Chapter 189
Vol. 15 Ch. 189
ဖေဖော်ဝါရီလတွင် ကျောင်းဝင်ခွင့် အကြောင်းကြားစာများက တစ်ယောက်ပြီး တစ်ယောက်ထံ ရောက်လာသည်။
ပထမဆုံး အကြောင်းကြားစာ ရလာသည့်သူက စစ်တပ်အခြေစိုက် မူလတန်းကျောင်းမှ ဆရာမတစ်ဦး ဖြစ်သည်။ သူမက သူ့ဇာတိမှ သာမန်ကျောင်းကို လျှောက်ခဲ့ခြင်း ဖြစ်သည်။
ဝင်ခွင့် အကြောင်းကြားစာ ရသည့် ဒုတိယသူက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမမှ ရှောင်းကျန်း ဖြစ်သည်။ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမတွင် လူနှစ်ယောက်သာ ဖြေဆိုသည်။ တစ်ယောက် ဝင်ခွင့်ရတာက အလွန် ကောင်းသည်။ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမက အထက်လူကြီးက ထိုသတင်း ကြားပြီးနောက် အလွန်ပျော်ရွှင်ကာ ရှောင်းကျန်း မသွားမီ နှုတ်ဆက်ပွဲ လုပ်ပေးမည်ဟု ကြားသည်။
ရှောင်းကျန်းက ကောလိပ်သွားပေမယ့် လစာရနေမှာ မလို့ ကျောက်လီက လင်းဝေ့ကို ပြောလိုက်သည်။ "ဒါက ဒီလို ကောင်းတဲ့အရာ ဆိုတာ သိခဲ့ရင် ကျွန်မလည်း ကောလိပ် ဝင်ခွင့် စာမေးပွဲ ဖြေခဲ့ပါတယ်"
"ဒီနှစ်က ထူးခြားလို့ စာမေးပွဲက ဆောင်းတွင်းမှာ လုပ်လိမ့်မယ်။ တကယ်လို့ ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် နောက်နှစ် နွေရာသီမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ရှိလိမ့်မယ်။အဲ့ဒီအချိန်ကျရင် လျှောက်လို့ရတယ်" လင်းဝေ့က နောက်ပြောင် လိုက်သည်။
"ထားပါတော့ ကျွန်မက အသက်ကြီးနေပါပြီ လျှောက်ချင်ရင်တောင် နာမည်ကြီး မဟုတ်လို့ မနှောင့်ယှက်တော့ပါဘူး"
ကျောက်လီက အလျင်အမြန် လက်ကာပြလိုက်သည်။ လင်းဝေ့က သူမကို ဆွယ်တော့မည်ကို သိသောကြောင့် သူမက အမှန်တိုင်း ပြောလိုက်သည်။
"ကျွန်မ အကြောင်း ကောင်းကောင်း မသိတာလည်း မဟုတ်ဘူး မင်းရဲ့ ပါးစပ်က အရမ်း အားကောင်းတော့ ကျွန်မကို တကယ် စာမေးပွဲ ဖြေဖို့ ပြောနေရင် ကျွန်မ ခေါင်းကြီးလာသလိုပဲ။"
ထို့နောက် သူက စကားလမ်းကြောင်စလွှဲကာ လင်းဝေ့ကို ဝင်ခွင့် အကြောင်းကြားစာ ရပြီလားဟု မေးလိုက်သည်။
လင်းဝေ့က ခေါင်းခါလိုက်သည်။ "မရသေးပါဘူး"
