် ကျောင်းမှာ မပြောချင်ဘူးဆိုရင် ဘယ်မှာပြောချင်လဲ? ကျွန်မအိမ်လား?"

လင်းဝေ့က မေးလိုက်ပြီး ဝူရှူကျွင်း ပြန်မဖြေခင်မှာပင် သူမကပြောလိုက်သည်။ "ဒါဆို ကျွန်မအမေက ရှင့်ကိုကန်ထုတ်လိမ့်မယ်။"

လင်းဝေ့၏ အမေ အကြောင်းတွေးမိကာ ဝူရှူကျွင်းက စိတ်ရှုပ်သွားပြီး ပြောလိုက်သည်။ "ဒါဆို ဘယ်သူမှမရှိတဲ့ နေရာတစ်ခုရှာကြတာပေါ့"

"ဒါဆို ကျွန်မက ရှင်နဲ့အတူသွားမှာမဟုတ်ဘူး"

လင်းဝေ့က ပြောလိုက်သည်။ "မဟုတ်ဘူးဆိုရင် စကားပြောနေရင်း ရှင်က လဲကျသလိုဟန်ဆောင်ပြီး ကျွန်မကိုလာထိရင် ကျွန်မကဘာပြောနိုင်မှာလဲ?"

ဝူရှူကျွင်းက စိတ်ဆိုးစွာ ရယ်လိုက်သည်။ "မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ? တို့က လဲကျပြီး မင်းကိုထိမယ်တဲ့လား?"

"ရှင်သာ ကျွန်မကို လာမတွေ့ခဲ့ဘူးဆိုရင် ဒီစကားတွေက ပိုပြီးအဓိပ္ပါယ်ရှိမှာပဲ။"

လင်းဝေ့က သူမနာရီကိုကြည့်ပြီး ပြောလိုက်သည်။

"ရှင် စကားမပြောချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့၊ကျွန်မ ပြန်တော့မယ်။"

စကားပြောပြီးသည်နှင့် သူမက တစ်ဖက်လှည့်ကာ ထွက်သွားရန် လုပ်လိုက်သည်။ သူမ၏ပုံစံက ဝူရှူကျွင်းကို စိတ်တိုသွားစေသဖြင့် သူမ ဘာမှမတတ်နိုင်ဘဲ ပြောလိုက်ရသည်။ "ဒါဆ်ို ကျောင်းမှာပဲ စကားပြောကြတာပေါ့!"

လင်းဝေ့က ရပ်ပြီး ကျောင်းပေါက်ဝဘက်ကိုလှည့်လိုက်သည်။

ကျောင်းဝင်းထဲဝင်ပြီးသည်နှင့် လင်းဝေ့က နံရံအတိုင်းလျှောက်လာကာ ထောင့်ကိုဝင်လိုက်ပြီး နောက်ထပ်ဆယ်မီတာလောက် ထပ်လျှောက်လိုက်သည်။ဘယ်သူမှ သူမတို့စကားပြောသည်ကို မကြားနိုင်တာသေချာတော့မှ သူမ ရပ်ကာပြောလိုက်သည်။ "အခုပြောလို့ရပြီ"

ကျောင်းနံရံက သူမတို့ပုခုံးလောက်သာရှိသည်မလို့ အရမ်းမမြင့်တာကြောင့် ခေါင်းမော့ကြည့်လိုက်လျှင်ညအပြင်မှသစ်ပင်များကို မြင်နိုင်သည်။ အပြင်တွင် တောအုပ်သေးသေးလေးတစ်ခု ရှ်ိသည်။ ထိုနေရာတွင် မြက်ပင်များနှင့် ခြုံပုတ်များ ရှိတာကြောင့် ဘယ်သူကမှ တောအုပ်ထဲသွားမှာမဟုတ်ပေ။ ဝူရှူကျွင်းက ဒါကိုမြင်တော့ စကားပြောရန် သင့်တော်သည့်နေရာဟု သိလိုက်သည်။

အနီးအနားတွင် ကစားနေကြသည့် ကလေးများရှိသည့်အတွက် ဆူညံနေသည်။ ပြီးတော့ ဒီကိုလာတာက လင်းဝေ့၏ အကြံဖြစ်သည့်အတွက် ဝူရှူကျွင်းက ဒီနေရာကိုသိပ်သဘောမကျသဖြင့် ခဏလောက်စကားမပြောခဲ့ပေ။

