← Chapters

Chapter 178

Vol. 14 Ch. 178

Chapter 178

Vol. 14 Ch. 178

ကျုံးရှောက်က ပြဿနာကြီးနှင့်တော့ တစ်ခါမှ မကြုံဖူးပေ။ ပြီးတော့ လင်းဝေ့၏ အမူအရာကိုလည်းမသိပေ။

ဒါပေမယ့် ယခု သူသိသွားပြီ။

လင်းဝေ့က သူ့သမီးကိုသာ တိတ်ဆိတ်စွာ ကြည့်နေပြီး ကလေးအိပ်ပျော်သွားချိန်တွင် သူမကိုအိပ်ယာပေါ်တင်ကာ အံဆွဲထဲမှ လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး ကျုံးရှောက်ကို ကျောခိုင်းကာ သုတ်လိုက်သည်။

သန့်ရှင်းအောင် သုတ်လိုက်ပြီး ကြယ်သီးတစ်လုံးချင်းတပ်ကာ သူမသမီးကို အဝတ်သေချာဝတ်ပေးလိုက်ပြီး ဖိနပ်စီးကာ ထွက်သွားတော့သည်။

သူမက တံခါးဖွင့်ရန် လုပ်နေတာမြင်တော့ ကျုံးရှောက်က အမြန်ပြေးသွားကာ သူမလက်ကိုကိုင်ပြီး ဖက်လိုက်သည်။"စကားကောင်းကောင်း ပြောကြရအောင် ဝေ့ဝေ့"

သူစကားပြောပြီးသည့်နောက် လင်းဝေ့မျက်နှာမှ မျက်ရည်စက်များ တစ်စက်ပြီးတစ်စက် ကျလာတာ တွေ့လိုက်ရသည်။ မကြာခင်မှာပင် သူမမျက်နှာတစ်ခုလုံး မျက်ရည်များပြည့်သွားသည်။

လင်းဝေ့က င်ိုရတာ မကြိုက်ပေ။ သူမကိုယ်ဝန်ရှိနေတာ သိခါစနှင့် သူမသေလုနီးပါးဖြစ်သွားချိန်မှလွဲ၍ ကျန်သောအချိန်များတွင် ငိုခဲသည်။

ဒါကြောင့် ကျုံးရှောက်က သူမမျက်ရည်တွေကို တွေ့တော့ ချက်ချင်းထိတ်လန့်သွားသည်။ သူက အပြစ်ဝန်ခံကာ သူမကို ဘာဖြစ်ခဲ့သည်ဆိုတာ တောင်းတောင်းပန်ပန်နှင့် မေးလိုက်သည်။

သူ တောင်းပန်နေတော့ လင်းဝေ့က မေးလိုက်သည်။"ရှင် ဘာလို့ ကျွန်မနဲ့လက်ထပ်ခဲ့တာလဲ?"

ကျုံးရှောက်က လင်းဝေ့ ဘာလို့ ရုတ်တရက် ဒီအကြောင်းသိချင်သွားသည်ကို နားမလည်နိုင်ဖြစ်ကာ ကြောင်အမ်းအမ်းဖြစ်သွားသည်။

သူ တ်ိတ်ဆိတ်နေတာတွေ့တော့ လင်းဝေ့က မျက်လုံးပင့်ကာ သူ့ကိုကြည့်လိုက်သည်။ "ပြောလေ!"

