Chapter 186
Vol. 15 Ch. 186
ကောလိပ်စာမေးပွဲ ပြန်ဖြေရန် သတင်းထွက်လာတော့ စစ်တပ်အခြေစိုက် မူလတန်းကျောင်းမှ လူအချို့က ပြောပြီး အချို့က စိတ်မကောင်း ဖြစ်ကြသည်။
ပျော်ရွှင်ကြသူများက လင်းဝေ့စကား နားထောင်ပြီး စာမေးပွဲအတွက် ကြိုတင်ပြင်ဆင် ကြသူများ ဖြစ်ပြီး စိတ်ပူနေကြသူများကတော့ စာမေးပွဲ ပြန်ဖြေခွင့်က မသေချာသေးတာမလို့ အချိန်ဖြုန်းရာကျမည် ဆိုကာ စာကြိုမလုပ်ထားသူများ ဖြစ်သည်။ သူတို့တွင် အခြားသူများနှင့် ယှဉ်လျှင် စာလုပ်ရန်အချိန် တစ်လသာ ကျန်တော့သည်။
ဒါပေမယ့် သူတို့တွင် စိတ်ပူရန် အချိန်မရှိပေ။ သတင်းရပြီးနောက် လူတိုင်း၏ အချိန်က ပိုပြီး တင်းကျပ်လာသည်။ ကျောင်းစာသင်သည့် အလုပ်က ရပ်၍ မရသည့်အတွက် သူတို့က စာသင်ချိန်ပြင်မှ အချိန်ကို လု၍ စာလုပ်ရသည်။
အခက်ဆုံးက စာပြန်လေ့လာရခြင်း ဖြစ်သည်။ ပြင်ဆင်ချိန် သိပ်မရှိတာကြောင့် လူအများက ကျောင်းစာအုပ် အစုံမရသည့်အပြင် ပြန်လေ့လာရမည့် စာအုပ်အစုံကိုလည်း မရတာမလို့ လူတိုင်းက အလုပ်ရှုပ်နေကြသည်။
တစ်ချို့က လင်းဝေ့က လွန်ခဲ့သည့် နှစ်နှစ်ကပဲ စာပြန်လေ့လာနေသည် ဖြစ်၍ သူမတွင် ပြန်ကြည့်ရမည့် စာအုပ် အစုံရှိမည်ဟုထင်ပြီး စိတ်ပေါ့ကာ သူမထံလာခဲ့သည်။
သူမတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လို့ လင်းဝေ့က မကူညီဘဲ မနေနိုင်ပေ။ သူမက ပြန်ကြည့်ရမည့် စာအုပ်များကို ကျောင်းကို ယူလာသည်။ ဒါမှသာ သူတို့က အလှည့်ကျ စာပြန်ကြည့်နိုင်မည် ဖြစ်သည်။
ကျောင်းအုပ်ဖန်က ကျောင်းစာသင်ခြင်းမထိခိုက်သရွေ့ သူတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေမည်ကို မတားပေ။ သူက လင်းဝေ့ ပြောင်းရွှေ့မည်ကို မတားသည့်အပြင် အားပေးခဲ့သေးသည်။
ဒါပေမယ့် အဖွဲ့တိုင်းရဲ့ ခေါင်းဆောင်တွေက ကျောင်းအုပ်ဖန်လို သူတို့အလုပ်သမားတွေ ကောလိပ်ဝင်ခွင့် ပြန်ဖြေမည်ကို အားမပေးပေ။ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမက သူတို့ အလုပ်သမားတွေ စာမေးပွဲပြန်ဖြေမည်ကို အားမပေးပေ။ သူက အလုပ်သမားတွေ ကောလိပ်ဝင်ခွင့်ဖြေတာကြောင့် အလုပ်ကိုသက်ရောက်လျှင် ဥပဒေအရ အပြစ်ပေးမည် ဟု ပြောခဲ့သည်။
ဒါက ကျောက်လီ လင်းဝေ့ထံ လာစဉ်က ပြောခဲ့တာ ဖြစ်သည်။ သူမက နှစ်နှစ်လောက် စာလုပ်နေခဲ့သည်မလို့ စာမေးပွဲ နီးသောအခါ သူမက စိတ်မပူနေပေ။ တနင်္ဂနွေနေ့က မေးခွန်း အနည်းငယ် ဖြေပြီးတော့ သူမက အခြားသူများနှင့် စကားပြောနေနိုင်သေးသည်။
