Chapter 180
Vol. 14 Ch. 180
ကျုံးပင်၏ စကားကိုကြားတော့ ဝူရှူကျွင်း၏ မျက်လုံးများက မီးတောက်သွားသည်။ သတင်းစာတွင် ကြေညာရန်က မခက်ပေ။ မနက်ခင်းနှင့် ညနေခင်းသတင်းစာများက အလုပ်ရှာနေသူများ အဆင်ပြေစေရန် နေ့စဉ်ထုတ်ပြန်သည်။ ခက်တာက ဆုံးဖြတ်ချက်ချရန်ဖြစ်သည်။
လူအများက လှုပ်ရှားမှုကြီးအပြီးတွင် မိဘများနှင့် သံယောဇဉ်ဖြတ်သည့်အကြောင်း ထုတ်ပြန်ကြပေမယ့် သူတို့မိဘအများက ရာထူးနေရာများ ရပ်ဆိုင်းခံရသည် ပြီးတော့ သံယောဇဉ်ဖြတ်ခြင်းက မသိတတ်ခြင်းဟု သတ်မှတ်မခံရပေမယ့် နိုင်ငံရေးသဘောထားကို လစ်လျူရှုခြင်းအဖြစ် သတ်မှတ်ခံရနိုင်သည်။
ဒါပေမယ့် မိဘအပေါ် သိတတ်မှုက လူတစ်ယောက်၏ အကျင့်စာရိတ္တကို တိုင်းတာရာ၌ အသုံးဝင်သည်။ ယခုကိစ္စတွင် ကျုံးပင်၏ ရာထူးနှင့် ကျုံးရှောက်က အကြောင်းပြချက်မရှိ သူ့အဖေနှင့် သံယောဇဉ်ဖြတ်လိုက်လျှင် အမိန့်မနာခံသူအဖြစ် ခေါင်းစဉ်တပ်ခံရကာ စရိုက်ကိုရော လူကိုပါသံသယဝင်လာနိုင်သည်။
ရှင်းရှင်းပြောရလျှင် ကျုံးရှောက်က သတင်းစာတွင် ထုတ်ပြန်ခံရသည်နှင့် သူ့အနာဂတ်က ဖျက်ဆီးပြီးသားဖြစ်သွားကာ အဆိုးဆုံးအနေနှင့် အလုပ်သမား စခန်းကိုပင် ပို့ခံရနိုင်သည်။
ဝူရှူကျွင်းအမြင်တွင် ကျုံးရှောက်သာ ဤသို့ ဖြစ်သွားလျှင် သူ့ဘာသာထိခိုက်မည်သာသည်။
ဝူရှူကျွင်းက ရင်ထဲတွင် ထိုသို့တွေးထားပေမယ့် သူမက မျက်ရည်များနှင့် ပြောလိုက်သည်။ "ဘယ်လိုဖြစ်ဖြစ် ကျုံးရှောက်က ရှင့်သားပါပဲ။သတင်းစာမှာထည့်တာက အရမ်း ပြင်းထန်ပါတယ်။ လောင်ကျုံး သေချာစဉ်းစားပါ!"
ကျုံးပင်က ကျုံးရှောက် သတင်းစာတွင် သူနှင့်သံယောဇဉ်ဖြတ်သည့်အကြောင်း ထုတ်ပြန်ရဲမည်ဟု မထင်ထားပေ။ ဒါကြောင့်သူက ပြောလ်ိုက်သည်။
"ငါ့ကို သိမ်းသွင်းမနေနဲ့! သူ့ကို သွားခိုင်းလိုက်!သူသာ သတင်းစာမှာ ကြေညာရဲရင် ငါ အခုကစပြီး သူ့ကို ဘာမှမဟုတ်သလို ဆက်ဆံတော့မှာ"
"ဒါက ကောင်းပါတယ်။"
ကျုံးပင်၏ အသံက ရုတ်တရက် ရပ်တန့်သွားကာ သူ့ရှေ့မှလူငယ်ကို မယုံကြည်နိုင်စွာကြည့်ပြီး မေးလိုက်သည်။ "မင်း အခု ဘာပြောလိုက်တာလဲ?"