သူက စဉ်းစားမရ ဖြစ်နေပေမယ့် လင်းဝေ့က အဖြေရမှ စိတ်ပြေမည်ကို သိသည်။ သူက ခဏစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကိုယ် မင်းကို သဘောကျလို့လေ။"

သူတို့ ငယ်ရွယ်စဉ်က တွေ့ရန်အခွင့်အရေးရခဲ့ချ်ိန်က သူမကို ချစ်သွားနိုင်သည်အထိ မဟုတ်ခဲ့ပေမယ့် သူမအပေါ် အမြင်ကောင်းရှိခဲ့သည် မဟုတ်ဘူးဆိုရင် သူက သူမကိုစိတ်ပျက်ကာ နောက်ထပ်တွေ့ရန် မျှော်လင့်ထားတော့မည် မဟုတ်ပေ။

နောက်ပိုင်းမှာ သူ့အမေက သူတို့နှစ်ယောက်ကြားက ကလေးချင်း သဘောတူထားတာကိုပြောတော့ အစပိုင်းမှာသူက အဓ်ိပ္ပါယ်မရှိဘူးဟု ထင်မိပေမယ့် လင်းဝေ့၏ ပုံကို မြင်ပြီးချိန်မှာတော့ အဓိပ္ပါယ်မရှိသည့်အရာက ကံကြမ္မာဖြစ်လာသည်။

သူမက အမြဲ သူ့ရင်ထဲတွင်နေရာယူထားခဲ့သည်။

သူတို့သာ ပြန်မတွေ့နိုင်ခဲ့လျှင် ထူးခြားသည့်သူအနေနှင့် အရောင်မှေးမှိန်သွားနိုင်ပေမယ့် ပြန်တွေ့ချိန်မှာတော့ အချစ်မျိုးစေ့လေးများ ဖြစ်ပေါ်လာသည်။

ထိုအချိန်ကသူက သူမကို သဘောကျမကျ မသေချာပေမယ့် သူက သူ့ရှေ့မှမိန်းကလေးနှင့် မလွဲချော်လိုသည့်အတွက် ထိုနေ့မှာပဲ သူမကို လက်ထပ်ခွင့်တောင်းခဲ့သည်။

ထိုနှစ်များမှ ယခုအချိန်အထိ ကျုံးရှောက်က သူလုပ်ခဲ့သည့်အရာအတွက် ဂုဏ်ယူနေသည်။ သူသာ ထိုအချိန်က ခံစားချက်ထုတ်မပြဘဲ သူတို့ဆက်ဆံရေးက်ို အတည်မပြုခဲ့လျှင် ယခုအချိန်တွင် သူတို့ အတူရှိနိုင်ပါ့မလား မသေချာပေ။

လင်းဝေ့က ကျုံးရှောက်ကို ယုံကြည်ပေမယ့် သူ့ကိုတွန်းပြီး ပြောလိုက်သည်။ "လူလိမ်!ရှင် ကျွန်မကို လက်ထပ်ခဲ့တာက သေချာပေါက် ကလေးချင်းသဘောတူထားတာကြောင့် ဖြစ်ပြီး ဒီစီစဉ်ပြီးသားလက်ထပ်ပွဲနဲ့ ရှင့်အဖေကို စိတ်ဆိုးအောင်လုပ်ခဲ့တာပဲ!"

ကျုံးရှောက်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်းကို ဘယ်သူက ဒီစကားတွေပြောလိုက်တာလဲ?"

"ဘယ်သူပြောတယ်ဆိုတာက အကြောင်းမဟုတ်ဘူး ဒါက အမှန်ဟုတ်မဟုတ်ပဲ ပြောပါ။"

"သေချာပေါက် မဟုတ်ဘူး!" ကျုံးရှောက်က တည့်တိုးငြင်းလိုက်ပြီး မျက်နှာတည်တည်နှင့် ပြောလိုက်သည်။ "ကိုယ့်ဘဝတစ်ခုလုံးကို သူများကို စိတ်ဆိုးအောင်လုပ်ပြီး မကုန်ဆုံးနိုင်ဘူး"

လင်းဝေ့က တွေဝေနေသည့်အမူအရာနှင့် နှုတ်ခမ်းကိုက်ကာ သူ ပြောသည့်အမှန်တရားကို စဉ်းစားနေသည်။

ကျုံးရှောက်က သူမရှေ့လျှောက်သွားကာ သူမပုခုံးပေါ်လက်တင်လိုက်ပြီ ငုံ့ကြည့်ကာပြောလိုက်သည်။