"ဘာလို့..." ကျောက်လီက သူမဘာလို့ အကြောင်းကြားစာ မရသေးတာလဲလို့ မေးချင်ပေမယ့် သူမက သူမ၏ စကားကို ထိန်းကာ နှစ်သိမ့်လိုက်သည်။
"အကြောင်းကြားစာတွေက မတူတဲ့ ကျောင်းတွေက လာတာဆိုတော့ အနှေးနဲ့ အမြန်တော့ ရှိမှာပေါ့။ စောင့်လိုက်ပါ ရက်နည်းနည်း ကြာရင် ရောက်လာမှာပါ"
လင်းဝေ့က ပြုံးပြီး ပြောလိုက်သည်။ "သိပါတယ်"
လင်းဝေ့က အတော်ကြာသည်အထိ အကြောင်းကြားစာ မရသည့်အတွက် မိသားစုနယ်မြေမှ လူအများက အတင်းအဖျင်း ပြောကြသည်။ မူလတန်းကျောင်းမှ ဆရာမများက အရင်က ကောင်းကောင်းလုပ်ခဲ့ပြီး လင်းဝေ့၏ ရမှတ်များက မြို့တော်က တက္ကသိုလ် နှစ်ခုကိုတောင် လျှောက်လို့ ရနိုင်သည်ဟု ပြောလိုက်သည်။ အခုတော့ ယန်ချန်က ကျောင်းကိုတောင် ဝင်ခွင့်မရဘူး။ ဒီလိုဆိုတာ သိရင် ဒုတိယအဆင့် ကျောင်းကို လျှောက်တာက ပိုကောင်းသေးတယ်။
သူမအမှတ်ကို မှားတွက်မိသည်ဟု ပြောကြသူများလည်း ရှိသည်။ ပြဿနာက ပရဟိတ လျှောက်လွှာက မြင့်နေသည်က ပြသနာဟု ထင်ကြသည်။ ဒါက ယခင်ကလို အတင်းအဖျင်းပြောခြင်း မဟုတ်ဘဲ နှမြောနေကြခြင်းဖြစ်ပြီး အမှတ်နိမ့်သော ကျောင်းကိုတော့ ဝင်ခွင့်ရနိုင်လိမ့်မည်။
ကျောက်လီကဲ့သို့ နှစ်သိမ့်သော သူများက အကြောင်းကြားစာက မပို့ရသေးတာ ဖြစ်မည်ဟု ထင်ကြပြီး စာအတူလုပ်ခဲ့ကြသော တပ်သားအမျိုးသမီးများကလည်း ထိုသို့ ထင်ကြသည်။ အပြင်လူတွေက လင်းဝေ့၏ ရမှတ်တွေကို မသိပေမယ့် သူတို့ထက်သာသည်ဆိုတာ သူတို့က သိသည်။
လင်းဝေ့နှင့်အတူ အမှတ်တွက်ခဲ့သော မူလတန်းကျောင်းမှ ဆရာမများက အကြောင်းကြားစာ မပို့ရသေးဘူးဟု ယုံကြည်ကြသည်။ ဒီတစ်ခါတွင် မိသားစုနယ်မြေမှ ခန့်မှန်းထားသည်ထက် ပို၍ ကျောင်းဝင်ခွင့် ရကြသည်။
အားလုံးပေါင်း ခြောက်ယောက် ဖြစ်ပြီး စစ်တပ်အခြေစိုက် ဆေးရံမှ တစ်ယောက်နှင့် ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမမှ တစ်ယောက်မှ လွဲ၍ ကျန်သော လေးယောက်က မိသားစု နယ်မြေမှ ဖြစ်သည်။
သူတို့လေးယောက်က အမှတ်တွက်ပြီးချိန်က ယုံကြည်ချက် ရှိနေကြသူများ ဖြစ်သည်။ သူတို့အဖြေ အများစုက လင်းဝေ့နှင့် တူညီကာ မေးခွန်းစာအုပ်မှ အဖြေကို တိုက်ကြည့်တော့လည်း အဖြေမှန်သည်။
