Chapter 190
Vol. 15 Ch. 190
၁၉၇၇ခုနှစ် နွေဦးပွဲတော်က အလွန်အသက်ဝင်သည်။
ပထမတစ်ချက်က လုပ်ငန်းစဉ် အပြီးဖြစ်၍ ပတ်ဝန်းကျင်က ပေါ့ပေါးနေကာ အားလုံးက အရင်နှစ်ကလောက် အလုပ်မရှုပ်ပေ။ ဒုတိယတစ်ချက်က မိသားစု နယ်မြေက ကျောင်းဝင်ခွင့်ရသူများ ရှိသည့်အတွက် မိသားစု အချို့က ပျော်ရွှင်နေသည့် သားများ သမီးများ ရှိသည့်အတွက် ယခုရက်ပိုင်းတွင် ပျော်ရွှင်မှုများ ပြည့်နေသည်။
ယခင်နှစ်က လူအများက ကျောင်းတက်ရန် ဒါမှမဟုတ် ကလေးယူရန်ကို သိပ်ဂရုမစိုက်ကြပေမယ့် ယခုပြောခဲ့သည့်အတိုင်း အားလုံးက ဒီနှစ်တွင် လက်လွှတ်ထားသည်။ ဒါကြောင့် လင်းဝေ့နှင့် ကျုံးရှောက်က တရုတ်နှစ်သစ်ကူး ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့သည်။
နှစ်သစ်ကူးပြီး ပထမလ၏ ခြောက်ရက်မြောက်နေ့က လင်းဝေ့၏ ဝင်ခွင့်အောင်သည့်အထိမ်းအမှတ် စားသောက်ပွဲ ဖြစ်သည်။
ထိုနေ့က လင်းဝေ့တို့ တိုင်ပင်ပြီး ဆုံးဖြတ်ထားသည်ဆိုပေမယ့် တက္ကသိုလ် ဝင်ခွင့်ရပြီး ဝိုင်သောက်ချင်ကြသည့် တပ်သားအမျိုးသမီးအများစု ဆုံးဖြတ်ထားကြသည့် နေ့လည်း ဖြစ်သည်။ ထိုနေ့တွင် ပွဲများ ဆက်နေသည့်အတွက် ဖိတ်ခေါ်ခံရသူများက သောက်ရန်အတွက် ဘယ်ကိုသွားရမည်ဆိုတာ မသိကြတော့ပေ။
စားသောက်ပွဲအတွက် ဟင်းလျာများကိုတော့ လင်းဝေ့က ဂရုစိုက်စရာ မလိုဘဲ ဒီအတွက် သူမက ကျန်းလန်ကို ခေါ်ထားသည်။
ကျောက်ယန်ဟွားက ကိုယ်ဝန်ရှိနေစဉ်က ကျန်းလန်ကို ဂရုစိုက်ရန် ခေါ်ချင်သော်လည်း ထိုအချိန်က ကျန်းလန်ကိုယ်တိုင်က ကိုယ်ဝန်ရှိနေသည့်အတွက် အလုပ်မဖြစ်ပေ။
ဒါပေမယ့် မိသားစုနယ်မြေတွင် သူမကို မှတ်မိသူ အမြောက်အများရှိသည်။ နောက်ပိုင်းတွင် မိသားစုနယ်မြေမှ တစ်ယောက်ယောက်က ကလေးမွေးခါနီးလျှင် သူတို့က လင်းဝေ့ကို ရှာကာ သူမ၏ လုပ်ကိုင်ပုံကို မေးကြသည့်အတွက် ကျန်းလန်က ကလေးထိန်းအဖြစ် မိသားစုနယ်မြေကို ပြန်ရောက်လာသည်။
လူထုအမြင်က တည်ငြိမ်နေပြီ ဆိုပေမယ့် မိသားစုနယ်မြေမှ ဘယ်သူကမှ အချိန်အတော်ကြာ ကလေးထိန်း မငှားရဲပေ။ ဒါကြောင့် ယခင်နှစ်များက ကျန်းလန်က အလုပ်ရှိပေမယ့် အချိန်အတော်ကြာ အလုပ်တော့ မရှိပေ။
ပြီးတော့ လင်းဝေ့က သူမ ဝင်ခွင့်ရသည့် အထိမ်းအမှတ် စားသောက်ပွဲတွင် သူမနှင့် ကျုံးရှောက်က ဧည့်သည်များကို နှုတ်ဆက်ရမည့်အတွက် ချက်ပြုတ်ရန် အချိန်မရှိဘဲ စားသောက်ဆိုင်ကို သွားပြီး ပြန်လာရန် ကလည်း မဖြစ်နိုင်ပေ။ ပြင်ဆင်ရမည်က အရမ်းများပြီး လူဘယ်နှယောက်အတွက် စားသောက်ပွဲ ဟင်းလျာများ ပြင်ရမည်ကိုလည်း မသိပေ။
ဒီကိစ္စကို စဉ်းစားပြီးနောက် လင်းဝေ့က ကျန်းလန်ကို သတိရသွားသည်။