"ဝေ့ဝေ့ မင်းကို ဘယ်သူက ဘာတွေပြောလိုက်လဲတော့ ကိုယ်မသိဘူး ဒါပေမယ့် ကိုယ်ပြောနိုင်တယ်။ ကိုယ် မင်းကို လက်ထပ်ခဲ့တာက မင်းကို သဘောကျလို့ဖြစ်ပြီး ကိုယ် မင်းကို အဆုံးရှုံးမခံချင်လို့ မင်းနဲ့အတူဘဝကို ဖြတ်သန်းချင်လို့ အခြားဘာအကြောင်းပြချက်မှမရှိဘူး ဆိုတာ ကိုယ်ကျိန်ရဲတယ်။"

ကျုံးရှောက် လက်မြှောက်လိုက်သည်။ "မဟုတ်မမှန်ခဲ့ရင် သေရပါစေ!"

"ဘယ်သူက ရှင့်ကို လက်လွတ်စပယ် ကျိန်ခိုင်းလို့လဲ!"လင်းဝေ့က သူ့ပါးစပ်ကို သူမလက်နှင့် အမြန်ပိတ်လိုက်သည်။ "ဒီလို ကျိန်တာကို ထည့်မတွေးဘူးလို့ မြန်မြန်ပြောလိုက်"

ကျုံးရှောက်က သူမစကားကို နားမထောင်ဘဲ သူမလက်ကိုယူကာ ပြောလိုက်သည်။ "မပူပါနဲ့ ကိုယ်အဆင်ပြေပါတယ်။ အခု ကိုယ့်ကို ယုံပြီလား?"

လင်းဝေ့က သူမလက်ကို ပြန်ယူလိုက်ကာ နှုတ်ခမ်းကိုစေ့လိုက်သည်။ "ကျွန်မ ယုံပါတယ်။"

"ဒါဆို ကိုယ့်ကို စိတ်မဆိုးတော့ဘူးမလား?" ကျုံးရှောက်က သူမကို ပြုံးပြီးကြည့်လိုက်သည်။

လင်းဝေ့က ခေါင်းငြိမ့်လိုက်သည်။ "ရှင် ကျွန်မကို စိတ်မဆိုးစေချင်ဘူးဆိုရင် ရှင်နဲ့ အဲ့ဒီညီမလေးနဲ့ အကြောင်းကို အရင်ရှင်းပြရမယ်။"

"ဘယ် ညီမလေးလဲ?"ကျုံးရှောက်က မျက်မှောင်ကြုတ်လိုက်ပြန်သည်။

"အိမ်မှာနေပြီး ဂရုစိုက်ဖို့လိုတဲ့ သနားစရာဆိုးသွမ်းတဲ့ ညီမလေးကလွဲရင် ရှင့်မှာ ဘယ်ညီမလေးရှိသေးတာလဲ?"

ကျုံးရှောက်က မေးလိုက်သည်။ "မင်း ရန်ချင် ကိုပြောတာလား?"

လင်းဝေ့က အေးစက်စက်နှင့် ခေါင်းငြိမ့်လိုက်သည်။ "ဒါဆို ရှင့်မိထွေးပြောတာ အမှန်တွေပေါ့"

လင်းဝေ့က သူက သူ့အဖေကို စိတ်ဆိုးအောင် ဒီစီစဉ်ထားတဲ့ လက်ထပ်ပွဲကို အသုံးချခဲ့တယ်လို့ပြောတော့ ကျုံးပင်နှင့် ဝူရှူကျွင်းက သူမကိုတစ်ခုခုပြောထားသည်ဆိုတာ ခန့်မှန်းမိတာမလို့ သူမက ဝူရှူကျွင်းနာမည်ထုတ်ပြောတော့ မအံ့သြတော့ဘဲ မေးလိုက်သည်။ "သူမက ဘာဖြစ်ခဲ့တယ်ပြောလို့လဲ?"