ကျောက်လီက ကောလိပ်ဝင်ခွင့် ဖြေရန် စိတ်ကူးမရှိပေ။ သူမ ကျောင်းတက်ချ်ိန်က ရမှတ်များကလည်း သာမန် ဖြစ်သည်။ အထက်တန်း ပြီးတော့ သူမက စက်ရုံတွင် အလုပ်ဝင်ခဲ့သည်။ ထိုအချိန်ကပဲ သူမက စာအုပ်မလှန်တော့တာ ဖြစ်သည်။ အသက်သုံးဆယ်ဆိုသော အသက်ကန့်သတ်ချက်က်ို ကြေညာပြီးနောက် ထူးချွန်သူများအတွက် အသက် ကန့်သတ်ချက် ရှိသည်ဟုပြော သော်လည်း သူမက ထူးချွန်သူ မဟုတ်ပေ။
ကျောက်လီသာမက လျိုတန်း၊ ယန်းယီနှင့် တန့်ရှင်းယွမ်တို့ကလည်း စာမေးပွဲဖြေရန် အစီအစဉ် မရှိပေ။ ပထမနှစ်ယောက်က အသက် ကျော်နေပြီ ဖြစ်ပြီး ယန်းယီ၏ ပညာရေးအဆင့်က မလုံလောက်ပေ။ တန့်ရှင်းယွမ်က လှုပ်ရှားမှုကြီး မစခင်က ဒုတိယအဆင့် ကျောင်းသူ ဖြစ်သည်။ သူမက ထိုထက်ပို၍ သင်ရန် စိတ်ကူးမရှိပေ။
ဒါကြောင့် ကျောက်လီက စကားပြောရန် လာတော့ အားလုံးကလည်း လာကြသည်။ ကျောက်လီ ပြောတာ ကြားတော့ တစ်ယောက်က မေးလိုက်သည်။ "ဒါဆို အဖွဲ့က လူတွေက စာမေးပွဲ ဖြေမယ်ဆိုရင် ဘယ်လိုလုပ်လဲ?"
"ရှောင်းကျန်းက အလုပ်ထွက်ဖို့ လုပ်နေပြီး ရှောင်းယန်ကတော့ စဉ်းစားနေတုန်းပဲ" ကျောက်လီက သူမတို့အဖွဲ့တွင် လူအနည်းငယ်သာ ရှိပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေမည့်သူက နှစ်ယောက်သာ ရှိသည် ဟုပြောသည်။
တန့်ရှင်းယွမ်က မေးလိုက်သည်။ "ဘာက အလုပ်ကို သက်ရောက်တာလဲ?"
"အများကြီးပဲ။ ကျွန်မတို့ ဒါရိုက်တာ ပြောတာတော့ ပထမ အချက်အနေနဲ့ အလုပ်ချိန်မှာ စာဖတ်လို့မရဘူး၊ ပြီးတော့ ဒုတိယအနေနဲ့ စာရင်းမှား ပစ္စည်းမှားလို့မရဘူး။ နောက်ကျတဲ့အထိ စာလေ့လာရင်တောင် အလုပ်မှာ စိတ်မပါဘဲ လွဲချော်နိုင်လို့ အလုပ်ကို ထိခိုက်တယ်တဲ့"
ကျောက်လီက ကောလိပ်ဝင်ခွင့် စာမေးပွဲ မဖြေသော်လည်း သူမတို့ ဒါရိုက်တာ၏ စည်းကမ်းများက လွန်လွန်းသည်ဟု ခံစားရပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်များအတွက် မတရားသလို ခံစားရသည်။
အလုပ်ချိန်မှာ စာလေ့လာရင် ပစ္စည်း အတွက်အချက် မှားမည်ဆိုတာက လက်ခံနိုင်သည်။ ပထမကိစ္စက အလုပ်ချိန်ကို ကိုယ်ပိုင်ကိစ္စအတွက် သုံးခြင်း ဖြစ်သည်။ ယခင်က ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမက ဒီအကြောင်းကို ဂရုမစိုက်ပေမယ့် ယခုမှသာ ဒါရိုက်တာက ဒီကိစ္စကို အရေးတယူ လုပ်နေခြင်း ဖြစ်သည်။ နောက်ပိုင်းကိစ္စက ပြောစရာမလိုပေ၊ ဒါက အလုပ်တွင် အမှားဖြစ်ခြင်း ဖြစ်သည်။
ဒါပေမယ့် စိတ်အာရုံ နည်းပါးမှုက အလုပ်အပေါ် တကယ် သက်ရောက် လိမ့်မည်....။ လျိုတန်းက ပြောလိုက်သည်။
"အစ်မတို့ ခေါင်းဆောင်တွေက မြှားတစ်ချောင်းလိုပဲ အသုံးမဝင်ဘူး။ ကောလိပ်စာမေးပွဲ ဖြေမယ့်လူတွေက အလုပ်မှာ စိတ်မပါတဲ့အတွက် အလုပ်ကို ထိခိုက်တယ်။ ဒါဆို အစ်မတို့လို စာမေးပွဲ မဖြေတဲ့ လူတွေ အတွက်ကရော?"
