← Chapters

Chapter 185

Vol. 15 Ch. 185

Chapter 185

Vol. 15 Ch. 185

ပထမဆုံး ကျောင်းတက်ရက်က အပြစ်ပေးခံရသလို ဆိုပေမယ့် သူက မူလတန်းကျောင်းသား ဘဝကို အလျင်အမြန် နေသားကျသွားကာ စိတ်အားထက်သန်မှု ပြည့်သွားသည်။

မင်မင်က ရုတ်တရက် စာလုပ်ချင်စိတ် ပြည့်သွားသည် သာမက သူက ဒုတိယနေ့တွင် အတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီး ရွေ့ရွေ့ကလည်း ကျောင်းကောင်စီအဖွဲ့တွင် စံပြအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။

ညီအစ်ကို နှစ်ယောက်က မတူသည့်လမ်းများမှ စံပြဖြစ်ခဲ့ကြသည်။ ရွေ့ရွေ့က အလှုပ်ရှုပ်သည့်အတွက် စံပြကျောင်းသား မဖြစ်ချင်ပေ။ အဆုံးမှာတော့ အတန်းပိုင်ဆရာက ကျောင်းကောင်စီ အဖွဲ့ဝင်အဖြစ် လုပ်စရာ အများကြီး မရှိဘဲ သဘောမကျလျှင် တစ်လနေပြီး လူစားလဲလို့ရကြောင်း ပြောမှသာ သူက လက်ခံလိုက်သည်။

မင်မင်က အလွန် ပျော်ရွှင်နေသည်။ သူ့အထင်တွင် အတန်းခေါင်းဆောင်က ဆရာ့အောက်မှ ဖြစ်သည်။ အတန်းထဲတွင် အာဏာအရှိဆုံးသူက အားလုံးထဲတွင် ခေါင်းဆောင်ဖြစ်သည်။ သူက ခေါင်းဆောင် အလွန် ဖြစ်ချင်သည်။

သူက အတန်းခေါင်းဆောင် ဖြစ်လာတော့ ပို၍ စိတ်ရှည်ရမည်ကို သိလာပေမယ့် ယခု သူက လူတွေကို ခေါင်းမော့ မကြည့်တော့ဘဲ စိတ်ကြီးဝင်စွာ ခေါင်းငုံ့၍သာ ကြည့်သည်။

ပြီးတော့ သူက လူတွေကို သူ့ကို မင်မင် ဟုမခေါ်ဘဲ အတန်းခေါင်းဆောင် မင်မင် ဟုခေါ်ခိုင်းသည်။ ကျုံးရှောက်က မှားခေါ်မိလျှင်တောင် ခေါင်းဆောင်က မကြိုက်ဘဲ သူ့အဖေကို စိတ်လုပ်နေလေ့ရှိသည်။

ကျုံးရှောက်က မျက်နှာမဲလာတော့မှ သူက သူ့သတ္တိကြောင်မှုကို ဝန်ခံကာ သူ့ကို ပြင်ပေးလ်ိုက်သည်။ "ကျွန်တော့်ကို အတန်းခေါင်းဆောင်မင်မင် ဆိုပြီး ခေါ်သင့်တယ်"

ကျုံးရှောက် - "..." ငါ မင်းကို ခွေးကောင်လေး လို့ပဲ ပိုပြီး ခေါ်ချင်တယ်။

ကျုံးရှောက်က ဒါကို သဘောမကျပေမယ့် လင်းဝေ့က အဆင်ပြေသလို ခံစားရသည်။ မင်မင်က ကျောင်းကို စိတ်ပါလက်ပါ သွားနေသ၍ သူမက သူမသား၏ ဘဝင်မြင့်နေမှာကို လက်ခံနိုင်သည်။

သူတို့ ဇနီးမောင်နှံက ဒီကိစ္စနှင့် ပတ်သက်ပြီး ခံယူချက် မတူသည့်အတွက် လင်းဝေ့က သူ့ကို အတန်းခေါင်းဆောင် ဟု ခေါ်လျှင် သူက ပြန်ဖြေပြီး ကျုံးရှောက်ကတော့ သူ့ကို မင်မင် ဟုသာ ခေါ်သည်။