"ကျွန်တော် အဖေနဲ့ သံယောဇဉ်ဖြတ်တဲ့အကြောင်း သတင်းစာမှာ ထုတ်ပြန်လိုက်မယ် အဖေ ကတိတည်မယ် ထင်ပါတယ်။"
ကျုံးရှောက်က ပြောပြီးသည်နှင့် တံခါးဖွင့်ကာ ထွက်သွားရန်လုပ်လိုက်သည်။
ဒါပေမယ့် သူ မသွားခင် ကျူံးပင်၏ အော်သံကြားလ်ိုက်ရသည်။ "ရပ်လိုက်စမ်း!"
ထိုသို့အော်ကာ ကျုံးပင်က ကျုံးရှောက်ဘေးသို့လာကာ တံခါးကို ပိတ်လိုက်ပြီး ပြောလိုက်သည်။ "ကျုံးရှောက် မင်း ငါ့ကို အရမ်းမုန်းတာလား? ငါနဲ့ သံယောဇဉ်ဖြတ်နိုင်ဖို့အတွက် မင်းအနာဂတ်ကိုတောင် မလိုချင်တော့ဘူးလား?"
ကျုံးပင် စိတ်တိုနေသည်နှင့်မတူဘဲ ကျုံးရှောက်က တည်ငြိမ်စွာ ပြောလိုက်သည်။ "သတင်းစာမှာ ထုတ်ပြန်တာက အဖေ့တောင်းဆိုချက်ဖြစ်ပြီး ကျွန်တော်နဲ့ သံယောဇဉ်ဖြတ်တာကလည်း အဖေ့ ရွေးချယ်မှုပါ။"
"ရွေးချယ်မှုလား? မင်း ငါ့ကို ရွေးချယ်ခွင့်ပေးလို့လား?"
ကျုံးပင်က အပြင်ကို လက်ညှိုးထ်ိုးကာ ပြောလိုက်သည်။"အပြင်ကိုထွက်ပြီး ကြည့်လိုက် ဘယ်သူ့သားက အဖေရဲ့အဆင်ပြေနေတဲ့ဘဝကို ရုတ်တရက် ကွာရှင်းဖို့ တိုက်တွန်းနေသလဲဆိုတာ?"
"ကျွန်တော်လည်း အဆင်ပြေတဲ့ဘဝမှာ နေချင်ပါတယ် ဒါပေမယ့် အဖေ့ မိန်းမက ကျွန်တော့်ကို အခွင့်အရေးမပေးဘူးလေ၊ ဒါကြောင့် ကျွန်တော် ဒီလို လုပ်ရတာပါ။"
ကျုံးပင်က သူ့စကားကြောင့် ဝူရှူကျွင်းကို လှည့်ကြည့်လိုက်တော့ သူမက ငြင်းလိုက်သည်။ "ကျွန်မ ဘာမှမလုပ်ပါဘူး!"
ပုံမှန်ဆိုလျှင် ကျုံးပင်က ဝူရှူကျွင်းစကားကို ယုံကြည်မည်ဆိုပေမယ့် သူ့သားရဲ့ဆုံးဖြတ်ချက်ကြောင့် သူက သူ့သားကို ချက်ချင်းမစွပ်စွဲနိုင်ဘဲ မေးလိုက်သည်။ "မင်း ဘာကိုပြောချင်တာလဲ?"