"ဒါရိုက်တာက ကျွန်မတို့အတွက် မစဉ်းစားဘူး"ကျောက်လီက ပြောလိုက်သည်။
"ဒါပဲလေ ဘာလို့ သူတို့က အချင်းချင်းကို ခွဲခြားဆက်ဆံနေတာလဲ?အစ်မတို့ ခေါင်းဆောင်က ရည်ရွယ်ရှိရှိနဲ့ အလုပ်သမားတွေ ကောလိပ်ဝင်ခွင့် မဖြေအောင် လုပ်နေတာထင်တယ်" လျိုတန်းက မေးလိုက်သည်။
ကျောက်လီက သက်ပြင်းချလိုက်သည်။ "အသုံးမဝင်ဘူးဆိုရင် ကျွန်မက ဘာလုပ်လို့ရမှာလဲ?အထက်က သဘောမတူတာမလို့ တပ်ထဲက ညီအစ်မတွေကို ကောလိပ်ဝင်ခွင့် ဖြေဖို့ အားပေးသင့်လား မပေးသင့်လား မသိတော့ဘူး။ အထက်က ခွင့်မပြုရင် သူတို့ လျှောက်လို့မရဘူးလေ။"
လင်းဝေ့က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။ "အထက်က ဒီကိစ္စကို လက်ခံလာမှာပါ"
"ဘယ်လိုသိတာလဲ? ကျောက်လီက အသံတိုးပြီး မေးလိုက်သည်။ "ဘာသတင်းတွေ ကြားထားလို့လဲ?"
"မဟုတ်ပါဘူး ကျောင်းအုပ်ကြီးဖန်က ကျွန်မတို့ ဆရာမတွေ ကောလိပ် ဝင်ခွင့် ဖြေဖို့ အားပေးလို့ပါ။ လူတိုင်းက အဖွဲ့တစ်ခုစီ ဖွဲ့ထားပြီး ပိုတိုးတက်အောင် ညနေပိုင်း စာစုလုပ်သင့်တယ်လို့ သူက မနေ့က ပြောသွားသေးတယ်"
လင်းဝေ့က ရှင်းပြလိုက်သည်။
"တကယ်လို့ တပ်ရင်းမှုး ရှန်းက တပ်ထဲက ညီအစ်မတွေ ကောလိပ်ဝင်ခွင့်ဖြေဖို့ အားမပေးဘူးဆိုရင် ကျောင်းအုပ်ဖန်က အားလုံးကို ဒီလို အားပေးနေမှာ မဟုတ်ဘူးလေ"
ကျောက်လီက တွေဝေနေသည်။ "ဒါဆို... ကျွန်မ သူတို့ကို မနက်ဖြန် ပြောပြလိုက်ပြီး သူတို့ ခေါင်းဆောင်တွေကို တရားစွဲသင့် မစွဲသင့် ဆုံးဖြတ်ခိုင်းလိုက်မယ်"
"ပြောလို့ ရပါတယ် ဒါပေမယ့် သူတို့ရဲ့ သဘောထားကို အရင် လေ့လာတာ ကောင်းမယ်။ မဟုတ်ရင် သူတို့က ဒါကို သတင်းမပို့ဘဲ ဒီသတင်းက ဒါရိုက်တာရှေ့ရောက်ရင် ကိုယ်ပဲ မကောင်း ဖြစ်သွားလိမ့်မယ်" လျိုတန်းက သတိပေးလိုက်သည်။
"မဖြစ်လောက်ပါဘူး..." ကျောက်လီက တွေးလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ နောက်နှစ်ရက်အတွင်း စဉ်းစားလိုက်ပါမယ်"
ဒါပေမယ့် ကျောက်လီက သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောစရာပင် မလိုခဲ့ပေ။ စစ်တပ် သတင်းထုတ်ပြန်ရေးက နောက်နေ့တွင် ကြေညာချက် ထုတ်လိုက်သည်။ တပ်ထဲမှ အမျိုးသမီးများ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရာတွင် အဆင်ပြေစေရန် မိသားစုနယ်မြေမှ မူလတန်းကျောင်းက စာသင်ခန်းများကို သုံးခွင့်ပေးသည်။ ထိုအုပ်စုတွင် စိတ်ဝင်စားသော အမျ်ိုးသမီးများ လာရောက် ပါဝင်နိုင်ပြီး စာလေ့လာချိန်က တစ်ပတ်လုံးညနေခင်းနှင့် တနင်္ဂနွေနေ့ တစ်ရက်လုံး ဖြစ်သည်။
