← Chapters

Chapter 177

Vol. 14 Ch. 177

Chapter 177

Vol. 14 Ch. 177

ဝူရှူကျွင်းက လင်းဝေ့၏ စကားများကြောင့် ဒေါသတကြီးပြောလိုက်သည်။ "ကျုံးရှောက်က မင်းကို ချစ်လို့လက်ထပ်ခဲ့တယ် ထင်နေတာလား? တို့ မင်းကိုပြောလိုက်မယ် မဟုတ်ဘူး! သူက မင်းကို လက်ထပ်ဖို့ရွေးချယ်ခဲ့တာက ဒုတိယမြောက်ရွေးချယ်မှုပဲ!"

တကယ်လို့ လင်းဝေ့ကသာ အခုမှ ကျုံးရှောက်နှင့် ပြန်ပေါင်းတာ ဒါမှမဟုတ် အိပ်မက်မက်နေခဲ့တာဆိုရင်တော့ ဒီစကားကို ယုံနိုင်သည်။ ဒါပေမယ့် အခုတော့ သူမက "ဟုတ်လား?" ဟုသာပြောနိုင်တော့သည်။

လင်းဝေ့က ဘာမှမဖြစ်တာတွေ့ရတော့ ဝူရှူကျွင်းက အံကြိတ်လိုက်ပေမယ့် သူမ အမူအရာကို ထိန်းကာပြောလိုက်သည်။ "မင်းက ချန်ရှင်းလန်ရဲ့စကားတွေ အတော်ကြားထားတာဆိုတော့ တို့မှာသမီးရှိတယ်ဆိုတာလည်း သိမှာပဲ။"

လင်းဝေ့က ဒီစကားကိုကြားတော့ အနည်းငယ်အံ့သြသွားသည်။ သူမက ဝူရှုကျွင်းတွင် သမီးရှိသည်ဟုမတွေးခဲ့သလို ဒီအရာတွေအားလုံးကို ချန်ချင်းလန် သူမကိုပြောခဲ့မည်ဟုလည်း သူမ မထင်ပေ။

ဒါပေမယ့် တွေးကြည့်လိုက်လျှင် အရာအားလုံးက သူမအမေပြောတာဖြစ်ပြီး သူမအမေကလည်း သူမယောက္ခမစကားကိုသာ နားထောင်သည်။

လင်းဝေ့ အံ့သြနေတာမြင်တော့ ဝူရှူကျွင်းက ပြုံးပြီးပြောလိုက်သည်။ "တို့က မြို့ကိုစရောက်တော့ နေစရာမရှိတဲ့အတွက် ကျုံးအိမ်မှာ ခဏနေခဲ့ရတယ်။ တို့သမီးနဲ့ ကျုံးရှောက်က အဲ့အချိန်က စတွေ့ခဲ့ပြီး သူက ကျုံးရှောက်ထက် နှစ်နှစ်ငယ်တာမလို့ ကျုံးရှောက်ကို အကိုလို့ခေါ်ခဲ့တယ်။"

မောင်နှမ မဟုတ်တဲ့သူနှစ်ယောက်က မောင်နှမလိုသုံးနှုန်းနေတာက သူတို့ကြားမှာ မပြတ်မသားကိစ္စအနည်းငယ် ရှိနေမယ်ဆိုတာ ရှောင်လွဲလို့မရပေ။

တကယ်လို့ လင်းဝေ့ကသာ ကျုံးရှောက်က သူမဆယ်ကျော်သက်အရွယ်က ရှီးချန်ကို မိုင်ထောင်ချီခရီးနှင်ပြီး သူမအမေခြံဝင်းအနီးတွင် ရစ်သီရစ်သီလုပ်မနေခဲ့လျှင် ဒါမှမဟုတ် သူမက ကျုံးရှောက်ကို ယုံကြည်မှူမရှိဘူးဆိုရင် သူမက ဝူရှူကျွင်း စကားကိုကြားချိန် သဝန်တိုမှုတွေက စိတ်ထဲတွင် ကသောင်းကနင်း ဖြစ်နေလိမ့်မည်။

ဒါပေမယ့် အခုတော့ ဝူရှူကျွင်းစကားတွေက သူမကို စ်ိတ်သောကဖြစ်စေသည်။

ချန်ရှင်းလန်အတွက် စိတ်မကောင်းဖြစ်မိသလို ကျုံးရှောက်အတွက်လည်း စိတ်မကောင်းဖြစ်မိသည်။