လင်းဝေ့က နာရီကိုကြည့်ကာ သတိပေးလိုက်ပြန်သည်။

"ရဲဘော်ဝူ၊ ကျွန်မရဲ့အချိန်တွေက တန်ဖိုးရှိတယ်နော်"

သူမက ဒီစကားကို မပြောခဲ့လျှင်ပိုကောင်းမည်။ သူမက ပြောလိုက်သည့်အချိန်တွင် ဝူရှူကျွင်းက စိတ်မထိန်းနိုင်ဘဲပြောလိုက်သည်။ "မင်း ကျုံးရှောက်ကို တွယ်ကပ်နေခဲ့တာ ကောင်းတယ်လို့ထင်လား?"

လင်းဝေ့က ပြန်ပြောလိုက်သည်။ "ရှင်ကတော့ အခြားသူတွေရဲ့ မိသားစုကိစ္စတွေမှာ ဝင်ပါရတာကြိုက်တယ်ထင်တယ်။"

အရင်က မိသားစုနှစ်ခုကြား အပြောင်းအလဲတွေ ရှိခဲ့ပေမယ့် ဝူရှူကျွင်းနဲ့ ကျုံးပင် လက်ထပ်ပြီးချိန်မှာတော့ သူတို့က ယခင်ကပဲ ဖောက်ပြန်နေကြတယ်လို့ သူတို့နောက်ကွယ်မှာ လူတွေကပြောကြပေမယ့် အပြင်လူတွေမှာ သက်သေမရှိတာမလို့ သူတို့ရင်ထဲမယုံသင်္ကါဖြစ်နေရင်တောင် သူတို့ကနောက်ကွယ်မှာသာပြောရဲပြီး ဝူရှူကျွင်းအရှေ့တွင်တော့ မပြောရဲပေ။ ထိုအချိန်တွင် သူမက ဒေါသထွက်သွားကာ မေးလိုက်သည်။

"တို့ရဲ့ ဆက်ဆံရေးအကြောင်း မင်းဘာသိလို့လဲ?"

"ကျွန်မက ရှင်တို့ကြားက ကိစ္စတွေကို မသိပါဘူး ဒါပေမယ့် ကျွန်မယောက္ခမက မကွာရှင်းကလည်း ရှင့်ကိုအပြစ်မလုပ်ခဲ့သလို တစ်ခါတစ်လေ ရှင့်ကိုတောင်ကူညီခဲ့သေးတယ်။ ဒါပေမယ့် ရှင်ကတော့ သူ့ယောက်ျားနဲ့ နောက်ကွယ်မှာ ဖောက်ပြန်ခဲ့တယ်။ ကျွန်မ ယောက္ခမနဲ့ရှင်နဲ့က လယ်သမားနဲ့မြွေလိုပဲ၊ တုန်ကောနဲ့ဝံပုလွေလိုပဲ!"

လင်းဝေ့က ဝူရှူကျွင်းကို အပြစ်တင်ကာ ကြည့်လိုက်သည်။

ဝူရှူကျွင်းက ဒေါသထွက်လာကာ မျက်နှာက ပြာနှမ်းလာခဲ့ပြီး သူမ၏ အသံကိုထိန်းကာ ပြောလိုက်သည်။

"မင်းယောက္ခမက ဘယ်လိုလူလို့ထင်လဲ? ကျုံးပင်က မြို့ကိုမပြန်ခင် တို့ကိုလက်ထပ်မယ်လို့ ကတိပေးခဲ့တာ။သူနဲ့ချန်ရှင်းလန်ရဲ့ လက်ထပ်ပွဲသတင်း! ချန်ရှင်းလန်ရဲ့ ကြင်နာမှုတွေကို ပြန်ပေးဆပ်ဖို့ ကျုံးပင်က သူမကိုလက်ထပ်ဖို့ တိုက်တွန်းမခံခဲ့ရဘူးဆိုရင် တို့နှစ်ယောက်က ဘာလို့နှစ်တွေအကြာကြီး ဝေးရမှာလဲ? ဘာလို့တို့ကရော သင့်တော်တဲ့လူဆိုတဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်ခဲ့ရမှာလဲ?"

