← Chapters

Chapter 182

Vol. 15 Ch. 182

Chapter 182

Vol. 15 Ch. 182

ဓာတ်ပုံဆရာက ထိုစုံတွဲ၏ ပုံစံကို သတိမထားမိဘဲ မေးလိုက်သည်။

"ဒါဆို ကျွန်တော်တို့ဓာတ်ပုံဆိုင်မှာ အစီအစဉ်တစ်ခု ရှိတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ပြထားဖို့ ဓာတ်ပုံတစ်ပုံပေးမယ်ဆိုရင် ကျွန်တော်တို့က တစ်ပုံတစ်ပုံထပ်ပေးမယ်။ စဉ်းစားကြည့်မလား?"

အလုပ်သင်က သူ့ဆရာကို မျက်လုံးကျယ်ကျယ်နှင့်ကြည့်ကာ အကြည့်နှင့်မေးလိုက်သည် - ကျွန်တော်တို့ဆိုင်မှာ ဒီလိုအစီအစဉ်ရှိတာလား?

ဆရာက အကြည့်နှင့်ပြန်ပြောလိုက်သည် - ငါက ရှိတယ်ပြောရင် ရှိတယ်။

အလုပ်သင် - ဟုတ်ကဲ့။

ဓာတ်ပုံဆရာနှင့် အလုပ်သင်က အကြည့်နှင့်စကားပြောနေချိန်တွင် လင်းဝေ့နှင့် ကျုံးရှောက်က တိုင်ပင်နေသည်။ ဓာတ်ပုံဆိုင်မှ အလကားရိုက်ပေးသောပုံက ကျန်ခဲ့သည့်ပစ္စည်းအဖြစ် သတ်မှတ်ထားသည်ဖြစ်သည်။ ပြီးတော့ လင်းဝေ့ရော အခြားသူများကလည်း တွေ့မည်မဟုတ်ပေ။

ပြသနာက လင်းဝေ့ရော ကျုံးရှောက်ရောက အေးအေးဆေးဆေး နေတတ်ကြသူများ ဖြစ်သည့်အတွက် သူတို့ပုံကို ဓာတ်ပုံဆိုင်တွင် ပြထားမည်ကို သဘောမကျပေ။

တိုင်ပင်ပြီးနောက် ကျုံးရှောက်က ပြောလိုက်သည်။

"ဟင့်အင်း ကျွန်တော်တို့ကို ပုံမှန်အတိုင်းပဲရိုက်ပေးပါ"

"ကျွန်တော်က ခင်ဗျားတို့ကို ပုံအလကားပေးမှာလေ တကယ်မလိုချင်ဘူးလား?" ဓာတ်ပုံဆရာက ထပ်မေးလိုက်သည်။ အဓိက အကြောင်းအရင်းက သူတို့မိသားစုက ကြည့်ကောင်းကြပြီး အမွှာနှစ်ယောက်လည်းပါသည်။ သူတို့ပုံကို မှန်ဘောင်ထဲပြထားလျှင် ဖောက်သည်အများကို ဆွဲဆောင်နိုင်လိမ့်မည်။

ကျုံးရှောက်က ခေါင်းခါလိုက်သည်။ "ဟင့်အင်း"

သူတို့ငြင်းလိုက်တော့ ဓာတ်ပုံဆရာက ဘာမှမတတ်နိုင်ဘဲ ပြောလိုက်သည်။ "ကောင်းပြီ ခင်ဗျားတို့ ဘေးချင်းကပ်ထိုင်ချင်လား?"

ကျုံးရှောက်က ကလေးကိုချီကာ လင်းဝေ့နှင့်အတူ အလယ်တွင်ထိုင်နေပြီး မင်မင်နှင့်ရွေ့ရွေ့က ဘေးတွင် ထိုင်နေသည်မလို့ လိုက်ဖက်ညီနေသည်။ ဒါပေမယ့် ဓာတ်ပုံဆရာက အရှေ့ခုံကလည်း ကောင်းမည်ထင်သောကြောင့် ပြောလိုက်သည်။ "အရှေ့နဲ့အနောက် ထိုင်ကြည့်ပါလား?"

လင်းဝေ့က မေးလိုက်သည်။ "ဘေးကပ်ထိုင်ပြီး ရိုက်လို့ မရလို့လား?"

ဓာတ်ပုံဆရာက ပြောလိုက်သည်။ "ဘေးကပ်နဲ့ ရှေ့နောက် ဘယ်ဟာ ပိုကောင်းလဲ သ်ိချင်လို့ပါ"

ပေါ့ပေါ့လျော့လျော့ လုပ်နေသော ဓာတ်ပုံဆရာက ရုတ်တရက် အာရုံစိုက်လာသည့်အတွက် လင်းဝေ့တို့က ပုံစံအမျိုးမျိုး ပြောင်းလိုက်သည်။ လင်းဝေ့နှင့် ကျုံးရှောက်က ကလေးကိုချီထားပြီး မင်မင်နှင့်ရွေ့ရွေ့က သူတို့နောက်မှ ရပ်သည်။ ကလေးက ရှေ့မှထိုင်ကာ ကျုံးရှောက်နှင့် လင်းဝေ့က သူတို့နောက်မှထိုင်ကာထိန်းထားသည်။

ပုံစံအမျိုးမျိုး ပြောင်းပြီးတော့ ပထမပုံကအကောင်းဆုံးဟု ဓာတ်ပုံဆရာက ခံစားရသည့်အတွက် ထိုပုံစံ ပြန်ပြောင်းလ်ိုက်သည်။

လင်းဝေ့၊ ကျုံးရှောက်၊ မင်မင်၊ ရွေ့ရွေ့နှင့် ပေ့ပေ့ - "...."