ကျန်းလန်၏ ဟင်းချက်စွမ်းရည်က ကောင်းပြီး ယခင်တစ်ခါ လပြည့်စားသောက်ပွဲကလည်း သူမနှင့် လင်းဝေ့၏ အမေ ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။ တိုက်ဆိုင်စွာနဲ့ ကျန်းလန်က ယခင်လက အလုပ်ပြီးပြီ ဖြစ်ပြီး ယခု လုပ်စရာမရှိသည်ကို လင်းဝေ့ သိထားသည့်အတွက် သူမကို အကူအညီတောင်းလိုက်သည်။
ကျန်းလန်၏ ဂုဏ်သတင်းက ယခုဆိုလျှင် ကောင်းကောင်း သိနေကြပြီး သူမက ကလေးနှင့် မီးနေသည်ကို ဂရုစိုက်ရာ၌ အလွန်ကျွမ်းကျင်သည်။လူအများက သူတို့ဇနီးမယားများ မီးဖွားပြီးချိန်တွင် ကလေးထိန်းငှားလိုကြသည်။ ဒါက မိသားစုနယ်မြေမှ တပ်သားအမျိုးသမီးများ ဖြစ်သည်။ သူတို့က နောက်ခံကောင်းပြီး သူတို့အမေနှင့် ယောက္ခမက အနားမှာ မရှိဘဲ ငွေလည်းသုံးနိုင်လျှင် သူတို့ကလေးမွေးစဉ်တွင် စောင့်ရှောက်ရန် ကလေးထိန်းငှားကြသည်။
မိသားစုနယ်မြေတွင် အမျိုးသမီး အနည်းငယ်သာ ရှိသည်ဖြစ်၍ တစ်နှစ်မှာ ဘယ်လောက်မှ မမွေးနိုင်ပေ။ သူမက ယခင်နှစ်က ကံကောင်းပြီး အလုပ်ရခဲ့ပေမယ့် ဒီနှစ်တော့မရပေ။
ဒါကြောင့် ကျန်းလန်က စိတ်ပူကာ အချိန်ကြာ လုပ်လို့ရမည့် အလုပ်လိုချင်သည်။ ဒီနှစ်ကုန်လျှင် သူမက ယခင်လို အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော နေ့ရက်များကို ပြန်မသွားချင်ပေ။ ဒါပေမယ့် ဒီကိစ္စက အလျင်မလိုသင့်ကြောင်း ကျန်းလန်က သိသည်။ သူမက တတ်နိုင်သလောက် ကြိုးစား၍ အလုပ်အခွင့်အရေးကို ရှာခဲ့သည်။
ဒါကြောင့် လင်းဝေ့ ကမ်းလှမ်းလာတော့ ကျန်းလန်က ချက်ချင်းလက်ခံကာ စားသောက်ပွဲအကြောင်း အသေးစိတ် မေးလိုက်သည်။ စားသောက်ပွဲအတွက် စားပွဲဝိုင်း ခြောက်ခု ပါမှာသိရတော့ ကျန်းလန်က သူမကို ကူညီရန် အကူနှစ်ယောက် ခေါ်၍ ရမလားမေးလိုက်သည်။
သူမက စားပွဲဝိုင်း ခြောက်ခုစာကို သူမတစ်ယောက်ထဲ မနိုင်သလို လင်းဝေ့ကလည်း ဧည့်သည်များကို အခက်မတွေ့စေချင်သည့်အတွက် ပြောလိုက်သည်။
"နှစ်ယောက် ထပ်ရှာလို့ရပါတယ် လုပ်အားခကလည်း ညီမနဲ့ အတူတူပါပဲ။ ညီမ သူတို့ကို ဘယ်လောက်ပေးမယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပေါ့။ လူတွေက ကိစ္စတွေကို သေချာလုပ်နိုင်ပြီး သန့်ရှင်းသပ်ရပ်မှုရှိရင် ရပြီ။"
စားသောက်ပွဲက အသန့်ကြိုက်သူများ ပြင်ဆင်မှ ရမည်။
ကျန်းလန်က ချက်ချင်းလက်ခံကာ လူနှစ်ယောက်ကို အမြန်ရှာလိုက်ပြီး လင်းဝေ့ထံ ခေါ်လာပြလိုက်သည်။ လင်းဝေ့က သူတို့ဝတ်ထားသော အဝတ်များသည် အဖာအစပ်များ ရှိနေသော်လည်း ဖြူဖွေးနေအောင် လျှော်ထားပြီး သန့်ရှင်းသပ်ရပ်သည့်ပုံစံ ဖြစ်နေသည်မလို့ လက်ခံလိုက်သည်။
..........