ဝူရှူကျွင်းက ပြောလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ "မင်းပြောတာက တို့နဲ့သူမနဲ့က လယ်သမားနဲ့မြွေလို၊ တုန်ကောနဲ့ဝံပုလွေလိုတဲ့ ဒီလိုဆိုပေမယ့် တကယ်တော့ လယ်သမားက တို့ဖြစ်ပြီး တုန်ကောကလည်း တို့ပဲဖြစ်သင့်တာ သူမက တို့ယောက်ျားနဲ့ဘဝကို လုယူသွားခဲ့တာ!"

သူမကသာ ကျုံးပင်နဲ့ ချောချောချူချူလက်ထပ်နိုင်ခဲ့ရင် သူမအရင်ယောက်ျားနဲ့ လက်ထပ်ခဲ့ရမှာ မဟုတ်သလို ယောက်ျားက စောစောကွယ်လွန်ပြီး မိသားစုတွေရဲ့အနိုင်ကျင့်တာကိုလည်း ခံစားခဲ့ရမှာမဟုတ်ပေ။

သူမကသာ ကျုံးပင်နဲ့ လက်ထပ်နိုင်ခဲ့ရင် ချန်ရှင်းလန်လို အပူအပင်ကင်းတဲ့ဘဝမှာ နေခဲ့ရပြီး ကျုံးရှောက်လို ကျန်းမာတဲ့ကလေးမျိုးမွေးနိုင်ခဲ့မှာပဲ။

သူမက ကျုံးပင်နှင့် လက်ထပ်ခဲ့ရင် ကျုံးပင်၏ နောက်မှ ထပ်ကြပ်မကွာလိုက်ကာ လူအများအသိပြုခံရမည်၊ ဒါဆို ဘာလို့ သူမက သူများထံက အကူညီတောင်းစရာလိုတော့မှာလဲ?

လင်းဝေ့က ကျုံးရှောက်မိဘတွေရဲ့အတိတ်အကြောင်းကြားတော့ ကျုံးပင်က အမြင်အာရုံမကောင်းလို့ သူ့ယောက္ခမရဲ့ကောင်းကွက်တွေကို မမြင်နိုင်ခဲ့တာဟုထင်ခဲ့သည်။ ယခု သူမက ဝူရှူကျွင်းနှင့် စကားပြောလိုက်တော့ ကျုံးပင်က ဒီလိုမိန်းမတစ်ယောက်အတွက် မိန်းမနဲ့သားကို ပစ်ပယ်လိုက်တာက အမြင်အာရုံမကောင်းသည်သာမက မျက်ကန်းဖြစ်နေသည်ဟုထင်မိသည်။

မဟုတ်သေးဘူး။ ကျုံးပင်က မျက်ကန်းမဟုတ်ဘဲ ဝူရှူကျွင်းလိုပဲ ဖြစ်နိုင်သည်။ ရွှံ့ရဲ့အမြင်မှာ အကောင်းဆုံးက ရွှံ့ပဲလေ ပြီးတော့ရွှံ့ထဲမပေါက်တဲ့ ကြာပန်းရှိလို့လား?

"ကျွန်မ ယောက္ခမက သူ့ကြင်နာမှာတွေအတွက် ကျုံးပင်ကို ဖိအားပေးလက်ထပ်ခဲ့တယ်လို့ ရှင်ပြောတယ်နော် ဒါပေမယ့် တွေးကြည့်ပါဦး ဘာလို့ကျုံးပင်က ရှင်တို့နှစ်ယောက်ရဲ့အနာဂတ်အတွက် မတိုက်ခိုက်ခဲ့တာလဲ?"

ဝူရှူကျွင်းကိုမေးကာ လင်းဝေ့ကပြောလိုက်သည်။ "သူ မလုပ်ခဲ့ဘူးလေ! သူက ရှင်ရှ်ိနေတဲ့အကြောင်းကိုတောင် ကျွန်မ ယောက္ခမကို မပြောရဲခဲ့ဘူး!"