လင်းဝေ့ - "..." ဒါကသေချာပြီ၊ ဒါကို ရှင်းလင်းရန် လိုသည်။

မင်မင်၏ လူသိရှင်ကြား ကြိုးစားမှုကြောင့် မိသားစုနယ်မြေရှိ လူအားလုံးက မင်မင်က အတန်းခေါင်းဆောင် ဖြစ်ပြီး ရွေ့ရွေ့က ကျောင်းကောင်စီ အဖွဲ့ဝင် ဖြစ်နေသည်ကို သိသွားသည်။

ရွေ့ရွေ့က ပြောလိုက်သည်။ "ကျွန်တော်က မကြာခင် ထွက်တော့မှာမလို့ ပြင်းပြင်းထန်ထန် အားပေးစရာ မလိုပါဘူး ကျေးဇူးတင်ပါတယ်"

.........

မင်မင်က မူလတန်းကျောင်းသား ဘဝတွင် နေသားကျလာပြီး ဆောင်းဦးလယ်ပွဲတော် အချိန် ရောက်လာပြီမလို့ မိသားစုတိုင်းက ပြန်လည်တွေ့ဆုံပွဲ ကျင်းပကြသည်။

ဒါပေမယ့် လင်းဝေ့က လှုပ်ရှားမှုခေါင်းဆောင်က ဆောင်းဦးလယ်ပွဲတော် အပြီးတွင် သေဆုံးသည်ဆိုတာ သိထားတော့ သူမတို့အိမ် အခြေအနေက ထိုင်းမှိုင်းနေသည်။ ဘယ်အချိန်ဆိုတာ အတိအကျတော့ ဝတ္ထုထဲတွင် မရေးထားပေမယ့် စာအရဆိုလျှင် နောက်ရက်အနည်းငယ်အတွင်း ဖြစ်မည်။

လင်းဝေ့နှင့် ကျုံးရှောက်တို့က စိတ်ခံစားချက် မကောင်း ဖြစ်နေပြီး ပိတ်ရက်အတွက်လည်း စိတ်မပါပေ။ ဒါပေမယ့် အဖွဲ့ လမုန့်ဝေသည့်အခါတော့ သူတို့ တစ်မိသားစုလုံးက ခြံထဲတွင် ထိုင်ကာ ပျော်ရွှင်စွာ လကို ကြည့်နေခဲ့ကြသည်။

ရွေ့ရွေ့က ခံစားချက်ကို နားလည်သည့်အတွက် သူ့မိဘတွေ ခံစားချက် မကောင်းတာ ရိပ်မိပေမယ့် ပေ့ပေ့ကတော့ ဘာကို စိတ်ပူရမည်ဆိုတာ မသိပေ။ မောင်နှမများတွင် တစ်ယောက်က ဘီးလုံးပါသည့် တွန်းလှည်းတွင် ထိုင်ကာ အခြားသူများက ခွေးခြေတွင် ထိုင်ပြီး မျက်နှာချင်းဆိုင် စားသောက် နေကြသည်။

ပေ့ပေ့က ပုံမှန်ကလေးများထက် စကားမြန်မြန် ပြောနိုင်သည်။ သူမက ဆယ်လအရွယ် သာရှိပေမယ့် အဖေ၊ အမေ၊ အစ်ကို ခေါ်နိုင်သလို အခြား ကောင်းတယ်၊ မကောင်းဘူး၊ လိုချင်တယ်၊ မလိုချင်ဘူး စသော ရိုးရှင်းသည့်စကားများကို ပြောနိုင်သည်။

သူက ဒီနေ့ ထိတွေ့ကိုင်တွယ်ဖို့လဲ တတ်လာသည်။

သူမနှင့် မင်မင်က လမုန့်ကို ထက်ဝက်ပိုင်းကာ သူမက ကိုင်လိုက်ပြီး တစ်ကိုက်ကိုက် လိုက်သည်။ ခဏကြာတော့ သူမက စကားလုံးများကို ရှင်းရှင်းလင်းလင်း ပြောလာနိုင်သည်။

လမုန့် ထက်ဝက် စားထားသည်မလို့ လင်းဝေ့က ပေ့ပေ့ အစာမကြေဖြစ်မည် စိုး၍ ထပ်မစားခိုင်းတော့ပေ။