သူတို့အမူအရာကိုမြင်တော့ ဓာတ်ပုံဆရာက ချောင်းဟန့်လိုက်ကာ ရှင်းပြလိုက်သည်။ "ကျွန်တော်က ပုံကောင်းကောင်း လိုချင်လို့ပါ"

ကျုံးရှောက်က ပြောလိုက်သည်။ "ကျွန်တော်တို့နားလည်ပါတယ်။ အခု စလို့ရပြီလား?"

"ဟုတ်ပြီ။ အမေနဲ့အဖေက ကပ်လိုက်ပါ။ ကလေးနှစ်ယောက်က အမေနဲ့အဖေ ဘေးမှာထိုင်ပါ။ ဟုတ်ပြီ အားလုံးအာရုံစိုက်မယ် ပြုံးပါ!ဘယ်ဘက်က ကလေးက အမူအရာကောင်းတယ်။ အကြီးလား အငယ်လား?"

မင်မင်က ကျယ်လောင်စွာပြောလိုက်သည်။ "ကျွန်တော်က အစ်ကိုကြီးပါ"

"အစ်ကိုကြီး အမူအရာက ကောင်းတယ် အဲ့အတိုင်းနေမယ် ညီလေးလည်းပြုံးမယ် အဖေလည်းပြုံးပါမယ်။မိသားစုပုံ ရိုက်နေတာပါ။ ပျော်ရွှင်ပြီး တောက်ပတဲ့အပြုံးတွေရှိဖို့က အရေးအကြီးဆုံးပဲ။"

"ဟုတ်ပြီ အဲ့ဒီအတိုင်းနေမယ်၊ အားလုံး မလှုပ်နဲ့ အဲ့ဒီအတိုင်းနေမယ်"

"ချလပ်!"

ဓာတ်ပုံဆရာ၏ ဟာသအပြောနှင့် ကင်မရာရိုက်ရာမှ ထွက်လာသောအသံအပြီးတွင် လင်းဝေ့နှင့် ကျုံးရှောက်က ကလေးများကိုခေါ်ကာ သူတို့မိသားစုလေး၏ ပထမဆုံး မိသားစုဓာတ်ပုံ ရိုက်ပြီးပြီဖြစ်သည်။

.......

မိသားစုဓာတ်ပုံ ရိုက်သည့်နေ့က နှစ်သစ်ကူးနေ့ ဖြစ်သည်။ ကျုံးရှောက်က ထိုနေ့တွင် စခန်းကို ပြန်ရမည် ဖြစ်သည့်အတွက် လင်းဝေ့က နှစ်သစ်အကြို ညစားစားပွဲကို ညနေခင်းသို့ ရွှေ့လိုက်ကာ နေ့ခင်းတွင် ပုံမှန်အတိုင်းသာ စားခဲ့သည်။

မင်မင်က ယခင်နှစ်က နှစ်သစ်ကူးပွဲကို ကောင်းကောင်း မှတ်မိနေသည်။ နေ့ခင်းတွင် စားပွဲပေါ်မှာ ခေါက်ဆွဲအချို့ကိုသာ တွေ့တော့ သူက အလန့်တကြား မေးလိုက်သည်။

"အမေ၊ ကျွန်တော်တို့ မိသားစုမှာ စားဖို့အတွက် ပိုက်ဆံမရှိဘူးလား?"

လင်းဝေ့က သူ့သား ခေါင်းကို မရိုက်မိသော စိတ်ကောင်းရှိ၍ တော်သေးသည်။ "သား စကားကို ဘယ်လိုပြောနေတာလဲ? နှစ်သစ်မှာ ဒီလို မင်္ဂလာမရှိတဲ့ စကားတွေ မပြောရဘူး ဆိုတာ သိလား?"

"သိပါပြီ" မင်မင်က ခေါင်းငုံ့ကာ ရှင်းပြလိုက်သည်။

"ကျွန်တော်က သိချင်လို့ပါ။ အရင်နှစ်က ကျွန်တော်တို့ အရသာရှိတဲ့ အစားအစာတွေ အများကြီး စားခဲ့ရပေမယ့် ဒီနှစ်မှာ ခေါက်ဆွဲပဲ ရှိတယ်။"

ဆန်က တောင်ပိုင်းရဲ့ အဓိက စိုက်ပျိုးသီးနှံမလို့ ဆန်အထောက်အပံ့က လုံလောက်ပြီး လူတွေရဲ့ အဓိက စားစရာက ဆန်ဖြစ်ပြီး အရံအနေနှင့် ဂျုံနှင့် ပြောင်းများ ဖြစ်သည်။ ဒါကြောင့် လင်းဝေ့က အိမ်တွင် ထမင်းကို ပိုစားဖြစ်သည်။