ကြေညာချက် ထုတ်ပြန်ပြီးနောက်မှာ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမမှ ခေါင်းဆောင်၏ သဘောထားက ချက်ချင်း ပြောင်းလဲသွားသည်။ ယခင် တားမြစ်ချက်များကို ရုတ်သိမ်းလ်ိုက်သည်သာမက ကောလိပ်ဝင်ခွင့် ဖြေမည့် လူနှစ်ယောက်ကိုလည်း နေ့စဉ် ဂရုစိုက်ပေးသည်။
ကျောက်လီက လင်းဝေ့နှင့်တွေ့တော့ ပြောလိုက်သည်။
"သူ့မျက်နှာကို မြင်စေချင်တယ်။ အရင်ကတော့ ရှောင်းကျန်းနဲ့ ရှောင်းယွမ်က အလုပ်ချိန်ဖြုန်းတယ်လို့ ပြောနေပေမယ့် အခု သူက သူတို့ စာလုပ်ချိန် မလောက်မှာ စိုးရိမ်တဲ့အတွက် သူတို့အလုပ်တွေကို သူများတွေကို မျှလုပ်ခိုင်းပြီး သူတို့ စာလုပ်ချိန်ကို မထိခိုက်စေရဘူးတဲ့။ သူတို့ကို တွေ့လို့ သူတို့စာပြန်လုပ်တာ ဘယ်လို ဖြစ်သွားပြီလဲ မေးတော့ ဒါရိုက်တာက သူတို့ကို ရွှေတံဆိပ်ဆု ယူပြီး ထောက်ပံ့ရေးနှင့် စျေးကွက် ရှာဖွေရေး သမဝါယမအတွက် အောင်မြင်မှုတစ်ခု ယူလာစေချင်တာတဲ့"
လင်းဝေ့က ပြောလိုက်သည်။ "ဒါဆို အခုနောက်ပိုင်း အလုပ် အဆင်ပြေရဲ့လား?"
"ကျွန်မတို့က အဆင်ပြေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေ့တိုင်း အလုပ်ရှုပ်နေတာပဲလေ။ သူမက ခွဲခြားဆက်ဆံတာမလို့ လူအများက မတရားသလို ခံစားရတာ။ မနေ့က တစ်ယောက်က ဒီလိုဆိုတာသိရင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ဖြေခဲ့ပါတယ် လို့ ပြောခဲ့သေးတယ်"
လင်းဝေ့ကလည်း ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး သမဝါယမက ဒါရိုက်တာက သူ့ကို ပို၍ မုန်းလာစေရန် လုပ်သောနေရာတွင် ထူးချွန်သည်ဟု ခံစားမိသည်။ ကံကောင်းစွာနဲ့ ဒါက အစိုးရ အဖွဲ့အစည်း ဖြစ်ပြီး လူများပြီးနေရာ နည်းတာမလို့ ဘယ်သူကမှ နေရာ မပျောက်လိုပေ။ ဒါပေမယ့် ဒါက လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်သည်။ ပြန်လည်တည်ထောင်ချိန်ပြီးတော့ စျေးကွက်က လွတ်လပ်သွားပြီး သူမက အသင်းကို ဒီလို ဦးဆောင်နေလျှင် လူတွေ၏ ယုံကြည်မှုက အနှေးနှင့်အမြန် ပျက်ပြားသွားမည် ဖြစ်သည်။