စားသောက်ပွဲနေ့တွင် လင်းဝေ့နှင့် ကျုံးရှောက်က နေမထွက်ခင် ထခဲ့သည်။
အစားအသောက်အတွက် ပြင်စရာ မလိုသော်လည်း လိုအပ်သည့်ပစ္စည်းများ ဝယ်ရန်က သူတို့တာဝန် ဖြစ်သည်။ သူမ ကျန်းလန်နှင့် ပြောခဲ့သည်တွင် လိုအပ်သည့် ပစ္စည်းများဝယ်ရန် မပါခဲ့ပေ။
ဒါပေမယ့် အသီးအရွက်များကို ဝယ်ရန်က လွယ်ကူသည်။ အသီးအရွက် ဟင်းပွဲများ အတွက်က မနေ့က ပြင်ဆင်ပြီး ဖြစ်သည်။ ဒီမနက် အဓိက ဝယ်ရမည်က အသားဟင်းများ၊ ကြက်သား၊ ဘဲသား၊ ငါး စသည်တို့ဖြစ်သည်။
ကြက်သား၊ ဘဲသား နှင့် ဝက်သားက အသီးအရွက်စျေးမှ လူထံက ရခဲ့သည်။ ငွေလက်မှတ်ပေးပြီး ပစ္စည်းယူရန် တိုက်ရိုက်သွားလိုက်သည်။ ပင်လယ်စာကတော့ မနက်စောစော ထပြီး ဝယ်ရန် လိုအပ်သည်။
အသီးအရွက်များ ဝယ်ပြီး အိမ်ပြန်လာတော့ ကျန်းလန်က လူနှစ်ယောက်ကို ခေါ်ကာ ခြံထဲတွင် မတ်တပ်ရပ်နေသည်။
လင်းဝေ့က သူတို့ကို နှုတ်ဆက်ကာ မီးဖိုချောင် တံခါးကို ဖွင့်ပြီး ငှားထားသော မီးသွေးမီးဖိုကို အထဲမှ ထုတ်ကာ သူမဝယ်လာသော အသီးအရွက်များကို ကျန်းလန်ရှေ့ ချလိုက်ပြီး ပြောလိုက်သည်။
"ချက်ပြုတ်နေရင်း ဘာလိုအပ်လဲ? လိုအပ်တာ ရှိရင်ပြောပါ ကျွန်မ သွားဝယ်ပေးမယ်"
ကျန်းလန်က ခေါင်းငြိမ့်ပြီး အခြားလူနှစ်ယောက်ကို မီးသွေးမီးဖိုကို မီးမွှေးရန် ပြောလိုက်သည်။
သူတို့ အလုပ်ရှုပ်နေချိန်တွင် လင်းဝေ့က ကလေးသုံးယောက်ကို နှိုးရန် အပေါ်တက်ခဲ့သည်။
တရုတ်နှစ်သစ်ကူး ကာလ နေ့ရက်တိုင်းတွင် ထိုမောင်နှမသုံးယောက်က အပြင်းအထန် ကစားခဲ့ကြသည်။ သူတ်ို့က ည ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီထိ မအိပ်ကြသည့်အတွက် မနက်တွင် နောက်ကျသည်အထိ အိပ်ကာ မထလိုကြပေ။
သူတို့ကို နှိုးရန် အတော်ကြာ အားစိုက်ပြီးနောက် လင်းဝေ့က ဒီနေ့လာသော ကလေးများကို နှုတ်ဆက်ရန် သူတို့ကို တာဝန်ပေးလိုက်သည်။
မင်မင်နှင့် ပေ့ပေက တူညီသည့်ပုံစံရှိသည်။ သူတို့နှစ်ယောက်လုံးက တက်ကြွပြီး အသက်ဝင်နေသည့်အရာကို သဘောကျကြသည်။ သူတို့က နေ့လည်ခင်း၏ စိတ်လှုပ်ရှားဖွယ်ကို တွေးကာ ပျော်ရွှင်ပြီး တပ်ထဲမှ အလေးပြုသလို လုပ်လိုက်သည်။
"တာဝန် ပြီးမြောက်စေရမယ်လို့ ကတိပေးပါတယ်!"