မင်မင်က တောင်ပိုင်း အစာအိမ်မျိုး ဖြစ်သည့်အတွက် တစ်ရက်လျှင် ထမင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စားလေ့ရှိသည်။ သူ့အတွက်တော့ ခေါက်ဆွဲက မနက်စာ သို့မဟုတ် သူ့အမေ နေ့ခင်း နှင့် ညဘက်တွင် မချက်ပြုတ်ချင်သည့်အခါမှသာ စားရခြင်း ဖြစ်သည်။ ဒါကြောင့်မလို့ သူ့အမြင်တွင် ခေါက်ဆွဲစားခြင်းက ပုံမှန်အတ်ိုင်းပင် ဖြစ်သည်။

လင်းဝေ့က ပြောလိုက်သည်။ "နေ့လည်ခင်းမှာ ခေါက်ဆွဲ စားပြီး နှစ်သစ်အကြို ညစာကိုတော့ အဖေ ပြန်လာမှ စားမှာ"

"နှစ်သစ်အကြို စားတာက နေ့လည် မဟုတ်ဘူးလား?"

ရွေ့ရွေ့က ယခင်နှစ် နှစ်သစ်အကြို စားပွဲကို သတိရသွားကာ မေးလိုက်သည်။

"နှစ်သစ်အကြို စားသောက်ပွဲက နေ့ခင်း ဖြစ်ရမယ်လို့ ဘယ်သူပြောတာလဲ? အပြင်မှာ ဗျောက်အိုး ဖောက်သံတွေ မနက်ရော နေ့လည်ရော မကြားဘူးလား? ဒါက သူတို့ နှစ်သစ်အကြို စားသောက်နေကြတယ် ဆိုတဲ့ သဘောပဲ"

"ဒီနေ့ လူတွေအများကြီး ဗျောက်အိုး ဖောက်နေကြတယ်" မင်မင်က ခေါင်းငြိမ့်လိုက်သည်။

ရွေ့ရွေ့က စဉ်းစားပြီး မေးလိုက်သည်။ "တကယ်လို့ မနက်ပိုင်းမှာ ဗျောက်အိုးဖောက်ရင် မနက်ပိုင်းမှာ နှစ်သစ်အကြို စားသောက်နေတာပေါ့။ နေ့ခင်းမှာ နှစ်သစ်အကြို စားသောက်မယ်ဆိုရင် နေ့ခင်းမှာ ဗျောက်အိုးဖောက် ရမှာလား?"

"ဟုတ်တယ် မတူတဲ့ နေရာတွေအလိုက် နှစ်သစ်ကူးအကြို စားသောက်ချိန်က မတူကြဘူး။ အမေတို့ ဇာတိမှာ ဆိုရင် နှစ်သစ်ကူးအကြို စားသောက်တာက နေ့ခင်းဘက်မှာ လုပ်ကြပေမယ့် နှစ်သစ်အကြို စားသောက်ပွဲရဲ့ အဓိက အရေးအကြီးဆုံးက အချိန်မဟုတ်ဘူး စားမယ့် လူတွေပဲ။ နှစ်သစ်အကြို စားသောက်ပွဲက ပြန်လည်တွေ့ဆုံ စားသောက်ပွဲ လို့လည်းခေါ်တယ် ပြီးတော့ သားတို့အဖေက အခု အိမ်မှာ မရှိဘူးလေ။ ခုချိန် အိမ်မှာ နှစ်သစ်အကြို စားသောက်ပွဲ လုပ်ရင် လူမစုံတာမလို့ ပြန်လည်ဆုံစည်းတာ မဖြစ်နိုင်ဘူးလေ"

ရွေ့ရွေ့က မေးလိုက်ပြန်သည်။ "ဒါဆို ကျွန်တော်တို့ အဖေ ပြန်မလာမချင်း နှစ်သစ်အကြို စားသောက်ပွဲ မလုပ်ဘူးလား?"

"ဟုတ်တယ်၊ နှစ်သစ်အကြို စားသောက်ပွဲက ညနေမှ လုပ်မှာ ပြီးတော့ အမေ့မှာ လုပ်စရာတွေ အများကြီးရှိလို့ နေ့လည်စာက်ိုတော့ ပုံမှန် အတိုင်းပဲ စားကြတာပေါ့"

"ဒီလို ဖြစ်သွားတာပေါ့" မိသားစုက စားသောက်စရာ ရှိသေးသည့်အတွက် မင်မင်က စိတ်သက်သာရာ ရသွားသည်။

.......