စကားပြောအပြီးမှာ ကျောက်လီက မေးလိုက်သည်။
"နင့် အခြေအနေကကော ဘယ်လိုလဲ? နင့်ကို မတွေ့မိလို့လေ"
လင်းဝေ့က ဒါကိုကြားတော့ သက်ပြင်းချလိုက်သည်။
"မပြောပါနဲ့။ အခုနောက်ပိုင်း အရမ်း အလုပ်ရှုပ်နေတာ"
အမှန်တော့ လင်းဝေ့က စာလုပ်သည့်အဖွဲ့ကို ဝင်ရန် စ်ိတ်ကူးမရှိပေ။ ကျောင်းအုပ်ဖန်၏ အတွေးက ကောင်းသော်လည်း သူမနှင့် မသင့်တော်ပေ။ သူမက စာပြန်လုပ်သည်မှာ နှစ်နှစ်ရှိပြီ ဖြစ်၍ အခြားသူများထက် အခြေခံ ကောင်းသည်။ သူမက စာလုပ်သည့်အဖွဲ့တွင် ဝင်ပါလျှင် သူမ၏ ကိုယ်ပိုင်ကိစ္စများ မပြီးသည်သာမက သူမက အခြားသူများကို ကူညီရန် အချိန်ပေးရဦးမည်။
ဒါပေမယ့် စစ်တပ်နှင့် ကျောင်းက ပေါင်း၍ စီစဉ်လိုက်သောအခါ လင်းဝေ့က အတော်ဆုံးသူအဖြစ်နှင့် စာလုပ်သည့်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။
အထက်က လင်းဝေ့ကို အနစ်နာခံခိုင်းသည် မဟုတ်ဘဲ တစ်ပတ်လုံးတွင် တစ်နာရီစီနှင့် ပိတ်ရက်တွင် နှစ်နာရီ အချိန်ပေးရန်သာ မျှော်လင့်ခြင်း ဖြစ်သော်လည်း ဒီမတိုင်ခင်ထဲက အလုပ်ရှိနေသော လင်းဝေ့အတွက်တော့ ပြောင်းလဲသွားသည်။ ဒါက သုံးနာရီ ဖြစ်သည်။
ကျောက်လီနှင့် အခြားသူများကို စကားမပြောဖြစ်သည်က်ို မပြောနှင့်၊ သူမက ကျုံးရှောက်နှင့်ပင် သီးသန့် စကားမပြောဖြစ်တာ ကြာပြီ ဖြစ်သည်။
"ခေါင်းဆောင်တွေက ဒီလို အရေးပါတဲ့ အလုပ်မျိုး ပေးတယ်ဆိုတော့ တော်တော် အကောင်းမြင်ထားလို့ ဖြစ်မယ်"
ကျောက်လီက အဖွဲ့က စီစဉ်သော အရာများက မလုံလောက်သောကြောင့် သူမ အကြံဉာဏ်ကလည်း အဓိကကျသည် ဟုပြောကာ သူမကို နှစ်သိမ့်လိုက်သည်။
လင်းဝေ့တွင်လည်း ဒီအတွေးရှိပြီး သူမ စိတ်မပါသော်လည်း လုပ်ရမည့်တာဝန် ရှိသေးသည်။ ဘာပဲဖြစ်ဖြစ် တစ်လကျော်လျှင်တော့ သူမလည်း စိတ်အေးသွားမည် ဖြစ်သည်။
ကျောက်လီက ဒါကိုတွေးမိပြီး မေးလိုက်သည်။ "စကားမစပ် ဘယ်ကျောင်းကို လျှောက်ထားတာလဲ?"
ဒီတစ်ခါမှာ ကောလိပ်ဝင်ခွင့်ဖြေဆိုရန် ကူညီလုပ်က်ိုင်သူတွေက သူနှင့်အတူ လျှောက်လွှာတင်ခဲ့သည်။ လင်းဝေ့ကလည်း လွန်ခဲ့သည့် ရက်အနည်းငယ်က သွားလျှောက်ခဲ့ပြီး လုပ်ကိုင်ပေးသူတွေက တင်လိုက်ပြီ ဖြစ်သည်။ သူမက ပြောလိုက်သည်။
"ပထမ ဦးစားပေးက ကျူံးတ တက္တသိုလ်၊ ဒုတိယက ယန်ချန်တက္ကသိုလ်၊ တတိယက ယန်ချန်က အစိုးရကောလိပ်"
"ကျုံးတက ဘယ်မှာလဲ?"