ရွေ့ရွေ့က အလယ်တွင် ရပ်နေကာ ဘေးနှစ်ဖက်က လူနှစ်ယောက်ကို ကြည့်လိုက်ပြီး အရိုက်ခံထားရသလို ပုံစံနှင့် တိတ်ဆိတ်နေပြီးနောက် ဖြည်းဖြည်းချင်း လက်မြှောက်လိုက်သည်။
.............
မနက်စာစားပြီး ဆယ်နာရီခွဲလောက်တွင် ဧည့်သည်များက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ပထမဆုံး ရောက်လာသူက တန့်ရှင်းယွမ် ဖြစ်သည်။ သူမက ဘေးအိမ်တွင် နေသည့်အတွက် စောစောလာသင့်သည်။ပြီးနောက် ကျောက်လီ၊ လျိုတန်းနှင့် ယန်းယီတို့ ရောက်လာကြသည်။ သူတို့က မိသားစု အတော်များများနှင့် ရင်းနှီးသည့်အတွက် သူတို့မိသားစုများကို ခေါ်လာခဲ့ကြသည်။
သဘောတူထားသည့် တာဝန်အတိုင်း ကျုံးရှောက်က အမျိုးသားများကို နှုတ်ဆက်ကာ လင်းဝေ့ကအမျိုးသမီးများကို နှုတ်ဆက်ပြီး ကလေးများကိုတော့ ကလေးသုံးယောက်က ကစားရန် ခေါ်သွားကြသည်။
မင်မင်က ကျွန်းကို စရောက်ချိန်က သူက ငယ်သေးသည့်အတွက် သူကခေါင်းဆောင် ဖြစ်ချင်သည်ကို ဘယ်သူမှ လက်မခံကြပေမယ့် ယခုတော့ သူက ကလေးများထဲတွင် ဘုရင် ဖြစ်နေသည်။
သူနှင့် ရွေ့ရွေ့က ခုနစ်နှစ် မပြည့်သေးသော်လည်း သူတို့မိဘများထံမှ အမွေရထားပုံ ပေါ်သည်...အဓိက ကတော့ သူတို့အဖေ၏ အရပ်ကြောင့် ဖြစ်သည်။ ယခင်နှစ်က သူတို့က အရပ်မရှည်ပေမယ့် ယခုနှစ်မှာတော့ သူတို့က ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးများနှင့် အရပ်တူတူ ဖြစ်နေသည်။
ထပ်ပြောရလျှင် မင်မင်က တစ်နှစ်ထက်ပိုပြီး အတန်းခေါင်းဆောင် ဖြစ်နေသည့်အတွက် သူက ဦးဆောင်နိုင်စွမ်းရှိပြီး အတွေးကောင်းသည်။ငယ်သူဖြစ်စေ အနည်းငယ်ကြီးသူဖြစ်စေ သူက ကောင်းကောင်း ကစားနိုင်သည်။
သူ့အစ်ကိုနှင့်ယှဉ်လျှင် ရွေ့ရွေ့၏ နာမည်ကြီးမှုက သူ့လောက် မဟုတ်ပေ။
ရွေ့ရွေ့က စံပြကျောင်းသား မဟုတ်ပေမယ့် သူက စာမေးပွဲတိုင်းတွင် အဆင့်တစ်ရကာ သူ့သတင်းက သတင်းစာတွင်ပင် ဖော်ပြချင်းခံရသည်။ သူ့နာမည်က ကြော်ငြာ သင်ပုန်းတွင် အချိန်အတော်ကြာရှိနေသည်။ မိသားစုနယ်မြေမှ မိဘများက သူတို့ သားသမီးကို ဆုံးမသောအခါ အပြောအများဆုံးစကားက ရွေ့ရွေ့ဆီက သင်ယူသင့်တယ် ဆိုပြီးဖြစ်သည်။
