← Chapters

Chapter 183

Vol. 15 Ch. 183

Chapter 183

Vol. 15 Ch. 183

မီးအိမ်ပွဲတော် မတိုင်ခင် ကျုံးရှောက်က ဓာတ်ပုံဆိုင်သို့သွားကာ ဓာတ်ပုံ သွားယူပြီး လမ်းတွင် ဓာတ်ပုံစာအုပ်ဝယ်ခဲ့ကာ ဓာတ်ပုံဘောင်လည်း ဝယ်ခဲ့ပြီး အိမ်ပြန်လာခဲ့သည်။

သူတို့က သုံးပုံရိုက်ခဲ့ပေမယ့် ကိုးပုံ ပွားလိုက်ကာ တစ်ခုကသာ ဧည့်ခန်းတွင် ချိတ်ဆွဲရန် ပုံကြီး ဖြစ်သည်။

မိသားစု ဓာတ်ပုံ အသေးနှင့် မင်မင်နှင့် ရွေ့ရွေ့ပုံ နှင့် လင်းဝေ့က ပေ့ပေ့ကို ချီထားပုံကတော့ လင်းဝေ့က ဓာတ်ပုံဘောင် အသေးထဲ ထည့်လိုက်သည်။ မင်မင်နှင့် ရွေ့ရွေ့ပုံက သူတို့ အခန်းတွင်းထည့်ထားကာ ကျန်နှစ်ပုံက အိပ်ခန်းထဲတွင် ဖြစ်သည်။

ကျန်သောပုံများနှင့် လင်းဝေ့ ယခင်က ဓာတ်ပုံဘောင်ထဲ ထည့်ထားသော ပုံများကို ကျုံးရှောက် ဝယ်လာသော ဓာတ်ပုံစာအုပ်က ထူသည့်အတွက် သူမက ထိုစာအုပ်တွင် အပြည့်ဖြည့်ရန် လုပ်လိုက်သည်။

.......

စာသင်နှစ်သစ်တွင် လင်းဝေ့က ယခင်နှစ်ကထက် ပိုအလုပ်ရှုပ် လာသည်။ သူမအလုပ်က ပိုများလာ၍ မဟုတ်ဘဲ ပေ့ပေ့ကို ထိန်းရန် ပိုခက်လာသောကြောင့် ဖြစ်သည်။

လများကြာလာသည်နှင့်အမျှ ပေ့ပေ့၏ အိပ်ချိန်က နာရီနှစ်ဆယ်မှ ဆယ်နာရီသို့ လျော့သွားကာ နိုးနေချိန်က ပိုများသည့်အတွက် သူ့ကိုထိန်းရန် ယခင်ကထက် ပိုခက်လာသည်။

ဒါပေမယ့် ရွေ့ရွေ့က ပို၍ သိတတ်လာသည်မလို့ လင်းဝေ့ကို ပို၍ ကူညီလာသည်- ယခု သူတို့က သူတို့ညီမအတွက် နို့မှုန့်ပင် ဖျော်ပေး နိုင်လာပြီ ဖြစ်သည်။

လင်းဝေ့က ပို၍ အလုပ်ရှုပ်လာသည်က သူမက အလုပ်အတွက် အထက်တန်းစာများကို လေ့လာရန် အချိန်ပို လိုသည့်အပြင် ကလေးထိန်းရန်လည်း လိုသေးသည်။ သူမက နောက်နှစ်တွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေမည် ဖြစ်သည်။

အမှန်တော့ လင်းဝေ့က သူမ၏ စာများကို ပြန်ကြည့်ရန် စီစဉ်ထားပေမယ့် ကျုံးပေ့ပေ့၏ မထင်မှတ်ထားသော ရောက်ရှိလာမှုကြောင့် အရင်နှစ် ဒုတိယ နှစ်ဝက်မှာ ကိစ္စတွေ အများကြီး ဖြစ်သွားတာမလို့ သူမ ဒါကို မစဉ်းစားမိပေ။

နှစ်သစ် မတိုင်ခင်ကမှ သူမက ကောလိပ် ပြန်ဖြေခွင့်အတွက် နှစ်နှစ်သာ ကျန်တော့တာ မလို့ သူမ စပြီး စိတ်ပူလာသည်။

သူမက အထက်တန်းကျောင်းဆင်း လက်မှတ် ရ ထား ပေမယ့် သူမက ကျောင်းမှ ဝေးနေတာ ကြာပြီ ဖြစ်ပြီး အရင်နှစ်တွေကလည်း စာသိပ်မဖတ် ဖြစ်ပေ။ တကယ်လို့ သူမကသာ ကောလိပ် ပြန်တက်ရန် ဝင်ခွင့်စာမေးပွဲ ပြန်ဖြေရန် ကြေညာချိန်မှသာ စာကြည့်မည် ဆိုလျှင် စာမေးပွဲတွင် မည်သည့် အဆင့်ရမည် ဆိုတာ မသေချာပေ။