"ယန်ချန်မှာပဲ"
ကျောက်လီက တစ်ခုခု မှားနေသလို ခံစားရကာ မေးလိုက်သည်။ "ယန်ချန်မှာ ကျောင်းတက်မလို့လား?ဒါဆို ကျုံးရှောက်နဲ့ ကလေးသုံးယောက်က ဘယ်လို လုပ်မလဲ?"
လင်းဝေ့ကလည်း ဒီကိစ္စကို စိတ်ပူနေသည်။ ကျုံးရှောက်ပြောတာက ယခင်နှစ်က ပြောင်းသွားသော ခေါင်းဆောင်က ပြန်ခေါ်ခံရကာ နောက်ပိုင်းမှာတော့ ရာထူးတိုးပေးလိုက်သည်။ ဒီနှစ်မှာတော့ သူက အရှုံးမပေးဘဲ ဆက်လျှောက်ထားပေမယ့် လအတော်ကြာသော်လည်း သတင်းမရသည့်အတွက် ဘယ်လိုဖြစ်မည်ဆိုတာ မသိသေးပေ။
လင်းဝေ့က ပြောလိုက်သည်။"ဒါကို နောက်မှ ပြောကြတာပေါ့"
"ယန်ချန်မှာ ကျောင်းလျှောက်ထားတာ ကျုံးရှောက် သိလား?" ကျောက်လီက မေးလိုက်သည်။
လင်းဝေ့က ပြောလိုက်သည်။ "သူနဲ့အတူ တိုင်ပင်ပြီး လျှောက်ထားတာမလို့ သူသိပါတယ်"
ကျောက်လီက ဒါကိုကြားတော့ ပြောလိုက်သည်။ "ဒါဆို ညီမရဲ့ ရှေ့ပြေးက ကောင်းတာပေါ့"
"ဘာလို့လဲ?"
"ညီမတို့ အဖွဲ့နဲ့ မတူဘဲ အမျိုးသမီးဆွန်းက ကောလိပ်ဝင်ခွင့် ဖြေချင်တယ်လို့ ပြောခဲ့တယ်မလား? သူ့ယောက်ျားက သူ့ကို အရင်ကတော့ ကတိပေးထားပေမယ့် သူမ တကယ်လျှောက်မယ့်အချိန်ရောက်တော့ သူက သဘောမတူတော့ဘူး။ အခု မိသားစုက ပြသနာတက်နေတယ်"
လင်းဝေ့က အံ့သြ သွားသည်။ "ကျွန်မ သူ့ကို ကျောင်းမှာတွေ့တော့ သူက ခံစားချက် ကောင်းနေပုံပါပဲ သူက သူ့ယောက်ျားနဲ့ ပြဿနာ ဖြစ်နေတာလား?"
"သူမက ကောလိပ်တက်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီ ထင်တယ်။ သူ့ယောက်ျားက လက်ခံ မခံ အပေါ်မူတည်တယ်။ မဟုတ်ရင်တော့ အိမ်ထောင်ရေးက တည်မြဲမှာ မဟုတ်ဘူး။"
ကျောက်လီက ခန့်မှန်းလိုက်သည်။
"သူတို့သာမက ဒီကိစ္စနဲ့ ပြသနာတက်နေတာက သူတို့မိသားစုသာမက အခြားမိသားစုတွေလည်း ရှိမယ်ထင်တယ်။ ကျွန်မတို့ အမျိုးသမီးတွေက သန်မာပါတယ်။ တကယ်လို့ ယောက်ျားတွေက ကောလိပ်ဝင်ခွင့် ဖြေမယ်ဆိုရင် မိန်းမတွေက ခြေရောလက်ရောမြှောက်ပြီး အလျော့ပေးရမယ်။ မိန်းမတစ်ယောက် အိမ်မှာမရှိရင် သူတို့ လှုပ်ရှားလို့ မရဘူး။"
"ဒါက အဓိပ္ပါယ်ရှိပါတယ်"
"ဘာလဲ?"