ဒါပေမယ့် သူမလို ကလေးက အစာကြေမကြေ မသ်ိဘဲ ကိုင်ပြီး စားနေရတာကို ပျော်နေသည့်အတွက် လမုန့်ကို မြင်တော့ သူမက ငိုလိုက်သည်။ "မကောင်းတဲ့အမေ"

ပေ့ပေ့က ယခင်က ကောင်းသည် ဆိုးသည် ဆိုတာ မပြောဖူးပေ။ သူမက စကားပြောလျှင် ထစ်လေ့ရှိသည်။ ဥပမာ သူမက အဖေဟု ခေါ်လျှင် ခဏရပ်သွားသည့်အတွက် အဖေဟု နှစ်ခါ ခေါ်သလို ဖြစ်နေပြီး အမေနှင့် အစ်ကိုလည်း ထိုအတိုင်း ဖြစ်သည်။

ဒါက ပထမဆုံးအနေနဲ့ စကားမထစ်ဘဲ သေချာ ပြောနိုင်သည့် စကား ဖြစ်သည်။

ဒါပေမယ့် ယခု မကောင်းသည့်အမေ အဖြစ် အပြစ်တင်ခံရသည့်အတွက် လင်းဝေ့က သဘောမကျဘဲ သူ့သမီး၏ မျက်နှာကို တစ်ချက်လောက် ရိုက်ချင်နေသည်။ ကျုံးရှောက်နှင့် ကလေးနှစ်ယောက်၏ ပြုံးနေသော မျက်နှာကိုကြည့်ကာ လင်းဝေ့က သူ့သမီးကို ကျုံးရှောက်ကို ပေးရန် ဆုံးဖြတ်လိုက်သည်။ "ချီလိုက်"

သူ့အဖေ လက်ထဲရောက်တော့ ပေ့ပေက လမုန့်တောင်းသည့်အတွက် ကျုံးရှောက်ကလည်း မကြာခင် "မကောင်းတဲ့အဖေ"ဟု ခေါ်ခံရတော့မည် ဖြစ်သည်။

ဒါပေမယ့် ကျုံးရှောက်က သူ့သမီးကို သူ့ဇနီးကို မပေးရဲသည့်အတွက် သူ့သမီးကို အာရုံပြောင်းရန် ချီ၍ မြှောက်လိုက်သည်။

ကလေးမလေးက ကြောက်လန့်စွာ အော်နေပေမယ့် မျက်နှာက ပြုံးနေသည်။

သူက သူ့သမီးကို ချီထားသည့်အတွက် ရွေ့ရွေ့တို့ကလည်း ထိုသို့ ပျံချင်ကြသည်။

ကျုံးရှောက်က အလုပ်တွင် စည်းကမ်းကြီးပေမယ့် အနားယူချိန်တွင် ကလေးများနှင့် ကစားပေးနေသည်။

ကလေးများ၏ အပြင်းအထန် တောင်းဆိုမှုကြောင့် သူက သူတို့ကို ချီကာ လေပေါ်ပျံပေးလိုက်သည်။

ဘေးအိမ်မှ ဆွန်းယင်းချန်၏ ကလေးများက ဒါကို မြင်တော့ သူတို့အဖေ၏ လက်ကိုဆွဲကာ ကစားရန် ပြောလိုက်သည်။ အစပိုင်းမှာတော့ တပ်မှူးဆွန်းက ပျော်ရွှင်စွာ သဘောတူလိုက်ပေမယ့် ဆယ်မိနစ်လောက် ကစားပြီးချိန်မှာတော့ သူက ပင်ပန်းလာသည်။ ဆယ့်ငါးမိနစ် ကြာတော့ သူက လက်ကာပြလိုက်သည်။ "အဖေ ထပ်မလုပ်နိုင်တော့ဘူး"

တပ်မှူးဆွန်း၏ သားက ရုတ်တရက် စိတ်ပျက်သွားသည်။ "အဖေ ဘာလို့ မြန်မြန် ရပ်လိုက်တာလဲ?"

ဒါက တပ်မှူးဆွန်းကို ဒေါကန်သွားစေသည်။ သူက သူ့လက်မှ နာရီကို ထိုးပြလိုက်သည်။ "ဆယ့်ငါးမိနစ် ရှိပြီလေ၊ ဒါက မြန်တာလား?"