ဒါကြောင့် သူတို့ ထိုအချိန်က တွက်ခဲ့သော ရမှတ်များက မှန်နေသေးသည်။
လင်းဝေ့၏ အမှန်တကယ် ရမှတ်က ခန့်မှန်းရမှတ်လောက် မမြင့်ဘူး ဆိုရင်တောင် CUHK တက္ကသိုလ် တော့ရနိုင်သည်။ တကယ်လို့ CUHK တက္ကသိုလ်ရော ယန်ချန်တက္ကသိုလ်ပါ မမှီဘူးဆိုရင်တောင် သူမ၏ တတိယရွေးချယ်မှုက ရှိသေးသည်။
ဒါကြောင့် အခြားသူတွေ ဘယ်လိုပြောပြော မူလတန်းကျောင်းမှ ဆရာမများက လင်းဝေ့ကို "ခဏစောင့်ကြည့်ပါ"ဟုသာ ပြောကြသည်။
ကျုံးရှောက်ကလည်း လင်းဝေ့အပေါ် ယုံကြည်ချက် ရှိသည့်အတွက် ခဏစောင့်ကြည့်ရန် ပြောသည်။
လင်းဝေ့က ဒီတစ်ခေါက် တကယ်ပဲ စာရင်းမှာ မပါခဲ့ရင်တောင် နောက်တစ်နှစ် ပြန်ဖြေလို့ရသည်။ သူက ရလဒ်မထွက်ခင်ထိ ဒီလို နှစ်သိမ့်စကားတွေကို ပြောရမှာ စောသေးသည့်အတွက် မပြောခဲ့ပေ။
တကယ်တော့ လင်းဝေ့၏ အကြောင်းကြားစာက အခြားသူများထက် အရမ်းနောက်မကျခဲ့ပါ ငါးရက် ခြောက်ရက် ခုနစ်ရက် ရှစ်ရက်လောက်သာ....
အတိုချုံးပြောရလျှင် လင်းဝေ့၏ ဝင်ခွင့်စာက နှစ်သစ်မတိုင်မီ ရောက်လာပြီး ကျောင်းဝင်ခွင့်က သူမ ပထမဦးစားပေး လျှောက်ထားသော ကျောင်းမှ ဖြစ်သည်။
လင်းဝေ့က အကြောင်းကြားစာကို ရချိန်တွင် သူမက ဆွန်းယင်းချန်၏ အိမ်တွင် ခြံဝင်းထဲ၌ သူ့မိန်းမနှင့်အတူ အခြားတပ်သားအမျိုးသမီးများနှင့် စကားပြောနေကြသည်။ ရုတ်တရက် ဆွန်းယင်းချန်၏ မိန်းမက ထိတ်လန့်သွားသည့် အမူအရာနှင့် စကားပြောနေသော အခြား တပ်သားအမျိုးသမီးများကလည်း ဘာဖြစ်တာလဲ လို့ မေးကာ သူမကြည့်နေသည့် နေရာကို ကြည့်လိုက်သည်။
ခေါင်းလှည့်ကြည့်လိုက်သည်နှင့် အားလုံးက ခြံဝင်းနှစ်ခုကြားက လမ်းမှ စာပို့သမားကို တွေ့လိုက်ရသည်။ သူက စက်ဘီးတွင် ထိုင်ကာ လွယ်အိတ်ထဲမှ စာကို ထုတ်၍ ပြောလိုက်သည်။
"ရဲဘော်လင်း စာရောက်လာတယ်"
လင်းဝေ့က ခြံစည်းရိုးနားကို လျှောက်သွားကာ အတည်ပြုလိုက်သည်။ "ကျွန်မ အတွက် စာလား?"
"ဟုတ်တယ် စာပေါ်မှာ နာမည်ရေးထားတယ်"
လင်းဝေ့၏ ရင်ထဲ တုန်လှုပ်သွားကာ မေးလိုက်သည်။ "ရဲဘော် ဒီစာက ဘယ်ကပို့တယ်ဆိုတာ သိလား?"