"မနေ့က နေ့ခင်းက အဖေ့မိန်းမက ကျွန်တော့်မိန်းမကို လာရှာပြီး သူ့သမီးနဲ့ကျွန်တော်ရဲ့ ဘာမှမဟုတ်ခဲ့တဲ့ဆက်ဆံရေးအကြောင်းကိုပြောပြီး ကျွန်တော့်ကိုစွပ်စွဲပြီး ကျွန်တော်တို့လက်ထပ်တာက အဖေ့ကို စ်ိတ်ဆိုးစေချင်လို့ လက်ထပ်တာလို့ ပြောခဲ့တယ်။"
ကျုံးပင်က သူမကိုကြည့်နေပြန်တာမြင်တော့ ဝူရှူကျွင်းက အလျင်အမြန် ရှင်းပြလိုက်သည်။ "ကျွန်မ မနေ့က ရဲဘော်လင်းဝေ့ကို သွားရှာခဲ့ပေမယ့် သူက ကျုံးရှောက်ကို ရှင့်ကို စိတ်မဆိုးတော့ဖို့ သိမ်းသွင်းနိုင်မယ် မျှော်လင့်ပြီးသွားခဲ့တာပါ။ လောင်ကျုံး ကျွန်မတကယ်ပဲ ဒီလိုအရာတွေ မပြောခဲ့ပါဘူး။"
ဝူရှူကျွင်းနှင့် လင်းဝေ့ စကားပြောစဉ်က ပတ်ပြေးကစားနေသော ကျောင်းသားများရှိသည်။ သူတို့က ကလေးတွေဆိုပေမယ့် သူမက လျော့မတွက်ရဲသောကြောင့် သူမ လင်းဝေ့ကို သွားရှာခဲ့ကြောင်း ဝန်ခံလိုက်သည်။ သူမတို့ ပြောခဲ့သည်ကတော့ သူမ ဝန်မခံရင် ဘယ်သူက သူမပြောခဲ့တယ်လို့ပြောနိုင်မှာလဲ?
ဝူရှူကျွင်းက မကြောက်ဘူးဆိုပေမယ့် ကျုံးပင် ယုံကြည်စေရန် မျက်ရည်များညှစ်ထုတ်ကာ စိတ်မကောင်းဖြစ်နေပုံ ဟန်ဆောင်နေသည်။
ဝူရှူကျွင်း၏ ငိုယ်ိုနေသောပုံကို မြင်တော့ ကျုံးပင်က သူမကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ကာ ကျုံးရှောက်ကို ပြောလိုက်သည်။ "အထင်လွဲနေတာ ရှိမယ်ထင်တယ်?"
ဒါပေမယ့် ကျုံးရှောက်က ဝူရှူကျွင်းနှင့် အငြင်းအခုံ မလုပ်လိုသည့်အတွက် သတိပေးလိုက်သည်။ "ဆရာကျုံး နားလည်မှူလွဲနေပြီထင်တယ်။ ကျွန်တော်က ဒီကိုတရားမျှတမှု လာရှာတာမဟုတ်ဘူး သူမနဲ့ကျွန်တော့်ကြား ရွေးချယ်မှု လုပ်ခိုင်းဖို့လာခဲ့တာ တစ်ယောက်ကိုပဲ ရွေးလို့ရမယ်။"
ကျုံးရှောက်၏ မျက်နှာကိုကြည့်ကာ ကျုံးပင်က နောက်ဆုတ်ပြီး ခုံတွင်ထိုင်လိုက်သည်။ သူ့မှာ အခွင့်အရေးမရှိတော့ဘဲ ရွေးချယ်ရတော့မည်ဆိုတာ သူ သိသည်။
