← Chapters

Chapter 179

Vol. 14 Ch. 179

Chapter 179

Vol. 14 Ch. 179

အမေလင်းက စားပွဲပေါ်တွင် ဟင်းပွဲများတင်နေစဉ် သူမဘေးတွင် ဖြတ်သွားသောပုံရိပ်ကို ကြည့်ကာ သူ့သမီးကို မေးလိုက်သည်

"အခု အပြင်ထွက်သွားတာက ကျုံးရှောက်လား?"

"သူပါ"

လင်းဝေ့က သူမက အိပ်ပျော်နေသော ကလေးကို ဧည့်ခန်းမှ ပုခက်ထဲထည့်ကာ ပုခက်ကို အပြင်ထုတ်လာခဲ့ကာ မှန်ကြောင်း ဟုပြောလိုက်သည်။ ဒါမှသာ သူမက အစာစားချိန်နောက်မကျဘဲ ကလေးကို ထိန်းနိုင်မည်ဖြစ်သည်။

"အခု ဘယ်အချိန်လဲ? ဘာလို့ သူ အပြင်ထွက်သွားတာလဲ?"အမေလင်းက မေးလိုက်သည်။

လင်းဝေ့က ပြောလိုက်သည်။ "ခုနစ်နာရီ တောင်မတီးသေးပါဘူး။"

အမေလင်းက အချ်ိန်ကိုဂရုမစိုက်နေတာ မဟုတ်ပေ။ ဒုတိယ ပြောလိုက်သောစကားကို ဂရုစိုက်နေခြင်း ဖြစ်သည်။

"ခုနစ်နာရီ တောင်မတီးသေးတာ ငါသိတာပေါ့။ ဘာလို့ သူက အခုမှအပြင်ထွက်သွားတာလဲ လို့မေးတာ?"

"ကျွန်မ အခုပဲ သူနဲ့စကားပြောခဲ့လို့ပါ။"

လင်းဝေ့က ထိုသို့ပြောကာ ခေါင်းလှည့်လိုက်သည်။ အမေလင်းက သူမ၏ နီရဲနေသောမျက်လုံးများကို မီးဖိုခန်းသို့ ဟင်းပွဲများယူရန်သွားစဉ် မြင်လိုက်သည်။ " ဘာအကြောင်း ပြောခဲ့တာလဲ? အခု ငိုထားတာလား?"

"ကျွန်မ ခဏငိုခဲ့တာပါ ဒါပေမယ့် ကိစ္စကြီးမဟုတ်ပါဘူး စိတ်မပူပါနဲ့။" လင်းဝေ့က တည်ငြိမ်စွာပြောလိုက်သည်။

ဒါက ပြဿနာကြီးဆိုလျှင် သူမသမီးက သူမကိုပြောလိမ့်မည် မဟုတ်သည့်အတွက် အမေလင်းက ဘာပြသနာဆိုတာ သိချင်နေသည်။ ဒါပေမယ့် သူမသမီးရဲ့ အမူအရာက တိတ်ဆိတ်နေတော့ သူမက သူမမေးလို့မရဘူးဆိုတာ ၈၀ ရာခိုင်နှုန်းလောက် သေချာနေတော့ သူမက ပြောလိုက်သည်။

"လက်ဆေးပြီး ထမင်းစားဖို့ပြင်တော့"

"ကျွန်မ မင်မင် နဲ့ ရွေ့ရွေ့ ကိုခေါ်လိုက်မယ်။"

အမေလင်းက သ်ိချင်စိတ်နှင့် မေးလိုက်သည်။ "ကျုံးရှောက်က သူတို့ကို ကျုံးပင်နဲ့အတူ ညစာစားဖို့ ခေါ်မသွားဘူးလား?"

"ခေါ်မသွားဘူး၊သူ တစ်ယောက်ထဲ သွားတာပါ။"

လင်းဝေ့က စကားပြောပြီးသည်နှင့် အနောက်ကို ထွက်သွားတော့ အမေလင်းက နေရာတွင်ရပ်နေကာ တီးတိုးရေရွတ်လိုက်သည်။

"ကျုံးရှောက်က ပြန်လာတော့ မင်မင်နဲ့ ရွေ့ရွေ့ကို ခေါ်သွားမယ် ပြောခဲ့ပြီး ဘာလို့အခု ခေါ်မသွားတာလဲ?"