သူမက သူမအိပ်မက်နှင့် အနာဂတ် လမ်းကြောင်းကို မသိခဲ့ဘူးဆိုရင် ဘယ်လောက်ခက်ခက် ကျည်ဆန်များနှင့် ရင်ဆိုင်ရသည် ဖြစ်စေ ကောလိပ်ဝင်ခွင့် လက်လျော့လိုက်ရသည် ဖြစ်စေ လက်ခံနိုင်သည်။

ဒါပေမယ့် ဘုရားသခင်က သူမကို ကံကောင်းခြင်းအနေနှင့် အခြားသူများထက် နှစ်နှစ် ပြင်ဆင်ချ်ိန် ပေးထားသည့်အတွက် သူမက အခွင့်အရေးကို အဆုံးရှုံးမခံနိုင်ပေ။

ကောလိပ်ဝင်ခွင့် ဖြေရန် ဆုံးဖြတ်လိုက်ပြီး သည်နှင့် သူမအစီအစဉ်ကို ကျုံးရှောက်ကို ပြောလိုက်သည်။ ဒါက သူမရဲ့ ကိုယ်ပိုင်ဘဝ ဆိုပေမယ့် သူတို့က မိသားစု ဖြစ်သည်။ သူမက ကောလိပ်ဝင်ခွင့် အောင်သွားလျှင် အိမ်ကိစ္စကို စီစဉ်ရန် ဆုံးဖြတ်ရမည်။

သူမက အပြင်သို့သွားသည် သို့မဟုတ် ပြည်တွင်း ဒုတိယအဆင့် ကျောင်း တက်မည်ဆိုတာက ကျုံးရှောက်၏ အနေအထားပေါ်လည်း မူတည်သည်။

ဒါက ဝတ္ထုထဲတွင် ဖြစ်ပြီး လင်းဝေ့က ဇာတ်လမ်း အားလုံးကို သိနေသည့်အတွက် ကျုံးရှောက်က လင်းဝေ့ကို သူနှင့် ကလေးများ၏ အနာဂတ်အကြောင်း မေးခဲ့သည်။

လင်းဝေ့က အမျိုးသမီး အမျိုးသား ဇာတ်ဆောင်များ အကြောင်းကို မပြောချင်ပေ ဒါကရိုးရှင်းသည်။ ဝတ္ထုထဲတွင် သူမ သေဆုံးပြီးသည်နှင့် သူက အလုပ်ပြောင်းကာ ရှီးချန်ကို ပြန်ခဲ့ပြီး စက်ရုံတွင် အလုပ်ဝင်ကာ ပြန်လည်တည်ထောင် ဖွင့်လှစ်ချိန်တွင် ပင်လယ်တွင် အလုပ်သွားလုပ် ခဲ့သည်။

သူက အနာဂတ် မှာ ကောင်းမွန်ခဲ့ပေမယ့် ဆေးလိပ် အရမ်းသောက်သည့်အတွက် အဆုတ်ကင်ဆာဖြစ်ကာ စောစောသေခဲ့သည်။ ကလေးနှစ်ယောက်ကလည်း အောင်မြင်ခဲ့ကြသည်။ ရွေ့ရွေ့က ဥပဒေ သင်တန်းတက်ခဲ့ပြီး မင်မင်က သူ့အဖေ စီးပွားရေး ဆက်လုပ်ကာ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာပြီး သူနှင့် စိတ်ဓာတ်ပုံစံ ပိုတူလာသည်။

ကျုံးရှောက်က ဒါကိုကြားတော့ တိတ်ဆိတ်သွားပြီး လင်းဝေ့က အဆုတ်ကင်ဆာကို သူ ဆေးလိပ်မသောက်တော့ရန် ခြောက်နေသည်ဟု ထင်မိသည်။

ဒါပေမယ့် သူက ဒါကို ဂရုစိုက်သည်။ အတိတ်တွင် သူက သူကိုယ်တိုင် ဆေးလိပ်ဖြတ်ခဲ့သည်။ စခန်းမှ အခြားသူများ သူ့ရှေ့တွင် ဆေးလိပ်သောက်လျှင် သူက ငွေပေးကာ သူတို့ကို ဆေးရုံတွင် အဆုတ် စစ်ဆေးရန် ပြောလေ့ရှိသည်။ ရလဒ်အနေနှင့် သူ့စခန်းက လူများက သူ့ရှေ့တွင် ဆေးလိပ် မသောက်ကြတော့ပေ။