"အားလုံးကို စိတ်ပူမနေတာ ကောင်းပါတယ်"
ဒါကို တွေးမိပြီး ကျောက်လီက နားလည်သွားကာ ပြုံးလိုက်သည်။ "ညီမပြောတာ မှန်ပါတယ် "
မိန်းမတွေက အိမ်ကိစ္စ ဂရုစိုက်နေရတဲ့ အချိန်မှာ ယောက်ျားတွေက အားလုံးကို ဂရုစိုက်ရတယ်မလား? ဒါပေမယ့် အဆုံးမှာတော့ အမျိုးသမီးတွေရဲ့ အထောက်အပံ့က မိသားစုအတွက် ဒိုင်းကာလို ဖြစ်နေချိန်မှာ အမျိုးသားတွေက လွတ်လပ်နေတယ်။
မတရားလိုက်တာ။
.....
ကောလိပ်ဝင်ခွင့် မဖြေခင် ကျုံးရှောက်နှင့် လင်းဝေ့က သူပြောင်းရွှေ့ရမယ့် ကိစ္စက အဆင်မပြေသေးတာမလို့ တစ်မိသားစုလုံး ယန်ချန်ကို သွားလို့ မရသေးတဲ့အကြောင်း တိုင်ပင်လိုက်သည်။
ကျုံးရှောက်၏ အတွေးက လင်းဝေ့က ကျောင်းကိုအရင် သတင်းပို့ဖို့ သွားရန် ဖြစ်သည်။ ကလေးသုံးယောက်ကိုတော့ သူမမိဘအိမ်ပို့ကာ ထိန်းခိုင်းထားသည် သို့မဟုတ် ကလေးထိန်းငှားရမည် ဖြစ်သည်။ နောက်ပိုင်း သူ ပြောင်းခွင့်ရလျှင် ကလေးများပါ လိုက်ပြောင်းပြီး ခွင့်မရလျှင် အနာဂတ်အတွက် ကြည့်စီစဉ်ရမည် ဖြစ်သည်။
ကလေးသုံးယောက်ကို သူမမိဘတွေကို ပေးရန်က လင်းဝေ့အတွက် မလွယ်ကူပေ။ သူမ အစ်ကိုကြီးတွင် ကလေးနှစ်ယောက် ရှိသည့်အတွက် သူ့အမေက သူတို့ကို ထိန်းနေရသည်။ နောက်ထပ် ကလေးသုံးယောက် ပိုသွားလျှင် သူ့အမေ ထိန်းမနိုင်တော့မှာ စိတ်ပူသည်။
ပြီးတော့ သူမက သူမမိဘတွေက ကလေးတွေအပေါ် ကောင်းမည်ဟု ယုံကြည်သော်လည်း သူမယောက်မ အကြောင်းကို ကောင်းကောင်းနားလည်သည်။ ကလေးတွေကို ပို့လိုက်လျှင် သူမက နောက်ကွယ်မှာ အတင်းပြောနေမည်ဆိုတာ သေချာသည်။ ကလေးတွေထံမှ ပြန်ကြားရလျှင် သူမက အဆင်ပြေမည် မဟုတ်ပေ။
ကလေးထိန်းငှားရန်ကတော့ ရာထူးကြီးပိုင်းတွေကတော့ ဒီနှစ်အဆင်ပြေပေမယ့် ကျုံးရှောက်က စစ်သားတစ်ယောက် ဖြစ်လို့ အချိန်အတော်ကြာ ကလေးထိန်းငှားရန် မသင့်တော်ပေ။
ပြီးတော့ သူက ကလေးထိန်းငှားလျှင် အမျိုးသားငှားရမှာလား အမျိုးသမီးငှားရမှာလား?