အပြောင်းအလဲ မြန်လိုက်တာ။

အစားအသောက် စားကြမည့်နေရာက ဝူရှူကျွင်းနှင့်ကျုံးပင် နေသော တည်းခိုခန်း ဖြစ်သည်။

တည်းခိုးခန်းက အဟောင်းတော့ မဟုတ်ပေ။ စုစုပေါင်း နှစ်လွှာရှိကာ ပထမထပ်တွင် အခန်းများပါသောတန်းလျားနှစ်ခု ရှိပြီး အလယ်တွင် လမ်းတစ်ခုရှိသည်။

ပုံမှန်အခန်း၊ တစ်ယောက်ခန်းနှင့် အထူးခန်းဆိုပြီးရှိသည်။ အထူးခန်းဟု ဆိုပေမယ့် တကယ်တော့ အခန်းနှစ်ခုကို ပေါင်းထားခြင်းဖြစ်ကာ တစ်ခန်းက အိပ်ခန်းဖြစ်ပြီး နောက်တစ်ခန်းက ထမင်းစားခန်းနှင့် ဧည့်တွေ့ခန်း ဖြစ်သည်။ အထူးခန်း အများကြီးမရှိပေ။ တစ်အိမ်လုံးတွင် နှစ်ခန်းသာရှိပြီး ပုံမှန်လူများအတွက် မသင့်တော်ပေ။ ရာထူးအလိုက် စျေးက ပိုကြီးသွားသည်။

ကျုံးပင်က ပုဂ္ဂိုလ်ရေးကိစ္စကြောင့် ယားကျိုကျွန်းကို လာသော်လည်း ရာထူးမြင့်၍ အထူးခန်းတွင် နေရသည်ဆိုပေမယ့် အခန်းခကတော့ သူ့ဘာသူ ပေးရသည်။

ကျုံးပင်နှင့် ဝူရှူကျွင်းက အခန်းခကို မပေးနိုင်သူများတော့ မဟုတ်ပေ။ မြို့တော်မှာဆိုလျှင် သူတို့ကမကြာခဏ အပြင်ထွက်၍ စားသောက်လေ့ရှိပြီး ထိုကုန်ကျစရိတ်က ယခုရက်အနည်းငယ် အခန်းခထက်ပင် ပိုသေးသည်။

ဝူရှူကျွင်းကတော့ ဆန်လင်းအခြေစိုက်စခန်းရဲ့ တည်းခိုခန်းကို သဘောမကျပေ။ ပတ်ဝန်းကျင်က မကောင်းသည့်အပြင် အခန်းကလဲ စိုထိုင်းထိုင်းဖြစ်နေသည်ဟု ခံစားရသည်။ ဒါက မြို့တော်နှင့် ယှဉ်၍မရပေ။

ကျုံးပင်က ဝူရှူကျွင်းကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကာ ပြောလိုက်သည်။ "မင်းပဲ လာမယ် ပြောတာမလား?ဘာလို့ အခုမှ ညည်းတွားနေတာလဲ?"

ဝူရှးကျွင်းက အဆူခံရသောစကားမှ ပြန်ကောက်လိုက်သည်။ "ကျွန်မတို့ ဘယ်လိုပဲ ဆိုးဆိုးရွားရွား နေရပေမယ့် ကျွန်မတို့က သုံးလေးရက်နေရင် ပြန်တော့မှာ ဒါပေမယ့် ကျုံးရှောက်က ဒီမှာ ငါးနှစ် ခြောက်နှစ်လောက်နေခဲ့ပြီး နောက်ထပ် ငါးနှစ် ခြောက်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်တောင်နေရဦးမယ်။ ဆိုးလိုက်တာ!"