သူက သူ့ကိုယ်သူ ပို၍ သဘောကျလာသည်။ တစ်လ လောက်ကြာတော့ ကလေးတွေက သူ့ကို သဘောမကျတော့ဘူး ဟုခံစားလာရသည်။ ဒါပေမယ့် သူက မယုံကြည်နိုင်ပေ။ ပြီးတော့ ဒါက ဝတ္ထုထဲက အတိုင်းဆိုလျှင် သူက ပို၍ တိတ်ဆိတ်စွာ နေသင့်သည်။

ရွေ့ရွေ့၏ သင်တန်း အတွက်တော့ သူ သံသယ မရှိပေ။ သူက တော်သည့် ကလေး ဖြစ်သည်။

ဝတ္ထုထဲတွင် ကျုံးရှောက်က ဇာတိကို ပြန်ပြီးနောက် လုပ်ငန်းလုပ်ရန် ပင်လယ်ဘက် ထွက်ခဲ့သည်။

သူက စစ်တပ် မိသားစုမှာ မွေးဖွားခဲ့ပြီး သူက ငယ်စဉ်ကပင် စစ်သားများနှင့် အတူ ကြီးပြင်းလာသည်။

ဒီလို အခြေအနေကြောင့် သူက နောက်ပိုင်းတွင် စစ်သား ဖြစ်လာသည်။ ယနေ့ သူက သူ့အလုပ်ကို ချစ်ပြီး ဖြစ်နိုင်လျှင် သူက တပ်ထဲတွင် တစ်သက်လုံး နေလိုသည်။

ဝတ္ထုထဲတွင် လင်းဝေ့ သေဆုံးပြီးနောက် သူကအလုပ်ပြောင်းလိုက်သည် ဆ်ိုပေမယ့် ယခု သူမက အဆင်ပြေနေသည်။ အနာဂတ်တွင် ကြီးမားသည့် အပြောင်းအလဲ မဖြစ်လျှင် သူက အလုပ်ပြောင်းရန် မရှိသည့်အတွက် အနာဂတ်တွင် အရမ်းချမ်းသာရန် ဖြစ်နိုင်ချေ မရှိပေ။

ဆုံးဖြတ်ချက် မချမီ ကျုံးရှောက်က လင်းဝေ့ကို ဒီကိစ္စပြောခဲ့ပြီး လင်းဝေ့က အဆင်ပြေသည်ဟု ပြောခဲ့သည်။ ဘယ်လိုဖြစ်ဖြစ် သူမရှိလျှင် မိသားစုက အနာဂတ်တွင် ဝန်ပို လာလိမ့်မည်။

သူက ပင်လယ်တွင် အလုပ်လုပ်ရန် မသွားဖြစ်တော့ သော်လည်း ကျုံးရှောက်က ပြန်လည်တည်ထောင် ဖွင့်လှစ်သည့် ဖြစ်ရပ်ကြီး ကိုတော့ လစ်လျူမရှုခဲ့ပေ။ သူက ထိုအကြောင်းကို ဆက်မေးနေပြီး သူက နောင်နှစ်များတွင် ကိစ္စအများကြီး ဖြစ်မည်ဆိုတာ သိသည်။

ဥပမာ နယ်မြေ ပြန်လည်တည်ထောင်ရေး က ၁၉၇၈ ခုနှစ်တွင် စမည်၊ လှုပ်ရှားမှုကြီးက ဒီနှစ်ကုန်တွင် ပြီးမည် ပြီးတော့ လှုပ်ရှားမှု ခေါင်းဆောင်က ဒီနှစ် စက်တင်ဘာတွင် သေဆုံးမည် ဖြစ်သည်။

ပထမ နှစ်ခုက သတင်းကောင်းဆိုပေမယ့် နောက်ဆုံး တစ်ခုက ကျုံးရှောက်က်ို စိတ်ဓာတ်ကျစေကာ တစ်ခုခု လုပ်ချင်သော်လည်း အဆုံးမှာတော့ သူဘာမှ မလုပ်နိုင်တာ သ်ိလိုက်ရသည်။

မိသားစုတွင် သူက လင်းဝေ့၏ အထောက်အပံ့ဖြစ်ပြီး ကလေးများအတွက် လေးစားရသော အဖေ ဖြစ်ပေမယ့် နိုင်ငံ အတွက်တော့ သူက အလွန် သေးငယ်ပြီး နိုင်ငံ့သမိုင်းက ရှေ့သို့ ရွေ့သွားနေသည်ကိုသာ ကြည့်နေနိုင်သည်။

ကျုံးရှောက်က လင်းဝေ့ထံမှ အနာဂတ်အကြောင်း အများကြီး ကြားဖူးပေမယ့် လင်းဝေ့က ကောလိပ် ပြန်တင်မည့် အကြောင်း မပြောဖူးတာကြောင့် နောက်နှစ် လင်းဝေ့က ကောလိပ် ဝင်ခွင့် စာမေးပွဲ ဖြေမည့် အကြောင်း ကြားလိုက်သောအခါ ကျုံးရှောက်က အံ့သြသွားပြီး မေးလိုက်သည်။

"ကောလိပ်ဝင်ခွင့် စာမေးပွဲက နောက်နှစ် ဖြေရမှာလား?"