တပ်မှူးဆွန်း၏ သားက တစ်ဖက်အိမ်ကို ကြည့်လိုက်သည်။ "ဒါပေမယ့် ဦးလေးကျုံးက လုပ်နိုင်တုန်းပဲ။"

သူ့စကား ဆုံးသည်နှင့် ဆွန်းမိသားစုမှ ကလေးနှစ်ယောက်က ပျံနေနိုင်သေးသော မင်မင်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့အဖေက်ိုကြည့်လိုက်တော့ သူ့အဖေက မောနေပြီး အမူအရာကလည်း သံရည်ကျိုနေရသလို ဖြစ်သည်။

တပ်မှူးဆွန်း - "..." သူ လကိုကြည့်ဖို့ အပြင်ကို ထွက်မလာခဲ့သင့်ဘူး!

........

မနေ့ညက ရာသီဥတု ကောင်းသည့်အတွက် မနက် နေသာမည်ဟု လင်းဝေ့က ထင်သော်လည်း သူမ မနက်နိုးလာတော့ အပြင်ဘက်တွင် လေပြင်းများတိုက်နေကာ မိုးအုံ့နေသည်။

မိုးမစိုစေရန် လင်းဝေ့က ကလေးများကို မိုးကာအင်္ကျီ ဝတ်ပေးလိုက်ပြီး သူမက မိုးကာအပြင် ထီးပါ ယူလိုက်သည်။

သူမက ပေ့ပေ့ကို ချီထားသည့်အတွက် ထီးတစ်ချောင်းထဲ ဒါမှမဟုတ် မိုးကာတစ်ထည်ထဲဆိုလျှင် သူမသမီး မိုးရေစိုလိမ့်မည်။ သူမက လူကြီးဖြစ်သည့်အတွက် မိုးရေနည်းနည်း စိုတာက ပြသနာမရှိပေမယ့် ကလေးက ဖျားမည်ကို စိုးရိမ်ရသည့်အတွက် သူမက သေချာပြင်ဆင်ထားသည်။

သူမ ဒုတိယအတန်းချိန်စချိန်တွင် အပြင်တွင် မိုးရွာလာပြီး အတော်ကြာရွာခဲ့ကာ ကျောင်းဆင်းချ်ိန်ထိ မစဲသေးပေ။

ဒါကြောင့် ကျောင်းဆင်းတော့ အခန်းတိုင်း၏ တံခါးဝတွင် ကလေးလာကြိုသော မိဘများနှင့် ပြည့်နေသည်။

အတန်းပြီးတော့ လင်းဝေ့က ပုံမှန်လို ထွက်မသွားဘဲ မိဘများက ကလေးလာကြိုပြီး အခန်းထဲတွင် ဘယ်သူမှ မကျန်တော့မှ ထီးဆောင်းကာ ရုံးခန်းထဲ အမြန် ပြန်လာခဲ့သည်။

သူမက ရုံးခန်းကို ပြန်ရောက်တော့ မင်မင်နှင့် ရွေ့ရွေ့က သူတို့ညီမနှင့်အတူ ကစားနေသည်။ သူမက ကျောက်ယန်ဟွား၏ အငယ်ဆုံးသားကို မမြင်တာကြောင့် လင်းဝေ့က မေးလိုက်သည်။ "ဆရာမကျောက်က ကလေးကို ပြန်ခေါ်သွားတာလား?"

ပြတင်းပေါက်နားတွင် ရပ်နေရင်း ဟွမ်အိုက်ယွမ်က ခေါင်းခါကာ ပြောလိုက်သည်။ "အပြင်မှာ မိုးအရမ်းရွာနေတယ်။ သူက နေ့ခင်း ပြန်မယ့် အစီအစဉ် မရှိဘူး။ သူက သူ့သားကို နို့တိုက်ဖို့ အခန်းလွတ်ကို သွားတယ်"

အခန်းလွတ်က ဝန်ထမ်းများနေရန် အဆောင် ဖြစ်သည်။ ဘယ်သူမှ ထိုနေရာမှာ မရှိတာကြောင့် ဆရာတွေက ထိုအခန်းကို အခန်းလွတ်ဟု ခေါ်ခြင်းဖြစ်သည်။ ကျောက်ယန်ဟွားက ကလေးကို နို့တိုက်ရသည့်အတွက် ထိုအခန်းလွတ်ကို သွားကာ နို့တိုက်လေ့ ရှိသည်။

လင်းဝေ့က နားလည်သွားပြီး မေးလိုက်သည်။ "ဆရာမကကော? မပြန်ဘူးလား?"