ကျုံးပင်က ပြောလိုက်သည်။ "ဘယ်လောက်ပဲ ခက်ခဲပါစေ ဒါက သူကိုယ်တိုင် ရွေးထားတဲ့လမ်းပဲလေ။"

"သူရွေးထားတဲ့ လမ်းဟုတ်ပါတယ်။ ကလေးသုံးယောက်ကရော ဘယ်လိုလုပ်မလဲ? ကျွန်းရဲ့အနေအထားကို ကျွန်မ မြင်ပြီးပြီ။ ကျွန်မက တပ်ရင်းအခြေစိုက် မူလတန်းကျောင်းနဲ့ ပတ်သက်ပြီး ဇီဇာကြောင်တာတော့ မဟုတ်ဘူး။ ကျောင်းအနေအထားက နယ်ဘက်က သာမန် မူလတန်းကျောင်းတွေနဲ့တောင် မယှဉ်နိုင်ဘူး။ဆရာတွေကလည်း အထက်တန်းတက်ရမယ့်ကျောင်းသားတွေ လို့ကြားတယ်။ အဲ့ဒီထဲမှာ အထက်တန်းကျောင်းက်ို လနည်းနည်းလောက်တက်ဖူးတဲ ကျုံးရှောက်ရဲ့မိန်းမက ပညာရေးအဆင့်အတန်းအမြင့်ဆုံးပဲ။"

ဝူရှူကျွင်းက သက်ပြင်းချကာ ပြောလိုက်သည်။ "ဒါက မူလတန်းကျောင်းပဲရှိသေးတာ အလယ်တန်းကျောင်းကလည်း ဒီလိုပဲမကောင်းဘူး။ ကျုံးရှောက်နဲ့ သူ့မိန်းမက လူကြီးတွေမလို့ ယားကျိုကျွန်းမှာ နေရတာ အဆင်ပြေပေမယ့် ကလေးတွေက အခုမှအရွယ်ရောက်မှာမလို့ ပညာရေးက အရေးကြီးတယ်။ သူတို့က ယားကျိုကျွန်းမှာနေရင် သူတို့ဘဝတက်လမ်းအတွက် အနှောင့်အယှက်ဖြစ်မှာပဲ။"

ဝူရှူကျွင်းစကားတွေက ကျုံးပင်၏ ရင်ထဲထိသွားပေမယ့် သူက ခဏစဉ်းစားပြီး ပြောလိုက်သည်။ "ကျုံးရှောက်က ကလေးတွေကို ကိုယ်တို့ကိုစောင့်ရှောက်ဖို့ မပေးနိုင်ဘူး"

"ကလေးတွေကို ကျွန်မတို့ကို ပေးပါလို့လည်း မပြောပါဘူး။ ကျွန်မဆိုလိုတာက သူကငယ်သေးတာမလို့ ကလေးတွေရဲ့ အနာဂတ်အတွက် မစဉ်းစားနိုင်သေးပေမယ့် ရှင်က ဒီကိုရောက်လာပြီလေ။ ရှင် သူ့ကိုသတိပေး ဆွယ်လိုက်ပြီး ရှင့်အကူအညီကို လက်ခံခိုင်းလိုကိလေ။မြို့တော်ကို ပြောင်းရွှေ့ဖို့ ပေါ့။ " ဝူရှူကျွင်းက ပြောလ်ိုက်သည်။

ကျုံးပင်က ပြန်မေးလိုက်သည်။ "ကိုယ် သူ့ကို အရှေ့ပင်လယ် ရေတပ်စခန်းကို သွားဖို့ပြောတုန်းက သူငြင်းတယ်လေ။ အခု သူက ကိုယ့်စကား နားထောင်မယ်ထင်လား?

"အဲ့ဒီတုန်းက သူ့မှာ မိသားစုမရှိတော့ သူ့စိတ်ထင်တိုင်း လုပ်တာပေါ့ ဒါပေမယ့် အခုအခြေအနေတွေက မတူတော့ဘူး။ သူ့မှာ ကလေးတွေရှိလာပြီမလို့ ကလေးတွေရဲ့ အနာဂတ်ကို စဉ်းစားလိမ့်မယ်လို့ မထင်ဘူးလား?"