"ယန်ချန်က ထင်တယ်။ သေချာ မမှတ်မိဘူး" စာပို့သမားက ထိုသို့ပြောကာ စာများကို လှန်နေသည်။ "ဘယ်မှာလဲ ဒီမှာထားလိုက်တာ သေချာပါတယ်"
"ယန်ချန်" ဆိုတဲ့ စကားကို ကြားတော့ အားလုံးက တုန့်ပြန်လာကြသည်။ စာပို့သမားက စာကိုရှာနေတာ ကြာပြီဖြစ်လို့ သူက ပြောလိုက်သည်။
"မပူပါနဲ့ ရဲဘော်၊ အကြောင်းကြားစာက ဒီမှာ ရျှိပါတယျ"
ပြောပြီးသည်နှင့် စာပို့သမား၏ မျက်လုံးက အရောင်လက်သွားသည်။ "တွေ့ပြီ"
သူက ကျောပိုးအိတ်ထဲမှ စာကို ယူကာ ဖတ်လိုက်သည်။
"စာလက်ခံသူ လင်းဝေ့၊ ပို့သူက အကြောင်းကြားစာ ဖြစ်နိုင်တယ်"
သူက လင်းဝေ့ကို စာကမ်းပေးကာ ဂုဏ်ပြုပေးခဲ့သည်။
လင်းဝေ့က စာအိတ်ပေါ်မှ CUHK တံဆိပ်ကို မြင်သောအခါ စိတ်သက်သာရာရသွားပြီး စာပို့သမားကျို ပြုံးပြလိုက်သည်။
စာပို့သမားက လက်ပြပြီး စက်ဘီးစီးကာ ထွက်သွားလိုက်သည်။
စာပို့သမား ထွက်သွားသည်နှင့် တပ်သား အမျိုးသမီးအချို့က စုလာကာ မေးလိုက်သည်။ "ဒါက ဝင်ခွင့်စာလား?ဘယ်ကျောင်းကလဲ?"
"ကျုံးတ တက္ကသိုလ်က ထင်တယ်" လင်းဝေ့က ပြောလိုက်ကာ စာအိတ်ကို ဖွင့်လိုက်သည်။
စာကို ဖွင့်လိုက်သည်နှင့် အမြင်အာရုံကို ဖမ်းစားနေသော ပထမဆုံးအရာက ကျုံးတ တက္ကသိုလ် ဖြစ်ပြီး စာလုံးအကြီးများဖြင့် ရေးထားသည်က "ကျောင်းသား ဝင်ခွင့်လက်ခံခြင်း အကြောင်းကြားလွှာ" ဖြစ်ပြီး ဝင်ခွင့် အကြောင်းအရာများ ဖြစ်သည်။
အခြို့သော တပ်သားအမျိုးသမီးများက ပြောနေကြသေးသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ မဟုတ်ဘူး၊ ဘယ်လို ဖြစ်တာလဲ?"
လင်းဝေ့က စာကို ကြည့်ကာ ပြောလိုက်သည်။ "ဒါက ဝင်ခွင့် အကြောင်းကြားစာပဲ၊ အခု အတည်ပြုလိုက်သည်။"
"တကယ်လား?ဒါက ပျော်စရာ သတင်းပဲ!"
"ဟုတ်တယ် CUHK က ပထမဦးစားပေးလား?အကောင်းဆုံးကျောင်းကို လျှောက်ခဲ့တယ်လို့ ကြားတယ် ဟုတ်လား?"
"ဒါဆို ရှောင်းလင်း အနာဂတ်မှာ နာမည်ကြီး ကျောင်းက ထိပ်တန်းကျောင်းသား ဖြစ်လာတော့မှာလား?"
တပ်သားအမျိုးသမီးတွေက တစ်ယောက်ပြီး တစ်ယောက် မေးခွန်းများမေးခဲ့ကြသည်။ လင်းဝေ့က တစ်ယောက်ပြီး တစ်ယောက် ဖြေရန် စိတ်မရှည်ပေ။
"ကျွန်မက ပထမဦးစားပေးကျောင်းက ဝင်ခွင့်ရခဲ့တာပါ.... နာမည်ကြီးကျောင်းက ထိပ်တန်းကျောင်းသား ဆိုတာကိုတော့ ဟာသလို့ပဲ မှတ်လိုက်ပါမယ်..."