ဒါပေမယ့် သူ နားမလည်တာက ကျုံးရှောက်က လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့အပေါ် မာမာကျောကျောမရှိဘဲ နှစ်ရက်ထဲနှင့် သူတို့သားအဖက ဘာလို့ ဒီလိုဖြစ်သွားရသည် ဆိုတာကို ဖြစ်သည်။
ကျုံးရှောက်က ဒီလောက်ထိ ရက်စက်မည်ဟု သူမ မထင်ထားပေ။ သူက သူမ ရှင်းပြတာကိုပင် နားမထောင်ဘဲ ကျုံးပင်ကို ရွေးချယ်မှုလုပ်ခိုင်းသည်။ ကျုံးရှောက်က အဆုံးမှာ ကျုံးပင်ကို ဒီလိုရက်စက်လိမ့်မည်ဟု သူမကလုံးဝ မထင်ထားပေ။
ကျုံးရှောက်က ကျုံးပင် ဝူရှူကျွင်းကို ရွေးမည်ဟု ထင်ပေမယ့် ဝူရှူကျွင်းက ထိုသို့မတွေးပေ။ လင်းဝေ့ မနေ့က ပြောခဲ့သော စကားများက သူမရင်ထဲ နက်ရှ်ိုင်းစွာ ဝင်ရောက်နေသည်။
အစတုန်းက ကျုံးပင်က သူ့အောင်မြင်မှူအတွက် သူမကို စွန့်လွှတ်ခဲ့ပြီး အခုသူ့သားနှင့်သူ့မြေးတွေအတွက် သူမကိုစွန့်လွှတ်မည်ကို ကြောက်နေသည်။
ဒီအသက်အရွယ်မှာ သူမက ကလေးလည်းမရှိဘဲ သာမန်အသက်မွေးဝမ်းကြောင်းအလုပ်နှင့် ဖြစ်သည်။ သူမသာ စွန့်ပစ်ခံရရင် သူမဘဝ ဘယ်လိုဖြစ်သွားမှာလဲ?
ဝူရှူကျွင်းက ဒါကို မစဉ်းစားရဲပေ။သူမက ကျုံးပင်ရှေ့တွင် ဒူးထောက်လိုက်ကာ ငိုလိုက်သည်။ "အကိုကြီးပင် ကျွန်မမှာ ရှင်တစ်ယောက်ပဲရှိတာပါ။"
မခေါ်တာကြာပြီဖြစ်သော နာမည်ကို ကြားလိုက်ရသောကြောင့် ကျုံးပင်က လှည့်ကြည့်လိုက်တော့ ဝူရှူကျွင်း၏ မျက်ရည်များနှင့် မျက်နှာကို မြင်လိုက်ရသည်။ သူက အများကြီးတွေးမိသွားသည်။ သူတို့ သိခဲ့သောအတိတ်၊သူမ လှည့်ပြန်လာသောအချိန်နှင့် ယန်ချန်သေဆုံးချိန်က သူမ၏နာကျင်မှု...
ကျုံးပင်က သူ့ရဲ့ အရွယ်ရောက်ပြီးသား သားဖြစ်သူကိုကြည့်ကာ ခြောက်ကပ်ကပ်နှင့် မေးလိုက်သည်။ "အနာဂတ်မှာ ငါတို့ ထပ်တွေ့နိုင်ဦးမလား?"
"ကျွန်တော် အဖေ့ နာရေးကိုတော့ တက်မှာပါ။"
သူက စကားပြောပြီးသည်နှင့် အခန်းတံခါးကို ပြန်ဖွင့်လိုက်ပေမယ့် အပြင်မရောက်ခင် ကျုံးပင်က တားလိုက်သည်။
"ခဏလေး!"