"ကျွန်မ ထီးမယူခဲ့မိဘူး"ဟွမ်အိုက်ယွမ်က အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။

"ပြန်မယ်ဆိုရင် ကျွန်မ ထီးငှားပေးလို့ ရပါတယ်"

ဟွမ်အိုက်ယွမ်က မေးလိုက်သည်။ "ဆရာမက မပြန်ဘူးလား?"

"ကျွန်မ ချက်ချင်းပြန်မယ် ထင်လို့လား?"လင်းဝေ့က ပြန်မေးလ်ိုက်သည်။ "ကျွန်မ စားသောက်ဆိုင်မှာ ထမင်းသွားစားဦးမှာ"

ဟွမ်အိုက်ယွမ်က ရယ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မလည်း တစ်ခုနှစ်ခု သွားဆွဲလိုက်မယ်"

"ဒါဆို ပြန်မှာလား?"

"ပြန်မှာပေါ့" ဟွမ်အိုက်ယွမ်က ချက်ချင်းပြောလိုက်သည်။

"မိုးကာယူမှာလား ထီးယူမှာလား?မင်မင်နဲ့ ရွေ့ရွေ့က မိုးကာနဲ့ လာတာ။ လိုချင်ရင် ကျွန်မ ငှားလိုက်မယ်"

ဟွမ်အိုက်ယွမ်က အစကတော့ ထီးငှားမည် ဆိုပေမယ့် ဒါကိုကြားတော့ ချက်ချင်း စိတ်ပြောင်းသွားသည်။

"ဒါဆို မိုးကာ ငှားပေးပါ"

လင်းဝေ့က ခေါင်းငြိမ့်ပြီး အံဆွဲထဲမှ သူမ မိုးကာက်ို ထုတ်ပေးကာ မင်မင်နှင့် ရွေ့ရွေ့ ပြတင်းပေါက်တွင် တင်ထားသော မိုးကာကို လှမ်းယူလိုက်သည်။

ဟွမ်အိုက်ယွမ်က မိုးကာကို ယူပြီး သူမကို ကျေးဇူးတင်စကား ပြောတော့ လင်းဝေ့က ပြုံးလ်ိုက်သည်။

"ကလေးတွေကို ဂရုစိုက်ပေးလို့ ကျွန်မက ကျေးဇူးတင်ရမှာပါ"

အတန်းချိန်တွင် လင်းဝေ့က ပေ့ပေ့ကို တွန်းလှည်းထဲထည့်ကာ သူမ စာသင်ခန်းထဲ ခေါ်သွားလေ့ရှိသည်။ ဒါပေမယ့် ဒီနေ့ ရာသီဥတု မကောင်းဘဲ ကျောက်ယန်ဟွားကလည်း မနက်ပိုင်း အတန်းအပြင် နောက်ထပ် နှစ်တန်း ရှိသေးပြီး ကလေးနှင့် ပြန်လာရန် မသင့်တော်သည့်အတွက် လင်းဝေ့က ပေ့ပေ့ကို ရုံးခန်းတွင် ထားခဲ့ကာ သူမကို ဂရုစိုက်ပေးရန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးအတန်းနှစ်ခု ပြီးတော့ ဟွမ်အိုက်ယွမ်က ယွီထင်ကို စောင့်ချင်သည့်အတွက် မပြန်သေးဘဲ ကလေးနှစ်ယောက်ကို ကြည့်ထားသည်။ အမှန်တော့ သူမ ပြန်ချင်လျှင် လင်းဝေ့နှင့် ကျောက်ယန်ဟွားကို ကလေးများကို စာသင်ခန်းထဲခေါ်ရန် ပြော၍ ရသည်။ ရလဒ်အနေနှင့် မိုးက မစဲသည့်အတွက် သူမက ကလေးနှစ်ယောက်ကို ကြည့်နေခဲ့ရသည်။