ဗျောက်အိုးဖောက်သံ များနှင့်အတူ လင်းဝေ့နှင့် ကျုံးရှောက်က ကလေးများနှင့်အတူ စားပွဲဝိုင်းတွင် ထိုင်နေကြသည်။

ပေ့ပေ့က နို့စို့အရွယ် ဖြစ်ပြီး နှစ်သစ်အကြို စားသောက်ပွဲတွင် မစားနိုင်ပေမယ့် လင်းဝေ့က သူ့သမီးအတွက် ထမင်းစားပွဲတွင် နေရာတစ်နေရာ ပြင်ထားကာ သူ့သမီး၏ ပုခက်ကို ယူလာရန် ကျုံးရှောက်ကို ပြောလိုက်သည်။

ကလေးက စားသောက်ပွဲကို စိတ်မဝင်စားပေမယ့် အစားစားနေချိန်တွင် သူက နိုးနေသည်။ သူမက မျက်လုံးဖွင့်ကာ လက်ယမ်းပြနေပေမယ့် လင်းဝေ့နှင့် အခြားသူများက အစားစားနေသောကြောင့် သူမက မျက်လုံးပိတ်ကာ အိပ်ပျော်သွားတော့သည်။

မင်မင်က ပုခက်ဘေးတွင် ထိုင်နေသည်မလို့ သူ့ညီမ အိပ်ပျော်သွားတာ မြင်တော့ သူက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

"ဘာလို့ ညီမလေးက အိပ်ပျော်သွားတာလဲ?" သူက သူမကို နိုးအောင်လုပ်ရန် လက်ပြင်လိုက်သည်။

ဒါကို မြင်တော့ လင်းဝေ့က မင်မင်၏ လက်ကို အမြန်ယူလိုက်သည်။"သူ့ကို အိပ်ခိုင်းလိုက်ပါ"

မင်မင်က ပြောလိုက်သည်။ "ဒါပေမယ့် အစားစားလို့ မပြီးသေးဘူးလေ"

ဒါက ပြန်လည်ဆုံစည်းသည့် ပွဲဖြစ်လို့ လူတစ်ယောက် မရှိလို့ မရပေ။

"အမေတို့က စားလို့ မပြီးသေးပေမယ့် ညီမလေးက စားပြီးပြီလေ" လင်းဝေ့က သူမ မစားသောက်ခင် ကလေးကို နို့တိုက်ပြီးပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

မင်မင်က ဒါကို မှတ်မိသောကြောင့် သူ့အမေ စကားက အဓိပ္ပါယ်ရှိသလို ခံစားရသဖြင့် သူက တုန့်ဆိုင်းနေပြီးနောက် မေးလိုက်သည်။ "ဒါပေမယ့် ညီမလေးက ကျွန်တော်တို့နဲ့ ညအထိ နေမှာ မဟုတ်ဘူးလား?"

လင်းဝေ့က ပြန်မေးလိုက်သည်။ "ပေ့ပေ့က နေနိုင်မယ်လို့ ထင်လား?"

"ဟုတ်ကဲ့"သူ့ ညီမလေးက နေ့တိုင်း အချိန်ကြာကြာ အိပ်ရမှာမလို့ သူမက သေချာပေါက် သူတို့နှင့်အတူ ရှိမည်မဟုတ်ပေ။ ဒါကြောင့် သူက သူ့ညီမကို နိုးအောင်လုပ်မည့် အတွေးကို ရပ်လိုက်သည်။

နှစ်သစ်အကြို စားသောက်ပွဲ ပြီးတော့ ကျုံးရှောက်က ကလေးနှစ်ယောက်နှင့်အတူ ခြံဝင်းထဲတွင် ဗျောက်အိုး ဖောက်ကြသည်။

တရုတ်နှစ်သစ်ကူးပွဲ ကာလတွင် မိဘများက ကလေးများကို မုန့်ဖိုးပေးကြသည်။ ကလေးအများစုက မုန့်ဖိုးများနှင့် ပေါက်ကွဲပစ္စည်း မျိုးစုံ ဝယ်ကြသည်။ ဒီရက်များတွင် လင်းဝေ့က မကြာခဏ ထိုပစ္စည်း ပေါက်ကွဲသံများ ကြားရသည်။

ဒါကြောင့် လင်းဝေ့က ကလေးများကို ဒီရက်များတွင် စည်းကမ်းတင်းကြပ်ထားကာ မီးရှူးများ မဝယ်ရန် တားမြစ်ကာ မီးရှူးများ မဖောက်ရန်လည်း တားမြစ်ထားသည်။

ဒါက သူမ အရမ်းတင်းကြပ်တာ မဟုတ်ဘဲ ဒီပစ္စည်းတွေက အန္တရာယ်ရှိလွန်း၍ ဖြစ်သည်။ ပေါက်ကွဲပစ္စည်းများကို ပွတ်ခြင်း အဝေးသို့ ပစ်ခြင်းက အဆင်ပြေသည်။ သူတို့က လွှတ်လိုက်မှသာ ပေါက်ကွဲကြသည်။ ပြီးတော့ ထို ပေါက်ကွဲပစ္စည်းတွေက ပုံမှန်အားဖြင့် အားပျော့တာမလို့ လုပ်ရဲသော ကလေးအချ်ို့က ထိုအရာနှင့် မကျေနပ်ကြပေ။ မီးရှူးကတော့ ကောင်းကင်ထိ တက်အောင် အားပြင်းသည်။

မီးရှူးက ပေါက်ကွဲပစ္စည်းများကို ပွတ်ခြင်း ပစ်လိုက်ခြင်းနှင့် မတူပေ။ မီးခြစ်ဆံကို သုံး၍ မီးရှို့ရမည်။အောက်ခြေက တိုပြီး အားပြင်းသည်။