လင်းဝေ့က သူမစကားကိုနားထောင်ပြီး အလျင်စလို ထွက်သွားသည့်အတွက် ဒါကဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ဝူရှူကျွင်း မသေချာပေ။

ဒီနေရာတွင် လူအများက ကွာရှင်းရန် သတ္တိမရှိကြသည့်အပြင် လင်းဝေ့က နယ်မှလာသော မိန်းကလေးဖြစ်သည်။ သူမက အမြင့်ကိုရောက်ရန် ကျုံးရှောက်ကို တွယ်ကပ်ထားတာမလို့ အလွယ်တကူ မလွှတ်ချနိုင်ပေ။သူမက သူတို့လက်ထပ်မှုရဲ့ အမှန်တရားကို ပြောပြခဲ့ရင်တောင် သူမက ဆွံ့အနားမကြားသလို ဟန်ဆောင်ကာ သူမကိုယ်သူမ အပြစ်တင်နေလိမ့်မည်။

ဒါပေမယ့် သူမလိုချင်သည်က လင်းဝေ့ သူမကိုယ်သူမအပြစ်တင်နေတာကို မဟုတ်ဘဲ ကျုံးရှောက်နှင့် သူ့ဇနီး ကွဲသွားမှာကို ဖြစ်သည်။

ယားကျိုကျွန်းက အလွန်ဝေးတာမလို့ တစ်ခါလာလျှင် သုံးလေးရက်သာ နေရသော်လည်း အသွားအပြန်ခရီးနှင့်ပေါင်းလျှင် အနည်းဆုံး လဝက်ခွင့်ယူမှရမည်။ ဒီတစ်ကြိမ်မှာ ကျုံးပင်က သူမနဲ့ လိုက်လာတယ်ဆိုပေမယ့် အချိန်တိုအတွင်း သူမနှင့်နောက်တစ်ကြိမ် ထပ်လိုက်မလာနိုင်ပေ။ ဒါကြောင့် သူမက ကျုံးရှောက်ကို မြို့ပေါ်ခေါ်ရန် ကျုံးပင်ကို စည်းရုံးရန်သာတတ်နိုင်သည်။ ဒါမှသာ သူမ လုပ်ချင်သည့်အရာများကို လုပ်ရန်အဆင်ပြေမည်။

ပြီးတော့ ကျုံးပင်က တကယ်ပဲ ဝူရှူကျွင်း၏ စည်းရုံးမှုက်ို ခံလိုက်ရသည်။ တကယ်လို့ ကျုံးရှောက်က မြို့ပေါ်ရောက်လာလျှင် သူ့အတွက် ကောင်းကျိုးသာရှ်ိပြီး ဆိုးကျိုးမရှိပေ။

စဉ်းစားပြီးနောက် ကျုံးပင်က ဝူရှူကျွင်း လက်က်ိုကိုင်ကာ ပြောလိုက်သည်။ "ကျုံးရှောက်က မင်းကို အလွန်အကျွံဆက်ဆံခဲ့တာတောင် မင်းက သူ့ကို ဂရုစိုက်သေးတယ်ပေါ့.."

"ရှင့်မှာ ကလေးဆိုလို့ ကျုံးရှောက် တစ်ယောက်ပဲရှိတာ။ကျွန်မက သူ့ကိုဂရုမစ်ိုက်ရင် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ?" ဝူရှူကျွင်းက ခေါင်းငုံ့ကာ ပြုံးလိုက်သည်။

သူမ ကျုံးပင်နှင့် လက်ထပ်ပြီးချိန်ကလည်း ကလေးယူရန် မတွေးခဲ့သည်တော့ မဟုတ်ပေ။ ထိုအချိန်က သူမအသက်လေးဆယ်ဝန်းကျင် ဖြစ်နေပြီမလို့ အသက်အနည်းငယ်ကြီးသည့်အတွက် ကလေးမရနိုင်ခဲ့ခြင်းဖြစ်သည်။