"ရှင် ဘာလို့ မေးတာလဲ?"

"မင်းကို မေးပြီးရင် ကိုယ်ပြောပြမယ်" ကျုံးရှောက်က သူမကို ကြည့်ပြီးပြောလိုက်သည်။ "ဝေ့ဝေ့ ကိုယ်တို့ကြားမှာ ဘယ်လိုနားလည်မှုလွဲတာမျိုးမှ မလိုချင်ဘူး"

လင်းဝေ့က သူမခေါင်းကိုလှည့်ကာ မျက်ရည်သုတ်လိုက်သည်။ "ရှင့်အဖေနဲ့ တွေ့ဖို့ပြောထားတယ်မလား?အမြန်မလိုဘူးလား?"

ကျုံးရှောက်က မတွေဝေပေ။"သူက မင်းလောက် အရေးမကြီးပါဘူး။"

လင်းဝေ့က ကျုံးရှောက်နှင့် ရန်ဖြစ်သည်ဆိုတာက ဝူရှူကျွင်းစကားကို ယုံကြည်၍မဟုတ်ဘဲ ကျုံးရှောက်စကားကို ကြားချင်၍ ဖြစ်သည်။

ကျုံးပင်က ဘယ်လိုလူဖြစ်ဖြစ် သူက ကျုံးရှောက်အဖေဖြစ်သည်ဟု သူမ ခံယူထားပြီး သူက ကျုံးရှောက်ကို ပျိုးထောင်ခဲ့တာမလို့ သူတို့ဆက်ဆံရေးကို ဖြတ်တောက်ဖို့ဆိုတာ မဖြစ်နိုင်တာမလို့ ကျုံးရှောက်ကို ဆုံးဖြတ်ချက်ချရန် သူမက ဘယ်တုန်းကမှ မတိုက်တွန်းခဲ့ပေ။

ဒါပေမယ့် အခုပြသနာက သူတို့က ကျုံးပင်နှင့် အနာဂတ်တွင် မပတ်သက်ချင်လျှင်တောင် ကျုံးပင်၏ လက်ရှိဇနီးက ကျုံးရှောက်ကို အလွတ်မပေးချင်တာ သေချာသည်။

ဒီတစ်ခါမှာ ဝူရှုကျွင်းက သူမနှင့်ကျုံးရှောက်ကြားမှ ဆက်ဆံရေးကို နှောင့်ယှက်လိုခြင်းဖြစ်သည်။ သူမက ကျုံးရှောက်ကို ယုံကြည်သည့်အတွက် အဆင်ပြေသည်။ ဒါပေမယ့် တစ်ကြိမ်နှင့် အလုပ်မဖြစ်လျှင် နောက်တစ်ကြိမ် ရှ်ိလာနိုင်သည်။ ဝူရှူကျွင်းက ဘာလုပ်နိုင်တယ်ဆိုတာ ဘယ်သူမှမသိပေ။

ဝူရှူကျွင်းက သူမနှင့် ကျုံးရှောက်ကို ပစ်မှတ်ထားမည်ကို သူမက စိတ်မပူပေမယ့် သူမတွင် ကလေးသုံးယောက်ရှိသည့်အတွက် သူ့တို့ကို အန္တရာယ်အဖြစ်မခံနိုင်ပေ။

ဒါကြောင့် သူမက ဒီကိစ္စနှင့် ကျုံးရှောက်ကို ပြဿနာရှာပြီး သူ့ကို ဝူရှူကျွင်းနှင့် ကျုံးပင်ကို သွားရှာရန် လုပ်ခြင်းဖြစ်သည်။

အကောင်းဆုံးကတော့ ကျုံးပင်က သူတို့သားအဖဆက်ဆံရေးကို စဉ်းစားတဲ့အနေနဲ့ ဝူရှူကျွင်းနှင့် လမ်းခွဲလိုက်မှသာ ဝူရှူကျွင်းက အာဏာကို သုံးပြီး ကျုံးရှောက်ကို ပစ်မှတ်မထားနိုင်တော့မှာ ဖြစ်သည်။