........
လင်းဝေ့က အကြောင်းကြားစာ မရခင်က တည်ငြိမ်နေတယ် ဆိုပေမယ့် စိတ်မပူတာတော့ မဟုတ်ပေ။ ယခုဝင်ခွင့် အကြောင်းကြားစာ ရတော့မှ သူမက စိတ်ကျေနပ်သွားသည်။
ကျုံးရှောက် ပြန်ရောက်လာတော့ လင်းဝေ့ ကျောင်းဝင်ခွင့် ရတာ သိသွားသည့်အတွက် ဝမ်းသာ သွားသည်။ သူက အခုတစ်ခါ မဖြေနိုင်ခဲ့ရင် နောက်တစ်ခါ ထပ်ဖြေလို့ ရပေမယ့် အောင်သွားတာက ကောင်းသောအရာ ဖြစ်သည်။
အောင်ပွဲခံသည့်အနေနှင့် ဝိုင်သောက်ရန် သူတို့ကဆုံးဖြတ်လိုက်သည့်အတွက် ကျုံးရှောက်က အိမ်ထဲ ရောက်ရောက်ချင်း ပြန်ထွက်သွားသည်။
ထိုနေ့များတွင် အသင်းအဖွဲ့တ်ိုင်းက တာဝန်ပေါ့နေသည်။ လင်းဝေ့က တပ်ထဲကို ရောက်စက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမက လူများက ယခုထိ ထိုလူများ ဖြစ်သည်။ သူတို့က အရောင်းဝန်ထမ်း များနှင့် ရင်းနှီးနေပြီး အရောင်းဝန်ထမ်းများကလည်း သူတို့နှင့် ရင်းနှီးနေသည်။
ကျူံးရှောက်က ဝိုင်သောက်မည်ဆိုတာ ကြားတော့ အရောင်းဝန်ထမ်းက မေးလိုက်သည်။ " မိသားစုမှာ ပျော်စရာကိစ္စ ရှိလို့လား?"
ကျောက်လီက နောက်ဆုံး စျေးဝယ်သူကို ငွေရှင်းစားပွဲသို့ ပို့ရင်း ဒါကိုကြားတော့ မေးလိုက်သည်။ " လောင်ကျုံး အိမ်မှာ ပျော်စရာကိစ္စ ရှိတာလား?"
ကျောက်လီနှင့် အခြားသူများက ကျုံးရှောက်၏ အမည်ကို အမျိုးမျိုးပြောင်းခေါ်ကြကာ နောက်ဆုံးတော့ လောင်ကျုံး ဖြစ်သွားသည်။ လင်းဝေ့ကိုတော့ အချ်ို့က ရှောင်းလင်းဟု ခေါ်ကာ အချို့က ဝေ့ဝေ့ဟု ခေါ်ကြသည်။
ကျုံးရှောက်က ဒါကို မကျေနပ်ပေ။ သူနှင့် လင်းဝေ့က တစ်နှစ်သာကွာသည်။ဘာလို့ သူမက ရှောင်းလင်း ဖြစ်ပြီး သူက လောင်ကျုံး ဖြစ်ရတာလဲ? မသိသူများက ကြားလျှင် သူတို့က မျိုးဆက်ကွာပြီး သူ့မိန်းမကို သူငယ်ချင်းကောင်းများနှင့် မိတ်ဆက်ပေးနေသည်ဟု ထင်ကြမည်။.
လင်းဝေ့က ဒီအရာကို တုံ့ပြန်ပုံ - "ရှင် အသက်ကြီးသွားပြီလား?"
ကျုံးရှောက် - "?"
ကျုံးရှောက်က သူ့မိန်းမ ဘာလို့ သူ့အသက်ကို မေးသည်ကို မမေးရသေးခင် လင်းဝေ့က ပြောလိုက်သည်။ "အရင်က လူတွေ ဘယ်လိုခေါ်တယ်ဆိုတာ ရှင် ဂရုမစိုက်ပေမယ့် အခု ရုတ်တရက် ဂရုစိုက်နေတယ်.."