သူမက ထပ်ခါတလဲလဲ မျှော်လင့်ခဲ့ပေမယ့် ကလေးမရခဲ့သည်သာမက သူမ၏ တစ်ဦးတည်းသောသမီးကိုပါ ဆုံးရှုံးခဲ့ရသည်။

အနာဂတ်အကြောင်း အစီအစဉ်ချပြီးနောက် သူတ်ို့က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကာ ကျုံးရှောက် လာမည်ကို စောင့်နေကြသည်။

ကျုံးရှောက် တည်းခိုခန်းကို ရောက်သည်နှင့် အရှေ့စားပွဲခုံတွင် ထိုင်နေသော တပ်သားအမျိုးသမီးတစ်ဦးက မေးလိုက်သည်။ "ဘာလို့ ဒီကိုလာတာလဲ လက်ထောက်တပ်ရင်းမှူးကျုံး?"

"ကျွန်တော် လူတစ်ယောက်နဲ့ လာတွေ့တာပါ။"

ဒါကိုကြားတော့ ထိုတပ်သားအမျ်ိုးသမီးက မေးလိုက်သည်။ "ရှင့်အဖေ ရဲဘော်ကျုံးကို လာရှာတာလား?သူက အခန်းနံပါတ် ၂၁၀ မှာပါ။"

ကျုံးပင်က သူ့မြေးမ၏ လပြည့်ဝိုင်သောက်ပွဲကို တက်ရောက်ခဲ့သည်က မိသားစုနယ်မြေတွင် လျှို့ဝှက်ချက်မဟုတ်ပေ။ ပထမအချက်အနေနှင့် ဒီလူက ရှန်းဝမ်ကျင်းကိုယ်တ်ိုင် သွားကြိုထားသူဖြစ်ပြီး ရေတပ်ဌာနချူပ်တွင် တာဝန်ထမ်းဆောင်သူဟု သတင်းကြားရသည့်အတွက် ရာထူးနိမ့်မည်မဟုတ်ပေ။

သတင်းပြန့်ပြီးနောက်တွင် မိသားစုနယ်မြေတွင် မွှန်ထူနေသည်။ အဓိကကတော့ ကျူံးရှောက်က အသိုင်းအဝိုင်းကောင်းမှ ကလေး မဟုတ်ဘဲ သာမန်မိသားစုမှကလေးဟု လူတိုင်းက ထင်ထားသည်။ အထူးသဖြင့် လင်းဝေ့က ကျွန်းကို ရောက်လာချိန်တွင် သူမမိသားစုက နယ်ဘက်မှဖြစ်ပြီး သူမ ခမည်းခမက်တွေကတော့ မြို့မှ ဟုပြောခဲ့သောကြောင့်ဖြစ်သည်။

ကျုံးရှောက် အမေ၏ အခြေအနေက သာမန်ဖြစ်ပြီး သူ့အဖေကတော့ ဒီလိုမဟုတ်ဘူးဆိုတာ ဘယ်သူမှမတွေးမိပေ။ ဒါက သူတို့နှစ်ဦး ကွာရှင်းခဲ့၍ဖြစ်သည်။ ကျုံးရှောက်၏ အနေအထားအရဆိုလျှင် သူက အရင်ကပဲ သူ့အမေရင်းနှင့် အတူနေခဲ့ပုံရသည်။

အချိတ်အဆက်မိစေရန် တွေးကြည့်တော့ လျိုချူကျီက သူ့တူမနှင့် ကျုံးရှောက်ကို တွဲပေးစေလိုသည့် ကိစ္စကို တစ်ယောက်က ထုတ်ပြောလာသည်။ အစမှာတော့ လူတိုင်းက ကျုံးရှောက်လို့ ထင်နေကြပေမယ့် သူကဒီကိစ္စကို ငြင်းလိုက်တာကြားတော့ သူက အတွေးတိမ်တယ်ဟု လူအတော်များများက ပြောခဲ့ကြသည်။