လင်းဝေ့၏ တပ်မဟာတွင် ကောင်လေးတစ်ယောက် ရှိသည်။ သူငယ်စဉ်က အခြားသူများနှင့် မီးရှူးဖောက်ကြသည်။ အောက်ခြေက ကုန်သွားပေမယ့် မပေါက်ကွဲသေးတာမလို့ မီးမလောင် ဟုထင်ကာ သူက သွားကိုင်လိုက်ရာ လက်တစ်ခုလုံး ပေါက်ကွဲသွားသည်။

ကလေးတွေက မကစားရလို့ သေချာပေါက် ပျင်းကြမည် ဆိုပေမယ့် လင်းဝေ့က သူတို့ကို မကစားခိုင်းရဲပေ။

ဒါကြောင့်မလို့ ကလေးနှစ်ယောက်က ဒီရက်များတွင် ပျင်းနေကြသည်။ အပြင်ဘက်တွင် ကလေးများက ယမ်းမှုန့်များ ကိုင်ကာ သွားနေကြတော့ သူတို့က သိချင်စွာ ကြည့်ကြသည်။

ကလေးတွေ နှစ်သစ်ကူးတွင် ပျော်ရွှင်စွာ ကစားနိုင်ရန် လင်းဝေ့က ပေါက်ကွဲပစ္စည်း အနည်းငယ်ကို မနေ့က ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမ သို့ သွားဝယ်ထားပေမယ့် သူမက သူတို့ကို စားသောက်ပွဲပြီးမှ ထုတ်ပေးကာ ကျုံးရှောက်ကို ကလေးနှစ်ယောက်ကို ခေါ်ပြီး ကစားခိုင်းလိုက်သည်။

ကျုံးရှောက်က ပေါက်ကွဲပစ္စည်း အနည်းငယ်ပါသော ဘူးကို ကိုင်ထားကာ အန္တရာယ်ဖြစ်နိုင်ချေ အနည်းဆုံးကို ယူလိုက်သည်။ ကလေးနှစ်ယောက်ကို အနည်းငယ်ပေးကာ သူတို့ ကစားလို့ရလား မေးလိုက်သည်။

ရွေ့ရွေ့ က "ဟုတ်ကဲ့" ဟုဖြေလိုက်ပေမယ့် ဟုတ်ကဲ့၏ အရှေ့တွင် အဖေက သူ့ကို အထင်သေးသည့်အတွက် အလိုမကျသည့် အမူအရာ ပါဝင်နေပြီး သူက ပစ်ရသည့် ပစ္စည်းကို ယူကာ မြေပေါ်သို့ လှမ်းပစ်လိုက်သည်။

ပစ္စည်းက ပေါက်ကွဲသွားသည့်အခါ သူက သူ့အဖေကို ဘဝင်မြင့်စွာ ကြည့်လိုက်သည်။

ဒါပေမယ့် ကျုံးရှောက်က ဒါကို ဂုဏ်ပြု မပေးပေ။ သူက တစ်ခုယူကာ မြေပေါ်ပစ်လိုက်ပြီး သားအဖတွေ အပြိုင်အဆိုင် ဖြစ်လာကြသည်။ မင်းက ငါ့ခြေထောက်နား တစ်ခုပစ်ရင် ငါက မင်းဘေးကို တစ်ခုပစ်မယ်။

ရွေ့ရွေ့က သူ့ဘေးတွင် မြင်လိုက်ပြီး မကြာခင်တွင် အဖေကို သူ့အကိုနှင့်အတူ တ်ိုက်ခိုက်ခဲ့ကြသည်။

လင်းဝေ့က တစ်ဖက်ခြမ်းတွင် ပြောစရာစကား ပျောက်နေပေမယ့် သတိပေးလိုက်သည်။ "ပေါက်ကွဲမယ့်အချိန် လူတွေ ခန္ဓာကိုယ်ကို မပစ်နဲ့နော်"

"သိပါပြီ!" မင်မင်က ပြန်ပြောလိုက်ကာ ပေါက်ကွဲပစ္စည်းကို ကျုံးရှောက်ရှေ့ပစ်လိုက်ပြီး သူ့အဖေ ပြန်ပစ်သောအခါ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ခြံဝင်းထဲ၌ ကလေးနှစ်ယောက် အော်သံများနှင့် ပြည့်နေသည်။

ကျုံးရှောက်အတွက်တော့ ဒီအရာက သူအော်ရန် မသင့်တော်ပေမယ့် ကလေးများနှင့် စနောက်ရသည်မှာ ပျော်စရာမလို့ သူ့မျက်နှာတွင် အပြုံးက အဆက်မပြတ် ရှိနေသည်။

ပေါက်ကွဲစေသည့်ဘောလုံးများ ထည့်ထားသော ဘူးနှစ်ဘူးက ရှိသေးတာ မလို့ ကျုံးရှောက်က ကလေးနှစ်ယောက်ကို ထို ဘောလုံးများနှင့်ကစားရန် ခေါ်သွားသည်။ ထို ပေါက်ကွဲဘောလုံးများက အန္တရာယ်များတာမလို့ သူက ကလေးများကို ကြိုတင်ကာကွယ်နည်းအချ်ို့ ပြောလိုက်သည်။