လောင်ကျုံးနဲ့ ရှောင်းလင်းက ယခုမှခေါ်သည် မဟုတ်ပေ။ လင်းဝေ့ တပ်ထဲ ရောက်စကပဲ အခြားသူများက ကျုံးရှောက်ကို လောင်ကျုံးဟု ခေါ်တာ ကြားသည်။ ကျောက်လီနှင့် အခြားသူများကလည်း ယခင်ကပဲ သူမကို ရှောင်းလင်းဟု ခေါ်သည်။
ငယ်ငယ်က ဂရုမစိုက်ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ရုတ်တရက် ဂရုစိုက်လာတယ်။ သူ အသက်ကြီးလာလို့လား?
ကျုံးရှောက် - "ကိုယ်မှားသွားသလို ခံစားရတယ်"
ကျုံးရှောက်က သူအသက်ကြီးလာတာ လက်မခံတော့ လင်းဝေ့က တွန်းအားမပေးဘဲ ပြောလိုက်သည်။ "ဟုတ်ပြီ သူတို့ကို ရှောင်းကျုံး ဆိုပြီး ခေါ်ခိုင်းလိုက်မယ်"
ဒါပေမယ့် ကျုံးရှောက်က မဟုတ်သေးသလို ခံစားရသည်။ "ဒီလိုခေါ်တာက အရမ်း ငယ်မသွားဘူးလား?"
"ရှောင်းကျုံး "ဆိုတဲ့စကားက သူ့ယောက္ခမ ယောက္ခထီးနှင့် ခေါင်းဆောင်များသာ ခေါ်ကြခြင်း ဖြစ်သည်။
လင်းဝေ့က မျက်လုံးပြူးသွားသည်။ "ရှင်က သူတို့ ကျွန်မကို လောင်လင်းလို့ ခေါ်စေချင်တာလား! ကျွန်မပြောမယ် ဒါက လုံးဝ မဖြစ်န်ိုင်ဘူး!"
သူမက သုံးဆယ် မပြည့်သေးတာမလို့ သူမက အခြားသူများ လောင်လင်းဟုခေါ်တာ မလိုပေ။
ဒါက ခွဲခြားဆက်ဆံတာပဲ။
အဆုံးမှာတော့ သူတို့စုံတွဲက သဘောတူညီချက် မရဘဲ ကျောက်လီက ကျုံးရှောက်ကို "လောင်ကျုံး"ဟု ခေါ်ခဲ့သည်။
အိမ်ပြန်ခါနီးတွင် အရောင်းဝန်ထမ်း နှင့် ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေး သမဝါယမမှ စျေးဝယ်သူများက ကျောက်လီ၏ အသံကြောင့် လှည့်ကြည့်ကာ သူတို့မိသားစု၏ ပျော်စရာကိစ္စကို မေးလိုက်သည်။
ကျုံးရှောက်က ကြွားချင်သည့်အတွက် အသံမြှင့်ကာ ပြောလိုက်သည်။"တကယ်တော့ ကိစ္စကြီး မဟုတ်ပါဘူး။ ကျွန်တော့် မိန်းမက CUHK က ကျောင်းဝင်ခွင့် ရလို့ပါ"
ဒါပေမယ့် ထိုအချိန်က လူအများက တက္ကသိုလ်တွေ အကြောင်း မသိပေ။ မြို့တော်မှ တက္ကသိုလ်နှစ်ခုက နာမည်ကြီးသည့်အတွက် အားလုံးက ဒါကို ကြားလျှင် အကောင်းဆုံး တက္ကသိုလ်များဟု သိကြသည်။ ကောလိပ်နှင့် အထက်တန်းကျောင်း၏ ကွာခြားချက်များ ဖြစ်သည်။
ဒါပေမယ့် ထိုအချိန်က တက္ကသိုလ် ဝင်ခွင့်ရရန် မလွယ်ပေ။ ဒီတစ်ခါတွင် မိသားစုနယ်မြေမှ လူပေါင်း နှစ်ဆယ်ကျော်က ဝင်ခွင့်စာမေးပွဲ ဖြေခဲ့ပေမယ့် ခြောက်ယောက် မဟုတ်သေးဘူး ယခု ခုနစ်ယောက်သာ ဝင်ခွင့်ရခဲ့သည်။