ဒုတိယအနေနှင့် ကျုံးရှောက်က ဝူရှူကျွင်းကို မောင်းထုတ်ခဲ့တာကြောင့် လူအများ ပြောစရာဖြစ်နေသည်။သူက မိထွေးဆိုပေမယ့် ကျုံးရှောက်လုပ်ရပ်က လွန်သည်ဟု တစ်ချို့က တွေးကြသည်။ ဒါပေမယ့် တစ်ချို့ရတော့ ကျုံးရှောက်အမေ၊ အဖေနှင့် မိထွေးကြားတွင် ကိစ္စတစ်ခုခုရှိမည် ဟုထင်ကြသည်။ ပြီးတော့ သူ့ဇနီးထွက်သွားချိန်တွင်လည်း ကျုံးရှောက်အဖေက စိတ်မဆိုးပေ။ ဒါကြောင့် ထိုမိထွေးနှင့် ပြဿနာတစ်ခုခုရှိမည်ဟု ယုံကြည်ကာ လူအများက ကျုံးရှောက်ဘက်မှ ရပ်တည်ကြသည်။

ပြောရမည်ဆိုလျှင် ကျုံးပင်နှင့် ဝူရှုကျွင်း ယားကျိုကျွန်းကို လာလည်သည့်ခရီးက မိသားစုနယ်မြေရှိ စစ်တပ်အရာရှိများနှင့် ဇနီးများကို အကျိုးရှိစေသည်။

ဒီသတင်းက တည်းခိုခန်းတွင် အလုပ်လုပ်နေသော တပ်သားအမျိုးသမီးထံသို့လည်း ရောက်သည်။ သူမက ဒီအရာတွေအကြောင်းကို ကြားထားသည်။ ကျုံးရှောက်က နာမည်ထုတ်မပြောတာမလို့ သူမက သူဘယ်သူ့ကိုတွေ့ဖို့လာသည် ဆိုတာကို ခန့်မှန်းကာ လမ်းညွှန်လိုက်ခြင်း ဖြစ်သည်။

သူတို့ အခန်း၂၁၀ကို ရောက်တော့ ထိုတပ်သားအမျိုးသမီးက ဆက်နေ၍ သတင်းသိရအောင် နားထောင်ချင်ပေမယ့် ကျုံးရှောက်က တံခါးမခေါက်မီ သူမကို ကြည့်လိုက်သည်။ သူမက စိတ်မလုံဖြစ်လာကာ ခြောက်ကပ်စွာရယ်လိုက်ပြီး ပြောလိုက်သည်။

"အေးအေးဆေးဆေး စကားပြောကြပါ၊ ကျွန်မ အောက်ထပ်ကိုသွားပြီ လိုတာရှိရင် လှမ်းခေါ်လိုက်ပါ။"

ထို့နောက် သူမက ထွက်သွားတော့သည်။

ထို တပ်သားအမျိုးသမီး အောက်ကိုဆင်းသွားတော့ ကျုံးရှောက်က တံခါးခေါက်လိုက်သည်။

တံခါးခေါက်သံမြည်ပြီးသည်နှင့် ကျုံးပင်၏ အသံက အထဲမှထွက်လာသည်။ "ဝင်ခဲ့ပါ။"

ခဏကြာတော့ အခန်းတံခါးကို အထဲမှဖွင့်လိုက်ကာ ကျုံးပင်က ပြုံး၍ပြောလိုက်သည်။ "ဝင်ခဲ့ပြီးတော့ အခန်းထဲမှာ ထိုင်လိုက် ကျွင်းက..."

တကယ်တော့ သူက ဟင်းတွေကို ဝူရှူကျွင်း ကိုယ်တိုင်ချက်ထားသည်ဟု ပြောချင်ပေမယ့် သူ့သား၏ သူ့ဇနီးအပေါ် အမြင်ကို တွေးမိကာ သူက ထိုစကားများကို မြိုသ်ိပ်လိုက်သည်။

"ဟင်းတွေ အဆင်သင့်ဖြစ်နေပြီ မင်းတို့ကိုစောင့်နေတာ...မင်မင်နဲ့ ရွေ့ရွေ့ မပါဘူးလား?"