မင်မင်က ဘာမှမတတ်နိုင်ဘဲ ပြောလိုက်သည်။"အဖေက အရမ်း စကားများတာပဲ"

ကျုံးရှောက်က ဒါကိုကြားတော့ အသက်ရှူပင် ရပ်သွားကာ အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။ "မကစားချင်ဘူး ဆိုရင် တည့်တည့် ပြောလိုက်ပါ"

သူ့အဖေ သတိပေးတာ ကြားရတော့ သူက ချက်ချင်း ပါးစပ်ပိတ်ကာ အာရုံစိုက် နားထောင်လိုက်သည်။

ကြိုတင်ကာကွယ်နည်းများ ပြောပြီးတော့ ကျုံးရှောက်က ငါးခုစီ ခွဲပေးကာ သူတို့ကို သူတို့ဘာသာ ကစားခိုင်းလိုက်ပြီး လင်းဝေ့ထံ လျှောက်လာကာ မေးလိုက်သည်။ "မင်း ကစားမှာလား?"

"ကျွန်မက ဒါနဲ့ ကစားဖို့ အသက်ကြီးသွားပါပြီ" လင်းဝေ့က ခေါင်းခါပြီး ပြောလိုက်သည်။

ကျုံးရှောက် - "..." သူက သူမထက် တစ်နှစ် ပိုကြီးသည်။

လင်းဝေ့က မကစားလိုပေမယ့် ကျုံးရှောက်ရဲ့ တောင်းဆိုမှုကို မငြင်းဆန်နိုင်၍ ခဏ ကစားလိုက်သည်။

သူမက ကလေးတွေထက် အသက်ကြီးပေမယ့် သူတို့လောက် သတ္တိ မရှိပေ။ သူမ ကစားနေချိန်တွင် ပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့်သူမက ဖြည်းဖြည်းချင်း ပစ်နေသည်။

သူမက ပစ်ပြီးချိန်တိုင်း နားကို လက်နှင့်အုပ်ထားကာ ကြည့်လည်း မကြည့်ရဲပေ။ ကျုံးရှောက်နှင့် ကလေးများ ကစားသည်ကို ကြည့်နေချိန်က သူမက ဘာလုပ်ရမည် ပြောနိုင်သေးသည်။

လင်းဝေ့က လက်ဖယ်ပြီး မျက်လုံးဖွင့်လိုက်ချိန်တွင် ကျုံးရှောက်က ကြည့်ကာ ရယ်နေသည်ကို မြင်တော့ ဒေါသတကြီး မေးလိုက်သည်။"ရှင် ကျွန်မကို ရယ်နေတာလား?"

ကျုံးရှောက်က ချက်ချင်း တည်ငြိမ်စွာကြည့်ကာ ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး"

"ဒါဆို ဘာလို့ ရယ်နေတာလဲ? လင်းဝေ့က အငြင်းအခုံ လုပ်လိုက်သည်။

ကျုံးရှောက်က ကလေးနှစ်ယောက်ကို လက်ညှိုးထိုး ပြလိုက်သည်။ "ကိုယ်က သူတို့ကို ရယ်နေတာ"

သူတို့က ပေါက်ကွဲပစ္စည်းကို အပြင်ပစ်နေချိန် ဖြစ်ပြီး ဒါကိုကြားတော့ နောက်လှည့်ကြည့်ကာ မကျေမနပ် ပြောလ်ိုက်သည်။ "အဖေ ကျွန်တော်တို့ ကြားတယ်နော်!"

ကျုံးရှောက်က စိတ်မလုံ မဖြစ်ပေ။ "အဲ့တော့?"

ယခု အခြေအနေကို သိသူက ကျွင်းကျီ ဖြစ်သည်။ သူက ဒီစကား အဓိပ္ပါယ်ကို သေချာမသိပေမယ့် သူ့အမူအရာက ဖော်ပြနေတာမလို့ သူက ဘာမှ မပြောခဲ့သလို သဘောထားကာ ချက်ချင်း တစ်ဖက် လှည့်လိုက်သည်။

နောက်ဆုံးတစ်ခုက ထျန်းထျန်းလဲ့ ဖြစ်ပြီး သူက အလွန် အားပြင်းသည့်အတွက် မြေဆီလွှာ ပေါက်သွားနိုင်သည်။ ကျုံးရှောက်က ကလေးများကို ကမ်းခြေတွင် ဆော့ရန် ခေါ်သွားသည်။

လင်းဝေ့က မလိုက်ခဲ့ပေ။ ပထမတစ်ချက်က သူမသမီီးက အိမ်တွင် တစ်ယောက်ထဲ ဖြစ်ပြီး ဒုတိယအချက်က သူမက ဒါတွေကို စိတ်မပါဘဲ အနည်းငယ် စိုးရိမ်နေသည်မလို့ သူမက သူတို့ကို ဂရုစိုက်ရန်သာ ပြောခဲ့သည်။