"နောက်နှစ် အောက်တိုဘာလောက် ဖြစ်မယ် စာမေးပွဲက နှစ်ကုန်ဖြစ်မယ် ပြီးတော့ ကျောင်းက ခုနစ်လပိုင်း ဒါမှမဟုတ် ရှစ်လပိုင်း အစဖြစ်မယ်" ဝတ္ထုထဲတွင် အချိန်အတိအကျ မသိသည်မလို့ လင်းဝေ့က ခန့်မှန်းပြောလိုက်သည်။

"မင်း လျှောက်လို့ရလား?"

"ဒါက အသက် သုံးဆယ်အောက် အထက်တန်းပြီးသူတိုင်း လျှောက်လို့ရတယ်"

ဝတ္ထုထဲတွင် အချို့ ထူးခြားသော အခြေအနေများ အကြောင်းကို ပြောထားသည် ဥပမာ ပါဝင်သူများ နှင့် ပြသနာများ ပြီးတော့ အိမ်တွင် ဦးထုပ် ချွတ်မထားခဲ့ သူများက သတင်းပို့၍ မရနိုင်ပေ။ သူတို့က ဦးထုတ်ချွတ်ခဲ့လျှင်တောင် သူတို့ခေါင်းဆောင်များ၏ ခွင့်ပြုချက်ရရန် လိုအပ်သည်။ ဒါပေမယ့် လင်းဝေ့က သူမအခြေအနေက အဆင်ပြေသည်ဟု ခံစားမိပြီး သူမက ခွင့်ပြုချက်မလိုပေ။ ပြီးတော့ ဒီလို ဖြစ်လာခဲ့ရင်တောင် သူမက ထိုအချိန်တွင် အဖြေရှာနိုင်လိမ့်မည်။ ဒီကိစ္စများကို စိတ်ပူရန် စောလွန်းနေသည်။

"ဒါဆို လုပ်ပါ" ကျုံးရှောက်က ခေါင်းငြိမ့်ပြီး မေးလိုက်ပြန်သည်။

"မင်း ဘယ်ကောလိပ်ကို သွားမယ် စဉ်းစားထားလဲ?ဘယ် ဘာသာရပ်ကို သင်မှာလဲ?"

"ကျွန်မ အသေးစိတ်တော့ မစဉ်းစားရသေးဘူး။ ကျောင်းနဲ့ ဝေးနေတာ ကြာပြီဆိုတော့ ဘာကို သင်နိုင်မယ်ဆိုတာ မသိဘူး။ ကျွန်မတွေးနိုင်တာက ဝေဖန်ချက် ကောင်းတယ်ဆိုရင် ကျွန်မ ယန်ချန်ကို လျှောက်မယ် မကောင်းဘူးဆိုရင် မြို့ပေါ်ကို လျှောက်မယ်။ ခရိုင်ကို သွားမယ်ဆိုရင် အိမ်နဲ့နီး...."

လင်းဝေ့ စကား မဆုံးမီ ကျုံးရှောက်က ပြောလိုက်သည်။ "ယန်ချန်ကို လျှောက်ကြတာပေါ့"

"ဘာ?" လင်းဝေ့က နားကြားမှားသည်ဟု ထင်လိုက်သည်။

"မင်း စာမေးပွဲ ဖြေချင်တယ်ဆိုတော့ ကောလိပ်ကောင်းကောင်းပဲ တက်ရမှာပေါ့။ မင်း ယန်ချန်ကို လျှောက်ရင် ကိုယ် နှစ်နှစ် အတွင်း ယန်ချန်ကို ပြောင်းဖို့ နည်းလမ်းရှာလိုက်မယ်"

သူတို့ နှစ်ယောက်က ဒါကို ညဘက်တွင် ပြောနေခြင်း ဖြစ်သည်။ လင်းဝေ့က ခုတင်ခေါင်းရင်းကို မှီနေသည် ဖြစ်ပြီး ဒါကိုကြားတော့ သူမက ချက်ချင်း ခန္ဓာကိုယ် မတ်လိုက်ကာ မေးလိုက်သည်။"ရှင် အတည်ကြီး ပြောနေတာလား?"