ကျုံးပင်၏ မျက်နှာကအပြုံးက အရောင်မှိန်သွားပေမယ့် ခဏကြာတော့ သူက ပြန်ပြုံးလိုက်သည်။ "ကိစ္စမရှိပါဘူး ငါတို့ အတူတူသောက်လို့ရရင်လည်း ကောင်းတာပဲ။"

ကျုံးပင်က ထိုသို့ပြောပြီး ခွက်ယူရန် အခန်းထဲဝင်သွားသည်။

ကျုံးရှောက်က အခန်းထဲလိုက်သွားကာ တံခါးပိတ်လိုက်ပြီး ပြောလိုက်သည်။ "အလုပ်ရှုပ် မခံပါနဲ့။ ကျွန်တော် ဒီကို စကားနည်းနည်းပြောဖို့ လာတာပါ ပြောပြီးတာနဲ့ ပြန်မှာပါ။"

ကျုံးပင်က ရပ်တန့်သွားသည်။ "ညစာ အတူစားဖို့ သဘောတူထားတာမလား?"

ကျုံးရှောက်က ဘာမှမပြောဘဲ အိတ်ထဲမှ နာရီဘူးကို ယူကာ ထမင်းစားပွဲပေါ် တင်လိုက်သည်။

ဘူးကိုမြင်တော့ ကျုံးပင်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ဒါက ဘာသဘောလဲ?"

"ကျွန်တော် ဒါကို မသုံးနိုင်ဘူး။ တကယ်တော့ လပြည့်ပွဲနေ့ကပဲ ပြန်ပေးမလို့ လူအများကြီးရှိနေတာနဲ့ မပေးဖြစ်လိုက်တာ။"

"ကျုံးရှောက် ငါတို့က သားအဖတွေပါ။ မင်း လက်ထပ်ပွဲလုပ်တော့ ငါ့ကို အသိမပေးတာ လက်ခံနိုင်တယ်။ အခု ငါက မင်္ဂလာလက်ဖွဲ့ ပေးလို့မရဘူးလား?" ကျုံးပင်က အသံနက်နက်နှင့် မေးလိုက်ပြီး အလိုမကျမှုက သူ့မျက်နှာတွင် ပေါ်လွင်နေသည်။

ကျုံးရှောက်က ပြောလိုက်သည်။ "ကျွန်တော်တို့ အနာဂတ်မှာ သားအဖ ဆက်ဖြစ်မဖြစ် ဆိုတာ အဖေ့ရွေးချယ်မှုပါ။"

ဒါကိုကြားတော့ ကျုံးပင်၏ နားထဲ မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရသည်။ ကျုံးပင်က ရုတ်တရက် ပြောလိုက်သည်။

"ကျုံးရှောက် မင်းဘာသဘောလဲ? မင်းက အခု အတောင်အလက်စုံတာနဲ့ အဖေရင်းကိုတောင် အသိအမှတ်မပြုချင်တော့ဘူးလား?"

ကျုံးရှောက်က ပြန်မဖြေဘဲ သူ့ကိုကြည့်ကာ ပြောလိုက်သည်။ "အဖေနဲ့ ဝူရှူကျွင်းနဲ့ကွာရှင်းလိုက်။ ဒါဆို ကျွန်တော်က အနာဂတ်မှာ သားအဖအဖြစ် ဆက်ရှိနေမှာပဲ။ မဟုတ်ဘူးဆိုရင်တော့ အနာဂတ်မှာ ကျွန်တော့်ကို မဆက်သွယ်ပါနဲ့။"

ကျုံးရှောက် အသံငြိမ်သွားပြီး ကျုံးပင်က ဘာမှမတုန့်ပြန်နိုင်သေးခင် အခန်းတံခါးပွင့်လာကာ ဝူရှူကျွင်းက သူ့ယောက်ျားအနား ပြေးလာကာ ကျုံးရှောက်ကို ကြည့်ပြီး ပြောလိုက်သည်။

"မင်း တို့ကိုမုန်းတယ်ဆိုတာ သိပါတယ် ဒါပေမယ့် တို့နဲ့ မင်းမိဘတွေ မင်းအမေကြားမှာ ဖြစ်ခဲ့တာတွေက အားလုံးအမှားတွေ....."