ဒီလိုပုံစံနဲ့ ရွေ့ရွေ့က နာမည်ကြီးပေမယ့် အနိုင်ကျင့်မခံရခြင်းက သူ့အစ်ကို၏ ကာကွယ်ပေးနေခြင်းကြောင့် ဖြစ်သည်။
ရွေ့ရွေ့ကတော့ ဒါကို ဂရုမစိုက်ပေ။ အသက်ကြီးလာသည်နှင့်အမျှ သူက လူအများနှင့် ကွဲပြားလာကာ ယခုသူက သူ့အစ်ကိုနှင့် ညီမများနှင့် အဆင်ပြေနေပြီ ဖြစ်သည်။
ရွေ့ရွေ့၏ ပုံစံက သူများနှင့်မတူသည်ကို စိုးရိမ်ကာ လင်းဝေ့က အကြောင်းပြချက်ကို မေးသောအခါ သူနှင့်ရွယ်တူ ကလေးများက တုံးအ သည်ဟု ခံစားရသည်ဟု ပြောသည်။
လင်းဝေ့က ဆို့နင့်သွားကာ မေးလိုက်သည်။ "မင်မင်နဲ့ ရှောင်းရှီရှီနဲ့က ရွယ်တူ မဟုတ်လား? သားသူတို့နဲ့ ကစားနိုင်ပြီး ဘာလို့အခြားသူတွေနဲ့ ဘာလို့ မကစားနိုင်တာလဲ?"
ရွေ့ရွေ့က ပြောလိုက်သည်။ "ကျွန်တော့်အစ်ကိုနဲ့ ရှောင်းရှီရှီနဲ့ မကစားရင် သူတို့က စိတ်မကောင်း ဖြစ်လိမ့်မယ်"
လင်းဝေ့က ရွေ့ရွေ့၏ အတွေးကို နားလည်သွားသည်။ ရွေ့ရွေ့က မင်မင်နှင့် ရှောင်းရှီရှီနှင့် ကစားသည်က သူတို့က သူတို့အရွယ်ထက် မရင့်ကျက်၍ မဟုတ်ဘဲ သူတို့ထဲက တစ်ယောက်က အစ်ကိုရင်း ဖြစ်ပြီး နောက်တစ်ယောက်က ကျွန်းကိုရောက်ပြီးချိန်ကပဲ အတူကြီးပျင်းလာသူ ဖြစ်သည့်အတွက် သူတို့၏ ကလေးဆန်မှုကို သည်းခံနိုင်သည်။
ဒါကို နားလည်သွားတော့ လင်းဝေ့က ပို၍ ခက်ခဲသလို ခံစားလိုက်ရသည်။
မင်မင်က သူ့ကိုယ်သူ ထက်မြက်သည် ထင်သော်လည်း ရွေ့ရွေ့၏ ပုံစံနှင့်မတူပေ။ ဥပမာ လင်းဝေ့က သူသိသည့်အရာကို မသိလျှင် သူက "အမေက အရမ်းတုံးတာပဲ" ဟုပြောကာ သူက ဂုဏ်ယူစွာ လင်းဝေ့ကို အဖြေပြောပြလိမ့်မည်။
ဒါကြောင့် ဒီလူတွေက တုံးအတယ် ဆိုပေမယ့် ဒါက ကလေးတစ်ယောက်က သူ့ကိုယ်သူ ဂုဏ်ယူ၍ ပြောသောစကား ဖြစ်ပြီး တကယ်တော့ သူက အခြားသူများကို တုံးအသည်ဟု မထင်သည့်အတွက် သူတို့နှင့် ကစားနိုင်သည်။
ရွေ့ရွေ့က သူနှင့်ရွယ်တူများက တုံးအသည်ဟု ပြောသည်က အမှန်တကယ် တုံးအသည်ဟု သူ ခံစားရ၍ ဖြစ်သည်။
ရွေ့ရွေ့က အတန်းဖော်များနှင့် ဆက်ဆံရာတွင် ပြသနာမရှိပေမယ့် ဒါက အဆင်ပြေသည်လည်း မဟုတ်ပေ။ သူက အဆင်ပြေအောင်နေခြင်းသာ ဖြစ်သည်။ ဒါကြောင့် အတန်းဖော်များက သူ့အပေါ် အကောင်းမြင်ပေမယ့် တစ်နှစ်ကျော်တော့ မင်မင်နှင့် ရှောင်းရှီရှီက သူငယ်ချင်းအသစ်များ တွေ့ပေမယ့် သူကတော့ ထိုကလေးနှစ်ယောက်နှင့်သာ ရင်းနှီးသည်။