ကျုံးရှောက်က ရှင်းပြလိုက်သည်။ "အင်း စီရင်စုနယ်က ကိုယ်တို့နဲ့ မနီးဘူး။ မင်းက ကိုယ်တို့နယ်အတွက် စီစဉ်ထားတဲ့ ဒုတိယပညာရေးကျောင်းကို လျှောက်ခဲ့ရင်တောင် ခန့်မှန်းချေ အနေနဲ့ ဆောင်းရာသီနဲ့ နွေရာသီ ပိတ်ရက်မှပဲ ပြန်လာနိုင်မယ်။ ဘယ်လိုဖြစ်ဖြစ် ယန်ချန်ကို လျှောက်တာ ကောင်းပါတယ်။ မြို့မှာဆိုရင် မင်း ပိတိရက်တွေ အိမ်ပြန်လာနိုင်တယ်"

လင်းဝေ့က ဒီအကြောင်း မစဉ်းစားမိပေမယ့် ယခု ကျူံးရှောက်ပြောသောအခါ ဒါက ဖြစ်နိုင်သည်ဟု တွေးမိသည်။ မေးစရာ ရှိတာက "ပြောင်းနိုင်လား?" ဆိုတာပဲ။

"ဒါက အချိန်အပေါ် မူတည်တယ်၊ ကိုယ် အခုကစပြီး ပြင်ဆင်ရင် နောက်နှစ်လောက်ဆို ဖြစ်နိုင်မယ် ထင်တယ်"

တကယ်လို့ လင်းဝေ့က မြို့တော်တွင် ကျောင်းတက်ရန် ပြောလျှင် ကျုံးရှောက်အတွက် ပြောင်းရွှေ့ရန် ခက်ခဲမည်၊ အကြောင်းကတော့ သူတို့ ရေတပ်များက မတူညီသောကြောင့် ဖြစ်သည်။ ဒါပေမယ့် ယန်ချန် အခြေစိုက်စခန်းနဲ့ ဆန်လင်း အခြေစိုက် စခန်းတို့ကတော့ တောင်တရုတ်ပင်လယ် ရေတပ် အပိုင် ဖြစ်သည်။ အရာရှိ အပြောင်းအရွှေ့က သိပ်မများပေမယ့် တစ်နှစ်တစ်ခါတော့ ရှိသည်။ ပြီးတော့ ကျုံးရှောက်က အတိတ်အကြောင်း စိတ်ထဲခံစားနေမည် ဆိုတာ မဖြစ်နိုင်ပေ။

ကျုံးရှောက် စကားကြောင့် လင်းဝေ့က ပြည်တွင်း စက်မှုကျောင်းကို မတွေးတော့ဘဲ ယန်ချန်တွင် စာမေးပွဲ ဖြေရန် အာရုံစိုက် ထားလိုက်သည်။

သူ့ဇနီးကို ကူညီရန် ကျုံးရှောက်က အထက်တန်း ကျောင်းစာအုပ် နှစ်စုံ ကို ရှာခိုင်းလိုက်သည်။ လစ်လပ်မှု မဖြစ်စေရန် အတန်း မရပ်ခင်နှင့် ရပ်ပြီး အထက်တန်း သင်ရိုးများလည်း ပါသည်။

လင်းဝေ့က စာအုပ်များ ရပြီးသည်နှင့် ပို၍ စိတ်ရှပ်ထွေးမှု ပျောက်သွားသည်။

ကျုံးရှောက်က သူမ ကောလိပ်တက်နိုင်ရန် ကူညီသည့်အတွက် သူမက ပျော်ရွှင်ရပေမယ့် ... အကူအညီက အနည်းငယ် များလွန်းနေသည်။

သူမစိတ်ဘယ်လောက်ရှုပ်နေပါစေ လင်းဝေ့က စာအုပ်ဖွင့်ကာ စာလေ့လာနေသည်၊ ဒါမှသာ သူမက သူ့ကြိုးစားမှုကို ဖြုန်းတီးရာမရောက်မည် ဖြစ်သည်။

လင်းဝေ့က စာလေ့လာ၍ ကလေးထိန်းကာ အလုပ်ရှုပ်နေစဉ်တွင် ကျိုးမိသားစုတွင် ကိစ္စတစ်ခုခု ဖြစ်ပုံရကာ ချန်ပါးမေ့၏ မိဘများ ရောက်လာကြသည်။