ချန်ရှင်းလန်၏ စကားတွေ မှန်ကန်သည်ဆိုတာ ဝူရှူကျွင်းက အတည်ပြုပေးနေသည်။ ကျုံးပင်က ဝူရှူကျွင်းသည် သူ့သွေးသောက်ရဲဘော်၏ ဇနီးဖြစ်သည် ဟုပြောခဲ့သည်။ သူမက မြို့တော်ကိုမလာမီက သူမဇာတိတွင် အဆင်မပြေဖြစ်ခဲ့သည်။ ချန်ရှင်းလန်က ဒါကို ယုံကြည်ခဲ့သည့်အတွက် ဝူရှူကျွင်းကို ထိုနှစ်များတွင် စိတ်ရင်းမှန်နှင့် ဆက်ဆံခဲ့သည်။

ကျုံးရှောက်ကလည်း အခုအခါ ဝူရှူကျွင်းကို မုန်းတီးနေသည်ဆိုပေမယ့် ထ်ိုနှစ်တွေတုန်းက သူလဲ ဒီအတိုင်းဖြစ်ပါ့မလား? သူက တကယ်ပဲ ဝူရှူကျွင်းကို လေးစားခဲ့ပြီး သူ့သမီးကို ဂရုစိုက်ခဲ့တာဖြစ်နိုင်သည်။

ဒါပေမယ့် ထိုကြင်နာမှု ဂရုစိုက်မှုတွေအတွက် နောက်ဆုံးမှာပြန်ရခဲ့တာကတော့ သစ္စာဖောက်မှုသာဖြစ်သည်။

လင်းဝေ့က နှုတ်ခမ်းကိုစေ့ထားတာတွေ့တော့ ဝူရှူကျွင်းက ဆက်ပြောလိုက်သည်။ "တို့ရဲ့သမီးက ကျန်းမာရေး မကောင်းတာကြောင့် ကျုံးရှောက်က သူမကို ဂရုစိုက်ခဲ့တယ်။ ယောက်ျားလေးတွေက များသောအားဖြင့် ဆိုးကြပြီး အိမ်မှာငြိမ်ငြိမ်မနေကြဘူးဆိုပေမယ့် အဲ့အချိန်က တို့ရဲ့သမီးကို ဂရုစိုက်နေရလို့ သူက အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ သွားဆော့တာကရှားတယ်။နောက်ပိုင်းမှာ တို့လည်း အိမ်ကနေ ထွက်ခဲ့တော့ အလုပ်ရှုပ်နေခဲ့တာမလို့ သမီးကိုဂရုစိုက်ဖို့ အချ်ိန်မရတာမလို့ သူ့ကိုကျုံးအိမ်ကို ပို့ထားပြီး ကျုံးရှောက်က ချင်ချင်ကို ဂရုစိုက်ပေးခဲ့တယ်။"

ပြောရင်းနှင့် ဝူရှူကျွင်းက သက်ပြင်းချလိုက်ကာ မိတ်ဆက်ပေးလိုက်သည်။ "ချင်ချင်က တို့သမီးလေ။ အဲ့အချ်ိန်တုန်းက သူတို့ဆက်ဆံရေးက အရမ်းကောင်းခဲ့တယ်။ ချင်ချင်က ကျောင်းမှာ အခက်အခဲတွေကြုံရရင်တောင် တို့ကိုမပြောပြဘဲ ကျုံးရှောက်ကိုပြောပြခဲ့ပြီး ကျုံးရှောက်က သူမကို အမြဲကူညီပေးခဲ့တယ်။ အဲ့ဒီအချိန်တွေက သူတို့ အမြဲအဆင်ပြေမယ် ထင်ခဲ့ပေမယ့် တို့မထင်ထားတာက.."

"မထင်ထားတာလား?" လင်းဝေ့က ဝူရှူကျွင်းစကားကို ဖြတ်ပြောလိုက်သည်။ "ရှင် ထင်ထားသလို ဖြစ်မလာခဲ့တာလား?"

ဝူရှူကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။ "ဘာလဲ?"