မူလစာအုပ်တွင် ရွေ့ရွေ့က အတန်းကျော်ပြီး မြို့တော်က တက္ကသိုလ် အငယ်တန်းတွင် ဝင်ခွင့်ရသည်ဆိုတာ သိပေမယ့် သူမက သူ့ကို မြန်မြန်နှင့် အတန်းကျော်ခွင့်မပေးချင်ပေ။ သူက ငယ်ရွယ်ပြီး ရင့်ကျက်သည်ဆိုပေမယ့် အရပ်နှင့် အသက်က အဆင်မပြေဖြစ်နိုင်သည်။ အဖွဲ့နှင့် နေရသည့်ဘဝတွင် အဆင်မပြေနိုင်ပေ။
ဒါကြောင့် သူမက ရွေ့ရွေ့ကို တတိယတန်းကို တစ်ဆင့်ပြီးတစ်ဆင့် တက်စေချင်ကာ သူ့ကိုယ်ပိုင် ဆန္ဒအရ အတန်းကျော်သင့် မကျော်သင့် ဆုံးဖြတ်ချင်သည်။
ဒါပေမယ့် အခုတော့ သူ့အတွက် တစ်ဆင့်ပြီးတစ်ဆင့် တက်တာက မကောင်းဘူးဟု လင်းဝေ့က ခံစားလာရသည်။
ကျုံးရှောက်နှင့် ရွေ့ရွေ့ အတန်းကျော်မည့်ကိစ္စကို တိုင်ပင်ပေမယ့် အခုက စာသင်နှစ်ဝက် ရောက်ပြီ ဖြစ်ပြီး နှစ်ကုန်လျှင် ဘာဖြစ်မည် မသိသေးသည့်အတွက် သူတို့က စာသင်နှစ်သစ်တွင်မှ ရွေ့ရွေ့ကို အတန်းကျော်ရန် တိုင်ပင်ထားသည်။
သူနှင့် ရွယ်တူကလေးများက တုံးအသည်ဟု ရွေ့ရွေ့ ခံစားရပေမယ့် သူက မင်မင်နှင့် ရှောင်းရှီရှီနှင့်အတူ ကစားပြီး သူတို့နှင့်အတူရှိသူများနှင့်လည်း ကစားနိုင်သည်။
.......
စားပွဲများက ဆယ့်တစ်နာရီခွဲအထိ လူရှိသေးပြီး လင်းဝေ့နှင့် ကျုံးရှောက်က ဧည့်သည်များကို နှုတ်ဆက်ချင်သည့်အတွက် ခွဲထိုင်ကြသည်။ ရွေ့ရွေ့နှင့် ကလေးများက စားပွဲတစ်ဝိုင်းတွင် ထိုင်ပြီး ပေ့ပေ့က ငယ်သေးသည့်အတွက် သူ့အမေနှင့်အတူ ထိုင်ရသည်။
သူမက မပျော်ရွှင်ဘဲ သူမပါးစပ်က ဟနေကာ ပုလင်းတစ်လုံး ထည့်၍ပင် ရနိုင်သည်။
လင်းဝေ့က ရယ်စရာဟု တွေးမိသည်။ "အမေနဲ့အတူ ထိုင်ရတာ မကောင်းဘူးလား?"
ပေ့ပေ့က ရှင်းလင်းစွာ ပြောလိုက်သည်။ "အစ်ကိုကြီးမင်မင်နှင့် အစ်ကိုရွေ့ရွေ့နဲ့ အတူထိုင်ရတာလောက် ပျော်စရာ မကောင်းဘူး"
ကျောက်လီက ရယ်မောလိုက်သည်။ "ဒါဆို ပေ့ပေ့ကို ကလေးတွေရဲ့စားပွဲမှာ ထိုင်ခိုင်းပြီး သူပြောတာ မှန်မမှန် ကြည့်သင့်တယ်"
ပေ့ပေ့က ကျောက်လီ၏ စကားက်ိုကြားတော့ လင်းဝေ့ကို မျှော်လင့်ချက် အပြည့်နှင့် ကြည့်လိုက်သည်။
လင်းဝေ့ - "..."