ဒါပေမယ့် ထိုနေ့တွေက နှစ်ဝက်စာမေးပွဲရက် ဖြစ်ပြီး လင်းဝေ့က အလွန် အလုပ်ရှုပ်နေသည်။ နေ့တိုင်း ကျောင်း၏ အစိုးရ ဟိုတယ်နှင့် သူမအိမ်ကို သုံးနာရီလောက် သွားနေရသည့်အတွက် သူမ သိသွားချိန်တွင် ပြသနာက ဖြေရှင်းပြီးပြီ ဖြစ်သည်။

"ပါးမေ့ မိဘတွေက ဒီအတိုင်း ပြန်သွားတာလား?" လင်းဝေ့က မယုံကြည်နိုင်ပေ။ လင်းနန်က ယားကျိုကျွန်းနှင့် သိပ်မဝေးပေမယ့် လာရမလွယ်ပေ။ သူမက ဘာလို့ လွယ်လွယ်နဲ့ လွဲချော်သွားတာလဲ?"

တန့်ရှင်းယွမ်က သက်ပြင်းချကာ ပြောလိုက်သည်။ "သူတို့က ပိုက်ဆံယူပြီး ထွက်သွားတာပဲ"

"ဘာလို့ ပိုက်ဆံ ပြန်ပေးလိုက်ရတာလဲ?" လင်းဝေ့က မေးလိုက်သည်။

"အဋ္ဌမ ညီမက အရွယ်ရောက်နေပြီလေ သူတို့က သူမကို ပြန်ခေါ်ချင်ရင်တောင် သူမ သဘောမတူရင် သူတို့ မလုပ်သင့်ဘူး မလား?"

"ဒါကိုပဲ ပြောချင်တာ ဒါပေမယ့် အဋ္ဌမညီမက ကျွန်းပေါ်မှာမလို့ သူတို့ကို မောင်းထုတ်ဖို့ မလွယ်ဘူး။ အဋ္ဌမညီမက တပ်သားမဟုတ်တဲ့အတွက် ဒီကိစ္စကို ဝင်ပါဖို့ မဖြစ်နိုင်ဘူး" တန့်ရှင်းယွမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။

လင်းဝေ့ကလည်း ဒီလိုပဲ တွေးမိကာ သက်ပြင်းချပြီး မေးလိုက်သည်။ "သူတို့ကို ဘယ်လောက်ပေးလိုက်လဲ?"

"အဋ္ဌမညီမရဲ့ လစာထဲက တစ်ရာ။ သူတို့က ငွေကို လက်ခံရင် သူတို့က အဋ္ဌမညီမကို လက်ထပ်ပြီးသားအဖြစ် သတ်မှတ်ပြီး အနာဂတ်မှာ နှောင့်ယှက်တော့မှာ မဟုတ်ဘူး"

ချန်ပါးမေ့က ကျောက်တုံးနောက်မှ ထွက်လာချိန်က တန့်ရှင်းယွမ်က သူမကို ကလေးထိန်း လစာအတိုင်း လစဉ်ပေးမည်ဟု ပြောခဲ့သည်။

ချန်ပါးမေ့က ထိုအချိန်က လက်မခံလိုပေမယ့် တန့်ရှင်းယွမ် သူမအတွက် သိမ်းထားကာ သူမထွက်သွားချိန် ဒါမှမဟုတ် လက်ထပ်ချိန်တွင် ပေးမည်ဟု လုပ်ထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ချန်ပါးမေ့က လင်းဝေ့နှင့်အတူ စာလုပ်တော့ စာအုပ်နှင့် စာရေးကိရိယာများက တန်ဖိုးကြီးသည့်အတွက် သူမက တန့်ရှင်းယွမ်ထံမှ လစဉ် မုန့်ဖိုးကို လက်ခံခဲ့ရသည်။

ချန်ပါးမေ့က ကျ်ိုးမိသားစုကို ၁၉၇၄ နွေရာသီမှာ ရောက်တာ ဖြစ်ပြီး အလုပ်လုပ်နေတာ နှစ်နှစ် ရှိပြီ ဖြစ်သည်။ သူမ လစဉ်ရနေသော မုန့်ဖိုးမဟုတ်ဘဲ တန့်ရှင်းယွမ်တွင် သူမလစာအဖြစ် သုံးရာရှိသေးသည်။

ပိုက်ဆံက မများသည့်အတွက် သူတို့ ကတိတည်မလားဆိုတာ လင်းဝေ့က သံသယဝင်နေသည်။ သူတို့ ဒီကို တစ်ခါလာလျှင် အသွားအပြန်စရိတ်က ဆယ်ယွမ်မှ ယွမ်နှစ်ဆယ် ဝန်းကျင်ရှိပြီး တစ်ခါထွက်သွားသည်မှာ ယွမ်တစ်ရာရသည်။ အမြတ်က ယွမ်ရှစ်ဆယ် ဖြစ်နေသည်။ ပြန်အမ်းငွေအတွက် လာနေကြတာလား?