ဝင်ခွင့်အမှတ်က မြင့်ပုံရပေမယ့် တပ်အခြေစိုက် မူလတန်းကျောင်းမှ စာလုပ်သည့်အဖွဲ့နှင့် လင်းဝေ့က နှစ်နှစ်လေ့လာထားသည့် စာအုပ်များကြောင့် တပ်သားအမျိုးသမီးများက စာပြန်ကြည့်ရာတွက် အခြားသူများထက် ပိုသာသည်။
မိသားစုနယ်မြေ ပြင်ပမှ ရဲဘော်များကလည်း ဆယ်ယောက်ထဲမှ တစ်ယောက် စာမေးပွဲ ဖြေလျှင် ကောင်းသည်။
ရှောင်းကျန်းနှင့် ရှောင်းယန်မှ လွဲ၍ အခြားသူများက ကျုံးရှောက် အလေးပေးပြောနေသော "ကျုံးတ" ဆိုတာကို မသိပေမယ့် ဒါက လင်းဝေ့က အရမ်းတော်သည် ဆိုတာကို မဖုံးကွယ်နိုင်ဘဲ သူတို့က တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုလိုက်ကြသည်။
........
လင်းဝေ့က CUHK ကို ဝင်ခွင့်ရသောကြောင့် ကျောက်လီက ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေး သမဝါယမက အလုပ်ဆင်းတော့ အိမ်ကို အရင်မပြန်ဘဲ သူမကို ဂုဏ်ပြုရန် ကျုံးရှောက်အိမ်သို့ လာခဲ့သည်။
ကျောက်လီက အသက်ဝင်နေသည်ကို သဘောကျသည့်အတွက် သူမက လင်းဝေ့ကို သောက်ရန် တိုက်တွန်းပေမယ့် လင်းဝေ့က ညဖက် အရက်သောက်သည် ဆိုလည်း သူမက လွန်ခဲ့သည့် နှစ်များကပင် သောက်န်ိုင်သူ ဖြစ်ပြီး အများကြီး မသောက်ထားတာမလို့ အသိစိတ် ကပ်နေသည့်အတွက် စကားများကို ကြားရန် တွေဝေနေသည်။
"ဒါက.. အရမ်းပုံကြီးချဲ့ရာ ကျသွားမလား?"
"ဘယ်လို ပုံကြီးချဲ့တာလဲ? ဝင်ခွင့်ရတဲ့ တပ်သားအမျိုးသမီးတွေ အများကြီးက ဝိုင်သောက်ဖို့ အစီအစဉ် ရှိတယ်"
ကျောက်လီက ဝိုင်သောက်ချင်သော သူများ၏ နာမည်ကို ပြောလိုက်သည်။"ကျွန်မတို့ ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမက ရှောင်းကျန့်ပြောတာတော့ ကျုံးတ တက္ကသိုလ်က လင်းနန် နယ်မြေမှာ အကောင်းဆုံးဖြစ်ပြီး ညီမက တပ်သား အမျိုးသမီးတွေထဲမှာ အတော်ဆုံးပဲတဲ့၊ သူတို့တောင် ဝိုင်သောက်တာကို ဘာကို ကြောက်ရမှာလဲ? ပြီးတော့ လောင်ကျုံးက နောက်နှစ် ယန်ချန်ကို ပြောင်းပြီး ညီမကလည်း ယန်ချန်မှာ ကျောင်းတက်မှာပေါ့။ ဘယ်အချ်ိန် ပြန်လာမယ်ဆိုတာ ကျွန်မ မသိနိုင်ဘူး။ ကျွန်မတို့ ထပ်တွေ့ဖို့ အခွင့်အရေး ရှိပါဦးမလား?..."