ယခု ယားကျိုကျွန်းကိုလာသည့်အတိုင်း ကျုံးပင်လည်းမရှိဘူး၊ ကျုံးရှောက်ကလည်း သဘောမတူရင် ဝူရှူကျွင်းက စစ်တပ်ထောက် ပို့သင်္ဘောနှင့် လာနိုင်မှာမဟုတ်ဘဲ ယန်ချန်မှ ကျန်းမြို့သို့ ကားနှင့်လာကာ ကျန်းမြို့မှ လှေငှား၍ ရီချန်ကို လာပြီးတော့မှ ယားရှန်ကိုရောက်ရန် ကျွန်းအများကို ဖြတ်လာရမည်ဖြစ်သည်။

သူမက ဒီလို ခက်ခက်ခဲခဲနဲ့ ဆန်လင်းအခြေစိုက်စခန်းကို ရောက်လာရင်တောင် ကျုံးရှောက်က သူမကို မတွေ့ချင်လျှင် သူမက မိသားစုနယ်မြေကို ဝင်မရပေ။ ကျုံးပင်၏ ရာထူးကြောင့် ဝူရှူကျွင်းက လုပ်ပိုင်ခွင့်များရနေတာကြောင့် သူက အဲ့တာကို အားကိုးပြီး လင်းဝေ့ကို ဒီလိုစကားများ လာပြောရဲခြင်းဖြစ်သည်။

ပြီးတော့ ဒါကလည်း ကျုံးပင်က ဝူရှူကျွင်းကို ချစ်လို့ဖြစ်ပြီး သူမက ကျုံးရှောင်ကို ထိခိုက်အောင်လုပ်မည်မဟုတ်ဟု ထင်နေသောကြောင့် ဖြစ်သည်။ ဒါပေမယ့် တကယ်လို့ ကျုံးရှောက်က သူမနှင့်ကလေးများအတွက် ကျုံးပင်နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး ကြိုတင်ကာကွယ်ခဲ့လျှင် သူကအနာဂတ်တွင် ဒီကိစ္စကိုရှင်းရလိမ့်မည်။

ဆိုးတာကတော့ ကျုံးရှောက်က ကျုံးပင်နှင့် အဆက်အသွယ်ဖြတ်ရင်တောင် ကျုံးပင်က ဝူရှူကျွင်းအပေါ်စိတ်ယိုင်နေသည်။ ဒီလိုဆိုရင် သူတို့က အဝေးမှာနေမှသာ ဝူရှူကျွင်းက သာမှလုပ်ချင်ရင်တောင် ဘာမှမလုပ်နိုင်တော့မှာဖြစ်သည်။

ကျုံးရှောက်က စိတ်တိုပြီး ဝူရှူကျွင်းပြောခဲ့သည်များကို ပြန်သွားပြောရန် လင်းဝေ့က မျှော်လင့်နေသည်။

ကျုံးရှောက်က နားထောင်လေလေ စိတ်တိုလာလေလေ ဖြစ်သည်။

သူမရည်ရွယ်ချက် အောင်မြင်သွားတာမြင်တော့ လင်းဝေ့က ပြောလိုက်သည်။ "ရှင်းပြပါဦး"

ကျုံးရှောက်က ရှင်းပြလိုက်သည်။ "ကိုယ် ယန်ချင်ကို တကယ်ဂရုစိုက်ခဲ့တယ်.."