"ဒါက အမှန် မဟုတ်ဘူး။ အဋ္ဌမ ညီမက ကျွန်မတို့အိမ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ အားဟိုင်က ပတ်ဝန်းကျင်က စိုက်ပျိုးရေးတပ်မဟာ တွေနဲ့ ညှိနှိုင်းပြီး သူ့ကို ထိုနေရာမှာ အဆင်ပြေအောင် လုပ်ပေးထားပြီ"

လင်းဝေ့ရဲ့ အဖြေမရှာနိုင်သော အမူအရာကို မြင်တော့ တန့်ရှင်းယွမ်က ရှင်းပြလိုက်သည်။ "ဒီတစ်ခါတော့ သူတို့က တကယ်ပဲ သူတို့သမီးကို လာရှာတာ။ သူတို့က ထောက်ပို့ သင်္ဘောနဲ့ ချိတ်ဆက်ပြီး ဒီတစ်ကြိမ်မှာ ပိုက်ဆံယူပြီး ထွက်သွားပြီး သူတို့က တပ်ထဲက လလမ်းတွေကိုလဲ ရောက်ခဲ့တယ်။ အဋ္ဌမညီမက စိုက်ပျိုးရေးတပ်မဟာထဲမှာ အဆင်ပြေသွားရင် သူတို့က ပြန်လာဖို့ နည်းလမ်းရှာကြလိမ့်မယ်"

သူတို့က စစ်တပ်သင်္ဘော စီးလို့မရတာမလို့ ကျန်းမြို့ကနေ လှေနဲ့လာရမယ် ဒါပေမယ့် သူတို့က သာမန်လယ်သမားတွေ မလို့ အဓိက အရာတွေကို မသိပေ။ နောက်တစ်ခါ လှေနဲ့လာဖို့က အခုတစ်ခါလို မလွယ်တော့ပေ။

အနည်းဆုံး နှစ်အနည်းငယ်အတွင်း သူတို့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ သူတို့ပြန်လာချိန်မှာ ချန်ပါးမေ့က လက်ထပ်ပြီးနိုင်ပြီး သူ့မိသားစုရဲ့ ကြိုးစားမှုက အချည်းနှီး ဖြစ်သွားလိမ့်မည်။

ဒါက ကိုယ့်စိတ်ကို အဆင်ပြေအောင် ပြောနေသည် ဆိုပေမယ့် အမှန်တရားလည်း ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြန်လည်ထူထောင်ချိန်ကပဲ အမျိုးသမီးတစ်ယောက်ရဲ့ အဆင့်အတန်းက တိုးတက်လာကာ "အိမ်တွင်အဖေ၊ လက်ထပ်ပြီးနောက် ခင်ပွန်း" ဆိုတာကို သိပ်ဂရုမစိုက်တော့ပေမယ့် ကျေးလက်မှာတော့ အမျိုးသမီးအများစုက လက်မထပ်ခင် မိသားစုအတွက် ကျွဲလို နွားလို မြင်းတစ်ကောင်လို ကြိုးစားရပြီး လက်ထပ်ပြီးချိန်တွင် ခင်ပွန်းမိသားစု အတွက် အကောင်းဆုံး ကြိုးစားရသဖြင့် သူတို့ကိုယ်သူတို့ ပြန်မကြည့်နိုင်ပေ။

လင်းဝေ့က မေးလိုက်သည်။ "အဋ္ဌမညီမက ဘယ်တော့ သွားမှာလဲ?"

"လကုန်ရင် သွားမှာ၊ အဲ့အချိန်ကျရင် ကျွန်မက သူ့ကို ထမင်းဖိတ်ကျွေးမှာမလို့ လာခဲ့နော်"

ချန်ပါးမေ့၏ စိုက်ပျိုးရေးတပ်မဟာက သိပ်မဝေးဘူး ဆိုပေမယ့် သူမရောက်သွားပြီးရင် သူမကိုယ်ပိုင်ဘဝ ရှိသေးတာမလို့ မကြာခဏ လာလည်နိုင်မည် မဟုတ်ပေ။

လင်းဝေ့က တန့်ရှင်းယွမ်စကားကို သဘောတူလိုက်သည်။ "စကားမစပ် အဋ္ဌမညီမက နာမည် ပြောင်းချင်နေတယ်"

"ဘာလို့ သူမက ရုတ်တရက် နာမည် ပြောင်းချင် ရတာလဲ?" လင်းဝေ့က မေးမိလိုက်ပေမယ့် ဒီအကြောင်း စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။

"နာမည် ပြောင်းတာလဲ ကောင်းပါတယ်။ ဘယ်လို ပြောင်းမယ်ဆိုတာ ဆုံးဖြတ် ပြီးပြီလား?"