"ရှင် အခြားသူရဲ့ယောက်ျားနဲ့ ပတ်သက်ခဲ့တုန်းက အကျိုးဆက်ကို မစဉ်းစားမိဘူးလား? ရှင်က သူများမိသားစုကို ဖျက်စီးခဲ့ပြီး သူများက ရှင့်ကို အရင်လို ဆက်ဆံဦးမယ် ထင်နေတာလား?"

လင်းဝေ့က ရယ်ပြီး ဆက်ပြောလိုက်သည်။ "ကျွန်မ မေ့သွားတယ် ရှင့်လို တစ်ကိုယ်ကောင်းဆန်တဲ့သူတစ်ယောက်က ဒါတွေကို ဘယ်တွေးမိမှာလဲ ရှင့်စိတ်ထဲမှာတော့ တစ်ကမ္ဘာလုံးက ရှင့်အနားမှာ လည်နေမှာပေါ့။"

ဝူရှူကျွင်း၏ မျက်ခုံးများက သူမ ဒေါသထွက်နေသည်ဆိုတာကို ဖော်ပြနေပေမယ့် သူမက ရယ်လိုက်သည်။

"မင်းအခု ဘယ်လိုပုံစံဖြစ်နေလဲ သိရဲ့လား? မင်းက အရမ်းရှက်နေတာပဲ မနာလိုဖြစ်နေတာလား?"

လင်းဝေ့၏ အမူအရာက ပြောင်းသွားသည်။ "ကျွန်မက ဘာကိုမနာလိုဖြစ်ရမှာလဲ? ရှင့်သမီးမှာ စည်းကမ်းမရှိတဲ့ အမေတစ်ယောက်ရှိတာကိုလား? ဒါမှမဟုတ် သူမက ကျွန်မယောက်ျားကို မချစ်နိုင်ခဲ့တာက်ိုလား?"

ဝူရှူကျွင်းက စိတ်မထိန်းနိုင်ဘဲ အော်လိုက်သည်။ "ချန်ရှင်းလန်က သူတို့ကို သဘောမတူခဲ့တာသာမဟုတ်ရင် မင်းက ကျုံးရှောက်နဲ့ လက်ထပ်နိုင်မယ် ထင်နေတာလား?"

ဝူရှူကျွင်းရဲ့စကားတွေက မယုံကြည်နိုင်စရာတွေဆိုတာသိပေမယ့် လင်းဝေ့က ဒါကိုကြားတော့ ခဏ ငြိမ်သက်သွားသည်။

ဝူရှူကျွင်းက သူ့မှတ်ဉာဏ်များကို ပြန်တွေးမိသွားပုံရကာ လင်းဝေ့၏ အမူအရာကို လစ်လျူရှုပြီး ဆက်ပြောလိုက်သည်။

"ချန်ရှင်းလန်က သူ့မိသားစုကို ဖျက်ဆီးခဲ့တယ်ဆိုပြီး တို့ကိုမုန်းပြီး လက်စားချေချင်ခဲ့တယ် သူမက တို့နဲ့ကျုံးပင်က ကလေးနှစ်ယောက်ကို သဘောတူတယ်ဆိုတာ သိတယ်။ ကလေးတွေသာ ပါလာခဲ့မယ်ဆိုရင် တို့က ကျုံးရှောက်ကို သူမကို လက်ထပ်ဖို့ တိုက်တွန်းခဲ့မှာပဲ!"

လင်းဝေ့က တစ်ခုခုကိုတွေးမိပြီး မျက်တောင်ခတ်လိုက်ကာ မေးလိုက်သည်။ "ရှင့်သမီးက အဆင်မပြေခဲ့ဘူးလား?"

ဝူရှူကျွင်းက သူမသမီးနှင့် ကျုံးရှောက်ကြားကဆက်ဆံရေးက မပြတ်မသားဖြစ်နေတယ် ပြောခဲ့ပေမယ့် သူမက နောက်ဆုံးစာကြောင်းကို မေ့ခဲ့သည်။

သူမသမီးနဲ့ ကျုံးရှောက်က စိတ်ပိုင်းဆိုင်ရာ ခံစားချက်ရှိခဲ့ရင် ဝူရှူကျွင်းပြောသင့်တာက ချန်ချင်းလန်က ကလေးနှစ်ယောက် အချင်းချင်းသဘောကျနေတာကို မသ်ိခဲ့ဘူးဟုဖြစ်သည်။ အဲ့ဒီလိုသိရမယ့်အစား သူမနဲ့ကျုံးပင်က ကလေးနှစ်ယောက်ကို သဘောတူသည် ဆိုတာကိုသာ သိခဲ့ရသည်။