ဝူရှူကျွင်းပေါ်မလာခင်က သူတို့မိသားစုက ဂုဏ်သရေရှိမ်ိသားစုဖြစ်ပြီး ဇနီးမောင်နှံကလည်း လိုက်ဖက်ညီကြသလို အဖေက သားကိုဂရုစိုက်ပြီး သားကလည်းအဖေကိုသိတတ်ကာ ကျုံးရှောက်က ပျော်စရာကလေးဘဝကို ပိုင်ဆိုင်ခဲ့သည်။

ထိုအချိန်က ကျုံးပင်က လူတိုင်းအမြင်တွင် ခင်ပွန်းကောင်း ဖခင်ကောင်းအဖြစ် အသိအမှတ်ပြုခံရသည်။

ဒါကြောင့် ကျုံးပင်က ဝူရှူကျွင်းတို့ သားအမိက သူ့ရဲဘော်ရဲဘက်ရဲ့ မိသားစုလို့ပြောတာကို ချန်ရှင်းလန်ရော ကျုံးရှောက်ကပါ သံသယမဝင်ခဲ့ပေ။

ကျုံးပင်၏ ညွှန်ကြားချက်ကြောင့် ချန်ရှင်းလန်က ဝူရှူကျွင်းကို ဂရုစိုက်ခဲ့ပြီး ကျုံးရှောက်က စိတ်မရှည်ဘူးဆိုရင်တောင် ယန်ချင်ကို သည်းခံပြီး ဂရုစိုက်ခဲ့ပေမယ့် ဒါက အစပိုင်းအကြောင်းပြချက်ဖြစ်သည်။

နောက်ပိုင်းမှာတော့ ကျုံးရှောက်က ယန်ချင်ကို ဂရုစိုက်သည်မှာ သူ့အဖေ စိတ်ချမ်းသာရန်ဖြစ်သည်။

ဝူရှူကျွင်း ပေါ်လာပြီးနောက်မှာလည်း ကျုံးပင်နှင့်ချန်ရှင်းလန်က လူအများအမြင်မှာ လိုက်ဖက်တဲ့စုံတွဲဖြစ်နေပေမယ့် မကြာမကြာရန်ဖြစ်လာကြသည်။ ရန်ပွဲများ၏ အစကလည်း ကျုံးပင်မှစခြင်းဖြစ်သည်။

နှစ်အနည်းငယ်အတွင်းမှာ ကျုံးပင်ရဲ့အပြုအမူက ပိုပြီးဆိုးလာကာ ကိစ္စသေးသေးလေးကပင် သူ့ကိုဒေါသထွက်စေလာသည်။

ယန်ချင် အိမ်မှာရှိနေလျှင် ကျုံးပင်၏ ဒေါသလျော့နေသည်ကို ကျုံးရှောက်က သတိထားမိသည်။ သူက ယန်ချင်ကို ဂရုစိုက်ပေးတာ ဒါမှမဟုတ် အိမ်စာကူလုပ်ပေးတာ၊ သူမကိုပျော်အောင်လုပ်ပေးတာဆိုရင် ကျုံးပင်ကပြုံးနေသည်။

ထိုအခါ သူ့အမေကလည်း ပြုံးနေသည်။

ဒါကို နားလည်သွားတော့ ကျုံးရှောက်က ယန်ချင်ကို မကြာခဏ အိမ်ခေါ်ခဲ့သည်။

ကျုံးရှောက်က ပြောလိုက်သည်။ "ကိုယ်က အဲ့ဒီတုန်းက အရမ်းတုံးခဲ့တာ။ သူ့ကို ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းကို တွေ့ပြီလို့ ထင်ခဲ့တာ။ အိမ်မှာပျော်နေတာကို တွေ့တဲ့အချိန်တိုင်း ကိုယ်က ကျေနပ်နေခဲ့တာ။"

ထိုအချိန်က သူ့အဖေ ယန်ချင်ကို သဘောကျတာက သူ့ရဲ့ကွယ်လွန်သွားတဲ့ ရဲဘော်ရဲဘက်ကြောင့်ဟု သူ ထင်ခဲ့သည်။ ဒါပေမယ့် မကြာခင်မှာပဲ သူ့အဖေက ယန်ချင်ကို သူ့ရဲဘော်ရဲဘက်ရဲ့သမီးမလို့ သဘောကျတာမဟုတ်ဘူးဆိုတာ သူ သိလိုက်ရသည်။ သူက ဝူရှုကျွင်းကို ချစ်လို့ဆိုတာ သေချာသည်။

လင်းဝေ့က ကျုံးရှောက်ကို ဖက်လိုက်ချင်ပေမယ့် သူမက သည်းခံကာ ဆက်မေးလိုက်သည်။ "ဒါဆို ဘာလို့ ဝူရှုကျွင်းက သူတို့ကိုစိတ်တိုအောင် ရှင်က ကျွန်မကို လက်ထပ်ခဲ့တယ်လို့ပြောရတာလဲ?"