"စဉ်းစားပြီးတော့ သူက သူ့နာမည်ကို ချန်လိဟွာ လို့ပြောင်းမလို့ စီစဉ်ထားတယ်"

ဒီနာမည်ကို ကြားတော့ လင်းဝေ့က ရေသီးမလို ဖြစ်သွားပြီး မေးလိုက်သည်။ "အဋ္ဌမညီမက ဘာကို ရွေးခဲ့တယ်လို့ ပြောလိုက်တာလဲ?"

"သူက သူ့နာမည်ကို ချန်လိဟွာ လို့ ပြောင်းမှာလေ၊ ဘာလို့လဲ အဲ့ဒီနာမည်နဲ့ တစ်ယောက်ယောက်ကို သိလို့လား?"

တန့်ရှင်းယွမ်က စိတ်ရှပ်ထွေးစွာ မေးလိုက်သည်။

လင်းဝေ့က ချောင်းဆိုးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "မသိပါဘူး"

သူမက အပြင်တွင် ချန်လိဟွာ ကို မသိပေမယ့် ချန်လိဟွာက ဝတ္ထုထဲတွင် မကြာခဏ ပေါ်လာသည်။

၁၉၈၀ နှစ်လယ်မှာ တစ်ခါ သူမက ယန်ချန်ကို စီးပွားရေး ခရီးနဲ့ လာခဲ့ပြီး မင်မင်ကို ညစာစားရန် ဖိတ်ခဲ့သည်။ အမျိုးသမီး အမျိုးသား ဇာတ်ဆောင်တွေက သူမသားနဲ့ တွေ့တော့ သူတို့မိသားစု ဆွေမျိုးတစ်ယောက် ဖြစ်မည်ဟု ထင်ခဲ့သည်။ သူမက ကျုံးရှောက်နှင့် တွေ့၍ မေးတော့မှ မင်မင်၏ မိတ်ဆွေဟု ပြောခဲ့သည်။

ချန်လိဟွာ ဒုတိယအကြိမ် ပေါ်လာတာက ၁၉၉၀ နှစ်လယ် ဖြစ်သည်။ ထိုအချိန်တွင် သူမက စီးပွားရေး စလုပ်နေပြီ ဖြစ်ပြီး ထောက်ပို့ပစ္စည်းဟု သတ်မှတ်ရသည်များကို မှာနေသည်။ ဒါကြောင့် သူမ၏ အခြေအနေကို ဝတ္ထုထဲတွင် အသေးစိတ် ဖော်ပြထားသည်။

ဒါပေမယ့် ဝတ္ထုထဲတွင်က ချန်လိဟွာ၏ ဇာတိက ယားကျ်ိုကျွန်းဖြစ်သည်။ ၁၉၇၀ ခုနစ် နောက်ပိုင်းတွင် သူမက တပ်မဟာကို ကွင်းထဲတွင် ပဲငံပြာရည် စက်ရုံထောင်ရန် ဆွယ်ခဲ့သည်။ ပဲငံပြာရည်က အရသာကောင်းသောကြောင့် စက်ရုံက လျင်မြန်စွာ တိုးချဲ့လာရသည်။ ၁၉၈၀ နောက်ပိုင်းတွင် ကိုယ်တိုင်တည်ထောင်သော လုပ်ငန်းအများစုက ပုဂ္ဂလိက အဖြစ် ပြောင်းသွားပြီး ပဲငံပြာရည် စက်ရုံကလည်း ထိုထဲမှ တစ်ခု ဖြစ်သည်။ ထိုအထဲတွင်မှ သူမက စီးပွားရေးနယ်မြေ ဖွင့်လှစ်ခဲ့သည်။

နာမည်နှင့် ဇာတိက ကွဲပြားနေသည် မလို့ လင်းဝေ့က ချန်လိဟွာနှင့် မင်မင်က ယခင်က မသိဘဲ နောက်ပိုင်းမှ ဆုံခဲ့သည်ဟု လင်းဝေ့က အမြဲတွေးနေသည်။

ဒါပေမယ့် အခု ချန်ပါးမေ့က နာမည်နှင့် အိမ်ထောင်စုစာရင်းကို ပြောင်းနေသည်...

လင်းဝေ့ ဘာမှမတက်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်၊ ကံကြမ္မာက တကယ်ကို ဆန်းကြယ်တာပဲ !

All Chapters