ထပ်ပြောရလျှင် ကျုံးရှောက်က သူမအကြောင်းတွေးနေခဲ့တာ ကြာပြီဖြစ်လို့ ကျုံးရှောက်နှင့် ဝူရှူကျွင်းသမီးကြားမှာ ဘာခံစားချက်မှ မရှိနိုင်ဟု သူမကသေချာနေသည်။ ဖြစ်နိုင်တာက ဝူရှူကျွင်းသမီးက သူ့ကို သဘောကျနေတာပဲဖြစ်မည်။

မပါခဲ့သည့် စကားကတော့ လူနှစ်ယောက်လုံး ပတ်သက်နေသည် ဆိုသောစကားဖြစ်သည်။ ဝူရှူကျွင်းသမီးကသာ အဆင်ပြေနေတယ်ဆိုပေမယ့် ကျုံးရှောက်ကို မမေ့နိုင်ဘူးဆိုရင် သူမကသာ ဒီလိုလာပြောနေရမည့်သူဖြစ်သည်။

မ်ိဘတွေအနေနဲ့ သူတို့သမီးက တစ်စုံတစ်ယောက်ကို စိတ်ဝင်စားသည် ဒါမှမဟုတ် သဘောကျခဲ့သည်ဆိုတာ လာပြောနေရလျှင် ဖြစ်နိုင်ချေရှိတဲ့အခြေအနေတစ်ခုက သူတို့သမီးက နေထိုင်မကောင်းတာ မဟုတ်ရင် ကွယ်လွန်သွားတာပဲ။

ဘာလို့လဲဆိုတော့ မိဘတွေက သားသမီးတွေရဲ့ ကျန်းမာရေးမှလွဲပြီး အခြားနေရာများတွင် ဝင်မပါတတ်ကြပေ။ ဒါပေမယ့် ကျုံးပင်၏ ရာထူးနှင့်သာဆိုလျှင် ဝူရှူကျွင်းသမီးအတွက် အနေအထားကောင်းတဲ့ လူငယ်တစ်ယောက်နှင့် လက်ထပ်နိုင်ရန်မခက်ပေ။ တကယ်လို့ ဝူရှူကျွင်းသမီးက ကျုံးပင် စီစဉ်ပေးသောသူနှင့်လက်ထပ်ထားလျှင် ဒီလိုလာပြောနေတာကစဉ်းစားရခက်သည်။

တကယ်လို့ သူမသမီးသာ အဆင်ပြေနေတယ်ဆိုရင် ဘာလို့ ဝူရှူကျွင်းက သူမအမျိုးသားဘက်ကသားနှင့် သူမယောက်ျား၏ ဆက်ဆံရေးကို နှောင့်ယှက်ရတာလဲ? သူမအတွက် ကောင်းကျိုးမရှိဘူးလေ။

ဝူရှူကျွင်းက သူ့သမီးကျန်းမာရေးမကောင်းဘူး ဟုပြောထားသည်ကို တွေးမိကာ သူ့သမီးက အိပ်ယာထဲလဲနေတာလားလို့ လင်းဝေ့ တွေးမိသည်။ ဒါပေမယ့် ပြသနာက သူ့သမီးက အိပ်ယာထဲလဲနေတာကို အမေက သူမယောက်ျားနောက်လိုက်ပြီး မိုင်ထောင်ချီ ခရီးထွက်နေသည်။ သူမသမီးက သူမကို မကြိုဆိုဘူးလား? သူမက သွေးမတော်သားမစပ်သည့် အမျိုးသားဘက်ကပါသည့်မြေး၏ လပြည့်ဝ်ိုင်သောက်ပွဲကိုပင် လာခဲ့သေးသည်။