ကျုံးရှောက်က ရပ်လိုက်ပေမယ့် နောက်လှည့်မကြည့်ခဲ့ပါ။
သူ့ပုံစံကိုမြင်တော့ ကျုံးပင်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ "မင်း သတင်းစာမှာ ထုတ်ပြန်စရာမလိုပါဘူး အခုကစပြီး ငါ...ငါမင်းကို ထပ်ပြီး မနှောင့်ယှက် တော့ပါဘူး။"
ကျုံးရှောက်က "အင်း" ဟုပြောကာ နောက်ပြန်မကြည့်ဘဲ ထွက်သွားလိုက်သည်။ ဝူရှူကျွင်းကသာ ဒူးထောက်လျက် ကျုံးပင်၏ ဘေးတွင် ကျန်ခဲ့သည်။ သူ့၏ အခက်အခဲကြုံနေရသည့် အမူအရာကိုကြည့်ကာ သူမရင်ထဲ အေးစက်သွားသည်။
ကျုံးပင်က အခု သူမကိုရွေးခဲ့ပေမယ့် ကျုံးရှောက်ပြောခဲ့သည့် စကားများက သူ့ရင်ထဲတွင် ကျန်နေခဲ့ပြီဖြစ်သည်။ သူမ ယခုရှင်းပြတာကို သူနားထောင်ပေမယ့် နောက်ထပ် တစ်နှစ် နှစ်နှစ် ဆယ်နှစ်ကြာရင်ရော ဘယ်လိုဖြစ်မှာလဲ?
လူတစ်ယောက်က အသက်ကြီးလာတာနှင့်အမျှ မိသားစု၏ တန်ဖိုးကို သ်ိလာသည်။ ဒါကြောင့်ပဲ သူမက ကျုံးပင်ကို ယားကျိုကျွန်းကိုလာဖို့ သိမ်းသွင်းလို့ရခဲ့တာ မဟုတ်လား?
သူက တစ်နေ့နေ့မှာ သူ့ရွေးချယ်မှုကို နောင်တရလျှင် သူမက အဲ့ဒီအချိန် ဘာလုပ်ရမှာလဲ?
......
အရင်ကတော့ အမေလင်းက ကျုံးပင်နှင့် ဝူရှူကျွင်း ပြန်ပြီးမှပြန်ရန် စီစဉ်ထားသော်လည်း ရက်အနည်းငယ်အတွင်း ယန်ချန်မြို့ကို သွားသည့်သင်္ဘောမရှိသည့်အတွက် အမေလင်းက ကျုံးပင်တို့နှင့်အတူ ထောက်ပို့သင်္ဘောနှင့် ပြန်ရမည်ဖြစ်သည်။ ဘုရားသခင် ယခုအချိန်ပြန်လျှင် လမ်းတွင် ပွဲတော်ဆင်နွှဲရမည်ဖြစ်သည်။ဤသို့တွေးကာ အမေလင်းက နှစ်သစ်ကူးပွဲ ပြီးမှ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
နှစ်သစ်ကူးနေ့တွင် ကျုံးရှောက်ကလည်း အိမ်တွင်ရှိသည်။ သူတို့စုံတွဲက မနက်စောစောထကာ အသီးအရွက်များ၊ ကြက်သား၊ ဘဲသား၊ ငါးနှင့် ဝက်သားများကို ဝယ်လာခဲ့ကြသည်။
ဒါက ဇန်နဝါရီလ ဆိုပေမယ့် ယားကျိုကျွန်း၏ အပူချိန်က မနိမ့်သေးသည့်အတွက် အသီးအရွက်များက အဆင်ပြေနေသည်။ အရွက်များကိုပင် မကြော်ဘဲ တစ်ရက် နှစ်ရက် ထားနိုင်ပေမယ့် အသားကတော့ သိပ်အဆင်မပြေပါ၊ တစ်ညကျော်လျှင် အရသာက ပြောင်းသွားပြီဖြစ်သည်။
ဒါကြောင့် လင်းဝေ့က ပုံမှန် အသားများများ ဝယ်လေ့မရှိဘဲ တစ်နပ်စာ နှစ်နပ်စာသာ ဝယ်လေ့ရှိသည်။ ပေ့ပေ့၏ လပြည့်ဝိုင်သောက်ပွဲကကဲ့သို့ပင် သူမက ကျန်သော အစားအစာများကို ပေးပစ်လိုက်လေ့ရှိပြီး သူမအတွက် အနည်းငယ်ချန်ထားကာ ညမှ စားလေ့ရှိသည်။
လင်းဝေ့နှင့် ကျုံးရှောက် ဝယ်လာသော အသားများမှာ သိပ်မများပေမယ့် နှစ်နပ်လောက်တော့ စားရမည်ဖြစ်သည်။
အမေလင်းက အိမ်တွင် သူ့မြေးများကို ထိန်းနေရင်း ဒါကိုမြင်တော့ ပြောလိုက်သည်။ "ဘာလို့ အသားတွေ ဒီလောက်အများကြီး ဝယ်လာတာလဲ?"