အဆုံးမှာတော့ ကျုံးပေ့ပေ့၏ တောင်းဆိုချက်ကြောင့် လင်းဝေ့က ကလေးများစားပွဲကို ပို့ပေးကာ သူမသားနှစ်ယောက်ကို ပြောလိုက်သည်။
"ကိုယ့်အစားအသောက်ပဲ အာရုံမစိုက်နဲ့ ညီမလေးကို အစားအသောက် ထည့်ပေးဖို့လည်း မမေ့နဲ့ဦး"
ကလေးနှစ်ယောက်က သဘောတူလိုက်ပေမယ့် လင်းဝေ့က စိတ်မဖြောင့်နိုင်ဘဲ စားနေချိန် တစ်လျှောက်လုံး ကလေးများ စားပွဲကို ကြည့်နေသည်။
လင်းဝေ့က ကြည့်တော့ စားပွဲမှ လူများကလည်း ကြည့်လိုက်သည်။ ရွေ့ရွေ့က သူမကို သေချာဂရုစိုက်ပေးနေတာ မြင်တော့ လူအချို့က သူမကို ချီးမွမ်းလိုက်သည်။
"မင်းရဲ့ အကြီးဆုံးလေးနဲ့ အလတ်လေးနဲ့က တကယ် သိတတ်တာပဲ"
ဒါပေမယ့် ဒါကအကြီးများက အငယ်ကို ဂရုစိုက်သည်က သာမန်ဖြစ်ပြီး လူတိုင်း ချီးမွမ်းသင့်သည့် ကိစ္စမဟုတ်ပေ။
ဒါပေမယ့် အံ့သြစရာများ ရှိသည်။ ကျောက်လီက ဒါကိုမြင်ပြီးတော့ ပြောလိုက်သည်။ "မင်မင်က ပုံမှန်ဆိုရင် သိပ်ကြည့်မကောင်းပေမယ့် သူ့ညီမကို ဂရုစိုက်နေချိန်တော့ တကယ်ကြည့်ကောင်းတယ်"
ဒါကိုကြားတော့ အနီးမှ စားပွဲက လူများက သေချာကြည့်ကာ ထောက်ခံလိုက်သည်။
မင်မင်နှင့် ရွေ့ရွေ့တို့ ကလေးနှစ်ယောက်တွင် ပို၍ သဘောကျခံရသူက မင်မင် ဖြစ်မည်။ ရွေ့ရွေ့က အနည်းငယ် ငြိမ်သည်။
ဒါပေမယ့် သူတို့ကလေးအဖြစ် ဘယ်သူ့ကို လိုချင်သည် ဆိုရင်တော့ လူအများက ရွေ့ရွေ့ကို ရွေးကြလိမ့်မည်။ သူ့၏ ထူးချွန်သော အဆင့်များကြောင့် သာမက သူကတည်ငြိမ်ပြီး လိုက်လျောညီထွေ နေတတ်သောကြောင့် ဖြစ်သည်။
ညီအစ်ကို နှစ်ယောက်တွင် ရွေ့ရွေ့က မင်မင်ကို ပိုဂရုစိုက်ပြီး မင်မင်၏ ကလေးဆန်မှုက ပိုနေကာ သူက လူတွေကို ဂရုစိုက်နိုင်ပုံ မပေါ်ပေ။
ဒီနေ့မှာတော် မင်မင်က လူတိုင်း၏ ထင်မြင်ချက်ထက် ကျော်လွန်နေသည်။
ပြီးတော့ မင်မင်က လူတိုင်း၏ ချီးမွမ်းမှုကို ကြားတော့ ပထမစကား၏ ထကမဝက်ကို မေ့လိုက်ကာ ရင်ဘတ်ကို ယုံကြည်ချက်ရှိရှိ မတ်ပြီး တွေးလိုက်သည်။
သေချာတာပေါ့၊ သူက ခေါင်းဆောင်ပဲလေ!