ပထမတစ်ခုကတော့ ကလေးထိန်းလုပ်ချင်သည့် အမျိုးသားက နည်းပြီး အမျိူးသားတွေက ကလေးထိန်းရတာ သတ်ိလက်လွတ် ဖြစ်နိုင်သည်။ အမျိုးသမီး ရှာလိုက်မည်။ ဒါဆိုလျှင် အိမ်ထောင်ရှင်မ အိမ်တွင် မရှိချိန် ဆွေမျိုး မဟုတ်သည့် အမျိုးသမီး အိမ်တွင်နေလျှင် ကလေးထိန်း ဆိုပေမယ့် သွားပုတ်လေလွင့် သတင်းများ ထွက်လာနိုင်သည်။ ကျုံးရှောက် က ဒီလိုလူမဟုတ်ဘူး ဆိုတာ လင်းဝေ့က ယုံကြည်သော်လည်း သူက မရပေ။ ဆိုးသောစကားများ မခံနိုင်ပေ။
လင်းဝေ့၏ အတွေးကို နားထောင်ပြီးတော့ ကျုံးရှောက်က မျက်ခုံးပင့်လိုက်သည်။
သူက ဘယ်နေရာကို ပြောင်းရမည် တွေးနေစဉ် လင်းဝေ့က ပြောလိုက်သည်။ "ကလေးတွေကို ကျွန်မနဲ့အတူ ယန်ချန်ကို ခေါ်သွားပြီး အိမ်တစ်လုံးငှားပြီး ကလေးထိန်းငှားလိုက်မယ် ဒါဆို ဘယ်သူကမှ ကျွန်မ ဘယ်သူ ဘယ်ကလာတယ်ဆိုတာ သိမှာမဟုတ်ဘူး။ ကလေးထိန်းကလည်း မိန်းမပဲဆိုတော့ ပိုသင့်တော်တယ်"
"ဒါဆို မင်း အရမ်း အလုပ်မရှုပ်သွားဘူးလား?" ကျုံးရှောက်က မေးလိုက်သည်။
လင်းဝေ့က ပြန်မေးလိုက်သည်။ "ရှင့်အလုပ်ထက် ကျွန်မကျောင်းက ပိုပင်ပန်းမှာလား?"
ဒါက မှန်သည်။
"ဒါဆို ဒီလို အရင် စီစဉ်ကြတာပေါ့။ မင်း စာမေးပွဲ ပြီးရင် ကိုယ်က ခေါင်းဆောင်ကို ရလဒ်အကြောင်း မေးလိုက်မယ်။ ဒီနှစ် အဆင်မပြေရင် နောက်နှစ် ဆက်ကြိုးစားတာပေါ့"
"နောက်နှစ်လည်း မပြောင်းရရင် ဘာလုပ်မှာလဲ?" လင်းဝေ့က ကျုံးရှောက်ကို မေးလိုက်သည်။
"အလုပ် ပြောင်းမှာပေါ့" ကျုံးရှောက်က အတည်ပေါက် ပုံစံနှင့် စကားပြောပြီးသည်နှင့် နောက်ပြောင်လိုက်သည်။
"မင်းကို မှီခိုပြီး မင်မင်အတွက် မိသားစု ဝန်ထုတ်ဝန်ပိုး မျှဝေခံစား လိုက်မယ်"
ဒါက ကျုံးရှောက်က မူလစာအုပ်မှာလို စီးပွားရေးလုပ်ရန် မတွေးခဲ့သည့်အတွက် လင်းဝေ့ လုပ်ခဲ့သော ဟာသဖြစ်သည်။
လျှောက်လွှာတင်ပြီးနောက် လင်းဝေ့က စာပေကို သင်ပြီး ပညာရေးအသိုင်းအဝိုင်းမှာ နေရမှာလား ဘောဂဗေဒ သင်ယူပြီး စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာရမှာလားဆိုတာ ဝေခွဲမရ ဖြစ်နေသည်။ အဆုံးမှာတော့ သူမက နှလုံးသားကို ဆုံးဖြတ်ခွင့် ပေးလိုက်ကာ ဒုတိယတစ်ခုကို ရွေးလိုက်သည်။ သူမ ထိုအချိန်က ပေးခဲ့သော အကြောင်းပြချက်က မင်မင်ကို ကူညီရန် ဖြစ်သည်။ ဒါက ကျုံးရှောက်၏ မိသားစုဝန်ထုတ်ဝန်ပိုးကို မျှဝေခံစားသည် ဆိုသော ဟာသ ဖြစ်သည်။
အနာဂတ်အတွက် စီစဉ်ပြီးနောက် လင်းဝေ့က စိတ်ပူပင်မှု လျော့သွားသည်။ စာသင်ချိန်မှလွဲ၍ နောက်ဆုံးရက် အနည်းငယ်တွင် သူမက နောက်ဆုံး စာပြန်ကြည့်ခြင်းကို အာရုံစိုက်ထားသည်။
အချိန်ဆယ်နှစ် ကြန့်ကြာနေခဲ့သော ပထမဆုံး ကောလိပ် ဝင်ခွင့် စာမေးပွဲက နောက်ဆုံး၌ နိုဝင်ဘာ လကုန်တွင် ကျင်းပခဲ့သည်။