"စားပါ၊အမေက မနက်ဖြန် ပြန်မှာလေ ဒီနေ့ အစားကောင်းကောင်း စားကြရအောင်"
"ဒါဆို မင်းတို့ အသီးအရွက်တွေ အများကြီး ဝယ်စရာမလိုဘူးလေ။ မင်းတို့ ငါပြန်ပြီးရင် အချိန်ကုန်ဆုံးစရာ မရှိတော့ဘူးလား?" သူ့သမီးက အရမ်းသုံးဖြုန်းနေသည်ဟု အမေလင်း ထင်မိသည်။
လင်းဝေ့ကပြောလိုက်သည်။ "ဒါက ဘာများလို့လဲ။ ကျွန်မတို့မှာ အခုဆို မိသားစုဝင်များတယ် ပြီးတော့ လတိုင်း ပင်လယ်စာ အထောက်အပံ့တွေလည်း ရတယ်လေ။ အခု စားပြီးရင်တောင် ကျွန်မတို့ နေ့တိုင်း ငါးတွေစားလို့ရတယ်။"
ဒါက အနည်းငယ် ချဲ့ကားပြောခြင်း ဆိုပေမယ့်ဘ မှားသည်တော့ မဟုတ်ပေ။ ယားကျိုကျွန်းက ပင်လယ်နှင့်နီးသည့်အတွက် လူတိုင်းက တစ်လလျှင် ထောက်ပံ့ပစ္စည်းအဖြစ် ပင်လယ်စာ သုံးကီလို လေးကီလို ရလေ့ရှိသည်။
ဤရှုထောင့်မှကြည့်လျှင် ယားကျိုကျွန်းက ရှီးချန်ထက် သာသည်။ ကြွယ်ဝချမ်းသာသောနေရာ မဟုတ်ပေမယ့် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမတွင် ရှိသင့်သည့်အရာ အားလုံးရှိသည်။ အစားအသောက်ကလည်း ကောင်းသည့်အတွက် မီးဖွားပြီးနောက် သူ့သမီးက ကိုယ်အလေးချိန်တက်လာသည်။
ဒါပေမယ့် ထိုနောက်ဆုံးစကားကို သူ့သမီးရှေ့တွင် ပြော၍မရပေ။ သူ့သမီးက ဘယ်လိုတွေးနေသည်ကို အမေလင်းက မသိပေ။ လူတိုင်းက ဝလေလေ ကောင်းလေလေ ဟုထင်ကြပေမယ့် သူမကတော့ မတူပေ။ သူမက အမြဲတမ်း ပိန်၍ အရိုးစုကဲ့သို့ ဖြစ်နေသလို ခံစားရသည်။ ကလေးမွေးပြီး အလေးချိန်တက်လာ၍ ကြည့်ကောင်းရန် ခက်သော်လည်း ယခု သူမက ကိုယ်အလေးချိန်ကို ချချင်နေပြန်သည်။
အမှားတွေပဲ!