လင်းဝေ့က မဖြစ်နိုင်ဟုတွေးမိသည်။ အဖြေက ပြင်းထန်လိမ့်မည်။

လင်းဝေ့က ဝူရှူကျွင်းကို မုန်းသည်ဆိုပေမယ့် သူမက "ရှင့်သမီး ကွယ်လွန်သွားပြီလား?" ဟူ၍ မမေးနိုင်ပေ။ မဟုတ်ဘူးဆိုရင် ဝူရှူကျွင်း၏ ဒေါသကိုဆွမိလိမ့်မည်။သူမက သူ့ကိုမရိုက်ဘူးဆိုတာ မသေချာဘူး။

သူမ မေးချင်သည့် မေးခွန်းက်ို လှအောင်ပြောလိုက်ပေမယ့် ဝူရှူကျွင်း မျက်နှာက ကြောက်စရာဖြစ်သွားသည်။

"မင်း ဘာကိုပြောချင်တာလဲ?"

သူမ၏ အမူအရာကိုမြင်တော့ သူမ ခန့်မှန်းတာမှန်သွားပြီဆိုတာ လင်းဝေ့ သိလိုက်သည်။

ဒါပေမယ့် သူမက ဝူရှူကျွင်းအတွက် စိတ်မကောင်းမဖြစ်မိသည့်အပြင် သူမရှေ့မှ အမျိုးသမီးကို ပို၍ပင် မုန်းတီးမိသည်။

အစပိုင်းမှာ မှားခဲ့တာက ကျုံးပင်ဆိုပေမယ့် သူမက ဒီလူကိုသာ နားလည်ခဲ့ပြီး သူမရဲ့အမုန်းတွေကို ချန်ရှင်းလန်အပေါ် လွှဲချကာ ချန်ရှင်းလန်၏ ဂရုစိုက်ကြင်နာမှုတွေကို ကွယ်ရာမှာဖောက်ပြန်ခြင်းနှင့် လက်စားချေခဲ့သည်။

ပြီးတော့ သူမသမီးသေဆုံးမှုက ကျုံးရှောက်နဲ့ ဘာဆိုင်လို့လဲ? ဒါပေမယ့် သူမက တော်ပါသည်။ သူမသမီးက ကျုံးရှောက်ကို သဘောကျခဲ့တာမလို့ ကျုံးရှောက်အဆင်ပြေနေတာတွေ့ရတော့ သူမက ဒီကိုလာပြီး စိတ်ဝမ်းကွဲအောင်လုပ်နေသည်။

တကယ်ကို မုန်းစရာကောင်းသည်!

ဒါကိုတွေးလိုက်ကာ လင်းဝေ့က ပြောလိုက်သည်။ "ကျွန်မက ဘာသဘောမှမဟုတ်ပါဘူး။ ဒီအတိုင်းပဲ အဆင်ပြေနေတဲ့ ဘဝကို ရထားတဲ့သူတွေက အရှက်မရှိတာမဟုတ်ရင် အခြားသူရဲ့ယောက်ျားကို စိတ်ဝင်စားမှာမဟုတ်ဘူး ဆိုပြီးတွေးမိလို့ပါ!"

ဝူရှူကျွင်းက သိသိသာသာစိတ်တိုသွားကာ ကျယ်လောင်စွာပြောလိုက်သည်။ "ကျုံးရှောက်ကို လက်ထပ်နိုင်တာနဲ့ပဲ မင်းအနိုင်ရသွားပြီလို့ ထင်နေတာလား? တို့ပြောပြမယ် ချန်ရှင်းလန်က တို့ကို ရှုံးခဲ့လို့သာမဟုတ်ရင် မင်းတို့က်ို ကလေးချင်းသဘောတူဖို့ တွေးမိမှာမဟုတ်ဘူး! သူ့အဖေကသာ ဒီလို စီစဉ်ထားတဲ့လက်ထပ်မှုကို နှောင့်ယှက်ခဲ့ရင် သူက မင်းကိုလက်ထပ်ခဲ့မှာမဟုတ်ဘူး!"

ဝူရှူကျွင်းက လင်းဝေ့ကိုကြည့်ကာ သနားသောလေသံနှင့်ပြောလိုက်သည်။ "မင်းဂုဏ်ယူနေတဲ့ လက်ထပ်မှုက သူတို့သားအမိရဲ့ ကျုံးပင်အပေါ် မကျေနပ်မှုအတွက် အသုံးချခံတစ်ခုပဲ။"

.......