ကျုံးရှောက်က သူမပြောသည်ကို ကြားတော့ သူမ စိတ်မပူစေရန် လက်ကာပြလိုက်သည်။

သူတို့က အဝေးမှာမဟုတ်ဘဲ ကမ်းခြေအနီးမှာ မလို့ လင်းဝေ့က အိမ်တွင် ထိုင်နေရင်း ပေါက်ကွဲသံများကို အချိန်တိုင်းလိုလို ကြားနေရသည်။

ဆူညံသံများကြောင့် သူတို့ကစားပြီး ခဏအကြာတွင် ဘေးအိမ်မှ တပ်မှူးဆွန်းကလည်း ကလေးများ ခေါ်လာခဲ့သည်။

ဆွန်းမိသားစုက သူ့မိန်းမက တပ်နှင့်အတူ အမြန်ရောက်လာသောကြောင့် နှစ်သစ်မတိုင်ခင်က ဘေးအိမ်တွင် နေခဲ့ခြင်း ဖြစ်သည်။ သူတို့ ရောက်စက အိမ်က မပြင်ဆင်ရသေးသလို တံခါးနှင့် ပြတင်းပေါက်များက ပျက်နေပြီး အိမ်ခေါင်မိုးကလည်း ပေါက်နေသည်။

ကံကောင်းစွာနဲ့ အိပ်ခန်းမှ ခုတင်က ကောင်းနေသေးသည်။ တပ်မှူးဆွန်းက အားလပ်ရက်မပြီးသေးသည့် အချိန်ကို အခွင့်ကောင်းယူကာ ခုတင် အသစ်တစ်လုံး ဝယ်လိုက်ပြီး မိသားစုက အဆင်ပြေသွားသည်။

ပြောင်းရွှေ့ပြီးနောက်မှာ ဆွန်းယင်းချန်နှင့် သူ့ဇနီးက အိမ်ခေါင်မိုးနှင့် တံခါး ပြတင်းပေါက်များကို တစ်ခုပြီး တစ်ခု ပြင်လိုက်သည်။ ခြံထဲမှ မြက်ပင်များကိုလည်း ရှင်းလိုက်ပြီ ဖြစ်သည်။

ကျုံးရှောက်၏ အိမ်က ကောင်းမွန်စွာပြင်ဆင်ထားပြီး မိသားစုနယ်မြေ၏ အသိအမှတ်ပြု နေရာတစ်ခု ဖြစ်ကာ ကျုံးရှောက်က ဒီနေရာနှင့် အကျွမ်းတဝင် ရှိသည်မလို့ အိမ်ပြင်နေစဉ် ကာလတွင်းတွင် ဗိုလ်မှူးဆွန်းက ကျုံးရှောက်ကို မေးကာ သူတို့နှစ်ယောက် အချင်းချင်း ရင်းနှီးလာကြသည်။

လင်းဝေ့နှင့် ဆွန်းယင်းချန်၏ မိန်းမကလည်း အဆင်ပြေသည်။ တစ်ဖက်လူက အနေအေးပြီး စကားသိပ်မပြောပေမယ့် သူတို့က အခြားအရာများတွင် အဆင်ပြေသည့်အတွက် အချင်းချင်း စကားပြော၍ ရကြသည်။

မိသားစုနှစ်ခုကြား ဆက်ဆံရေးက ကောင်းသည့်အတွက် တပ်မှူးဆွန်းက ကလေးများကို ခေါ်လာကာ သူတို့ အတူကစားကြသည်။

ဆွန်းယင်းချန်၏ မိန်းမက လင်းဝေ့ အိမ်သို့ ရောက်လာသည်။ သူမက ဗျောက်အိုး ဖောက်ရသည်ကို မကြိုက်ဘဲ ဆူညံသည်ဟု ခံစားရသည်။ သူမအထင်တွင် လင်းဝေ့နှင့်အတူ စကားလာပြောတာက ပိုပျော်စရာကောင်းမည်။

ဆွန်းယင်းချန်၏ မိန်းမ လာပြီး မကြာခင်မှာ တန့်ရှင်းယွမ်၏ မိသားစုကလည်း ရောက်လာသည်။ ကျုံးရှောက်နှင့် အခြားသူများ အပြင်တွက် ကစားနေသည်ကို ကြားတော့ ကျိုးကျင်းဟွေ့ ကလည်း ရောက်လာကာ တန့်ရှင်းယွမ်နှင့် ချန်းပါးမေ့ တို့နှင့် အတူ ထွက်လာခဲ့သည်။

ဘာဖြစ်နေတယ်ဆိုတာ မသိဘူး။ အရင်နှစ်က လင်းဝေ့တို့မိသားစုက အဆင်ပြေနေပြီး ဘယ်သူမှ နှစ်သစ်အကြိုတွင် လာမလည်ကြပေ။ ဒီနှစ်မှာတော့ လင်းဝေ့၏ အိမ်က စည်ကားနေသည်။ တန့်ရှင်းယွမ်၏ မိသားစု လာပြီး မကြာခင်မှာ ကျောက်လီလည်း ရောက်လာသည်။ သူက မာကျောက်လည်း ယူလာသည်။

ကျောက်လီက အိမ်ထဲဝင်လာသည်နှင့် ပြောလိုက်သည်။

"အိမ်မှာ လူစည်နေတယ် ကြားတယ် လာပါ နည်းနည်း ကစားကြတာပေါ့"

လင်းဝေ့ - "မာကျောက်ကစားဖို့ ကျွန်မအိမ်ကို လာတာလား?"