အမေလင်းက မနက်ဖြန် ပြန်မှာမလို့ လင်းဝေ့က သူမကို မီးဖိုခန်းထဲဝင်ခွင့်မပေးပေ။
ညစာ စားပြီးချိန်မှာတော့ လင်းဝေ့က အမေလင်းအတွက် ပစ္စည်းများ ထုတ်ပိုးပေးနေသည်။
အမေလင်းက တစ်ယောက်ထဲပြန်မှာဖြစ်လို့ ပစ္စည်းအများကြီးမသယ်နိုင်မှာ စိုးရိမ်သည့်အတွက် အများကြီး မထုတ်ပိုးပေးခဲ့ပေ။ ကုန်ခြောက်များနှင့် ပင်လယ်ခရု ပင်လယ်မျှော့များထည့်ပေးလိုက်သည်။
အမေလင်း ပြောခဲ့သည့် စကားမှာ - "အမေတို့တပ်က လူတွေက သမီးအဖေနဲ့အဖေနဲ့ ယူလာတဲ့ ပင်လယ်မျှော့တွေနဲ့ပင်လယ်ခရု တွေကို မျက်စိကျတာမလို့ လဝက်လောက်ထိ အိမ်ကိုလာပြီး အဲ့တာတွေက ဘယ်လိုပုံဆိုတာ လာကြည့်ကြတယ်။ အခုဆ်ိုရင် တပ်မဟာက လူတွေက သမီးကို ကံကောင်းတယ်လို့ ပြောနေကြတယ်။ လူအတော်များများက ကျုံးရှောက်ရဲ့တပ်ထဲမှာ လက်မထပ်ရသေးတဲ့ လူငယ်တွေရှိရင် မိတ်ဆက်ပေးခိုင်းနေတယ်။"
လင်းဝေ့က သူမမိသားစုထံမှ ဒီနှစ်ရခဲ့သော စာကို ပြန်သတိရကာ မေးလိုက်သည်။ "ဒါဆို ဘာလို့ ကျွန်မကို မပြောတာလဲ?"
"ဘာလို့ပြောရမှာလဲ?ငါ ငြင်းလိုက်ပြီလေ!" အမေလင်းက တည်ငြိမ်စွာပြောလိုက်သည်။
"သူတို့က သမီး အခု အဆင်ပြေနေတာကိုပဲ မြင်တာ အရင်က ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာ သတိမရဘူး။ပြီးတော့ ကျုံးရှောက်တပ်က လူဝတွအတွက် သူတို့ဇာတိက နတ်ပြည်လိုပဲ။ သူတို့က တောင်ဘက် မြောက်ဘက်က လူတွေမလို့ လက်ထပ်ပြီးရင် မိန်းကလေးတွေက တပ်ထဲကိုလိုက်မရဘဲ သူတို့ဇာတ်ိကိုပဲ သွားရမှာ မရင်းနှီးတဲ့နေရာမှာ မရင်းနှီးတဲ့သူတွေနဲ့နေရမှာ တစ်ခုခုဖြစ်ခဲ့ရင် အဆင်မပြေသလို မိသားစုက သိလိုက်မှာတောင် မဟုတ်ဘူး။"
"အမေက ရှင်းရှင်းလင်းလင်း တွေးတတ်တာပဲ။" လင်းဝေ့က မြှောက်ပြောလိုက်သည်။
အမေလင်းက သူမကို ကြည့်လိုက်သည်။ "မှန်တာပေါ့ ပြီးတော့ သူတို့ကို အောင်သွယ်ပေးလို့ ငါက အကျိုးအမြတ်ရမှာ မဟုတ်ဘူး။ လက်ထပ်ပြီး အဆင်ပြေတယ်ဆိုရင်တော့ ကောင်းတယ်။ တစ်ခုခု ဖြစ်ခဲ့ရင်တော့ မိန်းကလေးမိသားစုက ငါ့ကို အပြစ်တင်ကြမှာလေ။ ဒီလို ကျေးဇူးကန်းခံရမယ့် အလုပ်မျိုး ငါမလုပ်ဘူး။"