ကျုံးပင်က မင်မင်နှင့်ရွေ့ရွေ့ကို တွေ့ချင်သည်ဆိုသောကြောင့် ကျုံးရှောက်က အိမ်ကို အရင်ဆုံးပြန်လာခဲ့သည်။

အိမ်ရောက်တော့ ကျုံးရှောက်က လင်းဝေ့ကို အရင်ရှာလိုက်သည်။ အောက်ထပ်တွင် ဘယ်သူမှမရှိတော့ သူက မီးဖိုခန်းကိုသွားကာ မေးလိုက်သည်။ "အမေ၊ လင်းဝေ့ ဘယ်သွားတာလဲ?"

"ပေ့ပေ့က ခုပဲနိုးလို့ နို့တိုက်ဖို့ အပေါ်တက်သွားတယ်။မင်းက မင်းအဖေနဲ့အတူ ညစာသွားမစားဘူးလား?"

အမေလင်းက ကျုံးရှောက် ညစာစားရန် ပြန်လာသည်ဟု ထင်သွားသည်။

ကျုံးရှောက်က ရှင်းပြလိုက်သည်။ "သူက မင်မင်နဲ့ ရွေ့ရွေ့ကို တွေ့ချင်တယ်ဆိုလို့ သူတို့ကို ပြန်လာခေါ်တာပါ။"

အမေလင်းက မေးလိုက်သည်။ "မင်မင်နဲ့ ရွေ့ရွေ့ကို ခေါ်သွားမှာလား?"

"ညစာ သွားစားရုံပဲ ပြီးတော့ အနာဂတ်မှာ ဘယ်တော့ပြန်တွေ့ရမလဲ မသိဘူးလေ။"

အမေလင်းက သူမမြေးတွေ ကျုံးပင်နှင့် သွားတွေ့မည်ကို မလိုလားပေ။ ကျုံးရှောက်က သူနှင့်သွားတွေ့မည်ကိုပင် သူမက သဘောမကျပေ။ သူမသမီးပြောပုံအရဆိုရင် ကျုံးပင်ရဲ့ဇနီးက တကယ်မကောင်းဘူး ဆိုပေမယ့် သူက ကျုံးရှောက်၏ အဖေဖြစ်နေသည်။

ကျုံးရှောက် ပြောစကားအရ သူက အနာဂတ်တွင် သွားတွေ့ရန် မစီစဉ်ထားဟူသည့် ပုံစံဖြစ်နေသောကြောင့် သူမက ခေါင်းငြိမ့်လိုက်သည်။ "ဒါဆိုလည်း သွားပါ အိမ်တော့ စောစောပြန်လာပါ။"

ကျုံးရှောက်က ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။

"ကျွန်တော် အပေါ်မှာ ဝေ့ဝေ့ကို အရင်သွားတွေ့ဦးမယ်။"

ပြောပြီးသည်နှင့် သူက မီးဖိုခန်းမှထွက်ကာ အပေါ်သို့တက်ခဲ့သည်။

အိပ်ခန်းတံခါးက ပိတ်ထားသည် ဆိုပေမယ့် သော့မခတ်ထားပေ။ ကျုံးရှောက်က အခန်းတံခါးကိို တွန်းကာ အခန်းထဲ ဝင်သွားလိုက်သည်။ လင်းဝေ့က ခုတင်ပေါ်တွင် ကလေးနှင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမက အသံကြားတော့ အနည်းငယ် စောင်းကြည့်လိုက်ပေမယ့် လှည့်မကြည့်သလို စကားလည်းမပြောပါ။

အပြုအမူတစ်ခုထဲနှင့် တစ်ခုခုမှားနေပြီဟု ကျုံးရှောက်က တစ်ခုခုမှားနေပြီဟု သိသွားကာ သူမထံသွားပြီး သူမကိုဖက်လိုက်ကာ မေးလိုက်သည်။ "မင်း ကလေးကို နို့တိုက်နေတာလား?"