လင်းဝေ့က ဒါကို တွေးလိုက်သည်။ ဒါက တကယ်ပဲ အမှန် ဖြစ်သည်။ ပြောင်းရွှေ့ခြင်းက အနာဂတ်အတွက် ပိုကောင်းသည် ဆိုတာ သိပေမယ့် ဒါက နှစ်ပေါင်း နှစ်ထောင်လောက်ကြာမှ ဖြစ်သည်။ ကြားကာလ အနှစ်နှစ်ဆယ်လောက်တွင် ဒီလူတွေနှင့် ဘယ်နှစ်ကြိမ်တွေ့ပြီး ဘယ်လောက်ထိ အတူရှိနိုင်မယ်ဆိုတာ မသိသည့်အတွက် သူက ပြောလိုက်သည်။
"ဒီကိစ္စကို ကျုံးရှောက်နဲ့ တိုင်ပင်လိုက်ပါ့မယ်"
လင်းဝေ့က ဝင်ခွင့်ရသည့်အတွက် စားသောက်ပွဲ လုပ်ချင်တာ သိသည့်အတွက် ကျုံးရှောက်က လက်ခံပေမယ့် စားသောက်ပွဲ ကိစ္စအတွက် သူတို့နှစ်ယောက်က သဘောထားမတိုက်ဆိုင်ပေ။
လင်းဝေ့က သူမနှင့် ရင်းနှီးသူများကိုသာ ဖိတ်ချင်ပေမယ့် ကျုံးရှောက်က ဝင်ခွင့်ရသည့်အတွက် စားသောက်ပွဲ လုပ်ခြင်းက အရေးပါသည်ဟု ခံစားရပြီး သူ့စခန်းမှ ရဲဘော်များလည်း သေချာပေါက် လာမည်ဖြစ်၍ စားပွဲ ငါးခု ခြောက်ခု ရှိသင့်သည်ဟု ထင်မိသည်။
လင်းဝေ့က ကျုံးရှောက်က နောက်နှစ် ပြောင်းရတော့မည့်အတွက် သူ့ရဲဘော်များနှင့် အတူ ပါဝင်ချင်မည်ဟု တွေးကာ လက်ခံလိုက်သည်။
ဝင်ခွင့်ရသည့်အတွက် စားသောက်ပွဲ၏ အတိုင်းအတာကို သေချာသိလျှင် နောက်ပိုင်းကိစ္စများက လွယ်သွားပြီ ဖြစ်သည်။ တစ်ခါသေဖူး ပျဥ်ဖိုးနားလည် ဆိုသည့်အတိုင်း ဒီတစ်ခါမှာတော့ ဧည့်သည်အရေအတွက် သေချာ မခန့်မှန်းထားပေမယ့် ပေ့ပေ့၏ လပြည့် ဝိုင်သောက်ပွဲလိုတော့ သေချာပေါက် မဖြစ်စေရပေ။
သူ့သမီး၏ လပြည့် ဝိုင်သောက်ပွဲ အကြောင်းတွေးမိတော့ လင်းဝေ့က စိတ်ခံစားချက်များ ပေါ်လာပြန်သည်။
ထိုအချိန်က သူမက နောက်တစ်ကြိမ် အိမ်တွင် စားသောက်ပွဲက ရွေ့ရွေ့၏ ကောလိပ်ဝင်ခွင့် ရသည့်အတွက် စားသောက်ပွဲ ဖြစ်မည်ဟု ထင်ပေမယ့် ထိုအစီအစဉ်က မှန်သည်ဟု သူမက မထင်တော့ပေမယ့် ကောလိပ်ဝင်ခွင့် ရသည့် စားသောက်ပွဲ၏ ဇာတ်ဆောင်က ရွေ့ရွေ့မှ သူမအဖြစ် ပြောင်းသွားသည်!