ဟွမ်အိုက်ယွမ် ထွက်သွားတော့ လင်းဝေ့က ထီးယူကာ မီးဖိုချောင်ကို ထွက်သွားပြီး ထမင်းဘူး နှစ်ဘူး နှင့်အတူ ပြန်လာသည်။ ကျောင်းစားသောက်ဆိုင်မှ အစားအသောက်များက များသောအားဖြင့် အသီးအရွက်များ ဆိုပေမယ့် တစ်ခါတစ်ရံ ထူးခြားသော အချိန်များတွင်တော့ သူတို့က တတ်နိုင်သမျှ မြန်မြန် စားရသည်။

ထမင်းဘူးများနှင့် ရုံးခန်းကို ပြန်လာစဉ် ကျောက်ယန်ဟွား၏ သားနှင့် သမီးက စာသင်ခန်းမှ ပြန်လာပြီး ပုခက်ထဲမှ သူတို့မောင်လေးကို ချော့နေသည်။ သူမက ကျောက်ယမ်ဟွားကို မမြင်တာမလို့ လင်းဝေ့က မေးလိုက်သည်။ "မင်းတို့အမေ ဘယ်သွားလဲ?"

"သန့်စင်ခန်း သွားပါတယ်" ကျောက်ယန်ဟွား၏ သမီးက ဖြေလိုက်သည်။

စကားဆုံးသည်နှင့် ကျောက်ယန်ဟွားက ထီးတစ်ချောင်းဆောင်းကာ ပြန်လာပြီး လင်းဝေ့ကိုမြင်တော့ မေးလိုက်သည်။ "ဒီနေ့ စားသောက်ဆိုင်ကို သွားခဲ့တာလား?အဲ့ဒီမှာ ဘာဟင်းတွေရှိလဲ?"

"အာလူးကြော် တစ်မျိုးနဲ့ အရွက်ကြော်တစ်မျိုး"

ကျောက်ယန်ဟွားက စားသောက်ဆိုင်မှ ဟင်းပွဲများအတွက် စိတ်က်ိုပြင်ဆင်ထားပြီး ဖြစ်၍ ပြောလိုက်သည်။ "ဒါဆို ဒီနေ့ ဟင်းပွဲတွေက မဆိုးပါဘူး"

"ဆရာမလည်း စားသောက်ဆိုင်မှာ စားမှာလား?" လင်းဝေ့က မေးလိုက်သည်။

"စားမှာ၊ အိမ်ပြန်ပြီး လုပ်ဖို့ ပျင်းတယ်" ကျောက်ယန်ဟွားက အံဆွဲထဲမှ ထမင်းဘူးက်ို ယူနေရင်း ပြောလိုက်ပြီးအပြင်ထွက်ကာ သူ့သားနှင့် သမီးက်ို စကားပြောလိုက်သည်။

ကျောက်ယန်ဟွား ထွက်သွားပြီးတော့ လင်းဝေ့က မင်မင်နှင့် ရွေ့ရွေ့ကို အရင်စားခိုင်းပြီး သူမက သူမသမီး နေ့လည်စာအတွက် နို့မှုန့်ဖျော်ရန် လုပ်လိုက်သည်။

နို့မှုန့်ဖျော်ပြီးသည်နှင့် လင်းဝေ့က သူ့သမီးကို မပေးဘဲ သူမလက်ထဲတွင် လှုပ်ကာ အေးသည်အထိ စောင့်လိုက်သည်။

ထိုအချိန်တွင် ကျောက်ယန်ဟွားက ထီးတစ်ချောင်းဆောင်းပြီး အပြင်ဘက် လျှောက်လမ်းမှ လာနေသည်။ အခန်းထဲရောက်သည်နှင့် သူမက အသံတိုးတိုးနှင့် မေးလိုက်သည်။ "ဒီနေ့ ကျောင်းအုပ်ကြီး ဘာဖြစ်နေတာလဲ?"