"ဟုတ်တယ်" လင်းဝေ့က စိတ်မပါစွာ ဖြေလိုက်သည်။

ကျုံးရှောက် ခုတင်ဘေးကို သွားလိုက်တော့ သူမက မျက်လွှာချကာ ဘာမှမဖြစ်သည့်ပုံစံနှင့် သူမလက်ထဲမှ ကလေးကို ကြည့်နေသည်။ ဒါပေမယ့် သူမသာ အဆင်ပြေတယ်ဆိုရင် ကလေးကို အာရုံစိုက်နေမည့်အစား သူ့ကို ပြုံးပြမည်ဖြစ်သည်။

ကျုံးရှောက်က ထိုင်လိုက်ပြီး အသံနိမ့်နိမ့်နှင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?ဘယ်သူက မင်းကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ?"

လင်းဝေ့က မျက်လုံးပင့်ကာ သူ့ကို အေးစက်စက်ကြည့်လိုက်ပြီး သူ့ကို ကျောပေးလ်ိုက်ပြန်သည်။

ကျုံးရှောက် မျက်မှောင်ကြုတ်ပြီး လက်တစ်ဖက်နှင့် ခုတင်ကိုထောက်ကာ နောက်တစ်ဖက်နှင့် သူမပုခုံးကိုကိုင်ပြီး မေးလိုက်သည်။ "က်ိုယ် မင်းကို စိတ်ဆိုးအောင်လုပ်မိတာလား?"

လင်းဝေ့က ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုယ် မင်းကို စိတ်ဆိုးအောင် ဘာလုပ်မိလို့လဲ?"

ကျုံးရှောက်က ဒီရက်များတွင် သူဘာလုပ်ခဲ့သည်ကို စဉ်းစားပြီး မေးလိုက်သည်။

သူ မနေ့ညက အိမ်ပြန်မလာခဲ့သလို မနေ့က မနက်က အိမ်မှထွက်သွားချိန်ကလည်း လင်းဝေ့က မနိုးသေးသည့်အတွက် သူတို့နှစ်ယောက် စကားမပြောခဲ့ပေ။ သူတို့က လွန်ခဲတဲ့ညကတော့ စကားအကြာကြီး ပြောခဲ့ပေမယ့် အဆင်ပြေနေခဲ့တာမလို့ သူ့မိန်းမ စိတ်ဆိုးအောင် မလုပ်မိနိုင်ပါ။

ကျုံးရှောက်က ဘယ်လိုပဲစဉ်းစားစဉ်းစား လင်းဝေ့စိတ်ဆ်ိုးအောင် ဘယ်လိုလုပ်ခဲ့မိသည်ဆိုတာ စဉ်းစားမရပေ။

ဒါပေမယ့် တစ်နှစ်ကျော် အတူနေလာပြီးချိန်မှာ သူ့မိန်းမ ဘာကိုပဲစိတ်ဆ်ိုးဆိုး သူကအရင် အမှားဝန်ခံမှအဆင်ပြေမည်။ ဒါကြောင့် သူက ပြောလိုက်သည်။ "ကိုယ် မှားသွားပါတယ်။"

ပုံမှန်ဆိုလျှင် ပြဿနာက မကြီးဘူးဆိုပေမယ့် ကျုံးရှောက်က အမှားဝန်ခံလျှင် လင်းဝေ့က "ရှင် ဘာဖြစ်နေတာလဲ" ဟုမေးမည်ဖြစ်ပြီး သူမက ဒီအကြောင်းကို ပြောရန်လုပ်လိမ့်မည်။ တကယ်လို့ မှန်နေတယ်ဆိုရင် သူမအမူအရာက သိပ်မပြောင်းဘဲ မှားတယ်ဆိုရင်တော့ သူမက"ရှင် ဘာမှားတယ်ဆိုတာ မသိဘဲ ဘာလို့ဝန်ခံနေတာလဲ" ဟုမေးလိမ့်မည်။

ထိုအခါ သူက စကားလမ်းကြောင်းပြောင်း၍ ပြောလိုက်ပြီး လမ်းကြောင်းမှန်အပေါ် ရောက်သည်ဖြစ်စေ၊ သူမ စိတ်တိုအောင် လုပ်မိသည်ဖြစ်စေ၊ သူမှားသည့်အရာကို သိအောင်ဖြစ်စေ လုပ်လေ့ရှိသည်။ နောက်တစ်ဆင့်အနေနှင့် သူက ပြဿနာကို အာရုံစိုက်ပြီး အမှားကိုဝန်ခံခြင်းဖြင့် လင်းဝေ့ စိတ်ပြေအောင် လုပ်နိုင်ခဲ့သည်။

All Chapters