"ကိုယ် မသိဘူး" ကျုံးရှောက် ခေါင်းခါလိုက်သည်။ "ဒါပေမယ့် အဲ့ဒီတုန်းက တစ်ခုခုဖြစ်သွားခဲ့တယ်။"

ချန်ရှင်းလန်နှင့် ကျုံးပင် ကွာရှင်းပြီးတော့ သူတို့က ကျုံးရှောက်ကို သူမနှင့်အတူမနေစေချင်ပေ။ ဒါက သားမလိုချင်တာကြောင့် မဟုတ်ရင် ဒါကပြဿနာဖြစ်လိမ့်မည်။ ကျုံးပင်မှာ ပိုကောင်းသည့် အစီအစဉ်ရှိသည်။

ရှီးချန်ကို မပြန်ခင်က သူမလုပ်နေသည်မှာ ဂိုဒေါင်စီမံခန့်ခွဲရေးဖြစ်ပြီး ရှီးချန်ကို ပြန်ရောက်ချိန်မှာလည်း ထိုအလုပ်ပင်ဖြစ်သည်။ အခြားတစ်ဖက်မှာတော့ ကျုံးပင်က စစ်တပ်၏ အကြံပေးဖြစ်သည်။ ကျုံးရှောက်သာ သူ့နောက်လိုက်ခဲ့လျှင် သူ့အနာဂတ်က အဆင်ပြေချောမွေ့မည်ဖြစ်သည်။

ဒီအတွေးနှင့် ကျုံးရှောက်က ရှီးချန်ကိုရောက်ခဲ့ရင်တောင် ချန်ရှင်းလန်က ကွာရှင်းရခြင်း အမှန်တရားကို သူ့ကိုမပြောဘဲ သူ့အဖေနှင့်အဆက်အသွယ်မပြတ်စေရန် မကြာခဏပြောသည်။

ပြီးတော့ ကျုံးရှောက်က ကွာရှင်းပြီးသည်နှင့် သူ့အဖေက ဝူရှူကျွင်းနှင့်လက်ထပ်လိုက်သည်က မြန်လွန်းသည်ကို လက်မခံနိုင်တာကြောင့် သူတို့သားအဖဆက်ဆံရေးက အေးစက်သွားပြီး သူက မြို့ကိုဒီနှစ်များတွင် ပြန်မလာဖြစ်ခဲ့ဘူးဆိုပေမယ့် သူနှင့်ကျုံးပင် ဆက်ဆံရေးက ယခုကဲ့သို့တော့မဟုတ်ပေ။

ဒါကြောင့် သူ ခွင့်တစ်လရသည့်အချ်ိန်တွင် ကျုံးပင်က သူ့ကို မြို့ပြန်လာရန်ခေါ်ခဲ့သည်။ ဒါပေမယ့် ပြန်ရောက်ပြီး ရက်အနည်းငယ်ကြာတော့ ကျုံးပင်နှင့် ဝူရှူကျွင်းက ယန်ချင်နှင့် လက်ထပ်စေချင်သည့် ရည်ရွယ်ချက်ကို ဖော်ပြလာခဲ့သည်။

"ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ။ သူက နောက်မိန်းမတစ်ယောက်ကို လက်ထပ်ခဲ့တာနဲ့တင် မလုံလောက်ဘူး။ အဲ့ဒီမိန်းမရဲ့ သမီးကိုပါ ကိုယ်နဲ့လက်ထပ်စေချင်တယ်။"