"ကျောင်းအုပ် ဘာဖြစ်လို့လဲ? သူ့ကို မနက်ကတွေ့တော့ အဆင်ပြေနေတယ် မဟုတ်လား?" လင်းဝေ့က နို့ပုလင်းက်ို လှုပ်နေရင်း သံသယနှင့် မေးလိုက်သည်။

ကျောက်ယန်ဟွားက ခေါင်းခါလိုက်သည်။ "မနက်က ကောင်းနေပေမယ့် ခု ဘာဖြစ်ခဲ့တယ် မသိဘူး အခု ကျွန်မ စားသောက်ဆိုင် သွားတော့ သူက ခံစားချက် မကောင်းပုံပေါ်နေပြီး ဆူပုတ်နေတာပဲ"

သူမက နေ့လည်စာ ထမင်းဘူးကို ဖွင့်လိုက်ပြီး လင်းဝေ့ကိုပါ ဖိတ်လိုက်သည်။

"ဒါက သိပ် မရှင်းလင်းဘူး" လင်းဝေ့က ပြောနေရင်း ပုလင်းအဖုံးကို ဖွင့်ကာ သူ့သမီးကို ပေးလ်ိုက်သည်။

ပေ့ပေ့က အရမ်း မဆာသေးပေ။ သူမက နောက်ဆုံးအကြိမ်အဖြစ် ဆယ်နာရီက တစ်ခါ စားခဲ့ပြီး ယခုက နှစ်နာရီသာ ရှိသေးသည်။ ဒါပေမယ့် သူမအမေက နို့ဘူး ယူလာတော့ သူမက လက်နှစ်ဖက်နှင့် ကိုင်ပြီး သောက်လိုက်သည်။

ကျောက်ယန်ဟွားက လင်းဝေ့ကို ပြောနေသေးသည်။ "တစ်ခုခု ဖြစ်ခဲ့တာ ဖြစ်နိုင်လား?"

လင်းဝေ့က ခေါင်းခါ လိုက်သည်။ "မခန့်မှန်းနဲ့တော့။ ကျောင်းကိစ္စ တစ်ခုခုရှိရင် ကျောင်းအုပ်ဖန်က ကျွန်မတို့ကို ချက်ချင်း အသိပေးမှာပါ"

ဒါက သူမ မိသားစု ကိစ္စဆိုလျှင် သူတို့ စပ်စုရ ခက်သည်။

"ဟုတ်တယ်" ကျောက်ယန်ဟွားက စိတ်ပူနေသေးပေမယ့် ပြောလိုက်သည်။

အိမ်ပြန်၍ နေ့လည်စာစားကြသော ဆရာများ တစ်ယောက်ပြီးတစ်ယောက် ပြန်လာသောအခါ ကျောက်ယန်ဟွား၏ မေးခွန်းက ဖြေပြီးသား ဖြစ်သွားသည်။

နေ့ခင်းဘက်တွင် ရေဒီယိုမှ စာကြောင်း တစ်ကြောင်းကို ထပ်ခါတလဲလဲ ပြောနေသည်။ ညနေလေးနာရီတွင် အရေးကြီးသော အသံထုတ်လွင့်မှု ရှိသည်။ ကျောင်းအုပ်ဖန်၏ ရုံးခန်းတွင် ရေဒီယိုရှိသည် ဖြစ်၍ သူမက သတင်းကြားတော့ စိတ်ပူနေတာ ဖြစ်မည်။

ဒါပေမယ့် ဒါကိုကြားတော့ ကျောက်ယန်ဟွား တင်မက အခြား မသိသော ဆရာများကပါ စိတ်ပူလာကြသည်၊ သတင်းက ကောင်းမလား ဆိုးမလား မသိရပေ။

အခြားသူများလို ထိတ်လန့်မနေဘဲ သတင်းကြောင့် လင်းဝေ့၏ ရင်ထဲ တုန်လှုပ်သွားသည်။

သူမက ဝတ္ထုတွင် မဖော်ပြထားသော နေ့နှင့်လက်ို သိထားသည်။

ညနေ အတန်း မတိုင်ခင် မိုးရပ်သွားပြီး လင်းဝေ့က ညနေအတန်းမရှိပေ။ သူမက အိမ်ပြန်သင့်ပေမယ့် ရင်ထဲလေးလံနေသည်မလို့ မပြန်ခဲ့ပေ။