"နှစ်သစ် အကြိုနေ့မှာ အားလုံး ပျော်ကြတာပေါ့" ကျောက်လီ စကားအဆုံးတွင် လင်းဝေ့က သူ့ကို ကြည့်နေသေးတာမလို့ ပြောလိုက်သည်။

"ဟုတ်တယ် ဒီကို အဖော်လာရှာတာပါ"

လူတိုင်းက သူတို့အလုပ်သူတို့ လုပ်နေကြတာမလို့ သူမက မာကျောက်ကစားရန် အဖော်ရှာမရပေ။ လင်းဝေ့နှင့် တန့်ရှင်းယွမ်တို့ ရှိနေတာတွေ့တော့ လူစုစရာမလိုတော့ဘူးဟု တွေးမိကာ မာကျောက်ကိုယူ၍ လာခဲ့ခြင်း ဖြစ်သည်။

ရိုးသားစွာ ရှင်းပြပြီးနောက် ကျောက်လီက မေးလိုက်သည်။ "ကစားမှာလား?မကစားဘူးဆိုရင် ပြန်ကြမှာလား?"

"ကစားလို့ ရပါတယ် ဒါပေမယ့် မာကျောက်ကို မတူအောင် ကစားကြတာပေါ့" လင်းဝေ့က မာကျောက် ကစားတတ်ပေမယ့် သူမက ယားကျိုကျွန်းကို ရောက်ပြီးချိန်ကပဲ မကစားဖြစ်တာ ဖြစ်သည်။

ကျောက်လီက ဂရုမစိုက်ပေ။ "ရပါတယ်။ လူတိုင်းနားလည်တဲ့ မာကျောက် စည်းမျဉ်း အတိုင်း ရှင်းရှင်းလင်းလင်း ကစားကြတာပေါ့"

"ဒါဆို ဘယ်နှပွဲ ကစားကြမှာလဲ?"

ကျုံးရှောက် အိမ်ပြန်လာတော့ အိမ်တွင် ဖဲဝိုင်းကို တွေ့လိုက်ရသည်။

သူတို့ပြန်လာတာတွေ့တော့ လင်းဝေ့က ကဒ်များကို လှန်နေရင်း ပြောလိုက်သည်။ "ရှင် အချိန်မှန် ရောက်လာတာပဲ။ အိုးထဲမှာ ရေနွေးကြမ်းမရှိတော့ဘူး။ ရေနည်းနည်း ထည့်ပေးလို့ ရမလား?"

လင်းဝေ့၏ ကဒ်လှန်နေသော ရင်းနှီးသည့်ပုံစံကို ကြည့်ကာ ကျုံးရှောက်က တစ်ခု တွေးလိုက်သည်။ လူတွေက ကြည့်ကောင်းမနေသင့်ဘူး။ ပြီးတော့ သူက ရေနွေးအိုးထဲ ရေဖြည့်ကာ အသီး တစ်ချို့ကို ဆေးလိုက်သည်။

ကျူံးရှောက် အလုပ်ရှုပ်နေချိန်တွင် ကျိုးကျင်းဟွေ့နှင့် တပ်မှူးဆွန်းက ကလေးများနှင့် ရောက်လာသည်။ သူတို့ အ်ိမ်ပြန်ရောက်တော့ သူတို့မိန်းမတွေ မရှိတာ သိလိုက်ရသည်။

သူတို့ ရောက်တော့ ကဒ်များနှင့် ဝိုင်းက မပြီးသေးပေ။ ကျိုးကျင်းဟွေ့က အိမ်ပြန်ကာ ကဒ်ထုပ်ကို ယူပြီး အခြားလူနှစ်ယောက်ကိုဆွဲကာ စားပွဲဝိုင်းတွင် ထိုင်လိုက်သည်။

မာကျောက်ကစားနေရင်း အချိန်က ကုန်သွားပြီး သူတို့ မသိလိုက်ခင်ပဲ ရေတွက်သည့်အချိန် ရောက်လာသည်။ ဗျောက်အိုးဖောက်သံများက နှစ်သစ်တွင် ဆူညံနေကာ အခြားလူများက တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြသည်။

လင်းဝေ့က ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။သူမက အပြင်မှ ဗျောက်အိုးဖောက်သံများ ကြားသည်။ သူမက ကျုံးရှောက် တံခါးနားရပ်နေသည်က်ို ကြည့်ကာ လျှောက်သွားပြီး နောက်မှ ဖက်လိုက်ကာ မေးလိုက်သည်။

"ဘာ ကြည့်နေတာလဲ?"

"နောက်ထပ် တစ်နှစ် ကုန်သွားပြန်ပြီ"

ထိုသို့ပြောကာ ကျုံးရှောက်က ခေါင်းလှည့်ကာ လင်းဝေ့ကို နမ်းလိုက်သည်။

"ပျော်ရွှင်စရာ နှစ်သစ်ပါ"

All Chapters