ချန်ရှင်းလန်က မပြောပြပေမယ့် ကျုံးရှောက်က မတုံးအပေ။ ထိုအခါ သူ ကိစ္စအားလုံးကို သိသွားကာ ဒီလိုစီစဉ်မှုကို လက်မခံနိုင်ခဲ့ပေ။ အဲ့ဒီညမှာ သူကအထုပ်အပိုးယူကာ ရှီးချန်သို့ထွက်လာခဲ့သည်။

လင်းဝေ့က အချ်ိန်ကို တွက်ကာ မေးလိုက်သည်။ "အဒေါ်လန်က ဒါကို သ်ိလား?"

ကျုံးရှောက်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "ကိုယ် ရှီးချန်ကိုပြန်ရောက်တော့ သူက အမေ့ကိုဆက်သွယ်ပြီး ကိုယ့်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်။ ကိုယ့်အမေက တစ်ခုခုမှားနေတယ်ဆိုတာ သိလိုက်ပြီး ကိုယ့်ကိုမေးခဲ့တာမလို့ ကိုယ်က အားလုံးပြောပြခဲ့တယ်။"

"ဒါကြောင့် အဒေါ်လန်က စိတ်ဆိုးပြီး ကျွန်မတို့ကို ကလေးချင်းသဘောတူဖို့ တွေးခဲ့တာလား?" လင်းဝေ့က ခန့်မှန်းလိုက်သည်။

ကျုံးရှောက်က ပြောလိုက်သည်။ "ကိုယ့်အမေက အစကတော့ တကယ်ကို စ်ိတ်ဆိုးခဲ့ပါတယ်။"

ကျုံးပင်နှင့် ချန်ရှင်းလန် ကွာရှင်းခဲ့တာနှစ်တွေကြာပြီဆိုပေမယ့် အတိတ်က သူမကို ရင်နာစေသည်။ ဒါကြောင့် ကျုံးပင်က သူမသားကို ဝူရှူကျွင်းသမီးနှင့် လက်ထပ်ပေးချင်တာကို သိလိုက်တော့ သူမက သူမသူငယ်ချင်းနှင့် အတိတ်က နောက်ပြောင်ပြောခဲ့သည်ကို သတိရသွားသည်။

လင်းဝေ့က မေးလိုက်သည်။ "ဒါဆို နောက်ပိုင်း သူမက စိတ်ပြောင်းခဲ့သေးလား?"

"က်ိုယ့်မိဘတွေ အိမ်ထောင်ရေးမတည်မြဲရတဲ့ အဓိကအကြောင်းအရင်းက စီစဉ်ပြီးသားလက်ထပ်မှုကြောင့် မဟုတ်ဘဲ ကိုယ့်အဖေရဲ့ သတ္တိကြောင်မှုကြောင့်ပဲ။"

ကျူံးရှောက်က လင်းဝေ့၏ လက်ကို ကိုင်ပြီးပြောလ်ိုက်သည်။ "ကိုယ်က သူ မဟုတ်လို့ သူ့လို ဘယ်တော့မှ မဖြစ်စေရဘူး"

ကျုံးရှောက်ရဲ့ စကားတွေက ချန်ရှင်းလန်အပေါ် သက်ရောက်တာမလို့ သူမက သူမသူငယ်ချင်းနှင့် လူချင်းတွေ့ရန် ပြောလိုက်ပြီး သူမက လင်းဝေ့ကို တကယ်သဘောကျတာမလို့ လင်းဝေ့ရဲ့ပုံကိုယူကာ သူမသားကို ပြလိုက်ပြီး ကိုယ်တိုင်ရွေးချယ်ခိုင်းခြင်းဖြစ်သည်။

ပြီးတော့ ကျုံးရှောက်၏ ရွေးချယ်မှုက ယခုမြင်သည့်အတိုင်းပင် ဖြစ်သည်!

All Chapters