လေးနာရီ မတိုင်ခင်ထိ အပြင်တွင် ဝမ်းနည်းမှု သီချင်းများ ဖွင့်ထားသည်။

ရုံးခန်းထဲမှ ဆရာမများက တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်သွားကြပြီး အတန်းထဲမှ ဆရာမကလည်း စာရေးနေသည်ကို ရပ်ပြီး စာသင်ခန်းထဲမှ အမြန် ထွက်သွားလိုက်သည်။

ဆရာအားလုံးက ကျောင်းအုပ်ကြီးရုံးခန်းရှေ့တွင် စုနေကြပြီး ကျောင်းအုပ်ဖန်က လေးလံသော ခြေလှမ်းများနှင့် ရေဒီယ်ိုဖွင့်ရန် သွားနေသည်ကို ကြည့်နေကြသည်။

လိုင်းပြောင်းစရာပင် မလိုဘဲ ရေဒီယိုဖွင့်လိုက်သည်နှင့် သတင်းကြေညာသူ အသံက ထွက်လာသည်။

ခဏကြာတော့ ရုံးခန်းတွင်းရော ရုံးခန်းပြင်ပါ ငိုသံများ ပြည့်သွားသည်။

.......

၁၉၇၆က အဆိုးများနှင့် နှစ်ဆိုပေမယ့် နှစ်သစ်ပြီးချိန်တွင် သတင်းကောင်းပါလာသည်။

မတ်လတွင် ကျုံးရှောက်က ရာထူးတိုးပြီး မေလတွင် တန့်ရှင်းယွမ်၏ မိဘများက အချုပ်မှ လွတ်လာသည်။ ဒီအခြေအနေကြောင့် လက်ထပ်ပြီးထဲက ရာထူးမတိုးသည့် ကျိုးကျင်းဟွေ့ကလည်း ရာထူးပြောင်းသွားသည်။

မိသားစုနယ်မြေ အပြင်တွင် ချန်လိဟွာက တပ်မဟာမှလူများကို မွေးမြူရေး လုပ်ငန်းထောင်ပြီး ထောက်ပို့ကုန်များက်ို ညှိနှိုင်းရန် စည်းရုံးခဲ့သည်။

မွေးမြူရေးခြံမှ ကြက်နှင့်ဘဲများက တပ်သားများ၏ ထမင်းစားပွဲပေါ် ရောက်နေချိန်တွင် ကောလိပ်ဝင်ခွင့် ပြန်ဖြေရန် သတင်းက ပို၍ ပျံ့နှံ့လာသည်။ သတင်းက အမှန်အမှား မသေချာပေမယ့် အဆုံးမှာတော့ မသေချာ ဟူသော စကားသုံးလုံး ရှိပြီး တပ်ဖွဲ့တစ်ခုလုံးကို ထိုသတင်းက လွှမ်းမိုးထားသည်။

အမှန်တော့ မူလတန်းကျောင်းမှ ဆရာဆရာမများသည် တပ်နယ်မြေမှ ဖြစ်သည်။ သူတို့အများစုက လှုပ်ရှားမှုကြီး မတိုင်ခင် အထက်တန်းပြီးထားပေမယ့် ကောလိပ် တက်ချင်ကြသည်။

လင်းဝေ့က ကျောင်းသင်ခန်းစာများ ပြန်လေ့လာနေပြီ ဆိုသော သတင်းကြောင့် သူမ သတင်းကြားထားလား ဆိုပြီး လာမေးသူ ရှိပေမယ့် သူမက အကြားအမြင်ရသူ မဟုတ်ဟု ဆိုပြီး ငြင်းလိုက်သည်။

ဒါပေမယ့် ကောလိပ်စာမေးပွဲ ပြန်ဖြေမည့် ကိစ္စအတွက်တော့ သူမက အကောင်းဘက်မှ ဖြေခဲ့သည်။ ယခင်လများက သတင်းများကို အခြေခံပြီး စာမေးပွဲ ပြန်ဖြေချင်ရင် စောစော စာပြန်လေ့လာတာ ကောင်းသည်။

ပြီးတော့ လင်းဝေ့၏ စကားများက မှန်လာခဲ့သည်။အောက်တိုဘာ ၂၁ရက်နေ့တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ဖြေရန် တရားဝင် သတင်းထုတ်ပြန်လာသည်။

All Chapters