အမေလင်းက စကားပြောပြီးသည်နှင့် ပြန်ယူသွားရန် ပင်လယ်စာခြောက်များကို ရေတွက်နေသည်။
ထို ကုန်ခြောက်များကို ဆီစုပ်စက္ကူနှင့် ပတ်ကာ အမျ်ိုးအစားအလိုက် လျှော်ကြိုးများနှင့် ချည်လိုက်သည်။စုစုပေါင်း ခုနစ်ထုပ်ရှိပြီး လေးခုက လင်းဝေ့က မိသားစုအတွက် ပေးသည်ဖြစ်ပြီး ကျန်သုံးခုက အမေလင်းက သူ့ဒုတိယသားအတွက် ဝယ်ထားခြင်းဖြစ်သည်။
နှစ်စမှာ ဒုတိယအစ်ကို၏ တပ်ရင်းခေါင်းဆောင်၏သားရဲ့လက်ထပ်ပွဲရှိတာမလို့ လက်ဆောင်အနေနှင့် ပင်လယ်ခရုနှစ်ကောင်ကို ထည့်ပေးလိုက်သည်။ သူကအရွယ်အစား သေးသည့်အပြင် ယားကျိုကျွန်းတွင် မရှားပေမယ့် ရှီးချန်တွင်တော့ အလွန်စျေးကြီးသည်။
သူတို့ခေါင်းဆောင်က လက်ဆောင်ကို ဖွင့်ကြည့်လိုက်တော့ လက်မခံနိုင်ဖြစ်သွားရသည်။ သူက လင်းဝေ့၏ ဒုတိယအစ်ကိုနှင့် နောက်ရက် စကားပြောခဲ့ပြီး သူ့မိဘတွေ ယားကျိုကျွန်းကိုအလည်သွားရာမှ ယူလာသည်ဟုသိရကာ သူက လက်ဆောင်ကို လက်ခံနိုင်သွားသည်။
အဲ့ဒီနောက်မှာ လင်းဝေ့၏ ဒုတိယအစ်ကိုကို ခေါင်းဆောင်က ပို၍အရေးပေးလာခဲ့သည်။
ဒါကြောင့် ဒီတစ်ကြိမ်တွင် အမေလင်းက လင်းဝေ့ထံလာချိန် သူမဒုတိယအစ်ကိုက သူ့အမေကို ပင်လယ်ခရုနှင့် ပင်လယ်မျှော့များကို အနာဂတ်တွင်လက်ဆောင်အဖြစ်ပေးရန် ယူလာခိုင်းခြင်းဖြစ်သည်။
ပြီးတော့ သူက ဒါကို သူတို့ခေါင်းဆောင်ကို ပြောလိုက်တော့ သူကလည်း လိုချင်မည်ထင်သည့်အတွက် သူ့ခေါင်းဆောင်ကို ပေးရန်ပါ ပိုဝယ်လာခဲ့ရန် သူ့အမေကို ပြောလိုက်သည်။
ပြီးတော့ ပင်လယ်ခရုအခြောက်များသည် လတ်ဆတ်ပြီး အရသာရှ်ိသည့်အတွက် ကမ္ဘာပေါ်မှ ဘယ်အစားအစာကမှ မယှဉ်နိုင်ပေ။ ကုန်းပိုင်း မြို့များတွင်မူ ပို၍ နာမည်ဂုဏ်သတင်းကြီးသည်။ "ငါ့မိသားစုက ဒီနေ့ ပင်လယ်ခရုစားတာ"ဆိုသော ပြောစကားက ဂုဏ်ရှိသည့်အပြင် ပင်လယ်အခုက လက်ဆောင်အဖြစ်ပေးရန် သင့်တော်သည်။
ဒါကြောင့် လင်းဝေ့၏ ဒုတိယအစ်ကိုက သူကူညီနိုင်သည်ပြောသောအခါ ခေါင်းဆောင်က အလျင်အမြန် သဘောတူပြီး လင်းဝေ့၏ ဒုတိယအစ်ကိုကို ငွေအချို့ ပေးလိုက်သေးသည်။