ဝူရှူကျွင်းက ကျုံးပင်ဘက်က ကာပြောလိုက်သည်။ "ချန်မိသားစုက ကျုံးပင်အပေါ် အရမ်းကောင်းတယ်၊ ပြီးတော့ ချန်ရှင်းလန်ကလည်း သူ့ရဲ့ကြင်နာမှုအတွက် လက်ထပ်ဖို့ ဖိအားပေးခဲ့တာမလို့ သူ ပြောခဲ့ရင်တောင် ဘာအသုံးဝင်မှာလဲ?"

"ဘာလို့ အသုံးမဝင်ရမှာလဲ? ရှင့်မျက်စိနဲ့ မြင်ခဲ့လို့လား?"

လင်းဝေ့က ပြန်မေးလိုက်သည်။

"ကျွန်မ ယောက္ခမက သူနဲ့ ဆယ်နှစ်ကျော် လက်ထပ်ခဲ့ပြီး ကျုံးရှောက်တောင် အသက်ကြီးနေပြီ။ သူမက အတိတ်အကြောင်းကိုသိတော့ ကွာရှင်းနိုင်ခဲ့တယ်လေ ကျုံးပင်ကသာ အရင်ကတည်းက သူမကို ရှင်နဲ့ကိစ္စကိုရှင်းပြခဲ့ရင် သူမကသူ့ကို သူမရဲ့ကြင်နာမှုအတွက် လက်ထပ်ဖို့ တွန်းအားပေးပါ့မလား?"

ဝူရှူကျွင်းက တကယ်ပဲ သူမမျက်လုံးနဲ့ တပ်အပ်မမြင်ခဲ့ပေမယ့် နောက်ပိုင်းကိစ္စများကတော့ လင်းဝေ့ပြောသလို တကယ်ဖြစ်ခဲ့သည်။

ဝူရှူကျွင်း စကားပြောစရာမရှ်ိ ဖြစ်သွားတာ မြင်တော့ လင်းဝေ့က ဆက်ပြောလိုက်သည်။ "ပြီးတော့ ကျုံးပင်က မြို့ကိုပြန်လာတော့ သူ့ရာထူးက ဘယ်အဆင့်လဲ?ချန်မိသားစုရဲ့ အခြေအနေက ဘယ်လိုလဲ? ကျွန်မယောက္ခမက မိဘမဲ့ဆိုတော့ ကျုံးပင်ကသာ သူ့ကိုလက်ထပ်ဖို့ငြင်းခဲ့ရင် ကျွန်မယောက္ခမက သူ့ကိုလက်ထပ်ဖို့ ဘယ်လိုအတင်းတိုက်တွန်းမလဲ?"

ဝူရှူကျွင်း၏ မျက်နှာက လုံးဝဖြူဖျော့သွားသည်။ လင်းဝေ့ ပြောသည့်အရာက သူမအတွက် စဉ်းစားရမခက်ပေမယ့် သူမက သူမကိုယ်သူမ နှစ်ပေါင်းများစွာ လိမ်နေခဲါတာမလို့ အမှန်ကို မမြင်နိုင်တာဖြစ်သည်။

"သူက ရှင့်ကို လက်လျှော့ခဲ့ပြီး ကျွန်မယောက္ခမကိုလက်ထပ်ခဲ့တာက သူ့ဂုဏ်သတင်း အကျမခံနိုင်တာကြောင့်ဖြစ်ပြီး ရှင်က သူ့အတွက် အရေးမကြီးလို့ပဲ။" လင်းဝေ့က ဝူရှူကျွင်းနှင့် ကျုံးပင်၏ အချစ်ရေးကိစ္စကို အမှန်အတိုင်း ပြောလိုက်သည်။

"အစကနေအဆုံးထိ ကျွန်မယောက္ခမက ရှင်တို့လို မကောင်းတဲ့သူနှစ်ယောက်ရဲ့ လှည့်စားမှုခံခဲ့ရတဲ့ သနားစရာလူတစ်ယောက်ပါ ဒါပေမယ့် ရှင်က အရှက်မရှိဘဲ သူမက ရှင့်ဘဝကို ခိုးယူခဲ့တယ်ပြောသေးတယ်။ ဒါကအဓိပ္ပါယ်မရှိတာပဲ!"

All Chapters