"ခင်ဗျား ကျွန်တော့် အမေကို စကားထဲထည့်မပြောနဲ့!"

ကျုံးရှောက်က အသံမြှင့်ကာ ဝူရှူကျွင်း၏ စကားကို ပြန်ပြောလိုက်သည်။

ကျုံးပင်က မျက်နှာပျက်သွားသည်။ "ကျုံးရှောက်! ငါက အဲ့အချိန်က အရမ်းစိတ်ပျော့ခဲ့တာပဲ။ မင်း အပြစ်တင်ချင်ရင် ငါ့ကိုပဲ ပြောပါ ရှောင်ဝူကို ထည့်မပြောပါနဲ့"

ကျုံးရှောက်က ကျုံးပင်၏ ရွေးချယ်မှုကို မအံ့သြပေ။သူ့အမြင်တွင် ဒါက လွန်ခဲ့သော ငါးနှစ်က ဖြစ်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။

ကျုံးပင်က ကျုံးရှောက်နှင့် ယန်ချင်ကို နေရာချပေးရန်လုပ်စဉ်က ကျုံးရှောက် စိတ်ဆိုးရသည့်အကြောင်းက ဒီကိစ္စက အဓ်ိပ္ပါယ်မရှိတာကြောင့် မဟုတ်ဘဲ သူနှင့်သူ့အမေက သူ့အဖေအမြင်တွင် အရေးမပါတာကို သိလိုက်ရသောကြောင့်ဖြစ်သည်။

ဒါကြောင့် သူ့လက်ထပ်ပွဲနှင့် သူ့အနာဂတ်က သူ့အဖေ ဝူရှူကျွင်းတို့သားအမိ စိတ်ချမ်းသာစေရန် အသုံးချခံသာ ဖြစ်သည်။

ထိုအချိန်က သူက ဘာကြောင့်ဆိုတာ သူ့အမေကိုမေးခဲ့လျှင် နာကျင်ခဲ့ရမည်ဖြစ်သည်။ ဒါပေမယ့် ယခုအချိန်မှာတော့ သူက အဖြေကို သိသွားကာ စိတ်မကောင်း မဖြစ်တော့ပေ။

ကျုံးရှောက်က တည်ငြိမ်စွာ ပြောလိုက်သည်။ "အဖေ သူ့ကိုရွေးလိုက်ပြီဆိုတော့ အနာဂတ်မှာ ကျွန်တော့်ဘဝကို မနှောင့်ယှက်ပါနဲ့တော့။"

ကျုံးပင်က ဒါကိုကြားလျှင် စိတ်ဆိုးရမည်ဆိုပေမယ့် အခုတော့ သူ့ရင်ထဲတွင် ထိတ်လန့်သွားသည်။ ကျုံးရှောက်က ဒီလိုလုပ်လျှင် သူက သူ့သားကို ထာဝရဆုံးရှုံးလိုက်ရမည်ကို သိသည့်အတွက် သူက ကျုံးရှောက်ကို အော်လိုက်သည်။

ကျုံးရှောက်က ရပ်တန့်သွားပေမယ့် သူက ဘာပြောရမည်မသိပေ သူက အပေးအယူ မလုပ်ချင်သလို အရှူံးလည်း မပေးလိုပေ။ အငြင်းအခုံဖြစ်ပြီး သူက အံကြိတ်ကာ ပြောလိုက်သည်။

"ငါ မင်းကို နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုပျိုးထောင်လာတာ ဒီ သားအဖသံယောဇဉ်က မင်း ဖြတ်ချက်တိုင်းဖြတ်လို့ရတဲ့အရာလား?"

ကျုံးရှောက်က မေးလိုက်သည်။ "အဖေ ဘာလိုချင်လို့လဲ?"

"မင်း ငါနဲ့ သားအဖဆက်ဆံရေးရပ်တန့်ကြောင်း တရားဝင် သတင်းစာမှာ ထုတ်ပြန်လိုက်"

All Chapters